27/08/2018
(English Below Burmese Content)
ပိုမိုကျန်းမာဖို့ ရွေးချယ်စရာတစ်ခု (Zaw Gyi Version)
ပိုမိုကျန်းမာဖို့ ရွေးချယ်စရာတစ်ခု (Unicode Version)
ကော်ဖီသောက်သူအများစုကတော့ နွားနို့ ဒါမှမဟုတ် ခရင်မ် တစ်ခုခု၊ သကြား စတာတွေကို ပုံမှန်သောက်နေကြအတိုင်း ထည့်ဖျော်တတ်ကြပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ ကော်ဖီလေးကို ပိုအရသာထူးစေချင်တာ၊ ကျန်းမာရေးနဲ့ ပိုပြီးညီညွတ်အောင် ဖျော်စပ်ချင်တာဆိုရင်တော့ အရမ်းကောင်းတဲ့ ရွေးချယ်မှုက ပျားရည်ပါ။ ပျားရည်ကတော့ တာရှည်ခံတဲ့ သဘာဝ ပစ္စည်းဖြစ်တဲ့အပြင် ကော်ဖီအတွက် သိမ်မွေ့နူးညံ့တဲ့ အရသာ အစပ်အဟပ်ပါနော်။ ပျားအုံရှိတဲ့ နေရာတွေအပေါ် လိုက်ပြီး ကွဲပြားမှုတွေရှိနေပေမယ့် ရှောက်၊ သံပုရာ မျိုးစပ်အပင်တွေနဲ့ ကမ်းရိုးတန်း ချုံထူထူတွေမှာ ရှိတတ်တဲ့ ပျားရည်ကတော့ အရသာ ပိုထူးခြားပါတယ်တဲ့။ သတ္ထုဓါတ်တွေဖြစ်တဲ့ Magnesium, Potassium တွေ ၊ သံဓါတ်နဲ့ ကယ်စီယမ်၊ ဗိုက်တာမင် အေ၊ စီ၊ B complex လည်းပါပါသေးတယ်။
ပျားရည်က သကြားထက်များ ပိုကောင်းသလား
အာဟာရတွေ၊ ဓါတ်တိုးဆန့်ကျင်တဲ့ ပစ္စည်းတွေပါဝင်နေတာကြောင့် ပျားရည်က ပိုကောင်းတယ်ဆိုတာ သံသယ ရှိစရာမလိုပါဘူး။ သကြားမှာတော့ တခြားအာဟာရဓါတ်တွေ မပါသလို အစာအိမ်တွေလည်း အက်စစ်ဓါတ် ခပ်များများ ထုတ်ပေးတတ်ပါတယ််။ ပျားရည်မှာတော့ သကြားထက် ကယ်လိုရီ များများပါဝင်ပေမယ့် ခန္ဓာကိုယ်တွင်းသကြားဓါတ်ကို ရုတ်တရက်မြင့်တက်သွားတာမျိုးမဖြစ်စေပါဘူး။ ကျွမ်းကျင်သူတွေကတော့ သွေးတွင်းသကြားဓါတ် ရုတ်တရက်မြင့်တက်မှုက အစာစားလို့စိတ်ကိုလည်း မြင့်တက်စေပြီး ကိုယ့်ကို မရပ်မနားစားသောက်စေမှာဖြစ်ပြီး ပျားရည်မှာတော့ ခန္ဓာကိုယ် အလေးချိန်လျှော့ချရာမှာတောင် အထောက်အကူဖြစ်စေပါတယ်တဲ့။ အထူးသဖြင့် ကော်ဖီထဲမှာ ပျားရည် ထည့်သောက်တဲ့အခါမှာပေါ့။
A healthier option
Most coffee drinkers follow the usual procedure of adding a bit of milk or cream, and sugar to their particular blend. If you like your coffee sweetened and want to pursue a healthier option, then a great alternative is to sweeten your coffee with honey.Honey is a natural product with a long shelf life, and can also add a subtle flavour to your coffee. Depending on where the hives are, there are several types of honey available, among them citrus and coastal shrubs, each with a particular flavour. Honey also contains vitamins and minerals including magnesium, potassium, iron and calcium, as well as vitamins A, C, and most of the B’s.
Is honey better for you than sugar?
Because of the nutrient and antioxidant qualities, honey is undoubtedly better for you. Sugar is absolutely devoid of any nutrients, and as soon as it hits the stomach, becomes strongly acidic!
Honey actually contains more calories than sugar, but is unlikely to cause rapid spikes in your blood sugar levels, as sugar is known to do. Experts agree that a spike in blood sugar may cause hunger and make you eat, whereas honey could actually be beneficial in weight loss efforts, by not making you hungry when used in coffee.
Photo: www.lifeadvancer.com
Content: Users-and-Benefits.com