15/08/2025
၀န်ထမ်းအလိုရှိသည်။
🧑⚕️👨⚕️👩⚕️ Trained Nurses & Nurse Aides ( ကျား / မ )
💰💰💰လစာ -ညှိနှိုင်း
❤️❤️❤️တာဝန်ဝတ္တရားများ❤️❤️❤️
👉Vital signs/ Blood Collection/ Home/ OPD/ ECG/ Xray & USG assist/ Out Branch/ Minor/ Nursing care etc (အလှည့်ကျ)
👉အလုပ်ချိန် - မနက် ( ၇ နာရီ ) မှ ည ( ၇ နာရီ ) ဖြစ်သည်။
👉နေ့လယ် Tea Break - ( ၂ ) နာရီ ပေးသည်။
👉အလုပ်ဆင်းချိန် ညနေ ( ၇ နာရီ ) ဟုသတ်မှတ်ထားသော်လည်း OPD လူနာများ ကုသမှုပြီးဆုံးချိန်အထိ စောင့်ဆိုင်းရသောကြောင့် နောက်ကျတတ်ပါသည်။
👉 ကျန်းမာရေး၀န်ဆောင်မှုလုပ်ငန်းဖြစ်သည့်အတွက် စိတ်ဝင်တစား တိတိကျကျ ဂရုတစိုက် လုပ်ကိုင်နိုင်ရမည်။
👉တစ်လ ကို နားရက် ( ၄ ) ရက် ပေးပါသည်။
👉နယ်မှလာသူများ အတွက် နေစရာအဆောင်ရှိပါသည်။
အဆောင်ခ ပေးရန်မလိုပါ။
❤️❤️❤️လိုအပ်သောအရည်အချင်းများ❤️❤️❤️
👉အခြေခံပညာ အလယ်တန်းအဆင့်အောင်ရမည်။
👉သူနာပြုအကူ သင်တန်းဆင်းလက်မှတ် ရှိရမည်။
👉စကားပြောချိုသာ၍ ဆက်ဆံရေး ပြေပြစ်ရမည်။
👉စိတ်ရှည်သည်းခံနိုင်ရမည်။ ကူညီလိုစိတ်ရှိိရမည်။
👉 အသင်းအဖွဲ့ နှင့် လက်တွဲလုပ်ကိုင်နိုင်ရမည်။
👉ကျန်းမာရေး၀န်ဆောင်မှုလုပ်ငန်းဖြစ်သည့်အတွက် ကရုဏာ နှင့် စေတနာအရင်းခံထား၍ လုပ်ကိုင်နိုင်ရမည်။
👉သင်ယူနာခံလိုစိတ် ရှိရရမည်။
👉အကျင့်စာရိတ္တ ကောင်းမွန်ရမည်။
👉မြို့တော်မှချမှတ်ထားသော စည်းကမ်းနှင့်အဖွဲ့အစည်းကျင့်ဝတ်များအားလိုက်နာနိုင်ရမည်။
👉ကျောင်းကိစ္စကင်းရှင်းရမည်။
အထက်ပါ အရည်အချင်းများဖြင့် ပြည့်စုံပြီး စိတ်ဝင်စားပါက -
မြို့တော်အထူးကုဆေးခန်း၊ ဗလီလမ်း၊ ပုသိမ်မြို့ သို့ CV Form များဖြင့် လာရောက်လျှောက်ထားနိုင်ပါပြီ။
နယ်မှ နေသူများCV Form လာရောက်တင်ရန် အခက်အခဲ ရှိပါက
09-765-486-082 (Viber) သို့ CV form ပေးပို့နိုင်ပါသည်။
ပြည့်စုံစွာဖြည့်စွက်မထားသော CV form များကို ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။
ပထမအဆင့်ရွေးချယ်ခြင်းခံရသူများကို လူတွေ့ interview ဖြေဆိုရန် အကြောင်းကြားပါမည်။