24/12/2025
MTU Green Festival Announcement
ကျွန်တော်တို့ MTU Environmental Club လေးကို စနစ်တကျလေး စတင်ဖွဲ့စည်းတော့မှာဖြစ်ပါတယ်။ Club စတင်မဖွဲ့စည်းခင်မှာ ဒီကကျောင်းသူ၊ကျောင်းသားတွေ Green Activities တွေနဲ့ ရင်းနှီးသွားဖို့ Environmental Festival လေးကို ကျွန်တော်တို့ 11th Batch က သူငယ်ချင်းတွေ ဦးဆောင်ပြီး ပြုလုပ်သွားဖို့ရှိပါတယ်။
ပွဲရဲ့ အဓိကရည်ရွယ်ချက်ကတော့ ရှိးရှင်းပါတယ်။
🌿အင်ဂျင်နီယာ၊ဗိသုကာဖြစ်လာမယ့် ကျောင်းသား၊ကျောင်းသူတွေမှာ Environmental ethics ရှိလာဖို့
🌿 ကျောင်းတွင်းတစ်ခါသုံးပစ္စည်းအသုံးပြုမှုတတ်နိုင်သလောက်လျှော့ချဖို့ပါပဲ
ပွဲမှာ ဘယ်လို activities တွေပါဝင်သွားမလဲဆိုရင်
free gift တွေအများကြီးပါမှာပါ။
မေးခွန်းတွေအမေးအဖြေလုပ်ပြီး လက်ဆောင်ယူလို့ရမယ့် အစီအစဉ်တွေ၊ recycled ပစ္စည်းတွေနဲ့ ချစ်စရာကောင်းတဲ့ ပစ္စည်းလေးတွေ ဘယ်လိုလုပ်ရမလဲဆိုတဲ့ training လေးတွေပါဝင်မှာဖြစ်ပြီး ကိုယ်တိုင်ဝင်လေ့လာပြီး အမှတ်တရပစ္စည်းတွေယူလို့ရမှာပဲဖြစ်ပါတယ်။
📌ပွဲချိန်ကလည်း Fresher Welcome နဲ့တိုက်နေမလားလို့ စိတ်ပူစရာမလိုပါဘူးဗျ။ EP Fresher Welcome ရဲ့ Lunch Break ချိန်အတွင်းမှာ ပြုလုပ်သွားဖြစ်ပါတယ်။ လက်ဆောင်တွေကတော့ အရေအတွက် အကန့်အသတ်နဲ့မို့ မြန်မြန်လေးလာဖို့တော့ လိုပါလိမ့်မယ်ဗျ။
📌လူကြောက်တတ်တဲ့ introvert တွေဆိုလည်းစိတ်ပူစရာမလိုပါဘူးနော် ။ တစ်နေရာနဲ့တစ်နေရာ ခပ်လှမ်းလှမ်းမှာ small circle လေးတွေနဲ့ အေးအေးဆေးဆေးပြုလုပ်သွားမှာမို့ introvert friendly festival လေးဖြစ်မှာပါ။
📌နေရာကတော့ Recreation Center ရှေ့မှာပါ။
စိတ်ဝင်စားတဲ့သူတွေ မနက်ဖြန် ဝင်ခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ဗျ။