ကိုမြင့်လွင် ဆေးဆိုင် ပုသိမ် - KO MYINT LWIN Pharmacy

  • Home
  • Myanmar
  • Pathein
  • ကိုမြင့်လွင် ဆေးဆိုင် ပုသိမ် - KO MYINT LWIN Pharmacy

ကိုမြင့်လွင် ဆေးဆိုင် ပုသိမ် -  KO MYINT LWIN Pharmacy ♦ဝယ်ယူအားပေးသူတဦးတယောက်ချင်းဆီကိုကျွန်မတို့ကိုမြင့်လွင်
ဆေးဆိုင်မိသားစုမှ အထူးပင်ကျေးဇူးတင်ရှိပါတယ်

📢 ပုသိမ်မြို့မှာ ဆေးဝါးနဲ့ပတ်သက်သမျှလိုအပ်တာ "ကိုမြင့်လွင်"မှာရှာ  📢 ​ပုသိမ်မြို့အနှံ့ ဆိုင်ခွဲများစွာနဲ့ ဆေးဝါးနဲ့ကျန်း...
26/09/2025

📢 ပုသိမ်မြို့မှာ ဆေးဝါးနဲ့ပတ်သက်သမျှ
လိုအပ်တာ "ကိုမြင့်လွင်"မှာရှာ 📢

​ပုသိမ်မြို့အနှံ့ ဆိုင်ခွဲများစွာနဲ့ ဆေးဝါးနဲ့ကျန်းမာရေးသုံးပစ္စည်းတွေကို အကောင်းဆုံးဝန်ဆောင်မှုပေးနေတဲ့ "ကိုမြင့်လွင်" ဆေးဆိုင်မှ ကြိုဆိုပါတယ်💁‍♀️

​ကျန်းမာရေးအတွက် ဆေးဝါးပဲလိုလို!
အလှအပအတွက် Skincare နဲ့အလှကုန်တွေပဲလိုလို!
ဘာမဆိုရနိုင်တဲ့ "ကိုမြင့်လွင်" ဆေးဆိုင်မှာဆိုရင်
✅မြန်မာတိုင်းရင်းဆေးများ
✅ခေတ်မီအင်္ဂလိပ်ဆေးများ
✅Supplement များ
✅တစ်ကိုယ်ရည်သုံးပစ္စည်းများ
✅ဆီးချို၊သွေးပေါင်ချိန်တိုင်းကိရိယာများ
✅ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များအတွက်
လိုအပ်သော အားဆေးနှင့်အသုံးအဆောင်များ
✅ကလေးအသုံးအဆောင်များကို
ပစ္စည်းမှန်၊စျေးနှုန်းမှန်ကန်စွာဖြင့်
တစ်နေရာတည်းမှာ အမျိုးအစား
စုံလင်စွာရွေးချယ်ဝယ်ယူနိုင်ပါတယ်ရှင် ☺️

​အရည်အသွေးပြည့်မီပြီး စျေးနှုန်းမှန်ကန်တဲ့
ဆေးဝါးနဲ့ဆက်စပ်ပစ္စည်းတွေကို စိတ်ရှည်ပြီး ကျွမ်းကျင်တဲ့ဝန်ထမ်းများက အကောင်းဆုံး
ဝန်ဆောင်မှုနဲ့ ရောင်းချပေးနေလို့ ဆေးဝါးနဲ့ပတ်သက်ရင် ဘာပဲလိုလို "ကိုမြင့်လွင်" ကိုသာ
အမြန်ဆုံးလှမ်းခဲ့ဖို့ မမေ့နဲ့နော်💁‍♀️✨

🚚ပုသိမ်မြို့တွင်းမှာသာမက မြန်မာတစ်ပြည်လုံး
ကိုပါ ပို့ဆောင်ပေးနေပါပြီ။

🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰
#ကိုမြင့်လွင် ဆေးဆိုင်( 1 )
အမှတ် (43/က)ကုန်သည်လမ်းပုသိမ်မြို့။
Google map - https://maps.app.goo.gl/TSeZFWr3DwpNGD6c9?g_st=afm

#ကိုမြင့်လွင် ဆေးဆိုင် ( 2 )
အမှတ် 2/က မဟာဗန္ဓုလမ်း၊ စွမ်း Hotel ရှေ့၊ ပုသိမ်မြို့။
Google map - https://maps.app.goo.gl/XWPwkMgYYDZe2C638?g_st=afm

#ကိုမြင့်လွင် ဆေးဆိုင် ( 3 )
အမှတ် 123 ရွှေစေတီလမ်း မြန်မာစီးပွားရေး ဘဏ်ရှေ့ ပုသိမ်မြို့။

page - ကိုမြင့်လွင် ဆေးဆိုင် ပုသိမ် - KO MYINT LWIN Pharmacy

#ကိုမြင့်လွင်ဆေးဆိုင်

ယုံကြည်စိတ်ချရနိုင်တဲ့ သင့်ကျန်းမာရေးအတွက် ကိုမြင့်လွင်" ဆေးဆိုင်ရှိတယ်နော် 💊⚕️ ကိုမြင့်လွင်" ဆေးဆိုင်မှာ သင့်ကျန်းမာရေး...
21/09/2025

ယုံကြည်စိတ်ချရနိုင်တဲ့ သင့်ကျန်းမာရေးအတွက်
ကိုမြင့်လွင်" ဆေးဆိုင်ရှိတယ်နော် 💊⚕️

ကိုမြင့်လွင်" ဆေးဆိုင်မှာ သင့်ကျန်းမာရေးကို အလေးထားပြီး အရည်အသွေးပြည့်မီတဲ့ ဆေးဝါးတွေနဲ့ ကျန်းမာရေးပစ္စည်းတွေကို ပစ္စည်းမှန်၊ဈေးနှုန်းမှန်နဲ့ ရောင်းချပေးနေပါတယ်✨

ကိုမြင့်လွင် 𝐏𝐡𝐚𝐫𝐦𝐚𝐜𝐲 မှာဆိုရင်
✅ ကျန်းမာရေးပစ္စည်းများကို နိုင်ငံတကာအဆင့်မီ ဆေးဝါးများရောင်းချပေးလျက်ပါတယ်။
✅ဆေးဝါးနဲ့ ကျန်းမာရေးပစ္စည်းများကို
တရားဝင် တင်သွင်းစစ်ဆေးပြီးမှ ရောင်းချပေးလို့
ယုံကြည်စိတ်ချစွာ ဝယ်ယူရရှိနိုင်ပါတယ်။
✅အသုံးများတဲ့ ဆေးတွေအပြင် ဆရာဝန်များ
ညွှန်ကြားပေးလေ့ရှိတဲ့ အခြားဆေးဝါးအမျိုးမျိုးကိုပါ စုံလင်စွာရောင်းချပေးနေပါတယ်။
✅သင့်တင့်လျောက်ပတ်သော ဈေးနှုန်းများနဲ့
ရောင်းချပေးနေတာကြောင့် စိတ်ချမ်းသာစွာ
ဝယ်ယူအားပေးနိုင်ပါတယ်။
✅ကျန်းမာရေးနဲ့ ပတ်သက်ပြီး လိုအပ်တဲ့
အကြံဉာဏ်များကိုလည်း ကျွမ်းကျင်တဲ့
ဝန်ထမ်းများကနေ ကူညီဆွေးနွေးပေးပါတယ်။
✅ဖော်ရွေပျူငှာစွာနဲ့ အကောင်းဆုံး ဝန်ဆောင်မှုများ
ပေးနေပါတယ်။

ကိုမြင့်လွင် 𝐏𝐡𝐚𝐫𝐦𝐚𝐜𝐲 မှာဆိုရင် ဘာတွေရနိုင်လဲ?
✨ဆေးဝါးအမျိုးမျိုး
✨ကျန်းမာရေးဖြည့်စွက်စာများ
စုံလင်စွာရရှိနိုင်လို့ သင့်ကျန်းမာရေးအတွက်
ယုံကြည်စိတ်ချစွာ ရွေးချယ်လိုက်ပါ။👍

ပုသိမ်မြို့တွင်းမှာသာမက မြန်မာတစ်ပြည်လုံးကိုလည်း ပို့ဆောင်ပေးနေတော့ စိတ်ချစွာမှာယူနိုင်ပြီနော်

🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰
#ကိုမြင့်လွင် ဆေးဆိုင်( 1 )
အမှတ် (43/က)ကုန်သည်လမ်းပုသိမ်မြို့။
Google map - https://maps.app.goo.gl/TSeZFWr3DwpNGD6c9?g_st=afm

#ကိုမြင့်လွင် ဆေးဆိုင် ( 2 )
အမှတ် 2/က မဟာဗန္ဓုလမ်း၊ စွမ်း Hotel ရှေ့၊ ပုသိမ်မြို့။
Google map - https://maps.app.goo.gl/XWPwkMgYYDZe2C638?g_st=afm

#ကိုမြင့်လွင် ဆေးဆိုင် ( 3 )
အမှတ် 123 ရွှေစေတီလမ်း မြန်မာစီးပွားရေး ဘဏ်ရှေ့ ပုသိမ်မြို့။

page - ကိုမြင့်လွင် ဆေးဆိုင် ပုသိမ် - KO MYINT LWIN Pharmacy

🏥 ဆိုင်၃ဆိုင်လုံးရဲ့ဖုန်းနပါတ်လေးတွေကို ကောမန့်မှာမန့်ပေးထားပါတယ်။😍

#ကိုမြင့်လွင်ဆေးဆိုင်

လေးဘက်နာလို့ အများသိကြတဲ့ Rheumatoid Arthritis (RA) အကြောင်းလေးဘက်နာလို့ အများသိကြတဲ့ Rheumatoid Arthritis (RA) ဟာ ခန္ဓာ...
19/09/2025

လေးဘက်နာလို့ အများသိကြတဲ့ Rheumatoid Arthritis (RA) အကြောင်း

လေးဘက်နာလို့ အများသိကြတဲ့ Rheumatoid Arthritis (RA) ဟာ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ် (immune system) ကိုယ်တိုင်က ကိုယ့်ရဲ့အဆစ်အမြစ်တွေကို ပြန်လည်တိုက်ခိုက်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဒီလိုတိုက်ခိုက်တာကြောင့် အဆစ်တွေမှာ ရောင်ရမ်းတာ၊ နာကျင်တာတွေ ဖြစ်လာပြီး အချိန်ကြာလာရင် အဆစ်တွေ ပုံပျက်သွားတာ၊ လှုပ်ရှားမှုတွေ ခက်ခဲလာတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

လက္ခဏာများ

RA ရဲ့ အဓိက လက္ခဏာတွေကတော့-
* အဆစ်နာကျင်ခြင်းနှင့် ရောင်ရမ်းခြင်း- လက်ချောင်းလေးတွေ၊ လက်ကောက်ဝတ်၊ ခြေချောင်းလေးတွေနဲ့ တခြားအဆစ်တွေမှာ နာကျင်တာနဲ့ ရောင်ရမ်းတာတွေ ဖြစ်တတ်ပါတယ်။
* ကိုယ်လက်တောင့်တင်းခြင်း- မနက်အိပ်ယာထချိန် ဒါမှမဟုတ် အကြာကြီးထိုင်ပြီးတဲ့အခါမျိုးမှာ ကိုယ်လက်အဆစ်တွေ တောင့်တင်းနေတာ၊ လှုပ်ရှားရတာ ခက်ခဲတာမျိုး ဖြစ်တတ်ပါတယ်။
* နှစ်ဖက်လုံးဖြစ်ခြင်း- ဥပမာ ဘယ်ဘက်လက်ကောက်ဝတ်မှာ ဖြစ်ရင် ညာဘက်လက်ကောက်ဝတ်မှာပါ ဖြစ်တတ်ပါတယ်။
* ဖျားနာခြင်းနှင့် မောပန်းနွမ်းနယ်ခြင်း- ကိုယ်ပူတာ၊ ကိုယ်လက်မအီမသာဖြစ်တာ၊ အားအင်ကုန်ခမ်းသလို ခံစားရတာမျိုးတွေလည်း တွဲပြီး ဖြစ်နိုင်ပါတယ်။

ဘယ်သူတွေမှာ အဖြစ်များလဲ

* အသက် ၃၀ ကနေ ၅၀ ကြား အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။
* မိသားစုမျိုးရိုးထဲမှာ RA ရောဂါရှိဖူးသူတွေဟာလည်း ပိုဖြစ်နိုင်ခြေရှိပါတယ်။
* ဆေးလိပ်သောက်သူတွေမှာလည်း ဖြစ်နိုင်ခြေ ပိုများပါတယ်။

ဘယ်လိုကုသနိုင်လဲ

RA ရောဂါကို လုံးဝပျောက်ကင်းအောင် ကုသဖို့ခက်ခဲပေမယ့် ရောဂါကို ထိန်းချုပ်ပြီး လက္ခဏာတွေကို သက်သာအောင် လုပ်ဆောင်နိုင်ပါတယ်။
* ဆေးဝါးကုသမှု- ဆရာဝန်ညွှန်ကြားတဲ့အတိုင်း အကိုက်အခဲပျောက်ဆေးတွေ၊ ရောင်ရမ်းကျဆေးတွေနဲ့ ကိုယ်ခံအားစနစ်ကို ထိန်းညှိပေးတဲ့ဆေးတွေကို သောက်သုံးရပါတယ်။
* လေ့ကျင့်ခန်းလုပ်ခြင်း- အဆစ်တွေ တောင့်တင်းမှုမဖြစ်အောင်နဲ့ ကြွက်သားတွေ သန်မာအောင် နူးညံ့တဲ့ လေ့ကျင့်ခန်းတွေ၊ လမ်းလျှောက်တာ၊ ရေကူးတာမျိုးတွေ လုပ်ပေးသင့်ပါတယ်။
* အပူ၊ အအေး ကပ်ခြင်း- အဆစ်တွေ တောင့်တင်းနေရင် ရေနွေးအိတ်ကပ်တာ၊ ပူပြီးရောင်နေရင် ရေခဲအိတ်ကပ်တာမျိုးတွေ လုပ်နိုင်ပါတယ်။
* အစားအသောက်- ရောဂါကို တိုက်ရိုက်ပျောက်ကင်းစေတဲ့ အစားအသောက်မျိုး မရှိပေမယ့် ရောင်ရမ်းတာကို သက်သာစေတဲ့ အိုမီဂါ ၃ (Omega-3) ပါဝင်တဲ့ ငါး၊ ပဲအမျိုးမျိုးနဲ့ ဗီတာမင်စီပါတဲ့ အသီးအနှံတွေကို စားသုံးပေးသင့်ပါတယ်။

RA ဟာ နာတာရှည်ရောဂါဖြစ်လို့ ရောဂါလက္ခဏာတွေ စတင်ခံစားရပြီဆိုတာနဲ့ ဆရာဝန်နဲ့ အချိန်မီပြသပြီး သေချာကုသမှုခံယူဖို့ အရေးကြီးပါတယ်။ ဒီလိုမှသာ ရောဂါရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်တဲ့ အဆစ်ပုံပျက်ခြင်းနဲ့ တခြားကိုယ်တွင်းအင်္ဂါတွေကို ထိခိုက်မှုတွေကနေ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
Crd

အာရုံကြောနဲ့ ပတ်သတ်ပီးစိတ်ဖိစီးနေသူများscreen time တွေအချိန်ပေးနေရသူတွေမျက်စိမှုန်၊ဇက်ကြောတက်၊အကြောထိုးခေါင်းမူး၊ခေါက်ကိ...
25/08/2025

အာရုံကြောနဲ့ ပတ်သတ်ပီးစိတ်ဖိစီးနေသူများ

screen time တွေအချိန်ပေးနေရသူတွေ

မျက်စိမှုန်၊ဇက်ကြောတက်၊အကြောထိုး
ခေါင်းမူး၊ခေါက်ကိုက် ခံစားရခက်နေရင်
ရွှေရုပ်သွင် 5ပြားပုံမှန်သောက်ပေးပါ

ဆေးဖက်ဝင်‌ ဆေးမြင်းခွာရွက်က အာရုံကြောအားတိုးစေပီး
အပေါ်ကဝေဒနာတွေကိူ သက်သာ၊ပျောက်ကင်းစေပါတယ်
1 ဘူး= 9500
ကိုမြင့်လွင် ဆိုင်ခွဲတိုင်းမှာ ဝယ်ယူလို့ရပါပြီ

မိတ်ဆွေတို့ သုံးနေကျ ဆီးချိုစက် သွေးပေါင်ချိန်စက် ဓာတ်ခဲများ လိုအပ်ရင် ဆိုင်မှာဝယ်ယူလို့ရပါတယ်ဆီးချို ဓာတ်ခဲ =1200သွေးပေ...
24/08/2025

မိတ်ဆွေတို့ သုံးနေကျ ဆီးချိုစက် သွေးပေါင်ချိန်စက် ဓာတ်ခဲများ လိုအပ်ရင် ဆိုင်မှာဝယ်ယူလို့ရပါတယ်

ဆီးချို ဓာတ်ခဲ =1200
သွေးပေါင်ချိန် ဓာတ်ခဲကြီး =1250
သွေးပေါင်ချိန် ဓာတ်ခဲအသေး= 1150

💚 ညလုံးပေါက် Stockစစ်ကျတဲ့ အဖွဲ့Aက   ကလေးတွေကို Hot pot လိုက်ကျွေးပြီးရှယ်ပြုစု ☺☺😙
10/08/2025

💚 ညလုံးပေါက် Stockစစ်ကျတဲ့ အဖွဲ့Aက ကလေးတွေကို Hot pot လိုက်ကျွေးပြီးရှယ်ပြုစု ☺☺😙

လိုင်းပေါ်မှာ အခုရက်ပိုင်း  ခွေးရူးပြန်ရောဂါခံစားနေရတဲ့ လူနာတွေကို တစ်ယောက်ပြီးတစ်ယောက် မြင်တွေ့လာလာနေရပါတယ်။ကမ္ဘာပေါ်မှ...
29/07/2025

လိုင်းပေါ်မှာ အခုရက်ပိုင်း ခွေးရူးပြန်ရောဂါခံစားနေရတဲ့ လူနာတွေကို တစ်ယောက်ပြီးတစ်ယောက် မြင်တွေ့လာလာနေရပါတယ်။

ကမ္ဘာပေါ်မှာ ခွေးရူးပြန်ရောဂါ ခံစားရရင် သေဆုံးဖို့က ရာနှုန်းပြည့်ပါ။
ခွေးရူးပြန်ရောဂါသမိုင်းမှာ အလွန့်အလွန်ရှားပါးစွာ တစ်ယောက်တည်းသာ အသက်ရှင်သန်ခဲ့ဖူးတယ်လို့တော့ သိရပါတယ်။

ခွေးရူးပြန်ရောဂါဖြစ်စေတဲ့ Rabies ခွေးရူးပြန်ပိုးဟာ ခွေး၊ ကြောင်၊ လင်းနို့တွေမှာ ရှိနေတတ်ကြပါတယ်။
သူတို့ကမှတဆင့် လူတွေကို ကူးစက်ခံကြရခြင်းဖြစ်ပါတယ်။
.....

ဒီရောဂါပိုးရဲ့ ရောဂါပျိုးချိန်တွေကို သိထားရင် ကိုယ့်ဆီကို ကူးစက်နိုင်ချေရှိန်ိုင် မရှိနိုင်ကို ကျနော်တို့ အကဲဖြတ်နိုင်ပါလိမ့်မယ်။

ခွေးရူးရောဂါပိုးဝင်ပြီး ခွေးနဲ့ ခွေးရူးရောဂါပိုးဝင်ခံရတဲ့ လူနဲ့ ရောဂါပျိုးရက် အနည်းငယ်ကွာခြားပါတယ်။

ခွေးတွေမှာရောဂါပိုးဝင်ပြီးရင် အနည်းဆုံး ဆယ်ရက်ကြာကနေ၊ အများဆုံး ခြောက်လအတွင်းရောဂါလက္ခဏာပြတတ်ပါတယ်။
ခွေးရူးပြီဆိုရင် လွန်ခဲ့တဲ့ ခြောက်လကတည်းက ဒီခွေးမှာ ခွေးရူးရောဂါပိုး စွဲကပ်နေနိုင်တယ်လို့ ကျနော်​တို့ တွေးဆစေချင်ပါတယ်။
ခွေးမှာ ခွေးရူးရောဂါလက္ခဏာတွေပြလာရင်တော့ ရက်ပိုင်းအတွင်း ခွေးဟာသေဆုံးပါတယ်။
ခွေးရူးရောဂါနဲ့ သေဆုံးသွားတဲ့ခွေး ခြောက်လအတွင်း ကိုက်ခံခဲ့ရတဲ့သူတိုင်း ခွေးရူးပြန်ရောဂါဖြစ်ပွားနိုင်ချေ အရမ်းများပါတယ်။

လေ့လာချက်များအရ ခွေးတွေမှာ ခွေးရူးရောဂါဝင်ရောက်တဲ့အခါ ရောဂါပျိုးရက်ဟာ ၆လထိရှိတာတော့ တော်တော်ကိုရှားပါးပါတယ်။
ခွေးရူးရောဂါဝင်ရောက်ပြီး ၁၀ရက်အတွင်း ရောဂါလက္ခဏာတွေပြလာကြတာများပါတယ်။
အဲဒါကြောင့် ခွေးကိုက်ခံရပြီး မိမိကို ကိုက်တဲ့ခွေးကို ၁၀ရက်အတွင်း သေသေချာချာစောင့်ကြည့်လို့ ခွေးဟာမရူးခဲ့လျင် ခွေးရူးရောဂါ ကူးစက်ခံရဖို့ လေးပုံတစ်ပုံလျော့နည်းသွားပြီလို့ မှတ်ယူလို့ရပါတယ်။
ခြောက်လအထိ ခွေးဟာမရူးခဲ့ဘူးဆိုရင်တော့ မိမိမှာ ခွေးရူးပြန်ရောဂါဖြစ်ပွားဖို့ အခွင့်အရေး တော်တော်ကိုနည်းသွားပါပြီ။

ကိုယ့်ကို ကိုက်လိုက်တဲ့ခွေးမှာ ခွေးရူးလက္ခဏာတွေရှိသည်ဖြစ်စေ၊မရှိသည်ဖြစ်စေ ထိုခွေးကို သတ်လိုက်ခြင်းဖြင့် ခွေးရူးရောဂါ ကိုယ့်ဆီမဝင်ရောက်နိုင်တော့ဘူးဆိုတာလည်း အယူအဆအမှားပါ။
ခွေးတွေမှာ ​ခွေးရူးရောဂါလက္ခဏာတွေမပြသေးပဲလည်းရောဂါပိုးရှိနေနိုင်သလို ၊ လက္ခဏာပြရင်လည်း ရောဂါပိုးသေချာ​ကိုရှိနေနိုင်တဲ့အတွက်၊ ကိုယ့်ကိုကိုက်ပြီးမှ ၊ ထိုခွေးကို သတ်လိုက်လည်း ထိုခွေးဆီမှခွေးရူးရောဂါပိုးက ကိုယ့်ကိုကူးစက်သွားပြီးတာက ကူးစက်သွားပြီးတာပါပဲ။

ထိုကြောင့် ခွေးရူးကိုက်ခံရသည်ဖြစ်စေ ၊ ခွေးကောင်းကိုက်ခံရသည်ဖြစ်စေ ကျနော်တို့ ခွေးရူးပြန်ကာကွယ်ဆေးထိုးကြဖို့လိုအပ်ပါတယ်။
ခွေးရူးပြန်ကာကွယ်ဆေးကို စနစ်တကျ အကြိမ်ပြည့်ထိုးနှံရင် ခွေးရူးပြန်ရောဂါဟာ ရာနှုန်းပြည့်ကို ကိုယ့်ဆီမှာမဖြစ်ပွားနိုင်တော့ပါဘူး။

ခွေးတွေမှာ ခွေးရူးတဲ့ လက္ခဏာတွေကတော့ ၊ ဒယိုးဒယိုင် လမ်းလျှောက်နေမယ်၊ သားရေတွေကျမယ်၊ အရမ်းရန်လိုမယ်၊ မြင်မြင်သမျှ ထိုးကိုက်မယ်၊ အမြှီးကုပ်မယ်၊ ထိန်းချုပ်မရနိုင်ပဲ ပတ်ပြေးနေမယ်။
ခွေးရူးမရူးက အရမ်းသိသာတဲ့အတွက် လူတိုင်းဟာ ဒီခွေးရူးမရူးဆိုတာကိုလည်း လွယ်လွယ်ကူကူသုံးသပ်နိုင်ကြပါတယ်။
.......

လူတွေမှာကြတော့ ခွေးနဲ့ ရောဂါပျိုးရက် အနည်းငယ်ခြားနားပါတယ်။
လူတွေမှာရောဂါပျိုးရက်ဟာ တစ်ပါတ်ကနေ ငါးနှစ်အထိကြာမြင့်တတ်ပါတယ်။
ငါးနှစ်အထိကတော့ တော်တော့်ကိုရှားပါတယ်။
ခွေးကိုက်ခံရပြီး တစ်ပတ်ကနေ တစ်နှစ်အတွင်း ရောဂါလက္ခဏာတွေပြလာကြတာများပါတယ်။
သုံးနှစ်ကြာမှပြတာလည်း ရှားပါးစွာတွေ့ရတတ်ပါတယ်။
......

ခွေးရူးပြန်ရောဂါပိုးဟာ လူတွေရဲ့ ဦးနှောက်ကို အဓိကတိုက်ခိုက်ပါတယ်။
လူတွေမှာ ပြတဲ့ ခွေးရူးပြန်ရောဂါလက္ခဏာတွေကတော့ ၊
ရေအရမ်း​ကြောက်တာ၊
လေအရမ်းကြောက်တာ၊
ရေမြိုရခက်တာ၊
လည်ပင်းအရမ်းနာတာ၊
ကြွက်သားတွေနာပြီး ကျုံ့လိုက်တင်းလိုက်ဖြစ်တာ၊
ဂနာမငြိမ်တာ၊
အသိစိတ်လွတ်တာ၊
သွေးရူးသွေးတမ်းဖြစ်တာတွေပါပဲ။
.....

ခွေးရူးပြန်ရောဂါဝေဒနာဟာ အရမ်းအရမ်းကို နာကျင်ရတဲ့ ဝေဒနာတွေ စုပြုံခံစားရတဲ့ ရောဂါတစ်မျိုးပါ။
အရမ်းကို နာကျင်ခံစားရပြီးမှ ထွက်ခွာသွားကြရတဲ့ရောဂါပါ။
လက္ခဏာတွေပြပြီဆိုရင်လည်း ရက်ပိုင်းအတွင်းမှာကို ထွက်ခွာသွားကြရပါတယ်။
.....

ခွေးကိုက်ခံရပြီးရင် ၂၄နာရီအတွင်း ခွေးရူးပြန်ကာကွယ်ဆေးထိုးတာက အထိရောက်ဆုံးဖြစ်ပါတယ်။
အကြောင်းကြောင်းကြောင့် ၂၄နာရီကျော်သွားရင်လည်း ခွေးရူးပြန်ကာကွယ်ဆေးကို ထိုးကြရမှာပါ။
ခွေးရူးပြန်ကာကွယ်ဆေးဟာ တစ်ကြိမ်တည်းထိုးဖို့လည်း မလုံလောက်ပါဘူး။
သူ့ကာကွယ်​ဆေးသဘောတရားအရ လေးကြိမ်မှ ငါးကြိမ်ထိ ထိုးကြရပါတယ်။
အကြိမ်ရေပြည့် သေသေချာချာ စနစ်တကျထိုးနှံသွားရင် ခွေးရူးပြန်ရောဂါကို ရာနှုန်းပြည့်ကာကွယ်နိုင်ပါတယ်။
ခွေးရူးပြန်ရောဂါကာကွယ်ဆေးကို အကြိမ်ရေပြည့်ထိုးနှံပြီးရင်လည်း တစ်နှစ်ကြာလို့ ခွေးထပ်ကိုက်ခံရရင်၊ အစအဆုံးပြန်ထိုးကြရမှာ ဖြစ်ပါတယ်။
ရက်အလိုက်ခွေးရူးပြန်ကာကွယ်ဆေးထိုးလို့ ရက်ကျော်သွားရင်လည်း အစကနေပြန်ထိုးကြရမှာပါ။
.....

ခွေးကိုက်ခံရရင် ခွေးကိုက်ဒဏ်ရာကို ရေနဲ့သေချာဆေးကြောပါ။
ဆပ်ပြာနဲ့ အချိန်ကြာကြာဆေးပါ။
ခွေးကိုက်ဒဏ်ရာ အနည်းအများ အတိမ်အနက်ပေါ်မူတည်ပြီး ကာကွယ်ဆေးထိုးရခြင်း နည်းလမ်းတွေလည်း ကွဲပြားနိုင်ပါတယ်။
ဒဏ်ရာကြီးပြီး ဒဏ်ရာများရင် ​ဆေးရုံတွေမှာ Immunoglobulin ဆိုတဲ့ ကာကွယ်​ဆေးလည်း ထိုးကြရမှာပါ။
.........

ကျနော်တို့ရွာဘက်မှာ ခွေးရူးပြန်ရောဂါဖြစ်ဖို့ တည်းတည်းလေးပဲလိုတဲ့ မှတ်မှတ်ရရ လူနာလင်မယားနှစ်ယောက်နဲ့ ကျနော်ကြုံဖူးပါတယ်။

ခွေးရူးက သူတို့အိမ်ကနွားပေါက်လေးကို ဝင်ကိုက်တာပါ။
သူတို့ကလည်း နွားလေးကို အရမ်းချစ်တော့ နွားလေးမှာ ခွေးရူးရောဂါ ကူးစက််နိုင်တာကို မမှုပဲ နွားလေးကို ဆက်လက်မွေးဖွားထားခဲ့ပါတယ်။
ခွေးရူးကိုက်ပြီး ဆယ်ရက်အကြာမှာ နွားလေးဟာ ခွေးရူးပြန်လက္ခဏာတွေခံစားလာရပါတယ်။
ယောက်ျားဖြစ်သူဟာ နွားလေးရဲ့ပါးစပ်ထဲက ကြပ်နေတဲ့ ချွဲတွေကို လက်နဲ့နှိုက်ထုတ်ပါတယ်။
မိန်းမကလည်း ကူပါတယ်။
နွားလေးထွက်ခွာသွားတော့ သူတို့ နွားလေးကို မြေမြုပ်လိုက်ကြပါတယ်။
နွားလေးဆုံးပါးပြီး နှစ်ရက်အကြာ လင်မယားနှစ်ယောက် ကျနော့်ဆေးခန်းရောက်လာကြပါတယ်။
စကားစပ်မိရင်း အပေါ်ကအကြောင်းတွေကို ကျနော်တို့ပြောဖြစ်ကြပါတယ်။
သူတို့လင်မယားက "နွားလေးကို သနားလိုက်တာ"လို့ ပဲတတွတ်တွတ်​ ပြောနေပေမယ့်၊ ကျနော့်အတွေးမှာတော့ ဒီလင်မယားနှစ်ယောက် ခွေးရူးပြန်ရောဂါ ကူးစက်ခံနေရလောက်ပြီလို့ တွက်ဆနေခဲ့ပါပြီ။

ခွေးရူးပြန်ရောဂါကာကွယ်ဆေး လင်မယားနှစ်ယောက်လုံးထိုးသင့်ကြောင်း ကျနော်ပြောပါတော့တယ်။
သူတို့လက်မခံပါဘူး။
သူတို့ လက်မခံမခြင်းလည်း ကျနော်သူတို့လင်မယားနှစ်ယောက်လုံးကို ဆေးခန်းကပြန်မလွှတ်ပါဘူး။
လင်မယားနှစ်ယောက်လုံးနဲ့ကျနော်ကလည်း ရင်းနှီးတာကြာပြီဖြစ်တဲ့ ဆက်ဆံရေးလည်းရှိပါတယ်။

နောက်ဆုံးမှာတော့ ခွေးရူးပြန်ကာကွယ်ဆေးထိုးဖို့ သူတို့လက်ခံခဲ့ပါတယ်။
သူတို့နှစ်ယောက်လုံးကို ကျနော်ကယ်ဆယ်ပေးလိုက်နိုင်ခဲ့ပါတယ်။

ခွေးရူးပြန်ရောဂါဟာ ခွေးရူးပြန်တဲ့သတ္တဝါရဲ့ ချွဲတွေ သလိပ်တွေနဲ့ သူ့ခန္ဓာကိုယ်ကထွက်တဲ့အရည်တွေမှာလည်း နေနိုင်ပါတယ်။
ရောဂါပိုးရှိတဲ့သူနဲ့ထိတွေ့ပြီးရင်လည်း ထိတွေ့မိသူတွေဟာ ခွေးရူးပြန်ရောဂါကာကွယ်ဆေးကို ထိုးကြရမှာပါ။
.....

ခွေးမကိုက်အောင်နေခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ကြပါ။
ကိုက်ခံရရလည်း ကာကွယ်ဆေးထိုးကြပါလို့ခင်ဗျာ။

Crd ....Thet Pan

 #ခွေးကိုက်ခံရရင် ရောဂါပိုးမဝင်အောင် ဘာကိုအရင်လုပ်သင့်လဲ.......?၁ ။ ခွေကိုက်ခံရရင် ကိုက်ခံရသည့် နေရာကို  အရင်ဆုံး ဆပ်ပြာ...
16/07/2025

#ခွေးကိုက်ခံရရင် ရောဂါပိုးမဝင်အောင် ဘာကိုအရင်လုပ်သင့်လဲ.......?

၁ ။ ခွေကိုက်ခံရရင် ကိုက်ခံရသည့် နေရာကို
အရင်ဆုံး ဆပ်ပြာနှင့်တိုက်၍ ရေစင်စင်၅မိနစ်ခန့် ဆေးပါ။

၂။ ကိုက်ခံရချိန်မှ ၂၄နာရီ အတွင်း ခွေးရူးကာကွယ်ဆေး
ထိုးပါ။ ၄၈နာရီထက် နောက်ကျပြီး ထိုးရင် ဆေးထိုးခြင်း
မထိရောက်ပါတဲ့။ ခွေးကိုက်ခံရတဲ့ နေ့မှာ ဆေး တလုံးထိုးပါ။
(တကြိမ်)

၃ ။ကိုက်ခံရတဲ့နေ့မှ ၃ရက်ကြာ တလုံးထပ်ထိုးပါ။
(၁၂.၁၂.၂၀၁၈ရက်နေ့ ကိုက်ခံရရင် အဲနေ့ တလုံးထိုး (၃)ရက်ကြာ၁၅ရက်နေ့ တလုံးထိုးပါ)(၂ကြိမ်)

၄။ ကိုက်ခံရတဲ့နေ့ ပထမ တလုံးထိုးပြီး(၇)ရက်ကြာရင်
တလုံးထပ်ထိုးပါ။
(၁၃ရက်နေ့မှစတွက် . ၁၉ရက်နေ့
တလုံးထပ်ထိုးပါ) (၃ကြိမ်)

၅။ ပထမတလုံးထိုးပြီး (၁၄)ရက်ကြာ တလုံးထပ်ထိုးပါ။
(၁၃ရက်နေ့မှစတွက် . ၂၆ရက်နေ့ တလုံးထပ်ထိုးပါ)
(၄ကြိမ်)

၆။ ပထမတလုံးထိုးပြီး (၂၈)ရက်ကြာ တလုံးထပ်ထိုးပါ။
(၁၃ရက်နေက စတွက် . .၉ရက်နေ့ နောက်ဆုံး( ၅ကြိမ်)
မြောက်ထိုးရပါမယ်။)

၅ကြိမ် ထိုးရသော စနစ်ဖြစ်ပါသည်။
ကာကွယ်ဆေးထိုးရမည့် နေ့ရက်ထက် (၂ရက်)ကျော်
သွားပါက အစမှ ပြန်လည်ထိုးရမည်။

*'ခွေးရူး'*
======

ခွေးရူး ၂မျိုး ရှိပါသည်။✌🏿✌🏿

၁...။ ကြမ်းတမ်းသော ခွေးရူး

လက္ခဏာများမှာ...

ခွေး၏အနေအထိုင်ပြောင်း
လာခြင်း

အကြောင်းမဲ့ပြေးလွှားနေခြင်း

တစ်နေကုန် ဟောင်နေတတ်ခြင်း

တစ်ခုခုကို ဒေါသတကြီး ကိုက်နေတတ်ခြင်း

အစာသိပ်မစားတော့ခြင်း

ရန်လိုနေခြင်း

ပြောစကားနားမထောင်ခြင်း

ခွေးကောင်းများကခွေးရူးနောက်မှလိုက်ဟောင်တတ်ခြင်း

ပါးစပ်တွင် အမြှုပ်တစီစီနှင့် သွားရည်တမြားမြားဖြစ်နေ
တတ်ခြင်း

၂...။ လေဖြတ် / အကြောခွေးရူး
••••••••••••••••••••••••••••••••••

လက္ခဏာများမှာ.....

ကြွက်သားများလေဖြတ်ခြင်းကြောင့်
ယိုင်တိယိုင်တိုင် သွားနေခြင်း

အောက်မေးရိုး ပိတ်မရပဲ သွားရေတွဲလောင်းကျကာ ပါးစပ်အဟောင်းသားနှင့် သွားတတ်ခြင်း

တိတ်ဆိတ်သော နေရာများတွင် ငြိမ်ငြိမ်လေး အိပ်နေတတ်ခြင်း

စသည်တို့သည်ခွေးရူးလက္ခဏာများဖြစ်ပါသည်။

*ခွေးကိုက်ပြီးဘယ်နှစ်ရက်အကြာမှာ ခွေးရူးပြန်တတ်သလဲ ?

သတ်သတ်မှတ်မှတ်ပြော၍ မရပါ။ ခွေးကိုက်သည့်နေရာနှင့် ဦးနှောက် အကွာအဝေးပေါ် မူတည်၍မျက်နှာ၊လည်ပင်းတို့
တွင် အကိုက်ခံရပါက ရောဂါပေါ်ချိန် မြန်ပြီး
ခြေ၊ လက်တို့၌ အကိုက်ခံရပါက ရောဂါပေါ်ချိန်ကြာတတ်ပါ
သည်။
ရောဂါဖြစ်ရန် အစောဆုံး ၅ရက်မှ ၃လအတွင်း အဖြစ်များပါသည်။ အကြာဆုံး ၆နှစ်အထိ ကြာတတ်ပါသည်။

*ခွေးကိုက်ပြိးဘယ်အချိန်အတွင်း ဆေးထိုးသင့်သလဲ ?

ခွေးကိုက်ခံရတိုင်းခွေးရူးကာကွယ်ဆေးချက်ချင်းထိုးသင့်ပါ
သည်။
စောနိုင်သမျှ စောထိုးပါက စိတ်ချရပါသည်။ ချက်ချင်းမထိုးနိုင်လျှင်လည်း ထိုးနိုင်ချိန်တွင်အမြန်ဆုံးထိုးသင့်သည် ။
တစ်နည်းအားဖြင့် ခွေးရူးပြန် လက္ခဏာ မပေါ်သေးသမျှ ထိုးနိုင်ပါသည်။
ကုသရန် ဆေးမရှိသည့်အတွက် လက္ခဏာပေါ်မှ ဆေးထိုးပါက ဧကန်မုချ သေဆုံးနိုင်ပါသည်။

*ခွေးရူးပြန်ရောဂါ မဖြစ်အောင် မည်သို့ ကာကွယ်နိုင်ပါသနည်း ?

ခွေးရူးပြန်ရောဂါကာကွယ်ဆေး
နှင့်ရောဂါပိုးအဆိပ်ဖြေဆေးဟူ၍ ၂မျိုးရှိပါသည်။ ခွေးရူးကာကွယ်ဆေးကို ထိုးသင့်သူများမှာ...

တိရိစ္ဆာန် အကိုက်ခံရသူများ၊တိရိစ္ဆာန် မွေးမြူသူများ၊တိရိစ္ဆာန်မွေး
မြူရေးခြံများတွင် တိရိစ္ဆာန်များနှင့်ထိတွေ့ အလုပ်လုပ်နေရသူများ၊တောရိုင်းတိရိစ္ဆာန်များနှင့် ထိတွေ့နေရသူများ
တိမွေးကုဆရာ၀န်များခွေးရူး
ရောဂါ ဖြစ်ပွားနေသူကို အနီးကပ်စောင့်ရှောက်နေသူ
များ စသည်တို့ဖြစ်ကြပါသည်။

ရောဂါကာကွယ်ဆေး ကြိုတင် ထိုးလိုသူများသည် ဆေးစထိုးသည့် နေ့တွင် ၁ လုံး၊ ၇ ရက်အကြာတွင် ၁လုံး၊ ၂၁ရက်အကြာတွင် ၁လုံး၊ စုစုပေါင်း ၃လုံးထိုးရန် လိုအပ်ပါသည်။

ခွေးကိုက်ခံရပါက စောနိုင်သမျှစောစော ကာကွယ်ဆေးထိုးထားသင့်ပါသည်။ အရင် ကာကွယ်ဆေး မထိုးသူများသည် ၀၊ ၇၊ ၂၁ရက်အတိုင်း အနည်းဆုံး ၃ကြိမ်ထိုးရန်လိုအပ်ပါသည်။ ပထမရက်တွင် ဆေး၂လုံးထိုးရမည် ဖြစ်၍ စုစုပေါင်း ကာကွယ်ဆေး ၄လုံး ထိုးရပါမည်။

ကာကွယ်ဆေးထိုးဖူးသူဖြစ်ပါက အကိုက်ခံရသည့်နေ့တွင် ၁ကြိမ်၊ ၃ ရက်အကြာတွင် ၁ကြိမ်၊ စုစုပေါင်း ၂လုံး ထပ်မံဖြည့်ထိုးရပါမည်။

တိရိစ္ဆာန်အကိုက်ခံရသူများသည် ဒဏ်ရာအရွယ်အစား၊ ကိုက်သည့် တိရစ္ဆာန်ပေါ် မူတည်၍ကာကွယ်ဆေးထိုးရုံမကဘဲအဆိပ်ဖြေဆေးကိုလည်းထိုးရနိုင်ပါသည်။
ထို့အပြင်မေးခိုင်ရောဂါကာကွယ်ဆေးကိုပါ ထိုးသင့်ပါသည်။

ခွေးရူးပြန်ရောဂါလက္ခဏာများ ပြပါကပျောက်ကင်းအောင်
ကုသရန် ခဲယဉ်းပါသည်။

လူနာသက်သာစေရန်နာကျင်မှု
များသက်သာစေရန်ရောဂါလက္ခဏာများ သက်သာစေရန်သာ ပြုလုပ်နိုင်ပါသည်။

ထို့ကြောင့်ခွေးရူးပြန်ရောဂါသည် ကုသရန်ထက်ကာကွယ်ခြင်းသည်သာအဓိကဖြစ်ပါသည်။

အိမ်မွေးတိရစ္ဆာန်များကို ကာကွယ်ဆေးထိုးပေးခြင်းခွေး
ရူးပြန်ရောဂါဖြစ်နေသော ၊ သံသယဖြစ်ဖွယ်ရှိသော တိရိစ္ဆာန် များကိုထိန်းသိမ်းထားခြင်း အခြားနေရာမှသွင်းလာသော
တိရစ္ဆာန်များကို သီးခြားထား၍ စောင့်ကြည့်ခြင်း
အကိုက်မခံရအောင်ဂရုစိုက်ခြင်းဖြင့် ရောဂါကိုကာကွယ်
နိုင်ပါသည်။

ထို့ပြင်တိရိစ္ဆာန်အကိုက်ခံရပါကလည်း နီးစပ်ရာဆေးရုံ၊ ဆေးခန်းများတွင်ခွေးရူးပြန်ကာကွယ်ဆေး ထိုးထားသင့်ပါသည်။

ေးပါတယ်

Oramin- g တဘူး 30000 ဘူးအရေတွက်လိုသလောက်ရ ☺
16/07/2025

Oramin- g တဘူး 30000
ဘူးအရေတွက်လိုသလောက်ရ ☺

မိုးကာလား ထီးလား ?🤔💚 Page မှာ post တွေမတင်တာကြာလို့ မေ့သွားကျပြီလားရှင့် ကဲ ဒါဆိုရင်တော့ မင်မင် တို့ ကိုမြင့်လွင် ဆေးဆို...
26/06/2025

မိုးကာလား ထီးလား ?🤔

💚 Page မှာ post တွေမတင်တာကြာလို့ မေ့သွားကျပြီလားရှင့်
ကဲ ဒါဆိုရင်တော့ မင်မင် တို့ ကိုမြင့်လွင် ဆေးဆိုင် ကိုသတိလေးပြန်ရသွားအောင် မင်မင်က မဲလေးတွေဖောက်ပေးမယ်နော်
မိုးရာသီ ကာလဆိုတော့
ထီး မိုးကာ ဘယ်ဟာလေး ဖောက်ပေးစေချင်ကျလည်း ☺
မန့်မှာ ဝင်မန့်ပေးသွားကျပေးပါအုန်းနော်

1 box =8000နွေရာသီ နဲ့ အကိုက်ညီဆုံးနဲ့ လိုက်ဖက်ဆုံး 𝐘𝐨𝐨𝐧 𝐒𝐤𝐢𝐧 𝐒𝐮𝐧𝐜𝐫𝐞𝐚𝐦 (10ml) လေး    ဆိုင် (3)မှာ 𝐈𝐧𝐬𝐭𝐨𝐜𝐤 ရောက်ထားပြီနော...
11/05/2025

1 box =8000

နွေရာသီ နဲ့ အကိုက်ညီဆုံးနဲ့ လိုက်ဖက်ဆုံး

𝐘𝐨𝐨𝐧 𝐒𝐤𝐢𝐧 𝐒𝐮𝐧𝐜𝐫𝐞𝐚𝐦 (10ml) လေး ဆိုင် (3)မှာ 𝐈𝐧𝐬𝐭𝐨𝐜𝐤 ရောက်ထားပြီနော် 🩵

✅မျက်နှာပေါ် တင်လိုက်တာနဲ့ အေးမြတဲ့ ထိတွေ့မှု

✅Essence Type ဖြစ်တဲ့အတွက် အသားအရေထဲ စိမ့်ဝင်လွယ်မှု

✅Aqua Suncream မလို့ ကိုယ့် Skin လေးက Moisture အပြည့်အဝရပြီး Healthy Look လေး ဖြစ်နေမှု

✅Fragrance/Alcohol-Free မလို့ Sensitive Skin က အစ ကိုယ်ဝန်ဆောင် မေမေချောလေးတွေ အတွက်ပါ Safe ဖြစ်စေမှု

✅White-Cast မကျန်လို့ ယောက်ျားလေးရော မိန်းကလေးရော သုံးလို့ ရတယ်နော်

လက်ကားစျေး သီးသန့်ရှိပါတယ်ရှင့်

#ကိုမြင့်လွင် ဆေးဆိုင် ( 3 )
အမှတ် 123 ရွှေစေတီလမ်း မြန်မာစီးပွားရေး ဘဏ်ရှေ့ ပုသိမ်မြို့
09777769444
09760411468 Viber

😐 ရာသီဥတု တအားပူလို့ ဆိုင်မှာရှိတဲ့ ကောင်မလေးတွေကို ဒီဆံပင်ကေချိန်းပေးလိုက်တော့မယ်
11/05/2025

😐 ရာသီဥတု တအားပူလို့ ဆိုင်မှာရှိတဲ့ ကောင်မလေးတွေကို ဒီဆံပင်ကေချိန်းပေးလိုက်တော့မယ်

Address

အမှတ် ၄၃/က ကုန်သည်လမ်း ပုသိမ်မြို့
Pathein
10011

Telephone

+959777724111

Website

Alerts

Be the first to know and let us send you an email when ကိုမြင့်လွင် ဆေးဆိုင် ပုသိမ် - KO MYINT LWIN Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram