Kaung Pyae Sone Advanced Laboratory and Specialist Clinic

Kaung Pyae Sone Advanced Laboratory and Specialist Clinic Kaung Pyae Sone Advanced Laboratory and Specialist Clinic

HIV ပိုးရှိသူတိုင်း သိထားသင့်တဲ့ ဆေးဝါးနဲ့ ကျန်းမာရေးအသိပညာ HIV ပိုးရှိပြီဆိုတာနဲ့ အများစုက စိတ်ဓာတ်ကျတာ၊ တစ်ယောက်တည်းဖြ...
04/10/2025

HIV ပိုးရှိသူတိုင်း သိထားသင့်တဲ့ ဆေးဝါးနဲ့ ကျန်းမာရေးအသိပညာ

HIV ပိုးရှိပြီဆိုတာနဲ့ အများစုက စိတ်ဓာတ်ကျတာ၊ တစ်ယောက်တည်းဖြစ်နေသလို ခံစားရတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ HIV က ဘဝရဲ့ အဆုံးသတ်မဟုတ်ပါဘူး။ ဆေးဝါးတွေကို စနစ်တကျ မှန်မှန်ကန်ကန် သောက်ပြီး ကျန်းမာရေးကို ဂရုစိုက်မယ်ဆိုရင် ပုံမှန်လူတွေလိုပဲ သက်တမ်းစေ့နေထိုင်နိုင်ပါတယ်။

🔺ART (Antiretroviral Therapy) ဆေးတွေက HIV ပိုးတိုးပွားနှုန်းကို ထိန်းချုပ်ပေးနိုင်ပါတယ်။ ဒီဆေးတွေကို ဆရာဝန်ညွှန်ကြားချက်အတိုင်း နေ့စဉ် အချိန်မှန်မှန် သောက်ဖို့ အရေးကြီးပြီး တစ်ကြိမ်လောက်လွဲသွားရုံနဲ့ ပိုးက ဆေးယဉ်ပါးနိုင်တာမို့ သတိထားဖို့ လိုအပ်ပါတယ်။

🔺Viral Load ဆိုတာကတော့ သွေးထဲမှာ HIV ပိုး ဘယ်လောက်ရှိနေလဲဆိုတာကို တိုင်းတာတဲ့ နည်းလမ်ူတစ်ခုဖြစ်ပါတယ်။ ART ဆေးတွေကို မှန်မှန်သောက်ရင် Viral Load ဟာ undetectable (ရှာမတွေ့နိုင်တော့တဲ့အဆင့်) ဖြစ်သွားပြီး HIV ပိုးကလည်း တခြားသူဆီ ကူးစက်နိုင်ဖို့ အခွင့်အလမ်း နည်းသွားမှာဖြစ်ပါတယ်။

🔺အရေးအကြီးဆုံးက ဆေးကိုမဖြတ်ပစ်လိုက်ဖို့ လိုပါတယ်။ တစ်ခါတစ်လေ ပင်ပန်းပြီး ဆေးသောက်ဖို့ပျင်းတာမျိုး၊ ကျန်းမာနေတယ်ထင်ပြီး ဆေးဖြတ်ချင်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ဆေးဖြတ်လိုက်တာနဲ့ ပိုးတွေက ပြန်ပွားလာပြီး ဆေးယဉ်ပါးသွားနိုင်လို့ ဆေးပြောင်းရတာ၊ ပိုပြင်းတဲ့ဆေးတွေ သောက်ရတာမျိုး ဖြစ်လာနိုင်ပါတယ်။

ဒါ့အပြင် ပိုမိုကျန်းမာနေစေဖို့ -
🔸အာဟာရပြည့်အောင်စားဖို့ လိုအပ်ပါတယ်။ ကိုယ်ခံအားကောင်းဖို့အတွက် အသီးအရွက်၊ အသားငါး၊ ပဲအမျိုးမျိုးနဲ့ အာဟာရပြည့်ဝတဲ့ အစားအသောက်တွေကို စားသုံးပေးပြီး အသင့်စားအစားအစာတွေနဲ့ အချိုများတဲ့ အစားအစာတွေကို လျှော့စားသင့်ပါတယ်။

🔸လေ့ကျင့်ခန်းပုံမှန်လုပ်ဖို့လည်း လိုအပ်ပါတယ်။ တစ်နေ့ကို မိနစ် ၃၀ လောက် လမ်းလျှောက်တာ၊ ပေါ့ပါးတဲ့လေ့ကျင့်ခန်းတွေ လုပ်တာက ခန္ဓာကိုယ်ကို ကြံ့ခိုင်စေပြီး စိတ်ဖိစီးမှုတွေလည်း လျော့ကျစေပါတယ်။

🔸စိတ်ဓာတ်မကျပါနဲ့။ HIV ပိုးရှိတာကြောင့် စိတ်ဓာတ်ကျတာ၊ အထီးကျန်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်လာရင် ဆရာဝန်နဲ့တိုင်ပင်တာ၊ HIV ပိုးရှိသူတွေ စုပေါင်းထားတဲ့ အဖွဲ့အစည်းတွေမှာ ပါဝင်ပြီး အချင်းချင်း ဆွေးနွေးတာမျိုး လုပ်ပေးသင့်ပါတယ်။

🔸ကျန်းမာရေးကို ပုံမှန် စစ်ဆေးသင့်ပါတယ်။ သွေးစစ်တာ၊ CD4 count စစ်တာနဲ့ တခြားလိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေကို ပုံမှန်လုပ်သင့်ပါတယ်။

ဒီလိုနေထိုင်မှုပုံစံကို လိုက်နာခြင်းအားဖြင့်...

✅ART ဆေးဝါးတွေနဲ့ ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုတွေကြောင့် HIV ပိုးကို စိုးရိမ်နေစရာမလိုတော့ပဲ ပိုမိုကောင်းမွန်တဲ့ ဘဝနေထိုင်မှုပုံစံကို ရရှိမှာ သေချာပါတယ်။

✅ART ဆေးကို စနစ်တကျ ပုံမှန်သောက်ပေးတာက သွေးထဲက ပိုးပမာဏ နည်းသွားပြီး မိသားစုဝင်တွေကို ပိုးကူးစက်မှု မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

✅ဒါ့အပြင် စိတ်ဖိစီးမှု လျော့ချနိုင်ပြီး စိတ်ပိုင်းဆိုင်ရာ ပိုမိုကျန်းမာတဲ့ ဘဝကို ဆက်လက်လျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။

အခုဆိုရင် HIV ပိုးဟာ ကုသလို့ရတဲ့ ရောဂါပိုးတစ်ခု ဖြစ်လာပါပြီ။ မှန်ကန်တဲ့ ဆေးကုသမှု၊ ကျန်းမာတဲ့နေထိုင်မှုပုံစံရှိခြင်းက သာမန်လူတွေလိုပဲ ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာ သေချာပါတယ်။

#အိပ်ခ်ျအိုင်ဗွီ #ကျန်းမာရေးဗဟုသုတ ာပေး

အသည်းရောဂါ အဖြေရှာ အသည်းနဲ့ ပတ်သက်ပြီး စိတ်ထဲ မရှင်းဖြစ်နေတာပဲ ဖြစ်ဖြစ်၊ တစ်ခုခုခံစားနေရတာပဲ ဖြစ်ဖြစ် စစ်ဆေးကြည့်ဖို့ လိ...
30/09/2025

အသည်းရောဂါ အဖြေရှာ
အသည်းနဲ့ ပတ်သက်ပြီး စိတ်ထဲ မရှင်းဖြစ်နေတာပဲ ဖြစ်ဖြစ်၊ တစ်ခုခုခံစားနေရတာပဲ ဖြစ်ဖြစ် စစ်ဆေးကြည့်ဖို့ လိုပြီနော်✨

စိတ်ထဲက သို့လော….သို့လော တွေကို တိကျအောင် စစ်ဆေးပေးနေတဲ့ ကောင်းပြည့်စုံ ရှိတယ်နော် ✅
ကောင်းပြည့်စုံမှာ အသည်းနဲ့ ပတ်သက်တဲ့ ကျန်းမာရေး စစ်ဆေးချက်တွေကို တိကျမှန်ကန်စွာ စစ်ဆေးနိုင်ပြီ ဖြစ်ပါတယ်…

အသည်းနဲ့ ပတ်သက်တဲ့ရောဂါတွေကို ရှာဖွေ စစ်ဆေးဖို့အတွက်ဆိုရင် ကောင်းပြည့်စုံ ကိုသာ လာခဲ့လိုက်တော့နော် ☘️

ဆက်သွယ်ရန်
☎ Phone - 09 766 048 751
📌 No.256, Khaymarthi St, North Okkalapa Tsp, Yangon

📌 No.214, Bo Myat Htun St (Middle Block), Pazaungtaung Tsp, Yangon

ကောင်းပြည့်စုံ ဓာတ်ခွဲခန်းမှာ ဘာတွေ စစ်ဆေးလို့ ရနေပြီလဲ …ကောင်းပြည့်စုံ ဓာတ်ခွဲခန်းမှာ ဘာတွေစစ်ဆေးလို့ရနေပြီလဲ ကြည့်လိုက...
02/09/2025

ကောင်းပြည့်စုံ ဓာတ်ခွဲခန်းမှာ ဘာတွေ စစ်ဆေးလို့ ရနေပြီလဲ …

ကောင်းပြည့်စုံ ဓာတ်ခွဲခန်းမှာ ဘာတွေစစ်ဆေးလို့ရနေပြီလဲ ကြည့်လိုက်ရအောင်နော်…💁🏼‍♀️

ကောင်းပြည့်စုံမှာ
✅သွေးရောဂါစစ်ဆေးမှုများ၊
✅သွေးအဆီဓာတ်စစ်ဆေးမှုများ
✅အသည်း၊ ကျောက်ကပ်ဆိုင်ရာ စစ်ဆေးမှုများ၊
✅ဆီးချို၊ နှလုံးဆိုင်ရာ စစ်ဆေးမှုများ၊
✅ဟော်မုန်း စစ်ဆေးမှုများ၊
✅ကူးစက်ရောဂါစစ်ဆေးမှုများ၊
✅ကင်ဆာရောဂါစစ်ဆေးမှုများ၊
✅အရိုး၊ အကြောစစ်ဆေးမှုများ၊
✅ဆီးနမူနာ စစ်ဆေးမှုများ၊
✅ပိုးမွေးမြူစစ်ဆေးမှုများ၊
✅တစ်ရှူးနမူနာစစ်ဆေးမှု၊ဆဲလ်ဗေဒစစ်ဆေးမှုများ
✅အသည်းရောင် အသားဝါ B ပိုး၊ C ပိုး စစ်ဆေးမှုများ၊
✅သားအိမ်ခေါင်းကင်ဆာအမျိုးအစားစစ်ဆေးမှု
✅ဝမ်းဗိုက်ဓာတ်မှန်နှင့် ဓာတ်မှန်ရိုက်ခြင်း တို့ကို စစ်ဆေးနိုင်တာပဲ ဖြစ်ပါတယ်…

အသင်းအဖွဲ့အလိုက် သွေးစစ်ဆေးချက်တွေကို စျေးနှုန်းချိုသာတဲ့ Package တွေနဲ့ စစ်ဆေးနိုင်ဖို့အတွက် ဝန်ဆောင်မှုပေးနေတဲ့ ကောင်းပြည့်စုံမှာ စစ်ဆေးလိုက်ပါနော်☘️

ဆက်သွယ်ရန်
☎ Phone - 09 766 048 751
📌 No.256, Khaymarthi St, North Okkalapa Tsp, Yangon

📌 No.214, Bo Myat Htun St (Middle Block), Pazaungtaung Tsp, Yangon

30/08/2025

Seaman တွေအတွက်ပါ ကျန်းမာရေးစစ်ဆေးချက်ရှိတဲ့ ကောင်းပြည့်စုံ

Seaman တွေအတွက် ကျန်းမာရေးစစ်ဆေးချက်ဆိုတာက အရမ်းအရေးပါတဲ့ အရာတစ်ခုပါ…✅

အခုလို အရေးပါတဲ့ ကျန်းမာရေးစစ်ဆေးချက်ကို တိကျမှန်ကန်တဲ့ အဖြေမှန်ပေးနိုင်မယ့် စစ်ဆေးချက်ပေးနိုင်ဖို့လိုပါတယ်…☘️

ကောင်းပြည့်စုံက ကျန်းမာရေးစစ်ဆေးချက်တွေကို တိကျမှန်ကန်အောင်စီစဉ်ဆောင်ရွက်ဝန်ဆောင်မှုပေးနေတာပဲ ဖြစ်ပါတယ်…🔰

Seaman တွေရဲ့ လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးချက်မှန်သမျှကို ကောင်းပြည့်စုံမှာ ရနေပြီမို့ လာရောက်ဆွေးနွေးနိုင်ပြီပဲ ဖြစ်ပါတယ်နော်…🫶

ဆက်သွယ်ရန်
Phone - 09 95011713
Address - L84 (A), Kan Yeik Thar 5 Street, FMI City, Yangon, Myanmar.

ဆက်သွယ်ရန်
☎ Phone - 09 766 048 751
📌 No.256, Khaymarthi St, North Okkalapa Tsp, Yangon

📌 No.214, Bo Myat Htun St (Middle Block), Pazaungtaung Tsp, Yangon

မိုးရာသီနဲ့ မှိုရောဂါ မိုးရာသီမှာ မှိုရောဂါ ပိုများတတ်တာဟာ သဘာဝအခြေအနေကြောင့် ဖြစ်တတ်ပါတယ်။ အစိုဓာတ်မြင့်ပြီး အပူချိန်လည...
28/08/2025

မိုးရာသီနဲ့ မှိုရောဂါ

မိုးရာသီမှာ မှိုရောဂါ ပိုများတတ်တာဟာ သဘာဝအခြေအနေကြောင့် ဖြစ်တတ်ပါတယ်။ အစိုဓာတ်မြင့်ပြီး အပူချိန်လည်း သင့်တော်တဲ့အချိန်ဖြစ်တာကြောင့် မှိုတွေကြီးထွားဖို့တွက် အသင့်ဖြစ်နေတာပဲ ဖြစ်ပါတယ်….

မှိုရောဂါစွဲကပ်လာပြီဆိုရင်
🔺အရေပြားမှိုစွဲခြင်း
🔺ခြေသည်းမှိုဝင်ခြင်း
🔺ဦးရေပြားမှိုစွဲခြင်း
🔺ညှင်းပေါက်ခြင်း တို့ ဖြစ်တတ်ပါတယ်…

ဘယ်လိုနေထိုင်ရမလဲ ဆိုရင်တော့

🔰 ခန္ဓာကိုယ်ကို အမြဲခြောက်သွေ့အောင်ထားပါ။
🔰အဝတ်အစားတွေ ခြောက်ပြီးမှ ဝတ်ပါ။
🔰မိမိအသုံးပြုတဲ့ ခြေအိတ်၊ ကိုယ်ဝတ်အထည်များကို မကြာခဏလှန်းပါ။
🔰မီးပူတိုက်ပြီး ဝတ်ဆင်ပါ။
🔰ကိုယ့်ကိုယ်ကို မကြာခဏ သန့်ရှင်းအောင်ပြုလုပ်ပါ။
🔰မှိုလက္ခဏာတွေ ပေါ်လာရင် အချိန်မီ ဆေးခန်းပြဖို့ လိုအပ်ပါတယ် …

မိုးရာသီရောက်ရင် ဖြစ်တတ်သော မှိုရောဂါကို မဖြစ်ရအောင် ကြိုတင်ကာကွယ်ထားဖို့လိုပါတယ်…🫶

ဆက်သွယ်ရန်
☎ Phone - 09 766 048 751
📌 No.256, Khaymarthi St, North Okkalapa Tsp, Yangon

📌 No.214, Bo Myat Htun St (Middle Block), Pazaungtaung Tsp, Yangon

တိကျပြတ်သားတဲ့ အဖြေတစ်ခု သိရစေဖို့ ကျန်းမာရေးစစ်ဆေးတဲ့အခါ စစ်ဆေးချက်တွေက တိကျပြီး ရှင်းလင်းတဲ့ အဖြေတစ်ခု ရဖို့လိုပါတယ် ✨...
26/08/2025

တိကျပြတ်သားတဲ့ အဖြေတစ်ခု သိရစေဖို့

ကျန်းမာရေးစစ်ဆေးတဲ့အခါ စစ်ဆေးချက်တွေက တိကျပြီး ရှင်းလင်းတဲ့ အဖြေတစ်ခု ရဖို့လိုပါတယ် ✨

လူကြီးမင်းတို့ရဲ့ ခန္ဓာကိုယ်မှာ ဖြစ်ပေါ်နေတဲ့ ရောဂါတွေကို တိကျသေချာစွာ စစ်ဆေးဖို့ အတွက်ဆိုရင်တော့ ကောင်းပြည့်စုံ ရှိနေပါတယ်….

ကောင်းပြည့်စုံမှာ ခေတ်မှီတဲ့ စက်ပစ္စည်းတွေနဲ့အတူ ရောဂါရှာဖွေစစ်ဆေးရေးဝန်ဆောင်မှုပေးနေတာမို့ ယုံကြည်စိတ်ချစွာ လာရောက်စစ်ဆေးနိုင်ပါတယ်…☘️

ဆက်သွယ်ရန်
☎ Phone - 09 766 048 751
📌 No.256, Khaymarthi St, North Okkalapa Tsp, Yangon

📌 No.214, Bo Myat Htun St (Middle Block), Pazaungtaung Tsp, Yangon

တိကျမှန်ကန်တဲ့ Result များအတွက် KPS Lab ကို ယုံကြည်လိုက်ပါ KPS Lab မှာ ရောဂါရှာဖွေစစ်ဆေးမှုတွေအတွက် ခေတ်မှီတဲ့ စက်ကိရိယာ...
07/08/2025

တိကျမှန်ကန်တဲ့ Result များအတွက် KPS Lab ကို ယုံကြည်လိုက်ပါ

KPS Lab မှာ ရောဂါရှာဖွေစစ်ဆေးမှုတွေအတွက် ခေတ်မှီတဲ့ စက်ကိရိယာတွေနဲ့ စစ်ဆေးဝန်ဆောင်မှုပေးနေတာပဲ ဖြစ်ပါတယ်…

ကျန်းမာရေးစစ်ဆေးချက်တွေက တိကျမှန်ကန်မှုရှိနေစေဖို့က အရေးကြီးတာမို့
စိတ်ချပြီး ယုံကြည်ရတဲ့ ကောင်းပြည့်စုံ သာရွေးချယ်လိုက်နော်…✨

ကောင်းပြည့်စုံမှာ အဖြေမှန်တွေပါ ယုံကြည်ရပြီး၊ Delivery စနစ်ပါ ရှိတာမို့ အကောင်းဆုံးရွေးချယ်မှု ဖြစ်စေမှာ အမှန်ပါပဲ❤️

ဆက်သွယ်ရန်
☎ Phone - 09 766 048 751
📌 No.256, Khaymarthi St, North Okkalapa Tsp, Yangon

📌 No.214, Bo Myat Htun St (Middle Block), Pazaungtaung Tsp, Yangon

အရေပြားကင်ဆာဆိုတာက ခရမ်းလွန်ရောင်ခြည်တိုက်ရိုက် ထိတွေ့သောအခါ ဖြစ်ပေါ်တတ်သော ရောဂါအမျိုးအစားမျိုး ဖြစ်ပါတယ်….ကမ္ဘာတဝှမ်းမ...
06/08/2025

အရေပြားကင်ဆာဆိုတာက ခရမ်းလွန်ရောင်ခြည်တိုက်ရိုက် ထိတွေ့သောအခါ ဖြစ်ပေါ်တတ်သော ရောဂါအမျိုးအစားမျိုး ဖြစ်ပါတယ်….

ကမ္ဘာတဝှမ်းမှာ အဖြစ်အများဆုံး ကင်ဆာရောဂါမျိုး ဖြစ်ပြီး၊ ကုသမှု အရှိဆုံးရောဂါမျိုးပဲ ဖြစ်ပါတယ်….

ဒါကြောင့် မေလ ကို အရေပြားကင်ဆာလလို့ သတ်မှတ်ထားကြပါတယ်…

အရေပြားကင်ဆာက နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေတဲ့ မျက်နှာ၊ လည်ပင်း၊ လက် နဲ့ လည်ပင်း တွေမှာ စတင်ဖြစ်ပွါးမှု အများဆုံးတွေ့ရပါတယ်…

ဘယ်လိုအရာတွေက ရောဂါကိုဖြစ်ပေါ်စေတာလဲဆိုရင်တော့

✅ခရမ်းလွန်ရောင်ခြည်ပါ နေရောင်ခြည်နဲ့ လွန်ကဲထိတွေ့ခြင်း၊
✅မျိုးရိုးအလိုက် ဖြစ်ပေါ်တတ်ခြင်း
✅ကလေးငယ်များ နေရောင်ခြည်တိုက်ရိုက်ထိတွေ့ခြင်း၊
✅ကိုယ်ခံအားနည်းလာတဲ့အခါ ဖြစ်ပေါ်တတ်ပါတယ်…

ဘယ်လိုမျိုး ကာကွယ်နိုင်မလဲ ဆိုရင်တော့

✅နံနက် ၁၀ နာရီမှ ၄ နာရီ ထိ နေရောင်ခြည်နဲ့ ထိတွေ့ခြင်း ရှောင်ကြဉ်ရပါမယ်…
✅SPF 30+ ပါတဲ့ နေရောင်ခြည်ကာကွယ် Cream များ လိမ်းပေးရပါမယ်…
✅အကာအကွယ်ပါသောအင်္ကျီ၊ နေကာမျက်မှန်၊ ဦးထုပ် ဆောင်းပြီးမှ အပြင်ထွက်ပါ၊
✅ကိုယ့် အရေပြားပေါ်မှာ ပုံမှန်အသားအရေမျိုးမဟုတ်ဘဲ ထူးဆန်းတာတွေ့ပါက ချက်ချင်း စစ်ဆေးမှု ပြုလုပ်ပါ….

အရေပြားကင်ဆာက ပြင်းထန်သော်လည်း ကာကွယ်နိုင်သော ရောဂါဖြစ်ပါတယ်။ သတိရှိမှု၊ ပုံမှန်အရေပြားစောင့်ကြည့်ခြင်းနှင့် ဆေးကုသမှုခံယူခြင်းဖြင့် အရေပြားကင်ဆာအများစုကို အောင်မြင်စွာ ကုသနိုင်ပါတယ်..

အရေပြားကင်ဆာနေ့ကို ကမ္ဘာတစ်ဝှမ်းတွင် အရေပြားကင်ဆာကာကွယ်ခြင်း၊ စောစီးစွာသိရှိနိုင်ခြင်းနှင့် ကုသခြင်းဆိုင်ရာ အသိပညာပေးခြင်းများကို မေလ မှာ ကျင်းပပေးလေ့ရှိပါတယ်…

မေလသည် နိုင်ငံများစွာတွင် နွေရာသီအစဖြစ်ပြီး ပြင်ပလှုပ်ရှားမှုများနှင့် ခရမ်းလွန်ရောင်ခြည်ထိတွေ့မှုအန္တရာယ်ကို တိုးပွါးစေတာမို့ မေလ ကို အရေပြား ကင်ဆာ နေ့ အဖြစ်သတ်မှတ်ခဲ့ကြတာပဲ ဖြစ်ပါတယ်

ဆက်သွယ်ရန်
☎ Phone - 09 766 048 751
📌 No.256, Khaymarthi St, North Okkalapa Tsp, Yangon

📌 No.214, Bo Myat Htun St (Middle Block), Pazaungtaung Tsp, Yangon

17/07/2025

ဆေးရုံများ၊ ဆေးခန်းနဲ့ Specialist Clinics များအနေနဲ့ စစ်ဆေးမှုအဖြေများကို မြန်ဆန်စွာ ရရှိနိုင်ဖို့အတွက် အလွယ်တကူ ပို့ဆောင်နိုင်ပြီ ဖြစ်ပါတယ်….

ရန်ကုန်မြို့တွင်းအတွက်ဆိုရင်တော့

📌မြို့နယ်အလိုက် သတ်မှတ်ထားတဲ့အချိန်အတွင်း လာရောက်ယူပေးပါတယ်…
( အရေးကြီး Sample များအတွက် Urgent Fee ပေးစရာမလိုဘဲ အထူးဝန်ဆောင်မှုပေးနေပြီဖြစ်ပါတယ် )

နယ်ဝေး Customer များအတွက်ဆိုရင်တော့ 📌အချိန်နဲ့တပြေးညီ ကားဂိတ်တင်ပေးတာပဲဖြစ်ပါတယ်…

📌ပို့ပေးသည့်အခါမှာလည်း Sample များကို စနစ်တကျထုတ်ပို့ပြီး လမ်းညွှန်ချက်တွေအတိုင်း အချိန်မှီ သယ်ဆောင်ခြင်းနှင့်၊

📌အပူထိန်းစနစ်နဲ့ အရည်အသွေးထိန်းသိမ်းမှုများကို စနစ်တကျ ပို့ပေးပြီး၊ အချိန်မှီ Results ထုတ်ပေးနိုင် အောင် ဝန်ဆောင်မှု ပေးနေတာပဲ ဖြစ်ပါတယ်….

ဒီလိုမျိုး စနစ်တကျ ဝန်ဆောင်မှုများနဲ့ ဆောင်ရွက်ပေးနေတဲ့ ကောင်းပြည့်စုံ နဲ့ အတူ ယုံကြည်စွာ လက်တွဲနိုင်ပါတယ်🤝❤️

ဆက်သွယ်ရန်
📍အမှတ် (၂၅၆)၊ ခေမာသီလမ်း၊ မြောက်ဥက္ကလာပ မြို့နယ်၊ ရန်ကုန်။
📍အမှတ် (၂၁၄)၊ ဗိုလ်မြတ်ထွန်းလမ်း (အလယ်ဘလောက်လမ်း)၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်။
☎️ 09766048751

စိတ်နှလုံးအေးချမ်းမှု၊ ကိုယ်ခန္ဓာကျန်းမာရေး၊ သာယာလှပသောဘဝများနှင့် အောင်မြင်မှုအသစ်များဖြင့် ပြည့်စုံပါစေကြောင်း KPS Lab...
09/07/2025

စိတ်နှလုံးအေးချမ်းမှု၊ ကိုယ်ခန္ဓာကျန်းမာရေး၊ သာယာလှပသောဘဝများနှင့် အောင်မြင်မှုအသစ်များဖြင့် ပြည့်စုံပါစေကြောင်း KPS Lab မှ ဂုဏ်ယူစွာ ဆုတောင်းပေးလိုက်ပါတယ်။

ကျန်းမာခြင်းသည် လာဘ်တစ်ပါး ဆိုတဲ့အတိုင်း ကျန်းမာရေးကောင်းမွန်ဖို့အတွက် မဖြစ်ခင်တည်းက ကြိုစစ်ဆေးသင့်တာတွေကို စစ်ဆေးထားဖို...
13/06/2025

ကျန်းမာခြင်းသည် လာဘ်တစ်ပါး ဆိုတဲ့အတိုင်း ကျန်းမာရေးကောင်းမွန်ဖို့အတွက် မဖြစ်ခင်တည်းက ကြိုစစ်ဆေးသင့်တာတွေကို စစ်ဆေးထားဖို့ လိုပါတယ်….

ဒီလိုမျိုးစစ်ဆေးမှုတွေကို တိကျမှန်ကန်တဲ့ အဖြေတွေရအောင် ခေတ်မှီနည်းပညာတွေနဲ့ ဆောင်ရွက်ပေးနေတဲ့ ကောင်းပြည့်စုံ ရှိတာပဲ ဖြစ်ပါတယ်….

ကောင်းပြည့်စုံရဲ့ ဝန်ဆောင်မှုတွေက
✅သွေးရောဂါစစ်ဆေးမှုများ၊
✅အသည်း၊ ကျောက်ကပ်ဆိုင်ရာ စစ်ဆေးမှုများ၊
✅ဆီးချို၊ နှလုံးဆိုင်ရာ စစ်ဆေးမှုများ၊
✅ဟော်မုန်း စစ်ဆေးမှုများ၊
✅ကူးစက်ရောဂါစစ်ဆေးမှုများ၊
✅ကင်ဆာရောဂါစစ်ဆေးမှုများ၊
✅အရိုး၊ အကြောစစ်ဆေးမှုများ၊
✅ဆီးနမူနာ စစ်ဆေးမှုများ၊
✅ပိုးမွေးမြူစစ်ဆေးမှုများ၊
✅တစ်ရှူးနမူနာစစ်ဆေးမှု၊ဆဲလ်ဗေဒစစ်ဆေးမှုများ
✅အသည်းရောင် အသားဝါ B ပိုး၊ C ပိုး စစ်ဆေးမှုများ၊
✅သားအိမ်ခေါင်းကင်ဆာအမျိုးအစားစစ်ဆေးမှု
✅ဝမ်းဗိုက်ဓာတ်မှန်နှင့် ဓာတ်မှန်ရိုက်ခြင်း တို့ကို စစ်ဆေးနိုင်တာပဲ ဖြစ်ပါတယ်…

ဒီလိုမျိုးစစ်ဆေးမှုတွေကို အချိန်မြန်ပြီး၊ တိကျမှန်ကန်တဲ့ အဖြေတွေရနိုင်ဖို့အတွက် ယုံကြည်စိတ်ချစွာ ဝန်ဆောင်မှုပေးနေတာပဲ ဖြစ်ပါတယ်…

ကျန်းမာရေးဆိုတာက မဖြစ်ခင်မှာ ကြိုတင်ကာကွယ်ဖို့အတွက် ကြိုတင်စစ်ဆေးထားကအကောင်းဆုံးပါပဲ…

စစ်ဆေးမှုတွေ ပြုလုပ်တော့မယ်ဆိုရင်တော့ ကောင်းပြည့်စုံ ရှိတယ်နော် …☘️

ဆက်သွယ်ရန်
📍အမှတ် (၂၅၆)၊ ခေမာသီလမ်း၊ မြောက်ဥက္ကလာပ မြို့နယ်၊ ရန်ကုန်။
📍အမှတ် (၂၁၄)၊ ဗိုလ်မြတ်ထွန်းလမ်း (အလယ်ဘလောက်လမ်း)၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်။
☎️ 09766048751

အဖွဲ့လိုက် Package တွေပါ ဝန်ဆောင်မှုပေးနေတဲ့ကောင်းပြည့်စုံ လုပ်ငန်းခွင်မှာပဲ ဖြစ်ဖြစ် အဖွဲ့၊အသင်း အလိုက် ကျန်းမာရေးအတွက်...
11/06/2025

အဖွဲ့လိုက် Package တွေပါ ဝန်ဆောင်မှုပေးနေတဲ့ကောင်းပြည့်စုံ

လုပ်ငန်းခွင်မှာပဲ ဖြစ်ဖြစ် အဖွဲ့၊အသင်း အလိုက် ကျန်းမာရေးအတွက် အဖွဲ့လိုက် စစ်ဆေးမှုတွေကို စီစဉ်မှုတွေကို ပြုလုပ်လာကြပါတယ်…

ကျွန်တော်တို့ ကောင်းပြည့်စုံ ဓာတ်ခွဲခန်းမှာ အလုပ်ရှင်များ၊ ကုမ္ပဏီများနှင့် ချိတ်ဆက်ကာ အဖွဲ့လိုက် သွေးစစ်ဆေးမှု၊ ပြည်ပထွက်ခွါမယ့်သူများ စံချိန်မှီ စစ်ဆေးမှုများကို လည်း ပြန်လည်ဆွေဂနွေးနိုင်ပြီး၊ Packageများကို အထူးစျေးနှုန်းဖြင့်စီစဉ်ပေးလျက်ရှိနေပါတယ်….

အခုဆိုရင် ပြည်ပထွက်အလုပ်လုပ်ကိုင်မယ့်သူတွေအနေနဲ့ သွေးစစ်ဆေးခြင်း များကို Company များစွာဖြင့် ချိတ်ဆက်လက်တွဲပြီး လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်…

ဘာတွေ စစ်ဆေးလို့ရလဲ?

✅သွေးရောဂါစစ်ဆေးမှုများ၊
✅အသည်း၊ ကျောက်ကပ်ဆိုင်ရာ စစ်ဆေးမှုများ၊
✅ဆီးချို၊ နှလုံးဆိုင်ရာ စစ်ဆေးမှုများ၊
✅ဟော်မုန်း စစ်ဆေးမှုများ၊
✅ကူးစက်ရောဂါစစ်ဆေးမှုများ၊
✅ကင်ဆာရောဂါစစ်ဆေးမှုများ၊
✅အရိုး၊ အကြောစစ်ဆေးမှုများ၊
✅ဆီးနမူနာ စစ်ဆေးမှုများ၊
✅ပိုးမွေးမြူစစ်ဆေးမှုများ၊
✅တစ်ရှူးနမူနာစစ်ဆေးမှု၊ဆဲလ်ဗေဒစစ်ဆေးမှုများ
✅အသည်းရောင် အသားဝါ B ပိုး၊ C ပိုး စစ်ဆေးမှုများ၊
✅သားအိမ်ခေါင်းကင်ဆာအမျိုးအစားစစ်ဆေးမှု
✅ဝမ်းဗိုက်ဓာတ်မှန်နှင့် ဓာတ်မှန်ရိုက်ခြင်း တို့ကို စစ်ဆေးနိုင်တာပဲ ဖြစ်ပါတယ်…

အသင်းအဖွဲ့အလိုက် ဆေးစစ်ဆေးချက်တွေကို စျေးနှုန်းချိုသာတဲ့ Package တွေနဲ့ စစ်ဆေးနိုင်ဖို့အတွက် ဝန်ဆောင်မှုပေးနေတဲ့ ကောင်းပြည့်စုံမှာ စစ်ဆေးလိုက်ပါနော်☘️

ဆက်သွယ်ရန်
📍အမှတ် (၂၅၆)၊ ခေမာသီလမ်း၊ မြောက်ဥက္ကလာပ မြို့နယ်၊ ရန်ကုန်။
📍အမှတ် (၂၁၄)၊ ဗိုလ်မြတ်ထွန်းလမ်း (အလယ်ဘလောက်လမ်း)၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်။
☎️ 09766048751

Address

No. (214/B), Bo Myat Htun Street (Middle Block), Between Mahar Bandula Road & Anawrahta Rd
Pazundaung
11171

Opening Hours

Monday 08:00 - 19:00
Tuesday 08:00 - 19:00
Wednesday 08:00 - 19:00
Thursday 08:00 - 19:00
Friday 08:00 - 19:00
Saturday 08:00 - 19:00
Sunday 08:00 - 19:00

Telephone

+959766048751

Website

Alerts

Be the first to know and let us send you an email when Kaung Pyae Sone Advanced Laboratory and Specialist Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Kaung Pyae Sone Advanced Laboratory and Specialist Clinic:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category