Aung Thukha General Clinic

Aung Thukha General Clinic အောင်သုခအထွေထွေရောဂါကုဆေးခန်း မှာ Ja

ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခြင်း (Su***de) နဲ့ ပက်သက်ပြီး Responsible Media Reporting ဆိုတာ ရှိပါတယ်။  Su***de နဲ့ ပက်သက်...
30/08/2022

ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခြင်း (Su***de) နဲ့ ပက်သက်ပြီး Responsible Media Reporting ဆိုတာ ရှိပါတယ်။ Su***de နဲ့ ပက်သက်တဲ့ သတင်း​တွေ​​ရေးကြရင် (post ​တွေတင်ကြရင်) လိုက်နာကြရမဲ့ ​ရှောင်ရန်၊ ​ဆောင်ရန်​တွေ အ​ကြောင်းပါ။

အကြမ်းဖျဥ်း​ပြောရရင်

❌️❌️​ရှောင်ရန်​တွေက❌️❌️
၁။ public ကို အ​တွေး၊ အမြင် တိမ်း​စောင်း​​စေနိုင်တဲ့ အ​ရေးအသား၊ စကားလုံး အသုံးအနှုန်း​တွေကို ​ရှောင်ရပါမယ်။
ဥပမာ - ​"ကြပ်တည်းတဲ့ကာလမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခြင်းက လူ​တွေရဲ့ စိတ်ထွက်​ပေါက်တစ်ခုအ​နေနဲ့ ​ရေပန်းစားလာပါတယ်" ဆိုတဲ့ အ​ရေးအသားမျိုး။
"​နောက်ဆုံးမှာ​တော့ ကို A သည် သူ့လွတ်​မြောက်ရာလမ်းကို ရှာ​တွေ့သွားခဲ့သည်" ဆိုတာမျိုး။
ဒါမျိုး အ​ရေးအသား​တွေက စာဖတ်သူ​တွေကို su***de ဟာ အကြပ်အတည်းကာလမှာ မှန်ကန်​​သောလုပ်ရပ်/ဖြေရှင်းနည်း၊ ဖြစ်သင့်​သောလုပ်ရပ်၊ ဖြစ်​နေကြဖြစ်ရပ်၊ တစ်ခုတည်း​သော စိတ်ထွက်​ပေါက်လို့ အထင်​ရောက်သွား​စေနိုင်လို့ပါ။
Su***de သတင်းကို​ဖော်ပြတဲ့​အခါမှ drama ဇာတ်လမ်းတစ်ပုဒ်လို၊ လွမ်း​မောဖွယ် ကဗျာတစ်ပုဒ်လိုလဲ မ​ရေးသင့်ပါဘူး။ ​လေ့လာချက်​တွေအရ ဒီလိုအ​​ရေးအသား​တွေက တစ်ချို့​သောသူ​တွေ (ဥပမာ - စိတ်ထိခိုက်ခံစားလွယ်​နေသူ​တွေ၊ အကြပ်အတည်းနဲ့ ရင်ဆိုင်​နေရသူ​တွေ၊ စိတ်ဓါတ်ကျ​နေသူ​တွေ) ကို တွန်းအား​ပေးသလိုဖြစ်​စေနိုင်ပြီး su***de case ​တွေ များလာ​စေနိုင်ပါတယ်။

၂။ Su***de case တစ်ခုရဲ့ ​နေရာကို​ရေးသား​ဖော်ပြတဲ့ အခါမှာ အ​သေးစိပ်​ရေးသားတာ၊ ​နေရာအ​ခေါ်အ​ဝေါ်ကို su***de နဲ့ ပက်သက်ပြီး တစ်နည်းတစ်ဖုံ တင်စား​​သုံးနှုန်းရေးသား​တာမျိုး​တွေကို ​ရှောင်ကြဥ်ရပါမယ်။

၃။ Su***de လုပ်သွားတဲ့ နည်းလမ်းကို အ​သေးစိပ်​ရေးသားတာမျိုးကို ​ရှောင်ကြဥ်ရပါမယ်။ ဒီလို​ရေးသား​ဖော်ပြတာက su***de လုပ်ဖို့ စဥ်းစားမိ​နေသူကို နည်းလမ်း​ပေးသလို၊ တွန်းအား​ပေးသလို ဖြစ်သွား​စေနိုင်လို့ပါ။

၄။ Su***de ပြုလုပ်သွားသူရဲ့ ဓါတ်ပုံ၊ သူ့မိသားစုရဲ့ ဓါတ်ပုံ က စလို့ ဒီဖြစ်စဥ်နဲ့ ပက်သက်တဲ့ အခြားဘယ်ဓါတ်ပုံ၊ video၊ အသံ file ကိုမှ မ​ဖော်ပြရပါဘူး။ ​Su***de မလုပ်မီ​နောက်ဆုံး​ရေးခဲ့တဲ့ နှုတ်ဆက်စာ၊ ​သေတမ်းစာ၊ စကား​ပြော file၊ video file ဘာကိုမှ မ​ဖော်ပြရပါဘူး။ (အခု online ​ပေါ်မှာ ​တော်​တော်များများ ​တွေ့​နေရတဲ့ ဖိနပ်ပုံကိုလဲ မတင်သင့်ပါဘူး။)
ဒါ​တွေက ​သေဆုံးသွားသူ (နှင့် ကျန်ရစ်သူ မိသားစု) ရဲ့ privacy နဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သလို ကြည့်မြင် ဖတ်ရှုရတဲ့ စာဖတ်သူ​​တွေရဲ့ စိတ်ကိုလဲ တစ်နည်းတစ်ဖုံ တိမ်းညွှတ်သွား​စေနိုင်လို့ပါ။

✅✅️️ လိုက်နာသင့်တာ​တွေက✅️✅️
၁။ စာဖတ်သူကို စိတ်ကျန်းမာ​ရေး ဗဟုသုတ တိုး​စေမဲ့ အချက်​တွေကို ထည့်သွင်း​ရေးသားရပါမယ်။ (ဥပမာ - ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုတဲ့စိတ်က စိတ်ဓါတ်ကျသူ​တွေ၊ အကြပ်အတည်းနဲ့ ရင်ဆိုင်​နေရသူ​တွေမှာ ဖြစ်​ပေါ်တတ်ပါတယ်။ မိသားစု၊ သူငယ်ချင်း၊ ကျန်းမာ​ရေး​စောင့်​ရှောက်မှု​ပေးသူ​တွေ ကို ရင်ဖွင့်တိုင်ပင်ရပါမယ်)

၂။ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်လိုစိတ် ဖြစ်​ပေါ်ခဲ့ရင်၊ အလွန်အမင်းစိတ်ဖိစီးမှု နဲ့ ရင်ဆိုင်ရရင် ဆက်သွယ်နိုင်မဲ့ ဝန်​ဆောင်မှု​ပေးတဲ့ အဖွဲ့​တွေနဲ့ပက်သက်ပြီး ​ဖော်ပြထားရပါမယ်။ (ဥပမာ - ​online နှစ်သိမ့်​ဆွေး​နွေး​ပေးတဲ့ အဖွဲ့​တွေရဲ့ page, phone number, hotlines, Link)

၃။ စိတ်​ကျန်းမာ​ရေးပြသနာတွေ၊ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်တာ​တွေ နဲ့ ပက်သက်ပြီး အယူအဆလွဲမှားမှု​၊ ခွဲခြားဆက်ဆံမှု​တွေ ​လျော့နည်း​အောင် ​ရေးသား​ဖော်ပြရပါမယ်။ ကျန်းမာ​ရေးအသိပညာ​ပေးတဲ့အချက်​တွေ ထည့်သွင်း​ရေးသားရပါမယ်။

၄။ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုတဲ့ စိတ်ကို ​​တောင့်ခံကျော်လွှားနိုင်ခဲ့တဲ့ သူ​တွေအ​ကြောင်းကို အသား​ပေး​​ရေးသားရပါမယ်။

ပြည့်ပြည့်စုံစုံဖတ်ချင်ရင် WHO က ထုတ်တဲ့ "Preventing Su***de: A resource for media professionals" ဆိုတဲ့ စာအုပ်ကို ဖတ်ကြည့်ပါ​နော်။
ဒီ post က ကိုယ်​ရေးတတ်သလို၊ ​ရေးတတ်သ​လောက် ​ရေးတာမို့ မပြည့်စုံလို့ပါ။

*** ပုံ​လေးက​တော့ စိတ်ဖိစီးမှု​တွေနဲ့ စိတ်ကျန်းမာ​​​ရေးပြသနာ​တွေအတွက် အခမဲဲ့ တိုင်ပင်​ဆွေး​နွေးနိုင်တဲ့ ဝန်​ဆောင်မှု​တွေရှိ​ကြောင်း information ​ပေးတာပါ။
Credit Moan Thawdar

19/06/2022

🍚ထမင်းစားများလေ ဆီးချိုပိုတက်လေဆိုတာ တကယ်ပဲလား 🍚


တော်တော်များများ ကြားဖူးကြလိမ့်မယ်ထင်တယ်။ ထမင်းကိုအများကြီးမစားရဘူး၊ စားရင် ဆီးချိုဖြစ်နိုင်တယ်ဆိုတာမျိုးပေါ့။

💭ဒါဆိုဘာလို့ အဲ့လိုမျိုးပြောကြတာလဲ။
အဓိကအကြောင်းအရင်းကတော့ ထမင်းထဲမှာက ဆီးချိုကိုတက်စေတဲ့ ကစီဓာတ်တွေအများဆုံးပါဝင်ပါတယ်။

အဲ့တော့ ထမင်းစားလေ ထမင်းထဲက ကစီဓာတ်တွေကို ပိုစားသုံးသလိုဖြစ်ပြီး ဆီးချို တက်လေပါပဲ။
ဒါဆို ထမင်းစားများလေ ဆီးချိုပိုတက်လေဆိုတဲ့စကားက တကယ်ပဲပေါ့။

ဒီတော့ အဲ့လိုမဖြစ်ရလေအောင် ဘယ်လို ဆင်ခြင် ကြမလဲဆိုတော့ 👇

✅အဆာခံမယ့် ထမင်းမျိုးကို ရွေးပါ။ ဥပမာ - ဆန်လုံးညို၊ rice berry
✅ကစီဓါတ်လျှော့ထားတဲ့ ထမင်း ကိုရွေးချယ်ပါ။
✅အသားဓါတ်ပြည့်ဝအောင်စားပါ
✅အရွက်များများစားပါ
✅လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပါ
✅ကစီဓါတ် ပါဝင်တဲ့ အစားအစာ (ထမင်း၊ ခေါက်ဆွဲ၊ ကြာဇံ၊ ပြောင်း၊ အာလူး၊ ကန်စွန်းဥ) စတာတွေ စားရင် ပမာဏ သတိထားပြီးစားပါ။

🍛ဆီးချိုသမားများအတွက် အရေးအကြီးဆုံးက portion control (ပမာဏထိန်းစားခြင်း) ပါ။ ဘယ်လောက်ပဲ ဆီးချို နဲ့ တည့်ပါတယ် ဆိုတဲ့ ထမင်း၊ ခေါက်ဆွဲ ပဲ ဖြစ်ဖြစ် ပမာဏ မထိန်းနိုင်ရင် ဆီးချို က ဆက်တက်နေပါလိမ့်မယ်။
‎ ‎
နောက်ထပ် အမျှင်များတာတွေ နဲ့ တွဲ စားပေးခြင်းဖြင့်လဲ ဆီးချို တက်နှုန်း ကို တဖက်တလမ်း က နေ ထိန်းသိမ်းပေးနိုင်တာ ကို တွေ့လာရပါတယ်။


ဒါဆို ဆီးချိုကိုထိန်းနိုင်စေဖို့ ထမင်းစားရင် ဘယ်လို အချက်တွေ သတိထားရမလဲဆိုတော့ 👇
‎ ‎ ‎
🍚ပန်းကန်ကို လေးပုံပုံပြီး တစ်ပုံ ကို ထမင်း၊ ခေါက်ဆွဲ၊ ပေါင်မုန့်၊ အာလူး
🍚ကျန် တစ်ပုံ ကို အသား၊ ငါး၊ ပဲ၊ ဥ
🍚ကျန် နှစ်ပုံကို အရွက် ထည့်စားပါ
🍚ဇွန်း၊ ခက်ရင်းနဲ့ စားရင် ပိုကောင်းပါတယ်။ အစားစားချိန်ကြာပြီး 🍚အစားစားချင်စိတ်လျော့နည်းစေပါတယ်​။
🍚ပန်းကန်သေးသေးထဲ ထည့်စားပါ။ အမြင် အားဖြင့် အများကြီးစားရမယ်ဆိုတဲ့ ခံစားချက်ကိုရစေပါတယ်။
🍚ထမင်းမစားခင်၊ စားနေတုန်း၊ စားပြီး ရေသောက်ပါ။ ဗိုက်ပြည့်စေပြီး 🍚ထမင်းစားချင်စိတ်ကိုလျှော့ချပေးနိုင်ပါတယ်။
🍚အစာစားပြီးတာနဲ့ အသီး ချက်ချင်းစားတာမျိုး ဆီးချိုဝေဒနာရှင်တွေမှာ မလုပ်သင့်ပါ။ ဆီးချို အရမ်း တက်သွားနိုင်လို့ပါ။
‎ ‎ ‎
အထက်ပါအချက်တွေ ကို စနစ်တကျလိုက်လုပ်ပြီး ဆီးချို ထိန်းကြပါလို့ အကြံပြုချင်ပါတယ် ခင်ဗျာ။
‎ ‎
💃နောက်ပြီးအရေးအကြီးဆုံးတခု ကတော့ ကိုယ်လက်လေ့ကျင့်ခန်း တခုခု လုပ်ပေးဖို့လဲ အလွန်အရေးကြီးပါတယ်။ မိနစ် ၃၀ လောက် အနည်းဆုံး လုပ်ပေးသင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့ထဲမှာဆိုရင် Zumba အကကခြင်းက လူကိုတစ်ကိုယ်လုံးနာကျင်ကိုက်ခဲမှုမရှိစေဘဲ ဆီးချိုအတွက် အထောက်အကူပြုတဲ့လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။

crd:
ဒေါက်တာ ညီညီကျော်

09/06/2022

#သွေးအားနည်းရောဂါ နှင့် #သံဓါတ်ချို့တဲ့ခြင်း

ကလေးတွေ မှာ အဖြစ်များတဲ့ သွေးအားနည်းရောဂါ ကတော့ သံဓါတ် ချို့တဲ့ လို့ အဖြစ်များပါတယ်။

ဘာကြောင့် သံဓါတ် ချို့တဲ့ ရတာလဲ????

1. အာဟာရ စုံလင်စွာ မစားခြင်း (အထူးသဖြင့် သံဓါတ် ကြွယ်ဝ တဲ့ အစားအစာ များ -အသား၊ငါး၊ ပဲ၊ ကြက်ဥ၊ အစိမ်းရင့်ရောင် အရွက်)

2. သွေးထွက်များခြင်း

3. အူလမ်းကြောင်းရောဂါ ရှိနေခြင်း (သံဓါတ် ကို မစုပ်ယူနိုင်ခြင်း)

4. ကိုယ်ဝန်ဆောင် မိခင်များ

သံဓါတ် ချို့တဲ့ ရင် တွေ့ရသော လက္ခဏာများ

1. မောပန်းလွယ်ခြင်း

2. နုံးခြင်း

3. အသားဖြူဖျော့ခြင်း

4. ရင်ဘက်အောင့်ခြင်း၊ အသက်ရှူမဝသလို ဖြစ်ခြင်း

5. ခေါင်းကိုက်ခြင်း

6. ဖြေဖျား၊ လက်ဖျား အေးစက်ခြင်း

7. လျှာယောင်ခြင်း၊ လျှာနာခြင်း

8. လက်သည်းများ ကျွတ်ဆတ်လွယ်ခြင်း

9. အစားအသောက် ပျက်ခြင်း (အထူးသဖြင့် ကလေးများ)

10. ပုံမှန်မဟုတ်သော အစားအစာ များ တောင်းတ ခြင်း (ဥပမာ - ရေခဲ၊ မြေဖြူ၊ မီးသွေး စတာတွေ စားချင်နေခြင်း)

ဒီလို လက္ခဏာ တွေ တွေ့ရရင်တော့ သက်ဆိုင်ရာ ကျွမ်းကျင်ဆရာဝန် များ နှင့် ပြပြီး ဆေးကုသမှု့ ခံယူပါ။

1. သံဓါတ်အားဆေးသောက်ဖို့လိုအပ်သလို

2. သံဓါတ် ကြွယ်ဝသော အစားအစာ များ လဲ ကျွေးပေးဖို့လိုအပ်ပါတယ်

သံဓါတ် ကြွယ်ဝ တဲ့ အစားအစာ များ

1. ကွကျသား၊ ငါး၊
2. ပင်လယ်စာ
3. ဝက်သား၊ အမဲသား၊ ဆိတ်သား
4. အစိမ်းရင့်ရောင် အရွက်များ
5. ကွကျဥ၊ ဘဲဥ၊
6. အသီးခြောက်
7. ပဲအမျိုးမျိုး
8. သံဓါတ် ထပ်ထည့်ထားသော cereal များ

ဒီအပြင် အထက်ပါ အစားအစာ တွေ စားတဲ့ နေရာမှာ ဗီတာမင်စီ ကြွယ်ဝ တဲ့ အသီးအနှံ တွေ နဲ့ပါ ရောစားပေးရင် ပိုကောင်းပါတယ်။

1. မာလကာသီး
2. ငရုတ်ပွ
3. စတော်ဘယ်ရီ၊ လိမ္မော်သီး
4. ခရမ်းချဉ်သီး
5. အရည်ရွှမ်းသော အသီးအနှံများ

အခုဖော်ပြထားတဲ့ လက္ခဏာတွေရှိနေပြီ ဆိုရင် ဆရာဝန်နှင့် ပြဖို့လိုအပ်သလို သံဓါတ်ပါဝင်တဲ့ အစားအစာတွေပါ ရွေးချယ်စားသောက်သင့်ပါတယ်။

Credit to ဒေါက်တာ ညီညီကျော်

11/05/2022

ယခုနှစ် အစ ထဲက သွေးလွန်တုပ်ကွေးရောဂါနဲ့ဆေးရုံ တက်ရတဲ့ကလေးတွေ ပါရမီဆေးရုံကြီးမှာ အမြဲရှိ နေပါတယ် ရန်ကင်း နဲ့ ရန်ကုန် ကလေး ဆေးရုံကြီး တွေမှာ လည်းရှိတယ် လို့ သိရပါတယ်

သွေးလန့်တဲ့ကလေး​တွေ သွေးရည်ကြည် အထိ သွင်းရတဲ့ ကလေးတွေလည်း ရှိပါတယ်

မိုးကျလါတာနဲ့ ကျောင်းဖွင့်ချိန်နဲ့ ပိုပြီးတွေ့လာနိုင်စရာရှိပါတယ်

အရေးအကြီးဆုံးကတော့ သွေးလွန်တုပ်ကွေး ကို ဖြစ်မှန်းသိ ဆေးရုံတင်သင့်တဲ့ကလေးတွေ တင် ထားပြီး စံနစ်တကျကုသရင် အဆင်ပြေပါတယ်

ဆရာဝန်များကျန်းမာရေးဝန်ထမ်းများ မိဘများ သတိထားနိုင်ဖို့ပါ

သွေးလွန်တုပ်ကွေး အနှစ် ချုပ်

သွေးလွန်တုပ်ကွေး ဖြစ် နိုင် သည် ဟုသတ်မှတ် ခြင်း (propable dengue )

ဖျား ခြင်း နှင့် အောက်ပါ အချက် များ ထဲ မှ ၂ချက် ရှိ လျှင်

၁. အော့ အံ ခြင်း
၂. အရေပြား ပေါ် တွင် အပိန့့်ထွက် ခြင်း rash
၃. ကိုယ်လက် ကိုက်ခဲ ခြင်း
၄. သွေးပေါင် ချိန် တိုင်းကရိယာ ဖြင့် စမ်းသပ်ရာတွင် + ဖြစ် ခြင်း Hess Test
၅. သွေး ဖြူ ဥ နည်း ခြင်း leukopenia
၆. အန္တရာယ် လက္ခဏာ တခုခု ရှိ ခြင်း
၇. နှာခေါင်းသွေးလျှံခြင်း ကေါ်ဖီနှစ် ရောင်အံခြင်း

အလွယ်ဆိုရင်တော့ အဖျား ကြီး ပြီး မလန်းဆန်းရင် မှိန်း ရင် အစားအသောက် ပျက် လျင် ဖြစ်နိုင်တယ်လို့ မှတ်ရပါ မယ်

အန္တရာယ် လ က္ခဏာ များ

၁. ဝမ်း ဗိုက်နာ ခြင်း ဖိလျှင် နာ ခြင်း
၂. ဆက် တိုက် အန် ခြင်း
၃. အဆုတ်နှလုံး ဝမ်းဗိုက်တို့တွင် အရည် စု ခြင်း
၄. မှိန်း ခြင်း သို.မဟုတ့်ကယောင်ကတမ်း ဖြစ် ခြင်း
၅. အသည်း ၂ စင်တီမီတာ ထက် ကြီး ခြင်း
၆. သွေးဖြူဥ ကျလာ ခြင်း သွေးပြစ်နှုံး pcv တက်လာ ခြင်း

ဆေးရုံတက်သင့် သော လုနာများ

၁. အန္တရာယ် လက္ခ ဏာ တခုခု ရှိ ခြင်း
၂. တနှစ် အောက် ကလေး
၃. အဝလွန်သော သူ
၄. အ ခြား ရာ ဂါ ရှိ သော သူ ဥပမာ thalassaemia ရောဂါရှိသူ
၅. ဆေးရုံ နှင့် ဝေးသော သူ

သွေးလွန်တုပ်ကွေးထောင်ချောက်

အရေး ကြီးသည့် သွေး လန့် ခြင်း မဖြစ် မှီ တွင် အဖျားကျ သွားတတ် သည်နေကောင်းသွားပြီ ဟု မှားယွင်းစွာယူဆတတ်သည်
အဖျား ကျ ပြီး မလန်းဆန်းလျှင် မှိန်း လျှင် ကယောင် ကတမ်း ဖြစ် လျှင် မူးဝေအော့ အံ လျှင် ဆေးရုံ သ်ို့ အမြန် သွားရပါ မည်
စားသောက် ဆော့ ကစားနေ လျှင် မစိုးရိမ် ရပါ

သွေး လွန် တုပ် ကွေး အန္တရာယ်ကင်း ဂါ ထာ

ရာသီတိုင်းတွင် ဖျားနာ လျှင်
သွေးလွန် တုပ် ကွေး မှတ်

အဖျားကျ စဉ် မလန်း လျှင်
အစဉ် သတိ ချပ်

ပါမောက္ခ ဦးစောဝင်း
ပါမောက္ခ/ ဌာနမှူး (ငြိမ်း)
ကလေးကျန်းမာပညာဌာန ဆေး(၁)

ဒေါက်တာစောဝင်း (ကလေးကျန်မာရေး )

11/02/2022

မဂ်လာပါရှင့်👩‍⚕️👩‍⚕️
ကျန်းမာခြင်းက လာဘ်တပါးမို့..ကျန်းမာလိုသူတိုင်း မိမိကျန်းမာရေးကိုအထူးဂရုစိုက်သင့်ပါတယ်နော်😷

ကိုဗစ်ကာလမို့ လူတိုင်းအပြင်ထွက်လျှင် 😷 Mask😷 တက်သင့်ပါတယ်နော်

အိမ်တိုင်းHandgel နဲ့ Handspray တွေကို အသုံးပြုသင့်ပါတယ်👏🙌👐👍👍

ကဲ....ကိုဗစ်ကာလမို့ မိမိကျန်းမာရေးအတွက် စိတ်မချဖြစ်လာရင်တော့..👩‍⚕️.အောင်သုခဆေးခန်းကိုသာ လှမ်းခဲ့ပါနော်👩‍⚕️👩‍⚕️

အောင်သုခဆေးခန်း တွင် အောက်ဆီဂျင်အိုးများ ၊ စက်များအသင့်ထားရှိပေးထားပါတယ် ၊ wheelchair လည်းရှိပါတယ် ၊

လူနာများကို စိတ်ရှည်လက်ရှည် ရှင်းပြပေးပီး စေတနာအပြည့်ထားတဲ့ ဆရာမဝန်မလေး👩‍⚕️ Dr. Khin Thuzar Aung ရဲ့🏥 အောင်သုခဆေးခန်းကို မဂ်လာတောင်ညွှန်မြို့နယ်မှာ ဖွင့်လှစ်ပေးထားပါတယ်နော်

ဆေးကုသခ..2000ကျပ်သာ ကောက်ခံပေးတဲ🏥 အောင်သုခဆေးခန်းကို ညနေ ၃နာရီမှ ည ၉နာရီထိတနလာ်နေ့မှ စနေနေ့အထိ ဖွင့်လှစ်ပေးထားပါတယ်နော်

Booking☎ ကြိုယူစနစ်ဖြင့် ဆေးခန်းပြလို့ရနေပါပြီ

Booking ph☎..09951733673/09661518694

Address

Pazundaung

Opening Hours

Monday 15:00 - 20:00
Tuesday 15:00 - 20:00
Wednesday 15:00 - 20:00
Thursday 15:00 - 20:00
Friday 15:00 - 20:00
Saturday 15:00 - 20:00

Telephone

+959661518694

Website

Alerts

Be the first to know and let us send you an email when Aung Thukha General Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Aung Thukha General Clinic:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category