Shwe Myint Mo Pharmacy

Shwe Myint Mo Pharmacy Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe Myint Mo Pharmacy, Pharmaceuticals, Pauk.

ကြက်ငှက်တုပ်ကွေးရောဂါ မကူးစက်ရန် အစားအစာပြင်ဆင်ရာတွင်သိရှိထားရမည့်အချက်များ-
19/07/2025

ကြက်ငှက်တုပ်ကွေးရောဂါ မကူးစက်ရန်
အစားအစာပြင်ဆင်ရာတွင်
သိရှိထားရမည့်အချက်များ-

🐔🐤ကြက်ငှက်တုပ်ကွေး ရောဂါအကြောင်း သိကောင်းစရာများ‼️‼️‼️🐔🐤  -WHO Myanmar
19/07/2025

🐔🐤ကြက်ငှက်တုပ်ကွေး ရောဂါအကြောင်း သိကောင်းစရာများ‼️‼️‼️🐔🐤

-WHO Myanmar

 #ရေကျောက် ရောဂါ********************ဆောင်းအကုန် နွေအကူး နွေဦးကာလ အပူအအေးမညီမျှသောရာသီဥတုတွင် ရေကျောက်ပေါက်တတ်သည်။ ဖြစ်ပ...
19/04/2024

#ရေကျောက် ရောဂါ
********************
ဆောင်းအကုန် နွေအကူး နွေဦးကာလ အပူအအေးမညီမျှသောရာသီဥတုတွင် ရေကျောက်ပေါက်တတ်သည်။ ဖြစ်ပွားသူ၉၀ ရာခိုင်နှုန်းမှာ
၄ နှစ် နှင့် ၁၀ နှစ်ကြားကလေးများတွင်ဖြစ်တတ်သည်။ကျန်၁၀ ရာခိုင်နှုန်းမှာလူငယ်လူရွယ်တွင်ဖြစ်တတ်သည်။
တစ်ကိုယ်လုံး ကုလားပဲစေ့ခန့် အပြည်ဝတ်ဆံပါသောအဖုငယ်လေးများ ထွက်သည်။
နားနောက်တွင်ပြည်ဖုများထွက်ပြီးလျှင်ရေကျောက်အင်္ဂါစုံသည်ဟုဆိုသည်။
သုံးရက်ထိအဖုများထွက်ပြီးနောက်၊၇ ရက်ကြာလျှင် အဖုများအလိုအျလျာက်ညိုးပြီးပျောက်သွားတတ်သည်။(Varicella Zoster)ခေါ်DNAဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့်ဖြစ်သည့်ကူးစက်ရောဂါတစ်မျိုးဖြစ်သည်။

~ရေနွေးနှင့်ရေချိုးပေးပါ/ရေနွေးဝတ်နှင့်ရေပတ်တိုက်ပါ။

~အုန်းရည်သည် အရေပြားကျန်းမာရေးအတွက်အထောက်အကူပြုသဖြင့် ရေကျောက်သာမက ကျောက်ကြီးရောဂါ၊ဝက်သက်ရောဂါများအတွက်
အုန်းရည်အဝသောက်ပေးခြင်းဖြင့်သက်သာစေပါသည်။

~သင်္ဘောသီး၊နာနတ်သီး၊စပျစ်သီးများစားပေးခြင်းကအရေပြားအတွက်အထောက်အကူပြုပေးပါသည်။

~မုန့်ဖုတ်ရာတွင်သုံးသည့် ဆားဆော်ဒါ
လဖက်ရည်တစ်ဇွန်းကိုရေဖျော်၍ အဖုအပိန့်လေးများကိုတို့ပေးခြင်းဖြင့် ယားယံခြင်းမှ သက်သာစေနိုင်သည်။

~လည်ချောင်းနာပါက ဆားရည် ဖြင့်အာလုတ်ကျင်းပေးနိုင်သည်။

~ရေကျောက်ပေါက်ခါစ၌ နံ့သာဖြူကိုရေစိမ်၍ခုနှစ်ရက်မျှလိမ်းပျံပေးပါကကျောက် အနည်းငယ်သာထွက်သည်။

~မုရားကြီးရွက်အရည်ညစ်ပြီး ဟင်းစားဇွန်း နှစ်ဇွန်း
တစ်နေ့ သုံးကြိမ်သောက်ပါ။

~တမာရွက်ပြုတ်ရည် ဖြင့်ဖန်ရည်ဆေးပြီး နံသာဖြူ
နံ့သာနီလိမ်းပေးပါ။

~ဆီးဖြူသီး၊ဆင်သမနွယ်၊ရှမ်းဆေးခါး ပြုတ်ရည်တွင် ဆားလှော်အနည်းငယ်ခတ်သောက်ပါ။

~ရေကျောက်ပေါက်၍လည်ချောင်းနာပါက
ဆီးဖြူသီးနှင့်မည်စည်ခေါက်ကိုပြုတ်၍ငုံပေးပါ၊
ပျားရည်နှင့်ရောစပ်၍သောက်ပါ။

~မျက်စိ၌ ရေကျောက်ပေါက်သော် မည်စည်ခေါက်နှင့် နနွင်းတက်သွေးလိမ်းပါ။

ရေများများသောက်ခြင်း သန့်ရှင်းလတ်ဆတ်သောအသီးအရွက်များစားခြင်းကရောဂါလက္ခဏာကိုသက်သာစေသည့်အပြင်ကိုယ်ခံအားကိုကောင်းစေပါသည်။

ရေကျောက်၊ ကျောက်ကြီး ရောဂါ၊ဝက်သက်
စသည့်အပူနာများအတွက် ကြိုတင်ကာကွယ်သည့်
အနေဖြင့်၊
~ခံတက်ရွက်ကို သကြား/ထန်းလျက်/ပျါးရည်
သင့်ရာတစ်မျိုးမျိုးဖြင့် ပြုတ်၍ကျို၍သောက်သုံး
ခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်ပါသည်။

မူရင်းတင်သူအား-crd ပေးပါတယ်

#ဆေးနည်းမျှဝေသူpageမှမျှဝေပါသည်

တုပ်ကွေးမဖြစ်အောင် ကာကွယ်နည်း ၅ နည်းနှင့် တုပ်ကွေးဖြစ်လျှင် လုပ်သင့်တဲ့အချက် ၅ ချက်       Poster ဒေါင်းလုပ်ရယူရန် > http...
23/12/2023

တုပ်ကွေးမဖြစ်အောင် ကာကွယ်နည်း ၅ နည်းနှင့်
တုပ်ကွေးဖြစ်လျှင် လုပ်သင့်တဲ့အချက် ၅ ချက်



Poster ဒေါင်းလုပ်ရယူရန် >

https://cdn.who.int/media/images/default-source/wco_myanmar/5-ways-to-avoid-getting-flu_mmr.jpg?sfvrsn=13c83975_3

https://cdn.who.int/media/images/default-source/wco_myanmar/5-things-to-do-if-you-have-the-flu_mmr.jpg?sfvrsn=d2f97ba0_5

19/12/2023

ဆောင်းတွင်းမှာ အသားပတ်ခြင်း

ဆောင်းတွင်းရောက်လာတဲ့အခါ လူတော်တော်များများက အသားပတ်ခြင်းကို ခံစားကြရပါတယ်။ တကယ်တော့ အသားပတ်ခြင်းဆိုတာ ဆောင်းတွင်းမှာတင်မဟုတ်ပဲ စိုထိုင်းဆနည်းပြီး လေအရမ်းတိုက်တဲ့အချိန်တွေ၊ ရာသီဥတုအရမ်းပူပြီး လေတိုက်တဲ့အချိန်တွေမှာလည်း အဖြစ်များတတ်ပါတယ်။

အသားပတ်တယ်ဆိုတာ အရေပြားမှာရှိတဲ့ အစိုဓာတ်တွေခမ်းခြောက်ပြီး အရေပြားတွေ ခြောက်သွေ့ကာ အရေခွံကွာတာ၊ အရေပြားကွဲအပ်တာမျိုးတွေ ဖြစ်လာတာမျိုးပါ။

အသားပတ်ခြင်းက ပြင်ပလေနဲ့ထိတွေ့မှုများတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေဖြစ်တဲ့ မျက်နှာ၊ ခြေ၊ လက် နေရာတွေမှာ ပိုအဖြစ်များပါတယ်။ အထူးသဖြင့် ဆောင်းရာသီ အရမ်းအေးတဲ့ဒေသတွေမှာ အဖြစ်များပါတယ်။ အသားခြောက်တဲ့အဆင့်ထက်ကျော်ပြီး အသားပတ်လာပြီဆိုရင်တော့ Moisturizer တွေ Lotion တွေ လိမ်းရုံနဲ့တင် မရတော့ပါဘူး။ ဒါကြောင့် အသားပတ်တာ ပျောက်ကင်းစေမယ့် အလွယ်ကူဆုံးနည်းလမ်းများကို မျှဝေပေးလိုက်ပါတယ်။

၁) အုန်းဆီ - အုန်းဆီကို အပူပေးပြီး နွေးလာပြီဆိုရင် အသားပတ်တဲ့နေရာကို ဖိလိမ်းပေးပါ။ အသားပတ်တာကို သိသိသာသာ ပျောက်ကင်းစေပါတယ်။

၂) ပျားရည် - ဒီနည်းလမ်းကတော့ မျက်နှာမှာအသားပတ်ရင် Oil တွေနဲ့မတည့်တဲ့သူတွေအတွက် အဆင်ပြေပါတယ်။ ပျားရည်ကိုယူပြီး အသားပတ်တဲ့နေရာကို လိမ်းပေးပါ။ မိနစ်၃၀ ထားပြီးမှ ရေနဲ့ပြန်သန့်စင်ပါ။ ပြီးရင် မျက်နှာကို Moisturizer ပြန်လိမ်းထားပေးပါ။

၃) သံလွင်ဆီ - သံလွင်ဆီကို အသားပတ်တဲ့နေရာမှာ ပွတ်ပြီးလိမ်းပေးရင် အသားပတ်တာ၊ အသားခြောက်တာကို သိသိသာ ပျောက်ကင်းစေနိုင်ပါတယ်။

၄) သစ်သီးဝလံများစားပါ - ဆောင်းရာသီမှာ အရည်ရွှမ်းတဲ့ သစ်သီးဝလံများ စားသုံးခြင်းဟာလည်း ခန္ဓာကိုယ်ကို ရေဓာတ်ရရှိစေပြီးတော့ အသားပတ်ခြင်းကို ကာကွယ်ပေးပါတယ်။

၅) ရေများများသောက်ပါ - ရေကို တစ်နေ့အနည်းဆုံး ၃လီတာလောက် သောက်ပေးသင့်ပါတယ်။ ရေသောက်ခြင်းက ကိုယ်ခံအားကိုကောင်းမွန်စေပြီးတော့ အသားပတ်ခြင်းကင်းဝေးပြီး အသားအရေခြောက်သွေ့ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။


 #အိမ်နီးချင်းနိုင်ငံတွေမှာ ပြန်ပြီးဖြစ်လာတဲ့ကိုဗစ်🦠အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းနိုင်ငံနဲ့ စင်ကာပူနိုင်ငံတွေမှာ ...
15/12/2023

#အိမ်နီးချင်းနိုင်ငံတွေမှာ ပြန်ပြီးဖြစ်လာတဲ့ကိုဗစ်

🦠အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းနိုင်ငံနဲ့ စင်ကာပူနိုင်ငံတွေမှာ နိုဝင်ဘာလကုန်ပိုင်းနဲ့ ဒီဇင်ဘာလဆန်းပိုင်းတွေမှာ ကိုဗစ်လူနာတွေ၊ ကိုဗစ်ကြောင့် ဆေးရုံတက်ရတဲ့ လူနာတွေ ပြန်များလာတာကို တွေ့ရပါတယ်။

လက်ရှိမှာ အမေရိကန် CDC ရဲ့ စစ်တမ်းတွေအရ သိရတာက ကိုဗစ်မျိုးစိတ်သစ်ဖြစ်တဲ့ JN.1 က ဒီဇင်ဘာလ ၈ ရက်နေ့ကနေစပြီး အမေရိကန် ပြည်ထောင်စုမှာ ဖြစ်ပွားနေတဲ့ ကိုဗစ်ကူးစက်မှုတွေထဲက ၁၅% ကနေ ၂၉ % လောက်အထိရဲ့ လက်သည် ဖြစ်လို့နေပါတယ်။

ဒီမျိုးစိတ်က လက်ရှိမှာ ကူးစက်မှု အများဆုံးဖြစ်စေတဲ့ မျိုးစိတ်ပါ။ စင်ကာပူနိုင်ငံမှာဆိုရင် လတ်တလောဖြစ်နေတဲ့ ကိုဗစ်လူနာတွေရဲ့ ၆၀%က JN.1 ကြောင့်ဖြစ်သလို ထိုင်းနိုင်ငံမှာလည်း အလားတူပဲ ဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်းဒေသတွေနဲ့ အတ္တလန်တိတ်အလယ်ပိုင်းတွေမှာပါ တွေ့နေရတာ ဖြစ်ပါတယ်။

JN.1 က အိုမီခရွန်ရဲ့ မျိုးဆက်ဖြစ်တဲ့ BA.2.86 lineageအောက်က ဖြစ်ပါတယ်။ ဒါကြောင့် သိပ်ပြီးဆိုးဝါးနိုင်ဖွယ်တော့ မရှိပါဘူး။

ဒါပေမယ့် အိုမီခရွန်တို့ မျိုးဆက်သဘာဝအတိုင်း ကိုယ်ခံအားကို ရှောင်တိမ်းနိုင်သလို ကူးစက်နှုန်းလည်း မြန်နိုင်ဖွယ် ရှိပါတယ်။ JN.1 က ဒီလို အစွမ်းတွေ ရှိနေပေမယ့်တောင် လတ်တလော ဖြစ်ပွားနေတဲ့ မျိုးစိတ်တွေထက် ပိုပြီး ပြင်းထန်နိုင်မယ့် အခြေအနေကိုတော့ မတွေ့ရသေးပါဘူး။
ကာကွယ်ဆေးတွေ၊ ကုသဆေးတွေကလည်း အရင်မျိုးစိတ်တွေအတိုင်းပဲ အတူတူအာနိသင်ပေးနိုင်မှာ ဖြစ်ပါတယ်။

JN. 1ရဲ့ လက္ခဏာတွေက အခြား မျိုးစိတ်တွေကြောင့် ဖြစ်တဲ့ လက္ခဏာတွေနဲ့ ကွာခြားတာမျိုး မရှိပါဘူး။ လူတစ်ယောက်ချင်းစီရဲ့ ကိုယ်ခံအား အခြေအနေပေါ်မှာ လိုက်ပြီး ရောဂါအခြေအနေ ပြင်းထန်မှုတော့ ကွာခြားနိုင်ပါတယ်။

တကျော့ပြန်ကိုဗစ်ဖြစ်လာရတာက နှစ်ကုန်ပိုင်းဆိုတော့ လူစုလူဝေးနဲ့ ပွဲလမ်းသဘင်တွေ ကျင်းပကြတာ၊ တခြားနိုင်ငံတွေမှာ အေးတဲ့အတွက် အိမ်ထဲမှာ အစုလိုက် အနေများတာကြောင့် ဖြစ်နိုင်ဖွယ်ရှိပါတယ်။ ခရီးသွားရာသီလည်း ဖြစ်တာကြောင့် ပါပါတယ်။

⚠️⚠️⚠️မြန်မာနိုင်ငံအတွက် သတိပြုရန်
အိမ်နီးချင်းနိုင်ငံတွေမှာ ရောက်နေပြီဖြစ်တဲ့အတွက် မြန်မာနိုင်ငံကိုလည်း ရောက်လာနိုင် သို့မဟုတ် ရောက်နှင့်ပြီးလည်း ဖြစ်နိုင်ပါတယ်။ ဆောင်းတုပ်ကွေးကြောင့် ဖျားတာလား၊ ကိုဗစ်ကြောင့် ဖျားတာလားဆိုတာကတော့ အပေါ်ယံကြည့်ရုံနဲ့ ခွဲရခက်ပါတယ်။

မျိုးစိတ်သစ်က မပြင်းထန်ဘူးဆိုပေမယ့် ဂရုစိုက်ဖို့ လိုပါတယ်။ လုပ်နေကျ ကာကွယ်နည်းတွေဖြစ်တဲ့
💉ကိုဗစ် ကာကွယ်ဆေးတွေကို သေချာပြန်ထိုးပါ။
🧴လက်ဆေးပါ။
😷အပြင်ထွက်ရင် နှာခေါင်းစည်းတပ်ပါ။
🌡ဖျားနေသူတွေနဲ့ အနီးကပ် ထိတွေ့တာမျိုး မလုပ်ပါနဲ့။
👨‍👩‍👧‍👦လူစုလူဝေးရှောင်ပါ။
🛁တစ်ကိုယ်ရေ သန့်ရှင်းရေး လိုက်နာပါ။
🍗အာဟာရ ပြည့်ဝအောင် စားပါ။
😴အိပ်ရေး ဝဝအိပ်ပါ။
🏃ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ။

References:
https://www.cdc.gov/respiratory-viruses/whats-new/SARS-CoV-2-variant-JN.1.html
https://www.usatoday.com/story/news/health/2023/12/13/new-covid-variant-jn-1-spreading/71891879007/
https://www.health.com/jn1-covid-variant-december-2023-8414906
https://economictimes.indiatimes.com/news/international/world-news/singapore-issues-advisory-as-covid-cases-hospitalisations-rise-ahead-of-year-end/articleshow/105989569.cms
https://www.bangkokpost.com/thailand/general/2703209/covid-19-on-the-rise-again

မျက်စိနာခြင်း (Pink Eye) ဟု မျက်ခွံနှင့် မျက်လုံးတို့ကို ဖုံးအုပ်ထားသည့်အကြည်လွှာ မျက်မြှေးပါးရောင်ခြင်းကြောင့် မျက်လုံး...
02/10/2023

မျက်စိနာခြင်း (Pink Eye) ဟု မျက်ခွံနှင့် မျက်လုံးတို့ကို ဖုံးအုပ်ထားသည့်အကြည်လွှာ မျက်မြှေးပါးရောင်ခြင်းကြောင့် မျက်လုံး၏အဖြူသားများကို နီမြန်းစေပြီး ပန်းရောင်မျက်ခွံနှင့် မျက်လုံးတို့ကို ဖြစ်ပေါ်စေပါတယ်။

- မျက်စိနာခြင်းဟာ ဘယ်လိုပျံ့နှံံ့ပါသလဲ
- မျက်စိနာခြင်း၏ လက္ခဏာတွေက ဘာတွေလဲ
- မျက်စိနာလျှင် ဘယ်လိုပြုမူနေထိုင်ရမလဲ
- မျက်စိနာခြင်းကို ဘယ်လိုကာကွယ်ရမလဲ
- ရုတ်တရက် မျက်မြှေးရောင်ရမ်းခြင်း (acute conjunctivitis) လက္ခဏာတွေက ဘာတွေလဲ

ဆေးလိပ်က ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းတွေကို ထိခိုက်စေနိုင်လဲဆေးလိပ်သောက်တာကြောင့် ခန္ဓာကိုယ်မှာ မထိခိုက်နိုင်တဲ့ အစိတ်အ...
18/09/2023

ဆေးလိပ်က ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းတွေကို ထိခိုက်စေနိုင်လဲ

ဆေးလိပ်သောက်တာကြောင့် ခန္ဓာကိုယ်မှာ မထိခိုက်နိုင်တဲ့ အစိတ်အပိုင်းဆိုတာ ခပ်ရှားရှားပါ။ ဘာမှကောင်းကျိုး မပေးနိုင်သလို ငွေကုန်ကြေးကျလည်း များစေပါတယ်။ ဆေးလိပ်သောက်တာကို ဖြတ်လိုက်ရင်တောင် ဆေးလိပ်သောက်ခဲ့တဲ့ အချိန်အတိုင်းအတာပေါ် မူတည်ပြီး ဆိုးကျိုးတွေကို ဆက်ပြီး ခံစားရနိုင်ပါ တယ်။ အောက်ပါ ခန္ဓာကိုယ်အစိတ်အ ပိုင်းကိုးခုက ဆေးလိပ်သောက်တာကြောင့် အဓိက ထိခိုက်နိုင်တဲ့နေရာတွေပါ။
အဆစ်အမျက်များ
ဆေးလိပ်သောက်သုံးသူတွေက အ ဆစ်အမျက်တွေ ရောင်ရမ်းနာကျင်စေတဲ့ သွေးလေးဖက်နာ (RA) ဖြစ်နိုင်ခြေ ပိုများပါတယ်။ သွေးလေးဖက်နာ (RA) ရှိသူတွေ ဆေးလိပ်သောက်ပါက ကုသတဲ့ ဆေးဝါးတွေရဲ့ ထိရောက်မှုကို လျော့နည်းစေပါတယ်။
အရေပြား
ဆေးလိပ်သောက်သူတွေက ဆေးလိပ်မသောက်သူတွေထက် အရေပြား အိုမင်းမှုဖြစ်စဉ် ပိုမိုလျင်မြန်ပါတယ်။ ဆေးလိပ်မသောက်တဲ့ အသက် ၇၀ အရွယ်ရှိသူတစ်ယောက်ရဲ့ အရေပြားက အသက် ၄၀ အရွယ်ရှိသူရဲ့ အရေပြားလို နုပျိုနိုင်ပါတယ်။ ဆေးလိပ်သောက်တာ အပြင် အရေပြားကိုထိခိုက်စေတဲ့ တခြားအကြောင်းတွေပေါ်မှာလည်း မူတည်ပါ သေးတယ်။ ဆေးလိပ်သောက်တာကြောင့် အရေပြားအိုမင်းမှုက ပြန်လည် ကုစားလို့ မရနိုင်ပါ။ ဒါ့ပြင် အရေပြား ကင်ဆာအပါအဝင် အရေပြားရောဂါတွေ ဖြစ်ပွားနိုင်ခြေကိုလည်းမြင့်မားစေပါတယ်။
မျက်လုံး
ဆေးလိပ်သောက်တာကြောင့် မျက်စိရဲ့မြင်လွှာပျက်စီးမှုကို နှစ်ဆပိုမို မြန်ဆန်စေပါတယ်။ စာဖတ်တာ၊ စာရေးတာနဲ့ မျက်နှာကြည့်ရာ စတာတွေမှာ သဲသဲ ကွဲကွဲ မြင်နိုင်စွမ်းကို အဓိကပျက်စီးစေပါတယ်။ အရွယ်မတိုင်ခင် မျက်စိအမြင်မှုန်ဝါးနိုင်ပြီး မျက်စိရေတိမ်ဖြစ်နိုင်ခြေလည်း များစေပါတယ်။
မျိုးပွားအင်္ဂါများ
ဆေးလိပ်သောက်သုံးတဲ့ အမျိုးသားတွေက ပန်းသေပန်းညှိုးဖြစ်နိုင်ခြေများပါတယ်။ ဆေးလိပ်သောက်တာ အရေအတွက်များပြီး အချိန်ကာလ ကြာလေလေ ပန်းသေပန်းညှိုးဖြစ်တာ ပိုဆိုးလေလေပါ။ ဆေးလိပ်သောက်တဲ့ အမျိုးသားတွေမှာ ဝှေးစေ့ကင်ဆာဖြစ်နိုင်ခြေများပြီး အမျိုးသမီးတွေမှာ သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ခြေများပါတယ်။
သွားဖုံး
ဆေးလိပ်သောက်သူဟာ သွားဖုံးသွေးယိုတာ၊ အစာဝါးတဲ့အခါ နာကျင်မှု ခံစားရတာ၊ ခံတွင်းနံ့ဆိုးတာ စတာတွေ ဖြစ်နိုင်ပါတယ်။ သွားဖုံးရောဂါတွေ ဖြစ် ပွားမှုကနေ သွားတွေဆုံးရှုံးနိုင်ပါတယ်။ ဆေးလိပ်သောက်သူတွေဟာ မသောက် သူတွေထက် အသက်အရွယ်ငယ်ငယ်မှာတင် သွားတွေ ဆုံးရှုံးနိုင်ခြေ နှစ်ဆပိုများပါတယ်။
ဦးနှောက်
ဆေးလိပ်သောက်သူတွေက မ သောက်သူတွေထက် လေဖြတ်နိုင်ခြေသုံးဆပိုများပါတယ်။ လေဖြတ်တယ်ဆို တာ ဦးနှောက်သွေးကြောထဲမှာ သွေးခဲ ဖတ်ပိတ်ဆို့ပြီး အဆိုပါဦးနှောက်ရဲ့ ထိန်းချုပ်ထားတဲ့ အင်္ဂါအစိတ်အပိုင်းတွေ လုပ်ငန်းလုပ်ဆောင်မှု ရပ်တန့်သွားတာ ဖြစ်ပါတယ်။ မျက်နှာ အကြောလိုက်တာ၊ အမြင်အာရုံမရတော့တာ၊ လမ်းမလျှောက် နိုင်တော့တာ စတာတွေကနေ အသက် သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။ သွေးခဲ ဖတ်ကြောင့် ဦးနှောက်သွေးကြောပေါက် နိုင်ကလည်း ဆေးလိပ်သောက်သူတွေမှာ ပိုများတာ တွေ့ရပါတယ်။
အစာအိမ်နှင့် အူလမ်းကြောင်းစနစ်
အစာအိမ်အနာ၊ အူမကြီးအသား သီး၊ ပန်ကရိယရောင်ရမ်းတာ၊ ပန်ကရိယကင်ဆာ စတဲ့ အစာအိမ်၊ အူလမ်းကြောင်းစနစ်နဲ့ ဆက်စပ်တဲ့ရောဂါတွေက ဆေး လိပ်သောက်သုံးသူတွေမှာ ဖြစ်တာပိုများပါတယ်။ ဆေးလိပ်သောက်တာက ပန်ကရိယကို ထိခိုက်တာကြောင့် အမျိုးအစား ၂ ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ခြေ ၃၅ ဆ ပိုများစေပါတယ်။
အဆုတ်
အဆုတ်ကင်ဆာဖြစ်ပွားသူတွေရဲ့ ၉၀ ရာခိုင်နှုန်းက အဆုတ်ကင်ဆာနဲ့ ဆက်စပ်နေပါတယ်။ အမေရိကန်နိုင်ငံမှာ ၂၀၁၅ ခုနှစ်အတွင်း သေဆုံးသူ တစ် သိန်းခွဲကျော်က ဆေးလိပ်နဲ့ဆက်စပ်တဲ့ အဆုတ်ကင်ဆာရောဂါကြောင့်လို့ သိရပါတယ်။ ဒါ့ပြင် ဆေးလိပ်သောက်သူတွေမှာ နာတာရှည် အသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ရောဂါတွေ ဖြစ်ပွားမှုကိုလည်း များစေပါတယ်။
နှလုံး
ဆေးလိပ်သောက်သူတွေမှာ ဖြစ် ပွားမှုများတဲ့ရောဂါတစ်ခုက နှလုံးရောဂါပါ။ အမေရိကန်နိုင်ငံမှာတော့ သေဆုံး မှု အများဆုံးရောဂါတွေထဲမှာ တစ်ခုအပါ အဝင်ပါ။ ဆေးလိပ်သောက်တာကြောင့် သွေးလွှတ်ကြောတွေမာပြီး ကျဉ်းမြောင်းလာကာ၊ သွေးပျစ်တာ၊ သွေးခဲဖတ်ဖြစ် ပေါ်တာ စတာတွေဖြစ်ပွားနိုင်ခြေများပါတယ်။

နန်းသီရိ (ဆေးဝါး)

ကိုဗစ်မျိုးကွဲအသစ် (Arcturus) ကိုအထူးသတိထားကြပါ Arcturusလို့ အမည်ပေးထားတဲ့ ကူးစက်မြန် အိုမီခရွန်မျိုးကွဲအသစ်တစ်ခုဟာ အိန္...
28/04/2023

ကိုဗစ်မျိုးကွဲအသစ် (Arcturus) ကို
အထူးသတိထားကြပါ

Arcturusလို့ အမည်ပေးထားတဲ့
ကူးစက်မြန် အိုမီခရွန်မျိုးကွဲအသစ်တစ်ခုဟာ
အိန္ဒိယနိုင်ငံအပါအဝင် နိုင်ငံပေါင်း(၂၉)နိုင်ငံထိ
ပျံ့နှံ့နေပြီး အိုမီခရွန်ရဲ့မျိုးကွဲ XBB. 1.16
ဖြစ်ကြောင်း WHO ကထုတ်ပြန်ထားပါတယ်။

ကူးစက်ခံရလျင်တွေ့ရှိရမဲ့ လက္ခဏာတွေကတော့
ကိုဗစ်လက္ခဏာတွေလိုပါပဲ...

- အဖျားကြီးခြင်း
(102-103F လောက်ထိတက်ပါတယ်)
- နုံးချိ ညောင်းညာခြင်း အင်အားယုတ်လျော့ခြင်း
- လည်ချောင်းနာခြင်း၊ တံတွေးမျိုရခက်ခြင်း
- အသံဝင်ခြင်း
- နှာစေး နှာပိတ်ခြင်း
- ပျို့အန်ခြင်း၊ ဝမ်းပျက်ခြင်း
- ခံတွင်းပျက်ခြင်း
- ချောင်းဆိုးခြင်း၊ မောခြင်း စတဲ့လက္ခဏာတွေအပြင်
ထူးခြားတာက မျက်စိပါနာတတ်ပါတယ်။

လူကြီးတချို့အပြင် အသက်၁၂နှစ်အောက်
ကလေးတွေမှာ ပိုအဖြစ်များပါတယ်။

ကလေးတွေနဲ့ ဆယ်ကျော်သက်တွေမှာ
တွေ့ရတဲ့ မျက်လုံးအပြင်လွှာရောင်ပြီး
မျက်လုံးပန်းရောင်ဖြစ်ခြင်းအတွေ့များပါတယ်။
Pink eye အပြင် ပြည် (pus) မရှိဘဲ
မျက်လုံးဟာ စေးကပ်ပြီး ဖွင့်မရတာမျိုးလည်း
တွေ့ရတယ်လို့ ဆိုပါတယ်။

Arcturus ဟာ Omicron တွေထက် ပိုပြီး
အခြေအနေဆိုးတာ မတွေ့ရသေးဘဲ
ရောဂါလက္ခဏာအများစုမှာ ၃-၄ ရက်နဲ့
ပြန်ကောင်းသွားတတ်တယ်လို့ဆိုပေမဲ့
ရောဂါပြင်းထန်နိုင်မှု အတိုင်းအတာကတော့
လူတယောက်နဲ့တယောက်မတူနိုင်ဘဲ
ရောဂါအခံရှိတဲ့သက်ကြီးရွယ်အိုတွေမှာတော့
ပိုပြီးရောဂါဒဏ်ကို ခံရနိုင်ခြေရှိပါတယ်။

ပူပြင်းတဲ့ ရာသီမှာ အသက်ကြီးသူတွေဖျားကြရင်
heat stroke heat exhaustion တွေ ရနိုင်တာမို့
ရောဂါ မကူးအောင် သတိထားဖို့ လိုပါတယ်။

ဒါ့အပြင် ကလေးတွေ ဖျားပြီး
မျက်လုံးနာရင် Arcturus ကို သတိထားကြဖို့နဲ့
ကျွမ်းကျင်ဆရာဝန်တွေနဲ့ ပြသ၍
သေချာစွာကုသမှုခံယူသင့်ပါတယ်။

ကျွမ်းကျင်ပညာရှင်များ အကြံပြု
ထားတာကတော့ ကိုဗစ်ကာကွယ်ဆေး
Booster dose ထပ်ထိုး ထားကြဖို့နဲ့

ကိုဗစ်ရောဂါ ကာကွယ်ရေး
နည်းလမ်းတွေဖြစ်တဲ့

-Maskတပ်ခြင်း
-လက်ဆေးခြင်း
-ခပ်ခွာခွာနေခြင်း
-ခန္ဓာကိုယ်ခုခံအားကောင်းအောင်နေထိုင်ခြင်း

စသည့် နည်းလမ်းတွေကို ပြန်လည်
လိုက်နာသင့်ကြောင်းအကြံပြုထားကြပါတယ်။


24/04/2023
20/04/2023
 #အပူချိန်အရမ်းမြင့်တက်နေပါတယ်။ ဒီနေ့ အပူချိန်ဟာ ၄၃ C အထိ တက်လာပါပြီ။ဒီအတိုင်း ဆက်တက်နေရင် ၄၅-၄၇C အထိ ရောက်နိုင်ပါတယ်။အပ...
20/04/2023

#အပူချိန်အရမ်းမြင့်တက်နေပါတယ်။

ဒီနေ့ အပူချိန်ဟာ ၄၃ C အထိ တက်လာပါပြီ။ဒီအတိုင်း ဆက်တက်နေရင် ၄၅-၄၇C အထိ ရောက်နိုင်ပါတယ်။

အပူချိန် တက်နှုန်းတွေကိုလေ့လာကြည့်ရင် ယခင်က ၁C တက်ဖို့ ၁၀ နှစ် ကြာပါတယ်။ အခု ၃ နှစ် အတွင်း ၂`C တက်လာပါတယ်။အပူချိန် ၁C တက်လာတိုင်းပျမ်းမျှအသက် ၂ နှစ် လျော့စေပါတယ်။

အထူးသတိထားကြပါ။

မြန်မာတွေရဲ့ပျမ်းမျှအသက်ဟာ ကျား ၅၃၊ မ ၅၇ ဖြစ်ပါတယ်။ အခု အပူချိန် ၂°C တက်လာမှုကြောင့်
၄ နှစ် ထပ်လျော့သွားနိုင်ပါတယ်။
စိုထိုင်းဆလည်း အရမ်းလျော့နည်းနေပါတယ်။
ဒီအခြေအနေဟာ တော်သေးတယ်လို့ပြောလို့ ရပေမယ့်အပူဒဏ်ပို ခံစားရနိုင်ပါတယ်။

ဒီအချိန်မှာ အစားအစာ၊ အနေအထိုင်သတိပြုကြပါ။အအေးစာတွေက အပူစုပ်နိုင်ပေမယ့်အပူရှပ်ခြင်းကိုအဓိက ဖြစ်စေပါတယ်။

အရေးကြီးတာကနေပူထဲမှာနံက် ၁၁ နာရီမှ ညနေ ၃ နာရီအတွင်းသွားလာ လှုပ်ရှားအလုပ်လုပ်ကိုင်ခြင်းရှောင်ကြဉ်ကြပါ။ချည်သား အဝတ်ထူထူတွေက
အပူဒဏ်ကို ကာကွယ်ပေးနိုင်ပါတယ်။

အပူက ပြန်ရောက်လာစဉ်
အဝတ်များ ချွတ်ခြင်း၊ ရေခဲရေသောက်ခြင်း၊ ရေချိုးခြင်းတို့ ရှောင်ပါ။ဆားနှင့် ရေသောက်ခြင်းကိုလည်းမပြုလုပ်ကြပါနဲ့။

အပူက ပြန်ရောက်စဉ် ၅ မိနစ်ခန့် ပြန်လာစဉ်ကအတိုင်း နေပေးကြပါ။ အဲယားကွန်းခန်းအတွင်းအဝင်အထွက် လုပ်ကိုင်သွားလာနေရသူများသတိပြုကြပါ။

အပူမှ ပြန်ရောက်ချိန်
အဲကွန်းခန်းအတွင်းရုတ်တရက် ဝင်ရောက်ပါကခန္ဒာကိုယ်အရေပြားမှ သွေးများ ဗဟို သွေးလှည့်အဖွဲ့ထဲရောက်ရှိပြီးရုတ်တရက် သွေးပေါင်တက်ကာ
လေဖြတ်ခြင်း၊ ဦးနှောက်သွေးကြောပေါက်ခြင်းတို့ဖြစ်တတ်ပါတယ်။အဲကွန်းခန်းထဲ ကြာရှည်နေရသူများအပူထဲသို ထွက်ချိန်မှာသွေးပေါင်ထိုးကျပြီးမူးဝေတတ်ပါတယ်။

ရေများများ သောက်ပါ။
အငန်/အချိုလျော့စားကြပါ။
ချွေးထွက်လွန်သူမှ လွဲ၍ဓာတ်ဆားရေ သောက်ခြင်း လျော့ပါ။ဟင်းကျန်ထမင်းကျန်များ စားခြင်း ရှောင်ပါ။ဟင်းကျန်များ နွေးရာတွင်ရေဖြည့်ထည့်၍ နွေးပါ။လက်သုပ်များ လျော့စားပါ။

မိဘပြည်သူအများ ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာကြပါစေ။

Address

Pauk
00000

Telephone

+92624202722

Website

Alerts

Be the first to know and let us send you an email when Shwe Myint Mo Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Shwe Myint Mo Pharmacy:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram