ဂမုန်းပွင့် ဆေးနှင့်စတိုး - Ga Mone Pwint

  • Home
  • Myanmar
  • Pathein
  • ဂမုန်းပွင့် ဆေးနှင့်စတိုး - Ga Mone Pwint

ဂမုန်းပွင့် ဆေးနှင့်စတိုး - Ga Mone Pwint ဂမုန်းပွင့်ဆေးနှင်စတိုး(၂)
အမှတ်(၄၃/ခ) ကန်လမ်း၊ပုသိမ်မြို့။

09 250 575 084, 09 428 573 304

ယနေ့ဆောင်းပါးလေးကတော့"သင့်နှလုံးကျန်းမာရေးကို ကာကွယ်ပါ ကျန်းမာစွာနေထိုင်ပါ" အကြောင်းဖြစ်ပါတယ်✅ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစ...
14/08/2025

ယနေ့ဆောင်းပါးလေးကတော့
"သင့်နှလုံးကျန်းမာရေးကို ကာကွယ်ပါ
ကျန်းမာစွာနေထိုင်ပါ" အကြောင်းဖြစ်ပါတယ်

✅ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာများ
စားသုံးပါ
✅ ပုံမှန်ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ
✅ ဆေးလိပ်နှင့် အရက်သောက်သုံးမှုကို ရှောင်ကြဉ်ပါ
✅ သွေးပေါင်ချိန်နှင့် ကိုလက်စထရောကို ပုံမှန်စစ်ဆေးပါ
✅ စိတ်ဖိစီးမှုကို လျှော့ချပါ

❤️သင့်နှလုံးသားလေးကို ဂရုစိုက်ခြင်းရဲ့ အကျိုးကျေးဇူးတွေကတော့

☘️ နှလုံးရောဂါဖြစ်နိုင်ခြေလျော့ကျစေခြင်း
☘️ စွမ်းအင်တိုးပွားပြီး
နေ့စဉ်လုပ်ငန်းဆောင်တာများ ပိုမိုလွယ်ကူစေခြင်း
☘️ စိတ်ကျန်းမာရေးတိုးတက်ကာ
ပျော်ရွှင်မှုများစေခြင်း

"HEARTက သင့်ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့အင်္ဂါဖြစ်ပါတယ်။ နေ့စဉ်အလေ့အထအနည်းငယ်ပြောင်းလဲခြင်းဖြင့် ရေရှည်ကျန်းမာရေးကို
အာမခံချက်ပေးနိုင်ပါတယ်။ "

ဒီအချက်လေးတွေကို နေ့စဉ်ဘဝမှာ
အလွယ်တကူလိုက်နာကျင့်သုံးပြီး
ကျန်းမာပျော်ရွှင်မှုတွေပိုင်ဆိုင်နိုင်စေဖို့
ဂမုန်းပွင့်မိသားစုမှ ဆုမွန်ကောင်း
တောင်းအပ်ပါတယ်☘️



#နှလုံးကျန်းမာ

14/08/2025

Uric acid များသူတွေ ရှောင်သင့်သော အစားအစာများ

ပထမ အနေနဲ့ Uric acid (ယူးရစ်အက်ဆစ်) များရင် ဘာဖြစ်တတ်လဲဆိုရင် အဓိက ကတော့ အဆစ်အမြစ်ရောင်တဲ့ ရောဂါ ၊ ဆေးပညာအရ Gout (ဂေါက်) ရောဂါလို့လည်းခေါ်သော ရောဂါဖြစ်လာနိုင်ပါတယ်။ နောက်တစ်ခု အဖြစ်များတာကတော့ ဆီးကျောက်တည်တာပါ။ ဆီးချိုရှိတဲ့သူတွေမှာလည်း Uric acid များလာနိုင်ပြီး ဂေါက်ရောဂါဖြစ်လာနိုင်တာမို့ ဂရုစိုက်သင့်ပါတယ်။

Uric Acid များတဲ့ သူတွေ ဘာတွေ စားသင့်လဲ။ ဘာတွေ ရှောင့်သင့်လဲ ကို ပြောပြပေးချင်ပါတယ်။

သတိနှင့် စားသင့်သည့်အစားအစာများ

1. ဝမ်းတွင်းကလီစာ - ဥပမာ - အသည်းအမြစ်၊ နှလုံး၊ ဦးနှောက်။
2. အနီရောင်ရှိသော အသားများ - ဥပမာ - အမဲသား၊ ဆိတ်သား။
3. ပင်လယ်စာ များ၊ ငါးသေတ္တာငါး
အစရှိတဲ့ အစားအစာ တွေ ပာာ Purine လို့ခေါ်တဲ့ ဓါတ်တစ်မျိုးပါတဲ့ အတွက် Uric Acid ကို ပိုများစေပါတယ်။
4. တစ်နေ့ကို အသင့်သောက် အချိုရည် ၆ဘူး အထက်သောက်တဲ့ သူတွေ မှာ လည်း Uric Acid တွေများနေပါတယ်။ အကြောင်းအရင်း ကတော့ အချိုရည် တွေ မှာပါတဲ့ သကြားတစ်မျိုးဖြစ်တဲ့ Fructose (ဖရက်တို့စ်) ကြောင့်ပါ။
5. အရက် အလွန်အကျွံသောက်တာ ကိုလည်းရှောင်ကြဉ်ရပါမယ်။
6. ကော်ဖီ ကိုလည်း တစ်နေ့ ၂-၃ ခွက်ထက်မပို သင့်ပါဘူး။
7. ပဲပုပ်စေ့၊ ကုလားပဲ စတဲ့ ပဲတွေမှာတော့ purine ပါဝင်မှု့ များတဲ့ အတွက် အလွန်အကျွံ မစားမိဖို့လိုအပ်ပါတယ်။
8. ဗီတာမင် စီ နှင့် ဒီ ပါဝင်သော အားဆေးများကို တတ်နိုင်သမျှရှောင်ကြဉ်ရပါမယ်။ ဆီးကျောက်တည်တာ ကို ပိုဆိုးစေလို့ပါ။
9. အသီးအရွက်ထဲ မှာဆိုရင် ပာင်းနုနွယ်၊ ကညွတ်၊ ပန်းဂေါ်ဖီ၊ မှို တွေကို အများကြီးမစားသင့်ပါဘူး။

Purine ပါဝင်မှု့ နည်းသောအစားအစာများ(စားသင့်သော အစားအစာများ) အဲ့ဒီအစားအစာများကို စားသုံးနိုင်ပါတယ်။

1. ရေများများသောက်ပေးပါ။ ဒါမှ ကျောက်ကပ်က Uric Acid တွေ ကို ဆီးနဲ့ အတူ စွန့်ထုတ်ပေးနိုင်မှ ဆီးကျောက်တည် တာကို ကာကွယ်ပေးနိုင်မှာပါ။ ထို့အပြင် သွေးတွင်း Uric acid ပမာဏ ကို လည်းကျစေပါတယ်။
2. အသီးတော်တော်များများ က purine ဓါတ်ပါဝင်မှု့နည်းတဲ့ အတွက် စားသင့်ပါတယ်။
3. အဆီထုတ်ထားတဲ့ နို့သောက်ပေးပါ။ ဒါပေမယ့် နို့ထဲ မှာ ဗီတာမင် ဒီ (D) ထပ်ထည့်ထားတဲ့ နို့ဆိုရှောင်သင့်ပါတယ်။ ဆီးကျောက်တည်တာပိုဆိုးစေ တတ်လို့ပါ။
4. Cheese
5. Egg
6. အစေ့အဆံများ
7. ပေါင်မုန့်၊ ထမင်း၊ အီတလီခေါက်ဆွဲ (Pasta, Spaghetti)

😍ဆီးချိုသွေးချိုဝေဒနာရှင်များနှင့် သွေးတိုးရောဂါရှင်များအတွက် အခုလိုမျိုး အဖိုးထိုက်တန်လှတဲ့ စာပေများကို နေ့စဉ်ပုံမှန်ဖတ်ရှုခွင့်ရလိုပါက ကျွန်မတို့ရဲ့💙 Sinocare Myanmar 💙 Page လေးကို Like & Follow လုပ်ထားဖို့ ၊ See First လုပ်ထားဖို့ မမေ့ပါနဲ့ရှင့်။😊

❣️အသိပညာဝေမျှခြင်းဟာလည်း ကုသိုလ်ဒါနတစ်မျိုးဖြစ်တဲ့အတွက် ဒီ Post လေးဟာ စာဖတ်သူတို့ အတွက် အကျိုးတစ်စုံတစ်ရာ ရရှိခဲ့မယ်ဆိုရင် Like & Share လုပ်ရင်းကုသိုလ်ယူနိုင်ပါတယ်ရှင့်။❣️
🙏ကိုယ်စိတ်နှစ်ပါးကျန်းမာရွှင်လန်းကြပါစေရှင်🙏
အထက်ပါအကြောင်းအရာများကို ရေးသားသော ဒေါက်တာ ညီညီကျော် အား လေးစားစွာဖြင့် Credit ပေးပါသည်။

Sinocare Myanmar

Bhone Shwe Yi Min Co.,Ltd

ဆီးချိုသွေးတိုးသုတများ

#ဆီးချိုတိုင်းစက် #ဆီးချိုသွေးချို #ဆီးချို #သွေးချို #ဆီးချိုသွေးချိုတိုင်းစက်

14/08/2025

💊သွေးချိုကျ သောက်ဆေးများအကြောင်း (အပိုင်း-၁)💊
❤️ သွေးချိုကျဆေးရွေးချယ်ရာတွင် ဆေးအာနိသင်၊ ဘေးထွက်ဆိုးကျိုး၊ မသုံးသင့်သော အခြေအနေ၊ လူနာ၏အသက်အရွယ်၊ သွေးချိုမြင့်တက်မှု ပမာဏ၊ လူနာတွင် ယှဉ်တွဲဖြစ်နေသော အခြားရောဂါ စသည်တို့ကို အခြေခံ၍ ဆရာဝန်က ရွေးချယ်ပေးပါသည်။ အရေးကြီးသော အခြားအချက်တစ်ခုမှာ နောက်ဆုံးပေါ် လေ့လာတွေ့ရှိချက်များ ဖြစ်သည်။
❤️ဆေးရွေးချယ်ခြင်း၊ ဆေးပမာဏညှိခြင်းတို့ကို ဆရာဝန်က ညွှန်ကြားမည်ဖြစ်သော်လည်း လူနာတစ်ယောက်အနေဖြင့် သွေးချိုကျဆေးများ အသုံပြုပုံကို အကြမ်းမျဉ်း သိထားသင့်သည်။
❤️ယခင်က သွေးချိုဖြစ်စအချိန်တွင် အစားအစာ၊ အနေအထိုင်ပြုပြင်ခြင်း၊ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်းတို့ဖြင့် ဆီးချိုသွေးချိုရောဂါကို ကုခဲ့ကြပါသည်။
❤️လအနည်းငယ်စောင့်ပြီး သွေးချိုပမာဏမကျသောအခါမှ ဆေးကိုစတင် သုံးကြသည်။ အထူးသဖြင့် သွေးချိုပမာဏ အနည်းငယ်သာမြင့်သော လူနာများတွင် ဖြစ်သည်။
❤️လက်ရှိ သွေးချိုကုထုံးညွှန်ကြားချက်များတွင် မည်သည့်သွေးချိုရောဂါမဆို သွေးချိုသောက်ဆေးကို ရောဂါစဖြစ်သည့် အချိန်မှစ၍ သောက်ရန် အကြံပြုထားပါသည်။ သွေးချိုအကြိုကာလ (Prediabetes) တွင်ပင် သောက်ရန် ညွှန်ကြားချက်များရှိသည်။
❤️ရောဂါဖြစ်စအချိန်တွင် သွေးချိုပမာဏ အလွန်မြင့်ပြီး ၊ လူနာမှာ ဆီးများလွန်းသဖြင့် အသားအရေခန်းခြောက်ခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်း၊ ဆီးတွင် ကီတုန်း (Ketone) ခေါ်ဓာတ်တစ်မျိုးတွေ့ပါက အင်ဆူလင်ဖြင့် ခဏတာ ကုရသည်။ သွေးချိုပမာဏ အတော်အသင့်ကျပြီး လူနာအခြေအနေ သက်သာလာချိန်တွင် သောက်ဆေးပြောင်းကုကြသည်။
❤️သွေးချိုကျဆေး အမျိုးမျိုးရှိသည့်အနက် ပထမဆုံးနှင့် အများဆုံးသုံးလေ့ရှိသောဆေးမှာ မက်ဖော်မင် (Metformin) ဖြစ်သည်။
❤️ယခင်က ဝသောလူနာများတွင်သာ မက်ဖော်မင်သုံးပြီး ပိန်သော၊ ပုံမှန်ကိုယ်အလေးချိန်ရှိသော လူနာများတွင် အက်စ်ယူ (Sulphonylurea) သုံးကြသည်။
❤️မက်ဖော်မင်သည် ခန္ဓာကိုယ်အလေးချိန်ကျစေပြီး အက်စ်ယူ (Sulphonylurea)က ခန္ဓာကိုယ်အလေးချိန်တက်စေသောကြောင့် ဖြစ်သည်။
❤️လက်ရှိသွေးချိုကုသမှု လမ်းညွှန်ချက်များတွင် မက်ဖော်မင်ကို ခန္ဓာကိုယ်အလေးချိန် မည်မျှရှိစေကာမူ သုံးသင့်သည်ဟု ဆိုကြသည်။
❤️စျေးသက်သာခြင်း၊ သွေးချိုကျအားကောင်းခြင်း၊ ကိုယ်အလေးချိန်မတက်စေခြင်း၊ နှလုံးသွေးကြောကျဉ်းလူနာများတွင် ကောင်းကျိုးပေးခြင်း၊ သွေးတွင်းအဆီဓာတ်များကို ကောင်းသည့်ဘက်သို့ ဦးတည်စေခြင်း စသည့်အချက်များကြောင့် ဖြစ်သည်။
❤️သို့ရာတွင် အချို့လူနာများသည် မက်ဖော်မင်၏ ဘေးထွက်ဆိုးကျိုးများဖြစ်သည့် အစားပျက်ခြင်း၊ ဗိုက်နာခြင်း၊ ဝမ်းလျှောခြင်း စသည်တို့ကို ခံနိုင်စွမ်းမရှိကြချေ။
❤️ဤလူနာအုပ်စုနှင့် ကျောက်ကပ်လုပ်ဆောင်အား ကျဆင်ခြင်း စသည့် မက်ဖော်မင်မသုံးသင့်သော လူနာများအတွက်မူ အက်စ်ယူက ပိုသင့်တော်ပါသည်။
❤️အခြားဆေးအုပ်စုများကိုမူ ပထမဦးစားပေးအဖြစ်(ထူးခြား အခြေအနေမှလွဲ၍ ) ယေဘုယျအားဖြင့် မသုံးကြပါ။
❤️သွေးချိုပမာဏအနည်းငယ်သာ မြင့်သောလူနာများနှင့် ကျောက်ကပ်အားနည်းသောလူနာများတွင် သွေးချိုကျအားနည်းသော အစာအိမ်ရင်ပြည့်ရင်ကယ် ဘေးထွက်ဆိုးကျိုးနည်းသော မက်ဂလီလီနိုက်(Meglitinide) ဆေးကိုသုံးသည်။
သွေးချိုကျ သောက်ဆေးများကို ဘယ်အချိန်မှာသောက်မလဲ၊ အစာမစားခင်သောက်မလား၊ အစာစားပြီးသောက်ရမလား ဆိုတဲ့ ဆေးသောက်ပုံသောက်နည်း အကြောင်းအရာများကို သွေးချိုကျ သောက်ဆေးများအကြောင်း (အပိုင်း-၂) မှာ ဆက်လက်ဖော်ပြပေးမှာမို့ ဆက်လက်အားပေးဖတ်ရှုပေးပါရှင်။
ဆီးချိုသွေးချိုဝေဒနာရှင်များအတွက် အခုလိုမျိုး အဖိုးထိုက်တန်လှတဲ့ စာပေများကို နေ့စဉ်ပုံမှန်ဖတ်ရှုခွင့်ရလိုပါက ကျွန်မတို့ရဲ့💙 Sinocare Myanmar 💙
Page လေးကို Like & Follow လုပ်ထားဖို့ ၊ See First လုပ်ထားဖို့ မမေ့ပါနဲ့ရှင့်။😊
❣️အသိပညာဝေမျှခြင်းဟာလည်း ကုသိုလ်ဒါနတစ်မျိုးဖြစ်တဲ့အတွက် ဒီ Post လေးဟာ စာဖတ်သူတို့ အတွက် အကျိုးတစ်စုံတစ်ရာ ရရှိခဲ့မယ်ဆိုရင် Like & Share လုပ်ရင်းကုသိုလ်ယူနိုင်ပါတယ်။❣️
🙏ကိုယ်စိတ်နှစ်ပါးကျန်းမာရွှင်လန်းကြပါစေ။🙏
အထက်ပါအကြောင်းအရာများကို ပါမောက္ခနေဝင်း (ဆေးပညာ)ရေးသားသော ၂၀၁၀ခုနှစ် ထွန်းဖောင်ဒေးရှင်း စာပေဆုရ စာအုပ် ဖြစ်သည့် သွေးချိုရောဂါအကြောင်း သိသင့်သမျှထဲမှ ကောက်နုတ်ဖော်ပြထားသောကြောင့် လေးစားစွာဖြင့် Credit ပေးပါသည်။
Sinocare Myanmar

Bhone Shwe Yi Min Co.,Ltd
ဆီးချိုသွေးတိုးသုတများ

#ဆီးချိုတိုင်းစက် #ဆီးချိုသွေးချို #ဆီးချို #သွေးချို #ဆီးချိုသွေးချိုတိုင်းစက်

14/08/2025

ယနေ့ ကျွန်တော်တို့နိုင်ငံတွင် ကင်ဆာရောဂါဖြစ်ပွားသည့်နှုန်းမှာ တဖြည်းဖြည်း မြင့်တက်လာနေပါသည်။ ကင်ဆာဖြစ်ရသည့်အကြောင်းရင်းများတွင် အဓိကကျသည်မှာ အနေအထိုင်၊ အစားအသောက် မှားယွင်းခြင်းပင်ဖြစ်သည်။ ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်း၊ အရက် အလွန်အကျွံသောက်ခြင်းစသည့် ကင်ဆာအားပေးအပြုအမူများကို ရှောင်ကြဉ်ကြရပါမည်။ အစားအစာနှင့်ပတ်သက်လျှင် ကင်ဆာအားပေးသောအစားအစာများကို ရှောင်ကြဉ်ပြီး ကင်ဆာကို ကာကွယ်တိုက်ဖျက်နိုင်သောအစားအစာများကို နေ့စဉ်စားပေးမည်ဆိုလျှင် ကင်ဆာဖြစ်ရန် အလားအလာလျော့နည်းမည်ဖြစ်ပါသည်။ ယင်းတို့အနက် မင်းကွတ်သီးဖျော်ရည်သည်လည်း ကင်ဆာမဖြစ်စေရန် ကာကွယ်နိုင်စွမ်းရှိသောကြောင့် မကြာခဏသောက်သုံးသင့်ပါကြောင်း အကြံပြုပြောကြားလိုပါသည်။

သာမန်အားဖြင့် မင်းကွတ်သီး၏အတွင်းသား (White flesh) ကိုသာ စားလေ့ရှိကြပြီး ဆေးဖက်ဝင်သည့်အပြင်အခွံကိုမူ စားလေ့မရှိကြပါ။ ထို့ကြောင့် ဖျော်ရည်လုပ်သောက်မှ အဆင်ပြေပါသည်။ အတွင်းသားကို ဇွန်းဖြင့်ဖယ်လိုက်လျှင် အပြင်အခွံများ ကျန်ရှိပါမည်။ ယင်းအခွံတွင် အပြင်ပိုင်းမာကျောသည့်အခွံနှင့် အတွင်းပိုင်းပျော့သည့်အခွံဟူ၍ (၂) ပိုင်းရှိသည်။ အပြင်ပိုင်းအခွံအမာသားသည် အလွန်ခါးသည့်အတွက် အတွင်းပိုင်း ပျော့သည့်အခွံကိုသာ ဇွန်းဖြင့်ခြစ်ယူပြီး အဖြူရောင်အတွင်းသား (White flesh) နှင့်ရောကာ ရေနွေးဖြင့်ဖျော်ပြီးနောက် သစ်သီးမွှေဖျော်စက်ထဲတွင်ထည့်မွှေ၍ သောက်သုံးရပါမည်။ အနံ့အရသာ ပိုကောင်းစေချင်လျှင် ပျားရည်၊ ထောပတ်သီးအနှစ် အနည်းငယ် ထည့်ပေးနိုင်ပါသည်။ သို့မဟုတ် နွားနို့နှင့်လည်း ဖျော်သောက်နိုင်ပါသည်။

ဒေါက်တာခင်မောင်လွင် (FAME)

Customerများအတွက် ပိုပြီးအဆင်ပြေအောင် 1.8.2025☘️မှစပြီး  မနက်(8)နာရီမှ ည(9)နာရီအထိ နေ့စဉ်ပြန်ဖွင့်ပါမယ်ရှင်~~~~~~~~~~~~~...
31/07/2025

Customerများအတွက် ပိုပြီးအဆင်ပြေအောင် 1.8.2025☘️မှစပြီး
မနက်(8)နာရီမှ ည(9)နာရီအထိ
နေ့စဉ်ပြန်ဖွင့်ပါမယ်ရှင်

~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဂမုန်းပွင့် (၂)
တိုင်းရင်းဆေး/အင်္ဂလိပ်ဆေး
ကျန်းမာရေးအသုံးအဆောင်နှင့် စတိုး ဆိုင်တွင်..

✅ ဆေးရုံ၊ဆေးခန်းသုံးထိုးဆေး/သောက်ဆေးအမျိုးမျိုး

✅အိမ်သုံးမြန်မာဆေး၊အင်္ဂလိပ်ဆေးအမျိုးမျိုး

✅ကျန်းမာရေးအထောက်အကူပြု ပစ္စည်းအမျိုးမျိုး

✅လူနာအသုံးအဆောင်အမျိုးမျိုး

✅ကလေး၊မိခင်အသုံးအဆောင် ပစ္စည်းအမျိုးမျိုး

✅အမျိုးသား၊အမျိုးသမီးတစ်ကိုယ်ရေအသုံးအဆောင်ပစ္စည်းအမျိုးမျိုး

တို့ကို ​တစ်နေရာထဲမှာ ဝယ်ယူလို့ရ‌နိုင်ပါပြီရှင်
(အခြားမြို့များမှ လူကြီးမင်းတို့အား ကားဂိတ်မှတစ်ဆင့်ပို့ဆောင်ပေးပါတယ်)

လိပ်စာ
အမှတ်(၄၃/ခ)၊ကန်လမ်း၊ပုသိမ်မြို့။

Hotline 📞
09 250 575 084 (Viber)
09 428 573 304

💕နေ့စဉ် နံနက်(၈)နာရီမှ ည(၉)နာရီထိ
ဆိုင်ဖွင့်ပါသည်💕

~~~~~~~~~~~~~~~~~~~~~~~~~~~~~~



Fame JavaHerb သိကြားမကိုဋ်ဆေးFame HerbalSleep သဘာဝအိပ်‌ဆေးExp-11.24Page cbမှ ဆက်သွယ်ပြီး တစ်ဦးလျှင်တစ်ဘူးဖြင့်လက်ဆောင်ရယ...
08/11/2024

Fame JavaHerb သိကြားမကိုဋ်ဆေး

Fame HerbalSleep သဘာဝအိပ်‌ဆေး

Exp-11.24

Page cbမှ ဆက်သွယ်ပြီး တစ်ဦးလျှင်တစ်ဘူးဖြင့်လက်ဆောင်ရယူလိုက်ပါရှင်

🩵တချို့အရာတွေကို မေ့သွားတတ်တာက ပုံမှန်ပါပဲ၊ အသက်အရွယ်ရလာရင်တော့ ပိုမေ့တတ်ကြတာ သဘာဝပါ.. ဒါကြောင့် လွန်လွန်ကဲကဲ မေ့တတ်တာ မ...
12/10/2024

🩵တချို့အရာတွေကို မေ့သွားတတ်တာက ပုံမှန်ပါပဲ၊ အသက်အရွယ်ရလာရင်တော့ ပိုမေ့တတ်ကြတာ သဘာဝပါ.. ဒါကြောင့် လွန်လွန်ကဲကဲ မေ့တတ်တာ မဟုတ်ရင်.. မှတ်ဉာဏ်ချွတ်ယွင်းတဲ့ရောဂါလို့ မဆိုနိုင်ပါဘူး.. #ပုံမှန်မှတ်ဉာဏ်ပြဿနာလေးတွေကို 7 sins of memory လို့ တင်စားပြီး ခေါ်ကြတာလေးကို မျှဝေပါရစေ…

၁။သင်္ခါရတရား (Transience)

🩵အချိန်ကြာလာသည်နှင့်အမျှ တချို့အဖြစ်အပျက်တွေ အချက်အလက်တွေ မေ့သွားတာ ဓမ္မတာပါ..ကျက်ပြီးသားစာတွေက သိပ်မကြာခင် မေ့သွားတာမျိုးကို ဆိုလိုတာပါ…မှတ်ဉာဏ်ရဲ့ သဘောသဘာဝကိုက use it or lose it… (သုံးရင် သုံး.. မသုံးရင် ဆုံးရှုံးရမယ့်) သဘောရှိလို့ပါ..

🩵ဒါကြောင့် စာတွေ ပိုမှတ်မိလာဖို့ မကြာမကြာ စာပြန်နွှေးခြင်း (revision) တွေ လိုအပ်လာတာပေါ့..ကျွမ်းကျင်ပိုင်နိုင်ခြင်း (skill set) ဖြစ်လာဖို့အတွက် အလုပ်တခုကို ထပ်ခါထပ်ခါ လုပ်ခြင်း (training) တွေ လုပ်ကြရတာပေါ့.. တဘက်ကကြည့်ပြန်ရင်လည်း မလိုလားအပ်တဲ့အရာတွေ (junks) ကို ရှင်းထုတ်လိုက်တဲ့အတွက် အချက်အလက်အသစ်တွေ ပိုမှတ်သားလာနိုင်တာပေါ့..

၂။ သတိမပြုမိခြင်း (Absentmindedness)

🔺သေချာ အာရုံမစိုက်မိတာတွေကို လျပ်တပျက် မေ့နေခြင်းမျိုးပါ.. ဥပမာ.. စာရေးနေရင်း ဖောင်တိန်ပျောက်သွားလို့ လိုက်ရှာနေရတာမျိုး.. ဆေးသောက်ဖို့ မေ့သွားတာမျိုး.. ကောင်မလေးနဲ့ ချိန်းထားတာကို မေ့ပြီး မသွားဖြစ်တာမျိုး.. တွေပေါ့..

🔺အလေးအနက် အာရုံစိုက်မှု မရှိတဲ့အခါ ဒီလို မေ့ပျောက်ခြင်းမျိုး ဖြစ်တတ်ပါတယ်..အထူးသဖြင့် တခြားအရာတခုကို ပိုအာရုံစိုက်နေရလို့ ဦးနှောက်က အဆိုပါကိစ္စတွေကို လုံခြုံစွာ မှတ်မထားပဲ ဖြစ်သွားလို့ပါ.. နောက်တခုက mind wandering ခေါ်တဲ့ စိတ်လေလွင့်နေခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်..

3. ပိတ်ဆို့ခြင်း (Blocking)

🔹မေးခွန်းတစ်ခုမေးခံလိုက်ရတာအခါ အဖြေကို ကောင်းကောင်းသိပါလျက်နဲ့ လျားဖျားကနေ ထွက်မလာတာမျိုးပေါ့..လူတိုင်းနီးပါးဖြစ်ဖူးကြပါတယ်.. ဒီလို ရုတ်တရက် မှတ်ဉာဏ်ကို ပြန်ဖော်လို့ မရဖြစ်သွားတာကတော့ အလားတူ ခပ်ဆင်ဆင် အဖြေတခုက ပိတ်ဆို့နေတဲ့အတွက် အဖြေမှန်က ဝေးဝါးသွားခြင်းပါ..

🔹ဒါမျိုးတွေက အသက်ကြီးလာတဲ့အခါ ပိုအဖြစ်များလေ့ရှိပါတယ်.. ဒါကြောင့် တချို့လူကြီးတွေ ငယ်ငယ်က ချစ်သူတွေရဲ့နာမည်တွေ မေ့နေတာမျိုးဟာ ဒီဖြစ်စဉ်ကြောင့်လို့ ယူဆကြပါတယ်..

4. တလွဲအမှတ်မှားခြင်း (Misattribution)

🔸တစ်စိတ်တစ်ပိုင်းကို အတိအကျ မှတ်မိပေမယ့် အသေးစိတ်အချက်အလက်တွေကို လွဲမှားစွာ မှတ်မိနေတာမျိုးပါ.. လူတယောက်ယောက်ကို အခုမှ တွေ့ဖူးတာ သေချာပေမယ့် အရင်က တနေရာရာမှာ တွေ့ဖူးခဲ့သလို ခံစားမိတာမျိုး.. နေရာတခုခုကို တကယ်မရောက်ဖူးပေမယ့် ရောက်ဖူးနေသလို ခံစားမိနေတာမျိုး déjà vu တွေဟာလည်း ဒီခေါင်းစဉ်မှာ ပါဝင်ပါတယ်..

5. အကြံပြုနိုင်မှု (Suggestibility)

💙တခြားသူတွေရဲ့ ပြောဆိုမှုတွေအပေါ်မှာ မူတည်ပြီး memory recall ခေါ်ရာမှာ ပြောင်းလဲသွားတာမျိုးပါ.. leading question အပေါ်မူတည်ပြီး မှားယွင်းမှတ်မိသွားတာမျိုးပေါ့.. legal testimonies တွေမှာ တွေ့လေ့ရှိပါတယ်..

6. ဘက်လိုက်မှု (Bias)

🩷ဘယ်လောက်ပဲ မှတ်ဉာဏ်ကောင်းနေပါစေ.. အတိတ်တွေကို ပြန်လည်စဉ်းစားတဲ့အခါမှာ လက်ရှိအချိန်မှာ ဖြစ်တည်နေတဲ့ ခံစားချက်တွေ အတွေ့အကြုံတွေရဲ့ သက်ရောက်မှုကြောင့် မှားယွင်းဘက်လိုက်ပြီး မှတ်သားမိသွားခြင်းပါ..

🩷ဥပမာ.. လက်ရှိအချိန်မှာ အသည်းကွဲစိတ်ညစ်နေတဲ့သူတစ်ယောက်က အတိတ်က ရီစားတွေ (ကောင်းပေးခဲ့သူတွေ ရှိနေရင်တောင်) ဟာလည်း ဘယ်သူမှ မကောင်းဘူး လို့ မှတ်ယူလိုက်တော့တာမျိုး.. အတိတ်က စိတ်ညစ်ရတဲ့ အဖြစ်အပျက်တွေကိုပဲ တွေးတောမှတ်မိနေတာမျိုး…

7. မမေ့လွယ်နိုင်ခြင်း (Persistence)

🔹ဒါကတော့ တချို့ကိစ္စတွေကို မေ့ချင်ပါလျက်နဲ့ မမေ့နိုင်ပဲ အမြဲအမှတ်ရနေခြင်းကြောင့် နာကျင်ခံစားနေခြင်းပါ..စိတ်ထိခိုက်စရာ အဖြစ်အပျက်တွေကြောင့် ခုချိန်အထိ ဆက်လက်စိုးရိမ်ကြောက်ရွံ့နေတာတွေဟာ post traumatic stress disorder မှာ တွေ့ရလေ့ရှိတဲ့ မှတ်ဉာဏ်ဆိုးတခုပါ..ဒါကို flashback လို့ ခေါ်ပါတယ်..

☺️အဆုံးအထိ ဖတ်ပေးလို့ ကျေးဇူးပါ…

လေးစားစွာဖြင့် ပြန်လည်မျှဝေလိုက်ပါသည်။
#ဒေါက်တာဝင်းမင်းဦး
PhD in Medicine (Sydney University)
နိုင်ငံတကာ #ကျီးပေါင်းခါးနာ ကျွမ်းကျင်သူ

ယနေ့မှာတော့ ဆီးကျောက်တည်ရောဂါကိုကုသနိုင်တဲ့ သဘာဝဆေးဖက်ဝင်အပင်များ အကြောင်းမျှဝေပေးပါမယ်ရှင်.....ခွဲစိတ်ကုသရန်မလိုသေးတဲ့ ...
12/10/2024

ယနေ့မှာတော့ ဆီးကျောက်တည်ရောဂါကိုကုသနိုင်တဲ့ သဘာဝဆေးဖက်ဝင်အပင်များ အကြောင်း
မျှဝေပေးပါမယ်ရှင်.....

ခွဲစိတ်ကုသရန်မလိုသေးတဲ့ ဆီးကျောက်တည်ရောဂါကို သဘာဝဆေးပင်များအသုံးပြုပြီး
ကုသနိုင်ပါတယ်။ ထိုသို့ကုသရာတွင် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အင်္ဂလန်၊ ဂျာမနီ စသည့်နိုင်ငံများ တွင်လည်း ကုသပျောက်ကင်းလျက်ရှိပါတယ်။ မြန်မာနိုင်ငံတွင်လည်း မြန်မာ့ရိုးရာ တိုင်းရင်းဆေးပင် များနှင့် ကုသပေးရာ၌ ပျောက်ကင်းသည့်သာဓကများစွာရှိပါတယ်။ အပင်အနေနှင့် တစ်ကမ္ဘာလုံး၌ အသုံးအများဆုံး အပင် (၁၅) ပင် ရှိပါသည်။

ယင်းအပင် (၁၅) ပင်လုံးကို မြန်မာနိုင်ငံအတွင်း
မတွေ့နိုင် သော်လည်း မြန်မာနိုင်ငံမှာ တွေ့နိုင်တဲ့အပင်တွေကတော့

• ကျောက်ကွဲပင်
• သံမနိုင်ကျောက်မနိုင်
• အလိုကျူ
• နတ်ဆေးဂမုန်း
• သိကြားမကိုဋ်
• ဆောင်တော်ကူး
• ခြင်္သေ့သွား (ခေါ်) ဒုဓလီပင်
• ခတက်ပင်

ယင်းအပင်များအနက် ပထမငါးမျိုးမှာ အစွမ်းထက်ဆုံးဖြစ်ပြီး အပင်(၄) မျိုး အကြောင်းကို ပုံနှင့်တကွ အသေးစိတ်မျှဝေလိုက်ပါတယ်

ကိုးကားချက်-"ဆီးကျောက်တည်ရောဂါ" စာအုပ်မှ ထုတ်နုတ်ဖော်ပြသည်။
#ဆီးကျောက်တည်ရောဂါ

 #မြတ်ဆွမ်းအုပ် -ပျားရှောက်ချင်းကြက်သွန်ဖြူ-နနွင်း(ဂျင်းနက်) သောက်ဆေး-နနွင်း(ဂျင်းနက်)လိမ်းဆေး(ဂါရဝလက်ဆောင်အနေနဲ့ပေးဖို့...
11/10/2024

#မြတ်ဆွမ်းအုပ်

-ပျားရှောက်ချင်းကြက်သွန်ဖြူ
-နနွင်း(ဂျင်းနက်) သောက်ဆေး
-နနွင်း(ဂျင်းနက်)လိမ်းဆေး

(ဂါရဝလက်ဆောင်အနေနဲ့ပေးဖို့ အထူးသင့်လျော်တဲ့ ပြည်တွင်းထုတ်ကုန်လေးတွေပါ)

"လူကြီးမိဘများကို သတင်းကျွတ်ဂါရဝပြုဖို့ အကောင်းဆုံးလက်ဆောင်မွန်"🍀 BOONSOM SPIRULINA 🍀🍀ဘွန်စွန်းစိမ်းပြာရေညှိ ပစ္စည်းပြန်...
11/10/2024

"လူကြီးမိဘများကို သတင်းကျွတ်ဂါရဝပြုဖို့ အကောင်းဆုံးလက်ဆောင်မွန်"

🍀 BOONSOM SPIRULINA 🍀

🍀ဘွန်စွန်းစိမ်းပြာရေညှိ
ပစ္စည်းပြန်ရောက်ပါပြီရှင့်🍀
Exp:Aug,2027

💝ဆိုင်လိပ်စာ
▪️ဂမုန်းပွင့် ဆေးဆိုင်(၁)
မင်းကြီးလမ်း၊ဆေးရုံကြီးရှေ့၊ပုသိမ်မြို့။

ဂမုန်းပွင့်ဆေးနှင်စတိုး(၂)
အမှတ်(၄၃/ခ) ကန်လမ်း၊ပုသိမ်မြို့။

09 250 575 084, 09 428 573 304

-----------------------------------------------------------------------------
🌐 မကူးစက်နိုင်တဲ့ရောဂါလို့ ဆိုကြတဲ့ ဆီးချို၊သွေးတိုး၊နှလုံး၊ အဆုတ် နဲ့ ကင်ဆာရောဂါများကြောင့် တစ်နှစ်ကို လူပေါင်း ၃၆ သန်း သေဆုံးနေပါတယ် 🫀 ထိုသေဆုံးမှုများထဲမှ တစ်ဝက်က နှလုံးသွေးကြောရောဂါများကြောင့်ပဲ ဖြစ်ပါတယ်

🛡️ ဒီလိုသေဆုံးမှုများ ဖြစ်ပွားမှုနှုန်းများလှတဲ့ နှလုံးရောဂါ ဖြစ်မလာအောင် ကာကွယ်ချင်တယ်ဆို

✅ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာများ စားသုံးခြင်း
✅ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်း
✅ စိတ်ဖိစီးမှု လျော့ကျအောင် နေထိုင်ခြင်း
✅ ကိုယ်အလေးချိန် ထိန်းညှိခြင်း
✅ ပုံမှန် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ခြင်း
✅ နှလုံးကျန်းမာရေးကို ကောင်းမွန်စေတဲ့ ဖြည့်စွက်စာများ စားသုံးခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်

🌱 ဖြည့်စွက်စာ စားသုံးဖို့ ရွေးချယ်တော့မယ်ဆိုရင်တော့ နှလုံးကျန်းမာရေးကို ကောင်းစေတဲ့အပြင် အာဟာရပြည့်ဝစေတဲ့ စိမ်းပြာရေညှိလေးကို ရွေးချယ်လိုက်ပါ

🌱 ဒါဆို ဘွန်စွန်းစိမ်းပြာရေညှိလေးက နှလုံးနဲ့သွေးကြောရောဂါများကို ဖြစ်မလာအောင် ကာကွယ်တဲ့နေရာမှာ ဘယ်လိုအထောက်အပံ့ပေးနိုင်မှာလဲဆိုတော့

1️⃣ ဓာတ်တိုးဆန့်ကျင် ပစ္စည်းများ ကြွယ်ဝစွာ ပါဝင်ခြင်း

စိမ်းပြာရေညှိလေးမှာ အစွမ်းထက်လှတဲ့ Phycocyanin လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်တာကြောင့် နှလုံးနဲ့သွေးကြောကို အန္တရာယ် ဖြစ်စေတဲ့ Free Radicals များကို ပျက်ပြယ်စေတာမို့ နှလုံးကို ထိခိုက်မလာအောင် ကာကွယ်နိုင်ပါတယ်

2️⃣ သွေးတွင်းအဆီဓာတ်ကို ထိန်းပေးနိုင်ခြင်း

မကောင်းတဲ့ အဆီဓာတ်လို့ဆိုကြတဲ့ LDL cholestorl ကိုကျစေနိုင်တာကြောင့် နှလုံးသွေးကြောကျဉ်း ဖြစ်ပေါ်လာမှုကို လျော့ကျပေးနိုင်ပါတယ်

3️⃣ သွေးပေါင်ကို ထိန်းညှိပေးနိုင်ခြင်း

နှလုံးရောဂါကို ဖြစ်စေနိုင်တဲ့ သွေးတိုးရောဂါကိုလည်း ပုံမှန်ဖြစ်အောင် ထိန်းပေးနိုင်လို့ ပိုမိုကျန်းမာတဲ့ နှလုံးသားလေးကို ပိုင်ဆိုင်နိုင်မှာပါ

4️⃣ အယောင်ကျစေနိုင်ခြင်း

ကိုယ်ခန္ဓာအတွင်း ယောင်ယမ်းမှု ကြာရှည်လာရင် သွေးကြောများ ပျက်စီးကာ နှလုံးရောဂါ ဖြစ်စေပါတယ်။
စိမ်းပြာရေညှိမှာ ပါဝင်တဲ့ စိမ်းရောင်ခြည်ဓာတ် Chlorophyll က ယောင်ယမ်းမှုများကို လျော့ကျစေတာမို့ နှလုံးရောဂါ ဖြစ်မလာအောင် ကာကွယ်နိုင်မှာပါ

5️⃣ အာဟာရ ဓာတ်ပြည့်ဝစေခြင်း

စိမ်းပြာရေညှိမှာ လူတစ်ယောက်တစ်နေ့တာ လိုအပ်သော ဗီတာမင်၊သတ္တုဓာတ်နဲ့ Amino acid များကြွယ်၀စွာ ပါဝင်တဲ့အပြင် နှလုံးကျန်းမာရေးအတွက် အရေးကြီးတဲ့ မက်ဂနီဆီယမ် အပြင် Omega 3 and 6 fatty acids များလည်းပါဝင်ပါတယ်

💚 ဒါဆိုဘွန်စွန်းစိမ်းပြာရေညှိလေးကို နေ့စဉ်အစားအသောက်ထဲမှာ ဖြည့်သွင်းလိုက်ပြီး မယုံနိုင်လောက်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ခံစားလိုက်ပါ



15/05/2024

ပိုးသတ်ဆေးယဉ်ပါးခြင်း(Antibiotics Resistance)အကြောင်း လာမေးထားလို့ အားလုံးသိရအောင် ပြန်လည် မျှဝေပေးလိုက်ပါတယ်။ 😊

🔸Honest review တွေချည်းရရှိထားတဲ့BOONSOM SPIRULINA  စိမ်းပြာရေညှိ ပစ္စည်းပြန်ရပါပြီရှင့်🔰ဂမုန်းပွင့် ဆေးဆိုင်မင်းကြီးလမ်...
15/05/2024

🔸Honest review တွေချည်းရရှိထားတဲ့

BOONSOM SPIRULINA စိမ်းပြာရေညှိ ပစ္စည်းပြန်ရပါပြီရှင့်

🔰ဂမုန်းပွင့် ဆေးဆိုင်
မင်းကြီးလမ်း၊ ဆေးရုံကြီးရှေ့၊ ပုသိမ်မြို့။

🔰ဂမုန်းပွင့်(2)
မြန်မာဆေး၊အင်္ဂလိပ်ဆေး၊ ကျန်းမာရေး အသုံးအဆောင်ပစ္စည်းအမျိုးမျိုးနှင့် စတိုး

09 422 525 062 , 09 250 575 084


#စိမ်းပြာရေညှိ

Address

Pathein

Opening Hours

Monday 06:00 - 19:00
Tuesday 06:00 - 19:00
Wednesday 06:00 - 19:00
Thursday 06:00 - 19:00
Friday 06:00 - 19:00
Saturday 06:00 - 19:00
Sunday 06:00 - 19:00

Telephone

+959422525062

Website

Alerts

Be the first to know and let us send you an email when ဂမုန်းပွင့် ဆေးနှင့်စတိုး - Ga Mone Pwint posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram