MYAT TAW WIN Specialist Clinic & Diagnostic Centre

MYAT TAW WIN Specialist Clinic & Diagnostic Centre မြတ်​တော်ဝင် အထူးကု​ဆေးခန်းနှင့် ​ရောဂါရှာ​ဖွေ​ရေးစင်တာ

❄️ ဆောင်းတွင်းမှာ အထူးဂရုစိုက်သင့်တဲ့ ကျန်းမာရေးပြဿနာများ ❄️ရာသီဥတု အေးလာတာနဲ့အမျှ ကျန်းမာရေးကို ပိုပြီးဂရုစိုက်ဖို့ လို...
01/12/2025

❄️ ဆောင်းတွင်းမှာ အထူးဂရုစိုက်သင့်တဲ့ ကျန်းမာရေးပြဿနာများ ❄️
ရာသီဥတု အေးလာတာနဲ့အမျှ ကျန်းမာရေးကို ပိုပြီးဂရုစိုက်ဖို့ လိုအပ်လာပါပြီ။ ဆောင်းရာသီမှာ အဖြစ်များတဲ့ ရောဂါလေးတွေကို ကြိုတင်သတိပြုမိစေဖို့ မျှဝေပေးလိုက်ပါတယ်။
🫀 နှလုံးရောဂါ
ရာသီဥတုအေးတဲ့အခါ သွေးကြောတွေ ကျဉ်းသွားတတ်ပါတယ်။ ဒီအခါမှာ နှလုံးက သွေးစီးဆင်းဖို့ ပိုပြီးအားစိုက်ညှစ်ရတဲ့အတွက် နှလုံးရောဂါအခံရှိသူတွေ အထူးဂရုစိုက်သင့်ပါတယ်။
🫁 ပန်းနာရင်ကြပ်ရောဂါ
အေးမြပြီး ခြောက်သွေ့တဲ့လေထုက အသက်ရှူလမ်းကြောင်းကို ကျဉ်းစေနိုင်ပါတယ်။ ဒါကြောင့် အသက်ရှူရခက်ခဲပြီး ပန်းနာရင်ကြပ်ရောဂါကို ပြန်လည်နှိုးဆွသလို ဖြစ်စေနိုင်ပါတယ်။
🦴 အရိုးအဆစ် ကိုက်ခဲခြင်း
အေးတဲ့ဒဏ်ကြောင့် ကြွက်သားနဲ့ အဆစ်အမြစ်တွေ တောင့်တင်းပြီး နာကျင်ကိုက်ခဲမှုတွေ ပိုဖြစ်စေနိုင်ပါတယ်။
🧴 အရေပြား ယားယံခြင်း
ဆောင်းရာသီ လေထုက စိုထိုင်းဆနည်းပါးတာကြောင့် အရေပြားအစိုဓာတ် ခန်းခြောက်ပြီး အသားပပ်တာ၊ ယားယံတာတွေ ဖြစ်ပေါ်စေပါတယ်။
🤧 နှာစေး၊ ခေါင်းကိုက်ခြင်း
အအေးဓာတ် လွန်ကဲတဲ့အခါ ခန္ဓာကိုယ်အပူချိန်နဲ့ ပြင်ပအပူချိန် မမျှတဖြစ်ပြီး နှာရည်ယိုတာ၊ နှာပိတ်တာနဲ့ ခေါင်းကိုက်ဝေဒနာတွေ ခံစားရနိုင်ပါတယ်။
ကျန်းမာရေးကို ဂရုစိုက်ပြီး နွေးနွေးထွေးထွေး နေထိုင်ကြပါရှင်။ 🧣☕
ဒီလိုချမ်းအေးတဲ့ရာသီမျိုးမှာ မြတ်တော်ဝင် အထူးကုဆေးခန်းနှင့် ရောဂါရှာဖွေရေးစင်တာမှ လူကြီးမင်းတို့ရဲ့ကျန်းမာရေးအခက်အခဲများကိုဖြေရှင်းပေးဖို့ရန်အတွက် နွေးထွေးမှုဖြင့်စောင့်ကြိုလျှက်ရှိပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင်
🍀ပျော်ရွှင်ကျန်းမာစိတ်ချမ်းသာ မြတ်တော်ဝင်သာအားထားရာ🍀
🏥 ဆေးခန်းတည်နေရာ - အမှတ် (၆၃) မဟာဗန္ဓုလလမ်းမကြီး၊ အထက (၁) ကျောင်းအနီး၊ ပုသိမ်မြို့။
☎️ ဆက်သွယ်ရန် - ၀၉ ၈၈၈၈၆၆၁၁၂ ၊ ၀၉ ၈၈၈၈၆၆၁၁၃
📧 Email - myattawinptn@gmail.com

#မြတ်တော်ဝင်
#အထူးကုဆေးခန်း
#ရောဂါရှာဖွေရေးစင်တာ

အားလုံးဘဲမင်္ဂလာပါရှင်။  နေ့စဉ်လူနေမှုဘဝပတ်ဝန်းကျင်မှာကျန်းကျန်းမာမာနဲ့ ကိုယ့်မိသားစု‌တွေနဲ့ အတူ ပျော်ပျော်ရွှင်ရွှင်နေခ...
30/11/2025

အားလုံးဘဲမင်္ဂလာပါရှင်။ နေ့စဉ်လူနေမှုဘဝပတ်ဝန်းကျင်မှာကျန်းကျန်းမာမာနဲ့ ကိုယ့်မိသားစု‌တွေနဲ့ အတူ ပျော်ပျော်ရွှင်ရွှင်နေချင်ကြတာသဘာဝပါပဲရှင့်။ ကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်းဟာလဲ ပိုလို့ပင်အဓိကကျပါတယ်ရှင့်။ ကျန်းမာရေးစစ်ဆေးခြင်းလို့ပြောလိုက်တာနဲ့Ultrasound ရိုက်ပီးစစ်ဆေးတဲ့အချက်ကလဲအဓိကကျတဲ့အရာထဲကတစ်ခုဘဲဖြစ်ပါတယ်ရှင်။ မမြင်နိုင်တဲ့မိမိရဲ့ဝမ်းဗိုက်အတွင်းမှပြဿနာများကိုလဲ Ultrasound ရိုက်ပြီးမှပဲ ဖြေရှင်းနိုင်မှာဖြစ်ပါတယ်ရှင့်။ ညီမတို့ရဲ့မြတ်တော်ဝင်ဆေးခန်းမှာဆိုရင်ဖြင့်Ultrasoundနဲ့ ပတ်သက်တဲ့အမျိုးမျိုး‌ သောကျန်းမာရေးစစ်ဆေးမှုတွေကိုအချိန်နှင့်တစ်ပြေးညီပိတ်ရက်မရှိနေ့စဉ်လာရောက်စစ်ဆေးနိုင်ပြီဘဲဖြစ်ပါတယ်ရှင်။ခေတ်မှီ
စက်ကိရိယာများဖြင့်ကျွမ်းကျင်သောဆရာဝန်ကြီးများကိုယ်တိုင် စစ်ဆေးပေးလျက်ရှိတာမို့လူကြီးမင်းတို့ရဲ့ကျန်းမာရေးလိုအပ်ချက်တွေကို တစ်နေရာထဲမှာ တစ်စုတစ်စည်းထဲ ဆောင်ရွက်နိုင်ပြီဘဲဖြစ်ပါတယ်ရှင်။
🍀 ပျော်ရွှင်ကျန်းမာစိတ်ချမ်းသာ မြတ်တော်ဝင်သာအားထားရာ 🍀
📌 အသေးစိတ်စုံစမ်းရန်နှင့် စာရင်းပေးသွင်းရန်အတွက် ~
💬 Page Messenger (သို့) ဆေးခန်းဖုန်း
☎️ 09888866112, 09888866113 တို့ကို ဆက်သွယ်နိုင်ပါတယ်ရှင်။
🏥 လိပ်စာ
📌 အမှတ် (၆၃)၊ မဟာဗန္ဓုလလမ်းမကြီး၊ အ.ထ.က(၁) ကျောင်းအနီး၊ ပုသိမ်မြို့။

💁🏻‍♀️ နည်းပညာရဲ့တိုးတက်မှုတွေ ဘက်ပေါင်းစုံမှ အချိန်နှင့်တပြေးညီတိုးတက်လာသလို ကျန်းမာပျော်ရွှင်သောနေထိုင်မှုပုံစံများကို ...
29/11/2025

💁🏻‍♀️ နည်းပညာရဲ့တိုးတက်မှုတွေ ဘက်ပေါင်းစုံမှ အချိန်နှင့်တပြေးညီတိုးတက်လာသလို ကျန်းမာပျော်ရွှင်သောနေထိုင်မှုပုံစံများကို ခေတ်နှင့်အညီအမှီ လိုက်နိုင်စေရန်အတွက် လူကြီးမင်းတို့ရဲ့ကျန်းမာရေးကို အမြဲဂရုပြုနေထိုင်သင့်ပါတယ်
✨"ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါး" ဆိုသည့်အတိုင်းကျန်းမာပျော်ရွှင်မှ နေ့စဉ်လူနေမှုဘဝရဲ့ လုပ်ငန်းဆောင်တာများကို လုပ်ကိုင်ဆောင်ရွက်နိုင်မှာမို့ လူကြီးမင်းတို့ရဲ့ ကျန်းမာရေးစစ်ဆေးမှုများကို အချိန်ပေးပြီးစစ်ဆေးနေထိုင်သင့်ပါတယ်ရှင်
🏥ကျန်းမာရေးအတွက်စစ်ဆေးမှုများနှင့်ပက်သက်ပြီးလိုအပ်လာလျှင်လည်း ကျွန်မတို့ရဲ့ "မြတ်တော်ဝင်ဆေးခန်း" မှာတစ်နေရာထဲနဲ့စုံလင်စွာ စစ်ဆေးမှုများပြုလုပ်နိုင်ပြီဖြစ်ကြောင်း သတင်းကောင်းလေးထပ်လောင်း ပါးပါရစေရှင် ။ကျန်းမာရေးစစ်ဆေးမှု အဖြာဖြာ၏ ဝန်ဆောင်မှုများနှင့် နွေးထွေးဖော်ရွေပြီး ယုံကြည်စိတ်ချမှုများကို အမှန်တကယ်ပေးစွမ်းနိုင်သော လက်တစ်စုံအဖြစ် ကြိုးစားဆောင်ရွက်ပေးနေတာမို့ လူကြီးမင်းတို့ရဲ့ကျန်းမာရေးလိုအပ်ချက်များကိုဖြည့်ဆည်းဖို့ရာ နွေးထွေးသောလက်တစ်စုံမှ စောင့်ကြိုလျှက်ပါရှင်🤝🏻🤝🏻🤝🏻
🍀ပျော်ရွှင်ကျန်းမာစိတ်ချမ်းသာ မြတ်တော်ဝင်သာအားထားရာ🍀
🏥 ဆေးခန်းတည်နေရာ - အမှတ် (၆၃) မဟာဗန္ဓုလလမ်းမကြီး၊ အထက (၁) ကျောင်းအနီး၊ ပုသိမ်မြို့။
☎️ ဆက်သွယ်ရန် - ၀၉ ၈၈၈၈၆၆၁၁၂ ၊ ၀၉ ၈၈၈၈၆၆၁၁၃
📧 Email - myattawinptn@gmail.com

#မြတ်တော်ဝင်
#အထူးကုဆေးခန်း
#ရောဂါရှာဖွေရေးစင်တာ

28/11/2025

ဆီးနှင့်ကျောက်ကပ် နဲ့ပတ်သတ်တဲ့‌ရောဂါ လက္ခဏာတွေခံစားနေရပီလား?? ဒီလိုပြသနာတွေမခံစားရအောင်လို့ ဆီးနှင့်ကျောက်ကပ်ဆိုင်ရာ ဖြစ်ပွားနိုင်တဲ့ ရောဂါလက္ခဏာများကို မျှဝေပေးလိုက်ပါတယ်ရှင်။
🍀 ပျော်ရွှင်ကျန်းမာစိတ်ချမ်းသာ မြတ်တော်ဝင်သာအားထားရာ 🍀
☎️ ဆက်သွယ်ရန် - ၀၉ ၈၈၈၈၆၆၁၁၂ ၊ ၀၉ ၈၈၈၈၆၆၁၁၃
🏥 အမှတ် (၆၃) မဟာဗန္ဓုလလမ်းမကြီး၊ အထက (၁) ကျောင်းအနီး ပုသိမ်မြို့။
📧 Email - myattawinptn@gmail.com

#မြတ်တော်ဝင်
#အထူးကုဆေးခန်း
#ရောဂါရှာဖွေရေးစင်တာ

သွေးစစ်တဲ့စာရွက်က ကိန်းဂဏန်းတွေက ဘာကိုပြောပြနေတာလဲ?ဆေးရုံ၊ ဆေးခန်းတွေမှာ နေမကောင်းလို့ပဲဖြစ်ဖြစ်၊ ကျန်းမာရေးစစ်ဆေးချင်လိ...
27/11/2025

သွေးစစ်တဲ့စာရွက်က ကိန်းဂဏန်းတွေက ဘာကိုပြောပြနေတာလဲ?

ဆေးရုံ၊ ဆေးခန်းတွေမှာ နေမကောင်းလို့ပဲဖြစ်ဖြစ်၊ ကျန်းမာရေးစစ်ဆေးချင်လို့ပဲဖြစ်ဖြစ် သွေးစစ်တဲ့အခါ ကိုယ့်ရဲ့အဖြေစာရွက်ထဲက စာလုံးလေးတွေ၊ ဂဏန်းလေးတွေက ဘာကိုဆိုလိုတာလဲဆိုတာ သိချင်ကြမယ်ထင်ပါတယ်။

ဒါကြောင့် လူကြီးမင်းတို့ နားလည်လွယ်စေဖို့ သွေးစစ်ဆေးမှုရလဒ် အခေါ်အဝေါ်တချို့အကြောင်းကို ဗဟုသုတအဖြစ် မျှဝေပေးလိုက်ပါတယ်ရှင်။

🩸 1. Lipid Profile (သွေးတွင်းအဆီဓာတ် စစ်ဆေးခြင်း)

သွေးတွင်းအဆီပမာဏကို စစ်ဆေးတာဖြစ်ပြီး ခန္ဓာကိုယ်အတွက် ကောင်းကျိုးပြုအဆီနဲ့ မကောင်းသောအဆီတွေကို ခွဲခြားသိရှိနိုင်ကာ နှလုံးကျန်းမာရေးအခြေအနေကို အကဲဖြတ်နိုင်ပါတယ်။

🩸 2. HBsAg (အသည်းရောင် အသားဝါ B ပိုး စစ်ဆေးခြင်း)

လက်ရှိအချိန်မှာ မိမိဆီကတဆင့် အခြားသူကို ကူးစက်နိုင်သော အသည်းရောင်အသားဝါ B ပိုး ရှိ/မရှိ စစ်ဆေးခြင်း ဖြစ်ပါတယ်။

🩸 3. Anti HCV (အသည်းရောင် အသားဝါ C ပိုး စစ်ဆေးခြင်း)

အသည်းရောင်အသားဝါ C ပိုး ကူးစက်ခံထားရခြင်း ရှိ/မရှိ စစ်ဆေးခြင်း ဖြစ်ပါတယ်။

🩸 4. HbA1c (သွေးတွင်းသကြားဓာတ် ပျမ်းမျှပမာဏ)

လွန်ခဲ့တဲ့ (၃) လအတွင်း ဆီးချိုရောဂါကို ထိန်းချုပ်နိုင်စွမ်း ရှိ၊ မရှိ သိရှိနိုင်ရန်အတွက် အဓိကထား စစ်ဆေးခြင်း ဖြစ်ပါတယ်။

🩸 5. CP (Auto) / CBC (သွေးပုံသဏ္ဌာန် စစ်ဆေးခြင်း)

သွေးဖြူဥ၊ သွေးနီဥ နှင့် သွေးဥမွှားလေးတွေရဲ့ ပမာဏနှင့် အခြေအနေကို ကြည့်ပြီး သွေးအားနည်းခြင်း၊ ပိုးဝင်ခြင်း ရှိ/မရှိ သိရှိနိုင်ရန် စစ်ဆေးခြင်း ဖြစ်ပါတယ်။

🚽 6. Urine Test (ဆီးစစ်ဆေးခြင်း)

ဆီးလမ်းကြောင်းတစ်လျှောက် ပိုးဝင်ခြင်း ရှိ/မရှိ၊ ကျောက်ကပ်လုပ်ဆောင်ချက် ပုံမှန် ဟုတ်/မဟုတ် နှင့် ဆီးချိုအခြေအနေတို့ကို သိရှိနိုင်ရန် စစ်ဆေးခြင်း ဖြစ်ပါတယ်။

💧7. Electrolytes (ဆီးနှင့် သွေးတွင်း ဓာတ်ဆား စစ်ဆေးခြင်း)

သွေးတွင်းရှိ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကလိုရိုက် စတဲ့ ဓာတ်ဆားပမာဏ မျှတမှု ရှိမရှိ စစ်ဆေးတာပါ။ (ဥပမာ - ဆီးချိုကြောင့် ဆီးခဏခဏသွားပြီး ရေဓာတ်နှင့် ဓာတ်ဆားဆုံးရှုံးမှု ရှိမရှိ သိနိုင်ရန် စစ်ဆေးခြင်းမျိုး ဖြစ်ပါတယ်)။

သွေးစစ်ဆေးမှု အဖြေရလာတဲ့အခါ ညွှန်ကြားထားသော သက်ဆိုင်ရာ ဆရာဝန်နှင့် ပြန်လည်ပြသနိုင်သလို၊ အထူးကုသမားတော်ကြီးများနှင့် ဆွေးနွေးတိုင်ပင်ကုသမှု ခံယူလိုပါကလည်း ကျွန်မတို့၏ "မြတ်တော်ဝင်ဆေးခန်း" တွင် နေ့စဉ် (ပိတ်ရက်မရှိ) လာရောက်ပြသနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင်။

🏥 ကျန်းမာရေး ဗဟုသုတများနှင့် အထူးကုသမားတော်ကြီးများ ဆေးခန်းထိုင်သော အချိန်ဇယားများကို သိရှိနိုင်ရန် ကျွန်မတို့ Page လေးကို Like & Follow လုပ်ထားပေးပါဦးရှင်။

🍀ပျော်ရွှင်ကျန်းမာစိတ်ချမ်းသာ မြတ်တော်ဝင်သာအားထားရာ🍀

🏥 ဆေးခန်းတည်နေရာ - အမှတ် (၆၃) မဟာဗန္ဓုလလမ်းမကြီး၊ အထက (၁) ကျောင်းအနီး၊ ပုသိမ်မြို့။

☎️ ဆက်သွယ်ရန် - ၀၉ ၈၈၈၈၆၆၁၁၂ ၊ ၀၉ ၈၈၈၈၆၆၁၁၃

📧 Email - myattawinptn@gmail.com

#မြတ်တော်ဝင်

#အထူးကုဆေးခန်း

#ရောဂါရှာဖွေရေးစင်တာ

ဆီးလမ်းကြောင်းပိုးဝင်ခြင်းမှ ကျောက်ကပ်ပျက်စီးခြင်းအထိ... သတိထားသင့်တဲ့ အချက်များ👉ဆီးသွားတဲ့အခါ ပူလောင်တာ၊ ဆီးခဏခဏသွားချင...
26/11/2025

ဆီးလမ်းကြောင်းပိုးဝင်ခြင်းမှ ကျောက်ကပ်ပျက်စီးခြင်းအထိ... သတိထားသင့်တဲ့ အချက်များ
👉ဆီးသွားတဲ့အခါ ပူလောင်တာ၊ ဆီးခဏခဏသွားချင်တာ စတဲ့ ဆီးလမ်းကြောင်းပိုးဝင်ခြင်း လက္ခဏာတွေဟာ အတွေ့များတဲ့ ကျန်းမာရေးပြဿနာတွေပါ။ ဒီပြဿနာလေးတွေကို လျစ်လျူရှုထားမိရင် ရောဂါပိုးတွေဟာ ကျောက်ကပ်အထိ ရောက်ရှိသွားပြီး ပိုမိုဆိုးရွားတဲ့ ကျောက်ကပ်ပျက်စီးခြင်း (Kidney Damage) ကို ဖြစ်စေနိုင်ပါတယ်။
💁ဘယ်လိုလက္ခဏာတွေပေါ်ရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်လဲ။
▪️‌ဆီးပူတာ၊ ဆီးအောင့်တာ၊ ဆီးသွားရခက်ခဲတာ
▪️‌ဆီးအရောင်နောက်ကျိပြီး အနံ့ဆိုးထွက်တာ
▪️‌ဖျားတာ၊ ချမ်းတုန်တာနဲ့အတူ ခါးအောက်ပိုင်း ဒါမှမဟုတ် ဘေးတစ်ဖက်ခြမ်းမှာ နာကျင်တာ
▪️‌ခြေထောက်၊ မျက်လုံးတစ်ဝိုက် ဖောရောင်လာတာ
ဒီလိုလက္ခဏာတွေဟာ ရိုးရိုးဆီးပိုးဝင်တာကနေ ကျောက်ကပ်ရဲ့ လုပ်ဆောင်ချက်တွေ လျော့ကျလာတာအထိ အချက်ပြနေတာ ဖြစ်နိုင်ပါတယ်။
📣ဆီးလမ်းကြောင်း သို့မဟုတ် ကျောက်ကပ်နဲ့ပတ်သက်ပြီး စိုးရိမ်စရာရှိတယ်ဆိုရင်ဆီးနှင့်ကျောက်ကပ် အထူးကုသမား‌ တော်ကြီးနှင့်အမြန်ဆုံးလာရောက်ပြသဖို့ ဖိတ်ခေါ်ပါတယ်ရှင့်။
📌ဆီးနှင့်‌‌ ကျောက်ကပ်အထူးကုသမား တော်ကြီးသည် နိုဝင်ဘာလ (၂၉)ရက် ၊စ‌နေ‌နေ့ ၊ နံနက် (၁၀:၃၀) နာရီတွင် လူနာများအား လာရောက်ဆွေးနွေးကုသပေးမည်ဖြစ်ပါတယ်။

📌 အသေးစိတ်စုံစမ်းရန်နှင့် စာရင်းပေးသွင်းရန်အတွက် ~
💬 Page Messenger (သို့) ဆေးခန်းဖုန်း
☎️ 09888866112, 09888866113 တို့ကို ဆက်သွယ်နိုင်ပါတယ်ရှင်။
🏥 လိပ်စာ
📌 အမှတ် (၆၃)၊ မဟာဗန္ဓုလလမ်းမကြီး၊ အ.ထ.က(၁) ကျောင်းအနီး၊ ပုသိမ်မြို့။

#ဆီးလမ်းကြောင်း #ကျောက်ကပ် #ကျန်းမာရေးဗဟုသုတ #ကျောက်ကပ်ပျက်စီးခြင်း #ဆီးပိုးဝင်ခြင်း

ကံထူးရှင် (၅) ဉီး ဖော်ပြပေးလိုက်ပါပြီရှင့်။😍Huge Congratulations 🎉 ပါ။မင့်မင့်ကို Page Messenger မှာ လာရောက်ဆက်သွယ်ပေးပါ...
25/11/2025

ကံထူးရှင် (၅) ဉီး ဖော်ပြပေးလိုက်ပါပြီရှင့်။😍
Huge Congratulations 🎉 ပါ။
မင့်မင့်ကို Page Messenger မှာ လာရောက်ဆက်သွယ်ပေးပါရှင့်။
ပါဝင်‌ကံစမ်းတဲ့ အယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်ရှင့်။
နောက်ထပ်လည်း စိတ်ဝင်စားစရာကောင်းတဲ့ အစီအစဉ် လေးတွေ လာဉီးမှာမို့ Page လေးကိုလဲ ဆက်လက်စောင့်ကြည့်ပြီး See First လေး လုပ်ထားလိုက်တော့နော်။🥳

"ပျော်ရွှင်ကျန်းမာစိတ်ချမ်းသာ မြတ်တော်ဝင်သာ
အားထားပါ" 👨‍⚕️🩺

#မြတ်တော်ဝင်
#အထူးကုဆေးခန်း
#ရောဂါရှာဖွေရေးစင်တာ

🍀ကုသခြင်းအစ ကာကွယ်ခြင်းက🍀😷 အခုရက်ပိုင်းရာသီအကူးအပြောင်းကြောင့်-နှာစေး၊နှာပိတ်-ရုတ်တရက်အသံဝင်ခြင်း-လည်ချောင်းနာခြင်း-ပါးစ...
25/11/2025

🍀ကုသခြင်းအစ
ကာကွယ်ခြင်းက🍀
😷 အခုရက်ပိုင်းရာသီအကူးအပြောင်းကြောင့်
-နှာစေး၊နှာပိတ်
-ရုတ်တရက်အသံဝင်ခြင်း
-လည်ချောင်းနာခြင်း
-ပါးစပ်အပူနာဖြစ်ခြင်း
-ဖျားနာခြင်း
-ရာသီဥတုအေးလာခြင်းကြောင့် အသက်ရှုရမူမမှန်ဖြစ်ခြင်း ရင်ကြပ်ခြင်းများအပြင် အခြားသောကျန်းမာရေးလက္ခဏာများခံစားရတတ်ပါတယ်
🤗 ဒီလိုကျန်းမာရေးလက္ခဏာများကိုကြာရှည်မခံစားစေဖို့ရာ ကျွန်မတို့ရဲ့မြတ်တော်ဝင်ဆေးခန်းမှာ ကျွမ်းကျင်သော ဆရာဝန်ကြီးများ၊ အထူးကုသမားတော်ကြီးများနဲ့ လာရောက်ဆွေးနွေးပြသနိုင်ပါပြီရှင်
🥰 လူကြီးမင်းတို့ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ကျွန်မတို့ရဲ့ "မြတ်တော်ဝင်ဆေးခန်း''မှ နွေးထွေးစွာ ကြိုဆိုလျှက်ပါရှင်
🍀🍀🍀🍀🍀🍀🍀🍀

🥰 ကျန်းမာပျော်ရွှင်သောနေ့ရက်တိုင်းကို အမြဲပိုင်ဆိုင်စေဖို့ရာ "မြတ်တော်ဝင်ဆေးခန်း "ကိုသာသတိရလိုက်ပါရှင်........
🍀🍀🍀🍀🍀

🍀ပျော်ရွှင်ကျန်းမာစိတ်ချမ်းသာ မြတ်တော်ဝင်သာအားထားရာ🍀
🏥 ဆေးခန်းတည်နေရာ - အမှတ် (၆၃) မဟာဗန္ဓုလလမ်းမကြီး၊ အထက (၁) ကျောင်းအနီး၊ ပုသိမ်မြို့။
☎️ ဆက်သွယ်ရန် - ၀၉ ၈၈၈၈၆၆၁၁၂ ၊ ၀၉ ၈၈၈၈၆၆၁၁၃
📧 Email - myattawinptn@gmail.com

#မြတ်တော်ဝင်
#အထူးကုဆေးခန်း
#ရောဂါရှာဖွေရေးစင်တာ

24/11/2025

လူကြီးမင်းတို့ရဲ့ကျန်းမာရေးနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ ဖြစ်လို့ ဆေးရုံ၊ဆေးခန်းသွားဖို့ အခက်အခဲများ ကြုံတွေ့နေရပြီလားရှင့်။
ဒီလိုအခက်အခဲများကို ဖြေရှင်းပေးဖို့ရာ ကျွန်မတို့ မြတ်တော်ဝင်ဆေးခန်းရဲ့ Home Service လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ရှင့်။
🍀 ပျော်ရွှင်ကျန်းမာစိတ်ချမ်းသာ မြတ်တော်ဝင်သာအားထားရာ 🍀
☎️ ဆက်သွယ်ရန် - ၀၉ ၈၈၈၈၆၆၁၁၂ ၊ ၀၉ ၈၈၈၈၆၆၁၁၃
📧 Email - myattawinptn@gmail.com

#မြတ်တော်ဝင်
#အထူးကုဆေးခန်း
#ရောဂါရှာဖွေရေးစင်တာ

👉 သင့်ကျန်းမာရေးအတွက် မြတ်တော်ဝင်ကိုသတိရလိုက်ပါ .....   🏥 ပုသိမ်မြို့မှလူနာများအတွက်သာမက အနယ်နယ် အရပ်ရပ်မှ လာရောက်ပြသသော...
23/11/2025

👉 သင့်ကျန်းမာရေးအတွက် မြတ်တော်ဝင်ကိုသတိရလိုက်ပါ .....
🏥 ပုသိမ်မြို့မှလူနာများအတွက်သာမက အနယ်နယ် အရပ်ရပ်မှ လာရောက်ပြသသောလူနာအတွက် ကျွန်မတို့ရဲ့ မြတ်တော်ဝင်ဆေးခန်းတွင် အထွေထွေရောဂါ၊ အရိုးအကြော ၊ ခွဲစိတ်၊ ကင်ဆာ ၊ သားဖွားနှင့်မီးယပ်တို့အပြင်
ရန်ကုန်မှလာရောက်ဆွေးနွေး ကုသပေးသော
👉 ဦးနှောက်နှင့်အာရုံကြော
👉 အထွေထွေကူးစက်ရောဂါ
👉 ဆီးနှင့်ကျောက်ကပ်
👉 အသည်း၊ အသည်းကင်ဆာ နှင့်သည်းခြေရောဂါ
👉 အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာရောဂါများကို မြတ်တော်ဝင်ဆေးခန်းမှာစုံလင်စွာပြသနိုင်ပါပြီရှင်
🧪ဆွေးနွေးကုသမှုရဲ့နောက်ဆက်တွဲ ဖြစ်သော Ultrasound ၊ Digital X- Ray ၊ ECG ၊သွေးစစ်ဆေးခြင်းစတဲ့ စစ်ဆေးမှုများကိုလည်း တစ်နေရာထဲမှာ အချိန်ကုန်လူပင်ပန်းသက်သာစွာဖြင့်တစ်ပါတည်းလုပ်ဆောင်နိုင်မှာဖြစ်လို့
လူကြီးမင်းတို့အတွက်လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုများကို ဖြည့်ဆည်းပေးနိုင်ရန် မြတ်တော်ဝင်မှ နွေးထွေးစွာကြိုဆိုလျှက်ပါရှင်....✅✅✅

🍀ပျော်ရွှင်ကျန်းမာစိတ်ချမ်းသာ မြတ်တော်ဝင်သာအားထားရာ🍀
🏥 ဆေးခန်းတည်နေရာ - အမှတ် (၆၃) မဟာဗန္ဓုလလမ်းမကြီး၊ အထက (၁) ကျောင်းအနီး၊ ပုသိမ်မြို့။
☎️ ဆက်သွယ်ရန် - ၀၉ ၈၈၈၈၆၆၁၁၂ ၊ ၀၉ ၈၈၈၈၆၆၁၁၃
📧 Email - myattawinptn@gmail.com

#မြတ်တော်ဝင်
#အထူးကုဆေးခန်း
#ရောဂါရှာဖွေရေးစင်တာ

🚨🚨Giveaway Alert 🚨🚨မြတ်တော်ဝင်အထူးကုဆေးခန်းFacebook  Page လေးရဲ့ Giveaway  ပေးမယ့်အစီအစဉ်လေးပြန်လာပါပြီရှင့်။ပထမဆုံးအနေန...
22/11/2025

🚨🚨Giveaway Alert 🚨🚨
မြတ်တော်ဝင်အထူးကုဆေးခန်းFacebook Page လေးရဲ့ Giveaway ပေးမယ့်အစီအစဉ်လေးပြန်လာပါပြီရှင့်။
ပထမဆုံးအနေနဲ့ မင်မင်တို့ရဲ့မြတ်တော်ဝင် page ကို Like and Follow ပြုလုပ်ပေးကြတဲ့အယောက်စီတိုင်းကို အထူးဘဲ ကျေးဇူးတင်ပါတယ်ရှင့်။
မိဘပြည်သူများကိုကျေးဇူးတုန့်ပြန်တဲ့အနေဖြင့်
ဖုန်းbill 10000 ကျပ်တိတိကို 5ယောက်တိတိ မဲဖောက်ပေးသွားမှာဖြစ်တဲ့အတွက်မည်သူမဆိုဝင်ရောက်ကံစမ်းနိုင်ပါတယ်ရှင့်။ Ph.Bill မလိုချင်လဲ K pay /AYA Pay နဲ့လက်ဆောင်ထည့်ပေးသွားမှာပဲဖြစ်ပါတယ်ရှင့်။
Giveaway Rules 🚨
•Myat Taw Win Clinic ရဲ့‌ဆောင်ပုဒ်လေးကိုရေးပေးရပါမယ်ရှင့်။
•Page ကို Like and Follow လုပ်ထားရပါမယ်ရှင့်။
•ယခု Post ကို Public နဲ့ 2ယောက်Tag တွဲပြီး Share ပေးရပါမယ်ရှင့်။
• Share ထားတဲ့ SS လေးကို Comment လေးမှာမန့်‌ခဲ့ပေးရပါမယ်ရှင့်။
📍Giveaway လေးကို25.11.25 ညနေ6နာရီမှာ ဖောက်ပေးသွားမှာဘဲဖြစ်ပါတယ်ရှင့်။
‼️ပါဝင်ကံစမ်းသူ10ယောက်ပြည့်မှသာမဲဖောက်ပေးသွားမှာဖြစ်ပါတယ်ရှင့်။‼️
နောက်ထပ်လဲ စိတ်ဝင်စားစရာကောင်းတဲ့ အစီအစဉ်တွေထပ်လာဦးမှာမို့ မင်မင်တို့ရဲ့Pageလေးကိုလဲဆက်လက်စောင့်ကြည့်ပေးကြပါအုံးရှင့်။

☎️ ဆက်သွယ်ရန် - ၀၉ ၈၈၈၈၆၆၁၁၂ ၊ ၀၉ ၈၈၈၈၆၆၁၁၃
🏥 တည်နေရာ - အမှတ် (၆၃)၊ မဟာဗန္ဓုလလမ်းမကြီး၊ အ.ထ.က (၁) ကျောင်းအနီး၊ ပုသိမ်မြို့။
📧 Email - myattawinptn@gmail.com

#မြတ်တော်ဝင်
#အထူးကုဆေးခန်း
#ရောဂါရှာဖွေရေးစင်တာ

🤔ဘာကြောင့်ရွေးချယ်သင့်လဲ?🏥ကျွန်မတို့ရဲ့မြတ်တော်ဝင်အထူးကုဆေးခန်းနှင့်ရောဂါရှာဖွေရေးစင်တာမှာ ရရှိနိုင်သောဝန်ဆောင်မှုများကိ...
21/11/2025

🤔ဘာကြောင့်ရွေးချယ်သင့်လဲ?
🏥ကျွန်မတို့ရဲ့မြတ်တော်ဝင်အထူးကုဆေးခန်းနှင့်ရောဂါရှာဖွေရေးစင်တာမှာ ရရှိနိုင်သောဝန်ဆောင်မှုများကို လူကြီးမင်းတို့လည်း အတန်အသင့်သိပြီးပြီပေါ့‌နော်
🔷အမျိုးမျိုးသော ဝန်ဆောင်မှုများ ၊ကုသမှုများနှင့် လူနာများကို ကိုယ်ရောစိတ်ပါစောင့်ရှောက်​ပေး မှုများအပြင် ဆေးခန်းအတွင်းကျယ်ဝန်းသောကားပါကင်ရှိခြင်းဟာလည်းလာရောက်ပြသသော လူနာများ၏ယာဥ်များရပ်နားရန်နှင့် Ambulance များ အဆင်ပြေပြေရပ်နားနိုင်စေရန် ရည်ရွယ်ထားရှိပါတယ်ရှင်
🔷ဒါ့အပြင်အချက်အချာမြို့အလယ်ခေါင်၊ ကျောင်းအနီးနားမှာ တည်ရှိတာမို့ လမ်းကြောင်းအဝင် အထွက် အန္တရာယ်ကင်း အဆင်ပြေစေရန်အတွက်လည်း ကျွန်မတို့ရဲ့ Runners လေးများမှ အချိန်ပြည့် စောင့်ကြည့်ရှင်းလင်းပေးနေပါတယ်ရှင်
🔷ဒါကြောင့်မို့ လူကြီးမင်းတို့ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုသာမက Safety ကိုပါအဓိကထား လုပ်ဆောင်ပေးနေသော ကျွန်မတို့ရဲ့ မြတ်တော်ဝင်ဆေးခန်းကို ကျန်းမာစေဖို့ရာသာမက အစစအရာရာအဆင်ပြေဖို့ရာ သတိရလိုက်ပါရှင်🥰

🍀ပျော်ရွှင်ကျန်းမာစိတ်ချမ်းသာ မြတ်တော်ဝင်သာအားထားရာ🍀
🏥 ဆေးခန်းတည်နေရာ - အမှတ် (၆၃) မဟာဗန္ဓုလလမ်းမကြီး၊ အထက (၁) ကျောင်းအနီး၊ ပုသိမ်မြို့။
☎️ ဆက်သွယ်ရန် - ၀၉ ၈၈၈၈၆၆၁၁၂ ၊ ၀၉ ၈၈၈၈၆၆၁၁၃
📧 Email - myattawinptn@gmail.com

#မြတ်တော်ဝင်
#အထူးကုဆေးခန်း
#ရောဂါရှာဖွေရေးစင်တာ

Address

No. (63) Mahar Bandoola Road, Near B. E. H. S 1
Pathein
10011

Opening Hours

Monday 07:30 - 19:00
Tuesday 07:30 - 19:00
Wednesday 07:30 - 19:00
Thursday 07:30 - 19:00
Friday 07:30 - 19:00
Saturday 07:30 - 19:00
Sunday 07:30 - 19:00

Telephone

+959888866112

Website

Alerts

Be the first to know and let us send you an email when MYAT TAW WIN Specialist Clinic & Diagnostic Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to MYAT TAW WIN Specialist Clinic & Diagnostic Centre:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram