Shwe Khaing Pharmacy

Shwe Khaing Pharmacy Pharmacy Shop

နှစ်သစ်ကူးပြီးစ နှစ်ကူးကာလအချိန်သမယမှာ မြန်မာနိုင်ငံသူနိုင်ငံသားများနှင့်တကွ ကမ္ဘာသူ ကမ္ဘာသား သတ္တဝါများအားလုံး ကျန်းမာခ...
01/01/2025

နှစ်သစ်ကူးပြီးစ နှစ်ကူးကာလအချိန်သမယမှာ မြန်မာနိုင်ငံသူနိုင်ငံသားများနှင့်တကွ ကမ္ဘာသူ ကမ္ဘာသား သတ္တဝါများအားလုံး ကျန်းမာချမ်းသာမင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေလို့ “ ‌ေရွှဆိုင်ဆေးဆိုင််မိသားစု”မှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်၊၊


လေးစားအပ်ပါသော ရွှေခိုင်ဆေးဆိုင်တွင် ဝယ်ယူအားပေးနေကြသော မိတ်ဟောင်းဆွေသစ်များအား Promotion တစ်ခုပြောပြချင်လို့ပါရှင်📢📢📢လူ...
19/12/2024

လေးစားအပ်ပါသော ရွှေခိုင်ဆေးဆိုင်တွင် ဝယ်ယူအားပေးနေကြသော မိတ်ဟောင်းဆွေသစ်များအား Promotion တစ်ခုပြောပြချင်လို့ပါရှင်📢📢📢
လူကြီးမင်းတို့ နေ့စဉ်သောက်သုံးနေသော Vita Homeဆေးကဒ်ခွံလေးများရှိသေးပါက
⏱️⏱️12-12-2024မှ31-01-2025အထိ ဆေးကဒ်ခွံလေးများကို ယူဆောင်လာပြီး စာရင်းပေးသွင်းလဲလှယ်နိုင်ပါပြီရှင့်😘😘

🍀Vita Home ဆေးကဒ်အခွံလေး အခွံ၂၄ခုဆို Vita Home ထီးေလးတစ်ချောင်းဖြင့် စတင်လဲလှယ်နိုင်ပါပြီရှင့်📢📢📢

Stock ကန့်သတ်ထားပါသဖြင့် အြမန်လာ ကဒ်ခွံလေးတွေလာပေးကြပါနော်....♥️♥️



Norovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း)ကူးစက်ရောဂါများNorovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း) ကဘာလ...
19/12/2024

Norovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း)
ကူးစက်ရောဂါများ
Norovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း) ကဘာလဲ။
နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း က ရုတ်တရက် ပြင်းထန်စွာ အော့အန်ခြင်း နဲ့ ဝမ်းပျက်ဝမ်းလျှောခြင်းကို ဖြစ်စေပါတယ်။ ဒီဗိုင်းရပ်စ်ပိုးဟာ ကူးစက်စေနိုင်ပြီး ချက်ပြုတ် ပြင်ဆင်တဲ့အခါ ဒါမှမဟုတ် ညစ်ပတ်တဲ့ ကြမ်းခင်းတွေပေါ်ကနေ တစ်ဆင့် မသန့်ရှင်းတဲ့ ရေ သို့မဟုတ် အစားအစာ အဖြစ်ကနေ ကူးစက်ခြင်းဖြစ်ပါတယ်။ ]
Norovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ
နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း ဟာ အလွန်အတွေ့ရများပါတယ်။ အန္တရာယ်ရှိတဲ့ အချက်တွေကို ရှောင်ကြည်ခြင်းအားဖြင့် ရောဂါ ဖြစ်နိုင်ချေကို လျှော့ချနိုင်ပါတယ်။ ထပ်သိချင်တယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးကြည့်ပါ။
လက္ခဏာများ
Norovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ
အတွေ့ရများတဲ့ နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း လက္ခဏာတွေကတော့ –
မူးဝေခြင်း
အော့အန်ခြင်း
ဝမ်းဗိုက်နာကျင်ခြင်း
အရည်ဝမ်းသွားခြင်း
ကိုယ်လက်မအီမသာ ဖြစ်ခြင်း
တငွေ့ငွေ့ဖျားခြင်း
ကြွက်သားများ နာကျင်ခြင်း
ဗိုင်းရပ်နဲ့ ထိတွေ့မိပြီး ၁၂ နာရီကနေ ၄၈ နာရီ အတွင်း ရောဂါလက္ခဏာတွေ စတင်ဖြစ်ပေါ်လာပါတယ်။ ပြန်ကောင်းပြီး နောက်ထပ် ၂ ပတ်လောက်ကြာတဲ့ အထိ မစင်မှာ ပိုးတွေ့နိုင်တဲ့ အတွက် သေချာစွန့်ပစ်ဖို့ လိုပါတယ်။ ကျန်းမာရေး သိပ်မကောင်းသေးဘူးဆိုရင် ရောဂါပိုးဟာ လပေါင်းများစွာအထိ ကျန်ရှိနေနိုင်ပါတယ်။
နိုရိုဗိုင်းရပ်စ် ကူးစက်ခံရတဲ့ တချို့လူတွေမှာတော့ လူကောင်းအတိုင်းပဲ ဖြစ်ပြီး ဘယ်လို လက္ခဏာမှ မပြပါဘူး။ ဒါပေမယ့် ဗိုင်းရပ်စ်တွေကတော့ တခြားတစ်ယောက်ကို ကူးစက်နိုင်ပါတယ်။
အပေါ်မှာ ဖော်ပြထားတဲ့ လက္ခဏာတွေထဲမှာ ကျန်ခဲ့တာ ရှိနိုင်ပါတယ်။ ရောဂါလက္ခဏာတစ်ခုခုနဲ့ ပတ်သက်ပြီး ပူပန်စရာ တစ်ခုခုရှိမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ
ရက်အတော်ကြာအောင် ဝမ်းပျက်ဝမ်းလျှော ဖြစ်တာ မပျောက်ဘူးဆိုရင် ဆရာဝန်ပြပါ။ အန်တာ၊ သွေးဝမ်းသွားတာ၊ ဗိုက်အောင့်တာ၊ ရေဓါတ်ခမ်းခြောက်တာတွေ ဖြစ်ခဲ့ရင်လည်း ဆရာဝန်ပြပါ။
အပေါ်မှာ ဖော်ပြထားတဲ့ လက္ခဏာတွေ ရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါ။ ခန္ဓါကိုယ်လှုပ်ရှားမှုပုံစံဟာ လူတစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။ သင့်အတွက် ဘာက အကောင်းဆုံးဖြစ်မယ် ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်တာက အသင့်လျော်ဆုံး ဖြစ်ပါလိမ့်မယ်။
အကြောင်းရင်းများ
Norovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ
ဘာတွေက နိုရိုဗိုင်းရပ်စ် ကူးစက်ခြင်းကို ဖြစ်စေသလဲ။
မသန့်ရှင်းတဲ့ ဖျော်ရည်နဲ့ အစားအစာတွေကို စားသောက်မိတဲ့ အခါ နိုရိုဗိုင်းရပ်စ် ကူးစက်ခံရတတ်ပါတယ်။ အစိမ်း သို့မဟုတ် ကျက်အောင်ချက်မထားတဲ့ ကမာကောင်တွေနဲ့ ဟင်းသီးဟင်းရွက် အသီးအနှံ အစိမ်းတွေကလည်း ဖြစ်စေပါတယ်။ ဗိုင်းရပ်စ်ပိုးရှိနေတဲ့ ပစ္စည်း သို့မဟုတ် နံရံကို ထိလိုက်ပြီး နှာခေါင်း၊ ပါးစပ်၊ မျက်စိ တွေကို ထိလိုက်မယ် ဆိုရင် ရောဂါပိုး ကူးစက်ခံရတတ်ပါတယ်။
ဖြစ်နိုင်ခြေများ
Norovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ
နိုရိုဗိုင်းရပ်စ်ကူးစက်ဖို့ အန္တရာယ်ရှိတဲ့ ဖြစ်နိုင်ချေတွေ အများကြီးရှိပါတယ်။
နည်းစနစ်တကျ သပ်ရပ်သန့်ရှင်းမှုရှိနေအောင် လုပ်မထားတဲ့ အစာကို စားမိခြင်း
မူကြို၊ နေ့ကလေးထိန်းကျောင်း တွင် တက်ရောက်ခြင်း
နီးကပ် ကျပ်သိပ်စွာ နေထိုင်ရခြင်း (ဥပမာ – ကလေးထိန်းသည့်နေရာများ)
လူအများအပြား နီးကပ်စွာ နေထိုင်လေ့ရှိသော ဟိုတယ်များ၊ ရီဆော့များ၊ ပင်လယ်ကူးသင်္ဘောများ သို့မဟုတ် အခြား နေရာများ
နိုရိုဗိုင်းရပ်စ်ကူးစက်ခံထားရသော လူတစ်ယောက်ယောက် နှင့် ထိမိခြင်း
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Norovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
ဆေးစစ်တာက ရောဂါလက္ခဏာတွေ အပေါ်မှာ မူတည်နေပါတယ်။ ဒါပေမယ့် ဝမ်းနမူနာကို ကြည့်ပြီး နိုရိုဗိုင်းရပ်စ်ကို စစ်ဆေးနိုင်ပါတယ်။ တကယ်လို့ သင့်မှာ မမျှတတဲ့ ရောဂါခုခံမှု စနစ် ဒါမှမဟုတ် တခြားရောဂါ အခြေအနေတွေရှိမယ်ဆိုရင် နိုရိုဗိုင်းရပ်စ် ရှိမရှိကို စစ်ဖို့ ဝမ်းနမူနာ ယူခိုင်းပါလိမ့်မယ်။
Norovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း) ကို ဘယ်လိုကုသပါသလဲ
နိုရိုဗိုင်းရပ်စ်ဟာ တခြားဗိုင်းရပ်စ်ပိုးတွေလိုပဲ ပဋိဇီ၀ ဆေးတွေကို မဖြုံပါဘူး။ ဘက်တီးရီးယားသတ်တဲ့ ဘယ်သောက်ဆေးကမှ နိုရိုဗိုင်းရပ်စ်ကို မတိုက်ခိုက်နိုင်ပါဘူး။ ဒါပေမယ့် ကျန်းမာရေး ကောင်းတဲ့ လူတွေမှာ ဆိုရင် ဗိုင်းရပ်စ်တွေ ကင်းစင်သွားဖို့ ရက်အနည်းငယ်လောက်သာ ကြာပါတယ်။ လူအများစုကတော့ ဗိုင်းရပ်စ်ကြောင့် ဝေဒနာ တာရှည်ခံစားရတာမျိုး မရှိပါဘူး။
ရေဓါတ်ခမ်းခြောက်တာကို ကာကွယ်ဖို့ အတွက် အရည်အများကြီး အထူးသဖြင့် ရေ နဲ့ အချိုရည်တွေကို သောက်ပါ။ ကလေးတွေကို ကုန်ခမ်းသွားတဲ့ အရည်နဲ့ အီလက်ထရိုလိုက်တွေ ပြန်ဖြည့်ပေးဖို့ ရေဓါတ်ဖြည့်အချိုရည်တွေ တိုက်ပါ။ သကြားပါတဲ့ အချိုရည်တွေကို ရှောင်ပါ။ ဝမ်းပျက်ဝမ်းလျှောခြင်း ပိုဆိုးလာနိုင်ပါတယ်။ အရက်နဲ့ ကဖင်းပါတဲ့ အချိုရည်တွေကလည်း ရေဓါတ်ကုန်ခမ်းစေပါတယ်။
ရေဓါတ်ခမ်းခြောက်ခြင်းရဲ့ လက္ခဏာတွေကတော့ ရပ်နေတဲ့ အခါမှာ မူးဝေခြင်း၊ အာခေါင်ခြောက်ခြင်း၊ ဆီးနည်းနည်းသာသွားခြင်း တို့ပါဝင်ပါတယ်။ ရေဓါတ်ကုန်ခမ်းနေတဲ့ ကလေးတွေကတော့ အိပ်ချင်နေပြီး ငိုတဲ့ အခါမှာလည်း မျက်ရည် မထွက်သလောက် ဖြစ်နေပါလိမ့်မယ်။
ဂေးဒေါ့စ် က “တချို့ လူတွေကတော့ နှုံးခွေပြီး ပင်ပန်းနွမ်းနယ်နေသလို ခံစားနေရပါလိမ့်မယ်။ အဲ့ဒါ ရေဓါတ်ခမ်းခြောက်ခြင်းကြောင့် ဖြစ်ပေါ်တဲ့ အီလက်ထရိုလိုက် ပမာဏ မမျှတာတော့တဲ့ အတွက် ဖြစ်ပါတယ်။ အဲ့ဒီအချိန်ဆိုရင် ဆေးဝါးကုသမှု ခံယူရပါမယ်။ “
တကယ်လို့ ပြင်းထန်တဲ့ ရေဓါတ်ခမ်းခြောက်မှုကို ခံစားနေရတယ် ဆိုရင်တော့ ဆရာဝန်ပြပါ။ တစ်ခါတစ်လေ intravenous (IV) fluid တိုက်ဖို့ လိုပါတယ်။
နေထိုင်မှု ပုံစံ နှင့် အိမ်တွင်းကုထုံး
နိုရိုဗိုင်းရပ်စ် ကူးစက်မှုကို ကာကွယ်ဖို့ နေထိုင်မှု ပုံစံ နှင့် အိမ်တွင်းကုထုံးက တွေဖြစ်မလဲ။
အောက်မှာ ဖော်ပြထားတဲ့ နေထိုင်မှု ပုံစံနဲ့ အိမ်တွင်းကုထုံးတွေက နိုရိုဗိုင်းရပ်စ်ကူးစက်တာကို ထိန်းချုပ်ဖို့ အထောက်အကူ ဖြစ်ပါလိမ့်မယ်။
တကယ်လို့ မိသားစုဝင်တွေထဲမှာ ငယ်ရွယ်တဲ့ ကလေးတွေ ရှိမယ်ဆိုရင် ရေဓါတ်အားဖြည့်ဖျော်ရည်တွေ ဝယ်သောက်သင့်ပါတယ်။ လူကြီးတွေက အားကစားလုပ်တဲ့ အချိန်မှာ သောက်တဲ့ ဖျော်ရည်တွေကို သောက်နိုင်ပါတယ်။ သကြားပမာဏ အများအပြားပါတဲ့ အရည်တွေ ဥပမာ – အသင့်သောက်အချိုရည်တွေ နဲ့ အသီးဖျော်ရည်တွေက ဝမ်းလျှောဝမ်းပျက်ခြင်းကို ပိုဆိုးစေပါတယ်။
နူးညံ့ပြီး အမျှင်ဓါတ်ကြွယ်ဝတဲ့ အစားအစာတွေ၊ နည်းနည်းချင်းစီ အစာစားခြင်းက အော့အန်ခြင်းကို သက်သာစေပါတယ်။ ဘယ်လိုအစားအစာတွေလဲဆိုရင် –
စွပ်ပြုတ်
ကစီဓါတ်ပါဝင်တဲ့ အာလူး၊ ခေါက်ဆွဲ၊ ထမင်း၊ ခရက်ကာ စသည်..
ငှက်ပျောသီး
ဒိန်ချဉ်
အသီးအရွက်ပြုတ်
နိုရိုဗိုင်းရပ်စ်ရောဂါဟာ အရမ်းကူးစက်လွယ်ပါတယ်။ လူတိုင်းဟာ တစ်ကြိမ်မက ကူးစက်နိုင်ပါတယ်။ ကူးစက်ခြင်းကို ကာကွယ်ဖို့ –
အိမ်သာတက်ပြီးတိုင်း၊ ဒိုင်ယာပါလဲပြီးတိုင်း လက်ကိုသေချာဆေးပါ။
မသန့်ရှင်းတဲ့ ရေ နဲ့ အစားအစာတွေကို ရှောင်ကြဉ်ပါ။ နေမကောင်းတဲ့သူချက်ပြုတ်ထားတဲ့ အစားအစာတွေကိုလည်း ရှောင်သင့်ပါတယ်။
ပင်လယ်စာတွေကို ကျက်အောင်ချက်ပါ။
နိုရိုဗိုင်းရပ်စ်တွေ လေထဲ မကျန်ရစ်အောင် အန်ဖတ်တွေနဲ့ ဝမ်းတွေကို သေချာစွန့်ပစ်ပါ။ တစ်ခါသုံး အိတ်တွေကိုသုံးပြီး သေချာထုတ်ပိုးပြီး ပစ်ပါ။
ဗိုင်းရပ်စ်ရှိနေနိုင်တဲ့ ကြမ်းခင်းနေရာတွေကို ကလိုရင်းပါတဲ့ အစွန်းချွတ်ဆေးတွေနဲ့ တိုက်ချွတ်ဆေးကြောပါ။ လက်အိပ်စွပ်ပါ။
အိမ်မှာနားပါ။ ရောဂါလက္ခဏာတွေ မရှိတော့ရင်တောင်မှာ သင့်ဆီကနေ တစ်ခြားတစ်ယောက်ဆီ ရောဂါပိုးကူးနိုင်ပါတယ်။ ကလေးတွေ အနေနဲ့လည်း အိမ်မှာပဲ နေသင့်ပါတယ်။
ရောဂါလက္ခဏာတွေ သေချာမပျောက်သေးသရွေ့ ခရီးမထွက်ပါနဲ့။

သတင်းဖတ်မိတာလေး
မျှဝေပါသည်

🙏🏻 သီတင်းကျွတ်ဆုတောင်း 🙏🏻🌕✨🪔ဝါလကင်းလွတ် သီတင်းကျွတ် အချိန်အခါသမယတွင် ချစ်ခင်လေးစားတန်ဖိုးထားရပါ​သော "ရွှေခိုင်ဆေးဆိုင်" ...
17/10/2024

🙏🏻 သီတင်းကျွတ်ဆုတောင်း 🙏🏻
🌕✨🪔
ဝါလကင်းလွတ် သီတင်းကျွတ် အချိန်အခါသမယတွင် ချစ်ခင်လေးစားတန်ဖိုးထားရပါ​သော "ရွှေခိုင်ဆေးဆိုင်" ၏ မိတ်ဟောင်းမိတ်သစ်များအားလုံး ကိုယ်စိတ်နှစ်​​ဖြာကျန်းမာချမ်းသာပြီး စီးပွားလာဘ်လာဘများ ဒီရေအလားတိုးတက်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင် ✨


#သီတင်းကျွတ်လပြည့်နေ့
#ရွှေခိုင်ဆေးဆိုင်

 #နှစ်သစ်ဆုတောင်း နှစ်သစ်မှစပြီး တစ်နှစ်တာပတ်လုံး စိတ်ရောကိုယ်ပါ အေးချမ်းပျော်ရွှင်​​ကြပါစေ 🙏🏻ကျန်းမာချမ်းသာစွာဖြင့် မိမ...
17/04/2024

#နှစ်သစ်ဆုတောင်း
နှစ်သစ်မှစပြီး တစ်နှစ်တာပတ်လုံး စိတ်ရောကိုယ်ပါ အေးချမ်းပျော်ရွှင်​​ကြပါစေ 🙏🏻
ကျန်းမာချမ်းသာစွာဖြင့် မိမိအကျိုး၊ အများအကျိုးသယ်ပိုးရွက်ဆောင်နိုင်ကြပါစေ 🙏🏻
ဘေးရန်ကင်းကွာပြီး ကောင်းကျိုးလိုအင်ဆန္ဒမှန်သမျှ ပြည့်ဝနိုင်ကြပါစေ 🙏🏻

ဆိုင်ပိတ်ရက်ကြေငြာခြင်း--------------------------
14/04/2024

ဆိုင်ပိတ်ရက်ကြေငြာခြင်း
--------------------------

ဆီးချိုရောဂါဝေဒနာရှင်တွေမှာ အင်ဆူလင်အဓိကမထုတ်နိုင်ခြင်းကြောင့်သွေးထဲသကြားဓာတ်များမြင့်တက်လာကြပါတယ်။ သွေးထဲသကြားဓာတ်မြင့်...
11/01/2024

ဆီးချိုရောဂါဝေဒနာရှင်တွေမှာ အင်ဆူလင်အဓိကမထုတ်နိုင်ခြင်းကြောင့်သွေးထဲသကြားဓာတ်များမြင့်တက်လာကြပါတယ်။ သွေးထဲသကြားဓာတ်မြင့်တက်ခြင်းကြောင့် သွေးဖြူဥ ( White Blood Cells) လေးတွေရဲ့လုပ်ငန်းဆောင်တာတွေကိုထိခိုက်လာပါတယ်။
သွေးဖြူဥလေးတွေက ပြင်ပကဝင်လာတဲ့ ဘက်တီးရီးယားနဲ့ရောဂါပိုးမွှားတွေကိုတိုက်ထုတ်ပေးတဲ့ လုပ်ငန်းက်ိုလုပ်ဆောင်ကြပါတယ်။သွေးဖြူဥလေးတွေလုပ်ငန်းဆောင်တာထိခိုက်ခြင်းကြောင့် ဆီးချိုဝေဒနာရှင်တွေမှာ အနာဖြစ်လွယ်ခြင်းနှင့်အနာမကျက်ခြင်းတွေဖြစ်ပေါ်လာရပါတယ်။ သကြားဓာတ်မြင့်တက်ခြင်းကြောင့်သွေးလည်ပါတ်မှုတွေလည်းနှေးလာ
ပြီးလိုအပ်သောအာဟာရတွေကို ဒဏ်ရာဆီမပို့နိုင်သောအခါအနာကျက်မှုတွေနှေးလာခြင်းနှင့်အနာလုံးဝမကျက်ခြင်းတွေဖြစ်ပေါ်လာပါတယ်။
ဒါ့အပြင်ကော်လဂျင်ထုတ်မှုကိုလည်းအားနည်းစေခြင်းကြောင့်အနာမကျက်တာတွေဖြစ်ပေါ်လာရပါတယ်။ထိုအကြောင်းအရာများကြောင့်ဆီးချိုဝေဒနာရှင်များဟာအနာမကျက်ခြင်းပြဿနာနဲ့ရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။
ဆီးချိုဝေဒနာရှင်တိုင်း သွေးတွင်းသကြားဓာတ်ထိန်း ခြင်းဖြင့် ဆီးချိုကြောင့်ဖြစ်လာမယ့်နောက်ဆက်တွဲရောဂါဝေဒနာများ မဖြစ်အောင်ကာကွယ်ထိန်းချုပ် ကြပါစို့။
#ပရိုဟန့်စ်ဒီ #ဆီးချိုအတွက် #ဖြည့်စွက်စာအာဟာရမှု်

31/12/2023

💕 နှစ်သစ်ဆုတောင်း 💕
အားလုံးပဲပျော်ရွှင်စရာနှစ်သစ်အခါသမယလေး
ဖြစ်ကြပါစေရှင့် 😍
ဤအချိန်အခါသမယလေးမှစ၍ ကျန်းမာခြင်း ၊ချမ်းသာခြင်းများစွာကို 𝟐𝟎𝟐𝟒 တစ်နှစ်ပတ်လုံးကြုံတွေ့ကြပါစေလို့
ရွှေခိုင်ဆေးဆိုင် မိသားစုမှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့် 🙏

" အဟွတ်.. အဟွတ် " လည်ချောင်းယားလို့ ဒီလို ချောင်းဟန့်မိတာက လူများတဲ့ ဘတ်စ်ကားပေါ်မှာတော့ မသင့်တော်ပါဘူး။ချောင်းမဟန့်မိအေ...
29/12/2023

" အဟွတ်.. အဟွတ် " လည်ချောင်းယားလို့ ဒီလို ချောင်းဟန့်မိတာက လူများတဲ့ ဘတ်စ်ကားပေါ်မှာတော့ မသင့်တော်ပါဘူး။
ချောင်းမဟန့်မိအောင် ထိန်းချုပ်တာ နေရခက်တဲ့ ကိစ္စမို့ ဒီလိုအခြေအနေတွေကို ကျော်ဖြတ်နိုင်ဖို့အတွက်ဆိုရင် ချယ်ရီကော့ဖ် ငုံဆေးပြားရှိတယ်လေ။
ပိုးသတ်နိုင်စွမ်းရှိတဲ့ အေမိုင်မီတာခရီစောနဲ့ ၂၊၄ ဒိုင်ကလိုရိုဘန်ဇိုင်း အယ်လ်ကိုဟောတို့ပါဝင်တဲ့ ချယ်ရီကော့ဖ် ငုံဆေးပြားက လည်ချောင်းနာ၊ လည်ချောင်းယား စတဲ့ ဝေဒနာတွေကို နှစ်ဆအစွမ်းနဲ့ သက်သာစေလို့ သုံးဖူးသူတိုင်းကတော့ ဘယ်သွားသွား သူမပါမဖြစ်ပဲနော်။
‘‘လည်ချောင်းနာခြင်းအတွက် ပိုးသတ်ဆေး (၂) မျိုးပေါင်း အာနိသင်’’
Chericof Throat Lozenges
www.chericof.com.mm
#ချယ်ရီကော့ဖ် #ချောင်းခြောက်ဆိုးခြင်း #ချောင်းဆိုးခြင်း #လည်ချောင်းနာခြင်း #တုပ်ကွေးဖျားနာခြင်း

Tiffy Syrup (တစ်ဖီအရည်)🛀🏾🛀🏾ရာသီပြောင်းချိန်ဖြစ်တတ်သော ကလေးငယ်များ -အအေးမိဖျားနာခြင်း-ကိုယ်ပူချိန်တက်ခြင်း- ဖျားနာခြင်း -...
26/12/2023

Tiffy Syrup (တစ်ဖီအရည်)🛀🏾🛀🏾
ရာသီပြောင်းချိန်ဖြစ်တတ်သော ကလေးငယ်များ
-အအေးမိဖျားနာခြင်း
-ကိုယ်ပူချိန်တက်ခြင်း
- ဖျားနာခြင်း
- နှာရည်ယိုနှာစီးဖြစ်ခြင်း
- နှာခေါင်းပိတ်ခြင်း စသည်တို့ကို သက်သာပျောက်ကင်းစေနိုင်ပါတယ်‌ရှင့်♥️
၁နှစ် - ၃နှစ် = ဇွန်း ၁ ဝက် - ၁ ဇွန်း
၃နှစ် - ၆နှစ် = ၁ ဇွန်း
၆နှစ် - ၁၂နှစ်= ၁ဇွန်းခွဲ - တယ်ရှင့်၁ရက် ၃ကြိမ်မှ ၄ကြိမ်ထိ တိုက်နိုင်ပါတယ်ရှင့်♥️

လူငယ် နှင့် ကျန်းမာရေးယနေ့ လူငယ် နောင်ဝယ်လူကြီးဆိုတဲ့ စကားကို ကြားဖူးကြမယ်ထင်ပါတယ်။ ကောင်းမွန်တဲ့ အနာဂတ် ကမ္ဘာကြီးကို ဖန...
24/12/2023

လူငယ် နှင့် ကျန်းမာရေး

ယနေ့ လူငယ် နောင်ဝယ်လူကြီးဆိုတဲ့ စကားကို ကြားဖူးကြမယ်ထင်ပါတယ်။ ကောင်းမွန်တဲ့ အနာဂတ် ကမ္ဘာကြီးကို ဖန်တီးချင်ရင် လူငယ်တွေကို ငယ်စဉ်ကတည်းက အကောင်းဆုံး ပျိုးထောင်ပေးဖို့ လိုပါမယ်။ ဒီလို ပျိုးထောင်ပေးတယ်ဆိုတဲ့ နေရာမှာ လူငယ်တွေရဲ့ ကျန်းမာရေးက အရေးကြီးတာကြောင့် စိတ်ရော ကိုယ်ပါ ကျန်းမာပြီး တက်ကြွဖျတ်လတ်တဲ့ လူငယ်လေးတွေ ဖြစ်အောင် ပျိုးထောင်ဖို့ လိုပါမယ်။

ဒါမှ သူတို့လေးတွေရဲ့ ကိုယ်တိုင် အနာဂတ်ရော လူသားတွေရဲ့ အနာဂတ်ပါ လှပမှာ ဖြစ်ပါတယ်။ ဒီတော့ ဆယ်ကျော်သက် သားသမီးတွေကို ဘယ်လိုများ ဂရုစိုက်ပေးမလဲ။ သိချင်ရင် ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။

လူငယ်တွေရဲ့ ကျန်းမာရေးက အရေးကြီးသလား………..
ကျန်းမာရေးက လူတိုင်းအတွက် အရေးပါပါတယ်။ ဘေဘီလေး ဘဝကစလို့ ဆယ်ကျော်သက်၊ သတ်လတ်ပိုင်း၊ ဖိုးဖိုးဖွားဖွား အရွယ်အထိ ကျန်းမာရေးက ထိပ်ဆုံးက အရေးပါတဲ့အရာပါ။

အသိပညာကြွယ်ဝပြီး ကောင်းမွန်တဲ့ အနာဂတ်ကို တည်ဆောက်နိုင်စေဖို့ ဆိုရင်တော့ လေ့လာသင်ယူပြီး တိုးတက်ဖို့ အရှိန်ယူနေတဲ့ ဆယ်ကျော်သက်အရွယ် ကလေးတွေကို သေချာ ကျန်းမာအောင် ဂရုစိုက်ပေးဖို့ လိုပါမယ်။ ကောင်းမွန်တဲ့အရာတွေကို ဖန်တီးမယ့် လက်တစ်စုံကို ပိုင်ဆိုင်ထားတဲ့ လူငယ်တွေကို ကောင်းမွန်တဲ့ အနာဂတ်တွေ ဖန်တီးနိုင်စေဖို့ဆိုရင် သူတို့လေးတွေရဲ့ ကျန်းမာရေးကို သေချာ ဂရုစိုက်ဖို့ လိုမယ်ဆိုတာ အသေအချာပါ။

လူငယ်တွေ ကျန်းမာစေဖို့ ဘယ်လို ဂရုစိုက်ပေးမလဲ……..
လူငယ်တွေရဲ့ ကျန်းမာရေးက အရေးကြီးတာကြောင့် အောက်ပါအချက်တွေကို ဂရုစိုက်ပေးပါ။

အာဟာရ ပြည့်ဝအောင် ပြင်ဆင်ပေးပါ
ဆယ်ကျော်သက်တွေမှာ အဖြစ်များတဲ့ အဝလွန်တာ၊ အာဟာရချို့တဲ့တာတွေ ကင်းစေဖို့နဲ့ ကလေးကို သင်ယူနိုင်စွမ်း စဉ်းစားတွေးခေါ်နိုင်စွမ်း ကောင်းမွန်စေဖို့ အာဟာရပြည့်ဝအောင် ကျွေးပေးသင့်ပါတယ်။ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ ကယ်လ်လိုရီ၊ အဆီ၊ အမျှင်ဓာတ်၊ ဗီတာမင် နဲ့ သတ္တုဓာတ်တွေပြည့်ဝ မျှတစွာ ပါဝင်အောင် ပြင်ဆင်ပေးဖို့ လိုပါမယ်။

ဒါမှ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ကျန်းမာစေမှာပါ။

ကိုယ်လက်လေ့ကျင့်ခန်း လုပ်စေပါ
နေ့စဉ် စာတွေ၊ သင်ယူစရာတွေ များလွန်းတာကြောင့် မအားဘူးဆိုရင်တောင် အထိုင်များတဲ့ ဘဝနေထိုင်မှုပုံစံကနေ ၁၅ မိနစ်လောက် ရုန်းထွက်ခွင့်ပေးလိုက်ပါ။ တစ်နေ့တာမှာ အနည်းဆုံး ၁၅ မိနစ်လောက် ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပေးတာက စိတ်ရော ကိုယ်ပါ ကျန်းမာစေဖို့ အကောင်းဆုံး အထောက်အကူပြုပေးနိုင်ပါတယ်။

ကျန်းမာတဲ့ ကိုယ်အလေးချိန် ထိန်းပေးပါ
ကျန်းမာတဲ့ ကိုယ်အလေးချိန် ထိန်းသိမ်းတာက အဝလွန်တာကြောင့် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ကာကွယ်ရာ ရောက်ပါတယ်။ဒါတင်မကဘဲ အသက်အရွယ်ရလာတဲ့အခါ ခံစားရနိုင်တဲ့ နာတာရှည်ရောဂါတွေ ဖြစ်တဲ့ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါတွေကိုပါ ကာကွယ်ပေးရာ ရောက်ပါတယ်။

သင့်တင့်တဲ့ ကိုယ်အလေးချိန် နဲ့ အရပ်အမြင့်ကိုလည်း ရရှိစေမှာပါ။

တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်ပါ
ငယ်စဉ်ကတည်းက တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်တာက စိတ်ရော ကိုယ်ပါ ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ တစ်ကိုယ်ရေကျန်းမာရေး အလေ့အထကောင်းတွေ သင်ပေးတာက ကလေးကို တစ်သက်လုံး ကျန်းမာပျော်ရွှင်စေမယ့် အမွေကို ပေးတာပါ။

နားထောင်ပေးပါ
ကလေးက သူ့ရဲ့ အတွေ့အကြုံ အခက်အခဲတွေကို ရင်ဖွင့်လာတဲ့အခါ နားထောင်ပေးပါ။ အကြံပေးပါ။ ဒါကလည်း ကလေးကို စိတ်ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးတာပါပဲ။ ကလေးနဲ့ မိဘကြားမှာလည်း ချစ်ခြင်းမေတ္တာ တိုးစေပါတယ်။

ချစ်ပေးပါ
ကလေးတစ်ယောက် ကျန်းမာပျော်ရွှင်စေဖို့ အရေးအပါဆုံးက မိဘကနေ ချစ်ပေးဖို့ပါ။ ချစ်ခြင်းမေတ္တာ ပြည့်ဝစွာ ရရှိတဲ့ ကလေးတွေက ကျန်းမာပျော်ရွှင် ကြပါတယ်။

အပြောင်းအလဲတွေကို ရင်ဆိုင်နေရတဲ့ ဆယ်ကျော်သက်လေးတွေကို ချစ်ပေးတာက ကောင်းမွန်တဲ့ ရလဒ်တွေကို ရရှိစေမှာပါ။

Address

Yangon-Pyay Road, Zay (2) Ward
Paungde

Opening Hours

Monday 06:30 - 17:30
Tuesday 06:30 - 17:30
Wednesday 06:30 - 17:30
Thursday 06:30 - 17:30
Friday 06:30 - 17:30
Saturday 06:30 - 17:30

Telephone

+959260030650

Website

Alerts

Be the first to know and let us send you an email when Shwe Khaing Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Shwe Khaing Pharmacy:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram