နဝင်း တိုင်းရင်းဆေးဝါးလုပ်ငန်း

  • Home
  • Myanmar
  • Pazundaung
  • နဝင်း တိုင်းရင်းဆေးဝါးလုပ်ငန်း

နဝင်း တိုင်းရင်းဆေးဝါးလုပ်ငန်း ဆရာဦးငွေစိုး၏ "နဝင်း" တိုင်းရင်းဆေး

page messenger က စာပြန်မရဖြစ်ပြီး error တတ်နေပါသဖြင့် ဆေးအမှာများနဲ့ မေးမြန်းစုံစမ်းချင်တာများရှိလျှင်ဆေးတိုက်ဖုန်း ~09 ...
07/11/2023

page messenger က စာပြန်မရဖြစ်ပြီး error တတ်နေပါသဖြင့် ဆေးအမှာများနဲ့ မေးမြန်းစုံစမ်းချင်တာများရှိလျှင်ဆေးတိုက်ဖုန်း ~

09 444435050/09448021544

တို့ကို တိုက်ရိုက်ဆက်သွယ်မှာယူနိုင်ပါတယ်
အိမ်အရောက်ပို့ ဝန်ဆောင်မှုများကိုလည်းပြုလုပ်ပေးနေပါတယ်

09/10/2023

အရေးပေးခံရအောင်အရာရောက်ဖို့ အရင်ကြိုးစားရမယ်🙏

07/10/2023

ရောဂါဖြစ်ခြင်းအကြောင်း ၈ မျိုး
#ပါမောက္ခချုပ်ဆရာတော် ဘုရားကြီး
ဒေါက်တာနန္ဒမာလာဘိဝံသ
🙏🙏🙏

နနွင်းဂျင်းမျိုးနွယ်စုဝင် နနွင်းကို အရှေ့အိန္ဒိယ နဲ့ အရှေ့အလယ်ပိုင်းဒေသတွေမှာ ဆေးအနေနှင့် သုံးလာတာကြာပါပြီ။ အင်ဒိုနီးရှာ...
15/08/2023

နနွင်း

ဂျင်းမျိုးနွယ်စုဝင် နနွင်းကို အရှေ့အိန္ဒိယ နဲ့ အရှေ့အလယ်ပိုင်းဒေသတွေမှာ ဆေးအနေနှင့် သုံးလာတာကြာပါပြီ။ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ တရုတ်၊ ထိုင်ဝမ်၊ ဂျမေကာ နဲ့ ဟေတီ တို့မှာ ဟင်းချက်စရာအနေနဲ့သုံးပါတယ်။ ရှေးခေတ်က နနွင်းကို အရောင်ကျစေတဲ့ ဆေးအနေနဲ့ အသည်းရောင်အသားဝါ၊ရာသီမမှန်ခြင်း၊ဆီးထဲသွေးပါခြင်း၊သွားကိုက်ခြင်း၊ရင်ဘတ်အောင့်ခြင်း၊ဗိုက်အောင့်ခြင်းတွေမှာ ဆေးအဖြစ်သုံးပါတယ်။ ကင်ဆာ၊ပြည်တည်အူရောင်ရောဂါ၊အဆစ်ရောင်ခြင်း၊ကိုလက်စထရောမြင့်တက်ခြင်းတွေမှာ အသုံးဝင်တယ်လို့ဆိုပါတယ်။

နနွင်းမှာ အရောင်ကျစေတဲ့ အစွမ်းရှိပါတယ်။ Oncogene ဂျာနယ်ရေးတာက နနွင်းဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးရောင်ရမ်းခြင်းကို ကုသပေးတဲ့အစားအစာပါ။ နနွင်းရဲ့ ဓာတ်တိုးဆန့်ကျင် အစွမ်း နှင့် အရောင်ကျစေတဲ့အစွမ်းက အရေပြားကျန်းမာရေးအတွက်အကောင်းပါတယ်။ အနာကျက်စေတယ်၊ဝက်ခြံအတွက်သာမက ဝက်ခြံကြောင့်ဖြစ်တဲ့ အနာရွတ်ကိုပါ ပျောက်ကင်းစေတယ်။

နနွင်းမှာပါတဲ့ curcumin က အူလမ်းကြောင်းအနာကိုကျက်စေတယ်။ ကျန်းမာရေး အကျိုးပြု probiotics ကို ရှင်သန်ကြီးထွားစေတယ်။ ဒါကြောင့် အူလမ်းကြောင်းရောဂါကုတဲ့နေရာမှာသုံးပါတယ်။ U.S. Army Institute of Surgical Research က မီးလောင်အနာတွေကို နနွင်းထည့်ပေးလို့ ရတယ်လို့ရေးပါတယ်။

Cancer Research UK (အင်္ဂလန်နိုင်ငံ ကင်ဆာသုသေတန) အတွင်းမှာ နနွင်းက ကင်ဆာဆဲလ်ကို သတ်နိုင်တယ်ဆိုတဲ့ ထင်မြင်ယူဆချက်က အတော်လူပြောများပါတယ်။ ရင်သားကင်ဆာ၊အစာအိမ်အူလမ်းကြောင်းကင်ဆာ နှင့် အရေပြားကင်ဆာတွေ အတွက် သုံးနိုင်တယ်ဆိုပါတယ်။ Baylor Scott & White Research Institute က 2017 ဇူလိုင်လမှာ သုသေတနတစ်ခု လုပ်ခဲ့ပါတယ်။ သုသေတနမှာ တွေ့ရှိတာက နနွင်းကို ကင်ဆာဆေးသွင်းကုသလို့ မအောင်မြင်တဲ့ ပန်းကရိယတ် (pancreas) ကင်ဆာတွေကို ကုနိုင်တယ်ပြောပါတယ်။

နနွင်းက အင်ဆူလင်ကို ဆဲလ်တွေပိုကြိုက်အောင်လုပ်ပေးပါတယ်။ဒါကြောင့် ဆီးချိုသမားတွေအတွက်အသုံးဝင်ပါတယ်။ဆီးချိုကြောင့် ဖြစ်တဲ့နောက်ဆက်တွဲရောဂါတွေကိုလည်း သက်သာစေပါတယ်။ Biofactors ဂျာနယ်ကရေးတာ နနွင်းက ဝိတ်ကျစေပါတယ်။ 1980 မှာ လုပ်တဲ့ သုသေတနတစ်ခုမှာ နနွင်းက သွေးခဲခြင်း(vascular thrombosis)ကို သက်သာစေတယ်ဆိုပါတယ်။

နနွင်းရဲ့ဘေးထွက်ဆိုးကျိုးတွေက ပျို့အန်ခြင်း၊ဝမ်းသွားခြင်း၊သွေးမတိတ်ခြင်း၊သွေးပေါင်ကျခြင်း၊သည်းခြေအောင့်ခြင်း၊ရာသီသွေးများခြင်းတို့ဖြစ်ပါတယ်။ တစ်ချို့လူတွေရဲ့ အရေပြားက နနွင်းနဲ့ မတည့်ပါ။ ဒါကြောင့် ဝက်ခြံအတွက် မျက်နှာမလိမ်းခင် လက်မောင်းကို အရင်လိမ်းသင့်ပါတယ်။ တစ်ရက်လောက် တည့်မတည့်စမ်းကြည့်ပြီးမှ မျက်နှာအတွက်အသုံးပြုပါ။

နနွင်းမှာပါတဲ့ curcumin က ရေမှာ ပျော်ဝင်မှုနည်းပါတယ်။ ဒါပေမည့် curcuminoids က အဆီကို ကြိုက်ပါတယ်။ ဒါကြောင့် နနွင်းကို အဆီများတဲ့အစားအစာတွေနှင့် စားတဲ့အခါ အူနံရံက နနွင်းကို ပိုစုပ်ယူနိုင်ပါတယ်။ ဒါကြောင့် နနွင်းကို ဆီနဲ့သောက်ကြတာပါ။ ဆီနှင့်သောက်တဲ့အခါ အုန်းသီးကထုတ်တဲ့အဆီ သို့မဟုတ် MCT ( medium chain triglyceride ) နဲ့ သောက်ဖို့ အနောက်တိုင်းဆေးပညာဂျာနယ်တွေမှာ ရေးကြပါတယ်။

နနွင်းမှာပါတဲ့ curcumin က အစာလမ်းကြောင်းအတွင်းမှာ အလွန်ပျက်စီးလွယ်ပါတယ်။ ငရုတ်ကောင်းမှာပါဝင်တဲ့ piperine က နနွင်းမှာပါတဲ့ curcumin ကာကွယ်ပေးပြီး စုပ်ယူမှုအားကောင်းစေပါတယ်။ လေ့လာမှုတစ်ခုမှာ piperine က curcumin ရဲ့ bioavailability ကို 2000% မြင့်မားစေတယ်ဆိုပါတယ်။ နနွင်းရယ်၊ ငရုတ်ကောင်းရယ်၊ အဆီရယ်ပေါင်းစပ်မှုက curcumin စုပ်ယူမှုကို အကောင်းဆုံးဖြစ်လာစေပါတယ်။

နနွင်းကို အပူပေးလိုက်တဲ့အခါ နနွင်းရဲ့ ရေတွင်ပျော်ဝင်နှုန်းမြင့်လာတယ်လို့ သုသေတနတစ်ခုကရေးပါတယ်။ အခြားလေ့လာမှုတွေမှာတော့ နနွင်းကို အပူပေးခြင်းဖြင့် နနွင်းရဲ့ antioxidant ဂုဏ်သတ္တိ နှင့် anti-inflammatory ဂုဏ်သတ္တိ ( ရောင်ရမ်းမှု လျော့ချပေးနိုင်သော ဂုဏ်သတ္တိ ) တိုးလာပြီး ကင်ဆာဆဲလ်တွေကို တိုက်ခိုက်နိုင်စွမ်း တိုးလာတယ်လို့ ဆိုပါတယ်။ ဟင်းချက်ရာမှာ နနွင်းကိုထည့်ပြီး အချိန် 15 မိနစ်လောက် အပူပေးခြင်းက နနွင်းကို မပျက်စီးစေဘဲ curcumin စုပ်ယူမှုကို မြင့်တက်စေပါတယ်။

ဒေါက်တာဖြိုးမောင်မောင်

08/06/2023

ဆေးရုံဆေးခန်းက စစ်ခိုင်းလို့သာ စစ်လိုက်ရတယ်
ဘာတွေကို ဘာလို့စစ်ခိုင်းတယ်ဆိုတာ မသိဘူးဆိုပီး
လာမေးထားလို့

@ ECG (Electro Cardiogram )- နှလုံးစစ်ဆေးတာ
(နှလုံး ကြွက်သားလုပ်ဆောင်ချက်နဲ့ နှလုံးရောဂါများကို စစ်ဆေးတာ)
> EST (exercise stress test ) - ပြေးစက်ပေါ် နှလုံးစမ်းသပ်တာ

@ Urine test - ဆီးစစ်ဆေးတာ ( ဆီးလမ်းကြောင်း တစ်လျှောက်ပိုး၀င်ခြင်း မူမှန်မမှန်နဲ့ ကျောက်ကပ်ကို စစ်ဆေးတာ )
> Urine RE - ဆီးစစ္​တာ
>Urine Protein - ဆီးမှအသားဓာတ်ယိုစိမ့်မူတိုင်းတာ တာ

@ HbA1c - ( 3လအတွင်း ဆီးချိုရောဂါ ထိန်းသိမ်းမှုအတွက် စစ်ဆေးတာ )
>Blood Sugar - သွေးတွင်းသကြားပမာဏ စစ်ဆေးတာ(ဆီးချိုးရောဂါရှိမရှိ သိရှိရန် အတွက် အစစ်များ )
>FBS (fasting Blood Sugar )- အစာရပ်ပီး ဆီးချိုစစ်တာ

@ SGOT, SGPT, Serum Bilirubin.,ALT - အသည်းရဲ့
စွမ်းဆောင်ရည် အင်ဇိုင်းပမာဏနဲ့ သွေးတွင်း ဘီလီယူဘင်ကိုစစ်တာ
(အသားဝါစေသော ဓာတ်ကို အကဲဖြတ်မလို့ အစစ်များ)
> Alkaline Phosphates - အသည်း အရိုးနဲ့ဆိုင်သောဓာတ် စစ်ဆေးတာ

>AFP( Alpha Feto Protein) - အသည်းကင်ဆာစစ်တာ
>ALT,AST - အသည်းအင်ဇိုင်းများစစ်ဆေးတာ

@ Blood urea and Serum Creatinine. - သွေးတွင်း
ယူရီးယား,ခရီယေတနင်းဓာတ်ကိုစစ်တာ(ကျောက်ကပ်စွမ်းဆောင်ရည်
သိရှိ အကဲဖြတ်ဖို့အတွက် )
> Creatinine GFR - ကျောက်ကပ်လုပ်ဆောင်ချက် စစ်ဆေးတာ
> BUN (Blood Urea Nitrogen) - ကျောက်ကပ်စစ်တာ
>Electrolyte - သွေးတွင်း သတ္ထုဓာတ်လေးမျိုး စစ်တာ

@ Lipid Profile - သွေးတွင်းအဆီ ပမာဏက်ိုစစ်တာ (ကောင်းကျိုးပေးသောအဆီနဲ့ မကောင်းတဲ့အဆီတွေကို ကြည့်ပီး
နှလုံးကျန်းမာရေး အကဲဖြတ်နိုင်ရန်အတွက် )
> Cholesterol - သွေးထဲရှိ ကိုလက်စထရောစစ်တာ
>Triglyceride - ထရိုင်ဂလီစရိုက်ဓာတ်ကိုစစ်တာ
> HDL Cholesterol- သွေးထဲရှိ အကျိုးပြုတဲ့ ကောင်းတဲ့ အဆီဓာတ် ကိုစစ်တာ
> LDL Cholesterol -အကျိုးမပြုတဲ့ မကောင်းတဲ့ အဆီဓာတ်ကို
စစ္​တာ

@ Haemogram - (သွေးဖြူဥ ,သွေးနီဥ, သွေးမွှားဆဲလ် စတာတွေကို အဏုစိတ် စစ်ဆေးတာ)
> CP Auto - သွေးဖြူဥ သွေးနီဥ စစ်တာ

@ HBs Antigen ,HCV Antibody- အသည်းရောင်အသားဝါ ဘီပိုး,စီပိုး ရှိမရှိစစ်တာ
>HBsAg -အသည်းရောင်အသားဝါ Bပိုးစစ်တာ
>Anti HBS - Bပိုး ကိုယ်ခံအားစစ်တာ
> Anti HCV - C ပိုးစစ္​တာ
> Bilirubin -အသားဝါစစ်ဆေးတာ

@( X -ray )- ဓာတ်မှန်ရိုက်တာ (ရင်ဘတ်ဓာတ်မှန် နဲ့ အရိုးကျိုး အက် စတာတွေအတွက်စစ်တာ)
Chest X-ray (CXR)- ရင်ဘတ်ဓာတ်မှန် ရင်ခေါင်းအတွင်းရှိ အဆုတ်နဲ့ နှလုံး ပုံမှန်ဟုတ်မဟုတ် ရောဂါရှိမရှိ စစ်ဆေးတာ

@ USG (Ultrasound) - အယ်ထရာဆောင်း (တယ်လီဗီးရှင်း ဓာတ်မှန်ရိုက်တာ) အသည်း
သည်းခြေအိတ် ကျောက်ကပ် မုန့်ချိုအိတ် သရက်ရွက် ဆီးကျောက်တည်ခြင်း သည်းခြေကျောက်တည်ခြင်း စသည့်၀မ်းတွင်း အင်္ဂါများရောဂါများရှာဖွေရန်နဲ့ ကိုယ်၀န်ဆောင် များ အစစ်များ

@ Thyroid Function Test - လည်ပင်းကြီးဟော်မုန်းစစ်တာ
> T3,T4,TSH - သိုင်းရွိုက် ဟော်မုန်းစစ်တာ

@> HIV(Retro test) - HIV ပိုးစစ်တာ (ခုခံအားကျဆင်းရောဂါ)
@> VDRL - ကာလသားရောဂါ ပိုး စစ်တာ
@> Vitamin D (total ) - အရိုးပွရောဂါအတွက်စစ်တာ
@>Uric acid (Gout ) - အဆစ်အမြစ်ရောဂါ . ဂေါက်ရောဂါ အတွက်စစ်ဆေးတာ
@> - A*o - လေးဘက်နာရောဂါ စစ်ဆေးတာ
@> RA -သွေးကြောင့်ဖြစ်တဲ့ လေးဖက်နာရောဂါကို စစ်တာ
@> ESR - သွေးနီဥတွေ တစ်နာရီအတွင်း အနယ်ထိုင်တဲ့နှုန်းကို စစ်တာ(သွေးအားနည်း နှလုံးရောင် ကျောက်ကပ်မကောင်း
အရိုးအတွင်းရောင် ကိုယ်၀န်ဆောင် လေးဘက်နာ (ရူမက်တစ် )
အဆစ်နာရောဂါ ဆစ်ဖလက် လည်ပင်ကြီး တီဘီ အဆစ်နာရောဂါ
စတဲ့သူတွေကို စစ်တာ
@>PSA/CA 125/CA 153 -ကင်ဆာဖြစ်နိုင်ခြေရှိမရှိ
စစ်ဆေးတာ
@> PSA - ဆီးကျိတ်ကင်ဆာ စစ်တာ
@> CEA - အစာအိမ်နဲ့ အူလမ်းကြောင်း ကင်ဆာစစ်တာ
@> CA 125- သားဥအိမ်ကင်ဆာ စစ်တာ
@> PSA - အမျိုးသား ဆီးကျိတ်ကင်ဆာ စစ်တာ
@> Helicobacter Pylori - အစာအိမ်ရောဂါပိုး ရှိမရှိစစ်တာ
@> AFP - အသည်းကင်ဆာ စစ်တာ
@> faecal Occoult Blood - ၀မ်းတွင်းသွေးပါမပါ စစ်တာ
@> Digital Mammogram - ရင်သားဓာတ်မှန် ရိုက်တာ
@> CRP ( C Reactive Protein) - သွေးကြောရောင်
်ကိုင်းတာကို စစ်တာ@> Echo - နှလုံးလုပ်ငန်းဆောင်တာ စစ်ဆေးတာ
(နှလုံးတစ်ခုလုံးကို အပြင်မှာမျက်လုံးနဲ့ မြင်ရသလိုမြင်နိုင်တယ်)
@> T&DP - ခန္ဓာကိုယ် အတွင်းမှ အသားဓာတ် စစ်ဆေးတာ
@> albumin - ခန္ဓာကိုယ် အသားဓာတ်စစ်ဆေးတာ

(ဗဟုသုတအဖြစ်သာ)

"ကင်ဆာ ဖြစ်စေနိုင်သော အရာများ ပေါင်းချုပ်"အစားအသောက်၊ အနေအထိုင်၊အလုပ်အကိုင်၊မျိုးရိုးဗီဇစသည့် အကြောင်းအရာအမျိုးမျိုးကြော...
06/06/2023

"ကင်ဆာ ဖြစ်စေနိုင်သော အရာများ ပေါင်းချုပ်"

အစားအသောက်၊ အနေအထိုင်၊
အလုပ်အကိုင်၊မျိုးရိုးဗီဇ
စသည့် အကြောင်းအရာအမျိုးမျိုးကြောင့်
ကင်ဆာရောဂါ ဖြစ်နိုင်ပါသည်။
အသည်းကင်ဆာ
နံပါတ် (၁)။ အသည်းရောင် ဘီပိုး
နံပါတ် (၂)။ အသည်းရောင် စီပိုး
နံပါတ် (၃)။ အသည်းခြောက် ရောဂါ
နံပါတ် (၄)။ အသည်း အဆီဖုံး
ပန်ကရိယကင်ဆာ
နံပါတ် (၁)။ ဆေးလိပ်သောက်ခြင်း
နံပါတ် (၂)။ အဝလွန်ခြင်း
နံပါတ် (၃)။ ဆီးချို၊ သွေးချိုရှိခြင်း
သားအိမ်ခေါင်းကင်ဆာ
နံပါတ် (၁)။ အိပ္်ပီဘီ (HPV) ပိုးရှိခြင်း
နံပါတ် (၂)။ ဆေးလိပ်သောက်ခြင်း
နံပါတ် (၃)။ အသက်ငယ်ရွယ်စဉ် -င်ဆက်ဆံခြင်း (အသက် ၁၈ နှစ်အောက်)
.
ဆီးကျိတ်ကင်ဆာ (အမျိုးသား)
နံပါတ် (၁)။ မျိုးရိုး ရှိခြင်း
နံပါတ် (၂)။ ဘီအာစီအေ (BRCA1 or BRCA2) ဗီဇ ပြောင်းလဲမှု ရှိခြင်း
နံပါတ် (၃)။ လင့်ချ် (Lynch syndrome) ခေါ် ရောဂါရှိခြင်း
အစာအိမ်ကင်ဆာ
နံပါတ် (၁)။ အိပ်ချ် ပိုင်လိုရီပိုး (H. pylori) ရှိခြင်း
နံပါတ် (၂)။ အဝလွန်ခြင်း
နံပါတ် (၃)။ ကြာရှည်ခံအောင် ဆားနယ်ထားသော အသားမ်ား
နံပါတ် (၄)။ အရက်သောက်များခြင်း (ဥပမာ - တစ်ရက်ကို ဘီယာ ၃ ဗူး ထက်ပိုသောက်ခြင်း)
အဆုတ်ကင်ဆာ
နံပါတ် (၁)။ ဆေးလိပ်သောက်ခြင်း
နံပါတ် (၂)။ ဆေးလိပ် ငွေ့ရှူမိခြင်း (ကိုယ်တိုင်ဆေးလိပ်မသောက်သူများ)
နံပါတ် (၃)။ ကျောက်ဂွမ်းမှုန့်များ
နံပါတ် (၄)။ အာစင်နစ်များသော ရေသောက်ခြင်း

မှတ်ချက်၊
အထက်ပါ အကြောင်းအရာထဲမှ
တစုံတခု မိမိမှာရှိခဲ့လျှင်
ကင်ဆာ သေချာပေါက်ဖြစ်မည်ဟု မဆိုလိုပါ။
ကင်ဆာဖြစ်နိုင်ခြေ ပိုများသော
အမူအကျင့်များအဖြစ်သာ
ဆေးသိပ္ပံ
Dr. ကျော်ဇောဟိန်း
လ/ထ ပါမောက္ခ (ဆေးပညာ)
ဆေးသိပ္ပံတွေ့ရှိချက်များမှာ ဖော်ပြထားပါတယ် ခင်ဗျာ

နေ့စဉ် ပြုလုပ်ပေးသင့်တဲ့ မျက်စိ အနားပေးလေ့ကျင့်ခန်းများ👁👩‍⚕️( ၁ ) မျက်တောင် တဖျပ်ဖျပ် ခတ် တာ ကို ၂ မိနစ် လောက် လုပ်ပေး လ...
05/06/2023

နေ့စဉ် ပြုလုပ်ပေးသင့်တဲ့ မျက်စိ အနားပေးလေ့ကျင့်ခန်းများ👁👩‍⚕️

( ၁ ) မျက်တောင် တဖျပ်ဖျပ် ခတ် တာ ကို ၂ မိနစ် လောက် လုပ်ပေး လိုက် ပါ ။ အဲ့ဒါကမျက်လုံး နား တဝိုက်မှာ သွေးလှည့်ပတ်မှု ကောင်းစေပါတယ်။

(၂) ပြတင်းပေါက်မှန်ကို ၅ စက္ကန့် လောက် စိုက် ကြည့် ပြီး အဝေးက အရာဝတ္ထုတွေ ကို ၅ စက္ကန့်လောက် ပြောင်း ကြည့် ပါ ။ အဲ့ဒါကို ၁၀ ကြိမ် လုပ်ပေးပါ။

(၃) မျက်လုံး မှိတ် ပြီး တစ်နေ့ နှစ်ကြိမ် ရေ ဆေး ပေး ပါ ။ မနက် ပိုင်း မှာ ရေ နွေးလေး နဲ့ မျက်နှာ သစ်ပြီး ရေ အေး နဲ့ ထပ် သစ်ပေးပါ ။ ညဘက်မှာတော့ ရေ အေး နဲ့ အရင် သစ်ပြီး ရေ နွေး နဲ့ ထပ်သစ်ပါ ။ အဲ့ဒါက ပင်ပန်းနွမ်းနယ်နေတဲ့ မျက် လုံးတွေကို ပြန်လည်လန်းဆန်းစေပါတယ်။

(၄) မျက်လုံးတွေကို ဘယ်က နေ ညာ ၊ ညာ က နေ ဘယ်ကို ရွှေ့ ပေးတာကို ၆ ကြိမ် လုပ်ပေးပါ။

( ၅) မျက်လုံးကို ၅ စက္ကန့် လောက် တင်းတင်း မှိတ်ထားပြီး ဖျတ်ကနဲ ဖွင့်လိုက်ပါ။ အဲ့ဒါကို ၁၀ ကြိမ် လုပ်ပေးပါ။

(၆) လက်ကို ဆန့်တန်းပြီး လက်မရဲ့ လက်သည်းကို စိုက်ကြည့်ပါ။ လက်ကို မျက်နှာနဲ့ တစ်ပေလောက် အကွာအထိ ရွှေ့လာပြီး မျက်လုံးက လက်မလက်သည်းကို လိုက်ကြည့်ပေးပါ။ အဲ့ဒါကို ၁၀ ကြိမ် လုပ်ပေးပါ။

(၇) မျက်လုံးကို နာရီလက်တံ လှည့်တဲ့အတိုင်း စက်ဝိုင်းပုံ (၄) ကြိမ်လှည့်ပြီး၊ သူနဲ့ဆန့်ကျင်ဘက် ကို ၄ ကြိမ်ထပ်လှည့်ပါ။

(၈) မျက်လုံးကို (၅)စက္ကန့်လောက် တင်းတင်း မှိတ်ထားပြီး ဖျတ်ကနဲ ဖွင့်လိုက်ပြီး မျက်လုံးတွေကို ကျယ်နိုင် သ လောက် ကျယ်ကျယ် ဖွင့်လိုက်ပါ ။ အဲ့ဒါကို ၁၀ ကြိမ် လုပ်ပေးပါ။

(၉) မျက်လုံးကို ဖွဖွလေး မှိတ်ထားပြီး စိတ်ကို ဖြေလျော့ထားပါ ။ လက်နှစ်ဖက်ကို ပူနွေးလာအောင် ပွတ်တိုက်ပြီး မျက်လုံးအပေါ်ကနေ မိနစ်အနည်းငယ်လောက် အုပ်ထားပေးလိုက်ပါ။

(၁၀) မျက်လုံးကို မှိတ်ပြီး အတွင်းထောင့်နေရာလေးကို လက်ချောင်းထိပ်လေးတွေနဲ့ မိနစ်အနည်းငယ်လောက် နှိပ်နယ် ပေး လိုက်ပါ။
လိုက်လုပ်ကြည့်ရအောင်နော်

❤️
#နဝင်း စက္ခုပါလ အကြောပြေဆေးလေးလည်းသုံးစွဲပေးနိုင်ပါတယ်

Address

Pazundaung

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959448021544

Website

Alerts

Be the first to know and let us send you an email when နဝင်း တိုင်းရင်းဆေးဝါးလုပ်ငန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to နဝင်း တိုင်းရင်းဆေးဝါးလုပ်ငန်း:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category