Good Health Journal

Good Health Journal Good Health Journal is the top Myanmar health and beauty journal published by Swe Sone Media Group.
(1)

It is published every Monday since 2004 featuring health and beauty tip, articles and interviews with doctors and specialists.

02/05/2026

ဘယ်အစာတွေက ဘယ်ကိုယ်တွင်းအင်္ဂါကို သန့်စင်ပေးနိုင်ပါသလဲ။
—————-
၁ ။ ရှောက်သီး… အသည်း

၂ ။ ဟင်းနုနယ်…သွေး

၃ ။ သခွါးသီး…ကျောက်ကပ်

၄ ။ ကြက်သွန်ဖြူ…သွေးကြော

၅ ။ မုန်လာဥနီ…မျက်စိ

၆ ။ ဘရိုကိုလီ( အစိမ်းရောင်ပန်းဂေါ်ဖီ)…အဆုတ်

၇ ။ ပန်းသီး…အူ

၈ ။ ပြောင်းဖူး..အူမကြီး

၉ ။ စပျစ်သီး…နှလုံး

၁၀ ။ လက်ဖက်ရည်ကြမ်းGreen tea…ဆဲလ်

၁၁ ။ သရက်သီး…အရေပြား

၁၂ ။ ငှက်ပျောသီး…အစာအိမ်

၁၃ ။ အုန်းရည်…ဆီးအိမ်

၁၄ ။ ခရမ်းချဉ်သီး…ဆီးကျိတ်

၁၅ ။ အာလူး…မုန့်ချိုအိတ်

၁၆ ။စတော်ဘယ်ရီ…ခံတွင်း

#အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေ
#ဒေါက်တာခင်မိုးမိုး

02/05/2026

၇ ရက် ဆိုတဲ့ ၁ ပတ်
—————-
၁ ။ သင်က ချင်း(ဂျင်း)နေ့စဉ်စားသုံးတာ ၇ ရက်ကြာရင်…
အစာမကြေတာ ၁၅-၂၅ % လျော့နည်းနိုင်ပါတယ်။

၂ ။ သင်ကနနွင်းကို ၇ ရက် စားသုံးရင်..ရောင်ရမ်းမှုတွန်းလှန်နိုင်တဲ့ ပစ္စည်းတွေ ပိုမိုများပြားလာနိုင်ပါတယ်။

၃ ။ သင်က ဟင်းနုနယ်ကို နေ့စဉ် ၇ ရက် စားသုံးရင်.. သွေးလှည့်ပတ်မှုအတွက် အထောက်အကူ ရရှိနိုင်ပါတယ်။

၄ ။ သင်က နံနံပင်ကို နေ့စဉ် ၇ ရက် စားသုံးရင်…ဗီတာမင် K ပိုမို ရရှိနိုင်ပါတယ်။

၅ ။ သင်က ကြက်သွန်ဖြူကို နေ့စဉ် ၇ ရက်စားသုံးရင်…ရောင်ရမ်းမှု ၁၀-၂၀ % လျော့နည်းနိုင်ပါတယ်။

၆ ။ သင်က ဘရိုကိုလီကို နေ့စဉ် ၇ ရက် စားသုံးရင်…အင်ဇိုင်းလုပ်ငန်း အဆိပ်အတောက်ဖြေနိုင်ပါတယ်။

၇ ။ သင်ကဘလူးဘယ်ရီကို နေ့စဉ် ၇ ရက်စားသုံးရင်…မှတ်ဥာဏ်နဲ့ သွေးကြောလုပ်ငန်းတိုးတက်ကောင်းမွန်နိုင်ပါတယ်။

၈ ။ သင်ကသလဲသီးကို နေ့စဉ် ၇ ရက်စားသုံးရင်…ဓာတ်တိုးပစ္စည်းတွေ လျော့နည်းနိုင်ပါတယ်။

၉ ။ သင်က ကီဝီကိုနေ့စဉ် ၇ ရက်စားသုံးရင်..အစာခြေတာ ပိုမိုကောင်းမွန်နိုင်ပါတယ်။

၁၀ ။ သင်က သံလွင်ဆီကို နေ့စဉ် တစ်ပတ် စားသုံးရင်…နှလုံးကျန်းမာပြီး ဓာတ်တိုးပစ္စည်း လျော့နည်းနိုင်ပါတယ်။

၁၁ ။ သင်က ချီယာစေ့ကို နေ့စဉ် တစ်ပတ်စားသုံးရင်…သွေးတွင်းသကြားပမာဏ ထိန်းညှိနိုင်ပါတယ်။

၁၂ ။ သင်က Beets ကိုနေ့စဉ် တစ်ပတ်စားသုံးရင်…သွေးစီးဆင်းမှု ပိုမိုကောင်းမွန်နိုင်ပါတယ်။

#အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေ
#ဒေါက်တာခင်မိုးမိုး

01/05/2026

အထိုင်များသူတွေ စားသုံးသင့်သော အစားအစာများ
———————
သင်က တစ်နေကုန် စားပွဲနဲ့ ထိုင်ပြီးအလုပ်လုပ်ရသူ၊ ကားစီးချိန်များသူ ဖြစ်နေရင် သင့်အဆစ်၊ သင့်ခါးရိုး၊ တွယ်ဆက်တစ်သျှူးနဲ့ ကြွက်သားတွေက သန်မာနေဖို့နဲ့ ရွေ့လျားမှု ပြုလုပ်နိုင်ဖို့ အောက်ဖော်ပြပါ မှန်ကန်တဲ့ အထောက်အပံ့တွေ ရရှိဖို့ လိုအပ်ပါတယ်။

၁ ။ အရိုးပြုတ်ရည်
ကော်လဂျင်နဲ့ အမိုင်နိုအက်စစ် ရရှိပြီး အဆစ်နဲ့ အူကျန်းမာရေးကို အထောက်အကူပြုပါတယ်။

၂ ။ ငါးသေတ္တာ
အရိုးသန်မာဖို့ ကယ်လ်ဆီယမ်နဲ့ ဗီတာမင် D ရရှိနိုင်ပါတယ်။

၃ ။ ဒိန်ချဉ်
ကြွက်သားနဲ့ အရိုးကို ပြန်လည်ပြုပြင်နိုင်ဖို့ ပရိုတင်းနဲ့ ကယ်လ်ဆီယမ် ရရှိနိုင်ပါတယ်။

၄ ။ ဆဲလ်မွန်
အဆစ်တောင့်နေတာနဲ့ နာကျင်တာတွေအတွက် ရောင်ရမ်းမှုတွန်းလှန်နိုင်တဲ့အဆီကို ရရှိနိုင်ပါတယ်။

၅ ။ ပဲနီလေး
သတ္တုဓာတ်အထောက်အပံ့ ရရှိဖို့ သံဓာတ်၊ သွပ်( ဇင့်) နဲ့ မဂ္ဂနီဆီယမ် ရရှိနိုင်ပါတယ်။

၆ ။ အုတ်စပါး
အရိုးနုကို ပြန်လည်ပြုပြင်ဖို့ တည်ငြိမ်တဲ့ စွမ်းအင်ကို ရရှိနိုင်ပါတယ်။

၇ ။ ဟင်းနုနယ်
ကြွက်သားနဲ့ အာရုံကြောအတွက် မဂ္ဂနီဆီယမ် ရရှိနိုင်ပါတယ်။

၈ ။ မှို
အရိုးနဲ့ ခုခံအားစနစ်ကျန်းမာဖို့ ဗီတာမင် D ရရှိနိုင်ပါတယ်။

၉ ။ နှမ်းစေ့
အရိုးသိပ်သည်းဆအတွက် ကယ်လ်ဆီယမ်ကို ရရှိနိုင်ပါတယ်။

၁၀ ။ သံလွင်ဆီ
ရောင်ရမ်းမှုကို ထိန်းချုပ်ပေးပါတယ်။

၁၁ ။ ကန်စွန်းဥ
တစ်သျှူးတွေ ပြန်လည်ကောင်းမွန်ဖို့ အရည်အသွေးပြည့်ဝတဲ့ စွမ်းအင် ရရှိနိုင်ပါတယ်။

#အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေ
#ဒေါက်တာခင်မိုးမိုး

01/05/2026

သိထားကြစေချင်
————
၁ ။ စားပွဲဇွန်း ၂ ဇွန်းစာ ရွှေဖယုံစေ့ကို စားသုံးတာကြောင့် ခုခံအားစနစ်သန်မာနိုင်ပြီး မဂ္ဂနီဆီယမ် ရရှိမှု များပြားတာကြောင့် စိတ်ဓာတ်ကျနိုင်ခြေ ၃၂ % လျော့နည်းနိုင်ပါတယ်။

၂ ။ ညစာစားအပြီး ၁၀ မိနစ်လောက်လမ်းလျှောက်တာကြောင့် သွေးတွင်းသကြားပမာဏ သိသိသာသာ လျော့ကျနိုင်ပါတယ်။

၃ ။ အသက်ကြီးသူတွေက နေ့စဉ် ခွက်ရဲ့ သုံးပုံ ၁ ပုံစာ ဘလူးဘယ်ရီဖျော်ရည် သောက်တာကြောင့် မှတ်ဥာဏ်တိုးတက်ကောင်းမွန်နိုင်ပါတယ်။

၄ ။ မိနစ် ၂၀ ကြာ အကြောဆန့် လေ့ကျင့်ခန်းပြုလုပ်တာကြောင့် ခါးနာဝေဒနာ သက်သာနိုင်ပါတယ်။

၅ ။ တစ်ပတ်ကို ဘရိုကိုလီ( အစိမ်းရောင်
ပန်းဂေါ်ဖီ) ခွက်တစ်ခွက်စာထက် ပိုမိုစားသုံးတာကြောင့် အဆစ်ရောင်ရောဂါ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

၆ ။ ကိုကိုး အနည်းဆုံး ၈၅ % ပါဝင်တဲ့ အညိုရင့်ရောင်ချော့ကလက်ကို စားသုံးတာကြောင့် သိမှတ်မြင်မှုဆိုင်ရာလုပ်ငန်း တိုးတက်ကောင်းမွန်နိုင်ပါတယ်။

၇ ။ လက်ဖက်ရည်black tea ကို တစ်နေ့ ၃ ခွက်သောက်တာကြောင့် နှလုံးကျန်းမာရေး ကောင်းမွန်နိုင်ပါတယ်။

#အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေ
#ဒေါက်တာခင်မိုးမိုး

30/04/2026

အိမ်သာထဲမှ ရောဂါသဲလွန်စ
————————
၁ ။ ညအချိန် မကြာခဏ ဆီးသွားခြင်း။
လူတွေအတွေး - အသက်အရွယ်ကြီးလာတာကြောင့်
ဆရာဝန်အတွေး - ဆီးချို ဒါမှမဟုတ် ကျောက်ကပ် ရောဂါ

၂ ။ ဆီးအမြှုပ်ထတာ မပျောက်ခြင်း
လူတွေအတွေး - ရေဖိအားကြောင့်
ဆရာဝန်အတွေး - ဆီးထဲ ပရိုတင်းစိမ့်ထွက်ခြင်း ( ကျောက်ကပ်ပျက်စီးခါစ )

၃ ။ ဝမ်း( အီအီး) ပုံစံ / အရွယ် ရုတ်တရက် ပြောင်းလဲခြင်း
လူတွေအတွေး - အစားအစာကြောင့်
ဆရာဝန်အတွေး - အူရောင်ရမ်းခြင်း ဒါမှမဟုတ် ပိတ်ဆို့ခံရခြင်း

၄ ။ ဆီး ဒါမှမဟုတ် ဝမ်းမှာ သွေးပါခြင်း ( တစ်ကြိမ်ထဲ ပါရင်တောင်)
လူတွေအတွေး - လိပ်ခေါင်းဖြစ်တာကြောင့်
ဆရာဝန်အတွေး - အူရောင်ရမ်းခြင်း ဒါမှမဟုတ် ပိတ်ဆို့ခံရခြင်း

၅ ။ ဆီးအနံ့ အလွန်ပြင်းခြင်း
လူတွေအတွေး - စားလိုက်တဲ့ အစားအစာကြောင့်
ဆရာဝန်အတွေး - ရောဂါပိုးဝင်ခြင်း ဒါမှမဟုတ် ရေဓာတ်ချို့တဲ့ခြင်း

၆ ။ ဝမ်းချုပ်ခြင်း ဒါမှမဟုတ် ဝမ်းပျက်ခြင်း
လူတွေအတွေး - အစာခြေစနစ်အားနည်းခြင်း
ဆရာဝန်အတွေး - ဟော်မုန်း ဒါမှမဟုတ် အူလမ်းကြောင်းပြဿနာ

၇ ။ ဆီးသွားစဉ် ပူစပ်ပူလောင်ဖြစ်ခြင်း
လူတွေအတွေး - ဆီးလမ်းကြောင်းပိုးဝင်ရုံပါ
ဆရာဝန်အတွေး - ရောဂါပိုးတွေ ဆီးလမ်းကြောင်းနဲ့ ကျောက်ကပ်သို့ ပျံ့နှံ့

၈ ။ အိမ်သာတက်အပြီးပင်ပန်းနေခြင်း။
လူတွေအတွေး - ပုံမှန်ပါ။
ဆရာဝန်အတွေး - သွေးအားနည်းရောဂါ ဒါမှမဟုတ် ကျောက်ကပ်ပြဿနာ

#အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေ
#ဒေါက်တာခင်မိုးမိုး

29/04/2026

ဘာအကောင်းဆုံးလဲ
————————
#အသားအရေလှပဖို့အတွက်အကောင်းဆုံးအစားအစာများ

၁ ။ မုန်လာဥနီသုတ်
တောက်ပြောင်တဲ့အသားအရေ ရရှိဖို့ ရက်တီနော Retinol နဲ့ ဘီတာကရိုတင်း Beta-carotene ပေါကြွယ်ဝစွာ ပါဝင်ပါတယ်။

၂ ။ ထောပတ်သီး
အရေပြားအတွက် အဟာရရရှိဖို့ နဲ့ ရေဓာတ်ပြည့်ဝဖို့ ဗီတာမင် E နဲ့ ကျန်းမာရေးကောင်းမွန်တဲ့အဆီတွေ ပါဝင်ပါတယ်။

၃ ။ ငါးသေတ္တာငါး
အရေပြားကျန်းမာရေးကို အထောက်အကူပြုတဲ့ ဗီတာမင် D နဲ့ အိုမီဂါ-၃ အဆီတွေ ပြည့်ဝစွာ ပါဝင်ပါတယ်။

၄ ။ သစ်ကြားသီး
အရေပြားပြန်လည်ပြုပြင်ဖို့နဲ့ ရေဓာတ်ပြည့်ဝဖို့ ဗီတာမင်E နဲ့ ကျန်းမာရေးကောင်းမွန်တဲ့အဆီတွေ ပေါကြွယ်ဝစွာ ပါဝင်ပါတယ်။

၅ ။ ကြက်ဥ
အရေပြားသန်မာပြီး ကျန်းမာဖို့ လိုအပ်တဲ့ ဘိုင်အိုတင်နဲ့ ပရိုတင်းပေါကြွယ်ဝစွာ ပါဝင်ပါတယ်။

၆ ။ အရိုးပြုတ်ရည်
အရေပြားကျုံ့ဆန့်အားကောင်းပြီး ပြန်လည်ပြုပြင်နိုင်ဖို့ ကော်လဂျင်နဲ့ သတ္တုဓာတ် ပေါကြွယ်ဝစွာ ပါဝင်ပါတယ်။

၇ ။ ဆဲလ်မွန်ငါးအရေခွံအပါ
အသားအရေနူးညံ့ပျော့ပျောင်းစေနိုင်တဲ့ အိုမီဂါ-၃ အဆီနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပေါကြွယ်ဝစွာ ပါဝင်ပါတယ်။

၈ ။ အမဲသား
ကော်လဂျင်ထုတ်လုပ်ဖို့နဲ့ အရေပြားဒဏ်ရာပျောက်ကင်းဖို့ ဇင့်( သွပ်) နဲ့ ပရိုတင်းပေါကြွယ်ဝစွာ ပါဝင်ပါတယ်။

၉ ။ ဘယ်ရီသီး
အရွယ်အိုမင်းမှုကို ထိန်းချုပ်နိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပေါကြွယ်ဝစွာ ပါဝင်ပါတယ်။

#အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေ
#ဒေါက်တာခင်မိုးမိုး

29/04/2026

ရေသောက်နည်း အနုပညာ
#နွေပူပူမှာရေဓာတ်ပြည့်ဝနေစေဖို့
Do’s and Don’ts
————————-
’s
၁ ။ မနက်အိပ်ရာထမှာ ရေသောက်တာနဲ့ စတင်လိုက်ပါ။
ရေဓာတ်ပြန်လည်ပြည့်ဝစေဖို့ ဘာမှ မစားမသောက်ခင် ရေ ၁-၂ ဖန်ခွက်လောက် အရင်သောက်လိုက်ပါ။

၂ ။ တဖြည်းဖြည်းချင်း တစ်ငုံစီသောက်ပါ။
ရေကို တစ်ကျိုက်ထဲ မော့သောက်မယ့်အစား ဖြည်းဖြည်းချင်းတစ်ငုံစီ သောက်တာက စုတ်ယူမှု ပိုမို ကောင်းမွန်နိုင်ပါတယ်။

၃ ။ နည်းနည်းစီနဲ့ ခဏခဏသောက်ပါ။
ရေငတ်တာကို စောင့်ဆိုင်းနေမဲ့အစား မိနစ် ၃၀-၆၀ ကြာတိုင်း ရေသောက်ပါ။

၄ ။ ရေငတ်တာနဲ့ ရေသောက်လိုက်ပါ။
ရေအနည်းငယ်ငတ်နေရင် လျစ်လျူမရှုလိုက်ပါနဲ့ ။ ဒါက ရေငတ်တာရဲ့ ပထမဆုံးအချက်ပြတာပါ။

၅ ။ အပူချိန်နဲ့ လှုပ်ရှားမှုအတွက် ထိန်းညှိပါ။
ချွေးများများထွက်လေလေ ရေများများသောက်ရလေလေပါ။

၆ ။ ရေဓာတ်ပြည့်ဝတဲ့ အစားအစာတွေကို စားပါ။
ဖရဲသီးနဲ့ သခွါးသီးလိုမျိုး အစားအစာတွေပါ။

၇ ။ မြင်သာတဲ့နေရာမှာ ရေဘူးထားထားပါ။
သင့်အနီးအနားမှာ ရေဘူးရှိနေတာကြောင့် ရေသောက်ဖို့ သတိရသွားနိုင်ပါတယ်။

၈ ။ လိုအပ်ရင် ဓာတ်ဆားထည့်သောက်ပါ။
ချွေးထွက်များရင် မိမိသောက်ရေထဲဆားခတ်သောက် ဒါမှမဟုတ် ဓာတ်ဆားရည်သောက်ပါ။

’ts
၁ ။ ရေအလွန်ငတ်လာတဲ့အထိ စောင့်ဆိုင်းခြင်း။
ရေငတ်နေတာကြောင့် ရေဓာတ်ချို့တဲ့ကာ ကိုယ်တွင်းအင်္ဂါတွေအားပျော့လာပြီး ပင်ပန်းနွမ််းနယ်နိုင်ပါတယ်။

၂ ။ တစ်ကျိုက်ထဲရေပမာဏ အများကြီးသောက်ခြင်း။
ထိရောက်မှုနည်းပါတယ်။ ကိုယ်ထဲကရေနဲ့ ဓာတ်ဆားတွေ ဆီးနဲ့အတူ အမြန်ပြန်ထွက်သွားနိုင်တာကြောင့် နှလုံးပေါ်ဖိအားသက်ရောက်မှု များပြားနိုင်ပါတယ်။

၃ ။ ကော်ဖီ/ လက်ဖက်ရည် အသောက်များလွန်းခြင်း။
ကဖင်းအလွန်အကျွံသောက်တာကြောင့် ရေဓာတ်ချို့တဲ့နိုင်ပြီး ကျောက်ကပ်အားနည်းနိုင်ပါတယ်။

၄ ။ အလုပ်များတဲ့နေ့တွေမှာ ရေသောက်ဖို့ မေ့နေခြင်း။
အလုပ်ချိန်များတာကြောင့် ရေသောက်နည်းရင် ကျောက်ကပ်အလုပ်များများလုပ်ရပြီးသွေးပျစ်နိုင်ပါတယ်။

၅ ။ အေးတဲ့ ရာသီမှာ ရေသောက်နည်းခြင်း။
သင်ရဲ့ ရေဓာတ်ကဆုံးရှုံးမှု ရှိဆဲပါ။

၆ ။ အချိုရည်ကို မှီခိုလွန်းခြင်း။
ရာသီဥတု ပူပြင်းလာရင် အချိုရည်အေးအေးတွေကို သောက်လေ့ရှိကြပါတယ်။ အချိုရည်သောက်တာကြောင့် သူ့မှာပါဝင်တဲ့သကြားတွေက အသည်းနဲ့ မုန့်ချိုအိတ်ကို ဖျက်ဆီးနိုင်ပါတယ်။

၇ ။ အိပ်ရာမဝင်ခင် အယ်လ်ကိုဟောသောက်ခြင်း။
အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်ပြီး ကျောက်ကပ်ဝန်ပိနိုင်ပါတယ်။

၈ ။ အစာစားပြီး ရေခဲရေ/ အအေးဖျော်ရည်သောက်ခြင်း။
အစာခြေမှု နှေးကွေးနိုင်ပါတယ်။

၉ ။ ပလပ်စတစ် ရေဘူးပူပူ( ကားထဲမှာထားခဲ့တဲ့ ရေဘူး) ထဲမှရေသောက်ခြင်း။
ပလပ်စတစ်မှထွက်လာတဲ့ ဓာတုပစ္စည်းကြောင့် အသည်းကို ဒုက္ခပေးနိုင်ပါတယ်။

၁၀ ။ သတိပေးလက္ခဏာတွေကို လျစ်လျူရှုခြင်း။
ခေါင်းကိုက်တာ၊ ပင်ပန်းနွမ်းနယ်တာ၊ ဆီးအရောင်ရင့်တာတွေ ဖြစ်နေတာက ရေဓာတ်ချို့တဲ့တဲ့ လက္ခဏာတွေပါ။

#အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေ
#ဒေါက်တာခင်မိုးမိုး

29/04/2026

လျစ်လျူမရှုထားသင့်တဲ့ လက္ခဏာများ
———————-
၁ ။ မျက်ခွံ ခဏခဏ လှုပ်နေခြင်း။
တစ်ခါတစ်လေ မျက်ခွံလှုပ်တာက ပုံမှန်အခြေအနေပါ။ ဒါပေမဲ့ ရက်ဆက်လှုပ်နေရင်တော့ စိတ်ဖိစီးမှုများတာ၊ အာရုံကြောလှုံ့ဆော်မှုခံရတာ ဒါမှမဟုတ် ကဖင်းအသောက်များတာနဲ့ ဆက်စပ်မှု ရှိပါတယ်။

၂ ။ သင်က ရုတ်တရက် အညိုအမည်းစွဲလွယ်လာခြင်း။
ထိခိုက်ဒဏ်ရာ မရရှိပဲ သင့်အရေပြားပေါ်မှာအပြာရောင် ဒါမှမဟုတ် ခရမ်းရောင် အကွက်တွေပေါ်နေရင် ဗီတာမင်ချို့တဲ့တာရဲ့ လက္ခဏာ ဒါမှမဟုတ် သွေးနဲ့ဆက်စပ်တဲ့ပြဿနာဖြစ်နိုင်ပါတယ်။

၃ ။ အရာရာအားလုံးငြိမ်သက်နေပေမဲ့ သင့်နားထဲမှာ တစ်ဝီဝီမြည်သံကြားနေရခြင်း။
တစ်ချိန်လုံး နားအူနေတာက နားအကြားအာရုံဖိစီးတာ၊ စိတ်ဖိစီးတာ ဒါမှမဟုတ် သွေးလှည့်ပတ်မှု ပြဿနာကြောင့် ဖြစ်ပေါ်နိုင်ပါတယ်။

၄ ။ နှုတ်ခမ်းထောင့် အက်ကွဲနေခြင်း။
ဗီတာမင် B ဒါမှမဟုတ် သံဓာတ်ချို့တဲ့ရင် ဖြစ်ပေါ်တတ်ပါတယ်။

၅ ။ သင့်အရေပြားက ယားယံနေပေမဲ့ အဖုအပိမ့်မ​ပေါက်ခြင်း။
မြင်သာတဲ့ အဖုအပိမ့်တွေမရှိပဲ တစ်ချိန်လုံးယားယံနေတာက တစ်ခါတလေ ကိုယ်တွင်းကပြဿနာနဲ့ ဆက်စပ်နေတတ်ပါတယ်။

၆ ။ သင့်လက်သည်းကျွတ်ဆတ်ခြင်း ဒါမှမဟုတ် အစင်းကြောင်းပေါ်ခြင်း။
သင့်ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့အာဟာရတွေ ချို့တဲ့နေတာကြောင့်ပါ။

၇ ။ သင်ရုတ်တရက် တောက်ပတဲ့အလင်းရောင်ကို အလွန် ဆန်းဆန်းတစ် ( sensitive ) ဖြစ်နေခြင်း။
ခေါင်းတစ်ခြမ်းကိုက်ဝေဒနာ၊ မျက်စိညောင်းတာ ဒါမှမဟုတ် အာရုံကြောစနစ်ဝန်ပိတာကြောင့် တစ်ခါတလေ ဖြစ်ပေါ်နိုင်ပါတယ်။

၈ ။ ရက်သတ္တပတ် တစ်ပတ်ကြော်ကြာတဲ့အထိ အသံဝင်/ အသံအက်နေခြင်း။
အသံဝင်တာ မသက်သာရင် ဘယ်တော့မှ လျစ်လျူမရှုထားပါနဲ့။

၉ ။ ရုတ်တရက် သင့်လက်တွေ လှုပ်ရမ်းနေတာကို သတိထားမိခြင်း။
မကြာခဏ လှုပ်းမ်းနေတာက စိတ်ဖိစီးမှုများတာ၊ ကဖင်း ဒါမှမဟုတ် အာရုံကြောစနစ်ပြောင်းလဲမှုနဲ့ ဆက်စပ်မှု ရှိပါတယ်။

၁၀ ။ လက် ဒါမှမဟုတ် ခြေထောက်တွေ ထုံနေခြင်း။
မကြာခဏထုံနေတာက အာရုံကြောဖိအားပေးခံရရင် ဒါမှမဟုတ် သွေးလှည့်ပတ်မှု မကောင်းရင် ဖြစ်ပေါ်နိုင်ပါတယ်။

#အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေ
#ဒေါက်တာခင်မိုးမိုး

28/04/2026

ရပ်လိုက်ပါ..ရပ်လိုက်ပါ …သင့်ကိုဒီရောဂါတွေ မဖြစ်အောင်ပါ။
———————
၁ ။ ရင်ကျပ်ပန်းနာ…ဖုန်မှုန့်နဲ့ ထိတွေ့မှုများခြင်း

၂ ။ ခေါင်းတစ်ခြမ်းကိုက်…အစာနပ်ရှောင်ခြင်း

၃ ။ အစာအိမ်ရောင်နာ…အစားစားမြန်လွန်းခြင်း

၄ ။ ဆီးချိုရောဂါ…ညဉ့်နက်မှအစာစားခြင်း

၅ ။ နှလုံးရောဂါ…ကာယလှုပ်ရှားမှု မရှိခြင်း

၆ ။ အက်စစ်ဆန်တက်ခြင်း ( ရင်ပူနာ)…အစာစားပြီးပြီးခြင်း လဲလျောင်းခြင်း

၇ ။ သွေးတိုးရောဂါ…ဆားအစားများလွန်းခြင်း

၈ ။ သွေးအားနည်းရောဂါ…အစားအစာနဲ့အတူတူ လက်ဖက်စားခြင်း၊ လက်ဖက်ရည်သောက်ခြင်း

၉ ။ အစာအိမ်ပြဿနာ…ရေသောက်အလွန်နည်းခြင်း

၁၀ ။ အသည်းပြဿနာ…ပြုပြင်ထားတဲ့အစာ/ အရံသင့်အစားအစာတွေကိုစားသုံးခြင်း

၁၁ ။ အိပ်မပျော်ခြင်း…ညဉ့်နက်တဲ့အထိဖုန်း၊ တီဗီအသုံးပြုခြင်း

၁၂ ။ သိုင်းရွိုက်ပြဿနာ…အိပ်ရေးမဝခြင်း၊ စိတ်ဖိစီးမှုများလွန်းခြင်း

၁၃ ။ ကျောက်ကပ်ကျောက်တည်ခြင်း…ရေလုံလုံလောက်လောက်မသောက်ခြင်း၊ ရေဓာတ်ချို့တဲ့ခြင်း

#အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေ
#ဒေါက်တာခင်မိုးမိုး

28/04/2026

သင့်သွေးတွင်းကိုလက်စတရောပမာဏများနေရင် ဘာတွေဖြစ်လာနိုင်သလဲ။
——————-
၁ ။ သွေးအဆီခဲဖတ်တွေကြောင့် နှလုံးသွေးကြော ကျဉ်းသွားရင် … နှလုံးသွေးကြောရောဂါ ရရှိနိုင်ပါတယ်။

၂ ။ သွေးကြောပိတ်သွားတာကြောင့် နှလုံးကြွက်သားပျက်စီးသွားရင်… Heart attack ရရှိနိုင်ပါတယ်။

၃ ။ ဦးနှောက်အတွင်း သွေးစီးဆင်းမှု အနှောင့်အယှက်ဖြစ်သွားရင်…လေဖြတ်နိုင်ပါတယ်။

၄ ။ ဦးနှောက်အတွင်းသို့ စီးဆင်းတဲ့ လည်ပင်းမှသွေးကြောတွေ ကျဉ်းမြောင်းသွားရင်… Carotid artery disease ရရှိနိုင်ပါတယ်။

၅ ။ ရုတ်တရက် နှလုံးရပ်သွားရင်…cardiac arrest ရရှိနိုင်ပါတယ်။

၆ ။ သွေးကြောသေးသေးငယ်ငယ်လေးတွေ ရောဂါရသွားရင်…နှလုံးသွေးကြောငယ်လေးတွေပျက်စီးနိုင်ပါတယ်။

၇ ။ သွေးကြောတွေတင်းမာသွားရင်…သွေးတိုးရောဂါ ရရှိနိုင်ပါတယ်။

၈ ။ ခြေထောက်သွေးကြောတွေကျဉ်းမြောင်းသွားရင်…Peripheral artery disease ရရှိနိုင်ပါတယ်။

#အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေ။
#ဒေါက်တာခင်မိုးမိုး

27/04/2026

စားတတ်ရင်ဆေးပါ။
———
၁ ။ သွေးတိုးရောဂါရှိနေရင်…. ကြက်ဟင်းခါးသီး နေ့စဉ်စားပါ။

၂ ။ အဆုတ်အားနည်းနေရင်…
ပန်းသီးနေ့စဉ်စားပါ။
၃ ။ အသည်းဝန်ပိနေရင်…beetroot မကြာခဏ စားပါ။

၄ ။ သွေးစီးဆင်းမှု မကောင်းရင်…သစ်ကြားသီးစားပါ။

၅ ။ ဆံပင်ပါးနေရင်… နေကြာစေ့နေ့စဉ် စားပါ။

၆ ။ စိုးရိမ်စိတ်များနေရင်…အညိုရင့်ရောင်ချော့ကလက်စားပါ။

၇ ။ ခုခံအားလျော့နည်းနေရင်… ကြက််သွန်ဖြူနေ့စဉ်စားပါ။

၈ ။ လေပွနေရင်…နာနတ်သီးစားပါ။

၉ ။ အသားအရေအဆီပြန်နေရင်..မကြာမကြာ သခွါးသီးစားပါ။

၁၀ ။ ကြံ့ခိုင်မှုအားနည်းနေရင်… စွမ်းအင် အမြန်ရရှိအောင် စွန်ပလွံသီးစားပါ။

၁၁ ။ ခံတွင်းမှာ အနာပေါက်နေရင်…အုန်းဆီစားပါ။

၁၂။ လက်သည်းကျွတ်ဆတ်နေရင်… မြေပဲစားပါ။

၁၃ ။ အာရုံစူးစိုက်လို့ မရရင်…သစ်ကြားသီးစားပါ။

၁၄ ။ အစာမကြေဖြစ်နေရင်…ချင်းစားပါ။

၁၅ ။ အသားအရေခြောက်သွေ့နေရင်.. သံလွင်ဆီစားပါ။

#အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေ
#ဒေါက်တာခင်မိုးမိုး

27/04/2026

အသက်အန္တရာယ်အရှိဆုံး ရောဂါ ၁၀ မျိုး
———————
၁ ။ နှလုံးရောဂါ
ကမ္ဘာတစ်လွှားမှာ အဖြစ်များဆုံးသော ကျန်းမာရေးပြဿနာဖြစ်ပါတယ်။

၂ ။ ကင်ဆာ
စောစောစီးစီး ရှာဖွေတွေ့ သိရှိဖို့လိုအပ်တဲ့ ရောဂါအုပ်စုပါ။

၃ ။ လေဖြတ်ရောဂါ
ဦးနှောက်အတွင်း သွေးစီးဆင်းမှု ပြတ်တောက်သွားရင် ဖြစ်ပေါ်ပါတယ်။

၄ ။ ဆီးချိုရောဂါ
သင့်ခန္ဓာကိုယ်က သွေးတွင်းသကြားပမာဏကို ဘယ်လောက်ထိန်းချုပ်နိုင်သလဲပေါ် မူတည်ပြီး ထိခိုက်မှု ရှိနိုင်ပါတယ်။

၅ ။ နာတာရှည် အသက်ရှူလမ်းကြောင်းရောဂါ
အသက်ရှူလမ်းကြောင်းပေါ် သက်ရောက်မှုရရှိနိုင်တဲ့ အခြေအနေတွေ အပါအဝင်ပါ။

၆ ။ ကျောက်ကပ်ရောဂါ
ခန္ဓာကိုယ်မှ အညစ်အကြေးစစ်ထုတ်နိုင်စွမ်း အပေါ် သက်ရောက်မှု ရှိပါတယ်။

၇ ။ အသည်းရောဂါ
အစာခြေတာနဲ့ အဆိပ်အတောက်သန့်စင်တဲ့လုပ်ငန်းအပေါ် သက်ရောက်မှု ရှိပါတယ်။

၈ ။ သွေးတိုးရောဂါ
တိတ်တဆိတ် လူသတ်သမားလို့ ခေါ်ကြပါတယ်။

၉ ။ ကူးစက်ရောဂါ
ဗိုင်းရပ်စ်၊ ဗက်တီးရီးယား ဒါမှမဟုတ် ကပ်ပါးပိုးမှတစ်ဆင့် ပျံ့နှံ့နိုင်ပါတယ်။

၁၀ ။ စိတ်ကျန်းမာရေးပြဿနာ
စိတ်ခံစားချက်၊ အတွေးအခေါ်နဲ့ ကျန်းမာရေးအားလုံးအပေါ် သက်ရောက်မှု ရှိပါတယ်။

#အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေ
#ဒေါက်တာခင်မိုးမိုး

Address

79/81, Central Tower, Room 103-104, Anawyahtar Road, At The Corner Of 39th Street, Kyauktadar Township
Pazundaung
11182

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 19:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+951385293

Alerts

Be the first to know and let us send you an email when Good Health Journal posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share