Crack Seller

Crack Seller Android gameများကိုဈေးနှုန်းချိုသာစွာဖြင့်ဝန်ဆောင်မှုပေးပါတယ်။

စောင့်ရတာစိတ်မရှည်တဲ့bro & sisတို့အတွက် Key & cash သုံးမကုန်အောင်ဖြည့်ထားပေးပါတယ်။Clan war မှာရှယ်ကြမ်းလို့ရပါပြီဗျာ။Key...
22/11/2022

စောင့်ရတာစိတ်မရှည်တဲ့bro & sisတို့အတွက် Key & cash သုံးမကုန်အောင်ဖြည့်ထားပေးပါတယ်။
Clan war မှာရှယ်ကြမ်းလို့ရပါပြီဗျာ။
Key & Cash ကိုရေလိုသုံးနိုင်မည့်အကောက်လေးကို 30000Mmk ဖြင့်ပိုင်ဆိုင်နိုင်ပါပြီဗျာ။
Simcityအပြင် တစ်ခြားGameတွေလည်း ဝန်ဆောင်မှုပေးပါသေးတယ်ဗျ။

07/05/2022

တစ်ချို့က အထီးကျန်တယ်ဆိုပြီး
လူတစ်ယောက်ကိုချစ်ကြတယ်...
တစ်ချို့က လူတစ်ယောက်ကို ချစ်မိပြီး
တစ်သက်လုံး အထီးကျန်သွားတယ်...

M🖤N🖤H

13/05/2020

သင် အချစ်အကြောင်းဘယ်လောက်သိပြီလဲ...တည်ငြိမ်တတ်နေပြီလား....

အချစ်ဆိုတာ ဘဝရဲ့ အစိတ်အပိုင်းတစ်ခုပဲဆိုတာ တဖြည်းဖြည်းနားလည်လာပြီ။ ဘဝ၊ အချစ်နဲ့ ပိုင်ဆိုင်ရမယ့်အရာတွေ၊ လက်လွှတ်ရမယ့်အရာတွေအကြောင်း သိလာပြီဆိုရင်တော့ သင်တည်ငြိမ်စပြုလာပြီ။

ငယ်ငယ်တုန်းကတော့ ကြိုးစားရင် ဘာမဆိုဖြစ်နိုင်တယ်လို့ ယုံဖူးတယ်။ လက်တွေ့ဘဝမှာတော့ ဘာတွေကို ကြိုးစားရမယ်၊ ဘာတွေကို လျစ်လျူရှုတတ်ရမယ်ဆိုတာ သဘောပေါက်သွားပြီ ဆိုရင်တော့ သင်တည်ငြိမ်စပြုလာပြီ။

ဘယ်အချိန်မှာ ပြောရမယ်၊ ဘယ်အချိန်မှာ နှုတ်ဆိတ်နေရမယ်၊ သင်ကောင်းကောင်း သိလာပြီဆိုရင်တော့ သင်တည်ငြိမ်စပြုလာပြီ။

လူတွေရဲ့ စကားကို ဂရုမစိုက်တတ်ဘူး။ ဒါပေမယ့် ကိုယ့်ရဲ့ သိက္ခာတရားကိုတော့ ဂရုစိုက်တတ်လာပြီဆိုရင်တော့ သင်တည်ငြိမ်စပြုလာပြီ။

အဆိုးတွေနဲ့ ကြုံရတိုင်း ဝမ်းမနည်းတတ်တော့ဘူး။ ဒါတွေဟာ အခိုက်အတန့်ပဲဆိုတာ သိသွားပြီဆိုရင်တော့ သင်တည်ငြိမ်စပြုလာပြီ။

အရှုံးဆိုတာ နာကျင်စရာမဟုတ်သလို၊ အဆုံးသတ်လည်း မဟုတ်ဘူးဆိုတာ သိသွားပြီ။ အရှုံးတွေနဲ့ မကြာခဏဆိုသလို ရင်းနှီးလာပေမယ့် အရှုံးသမားဆိုတဲ့ တံဆိပ်ကပ်မခံရအောင် သင်ခန်းစာတွေ ယူတတ်လာပြီဆိုရင် သင်တည်ငြိမ်စပြုလာပြီ။

ဟိုးအရင်တုန်းက သင်ယူတယ်ဆိုတာ ဂုဏ်ယူနိုင်ဖို့ဆိုတဲ့ ဦးတည်ချက်ပဲရှိတယ်။ နောက်ပိုင်းမှာတော့ သင်ယူတယ်ဆိုတာ အသုံးချဖို့၊ မျှဝေဖို့၊ စတဲ့ တိကျတဲ့ အကြောင်းအရင်းတွေ သိလာတယ်ဆိုရင်တော့ သင်တည်ငြိမ်စပြုလာပြီ။

လူဆိုတာ အကောင်းနဲ့အဆိုး ရောနေတဲ့ သတ္တဝါတွေမှန်း သိလာရတယ်။ ဒါပေမယ့် ကောင်းတဲ့အချက်တွေကိုပဲ မြင်အောင်ကြည့်ပြီး ဆိုးတာတွေကို လျစ်လျူရှုတတ်လာမယ်ဆိုရင်တော့ သင်တည်ငြိမ်စပြုလာပြီ။

အစပိုင်းမှာ လူတွေသတ်မှတ်ထားတဲ့ အောင်မြင်မှုကို ရှာတယ်။ နောက်ပိုင်းမှာတော့ ကိုယ့်ရင်ထဲက ယုံကြည်နေတဲ့ အောင်မြင်မှုကိုပဲ ရှာတော့တယ်ဆိုရင်တော့ သင်တည်ငြိမ်စပြုလာပြီ။

11/05/2020

ခပ်မှန်းတောင်မသိ အခပ်ခံလိုက်ရနိုင်တဲ့ ခပ်ဆေးအန္တရာယ်

ဒီနေ့ခေတ်ရဲ့ အမျိုးသမီးငယ်လေးတွေကို အဓိက ခြိမ်းခြောက်နေတဲ့ ပြဿနာတစ်ခု ရှိပါတယ်။ဒါကတော့ Date R**e Drugs လို့ ခေါ်ကြတဲ့ ဆေးတွေပါပဲ။မြန်မာပြည်မှာတော့ ခပ်ဆေးလို့ ခေါ်လေ့ရှိပါတယ်။လူတယောက်ကို အသိစိတ်လွတ်သွားပြီး ကိုယ့်ကိုယ်ကို ကာကွယ်နိုင်စွမ်းမရှိတော့တဲ့အထိ ဖြစ်သွားစေတဲ့ဆေးမျိုးတွေပါ။အထူးသဖြင့် မုဒိမ်းမှုကျူးလွန်ချင်တဲ့သူတွေ သုံးလေ့ရှိပါတယ်။ဒါကြောင့်လည်း Date R**e Drugs လို့ ခေါ်ကြတာပါ။ဒီဆောင်းပါးမှာ အဆိုပါဆေးတွေအကြောင်း ၊ ဆေးခပ်ခံရတာကို မြန်မြန်သိစေနိုင်မဲ့အချက်များ ၊ မုဒိမ်းမှုကျူးလွန်နိုင်ချေရှိသူရဲ့ လက္ခဏာများ ၊ ဆေးခပ်ခံခဲ့ရရင် လုပ်ဆောင်ရမဲ့အချက်များစသဖြင့် ကြိုတင်ကာကွယ်နိုင်ဖို့ရာသိထားသင့်တဲ့အချက်တွေကို ဖော်ပြပေးသွားပါမယ်။

Date R**e Drugs တွေကြောင့် မုဒိမ်းမှုအပါအဝင် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေအများကြီးဖြစ်နိုင်ပါတယ်။ဆေးခပ်ခံရသူဟာ

– အသိစိတ်လျော့ရဲနေပြီး မငြင်းဆန်နိုင်တာ၊ခွင့်ပြုမိတာ
– ပြန်လည်ခုခံဖို့ အားမရှိတော့လောက်အောင် ဖြစ်သွားတာ
– သတိရတချက် မရတချက်ဖြစ်တာ၊ လုံးဝသတိလစ်သွားတာ စသဖြင့် ဖြစ်သွားလေ့ရှိပါတယ်။

ဒါကြောင့် လူတယောက်ရဲ့အသိစိတ်အခြေအနေကိုပြောင်းလဲသွားစေတဲ့ ဆေးမှန်သမျှကို date r**e drugs စာရင်းသွင်းလို့ ရပါတယ်။ဒီထဲမှာ အချို့ရောဂါတွေမှာသုံးရတဲ့ဆေးတွေ၊ ဘိန်းဖြူတို့ ဆေးခြောက်တို့လို မူးယစ်ဆေးတွေလည်း ပါဝင်ပါတယ်။

အသုံးအများဆုံး Date R**e Drugs များ

အရက်

အသုံးလည်းအများဆုံးဖြစ်သလို အလွယ်တကူလည်းအရရှိနိုင်ဆုံး Date R**e Drugs ကတော့ အရက် ပါပဲ။မုဒိမ်းမှုတွေရဲ့ တဝက်လောက်မှာ ကျူးလွန်တဲ့သူက မူးနေတာ ၊ အကျူးလွန်ခံရသူက မူးနေတာ ဒါမှမဟုတ် နှစ်ယောက်စလုံးမူးနေတာ တွေ့ရတတ်ပါတယ်။အနောက်နိုင်ငံများက ကောလိပ်အဆောင်တွေမှာအဖြစ်အများဆုံးက အရက်နဲ့ဆက်စပ်တဲ့ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေလို့ ဆိုပါတယ်။

အရက်ဟာ လူတယောက်ရဲ့ ငြင်းဆန်နိုင်စွမ်း၊ဟန့်တားနိုင်စွမ်းကို ကျဆင်းစေပြီး ပတ်ဝန်းကျင်ကို သတိမမူမိစေဘဲ အလွယ်တကူ လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရစေနိုင်ပါတယ်။ဒါ့အပြင် အရက်ဟာ မုဒိမ်းသမားတွေကို ပိုမိုကြမ်းတမ်းခက်ထန်စေနိုင်ပြီး သူတပါးကိုနာကျင်စေလိုစိတ်ကို မြင့်တက်စေပါတယ်။

Benzodiazepines

စိတ်လှုပ်ရှားမှု၊စိတ်ပူပန်မှုများတာကိုကုသတဲ့အခါ သုံးတဲ့ Benzodiazepines အုပ်စုဝင်ဆေးတွေဟာ သောက်တဲ့သူကို အိပ်ငိုက်၊အိပ်ပျော်စေပါတယ်။ဒီလို အိပ်ဆေးအဖြစ်သိကြတဲ့ Xanax(Alprazolam) နဲ့ Klonopin (Clonazepam) တို့ကို Date R**e Drugs အဖြစ်နဲ့ မသမာသူတွေက အသုံးပြုလာနိုင်ပါတယ်။

လူသိအများဆုံး Benzodiazepine အုပ်စုဝင် Date R**e Drug ကတော့ Rohypnol (Flunitrazepam) ပါပဲ။ဒီဆေးဟာ သောက်မိတဲ့သူရဲ့ ကြွက်သားတွေကို လျော့ရဲသွားစေပြီး မတ်မတ်တောင် မရပ်နိုင်တော့တဲ့အထိ ဖြစ်စေပါတယ်။တချို့ဆိုရင် မူးဝေနောက်ကျိသွားတာမျိုး ၊ လုံးဝသတိမရှိတော့တာမျိုးအထိ ဖြစ်နိုင်ပါတယ်။ဆေးအာနိသင်ပြယ်သွားတဲ့အချိန်မှာ ဖြစ်ပျက်ခဲ့တာတွေကို ဘာတခုမှ မမှတ်မိတော့တာမျိုးအထိ ဖြစ်တတ်ပါတယ်။Rohypnol ဟာ ဆေးတောင့်ပုံစံဖြစ်ပြီး အရက်တို့ဘီယာတို့မှာ အလွယ်တကူပျော်ဝင်နိုင်ပါတယ်။

Ketamine

Ketamine ဟာ ထုံဆေးတမျိုးဖြစ်ပြီး အာနိသင်ချက်ချင်းဆိုသလို ပြတတ်ပါတယ်။ဆေးခပ်ခံရသူဟာ သတိလစ်သွားတာ ဒါမှမဟုတ် မူးဝေနောက်ကျိပြီး ဘာမဆို လိုက်လျောမိတာ စသဖြင့် ခံစားရတတ်ပါတယ်။ပြီးတော့ ဆေးခပ်ခံထားရတဲ့အချိန်မှာ ဖြစ်ပျက်သမျှကို မမှတ်မိတတ်ကြပါဘူး။ဒါ့အပြင် အာနိသင်ပြတာ မြန်လွန်းတာကြောင့် ဆေးခပ်ခံရမှန်းသိလိုက်ဖို့တောင် မလွယ်ကူပါဘူး။ပမာဏများသွားရင် အသက်ရှုရပ်ပြီး သေတတ်ပါတယ်။

Ketamine ဟာ အဖြူရောင်အမှုန့်ပုံစံရှိပြီး အရည်တခုခုနဲ့ရောရင် အဆိုပါအရည်ရဲ့ အရသာကို ပြောင်းစေတတ်ပါတယ်။ဒါကြောင့် ဒီဆေးကို မသမာတဲ့ရည်ရွယ်ချက်နဲ့အသုံးပြုသူတွေက ခပ်ပြင်းပြင်းအရက်တွေနဲ့ရောပြီး ဆေးခပ်မှန်းမသိအောင် ကြိုးစားတတ်ပါတယ်။

GHB

Gamma-hydroxybutyric acid (GHB) ဟာ ခန္ဓာကိုယ်ထဲမှာ သဘာဝအတိုင်းဖြစ်ပေါ်တတ်တဲ့ neurotransmitter တခုကို ဆေးအဖြစ်ထုတ်လုပ်ထားတာပါ။GHB က အာရုံကြောစနစ်ရဲ့ အလုပ်လုပ်ပုံကို နှေးကွေးစေပါတယ်။ဒီအခါ အိပ်ငိုက်တာ ၊ စိတ်ရှုပ်ထွေးနောက်ကျိတာ တွေ ဖြစ်ပါတယ်။

ပမာဏအနည်းငယ်ဆိုရင် မူးဝေပျို့အန်တာ ဖြစ်စေပြီး ပမာဏများသွားရင် အသိစိတ်မရှိတော့တာ၊ မျက်စိတွေဝေဝါးသွားတာ တြွေဖစ်တတ်ပြီး ဘာတြွေဖစ်ခဲ့မှန်း မမှတ်မိတဲ့အထိပါ ဖြစ်နိုင်ပါတယ်။

GHB ဟာ အခပ်ခံရတဲ့လူအဖို့မှာ အလွယ်တကူဆေးလွန်တတ်ပြီး အပြင်းအထန်နေမကောင်းဖြစ်တာ ၊ သေဆုံးတာတြွေဖစ်တဲ့အထိ ဆိုးရွားပါတယ်။ဒါ့အပြင် GHB မှာ အရောင်၊အနံ့ စတာတွေ မရှိတဲ့အတွက် အလွယ်တကူဆေးခပ်ခံရနိုင်ပါတယ်။

အခုပြောခဲ့တာတွေက အသုံးအများဆုံး ခပ်ဆေးတွေ ဖြစ်ပါတယ်။တကယ်တမ်းမှာတော့ လူတယောက်ရဲ့ အသိစိတ်အခြေအနေကို ပြောင်းလဲစေနိုင်တဲ့ ဘယ်ဆေးကို မဆို Date R**e Drugs အဖြစ် သုံးနိုင်ပါတယ်။ဆေးစွဲနေသူအချို့မှာဆို ဆေးသုံးရပြီးရော ကိုယ့်ကိုဘာလုပ်လို့ လုပ်မှန်းမသိတော့တဲ့အထိ ဖြစ်တဲ့အခါ မုဒိမ်းသမားတွေအတွက် အလွန်လွယ်ကူပါတယ်။

ဆေးခပ်ခံရတာကို ဘယ်လိုသိနိုင်မလဲ

ဆေးခပ်ခံရတာကို သိနိုင်မဲ့လက္ခဏာအချို့ ရှိပါတယ်။အထူးသဖြင့် တစုံတယောက်ပေးလာတဲ့ တခုခုကိုသောက်ပြီးတဲ့အချိန် ၊ ဒါမှမဟုတ် ကိုယ့်ကိုယ်ကျသောက်ခိုင်းပြီး သူ့ခွက်ကိုကျ မသောက်ဘဲ ထားထားတာမျိုးကြုံရတဲ့အခါ ကိုယ့်မှာ အောက်ပါလက္ခဏာတွေ ဖြစ်မဖြစ် သတိထားရပါမယ်။

– အရက်မသောက်ဘဲကို အရက်မူးသလိုမူးနေတာ (ဥပမာ အအေးသောက်ပြီးမူးလာတာ)
– စိတ်တွေရှုပ်ထွေးနောက်ကျိပြီး အာရုံစိုက်မရ ၊ ဘယ်ရောက်နေမှန်း၊ဘာလုပ်နေမှန်း တွေးလို့မရတဲ့အခါ
– သတိလွတ်ချင်သလိုဖြစ်တာ
– တနေရာရာကို ဘယ်လိုရောက်လာမှန်း မမှတ်မိတာ
– တခုခုသောက်ပြီးနောက် ဖြစ်ပျက်သမျှကို ဘာမှ မမှတ်မိတော့တာ
– စိတ်ရှုပ်ထွေးနောက်ကျိပြီး အိပ်ရာနိုးလာ၊ညကဟာ တခုမှ မမှတ်မိတာ
– လိင်အင်္ဂါနာကျင်တာ ၊ဆီးသွားရင် နာကျင်တာ နဲ့ ဘာဖြစ်ခဲ့မှန်း မမှတ်မိတာ
– အဝတ်အစားတွေ ဆုတ်ပြဲနေတာ

ဒီလက္ခဏာတွေ ကြုံရရင် ဆေးခပ်ခံရသလားဆိုပြီး သံသယထားသင့်ပါတယ်။

တခါတလေ အရက်သောက်တာအရမ်းများသွားလို့ဖြစ်တဲ့လက္ခဏာတွေနဲ့ ဆေးခပ်ခံရလို့ဖြစ်တဲ့လက္ခဏာတွေ ခွဲရခက်တတ်ပါတယ်။အရက်သောက်နေကျသူဆိုရင်တော့ အရက်မူးတာလား ဆေးခပ်ခံရတာလား သိကောင်းသိနိုင်ပါတယ်။ပုံမှန်မူးတာထက်ကို မူးသင့်မူးထိုက်တာထက်ကို အလွန်အကျွံမူးတာမျိုးဆိုရင်တော့ ဆေးခပ်ခံရတာ ဖြစ်နိုင်ချေရှိပါတယ်။ဒါပေမဲ့ တိတိကျကျ သိနိုင်ဖို့ကတော့ ဆေးစစ်ဖို့လိုပါလိမ့်မယ်။

ဆေးအခပ်ခံရတယ်လို့ထင်ရင် ဘာလုပ်မလဲ

ဆေးခပ်ခံခဲ့ရရင် အသိစိတ်က ခပ်မြန်မြန်ပျောက်သွားနိုင်တာမို့ ဘယ်သူခပ်တာလဲဆိုပြီး ရှာဖို့ကြိုးစားတာ ၊ ဆေးခပ်ခံရတဲ့လက္ခဏာဟုတ်ရဲ့လားဆိုပြီးတွေဝေနေတာတွေ မလုပ်သင့်ပါဘူး။အနားမှာရှိတဲ့ ယုံကြည်ရမဲ့သူငယ်ချင်းတယောက်ယောက်ကို ကိုယ်တော့ဆေးခပ်ခံလိုက်ရတယ်လို့ထင်ကြောင်း ခပ်မြန်မြန်ပြောပြပါ။အနားမှာမရှိရင် ဖုန်းဆက်ပါ။ပြီးတော့ သူကတဆင့် လုံခြုံရေးဝန်ထမ်း သို့မဟုတ် ရဲစခန်းစသဖြင့် ဆက်သွယ်ခိုင်းပါ။မြန်မြန်ဆန်ဆန် လူများများရှိတဲ့နေရာ လုံခြုံတဲ့နေရာတခုခုကို ရွှေ့ပါ။နောက်ပြီး date r**e drugs တွေဟာ ခန္ဓာကိုယ်ထဲကို ဝင်ရောက်ပြီး နာရီအနည်းငယ်အတွင်းမှာကို ဘာအကြွင်းအကျန်မှ မထားပဲ ပျောက်ကွယ်သွားနိုင်တာမို့ ဆေးခပ်ခံရတာ ဟုတ်မဟုတ် အတိအကျသိချင်ရင် အရေးပေါ်ဌာနကို သွားပြီး စစ်ဆေးမှုအမြန်ခံယူသင့်ပါတယ်။ဆေးခပ်ခံထားရတဲ့လက္ခဏာတွေနဲ့ အိပ်ရာနိုးလာသူတွေအနေနဲ့လည်း လိင်ပိုင်းဆိုင်ရာကျူးလွန်ခံထားရခြင်း ရှိ မရှိ စစ်ဆေးမှုခံယူဖို့ ဆေးရုံသွားသင့်ပါတယ်။ဒါမှလည်း အမှုအခင်ြး့ဖစ်တဲ့အခါ တရားခံကို တိုက်ဆိုင်စစ်ဆေးတဲ့နေရာမှာ အသုံးဝင်ပါလိမ့်မယ်။ဒါကြောင့် ဆေးခပ်ခံခဲ့ရတယ်လို့ထင်သူများအဖို့ စစ်ဆေးမှုမခံယူရသေးခင် ရေချိုးတာ သန့်ရှင်းရေးလုပ်တာတွေ မပြုလုပ်သင့်ပါဘူး။

ဆေးခပ်မခံရအောင် ဘယ်လိုနေသင့်လဲ

– မသိကျွမ်းတဲ့သူစိမ်းတွေအများကြီးရှိတဲ့နေရာမှာ အရက်အလွန်အကျွံ မသောက်ပါနဲ့
– အပြင်သွားတိုင်း ခင်မင်ရင်းနှီးတဲ့သူငယ်ချင်းတယောက်ပါမှ သွားပါ
– သူစိမ်းတယောက်တိုက်တဲ့ မည်သည့်အရာကိုမှ မသောက်ပါနဲ့
– အရက်သောက်ပြီးနောက် မသိကျွမ်းတဲ့သူတွေနဲ့ ဘယ်မှ မသွားပါနဲ့
– သူများသောက်နေချိန်မှာ မသောက်ဘဲ အကဲခတ်နေသူများကို သတိထားပါ

ဆေးခပ်ခံရပြီး လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေမှာ အကျူးလွန်ခံရသူကို လုံးဝ(လုံးဝ) အပြစ်မတင်သင့်ပါဘူး။ဒီလိုအကျူးလွန်ခံရသူအများစုဟာ ကိုယ့်ကိုယ်ကို အပြစ်ရှိသလို ခံစားတတ်ရတာကတကြောင်း ၊ ရှက်တာကတကြောင်းမို့ ဆေးကုသမှုခံယူဖို့ ၊ တိုင်ကြားမှုပြုလုပ်ဖို့ စိတ်မပါတတ်ကြပါဘူး။

ဒါပေမဲ့ မုဒိမ်းမှုတခုမှာ တရားခံတယောက်ပဲ ရှိပါတယ်။ဒါကတော့ ကျူးလွန်သူပါပဲ။ဒါကိုမှ လျှပ်ပေါ်လျော်လီလို့ အနေအထိုင်မတတ်လို့စသဖြင့် ကျူးလွန်သူကို အပြစ်တင်တတ်သူများရှိတတ်ကြပါတယ်။ဒီလို လူမပီသတဲ့ လူလိုမတွေးတတ်တဲ့ သူတွေကြောင့် မုဒိမ်းသမားတွေ ပိုပြီး အတင့်ရဲလာနိုင်ပါတယ်။

ဒါကြောင့် ဆေးခပ်ခံရတယ်၊ ပြီးတော့ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုခံရတယ်လို့ ထင်တာနဲ့ အထက်ပါအချက်အလက်တွေကို မြန်မြန်ဆန်ဆန် ဆောင်ရွက်ကြပါလို့ တိုက်တွန်းပါရစေ။ဒါမှသာ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်၊ တရားခံကိုအမြန်ဖမ်းမိနိုင် ၊ ဆေးရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ မခံစားရအောင် အမြန်ကုသနိုင်မှာပဲဖြစ်ပါကြောင်း။

.Banana

11/05/2020

ရာသီလာချိန်မှာ လုံးဝမလုပ်ရမယ့်အရာတွေ

အပျိုဖော်ဝင်ချိန်မှစ၍ အမျိုးသမီးတိုင်း သွေးမဆုံးချိန်ထိ ရာသီသွေး လစဉ်ဆင်းသည်မှာ ဓမ္မတာတစ်ရပ်ပါ။ ရာသီသွေးဆင်းခြင်းသည် အမျိုးသမီးတိုင်း စိတ်အနှောက်အယှက်တစ်ခုကဲ့သို့ ခံစားရသောအချိန်ဟု လူတိုင်းလက်ခံထားကြပါတယ်။

ရာသီဆင်းနေချိန်သည် မိမိကိုယ်မိမိ သတိထားရသော အချိန်လည်းဖြစ်ပါတယ်။ ရာသီလာချိန်တွင် မည်သို့ နေထိုင်သင့်သလဲဆိုတာကလည်း အရေးကြီးသော အချက်များပင်ဖြစ်ပါတယ်။ ရာသီလာချိန်တွင် ပြုလုပ်သင့်သောအရာနှင့် မပြုလုပ်သင့်သောအရာများကို ကောင်းစွာသဘောပေါက်မှသာ ရာသီသွေးဆင်းချိန်တွင် ကျန်းမာရေးနေထိုင်မှု အဆင်ပြေနိုင်မှာပါ။ လေ့လာချက်များအရ အမျိုးသမီးများသည် ရာသီလာချိန်တွင် စိတ်ရော ကိုယ်ပါ ဖိဆီးနေတတ်ပါတယ်။ ခေါင်းကိုက်၊ ဗိုက်နာ၊ ပျို့အန်၊ ကိုယ်ပူခြင်းနှင့် လေပြွခင်းစသည်တို့ဖြစ်တတ်ပါတယ်။

(1) ရာသီလာချိန်တွင် ပြုလုပ်သင့်သောအရာများ

– ရေချိုးပါ

အမျိုးသမီးများသည် ရာသီလာချိန်တွင် မောပန်းနွယ်နယ်သကဲ့သို့ ခံစားရပြီး ခြေလက်များမလှုပ်ချင် မကိုင်ချင်အောင် လေးလံနေပါလိမ့်မယ်။ ထိုအခါမျိုးတွင် လန်းဆန်းတက်ကြွနေရန် တကိုယ်ရည်သန့်ရှင်းမှုကို အထူးပြုလုပ်ပါ။ အတွင်းခံနှင့် အောက်ခံဂွမ်းထုပ်များ လဲလှယ်ပါ။ ရေချိုးပါ။

– လေ့ကျင့်ခန်းလုပ်ပါ

အကယ်၍ ရာသီလာချိန်တွင် ဗိုက်နာ ဗိုက်အောင့်ဖြစ်တတ်သူများသည် သက်သာစေရန် ပေါ့ပါးသောလေ့ကျင့်ခန်းလုပ်ပါ။ သွေးပူလေ့ကျင့်ခန်းလုပ်ခြင်းဖြင့် အကြောပြေကာ နာကျင်မှု သက်သာစေပါတယ်။

– ရေများများသောက်ပါ

ရေဓာတ်ခမ်းခြောက်မှု သက်သာစေရန် ရေနှင့်အသီးဖျော်ရည်များများ သောက်ပါ။ ရာသီလာချိန်တွင် ရေဓာတ်ခမ်းခြောက်နေပြီး ရေများများသောက်ရန် လိုအပ်ပါတယ်။

– အပူအစပ်။ အဆီအစိမ့်အစားများ ရှောင်ကြဉ်ပါ။

ရာသီလာချိန်တွင် အစာအိမ်နှင့် အူလမ်းကြောင်းလေပွသောကြောင့် အစာမကြေဖြစ်တတ်ပါသည်။ အစာကိုနည်းနည်းနဲ့ မကြာမကြာစားပေးပါ။ ပြည့်အင်အောင်မစားသင့်ပါ။

– အသီးအနှံစားပါ

နာကျင်မှု သက်သာစေရန် အသီးအနှံများ၊ ဂျင်းအစရှိသည်တို့ကို အနည်းငယ်စားပေးပါ။

– ပေါ့ပေါ့ပါးပါး ဝတ်ဆင်ပါ။

ရာသီလာချိန်တွင် ပေါ့ပါးချောင်ချိသော ချည်ထည်အဝတ်အစားများကိုသာ ရွေးချယ်ဝတ်ဆင်ပါ။

– ဝမ်းနည်းစရာ ရုပ်ရှင်မကြည့်ရ

ရာသီလာချိန်တွင် ဝမ်းနည်းစရာဖြစ်စေသော ရုပ်ရှင်များမကြည့်သင့်ပါ။ စိတ်လှုပ်ရှားမှု အတက်အကျများစေပြီး ပိုမိုဝမ်းနည်းလာတတ်ပါတယ်။

(2) မပြုလုပ်သင့်သောအရာများ

– အိပ်ယာထဲမနေရ
ရာသီချိန်တွင် အိပ်ယာထဲတွင် အမြဲလှဲမနေသင့်ပါ။ ပုံမှန်လှုပ်ရှားမှုအလုပ်များကို လုပ်ပါ။

– ကော်ဖီကို အလွန်အကြူးမသောက်သင့်ပါ။
ကော်ဖီတွင်ပါဝင်သော ကာဖိန်းဓာတ်ကြောင့် နာကျင်ကိုက်ခဲမှုဖြစ်စေပါတယ်။ ထို့ကြောင့် ကော်ဖီသောက်ခြင်းကို ရှောင်ကြဉ်ပါ။

– ရာသီလာချိန်တွင် မူးယစ်စေသော အရာများသုံးစွဲခြင်း ရှောင်ကြဉ်ပါ။

– ရာသီလာချိန်တွင် အရက်သောက်ခြင်းကို ရှောင်ကြဉ်ပါ။
အရက်သည် ရေဓာတ်ခမ်းခြောက်စေပြီး သွေးလည်ပတ်မှုကို အားနည်းစေပြီး ပိုမိုနာကျင်ကိုက်ခဲစေပါတယ်။

– နို့နှင့် နို့ထွက်အစာ စားခြင်းရှောင်ပါ။
ရာသီလာချိန်တွင် နို့နှင့် နို့ထွက်ပစ္စည်းများ စားသောက်ခြင်းရှောင်ကြဉ်ပါ။ ဒိန်ချဉ်လိုအစာကြောင့် ဝမ်းဗိုက်ပိုမို နာကျင်စေပါတယ်။

– အငန်ဓာတ်လွန်ကဲသော အစာများစားသုံးခြင်း ရှောင်ကြဉ်ပါ။

အငန်ဓာတ်သည် လေထိုး ဗိုက်နာ အောင့်ခြင်း ပိုမိုဖြစ်စေပါတယ်။

– ကယ်လိုရီများသော အစာအစားများလည်း မစားပါနဲ့။

– အောက်ခံဂွမ်းထုပ်ကို အချိန်မှီမလဲပဲ အချိန်ကြာကြာသုံးစွဲခြင်းကို ရှောင်ကြဉ်ပါ။ သို့မဟုတ်ပါက ပိုးမွှားများ ပေါက်နိုင်ပြီး မိန်းမကိုယ် ယားယံစေနိုင်ပါတယ်။

– ရာသီလာစဉ် လိင်ဆက်ဆံခြင်း ရှောင်ကြဉ်ပါ။

လိင်ဆက်ဆံခြင်းသည် ပိုမိုနာကျင်ကိုက်ခဲစေပြီး သွေးသွန်ခြင်းဖြစ်စေနိုင်ကာ ရာသီလာရက်ရှည်စေပါတယ်။

to Dr. ပြည့်ရှင်

09/05/2020

ရာသီလာချိန် ရေချိုးခေါင်းလျှော်ရင် ရာသီချုပ်တတ်လား ?

တကယ်တော့ ရာသီလာနေတုန်းခေါင်းလျှော်ရင် ဘေးမဖြစ်စေနိုင်ပါဘူးနော်။ 🙆🙅
ဟိုးအရင်က မြစ်တွေချောင်းတွေကရေကို သောက်ရေအနေနဲ့ရော၊ အထွေထွေသုံးရေ အနေနဲ့ရော သုံးကြပါတယ်။🏊🚣‍♀️🥛 ရေချိုးရင်လည်း မြစ်တွေချောင်းတွေကိုသွားချိုးလေ့ရှိတာကြောင့် အမျိုးသမီးတစ်ယောက် ရာသီလာနေတဲ့အခါ သူသုံးလိုက်တဲ့ရေမှာ ရာသီသွေးပါဝင်ပြီး မြစ်ချောင်းနဲ့စီးပါသွားမှာ စိုးတာကြောင့် အမျိုးသမီးတစ်ယောက်ရာသီလာနေတုန်း ရေမချိုးရ၊ ခေါင်းမလျှော်ရဆိုတဲ့ ယုံတမ်းစကားပေါ်လာပါတယ်။ 👂🤥
ရာသီလာနေတုန်းခေါင်းလျှော်ရင် အန္တရာယ်ဖြစ်တယ်ဆိုတဲ့အဆိုကို ဘယ်ဆေးပညာအထောက်အထားမှာမှ မတွေ့ရပါဘူး။ 👨‍⚕️🙅‍♂️👩‍⚕️🙅 ရာသီလာချိန်မှာ ဦးရေပြားပိုအဆီပြန်တတ်တာကြောင့် ခေါင်းလျှော်လိုက်ခြင်းဖြင့် နေရထိုင်ရပိုတောင် သက်သောင့်သက်သာရှိစေမှာပါ။💆💆 ရာသီလာနေချိန်မှာ စိတ်လက်ထိုင်းမှိုင်းတတ်တာမို့ ရေမှန်မှန်ချိုးခြင်းအားဖြင့် လန်းဆန်းစေပြီး တစ်ကိုယ်ရည်သန့်ရှင်းရေးကိုလည်း ထိန်းသိမ်းပြီးသား ဖြစ်စေမှာပါ။

09/05/2020

ကိုယ့်မှာ ရင်သားကင်ဆာဖြစ်မဖြစ် ဘယ်လိုသိနိုင်မလဲ

ယောင်းတို့ရေ ရင်သားကင်ဆာဆိုတာ တို့အမျိုးသမီးတွေမှာ အဖြစ်များပြီး တို့တွေအတွက် ရန်သူကြီး တစ်ယောက်လိုပါပဲ။ ရင်သားကင်ဆာရှိမရှိ စမ်းကြည့်ရတဲ့ လုပ်ထုံးလုပ်နည်းတွေကို လူတိုင်းသိနေပေမဲ့ ရေချိုးတိုင်း အဲ့လိုလိုက်စမ်းကြည့်တာ ဘယ်နှစ်ယောက်ရှိလဲ။ ဝန်ခံပါတယ် အက်ဒမင်လည်း စမ်းမကြည့်ပါဘူး။

ဒီရောဂါကို ကြောက်ကြတယ်ဆိုပေမဲ့ ရင်သားကင်ဆာဆိုတာဟာ အသိမြန်ရင် ရင်သားအဆုံးခံလိုက်ရုံနဲ့ ကိုယ့်အသက်ဆုံးရှုံးစရာမလိုတော့ပါဘူး။ အရေးကြီးတာ ကင်ဆာဆဲလ်တွေ ပြန့်မသွားရင် ဆေးကုတာ လက်ဦးဖို့ပါပဲ။ ဒီလိုကုလို့ရနေလျက်နဲ့၊ စမ်းသပ်နည်းလည်း သိနေပါလျက်နဲ့ မလုပ်ဖြစ်လို့ မသိလိုက်လို့ ဆုံးရှူံးခံလိုက်ရတဲ့ မိခင်တွေ၊ ဇနီးမယားတွေ၊ အစ်မတွေညီမတွေ၊ သမီးတွေ ဘယ်လောက်များများနေပါပြီလဲ။

Corrine Beaumont ဆိုတဲ့ ဒီဇိုင်နာအမျိုးသမီးဟာ ဒီအကြောင်းကို ကောင်းကောင်းကြီး နားလည်ထားပါတယ်။ သူဟာ သူ့အဖွားနှစ်ယောက်လုံးကို အသက်၄၀နဲ့၊ ၆၂နှစ်အရွယ် အသီးသီးမှာ ရင်သားကင်ဆာကြောင့် ဆုံးရှူံးခဲ့ရသူဖြစ်လို့ပါ။ ဒါကြောင့် သူဟာ Know Your Lemon ဆိုတဲ့ လှုပ်ရှားမှုကို ၂၀၀၃ မှာစခဲ့ပါတယ်။

Know your lemon project အရ အဲ့ဒီ ရင်သားကင်ဆာကို ကိုယ်စားပြုတဲ့ သံပုရာသီးပုံလေးတွေ လူမြင်အောင် ဝေမျှပေးတာအပြင်၊ ရင်သားကင်ဆာနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကိုလည်း မျှဝေပေးကြပါတယ်။ World Wide Breast Cancer ဆိုတဲ့ website ဟာဆိုလည်း ရင်သားကင်ဆာကို ဘယ်လိုစမ်းသပ်ရမလဲ၊ ဘယ်လိုခံစားရရင် ရင်သားကင်ဆာဖြစ်နိုင်လဲ၊ ကိုယ့်ရင်သားဟာ သာမာန်ပဲလား ရင်သားကင်ဆာဖြစ်နိုင်ချေရှိသလား စသည်ဖြင့် သိသင့်တာတွေကို တင်ပေးထားပါတယ်။

သူဟာ သံပုရာသီး ၁၂လုံးကို အသုံးပြုပြီး ရင်သားကင်ဆာဆိုတာကို ဘယ်လိုခံစားစမ်းသပ်ရမလဲဆိုတာထက် ရင်သားကင်ဆာဆိုတာ ဒီလိုပုံစံပါလို့ ကွက်ကွက်ကွင်းကွင်းမြင်စေခဲ့ပါတယ်။ ပုံလေးက ရှင်းလင်းပြီး မှတ်မိရလည်း လွယ်တာကြောင့် စမ်းသပ်တဲ့ နည်းတွေထက်စာရင်တော့ ပိုပြီးမြင်သာထင်သာရှိ လူများများလည်း ပိုမှတ်မိနိုင်တာပေါ့နော်။

ပုံထဲက စာတွေကတော့

အပေါ်တန်း

၁ ရင်ဘတ်အသားပွအမ်းအမ်းဖြစ်ခြင်း

၂ ရင်သားမှာအချိုင့်များပေါ်လာခြင်း

၃ ရင်သားပေါ်ကအသားအရောင်ပြောင်းလာခြင်း၊ ယိုယွင်းလာခြင်း

၎ ရင်သားနီခြင်း၊ အပူလွန်ကဲခြင်း

၅ ရင်သားထဲမှ နို့ရည်မဟုတ်သော အရည်ထွက်ခြင်း

၆ ရင်သားတွင် အပိန့်သေးသေးလေးများ ပေါ်လာခြင်း

အောက်တန်း

၁ ရင်သားအပေါ်တွင်အဖုအကြိတ်ထွက်ခြင်း

၂ ရင်သားရှိအကြောများထလာခြင်း

၃ နို့သီးခေါင်း အတွင်းသို့ ဝင်သွားခြင်း

၎ ရင်သားပုံပြောင်းခြင်း၊ အရွယ်အစား သိသိသာသာ ပြောင်းခြင်း

၅ ရင်သားရှိအသားအရေမှာ လိမ္မော်ခွံကဲ့သို့ အပေါက်ကလေးများ ဖြစ်လာခြင်း

၆ မျက်စိဖြင့်မမြင်နိုင်သော အကြိတ်ထွက်လာခြင်း

ဒီပုံကလေးကို Erin Smith Chieze ဆိုတဲ့ ရင်သားကင်ဆာကို အနိုင်တိုက်နိုင်ခဲ့သူ အမျိုးသမီးက သူ့ facebook မှာ ဝေမျှလိုက်တဲ့အခါမှာ ပိုပြီးတောင် လူသိများသွားပါသေးတယ်။ သူ့ facebook post မှာတော့ သူဟာလည်း ဒီသံပုရာသီးလေးတွေကြောင့် သူ့မှာ ရင်သားကင်ဆာရှိနေတာ သိသွားပြီး ရောဂါကို အနိုင်တိုက်နိုင်သွားတာပါလို့ ပြောပြထားပါတယ်။

သူ့ post ကို ပြန်ဝေမျှထားတဲ့သူက လေးသောင်းခွဲလောက်ရှိပါတယ်။ Erin Smith Chiez ကတော့ သူတင်ထားတဲ့ ဒီပုံလေးကို တခြား အမျိုးသမီးတွေရော၊ အမျိုးသားတွေပါ တွေ့ပြီး ကိုယ့်မှာ ဒီရောဂါရှိမရှိ သတိထားမိသွားရင်၊ လိုအပ်တဲ့ ဆေးကုသမှုတွေ အချိန်မီလုပ်နိုင်မယ်ဆိုရင်ပဲ ကျေးဇူးတင်လှပါပြီလို့ ပြောပါတယ်။

အက်ဒမင်လည်း ဒီလိုပါပဲ။ ဒီ ဆောင်းပါးလေးကို ယောင်းတို့တွေ့သွားပြီး၊ ဒီပုံလေးကိုကြည့်ပြီး၊ ရင်သားကင်ဆာရောဂါကို လက်ဦးမှုရယူနိုင်မယ်ဆိုရင်…. ယောင်းတို့ချစ်တဲ့ခင်တဲ့ လူတွေအတွက်လည်း ဒီပုံလေးကို ပြန်လည်ဝေမျှပေးနိုင်မယ်ဆိုရင်…. အက်ဒမင်လည်း ရေးရကျိုးနပ်ပါပြီရှင်။

to Khine (For Her Myanmar)

09/05/2020

သားအိမ်ခေါင်းကင်ဆာ ရှိမရှိ စစ်ဆေးမယ်ဆိုရင် ဒါတွေတော့ ကြုံရပါလိမ့်မယ်(Just for knowledge)


ကင်ဆာရောဂါကို အသံတိတ်လူသတ်သမားလို့ ဆိုကြပါတယ်။ ဘာလို့လဲဆိုတော့ ရောဂါဖြစ်စ အစောဆုံးအဆင့်တွေမှာ ဘာလက္ခဏာမှ မပြဘဲ နောက်ပိုင်းလက္ခဏာ ပြလာတဲ့အချိန်မှာတော့ ကုသဖို့ တော်တော် နောက်ကျသွားတတ်တာမို့ အသံတိတ်လူသတ်သမားလို့ ဆိုကြတာပါ။ ကင်ဆာအမျိုးအစားပေါင်းများစွာ ရှိတဲ့အထဲကမှ အမျိုးသမီးတွေမှာ အဖြစ်အများဆုံးက ရင်သားကင်ဆာပါ။ ဒါလည်း ယောင်းတို့ သိပြီးသားဖြစ်ပါလိမ့်မယ်။ ဒုတိယ အများဆုံးကတော့ သားအိမ်ခေါင်းကင်ဆာပါ။

ရင်သားကင်ဆာ ရှိ၊မရှိဆိုတာက ရေချိုးရင်းဖြစ်စေ၊ အိမ်မှာနေရင်းဖြစ်စေ ကိုယ်တိုင် စမ်းကြည့်ပြီး မသင်္ကာစရာ အကျိတ်တွေ့ခဲ့ရင် ဆေးခန်းသွားပြလိုက်တာနဲ့ အဖြေကို သိရပါတယ်။ အဖြစ်အများဆုံးဆိုပေမဲ့လို့ အမြဲမပြတ် စမ်းကြည့်နေမယ်ဆိုရင် စောသိတတ်ကြပါတယ်။ ဒါဆို သားအိမ်ခေါင်းကင်ဆာ ရှိမရှိကျတော့ ဘယ်လို စမ်းသပ်ကြမလဲ???

ဆေးရုံ၊ဆေးခန်းတွေမှာ စမ်းသပ်ရပါတယ် ယောင်းတို့ရေ.. ဒီလောက်စကားတွေ ပျိုးနေတာ အက်ဒ်မင် သားအိမ်ခေါင်းကင်ဆာ သွားစမ်းသပ်တုန်းက အတွေ့အကြုံလေး ရေးပြချင်လို့ပါ 😀 တကယ်တော့ အက်ဒ်မင်က ရာသီသွေးမမှန်တဲ့သူပါ။ အသက်သာ ၂၅ ကျော်လာတယ်၊ ခုထိ တစ်လတစ်ခါ မှန်မှန်မလာဘူး T.T လာရင်လည်း တစ်လတည်း ၂ခါတွေ ဘာတွေ ပစ်လာတာ… ပြီးတော့ အကြာကြီး လာတဲ့အခါလည်း လာတယ်၊ ခဏပဲ လာတဲ့အခါလည်း လာတယ်ပေါ့နော်.. အဲဒါနဲ့ ဆေးခန်းတွေ သွားပြ၊ ဟော်မုန်းဆေးတွေ စွဲသောက်၊ သောက်နေတုန်းတော့ အကောင်းပဲ မှန်နေရော… အဲ.. ၆လလောက် သောက်ပြီး ဖြတ်လိုက်ပြီးရင် ဒုံရင်း ဒုံရင်းပါပဲ T.T

အဲဒါနဲ့ပဲ ကိုယ့်ဟာကိုယ်လည်း မသင်္ကာတာနဲ့ သွားစစ်မယ်ပေါ့နော်… ချိန်နေတာ တော်တော်ကြာနေပြီ။ သူများတွေကို လိုက်မေးကြည့်တော့ စစ်တာက နာတယ်တဲ့.. ဖန်ချောင်းအကြီးကြီးကို မိန်းမကိုယ်ထဲ ထည့်တာတဲ့.. အရမ်းကို နာတယ်ဆိုတော့ ကြောက်တာပေါ့နော်.. တော်တော်နဲ့ မစစ်ဖြစ်ဘူး… ဟိုးနေ့ကတော့ မြောက်ဥက္ကလာ OSC ဆေးရုံမှာ ဘန်ကောက်ကနေ BNHဆေးရုံ လာဖွင့်တယ်တဲ့ သတင်းကြားလိုက်တယ်လေ.. အဲဒီ BNH က ထိုင်းမှာတော့ JCI အသိအမှတ်ပြုထားတဲ့ နှစ်ပေါင်း (၁၂၁)နှစ်သက်တမ်းရှိပြီဖြစ်တဲ့ ပထမဆုံး အပြည်ပြည်ဆိုင်ရာဆေးရုံပါတဲ့… ပြီးတော့ အဲဒီဆေးရုံက သားဖွားမီးယပ် အထူးကုဆရာဝန် Dr.Khunthida Rithirangsriroj ကလည်း OSC ဆေးရုံမှာ ထိုင်ပြီး ကြည့်ပေးမယ်ဆိုတော့ ကဲ.. တစ်ခါတည်း စစ်လိုက်မယ်ပေါ့… OSC ကို သွားလိုက်ရော.. စာရင်းတော့ ကြိုပေးရတယ် ယောင်းတို့ရဲ့… အဲဒီ ဆရာဝန်ကြီးနဲ့ ပြမယ်ဆိုရင်လေ…

ဒါနဲ့ ရောက်သွားရောပေါ့နော်.. စစ်မယ်ဆိုတော့ အဲဒီမှာ ဆရာဝန်မမတွေရော၊ နာ့စ်မမတွေရောက သေချာမေးပါတယ်။ ညီမလေး စစ်မှာလား? စစ်မယ်ဆိုရင် မိန်းမကိုယ်အတွင်းထဲထိ ကိရိယာထည့်ရမှာဆိုတော့ ညီမလေး အဆင်ပြေပါ့မလား? စသဖြင့်ပေါ့နော်.. သေချာ ပြောပြတယ်။ ပြီးတော့ ဆရာဝန်ကြီးနဲ့ အရင်တိုင်ပင်ကြည့်လိုက်ဦးပေါ့နော်… ပြီးတော့မှ စစ်မယ်၊ မစစ်ဘူး ဆုံးဖြတ်ပေါ့ပေါ့… ဆရာဝန်ကြီးက ထိုင်းဆိုတော့ ထိုင်းလိုကလည်း ကိုယ်က မတတ်လေ… ဘယ်လို ဆွေးနွေးရပါ့မလဲဆိုပြီး စိတ်ညစ်လိုက်ရသေးတယ်..:D

နောက်တော့ အထဲဝင်ခါနီး မေးပါတယ်။ ညီမလေးရေ.. အင်္ဂလိပ်လိုပဲ ဆွေးနွေးမလား၊ မမတို့ စကားပြန်ထားပေးရမလားတဲ့… ဟယ်.. အင်္ဂလိပ်လိုပဲ ပြောမယ်.. အိုခေတယ်ပေါ့.. ကိုယ်ကလည်း ရုပ်တည်ကြီးနဲ့ 😀 အေ့လေ.. လူတွေအများကြီးနဲ့ ကိုယ့်အတွင်းရေးတွေ ပြောရမှာ ရှက်တာကိုး 😀 ဝင်သွားပြီးမှ သတိရတယ်၊ ဟယ်.. သူက ဆေးပညာအသုံးအနှုန်းတွေနဲ့ ပြောလိုက်ရင် ငါတော့ ဂွမ်းပြီလို့.. ဟုဒယ်လေ့.. ကိုယ်က အဲဒါတွေကျ နားမှမလည်တာကိုး.. ဒါမဲ့လည်း အထဲပဲ ရောက်နေပြီဆိုတော့ မထူးဇာတ် ခင်းရတော့မှာလေ 😀 တကယ်တော့ အထဲမှာလည်း ကိုယ်တွေ နားမလည်တာရှိရင် ပြန်ရှင်းပြဖို့ ဒေါက်တာမမတစ်ယောက်က ရောက်နေပြီးသားပါ။

ဒါက အက်ဒ်မင် ပြခဲ့တဲ့ ဒေါက်တာ ခွန်သီတာ ပါ
ဆရာဝန်ကြီး (အမျိုးသမီးပါနော်.. ဆရာဝန်မကြီးလို့ ရေးရင် နည်းနည်း တစ်မျိုးဖြစ်နေလို့ 😀 ) ရဲ့ မျက်နှာကလည်း အေးအေးချမ်းချမ်းလေး..စဝင်သွားကတည်းက ကိုယ့်ကို ပြုံးပြီးကြည့်နေတာ.. အက်ဒ်မင်ကလည်း စိတ်ထဲမှာ ငါကြည့်ထားတဲ့ BL ကားတွေထဲကလို ဆာဝါဒီခ လိုက်ရင်ကောင်းမလား၊ မောနင်းလို့ပဲ နှုတ်ဆက်လိုက်ရင် ကောင်းမလားနဲ့ ဘယ်လိုမှတောင် မနှုတ်ဆက်လိုက်ရဘူး.. သူက စပြောတာပဲ 😀

မေးခွန်းတွေ မေးတာမှ စုံလို့.. အိမ်ထောင်ရှိလား? ရာသီမှန်လား? ဘာညာဘာညာပေါ့နော်… အများကြီးမေး၊ ကိုယ်ကလည်း အများကြီး ဖြေ။ ကိုယ့်ပြဿနာတွေကို ပြောပြ။ တကယ်တော့ သားအိမ်ခေါင်းကင်ဆာ စစ်ဆေးဖို့ သွားတာ.. သူက ကိုယ့်ပြဿနာတွေကိုပါ ဆွေးနွေးပြီး အဖြေပေးလိုက်သေးတယ်။ ပြီးတော့ သားအိမ်ခေါင်းကင်ဆာ စစ်မယ်လည်းဆိုရော အက်ဒ်မင်က နည်းနည်းလန့်နေပြီ။ နာမယ်ဆိုတာကိုး.. ပြီးတော့ မိန်းမကိုယ်ထဲ ပစ္စည်းကလည်း ထည့်ရဦးမယ်လေ..

ဆရာဝန်ကြီးကိုတော့ ပြောပြပါတယ်။ အင်း.. ငါနည်းနည်းတော့ ကြောက်နေတယ်ပေါ့.. အရမ်း နာမယ်လို့ ကြားဖူးတယ်ဆိုတော့ သူက ပြန်ပြောတယ်။ မနာပါဘူးတဲ့… စိတ်ကို လျှော့ထားပေါ့နော်.. စိတ်ကို လျှော့ထားမယ်ဆိုရင် ဖိအားလေး နည်းနည်းပဲ ခံစားရမယ်။ စိတ်က အရမ်းတင်းနေရင် နည်းနည်းလေးတော့ နာမယ် ဆိုပြီး ပြောပြတယ်။ ဘေးမှာ ကူပေးနေတဲ့သူတွေကလည်း အများကြီးလေ.. အက်ဒ်မင်ကလည်း ဂါဝန်ကြီးဝတ်သွားတော့ အကုန်လှန်ထားရတာ ရှက်တာပေါ့.. T.T အာ့နဲ့ စောင်လေး အပေါ်က အုပ်ပေးတယ်.. ရှက်နေမှာစိုးလို့ဆိုပြီး 😀 မတတ်နိုင်ဘူးလေ.. ကိုယ့်ကျန်းမာရေးအတွက်ပဲကိုနော့်..


ခုတင်အောက်နားလေး ဘေးတစ်ဖက်တစ်ချက်မှာ လက်တံလိုလေးတွေ ထောင်ထားတာ တွေ့လားဟင်.. အဲ့ပေါ် ခြေထောက်နှစ်ဖက်လုံး တင်ထားရတာ T.T
တကယ့်တကယ် စစ်ဆေးတဲ့ ပစ္စည်းထည့်တော့လည်း မနာပါဘူး.. ကိုယ်က ရှက်နေ၊ ကြောက်နေတာပဲ ရှိတာ… ဝင်သွားတယ်ဆိုတာ သိလိုက်ရုံလေးပဲ.. နာလည်းမနာဘူး… ပြီးတော့ ပြီးသွားရော 😀 အရှက်တွေလည်း ကုန်ပါရော :3 အဖြေကတော့ အက်ဒ်မင် ခုထိ စောင့်ဆိုင်းနေဆဲပါ။

ဇာတ်လမ်းက မပြီးသေးဘူး ယောင်းရေ… သိတဲ့အတိုင်း အက်ဒ်မင် စပ်စုစိန်လေးက ယောင်းလေးတို့ သိချင်မယ်ထင်တာလေးတွေပါ မေးခဲ့သေးတယ်။ (အယ်လယ်.. ကိုယ်သိချင်တာကို ဒီလိုပဲ ကာဗာယူတတ်ရတာပေါ့) ဒေါက်တာ ခွန်သီတာကလည်း သေချာကို စိတ်ရှည်လက်ရှည် ဖြေပေးပါတယ်။ ဒေါက်တာ ခွန်သီတာ ပြောတာတွေကို ပြန်ပြီး ဖောက်သည်ချရမယ်ဆိုရင်ကတော့…

သားအိမ်ခေါင်းကင်ဆာဆိုတာ HPV ဗိုင်းရပ်စ်ပိုး အမျိုးအစား အချို့ကြောင့် ဖြစ်ရတာပါတဲ့ ယောင်းတို့ရေ.. HPV ပိုးတွေက အမျိုးအစား ရာဂဏန်းရှိပေမဲ့ သားအိမ်ခေါင်းကင်ဆာကို ဖြစ်စေနှုန်း အများဆုံးကတော့ HPV ဗိုင်းရပ်စ် အမျိုးအစား ၁၆ နဲ့ ၁၈ လို့ ဆိုပါတယ်။ ဒီအမျိုးအစားရှိတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ကိုယ့်ရဲ့ လက်တွဲဖော်က လိင်ဆက်ဆံခဲ့ပြီး ကိုယ်နဲ့ လိင်ဆက်ဆံမယ်ဆိုရင် ကိုယ့်ဆီလည်း ကူးစက်နိုင်ပါတယ်လို့ ဆိုပါတယ်။ ပြောချင်တာက ယောင်းရယ်၊ လိင်ကနေတစ်ဆင့် ကူးစက်နိုင်တယ်ပေါ့..

ကာကွယ်မယ်ဆိုရင်တော့

၁။ လုံးဝ လိင်မဆက်ဆံဘဲ နေတာ

၂။ ကိုယ့်ရဲ့ လက်တွဲဖော်ကို ကိုယ်တစ်ယောက်တည်းနဲ့ပဲ လိင်ဆက်ဆံခိုင်းတာ

၃။ ကွန်ဒုံးသုံးတာနဲ့

၎။ အမြဲတမ်း စစ်ဆေးနေပြီး ကာကွယ်ဆေး ထိုးထားတာတွေ လုပ်လို့ရပါတယ်။

ကာကွယ်ဆေးထိုးမယ်ဆိုရင်တော့ အသက် ၉နှစ်ကနေ စပြီး ထိုးလို့ရပါတယ်နော်… လိင်မဆက်ဆံဖူးသေးတဲ့ အချိန်မှာ ထိုးရင် ထိရောက်မှု အရှိဆုံးပါပဲ ယောင်းတို့ရေ.. ၂၆ နှစ်နောက်ပိုင်းမှ စထိုးမယ်ဆိုရင်တော့ ထိရောက်မှု နည်းနည်းလျော့သွားတယ်ဆိုပေမဲ့ ထိုးလို့ ရနိုင်ပါသေးတယ်။

အင်း.. အင်း.. ကာကွယ်ဆေးထိုးတာက နောက်မှ၊ အရင်ဆုံး သားအိမ်ခေါင်း ကင်ဆာ ရှိ၊မရှိ စမ်းသပ်ချင်တယ်ဆိုရင်တော့ ယောင်းတို့ လိုက်နာရမယ့် အချက် (၂) ချက်ရှိပါတယ်။

၁။ စမ်းသပ်မယ့်နေ့မှာ ရာသီလာနေတာမျိုး မဖြစ်ရပါဘူး။

၂။ မစမ်းသပ်ခင် ၂ရက်အတွင်း လိင်ဆက်ဆံတာမျိုး မရှိလေ ကောင်းလေပါပဲ။ (မဟုတ်ရင် သားအိမ်ခေါင်း ရောင်ရမ်းနေတဲ့အခါ အဲဒီ ရောင်ရမ်းနေတဲ့ ဆဲလ်နဲ့ တစ်သျှူးတွေက စစ်ဆေးမှုကို အနှောင့်အယှက် နည်းနည်း ဖြစ်စေလို့ပါတဲ့..)

ကဲ.. ဒါဆို အက်ဒ်မင်ရဲ့ အတွေ့အကြုံလည်း ယောင်းတို့ကို မျှဝေပြီးသွားပြီ။ ဘယ်ဆေးရုံမှာ စစ်ဆေးခဲ့တာလဲဆိုတာလည်း ပြောပြီးသွားပြီဆိုတော့ ယောင်းတို့ သွားစစ်ဆေးဖို့ပဲ ကျန်တော့တယ်နော်.. သြော်.. မေ့လို့.. BNH ဆေးရုံမှာ ကလေးမရနိုင်တဲ့ စုံတွဲတွေအတွက်လည်း ဆွေးနွေးစစ်ဆေးပေးတာတွေ လုပ်သလို ဖန်ပြွန်သန္ဓေသားအတွက်လည်း သွားပြီး တိုင်ပင်လို့ ရပါတယ်တဲ့… ဒါတော့ စိတ်ဝင်စားတဲ့ ယောင်းတွေ အတွက်ပေါ့နော်…

to Libra (For Her Myanmar)

09/05/2020

မမျိုးဥအိမ်မှာ ဖြစ်တဲ့ကင်ဆာ

ဘာလက္ခဏာမှ မပြလို့ ဘာရောဂါမှ မရှိဘူးလို့ မထင်နဲ့နော်…

ယောင်းတို့ရေ မိန်းကလေးတွေမှာ မျိုးပွားအင်္ဂါအနေနဲ့ လုပ်ဆောင်ရမယ့် အပိုပစ္စည်းလေးတွေရှိပါတယ်။ ဒီထဲမှာမှ မမျိုးဥအိမ်ဆိုတာ တစ်လတစ်ခါ မမျိုးဥကြွေခြင်းတာဝန်ထမ်းဆောင်နေပြီး မိန်းကလေးတွေလှပဖို့အမျိုးသမီး အီစတိုဂျင်ဟော်မုန်း ပရိုဂျက်စတင်ဟော်မုန်းတွေ ထုတ်ပေးပြီးယောင်းတို့ကို လှပအောင်လုပ်ပေးနေတဲ့ ကိုယ်တွင်းအဂါင်္လေးပေါ့။

ဒီမမျိုးဥ အိမ်လေး ကင်ဆာဖြစ်နိုင်တဲ့ ရာခိုင်နှုန်းက အမျိုးသမီး ၇၅ယောက်မှာ တစ်ယောက်ခန့်ဖြစ်ပွားပါတယ်တဲ့။ ဆိုလိုတာက ဖြစ်ပွားနှုန်းများတဲ့ ကင်ဆာထဲပါတာပေါ့နော်။ မမျိုးဥအိမ်ကင်ဆာ ဖြစ်နိုင်ချေ ရှိပါတယ်ဆိုတဲ့ အနေအထားတွေကတော့

ကိုယ်အလေးချိန်များပြီး ဝတဲ့ မိန်းကလေးတွေ( BMI 30 ကျော်)
ကလေးလုံးဝမယူတဲ့ မိန်းကလေးတွေ
ကလေးယူတာနောက်ကျတယ်၊ ကလေးနည်းတဲ့ မိန်းကလေးတွေ( မမျိုးဥ အိမ်ဟာ ကလေးမွေးတဲ့အချိန်မှာ အနားရတာကြောင့်၊ ကလေးမမွေးတဲ့ မိန်းကလေးတွေမှာ မမျိုးဥ အိမ်က ပိုအလုပ်လုပ်ရပါတယ်)
ကလေးမရတဲ့ မိန်းကလေးတွေမှာ သားဥကြွေဆေး (ကလေးလိုချင်တဲ့အခါ သောက်ရတဲ့ဆေး)ကို လိုတာထက် ပိုသုံးထားတဲ့မိန်းကလေးတွေ
သွေးဆုံးပြီးနောက်မှာ ဟော်မုန်းဖြည့်စွက်ဆေးတွေသောက်တာ
အရင်က ရင်သားကင်ဆာဖြစ်ဖူးသူတွေ
မိဘမျိုးရိုးတွေမှာ မမျိုးဥအိမ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ ဖြစ်တဲ့သူတွေရှိမယ်ဆိုရင်
အခြားမိန်းကလေးတွေထက် ရင်သားကင်ဆာဖြစ်နိုင်ခြေပိုများပါတယ်တဲ့။

ဒီလို အချက်တွေနဲ့ ကိုယ်နဲ့ တိုက်ဆိုင်ပါတယ်ဆိုတဲ့ ယောင်းတို့အနေနဲ့လည်း ပေါ့မနေသင့်ပါဘူးနော်။ ဒါဆို ဘယ်လို လက္ခဏာတွေက မမျိုးဥအိမ်ကင်ဆာ ဖြစ်နေပြီဆိုတာကို ပြသလဲဆိုတာ သိထားမှ အန္တရာယ်လက္ခဏာတွေကို စောစောသိ စောစောကုလို့ရမှာပေါ့နော်။

မမျိုးဥ အိမ်ကင်ဆာဖြစ်နေပြီဆိုရင်

ရင်ပြည့်ရင်ကယ် ခဏခဏဖြစ်မယ်။ ဘာမှ မစားချင်တာမျိုး၊ ရင်ခေါင်းတောင့်တာမျိုး

ဆီးစပ်နားမှာ တင်းတာ၊ နာတာ၊ အောင့်တာတွေ ခံစားရမယ်။

ဆီး မကြာခဏသွားချင်မယ်။ ဆီးကျန်သလို ခံစားရမယ်။

ရာသီ မမှန်ဘဲ ရာသီလာချိန်မဟုတ်ဘဲ ရာသီလာတာတွေ

ခါးအောက်ပိုင်းတစ်ဝိုက် ထိခိုက်မိတာမရှိဘဲ အောင့်တာ၊ နာတာတွေ

လိင်ဆက်ဆံနေချိန်မှာ နာကျင်တာ

ဝမ်းချုပ်လာတာ စတဲ့လက္ခဏာတွေပြတတ်ပါတယ်။

ပြတတ်တဲ့လက္ခဏာတွေကသိသိသာသာကြီးမရှိလို့ တစ်ချို့ဆို သတိမထားမိတာမျိုးတောင်ရှိပါတယ်။ သတိမထားမိတော့ တစ်ခါတစ်ခါ ကင်ဆာက အဆင့်မြင့်လာပြီးမှ နောက်ကျစွာ သိရတတ်တာမျိုးလည်း ရှိပါတယ်။

ကိုယ့်ကိုယ်ကိုယ် မသကာင်္လို့ ဒီမမျိုးဥ ကင်ဆာနဲ့ပတ်သက်ပြီး ဖြစ်နိုင်ခြေများတဲ့သူထဲပါနေလို့ စစ်ဆေးကြည့်ချင်တယ် ဆိုရင်တော့ ယောင်းတို့ရေ ကွန်ပြူတာဓာတ်မှန်မှာမှ မိန်းမကိုယ်က တဆင့်ရိုက်ရတဲ့( Transvaginal ultrasound)၊ သွေးဖောက်စစ်လို့ရတဲ့ ( CA 125) နဲ့ စစ်ဆေးကြည့်လို့ရပါတယ်။

မမျိုးဥ အိမ်ကင်ဆာကို ကုသဖို့အတွက်ဆိုရင်တော့ ကင်ဆာအလုံးအကြိတ်ပြန့်ပွားတာကို ထိန်းချုပ်ဖို့ ကင်ဆာအလုံးကို ခွဲစိတ်ထုတ်ပြစ်လို့ရပါတယ်။ ခွဲစိတ်တာဟာ ကင်ဆာ အလုံးကိုပဲထုတ်နိုင်တာမို့ ပြန့်ပွားနေတဲ့ ကင်ဆာဆဲလ်တွေကို ဖယ်ရှားမပေးနိုင်ပါဘူး။ ပြန့်ပွားတဲ့ဆဲလ်တွေအတွက်ကတော့ ကင်ဆာဆေးသွင်းတာမျိုးနဲ့ ဖယ်ရှားရမှာဖြစ်ပါတယ်။

မဖြစ်ချင်ပါဘူးဆိုတဲ့ ယောင်းတို့အနေနဲ့တော့ ကာကွယ်လို့ရတဲ့ နည်းလမ်းလေးတွေရှိပါတယ်။ တစ်နေ့ကို အသီးအရွက် ပန်းကန်လုံးတစ်ဝက်လောက် နေ့တိုင်းစားပေးမယ်ဆိုရင်၊ တားဆေးကဒ်သောက်မယ်ဆိုရင်
ကိုယ်ဝန်ဆောင် နို့တိုက်မယ် ( ရယ်စရာပြောရမယ်ဆိုရင် အမျိုးသမီးလုပ်ငန်းဆောင်တာတွေ လုပ်မယ်)
ဆိုရင် မမျိုးဥ အိမ်ကင်ဆာဖြစ်နိုင်ခြေနည်းစေပါတယ်။အနီရောင်ရှိတဲ့ အသားတွေ၊ပြင်ဆင်ထားတဲ့ အသား( စည်သွတ်ဘူးတွေ) ကိုတော့ ရှောင်သင့်တယ်နော်။

အမျိုးသမီးတိုင်းကျန်းမာစေလိုသောစေတနာဖြင့်

်တင်

09/05/2020

``လှလှပပ လက်စားချေတတ်ပါစေ´´

ချိုမြိန်တဲ့ လက်တုံ့ပြန်ခြင်းဆိုတာ …

အသက်တစ်ရာမနေရ၊ အမှုတစ်ရာ ပွေရ ဆိုသလို ကိုယ်က မငြိပေမဲ့ ကိုယ့်ကိုမှ တကူးတက လာချိတ်တဲ့ သူတွေကြောင့် ဒုက္ခရောက်ရတဲ့ အဖြစ်တွေ ရှိပါတယ်။ နောက်ကျောက ဓားနဲ့ထိုးတဲ့သူတွေ၊ ယုံကြည်မှုကို အလွဲသုံးစားလုပ်တဲ့သူတွေ၊ ဘယ်လို အငြိုးအတေးမှ မရှိပါဘဲ ကိုယ့်ရဲ့ ကျရှုံးမှုကို လက်ခုပ်လက်ဝါးတီးချင်နေတဲ့သူတွေ အမျိုးစုံ ကြိုးခုန်ပြီး ကြုံရဆုံရတာကလည်း လူ့လောကရဲ့ သဘာဝပဲ မဟုတ်လား… အာသဝေါကုန်ခန်းနေတဲ့ အနေအထားမဟုတ်သရွေ့ ဒီလူတွေကို မုန်းတီးမိမှာ၊ လက်စားချေလိုစိတ်တွေ ဖြစ်လာမှာကလည်း သဘာဝပါပဲ။ ဒါပေမဲ့ ဘယ်လို လက်စားချေကြမှာလဲ? သူက ကိုယ့်ကို မကောင်းကြံလို့ ကိုယ်ကလည်း သူ့ကို မကောင်းကြံမယ်ဆိုရင် ကိုယ်က တန်းဆင်းလိုက်သလို မဖြစ်သွားပေဘူးလား… ဒီအခါမျိုးမှာ လှလှပပ လက်စားချေတတ်ဖို့ လိုလာပါပြီ။ ဘယ်လို နည်းလမ်းတွေနဲ့ လက်စားချေကြမလဲ..

အောင်မြင်သည်ထက် အောင်မြင်အောင် ကြိုးစားပါ။

ကိုယ့်တန်ဖိုးကို ကိုယ် မချလိုက်ပါနဲ့။ ပိုပြီးတော့ လင်းလက်တောက်ပနေပါစေ။ ခံစားချက်တွေ မရှုပ်ထွေးပါစေနဲ့။ လွယ်တော့ မလွယ်ပေမဲ့ အမုန်းတရားတွေ မဖုံးလွှမ်းအောင် ကြိုးစားကြည့်ပါ။ ခံစားချက်တွေ ရောထွေးနေခြင်းက ကိုယ့်ကို ပိုပြီး နိမ့်ကျစေပါတယ်။ ပိုပြီးတော့ ပရိုဆန်ဆန် နေပြလိုက်ပါ။ သူတို့ကို ရှောင်ဖယ်တာမျိုး မလုပ်ဘဲ ပုံမှန်အတိုင်းပဲ ဆက်ဆံပါ။ ကိုယ်လင်းလက်တောက်ပနေခြင်းဟာ သူတို့အပေါ် အရိပ်မိုးနေခြင်းပဲမို့ ကိုယ်က လင်းလေလေ သူတို့အတွက် အမှောင်ဖုံးလေလေပါပဲ။ ဒါဟာ ကိုယ့်အတွက်လည်း အကျိုးရှိပြီး လှလှပပ လက်စားချေပြီးသားလည်း ဖြစ်သွားစေပါတယ်။

ပေါင်းသင်းဆက်ဆံရေး ကွန်ရက်ကို ဖြန့်ကျက်ပါ။

နောက်ကျောက ဓားနဲ့ထိုးခံရလို့၊ တိုက်ခိုက်ခံရလို့ စတဲ့ အကြောင်းပြချက်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် ပိတ်လှောင်ထားခြင်းက အကြီးမားဆုံး အမှားပါပဲ။ ဒီလိုအချိန်မှာ ဘယ်သူ့ကို ယုံကြည်ရမယ်မှန်းမသိတော့တာ၊ စိတ်ဓာတ်တွေ ကျလာတာ၊ အရာရာတိုင်းကို အစစ်အမှန်ဟုတ်ပါတော့မလားလို့ သံသယတွေ ဝင်နေခြင်းက ကိုယ့်အခြေအနေကို ဆိုးသည်ထက် ဆိုးသွားစေပါတယ်။

အဲဒီအစား ကိုယ့်ရဲ့ ကွန်ရက်ကို ဖြန့်ပစ်လိုက်ပါ။ လူတွေကို ရှောင်ဖယ်နေတာမျိုးထက် ပိုပြီး ပွင့်လင်းလိုက်ပါ။ ဖွင့်ပြောပါ။ မိသားစုနဲ့ စကားပြောပါ။ မိတ်ဆွေသစ်တွေ ရှာဖွေပါ။ ကိုယ့်ကို ပေးလာမယ့် အန္တရာယ်ကို စောင့်မနေဘဲ ကိုယ်က ဦးအောင် ပြေးတွေ့လိုက်ပါ။ လူတွေနဲ့ စကားများများပြောလေလေ၊ ကိုယ့်ရဲ့ ကွန်ရက် ကျယ်ပြန့်လာလေလေ၊ အောင်မြင်မှုနဲ့ ပိုပြီး နီးစပ်လာလေလေပါပဲ။ ဒါတင်မက “ငါ့အပြင် သူ့မှာ ဘယ်သူမှ မရှိဘူး” ဆိုတဲ့ နောက်ကျောဓားနဲ့ထိုးသူတွေရဲ့ ယုံကြည်မှုကိုလည်း ရိုက်ချိုးပစ်ရာ ရောက်လို့ ဒါဟာလည်း လှပတဲ့ လက်စားချေနည်း တစ်မျိုးပါပဲ။

ပိုကောင်းပြလိုက်ပါ။

ဟန်ဆောင်ပြီး ကောင်းပြခိုင်း၊ ပြီးတော့မှ လုပ်ချင်တာလုပ်လို့ ပြောတာမဟုတ်ဘူးနော်.. တကယ်ကို စိတ်ရင်းစေတနာနဲ့ ကောင်းပြလိုက်ပါ။ ကိုယ်တတ်နိုင်တာ မှန်သမျှ (ကိုယ့်ကို မထိခိုက်သွားစေမယ့်အရာပေါ့) ကူညီပေးလိုက်ပါ။ ကိုယ့်အပေါ် ဆိုးယုတ်ထားတဲ့သူတစ်ယောက်ကို ကောင်းကောင်းမွန်မွန်ဆက်ဆံခြင်းဟာ အားနည်းရာမရောက်ပါဘူး။ အကောင်းဆုံး လက်စားချေရာ ရောက်ပါတယ်။ ကိုယ်က ကောင်းပေးလေလေ၊ သူတို့အတွက် ရှက်ရွံ့ရလေလေ၊ ပိုပြီး စိတ်မလုံမခြုံဖြစ်ရလေလေနဲ့ ဒီထက်ပိုကောင်းတဲ့ လက်စားချေခြင်းက ဘယ်မှာ ရှိမှာလဲ..

တကယ့်တကယ် အကောင်းဆုံး လက်စားချေခြင်းက ခွင့်လွှတ်ခြင်းပါပဲ။ နားလည်ပေးပြီး ခွင့်လွှတ်ပေးလိုက်တာဟာ ကိုယ်ကိုယ်တိုင်အတွက် တကယ်ကို အေးချမ်းစေပါတယ်။ လျှော်လိုက်တာမျိုး မဟုတ်ဘဲ သေချာ ခွင့်လွှတ်နားလည်ပေးပြီး မေ့ပစ်လိုက်ပါ။ ကိုယ်ဦးတည်ရာ လမ်းကြောင်းကို အပျက်မခံဘဲ ဆက်လျှောက်ပါ။ ကိုယ့်ရဲ့ လင်းလက်တောက်ပမှုက သူများအတွက် လမ်းပြဖြစ်နေပါစေ။ ကိုယ့်အပေါ် မကောင်းတဲ့သူတွေက ကိုယ့်အလင်းအောက်မှာ ရှင်သန်ရတာဟာ အကောင်းဆုံးသော တုံ့ပြန်ခြင်းပဲ မဟုတ်လား…

09/05/2020

သင့်ရဲ့အချစ်တွေကို အသုံးချပြီးပစ်သွားခဲ့တဲ့ ချစ်သူကို ဒီနည်းလေးတွေနဲ့ လက်စားချေပြလိုက်ပါ

ဘဝမှာကိုယ်က အရမ်းချစ်ခဲ့၊ ပေးဆပ်ခဲ့ပေမယ့် ရက်ရက်စက်စက် ပစ်သွားတဲ့သူမျိုးကို ကြုံဖူးကြလား။ ဒါဆိုရင်တော့ အဲလိုလူအတွက် တမြေ့မြေ့ခံစားပြီး စိတ်ဆင်းရဲခံနေမယ့်အစား ဒီအရာလေးတွေနဲ့ သူ့ကို နောင်တလှလှရသွားအောင် လုပ်လိုက်ပါ။

(၁) လှအောင်နေပါ

လှအောင်နေခိုင်းတာဟာ ဖော်ပြ၊ ချွတ်ပြခိုင်းနေတာ မဟုတ်ပါဘူး။ ဒါပေမယ့် သင့်ရဲ့အလှတွေကို ပျောက်ကွယ်စေတဲ့ အဝတ်အစားဟောင်းတွေ၊ ဖိနပ်တွေနဲ့ သင်နဲ့မလိုက်ဖက်တဲ့ ခပ်တုံးတုံး ဆံပင်ပုံစံတွေ အားလုံးကိုပြောင်းလိုက်ပါ။ သင့်မျက်နှာနဲ့လိုက်ဖက်တဲ့ ပြင်ဆင်နည်းလေးတွေ၊ ဝတ်စားနည်းလေးတွေကိုလေ့လာပြီး လှလှပပလေးနေလိုက်ပါ။ ဒါဆိုရင်တော့ သင့်ကိုပစ်သွားတဲ့လူဟာ သင့်ရဲ့ပြောင်းလဲပြီး လှပလာတဲ့ သင့်ကိုမြင်တဲ့အခါကြိတ်ပြီးနောင်တရနေတော့မှာပါ။

(၂) ကြိုးစားပါ

သူ့အတွက် စိတ်ဓာတ်တွေကျပြီး ဘဝကို လက်လျှော့လိုက်တာ လုံးဝမဖြစ်သင့်ပါဘူး။ သင့်ရဲ့ဘဝ၊ သင့်ရဲ့အဆင့်အတန်းကို မြှင့်တင်ပါ၊ အကောင်းဆုံးကြိုးစားပါ။ သူ မရှိတော့တဲ့နောက်ပိုင်း သင့်ဘဝ အရင်ကထက် အများကြီးပိုကောင်းသွားတာ၊ ပိုလှပသွားတာကို မြင်စေပါ။ သူ ဘယ်တော့မှမရနိုင်တော့မဲ့ သင့်ကို၊ သူ ဘယ်တော့မှမရောက်နိုင်တဲ့ အဆင့်အတန်းတစ်ခုမှာ တွေ့မြင်စေပါ။ ဒါဟာ သူ့ကို အကြီးအကျယ်နောင်တရစေမှာပါ။

(၃) ပျော်ပျော်နေပါ

သူထားသွားပြီးတဲ့နောက်မှာ တငေးငေးတမှိုင်မှိုင် ဖြစ်မနေသင့်ပါဘူး။ ဒါဟာ သူ့ကို အရှုံးပေးလိုက်တာနဲ့ အတူတူပါပဲ။ သင့်ကိုဝမ်းနည်းစေတဲ့အရာတွေ၊ နာကျင်စေတဲ့အရာတွေကို ခေါင်းထဲမထည့်ဘဲ ရောက်တဲ့နေရာတိုင်းမှာ ပျော်ပျော်နေလိုက်ပါ။ သင့်ရဲ့ အပြုံးတွေ၊ သူ မရှိလည်း သင်ပျော်နေနိုင်တာတွေကိုကြည့်ပြီး သင့်ကို ပြန်တမ်းတနေမှာပါ။

(၄) မေ့ပစ်လိုက်ပါ

သင့်ကို ရက်ရက်စက်စက်ပစ်သွားတဲ့သူကို မေ့မရဘဲ တစ်ချိန်လုံးနာကျင်နေတာ မဖြစ်သင့်ပါဘူး။ ဒါကြောင့် သူ့ကိုမေ့လိုက်ပါ၊ သူနဲ့ပတ်သက်တဲ့ အမှတ်တရတွေ၊ ပစ္စည်းတွေ အားလုံးကို အမှိုက်လိုပဲ စွန့်ပစ်လိုက်ပါ။ သူ့အကြောင်းတွေးမိလာရင် TV ကြည့်တာ၊ သူငယ်ချင်းတွေအိမ်သွားတာ၊ တစ်ခုခုနဲ့ အာရုံလွှဲတာမျိုးတွေလုပ်ပါ။ အဲလိုအာရုံလွှဲပါများလာရင် အလိုလို သူ့ကိုမေ့နိုင်သွားမှာပါ။ ယောက်ျားလေးတွေဟာ သူတို့ကိုတွဲတုန်းကလည်း အရမ်းချစ်ပြီး၊ ပြတ်သွားတဲ့အခါ ချက်ချင်းမေ့ပစ်နိုင်တဲ့မိန်းကလေးတွေကို အံ့သြနေတတ်သလို လမ်းခွဲမိတာကိုလည်း နောင်တရနေတတ်ပါတယ်။

(၅) ချစ်သူအသစ်ထားပါ

သင့်ရဲ့ဒဏ်ရာတွေကိုကုစားဖို့ ချစ်သူသစ်ထားတာမျိုးကို ဆိုလိုတာမဟုတ်ပါဘူး။ သင်ရင်ခုန်တဲ့သူ၊ သင်ချစ်တဲ့သူကို တွေ့ခဲ့ရင် ကိုယ့်ကိုယ်ကို ထိန်းချုပ်မနေဘဲ သူ့ကိုချစ်လိုက်ပါ။ အရင်ကအမှားတွေကနေ သင်ခန်းစာယူပြီး သာယာလှပတဲ့ ချစ်သူဘဝလေးကို တည်ဆောက်လိုက်ပါ။ ဒါဆိုရင်တော့ အချစ်သစ်နဲ့ အရမ်းကိုပျော်ရွှင်ပြီး၊ တောက်ပစွာပြုံးနေတဲ့ သင့်ကို စွန့်လွှတ်မိတဲ့အတွက် နောင်တတွေ ရလာတော့မှာပါ။

Address

Patheingyi

Telephone

+959974516119

Website

Alerts

Be the first to know and let us send you an email when Crack Seller posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Crack Seller:

Share