Shwe Myot Thar Pharmacy

Shwe Myot Thar Pharmacy Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe Myot Thar Pharmacy, Medical and health, Patheingyi.

📣📣📣 ရွှေရောင်စဥ် 📣📣📣အမှတ်တံဆိပ်ဖြင့်တိုင်းရင်းဆေးဝါးများကိုရွှေမြို့သာ ဆေးဆိုင်တွင်ဝယ်ယူရရှိနိုင်ပါတယ်။တိုင်းရင်းဆေးအမျိ...
18/03/2023

📣📣📣 ရွှေရောင်စဥ် 📣📣📣

အမှတ်တံဆိပ်ဖြင့်

တိုင်းရင်းဆေးဝါးများကို

ရွှေမြို့သာ ဆေးဆိုင်တွင်

ဝယ်ယူရရှိနိုင်ပါတယ်။

တိုင်းရင်းဆေးအမျိုးအစား ငါးမျိုးရရှိ သုံးစွဲနိုင်ပါတယ်။

#ရွှေရောင်စဥ်

Runny nose/Rhinitis (နှာစေး၊ နှာပိတ်၊ နှာချေခြင်း)😤🤧 နှာစေးတယ်ဆိုတာ 😤🤧- Cold temperature (ရာသီဥတု အေးလာခြင်း)၊- Flu viru...
18/02/2023

Runny nose/Rhinitis (နှာစေး၊ နှာပိတ်၊ နှာချေခြင်း)

😤🤧 နှာစေးတယ်ဆိုတာ 😤🤧

- Cold temperature (ရာသီဥတု အေးလာခြင်း)၊
- Flu virus (ဗိုင်းရပ်စ်ပိုး)၊
- Bacteria (ဘက်တီးရီးယားပိုး)၊
- Allergen (ဓာတ်မတဲ့စေတဲ့အရာများ ဥပမာ လေထုထဲကဖှုန်မှုန့် နှင့် ပန်းဝတ်မှုန်လေးတွေ ရှူသွင်းမိခြင်း)

စတဲ့ အကြောင်းအချက် တခုခုကြောင့်

အသက်ရှူလမ်းကြောင်းမှ တဆင့် ခန္ဓာကိုယ်အတွင်းပိုင်းထဲသို့ ပြင်ပပိုးမွှားနှင့် ဖှုန်မှုန့်တွေ မဝင်ရောက်စေဘို့အတွက်

နှာခေါင်းအတွင်းမှာရှိတဲ့ အမြှေးပါးလေးတွေက mucus လေးတွေ ပိုထွက်စေခြင်းအားဖြင့် ပိုးမွှားတွေ ဖှုန်မှုန့်တွေကို ညှစ်ထုတ် ရှင်းလင်းသွားအောင် ကာကွယ်တုံ့ပြန်ပေးတဲ့ လုပ်ဆောင်ချက်တခုဖြစ်တယ်။

ဒါဆို နှာစေးတာ ကောင်းတဲ့ အရာပဲပေါ့။ ဒါပေမယ့် လူကိုတော့ အနည်းနှင့်အများ အနှောက်အယှက်လေးတော့ ဖြစ်စေပါတယ်။

ဘယ်လို အနှောက်အယှက်ဖြစ်စေလဲဆိုတော့...

တုံ့ပြန်မှုအနေနဲ့ histamine တွေထွက်လာပြီး mucus တွေပိုထွက်လာစေတယ်။ အဲ့ဒါကြောင့်ပဲ ပြင်ပအမှုန်တွေကို တနည်းနည်းနဲ့ အပြင်ကိုထွက်စေပါတယ် (ဟက်ချိုးဆိုတဲ့ နှာချေခြင်း ဒါမှမဟုတ် နှာရည်ကို ညှစ်ထုတ်ခြင်းအားဖြင့်)။ တဆက်တည်းမှာပဲ သွေးကြောလေးတွေလည်း ကျယ်လာပါတယ်။ ထို့အတွက်ကြောင့် နှာခေါင်းအတွင်းပိုင်း ယောင်ယမ်းလာပြီး နှာခေါင်းပိတ်တဲ့အထိ ဖြစ်လာရပါတယ်။
- - - - - - - - - - - - - - - - - - - - - - - -

နှာစေးခြင်းအတွက် ဆေးအနေနဲ့ကတော့

1) Antihistamine လို့ခေါ်နဲ့ histamine ထွက်တာကို တားဆီးပေးတဲ့ဆေးတွေ
ဥပမာ
- Burmeton (chlorpheniramine maleate)
- Cetrizine
- Levocetrine
- Fexofenadine အစရှိသည်တို့နှင့်

2) Phenylephrine ကဲ့သို့ နှာခေါင်းအတွင်းအလွှာမှာရှိတဲ့ သွေးကြောလေးတွေကို ကျုံ့စေတဲ့ (decongestant) အာနိသင်ရှိတဲ့ ဆေးတွေ သောက်သုံးနိုင်ပါတယ်။

အောက်ဖော်ပြပါ ဆေးတချို့ကို တမျိုးချင်းစီရဲ့ ပါဝင်ပစ္စည်းနှင့် အကျိုးအာနိသင်တို့ကို ဖော်ပြပေးထားပါတယ်။

ရွှေမြို့သာ ဆေးဆိုင်။
19လမ်း၊ ပုသိမ်ကြီးမီးပွိုင့်အနီး၊ မြို့သာကုန်း။

🧡V Rohto Vitamin for blurry eyes🧡လိမ္မော်ရောင် V Rihto Vitamin လေးကတော့🧡 မျက်လုံးကို အားဖြည့်ပေးတဲ့ Vitamin တွေပါဝင်တဲ့အတ...
09/02/2023

🧡V Rohto Vitamin for blurry eyes🧡

လိမ္မော်ရောင် V Rihto Vitamin လေးကတော့

🧡 မျက်လုံးကို အားဖြည့်ပေးတဲ့ Vitamin တွေပါဝင်တဲ့အတွက် မျက်လုံးအားဆေးကို သောက်ဆေး အနေနှင့်မဟုတ်ဘဲ မျက်စဉ်းပုံစံဖြင့် နေ့စဉ်ပုံမှန်သုံးပေးခြင်းဖြင့် မျက်လုံးကို အားဖြည့်ပေးပါတယ်။

🧡 အမြင်အာရုံဝေဝါးခြင်းနှင့် အမြင်မကြည်လင်ခြင်းများ အတွက် အထူးသင့်လျော်ပါတယ်။
{အမြင်မကြည်လင် ဝေဝါးတယ်ဆိုတာမှာ မျက်လုံးအားနည်းတဲ့အတွက်ကြောင့်ကို ရည်ရွယ်ပါတယ်။ တခြားအကြောင်းကြောင့် (ဥပမာ ပါဝါလိုအပ်တာ၊ တိမ်ရှိနေလို့ ဝေဝါးတာမျိုး) ဆိုရင်တော့ သက်ဆိုင်ရာ ကုသမှုတွေ လိုအပ်ပါတယ်။}

🧡 ဒါ့အပြင် မျက်လုံးညောင်းညာကိုက်ခဲခြင်း၊ မျက်လုံးယားယံခြင်း၊ ရေကူးခြင်း၊ အမှုန်နှင့် ချွေးတို့ မျက်လုံးအတွင်းသို့ ဝင်ခြင်းကြောင့် မျက်လုံးကျိန်းစပ်ခြင်း၊ မျက်ကပ်မှန်တပ်ခြင်းကြောင့် မျက်လုံးသက်သောင့်သက်သာ မရှိခြင်းတို့ အတွက်လည်း သုံးလို့ရပါတယ်။



ရွှေမြို့သာ ဆေးဆိုင်။
19လမ်း၊ ပုသိမ်ကြီးမီးပွိုင့်အနီး၊ မြို့သာကုန်း။

"Ready to drink Ensure liquid"🍶 လိုအပ်တဲ့ အာဟာရဓာတ်မျိုးစုံကို ဖြည့်ပေးတဲ့🍶 သွားရင်းလာရင်းလည်း အလွယ်တကူ သယ်သွားလို့ အဆင်...
07/02/2023

"Ready to drink Ensure liquid"

🍶 လိုအပ်တဲ့ အာဟာရဓာတ်မျိုးစုံကို ဖြည့်ပေးတဲ့

🍶 သွားရင်းလာရင်းလည်း အလွယ်တကူ သယ်သွားလို့ အဆင်ပြေတဲ့

🍶 ကိုယ်တိုင် ဖျော်စပ်စရာမလိုဘဲ အရသာရှိရှိ အချိုးကျကျ ဖျော်စပ်ထားပြီးသား

🍶 အသင့်သောက် Ensure အရည်ဘူးလေးတွေ

ရွှေမြို့သာ ဆေးဆိုင်။
19လမ်း၊ ပုသိမ်ကြီးမီးပွိုင့်အနီး၊ မြို့သာကုန်း။

တင်းတိပ်၊ မှည့်ခြောက်၊ အနက်စက်၊ ဝက်ခြံအမာရွတ်နှင့် အသားအရေ မညီခြင်းတို့အတွက် သဘာဝ အသီးအရွက်များဖြစ်တဲ့ ရှားစောင်း၊ နာနတ်...
05/02/2023

တင်းတိပ်၊ မှည့်ခြောက်၊ အနက်စက်၊ ဝက်ခြံအမာရွတ်နှင့် အသားအရေ မညီခြင်းတို့အတွက်

သဘာဝ အသီးအရွက်များဖြစ်တဲ့ ရှားစောင်း၊ နာနတ်၊ နွယ်ချို၊ ထောပတ်သီး အဆီအနှစ်တို့ကို အဓိကထား အခြေခံပြီး ဖော်စပ်ထားသော

FAME ဆေးဝါးတမျိုးဖြစ်တဲ့

Depigmentation cream

အနက်စက် နှင့် တင်းတိပ်တို့ကို မှေးမှိန်စေပြီး အသားရေကြည်လင်စေပါတယ်။

ရွှေမြို့သာ ဆေးဆိုင်။
19လမ်း၊ ပုသိမ်ကြီးမီးပွိုင့်အနီး၊ မြို့သာကုန်း။

🧬🧬 Collagen 🧬🧬 ဆိုတာ . . .အရေပြား၊ ကြွက်သား၊ အရိုး၊ အရိုးနု၊ အရွတ်နှင့် တွယ်ဆက် တစ်ရှူးတွေမှာ ပါဝင်ဖွဲ့စည်းထားတဲ့ protei...
04/02/2023

🧬🧬 Collagen 🧬🧬 ဆိုတာ . . .

အရေပြား၊ ကြွက်သား၊ အရိုး၊ အရိုးနု၊ အရွတ်နှင့် တွယ်ဆက် တစ်ရှူးတွေမှာ ပါဝင်ဖွဲ့စည်းထားတဲ့ protein တမျိုးဖြစ်တယ်။
သူက ဆဲလ် တခုနှင့်တခုကြား တွယ်ဆက်ပေးတယ်၊ တစ်ရှူးတွေ ကြွက်သားတွေကို အရိုးနှင့်တွယ်ဆက်ပေးတယ်၊ အရေပြား နှင့် သွေးကြောနံရံ ကလီစာတွေရဲ့ နံရံတွေ တောင့်တင်းခိုင်မာမှု၊ တင်းရင်းပြီး အရောင်သွေး ပုံစံ မပျက်အောင် တည်ရှိနေမှုကို ဖြစ်စေတယ်။

Collagen လျော့နည်းလာခြင်းအကြောင်းကတော့...

မွေးကတည်းက ခန္ဓာကိုယ်မှ ကော်လာဂျင် protein တွေကို ထုတ်လုပ်ပေးနေပေမယ့်
အသက်ရွယ်ရလာတာနှင့်အမျှ ကော်လာဂျင်ထုတ်လုပ်မှုတွေ နှေးကွေးလာခြင်းနှင့်
ရှိထားပြီးတဲ့ ကော်လာဂျင်တွေဟာ ပျက်စီးလာတဲ့အတွက်
ခန္ဓာကိုယ်ကြီးက တဖြည်းဖြည်းနဲ့ ကော်လာဂျင်တွေ လျော့နည်းလာရပါတယ်။
ထို့အတွက်ကြောင့် အိုမင်းခြင်းရဲ့ လက္ခဏာတွေဖြစ်တဲ့ အသားအရေပြောင်းလဲလာခြင်း၊ အရိုးအဆစ်နှင့် အရွတ်များနာကျင်ယိုယွင်းလာခြင်း၊ နှလုံးသွေးကြောဆိုင်ရာ ပြသနာများ အစရှိတဲ့ ကျန်းမာရေးနှင့် အလှပရေးရာဆိုင်ရာ မကောင်းခြင်းများနှင့် ကြုံတွေ့ရပါတယ်။

Collagen လျော့နည်း ဆုံးရှုံးခြင်းဟာ လူတိုင်း မလွဲမသွေ ကြုံတွေ့ရမယ့် အရာဖြစ်ပေမယ့် . . .

🌟ကောင်းမွန်တဲ့နေထိုင်စားသောက်မှုပုံစံတွေ ဖြစ်တဲ့
- ကျန်းမာရေးအတွက် များစွာ အထောက်ကူပြုတဲ့ အသီးအနှံ ဟင်းသီးဟင်းရွက် အသားငါးများ အလုံအလောက် စားသုံးခြင်း
- သကြားဓာတ်များစွာပါဝင်သော၊ ပြည့်ဝဆီများစွာပါဝင်သော၊ သဘာဝမှများစွာ ပြုပြင်ပြောင်းလဲထားသော အစားစာတွေကို လျှော့စားခြင်း
- ဆေးလိပ် အရက် ဘီယာ လျှော့ခြင်း
- နေရောင်နှင့် UV များမှကာကွယ်ခြင်း နှင့်

🌟နောက်တချက်က ဖြည့်စွက်ဆေးဝါးများ အကူညီဖြင့်

အရွယ်မတိုင်မီ ကော်လာဂျင်ထုတ်လုပ်မှုလျော့နည်းခြင်း နှင့် ကော်လာဂျင်ပျက်စီးခြင်းတို့ကို
အတိုင်းတာ တခုထိတော့ ကာကွယ်ပေးနိုင်ပါတယ်။
--------------------------------------------

FAME Collagen ကတော့ ပင်လယ်ငါးမှ ရရှိတဲ့ ကော်လာဂျင်ဖြစ်တယ်။
ပင်လယ်စာနှင့် ဓာတ်မတည့်သောသူများအတွက် မသင့်တော်ပါ။

ဆေးတတောင့်တွင်

1) Collagen derived from marine source 250mgနှင့်

2) Phyllanthus emblica powder ဆီးဖြူသီးမှုန့် 50mg တို့ ပါဝင်ပါတယ်။

- အသားအရေ တင်းရင်းစိုပြေလှပစေတယ်။
- ဆံသားနှင့် ခြေသည်းလက်သည်းများ ကောင်းမွန်သန်စွမ်းစေတယ်။
- ခန္ဓာကိုယ်သွယ်လျ ကျစ်လစ်စေတယ်။

ရွှေမြို့သာ ဆေးဆိုင်။
19လမ်း၊ ပုသိမ်ကြီး မီးပွိုင့်အနီး၊ မြို့သာကုန်း။

FAME product တခုဖြစ်တဲ့ခြေဖနောင့်နှင့် တံတောင်ဆစ် ကွဲအက်ခြင်း၊ အသားမာဖြစ်ခြင်းနှင့် ခြေဖနောင့်တွင် မှိုစွဲနာဖြစ်ခြင်းတို...
03/02/2023

FAME product တခုဖြစ်တဲ့

ခြေဖနောင့်နှင့် တံတောင်ဆစ် ကွဲအက်ခြင်း၊ အသားမာဖြစ်ခြင်းနှင့် ခြေဖနောင့်တွင် မှိုစွဲနာဖြစ်ခြင်းတို့ကို သက်သာစေတဲ့

သဘာဝ အသီး၊အရွက် အဆီအနှစ်များဖြင့် ဖော်စပ်ထားသော

herbal moisturizing cream

ဝယ်ယူရရှိနိုင်ပါတယ်။

ရွှေမြို့သာ ဆေးဆိုင်။
19လမ်း၊ ပုသိမ်ကြီး မီးပွိုင့်အနီး၊ မြို့သာကုန်း။

လည်ချောင်း နာခြင်း (Sore throat) နှင့် ငုံဆေးများအကြောင်း-------------------------------------------သာမန်လည်ချောင်းနာခြင...
30/12/2022

လည်ချောင်း နာခြင်း (Sore throat) နှင့် ငုံဆေးများအကြောင်း
-------------------------------------------

သာမန်လည်ချောင်းနာခြင်း (Sore throat) ဖြစ်စေသည့် အကြောင်းတရားတွေကတော့

✏️Viral infection ကြောင့် (e.g. Cold or flu, Sar Cov-19)

✏️Bacterial infection ကြောင့် (e.g. Strep throat)

✏️ဓာတ်မတည့်တာ သို့မဟုတ် အညစ်ကြေးများ ရှူသွင်းမိတဲ့အတွက်ကြောင့် (ဥပမာ။ ။ဆေးလိပ်ငွေ့၊ ညှော်နံ့၊ လေထုထဲမှဖုန်မှုန့်များ နှင့် ဓာတ်ငွေ့အချို့ကြောင့်)

အထက်ပါ အကြောင်းများကြောင့် အသက်ရှူလမ်းကြောင်းမှ အလိုအလျှောက် ပြန်လည် တုံ့ပြန်လာတဲ့အနေနဲ့ သွေးကြောလေးတွေကျယ်လာမယ်၊ လည်ချောင်းနံရံ အမြှေးပါးလေးတွေ နှင့် အာသီး ယောင်လာမယ် လည်ချောင်းယား/နာလာမယ် ရံဖန်ရံခါ ကွဲအက်ပြီး အရေပြား ပေါက်ပြဲလာတာမျိုးအထိ ဖြစ်လာနိုင်ပါတယ်။

လည်ချောင်းနာခြင်း (Sore throat) ဖြစ်ပေါ်ခံစားလာရပါက ဘယ်လို ဖြေရှင်းရမလဲဆိုတော့

Sore throat အများစုကတော့ ရက်အနည်းငယ်ကြာလျှင် ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအားဖြင့် အလိုလို ပျောက်ကင်းသွားတက်ပါတယ်။ ဒါပေမယ့် ဝေဒနာ ခံစားနေရစဉ် လက္ခဏာတွေ ပြေလျော့စေဘို့အတွက်. . .

✅သဘာဝနညည်းလမ်းများဖြစ်သည့်
- ရေနွေးသောက်ခြင်း
- ဆားရေနွေးဖြင့် ပလုပ်ကျင်းခြင်း
- ပျားရည် သံပုရာရည် နွေးနွေးလေး သောက်ပေးခြင်း
- အနားယူခြင်း

✅နောက်တချက်က ဆေးဝါးများဖြင့် သက်သာစေနိုင်ပါတယ်။ ငုံဆေး ငုံခြင်း၊ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးသည့် ဆေးဝါး မှီဝဲခြင်း (ဥပမာ Vitamin C, Zinc)။
-------------------------------------------

ငုံဆေးများ (Lozenges) အကြောင်း

တချို့သော ငုံဆေးတွေမှာ ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ် ကို ဟန့်တားပေးတဲ့ Antiseptic အာနိသင်ရှိတဲ့ ပါဝင်ပစ္စည်းတွေ ပါဝင်ကြပါတယ်။
ဥပမာ
Strepsil, Chericof တို့မှာပါဝင်တဲ့
-Dichlorobenzyl alcohol နှင့်
-Amylmetacresol
Degirol မှာပါဝင်တဲ့
-Diqualinium chloride

ငုံဆေးတော်တော်များများမှာတော့ menthol တို့ peppermint oil တို့ ပါဝင်ပါတယ်။ သူတို့ကတော့ လည်ချောင်းတလျှောက်မှာ ပျော်ဝင်ပြီး slivary ပိုထွက်လာစေခြင်းအားဖြင့် လည်ချောင်းကို အစိုဓာတ်ရစေတယ်၊ ချောမွေ့စေတယ်၊ ထို့အတွက်ကြောင့် အမှုန်အမွှားတွေ ပိုးမွှားတွေကို ရှင်းထုတ်ပေးနိုင်တယ် (ပိုးမွှားတွေက ခြောက်သွေ့တဲ့ အနေထားမှာ ပိုပြီးတော့လည်း ပေါက်ပွားလွယ်ပါတယ်)။ Cooling sensation ရစေတာမို့ နာကျင်တဲ့ ဝေဒနာ နှင့် ယားယံခြင်းကိုလည်း ပြေလျော့စေတယ်။ သွေးကြောလေးတွေကို ကျဉ်းစေတဲ့ အာနိသင် (decongestant action) လည်းရှိပါတယ်။
-------------------------------------------
အောက်ပါ Brand တချို့ကို ပါဝင်ပစ္စည်း အာနိသင်နှင့်တကွ ဖော်ပြပေးလိုက်ပါတယ်။

ရွှေမြို့သာ ဆေးဆိုင်။
19လမ်း၊ ပုသိမ်ကြီး မီးပွိုင့်အနီး၊ မြို့သာကုန်း။

လိပ်ခေါင်းဖြစ်နိုင်ခြေအလားအလာ လူတိုင်းမှာရှိပါသလား?-------------------------------------------👉အမျှင်ဓာတ် အလုံအလောက် စား...
27/12/2022

လိပ်ခေါင်းဖြစ်နိုင်ခြေအလားအလာ လူတိုင်းမှာရှိပါသလား?
-------------------------------------------

👉အမျှင်ဓာတ် အလုံအလောက် စားပေးပါ။ ရေသောက် မနည်းပါစေနဲ့။
(ဝမ်းမချုပ်အောင်)

👉အပျော့စား လေ့ကျင့်ခန်းလေး (လမ်းလျှောက်ခြင်းကဲ့သို့) ပုံမှန် လုပ်ပေးပါ။ အထိုင်များတာမျိုး ရှောင်ပါ။ ကိုယ်လက်လှုပ်ရှားမှု ရှိပါစေ။
(သွေးလည်ပတ်မှုကောင်းစေရန်)

👉အလေးပင် မ တာတွေ နှင့် လေ့ကျင့်ခန်း အပြင်းစားတွေ မလုပ်ရ။ အချိန်ကြာမြင့်စွာ စောင့်ကြောင့်ထိုင်ခြင်း မပြုရ။

👉ဝမ်းသွားချင်လာပါက toilet သို့ချက်ချင်းသွားပါ။ အောင့်ထားတာမျိုး မလုပ်ရ။ toilet ထဲမှာ လိုအပ်တာထက် အချိန်အကြာကြီး ပိုမထိုင်ရ။ toilet သွားတဲ့အခါ မိမိ ခန္ဓာကိုယ်ရဲ့ စကားကို အပြည့်အဝ နားထောင်ပါ။ ဆိုလိုတာက တကယ်သွားချင်မှ ညှစ်ပါ။ စွတ်အတင်း အားသုံးပြီး မညှစ်ပါနဲ့။

👉ကျန်းမာရေးနှင့် ညီညွတ်သော အစားစာများကို စားသုံးပြီး ကိုယ်ခံအားကောင်းပြီး အာဟာရပြည့်ဝနေပါစေ။ ညဘက် စောစောအိပ် မနက် စောစောထပြီး အိပ်ရေး ဝဝ ရှိပါစေ။

ဘာအတွက်လဲဆိုတော့ မြန်မာလို လိပ်ခေါင်းလို့ခေါ်တဲ့ hemorrhoid (piles) ဖြစ်လာနိုင်ခြေ နည်းစေဘို့အတွက်ပါ။

တကယ်တော့ hemorrhoid ဆိုတာ လူတိုင်းမှာ ရှိပါတယ်။ သူက အစာဟောင်းအိမ်လမ်းကြောင်းရဲ့ အောက်ခြေ (စအို) မှာရှိတဲ့ သွေးပြန်ကြောမျှင် အစုအဝေးလေးပါ။ လိပ်ခေါင်းရောဂါလို့ သက်မှတ်တဲ့ အနေအထား ဘယ်ချိန်မှာ ဖြစ်လာလဲဆိုတော့ သွေးပြန်ကြောလေးတွေ ယောင်လာပြီး ဖောလာဖောင်းလာတာကနေ တချိန်တည်းမှာ ကြွက်သားနှင့် အရေပြားကပါ ဖောယောင်လာပြီး အလုံး အဖုလေးအဖြစ် ထွက်ပေါ်လာကာ လူကို ဒုက္ခပေးလာပါတယ်။ သွေးယိုတာ နာကျင်တာ ယားတာတွေ စတဲ့ အနေအထားကို လိပ်ခေါင်း (piles) ထွက်လာတယ် လို့သက်မှတ်ကြတာပါ။ နောက်ပိုင်းမှာ သွေပြန်ကြောထုံးလေးထဲမှာ သွေးခဲသွားတာမျိုးထိ ဖြစ်တက်ပါတယ်။ လမ်းကြောင်းရဲ့ အတွင်းပိုင်းနှင့် အပြင်ဘက်ပိုင်းမှာပါ ဖြစ်တက်ပါတယ်။

အသက်ရွယ် ရလာတာနှင့်အမျှ လိပ်ခေါင်းဖြစ်နိုင်ခြေ ပိုရှိလာပါတယ်။ အနားတဝိုက်မှာရှိတဲ့ တစ်ရှူးတွေ ကြွက်သားတွေက အားလျော့လာတဲ့ အတွက်ကြောင့်ပါ။

ကိုယ်ဝန်ဆောင်တွေမှာလည်း ဖြစ်နိုင်ခြေပိုရှိပါတယ်။ ကိုယ်ဝန်ကြောင့် အနားတဝိုက်က သွေးပြန်ကြောလေးတွေကို ပိုပြီး ဖိအားဖြစ်စေတဲ့ အတွက်ကြောင့်ပါ။

ဒါ့ကြောင့် သွေးပြန်ကြောလေးတွေ ယောင်ယမ်းမလာစေဘို့ သူ့ကို ဖိအားတွေ ဖြစ်မလာစေအောင် အထက်ပါ ဆောင်ရန် ရှောင်ရန် တွေကို လိုက်နာသင့်ပါတယ်။

တချို့အနေအထားမှာဆိုရင် အထက်မှာပြောထားသလို life style ပြောင်းလဲလိုက်ရုံ ဆေးသောက်ရုံဖြင့် ထိန်းချုပ်နိုင်ပါတယ်။ တချို့အခြေနေမှာတော့ ခွဲစိတ်ရတဲ့ အထိ လိုအပ်လာနိုင်ပါတယ်။ စောစောသိ စောစောကုသလျှင် ပိုကောင်းတာမို့ တခုခုဆို ဆွေးနွေးတိုင်ပင်ဘို့ ဆေးခန်းပြဘို့ ဝန်မလေးပါနှင့်။

အောက်ပါ Daflon 500mg ဆိုတဲ့ ဆေးကတော့ လိပ်ခေါင်းမှာလည်း ဆရာဝန်ညွှန်ကြားချက်ဖြင့် သုံးနိုင်တဲ့ ဆေးဖြစ်ပါတယ်။ သူ့ရဲ့ လုပ်ဆောင်ချက်ကတော့ သွေးပြန်ကြောလေးတွေရဲ့ ညှစ်အားကို သန်မာစေခြင်းအားဖြင့် သွေးပြန်ကြောလေးတွေကို တောင့်တင်းကျန်းမာစေပြီး သွေးလည်ပတ်မှုကို ပြန်လည်ကောင်းမွန်လာစေပါတယ်။

ရွှေမြို့သာ ဆေးဆိုင်။
19လမ်း၊ ပုသိမ်ကြီး မီးပွိုင့်အနီး၊ မြို့သာကုန်း။

ကလေးများအတွက် အဖျားကျ/ကိုယ်ပူကျ Paracetamol ဆေးရည်။ရွှေမြို့သာ ဆေးဆိုင်။19လမ်း၊ ပုသိမ်ကြီး မီးပွိုင့်အနီး၊ မြို့သာကုန်း။
24/12/2022

ကလေးများအတွက် အဖျားကျ/ကိုယ်ပူကျ Paracetamol ဆေးရည်။

ရွှေမြို့သာ ဆေးဆိုင်။
19လမ်း၊ ပုသိမ်ကြီး မီးပွိုင့်အနီး၊ မြို့သာကုန်း။

ကလေးငယ်လေးတွေရဲ့ အဖျားအတွက် ဆောင်ထားသင့်တာလေးတွေ✅ကိုယ်ပူချိန်တိုင်း ကိရိယာ။✅ကိုယ်ပူကျ Cooling gel (နဖူးကပ် ဂျယ်)✅လျှင်မြ...
23/12/2022

ကလေးငယ်လေးတွေရဲ့ အဖျားအတွက် ဆောင်ထားသင့်တာလေးတွေ

✅ကိုယ်ပူချိန်တိုင်း ကိရိယာ။

✅ကိုယ်ပူကျ Cooling gel (နဖူးကပ် ဂျယ်)

✅လျှင်မြန်စွာ ကိုယ်ပူကျစေတဲ့ ဒုံးကျည်တောင့်🚀

✅Paracetamol ကိုယ်ပူကျ ဆေးရည်။

ရွှေမြို့သာ ဆေးဆိုင်။
19 လမ်း၊ ပုသိမ်ကြီး နာရီစင်မီးပွိုင့်အနီး၊ မြို့သာကုန်း။

ဆီးချိုတိုင်း ကိရိယာ။Thada စက်  -  7000 ks(Test strip -50's ပါတဘူး -22000ks)Sinocare Safe Accu - 35000ks(Test strip - 50...
22/12/2022

ဆီးချိုတိုင်း ကိရိယာ။

Thada စက် - 7000 ks
(Test strip -50's ပါတဘူး -22000ks)

Sinocare Safe Accu - 35000ks
(Test strip - 50's ပါတဘူး 30000ks)

Sinocare Safe AQ Voice - 35000ks
(Test strip - 50's ပါတဘူး 29000ks)

ရွှေမြို့သာ ဆေးဆိုင်။
19လမ်း၊ ပုသိမ်ကြီး နာရီစင်မီးပွိုင့် အနီး၊ မြို့သာကုန်း။

သံဓာတ်အားဆေးကိုမှသံဓာတ်အပြင်ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးတဲ့ Zinc နဲ့ အစားစားချင်စိတ်ကို ဖြစ်စေတဲ့ Lysine ရယ် Vitamin B...
15/12/2022

သံဓာတ်အားဆေးကိုမှ
သံဓာတ်အပြင်
ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးတဲ့ Zinc နဲ့ အစားစားချင်စိတ်ကို ဖြစ်စေတဲ့ Lysine ရယ်
Vitamin B complex တို့
ပေါင်းစပ် ပါဝင်ထားတဲ့ Ferofort သံဓာတ်အားဆေး။


ရွှေမြို့သာ ဆေးဆိုင်။
19လမ်း၊ ပုသိမ်ကြီး နာရီစင်မီးပွိုင့်အနီး၊ မြို့သာကုန်း။

Evening Primose Oil (EPO) ရဲ့ များစွာသော ကောင်းကျိုးများထဲမှာမှ အမျိုးသမီး အများစု EPOကို သောက်သုံးကြတဲ့ ရည်ရွယ်ချက်ကတော...
13/12/2022

Evening Primose Oil (EPO) ရဲ့ များစွာသော ကောင်းကျိုးများထဲမှာမှ အမျိုးသမီး အများစု EPOကို သောက်သုံးကြတဲ့ ရည်ရွယ်ချက်ကတော့

👉အသားအရေ၊ ဆံပင် နှင့် ခြေသည်း၊ လက်သည်း ကျန်းမာရေး အတွက်ရယ်

👉နောက်ထပ် အဓိကကျတဲ့ တချက်ကတော့ Premenstrual Syndrome (PMS) လို့ခေါ်တဲ့ ဓမ္မတာ မလာမီ (နှစ်ပါတ်လောက်အတွင်း) မှာ ဖြစ်ပေါ် ခံစားရလေ့ရှိတဲ့ လက္ခဏာများကို ကာကွယ်ရန် အတွက် ဖြစ်ပါတယ်။

--------------------------------------------

PMS ရဲ့ လက္ခဏာတွေကတော့

▶️ စိတ်ခံစားမှုဆိုင်ရာတွေ ဖြစ်တဲ့ စိတ်လှုပ်ရှားတာ၊ ဒေါသထွက်လွယ်တာ၊ စိတ်အလိုမကျဖြစ်တာ၊ စိတ်ဓာတ်ကျတာ၊ အိပ်မပျော်တာ၊ အစာစားချင်စိတ် ပုံမမှန်တာ၊ ဝမ်းနည်း ခံစားလွယ်တာ အစရှိတာတွေ နှင့်

▶️ရုပ်ပိုင်းဆိုင်ရာတွေကတော့ ပင်ပန်းနွမ်းနယ်ပြီး နုံးတာ၊ ခေါင်းမူးတာ၊ ကိုယ်လက် မအီမသာဖြစ်တာ၊ ကြွက်သားနဲ့ အဆစ်တွေ ကိုက်ခဲတာ၊ ဝမ်းဗိုက်ပွတာ၊ ရင်သားတင်း/နာကျင်တာ၊ ဝက်ခြံထွက်တာ အစရှိတာတွေ ဖြစ်ကြပါတယ်။

ဒီလက္ခဏာတွေ ဖြစ်ရတဲ့ အကြောင်းရင်းခံကတော့ ဟော်မုန်း အပြောင်းအလဲကြောင့်ပါ။

အမျိုးသမီးများရဲ့ လစဉ်စက်ဝန်းမှာ သားဥကြွေပြီးချိန်တွေမှာ ဆိုရင် Estrogen နှင့် Progesterone ဟော်မုန်းတွေဟာ အမြင့်ဆုံးထိ ရောက်ရှိလာပြီး လျှင်မြန်စွာ ကျဆင်းလာခြင်းရဲ့ အကျိုးဆက်တွေကြောင့်ပါ။

--------------------------------------------

EPO မှာ အဓိကအနေဖြင့် Gama linolenic acid (GLA) များစွာပါဝင်တဲ့အတွက် ကျန်းမာရေး ကောင်းကျိုးတွေ များစွာ ပေးစွမ်းနိုင်တာပါ။

✏️ GLA ဟာ အရေပြားဖွဲ့စည်းတည်ဆောက်ရာမှာ လိုအပ်တဲ့ အဆီတမျိုးဖြစ်တဲ့အတွက် အသားရေ စိုပြေခြင်း၊ နူးညံ့ချောမွတ်စေခြင်း အစရှိတဲ့ အသားရေ ကျန်းမာရေကို ကောင်းမွန်စေပါတယ်။

✏️ GLA နဲ့ အမျိုးသမီးတွေ ဓမ္မတာ မလာမီမှာ ဖြစ်တက်တဲ့ လက္ခဏာ PMS နှင့်လည်း ဆက်စပ်နေပါတယ်။

အတိုဆုံး ချုပ်ပြောရမယ်ဆိုလျှင် . . .

PMS ဖြစ်တဲ့ အမျိုးသမီးအများစုမှာ Prostaglandin E1 (PGE1) နည်းနေတာကို တွေ့ရတက်တယ်။

GLA ဟာ PGE1 ဖြစ်မယ့်သူ တနည်း အလွယ်ပြောရရင် PGE1 တွေ ပိုများစေတဲ့အတွက်
PMS ဖြစ်တဲ့သူတွေမှာ GLA သောက်သုံးခြင်းဖြင့် ခံစားရတဲ့ လက္ခဏာတွေ သက်သာလာတာကို တွေ့ရပါတယ်လို့ သုတေသန ရလဒ်တွေအရ သိထားကြပါတယ်။

--------------------------------------------

Eposoft soft gel capsule တတောင့်မှာ

▶️ EPO 1000mg (GLA 100mgနှင့် ညီမျှသော) နှင့်
▶️Vitamin E 5mg တို့ ပါဝင်ပါယ်။

🌟 နောက်ဆုံး တချက်အနေနဲ့ ပြောချင်တာလေး ကတော့ GLA ကို ခန္ဓာကိုယ်မှ မထုတ်လုပ်နိုင်သလို သိုလှောင် သိမ်းစည်းထားစရာ နေရာလည်းမရှိတဲ့ အတွက်ကြောင့် တနေ့တာလိုအပ်ချက်ကို နေ့စဉ် အစားစာမှ (မပြည့်ဝဆီ ပါဝင်သောအစားစာများ) သို့မဟုတ် ဆေးဝါးမှ တဆင့် ရရှိနိုင်ပါတယ်။





ရွှေမြို့သာ ဆေးဆိုင်။
19လမ်း ၊ ပုသိမ်ကြီး နာရီစင်မီးပွိုင့်အနီး ၊ မြို့သာကုန်း။

သွေးပေါင်ချိန် အတက်/အကျ တိုင်းဟာ အချိန်မီ သိနေရမည့် အရေးကြီးတဲ့ ကျန်းမာရေး အချက်ပြမှု တခု ဖြစ်တဲ့အတွက်ကြောင့် သွေးတိုးသမ...
21/10/2022

သွေးပေါင်ချိန် အတက်/အကျ တိုင်းဟာ အချိန်မီ သိနေရမည့် အရေးကြီးတဲ့ ကျန်းမာရေး အချက်ပြမှု တခု ဖြစ်တဲ့အတွက်ကြောင့် သွေးတိုးသမား ရှိသည် ဖြစ်စေ မရှိသည်ဖြစ်စေ အိမ်တိုင်းမှာ သွေးပေါင်ချိန် တိုင်းကိရိယာ လေးတော့ ရှိထားသင့်ပါတယ်။

Rio အမှတ်တံဆိပ် digital blood pressue monitor လိုအပ်ပါက ဆိုင်မှာ ဝယ်ယူ ရရှိနိုင်ပါတယ်။

ရွှေမြို့သာ ဆေးဆိုင်။
19 လမ်း ၊ ပုသိမ်ကြီး မီးပွိုင့် အလွန် ၊ မြို့သာကုန်း။

Vitamin C တနေ့တာ လိုအပ်ချက် ပမာဏလေးတွေ နှင့် အသီးအနှံတချို့မှာ ပါဝင်တဲ့ ပမာဏ တန်ဘိုး အချို့ကို ဖော်ပြပေးလိုပါတယ်။-------...
15/10/2022

Vitamin C တနေ့တာ လိုအပ်ချက် ပမာဏလေးတွေ နှင့် အသီးအနှံတချို့မှာ ပါဝင်တဲ့ ပမာဏ တန်ဘိုး အချို့ကို ဖော်ပြပေးလိုပါတယ်။
--------------------------------------------

ပုံမှန်အားဖြင့် တနေ့တာမှာ နေ့စဉ် Vitamin C လိုအပ်ချက် ပမာဏတွေကတော့ . . .

အသက် 19 နှစ် နှင့် အထက်

➡️ အမျိုးသားတွေက 90 mg လောက် လိုအပ်ပါတယ်။

➡️ အမျိုးသမီးတွေက 75 mg လောက် လိုအပ်ပါတယ်။

➡️ နို့တိုက် မိခင် နှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ ကတော့ 85mg - 120 mg လောက်အထိ လိုအပ်ပါတယ်။

➡️ ဆေးလိပ်သောက်သူတွေကတော့ ပုံမှန် လိုအပ်ချက်ထက် 35 mg ပိုလိုအပ်ပါတယ်။

အမြင့်ဆုံး ပမာဏကတော့ 2000 mg ပါ။ ပုံမှန် အားဖြင့် သွေးထဲမှာ Vitamin C ပြည့်ဝနေရင် စားသုံးလိုက်တဲ့ Vitamin C ရဲ့ အူလမ်းကြောင်းမှ စုပ်ယူမှုကို အလိုအလျောက် လျော့နည်းသွားစေပြီး စွန့်တဲ့အထဲ ရောက်သွားစေပါတယ်။ ဒါပေမယ့် ပမာဏ အရမ်းများလျှင်တော့ ဘေးဥပါတ်ဖြစ်စေနိုင်ပါတယ်။
--------------------------------------------

အသီးအနှံတွေမှာ ပါဝင်တဲ့ Vitamin C ပမာဏ တချို့ကိုလည်း ဖော်ပြ ပေးလိုပါတယ်။

🍓 စတော်ဘယ်ရီ 100 g မှာ တနေ့တာ Vit C လိုအပ်ချက်ရဲ့ 71%လောက် ပါဝင်ပါတယ်။

🍊 လိမ္မော်သီး 100 g မှာ တနေ့တာ Vit C လိုအပ်ချက်ရဲ့ 64% လောက် ပါဝင်ပါတယ်။

🍍 နာနတ်သီး 100 g မှာ တနေ့တာ Vit C လိုအပ်ချက်ရဲ့ 58% လောက် ပါဝင်ပါတယ်။

🥝 ကီဝီသီး တလုံး (80 g အရွယ်လောက်) မှာ Vit C 47 mg လောက် ပါဝင်ပါတယ်။

🧄 ကြက်သွန်ဖြူ 100 g မှာ တနေ့တာ Vit C လိုအပ်ချက်ရဲ့ 38% လောက် ပါဝင်ပါတယ်။

🥑 ထောပတ်သီး 100 g မှာ တနေ့တာ Vit C လိုအပ်ချက်ရဲ့ 10-19% လောက် ပါဝင်ပါတယ်။

🍅 ခရမ်းချဉ်သီး 100 g မှာ တနေ့တာ Vit C လိုအပ်ချက်ရဲ့ 17% လောက် ပါဝင်ပါတယ်။

🍉 ဖရဲသီး 100 g မှာ တနေ့တာ Vit C လိုအပ်ချက်ရဲ့ 10% လောက် ပါဝင်ပါတယ်။

🍌 ငှက်ပျောသီး 100 g မှာ တနေ့တာ Vit C လိုအပ်ချက်ရဲ့ 10% လောက် ပါဝင်ပါတယ်။

🍎 အနေတော် အရွယ် ပန်းသီးတလုံး (200 g အရွယ်လောက်) မှာ တနေ့တာ Vit C လိုအပ်ချက်ရဲ့ 10% လောက် ပါဝင်ပါတယ်။
--------------------------------------------

ဈေးကွက်မှာ တွေ့ရတဲ့ Vitamin C ဆေးတွေမှာဆိုရင် Vit C ပါဝင်တဲ့ ပမာဏတွေကတော့ . . .

C Vit BPI ဆေးတလုံးမှာ 100 mg
Vitacee ဆေးတလုံးမှာ 500 mg
Enervon C ဆေးတလုံးမှာ 500 mg
Oramin C ဆေးတလုံးမှာ 500 mg
Nat C ဆေးတလုံးမှာ 1000 mg အသီးသီးတို့ ပါဝင်ကြပါတယ်။
--------------------------------------------
ရွှေမြို့သာ ဆေးဆိုင်။
19လမ်း၊ ပုသိမ်ကြီး မီးပွိုင့်အလွန်၊ မြို့သာကုန်း။

ရေနွေးကြမ်းသောက်ရင်း ကျန်းမာရေးကောင်းကျိုးများ စံစားပါ။☕☕☕သင်ဟာ ရေနွေးကြမ်း သောက်တက်တဲ့ အလေ့အကျင့်ရှိတယ်ဆိုရင် လက်ဖတ်ခြေ...
07/10/2022

ရေနွေးကြမ်းသောက်ရင်း ကျန်းမာရေးကောင်းကျိုးများ စံစားပါ။☕☕☕

သင်ဟာ ရေနွေးကြမ်း သောက်တက်တဲ့ အလေ့အကျင့်ရှိတယ်ဆိုရင် လက်ဖတ်ခြောက်နေရာမှာ ယာကွန် ရွက်ခြောက်လေးနဲ့ အစားထိုးသောက်မယ်ဆိုရင် ကျန်းမာရေးအတွက် ပိုကောင်းတဲ့ အကျိုးတွေရနိုင်ပါတယ်။

ယာကွန် (Yacon) ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးဆယ်ကျော်လောက်က South America မှာ စတင်တွေ့ရှိ မိတ်ဆက်ခဲ့တာပါ။ သူ့ကို တိုင်းရင်းဆေးပညာမှာ ဆီးချို နှင့် အစာချေ အူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ အတွက် သုံးစွဲခဲ့ကြပါတယ်။ နောက်ပိုင်းမှာ ယာကွန်မှာပါဝင်တဲ့ ဓာတု ဓာတ်ပေါင်းတွေ နှင့် အာနိသင်တွေကို ရှာဖွေဖော်ထုတ်ခဲ့ကြတယ်။ သုတေသန လုပ်ထားတဲ့ ရလဒ်တွေအရ ဆီးချိုအပြင် တခြား ကောင်းကျိုးတွေလည်း ရှိနေတာကို တွေ့လာကြပါတယ်။ ဂျပန်၊ တောင်ကိုရီးယား နဲ့ တရုတ် နိုင်ငံတွေမှာလည်း ယာကွန်ကို တွင်တွင်ကျယ်ကျယ် သုံးစွဲလာကြပါတယ်။ ယခုဆိုရင် မြန်မာ နိုင်ငံမှာလည်း အမှတ်တံဆိပ် တချို့နဲ့ ယာကွန် အရွက်ခြောက်ကို ဖြန့်ဖြူး သုံးစွဲလာနေကြပါပြီ။

ယာကွန် မှာဆိုရင် Phenolic compounds တွေ၊ Fructo-oligosaccharides နဲ့ inulin တို့ အဓိက ပါဝင်တဲ့အတွက် များစွာသော ကျန်းမာရေး ကောင်းကျိုးတွေ ရစေပါတယ်။

သုတေသန ရလဒ်တွေအရ ၊ ယာကွန်ရဲ့ ကျန်းမာရေး ကောင်းကျိုး အာနိသင်တွေကတော့

➡️ Fructo-oligosaccharides နှင့် inulin တို့ ပါဝင်တဲ့ အတွက် သွေးတွင်းအချိုဓာတ်ကို သိသိသာသာ လျော့ကျစတေယ်။
(ဆီးချိုသမားတွေ နှင့် preဆီးချိုသမားတွေ အတွက် အထူးသင့်လျော်ပါတယ်)

➡️ သွေးတွင်း triglycerides နှင့် မကောင်းတဲ့ Low density lipoprotein LDL cholesterol ကို လျော့ကျစေတယ်။
(သွေးတိုးသမားများအတွက် အထူးသင့်လျော်ပါတယ်။ သွေးလည်ပတ်မှုကောင်းစေပြီး နောက်ဆက်တွဲ နှလုံးသွေကြောရောဂါ နှင့် သွေးပျစ် သွေးခဲခြင်းများကို ကာကွယ်ပေးတယ်။ နှလုံးကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်ပါတယ်)

➡️ Phenolic compound တွေပါဝင်တဲ့အတွက် အန်တီအောက်စီးဒင့် အာနိသင်ရှိတယ်။
(Cancer ကဲ့သို့သော ရောဂါတချို့ကို ကာကွယ်ပေးတယ်။ အိုမင်းရင့်ရော်ခြင်းကို နှေးစေတယ်။)

➡️ ရောင်ရမ်းခြင်းကို သက်သာစေတဲ့ အာနိသင် Anti-inflmmatory action ရှိတယ်

➡️ မူကြိုကလးငယ်တွေမှာ ကိုယ်ခံအား တက်လာစေတဲ့ ရလဒ်လည်းရှိပါတယ်။

➡️ ကိုယ်အလေးချိန်လျော့ကျစေပြီး အဝလွန်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။

➡️ အူလမ်းကြောင်း အတွက်လည်း ကောင်းကျိုးတွေရှိပါသေးတယ်။ Fructo-oligosaccharides ဟာ soluble fiber ဖြစ်တဲ့အတွက် အူမကြီးထဲမှာ fermented ဖြစ်ပြီး အူလမ်းကြောင်း အတွက် အကျိုးပြု ဘက်တီးရီးယားတွေ ပွားများလာစေပါတယ် (prebiotic အာနိသင်ရှိပါတယ်)။ ထို့ကြောင့် အူလမ်းကြောင်းထဲက ရောဂါဖြစ်စေတဲ့ ပိုးတွေကို ဖယ်ရှားပေးတယ်။ ဝမ်းချုပ်တာအတွက်လည်း ကောင်းမွန်တာကို တွေ့ရပါတယ်။

နောက်ထပ် ပြောချင်တဲ့ တချက်ကတော့ ယခုအချိန်ထိ ယာကွန်သုံးစွဲမှုနှင့် ပတ်သက်ပြီး ဆိုးဝါးတဲ့ မလိုလားအပ်သောဘေးထွက်ဆိုးကျိုး တစုံတရာ မရှိသေးပါ။

ဒါဆိုရင်
နောင်တရား အမှတ်တံဆိပ် ယာကွန် ရွက်ခြောက်လေးနှင့် ရေနွေးကြမ်း သောက်ကြည့်ချင်တယ်ဆိုရင်
ရွှေမြို့သာ ဆေးဆိုင်မှာ
နောင်တရား ယာကွန် ရွက်ခြောက် အထုပ်လေးတွေ လာရောက် ဝယ်ယူအားပေးနိုင်ပါတယ်။

ရွှေမြို့သာ ဆေးဆိုင်။
19လမ်း၊ ပုသိမ်ကြီးမီးပွိုင့်အလွန်၊ မြို့သာကုန်း။


အိမ်မှာ ကိုယ်တိုင် ဆီးချို စစ်ကြည့်ချင်တယ်ဆိုရင် အောက်ပါ ကိန်းဂဏန်းလေးတွေကိုတော့ သိထားသင့်ပါတယ်။မနက် အစားမစားမီ အချိန်မှ...
30/09/2022

အိမ်မှာ ကိုယ်တိုင် ဆီးချို စစ်ကြည့်ချင်တယ်ဆိုရင် အောက်ပါ ကိန်းဂဏန်းလေးတွေကိုတော့ သိထားသင့်ပါတယ်။

မနက် အစားမစားမီ အချိန်မှာ ရှိရမယ့် သွေးတွင်း အချိုဓာတ် တန်ဘိုးများကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။(အစားစားပြီးချိန်မှာ ရှိရမယ့် တန်ဘိုး သက်မှတ်ချက်နှင့်မတူပါ။)

▶️Normal blood sugar level (fasting)
မနက် အစားမစားမီ သွေးတွင်းမှာ ပုံမှန် ရှိသင့်တဲ့ အချိုဓာတ် ပမာဏ ကတော့
70 - 100 mg/dl ဖြစ်ပါတယ်။

▶️ Prediabetes
အကယ်၍ အစာမစားမီ သွေးတွင်း အချိုဓာတ်ဟာ 100 - 125 mg/dl အတွင်း ဖြစ်နေမယ်ဆိုရင် Prediabetes လို့ သက်မှတ်ပါတယ်။ ဆီးချို ဖြစ်နိုင်ခြေအလားအလာရှိတဲ့ အနေထားပါ။ နေထိုင်စားသောက်မှုပုံစံကို ပြုပြင်ပြောင်းလဲဘို့ အထူး လိုအပ်ပါတယ်။ မကြာမကြာ လည်း ဆီးချို စစ်ကြည့်သင့်ပါတယ် (အနည်းဆုံး တစ်နှစ် တစ်ကြိမ်)။

▶️ Diabetes
အစာမစားမီ သွေးတွင်း အချိုဓာတ်ဟာ 125mg/dl အထက် ရှိနေလျှင် (နောက်ရက်မှာ ထပ်စစ်ကြည့်လည်း 125mg/dl အထက်မှာရှိနေလျှင်) ဆီးချို ရှိနေတယ်လို့ သတ်မှတ်နိုင်ပါတယ်။ ဆရာဝန်နှင့် ပြသ၍ လိုအပ်တဲ့ ဆေးစစ်မှုတွေ ပြုလုပ်ပြီး ကုသမှု ခံယူသင့်ပါတယ်။

Hypoglycemia < 70 mg/dl
Normal FBS 70 - 100 mg/dl
Prediabetes 100 - 125 mg/dl
Diabetes > 125 mg/dl

မှတ်ချက်။ ။ မှတ်သားရ လွယ်ကူစေရန် ယူနစ် တစ်မျိုးတည်းသာ ဖော်ပြပေးထားပါတယ်။ ယူနစ်ပြောင်းလိုပါက 18 နှင့် စားလိုက်၍ mmol/L (ဒသမ ကိန်းဂဏန်း) သို့ ပြောင်းယူနိုင်ပါတယ်။

ရွှေမြို့သာ ဆေးဆိုင်။
19လမ်း ၊ ပုသိမ်ကြီး မီးပွိုင့်အလွန် ၊ မြို့သာကုန်း။

Address

Patheingyi

Website

Alerts

Be the first to know and let us send you an email when Shwe Myot Thar Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share