Great Heart Myanmar

Great Heart Myanmar We put your family’s health and well being first.

Vita Flex  joint support helps you feel your best.✅ Supports healthy joints✅ Promotes flexibility✅ Made with high-qualit...
09/09/2025

Vita Flex joint support helps you feel your best.
✅ Supports healthy joints
✅ Promotes flexibility
✅ Made with high-quality collagen


contact : 09 254 6658 99

 #ဓမ္မစကြာဒေသနာ" ရွတ်ဖတ်ပူဇော်ကြပါစို့"ဝါဆိုလပြည့်"🌕🌕🌕🌕🌕ဝါဆိုလပြည့် ဓမ္မစင်္ကြာအခါတော်နေ့နှင့်   ထူးခြားချက်များ ....။  ...
09/07/2025

#ဓမ္မစကြာဒေသနာ" ရွတ်ဖတ်ပူဇော်ကြပါစို့

"ဝါဆိုလပြည့်"
🌕🌕🌕🌕🌕
ဝါဆိုလပြည့် ဓမ္မစင်္ကြာအခါတော်နေ့နှင့်
ထူးခြားချက်များ ....။

သန္ဓေ တောထွက်၊ ဓမ္မစက်
တစ်ချက် ပြာဋိဟာ။
ဝါဆိုလပြည့်၊ ထူးခြားနေ့
အောက်မေ့ ဤလေးဖြာ။

ဓမ္မစင်္ကြာဟောကြားခြင်း
-------------------------

သန္ဓေ, တောထွက်, ဓမ္မစက်,
မိန်မြွက်ဝါဆို ဟူသော
စကားနှင့် အညီ ..
မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်
တုသိတာနတ်ပြည်မှ နတ်သားအပေါင်းတုိ့၏
ဘုရားဖြစ်ရန် အချိန်တန်ပါပြီဟု
လာရောက်ကာ ...
တောင်းပန်ကြသောကြောင့် -

သေတကေတု နတ်သားအဖြစ်မှ
စုတေပြီးနောက် ..
မယ်တော်မာယာ၏ ဝမ်းတွင်ဝယ်
ဝါဆိုလပြည့်နေ့တွင် ပဋိသန္ဓေနေတော်မူပါသည်။

ဖွားမြင်မြောက်သောအခါ ..
သိဒ္ဓတ္ထဂေါတမ အမည်ရလေ၏။
ဆယ့်ခြောက်နှစ်ဝယ် ယသော်ဓရာနှင့်
ထိန်းမြှား လက်ထပ်လေ၏။

ရာဟုလာ အမည်ရသော ..
သားတော်တစ်ပါး မွေးဖွားလေ၏။

ထိုနောက် ..

သူအို, သူနာ, သူသေ, ရဟန်း, ဟူသော
နိမိတ်ကြီးလေးပါးကို မြင်တော်မူကာ
အိုခြင်းသဘော နာခြင်းသဘော
သေခြင်းသဘော တရားတို့ကို
ကြောက်လန့်ကာ ..
အိုခြင်းကင်းရာ နာခြင်းကင်းရာ
သေခြင်းကင်းရာ ..
ရဟန်းတစ်ပါး၏ ချမ်းသာတရားကို
တွေးသိကာ ..
တောထွက်ရန် ကြံစည်တော်မူပြီး
ဝါဆိုလပြည့်နေ့ ညသန်းခေါင်ယံ အချိန်တွင်
ဖွားဖက်တော်ဆန္ဒအမတ် ကဏ္ဍကမြင်းတို့ နှင့်
ဥရုဝေလတောသို့ ကိလေသာကုန်ခန်းပြီး
ဥာဏ်အလင်းရောင်တွေကို ရှာဖွေရန်
တောထွက်တော်မူပါသည် ...။

မဂဓတိုင်း ဂယာမြို့အနီး ဥရုဝေလတောဝယ်
(၆)နှစ်တို့ ကာလပတ်လုံး ..
ရှေးဟောင်း အိန္ဒိယ ယောဂီ ပရိဗိုဇ်တို့၏
အတ်တကိလမထာ -
(ပင်းပန်းစွာခန္ဓာကိုယ် ညင်းဆဲကြောင်း)
အကျင့်တို့ကို့ ..
ထိုတောဝယ်(၆) နှစ်တိုင်တိုင်
ပင်းပန်းစွာ ကျင့်ကြံသော်လည်း
တရားထူးကိုမရရှိပေ ...။

(၆)နှစ်မျှ ကျင့်ခဲ့ရတဲ့ ..
ရှေးဟောင်းအိန္ဒိယ ယောဂီပရီဗိုဇ်တို့၏
အကျင့်များသည် ..
ခန္ဓာကိုယ်ပင်ပန်းဆင်းရဲကြောင်း
အကျင့်များသာဖြစ်သည်ဟု
သိရေသာအခါ -

မိမိ၏ ကိုယ်ပိုင်နည်းစနစ်ဖြစ်သော
မဂ္ဂင်(၈)ပါး နည်းလမ်းသစ်ဖြင့်
၁၀၃ ခု၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့တွင်
သဗ္ဗညုတဉာဏ်တော်ကိုရရှိကာ
ဘုရားအဖြစ်သို့ ရောက်ရှိတော်မူပါသည်။

ဘုရားအဖြစ်သို့ ရောက်ရှိပြီးနောက်
အားထုတ်ခဲ့သောတရားများနှင့်
လောကကို ဆင်ခြင်ကြည့်သော်
မိမိရရှိ ကျင့်ကြံထားသော တရားတို့သည်
အလွန်သိမ်မွေ့ နက်နဲခက်ခဲလွန်းနေ၏။

လောကလူသားတို့၏ အသိဥာဏ်ကား
ကိလေသာအမှောင်တို့ဖြင့်သာ
ထာဝစဉ်ပိတ်ဖုံးနေ၏။
ပုထုဇဉ်တို့ အား ဟောကြားရန်
မတန်တဆ ခက်ခဲပင်ပန်းလိမ့်မည်ဟု
ဆင်ခြင်နေစဉ် သဟမ္ပတိဗြဟ္မာမင်း၏
လျှောက်ထားတောင်းပန်ချက်အရ
အဘယ်သူ့ကို တရားဦးဟောကြားအံ့နည်းဟု
ဆင်ခြင်တော်မူ၏ ...။

အရင်က မိမိ တပည့်တော်ခဲ့ဘူးသော
ဗာရာဏသီမြို့အနီး မိဂဒါဝုန်တောဝယ်ရှိသော
ပဉ္စဝဂ္ဂီငါးဦး -
(ပဉ္စ- ငါးခု ငါးယောက်၊ ၀ဂ္ဂ-အစု အဖွဲ့)တို့ကို
တရားဦးဟောကြားရန် ကြွချီတော်မူလေသည်။

အချိန်ကား -
နေမင်းကြီး ဝင်လုဝင်ဆဲအချိန်၊
လမင်းကြီးမှာ ပြူလစ်စ အခါသမယ ဖြစ်၏။
ဆည်းဆာ ညချမ်း ဖြစ်သည်။
သူတော်မြတ်ဓာတ်ကြောင့်
သာယာဖွယ်ကောင်းလှပေ၏။
မိဂဒါဝုန်တောကား ရွှင်ပျအေးမြနေ၏။
ဆိတ်ငြိမ်မှုဖြင့် ပြီးလျက်ရှိ၏ ...။

ထိုအခိုက်တွင် ...

မြတ်စွာ ဘုရားရှင်သည် ပဉ္စဝဂ္ဂီတို့၏ ရှေ့တွင်
ထက်ဝယ်ဖွဲ့ခွေ နေတော်မူသည်။

ထို့နောက်... "ရဟန်းတို့" ဟု ခေါ်ဝေါ်ကာ
နှုတ်ခွန်းဆက်တော်မူလိုက်၏။ ဤကား ..
တရားဦးဟောရန် ဖိတ်ခေါ်သံအစတည်း။

ပဉ္စဝဂ္ဂီတို့သည် သီလစင်ကြယ်ပြီးသူများ
ဖြစ်ကြသည်။ ထို့ ပြင် ..
သဒ္ဓါ၊ ဆန္ဒ၊ ဝီရိယစိတ်ထား ပြည့်စုံနေပြီးသူများ
ဖြစ်ကြလေရာ ...
မြတ်စွဘုရား၏ စကားအစသည်
သူတို့၏ နှလုံးသားဝယ်
တရား တည်၍တည်၍ လာလေသည်။

ထိုအချိန်တွင် မြတ်စွာဘုရားက
မိမိဘုရား ဖြစ်တော်မူကြောင်း မိန့်ကြား၏။
တရားနာယူကြရန်လည်း တစ်ဆက်တည်း
တိုက်တွန်း၏ ...။

သို့သော် မယုံကြည်နိုင်ကြသဖြင့်
သုံးကြိမ်သုံးခါ ငြင်းဆန်ကာ နေကြ၏။

မြတ်စွာဘုရားသည် ထိုငြင်းဆန်မှုကို
ဘုရားဖြစ်ကြောင်း ထပ်မံသိစေပြန်၏။

ပြီးမှ ..
"တရားဦး" ခေါ် ဓမ္မစက္က ပဝတ္တန သုတ္တ ကို
ဟောကြားတော်မူလေသည်။

ထိုတရားတော်၏ အဆုံးဝယ်
အရှင်ကောဏ္ဍညသည် လူသားများ အနက်
ပထမဦးဆုံး သောတာပတ္တိဖိုလ်၌
တည်လေ၏။

ထိုနေ့သည် ဝါဆိုလပြည့်နေ့ဖြစ်၏။

ထို့နောက်တဖန် ...

ဒေသနာကိုဟောပြတော်မူရာ ..
ဝါဆိုလပြည့်ကျော် (၁) ရက်နေ့၌ အရှင်ဝပ္ပ
(၂) ရက်နေ့၌ အရှင်ဘဒ္ဒိယ၊
(၃) ရက်နေ့၌ အရှင်မဟာနာမ်၊
(၄) ရက်နေ့၌ အရှင်အဿဇိ တို့သည်
အသီးသီး သောတာပန် တည်ကြလေကုန်၏။

ပဉ္စဝဂ္ဂီအားလုံးပင် "ဧဟိဘိက္ခု" ရဟန်း အဖြစ်
ရောက်ကြလေသည်။

ဝါဆိုလပြည့်ကျော် (၅)ရက်နေ့တွင်
မြတ်စွာဘုရားသည် "အနတ္တလက္ခဏသုတ္တ" ကို
ဟောကြားတော်မူခဲ့သည်။

ဤတွင် ငါးဦးလုံး ..
ရဟန္တာ ဖြစ်တော်မူကြလေသည်။
ထိုနေ့ကိုလည်း "ရဟန္တာနေ့" ဟု
ဗုဒ္ဓဘာသာဝင်တို့ သတ်မှတ်ယူကြကုန်သည်။

ဝါဆိုလပြည့်နေ့ကိုမူ တရားဦးဓမ္မစကြာ
ဟောကြားသောနေ့ ဖြစ်၍
"ဓမ္မစကြာနေ့့" ဟု... ယနေ့အထိ
ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ် ပြုခဲ့ကြပေသည်။

၀ါဆိုလပြည့်နေ့မြတ် ထူးခြားချက်များ
----------------------------------------

(၁) ပဋိသန္ဓေတည်သည့်နေ့
မဟာသက္ကရာဇ် – ၆၇၊ ဝါဆိုလပြည့်။
(ကြာသပတေးနေ့)

(၂) တောထွက်သည့်နေ့
မဟာသက္ကရာဇ် – ၉၇၊ ဝါဆိုလပြည့်။
(တနင်္လာနေ့)

(၃) ဓမ္မစကြာတရားဦး
မဟာသက္ကရာဇ် -- ၁၀၃၊ ဝါဆိုလပြည့်။
(စနေနေ့)

(၄) သောတာပန်လူသား စပေါ်သည့်နေ့
မဟာသက္ကရာဇ် – ၁၀၃၊ ဝါဆိုလပြည့်။
(စနေနေ့)
ပုထုဇဉ်ခရီးမှ အရိယာခရီးသို့
စတင်ကူးပြောင်းခွင့်ကြုံသောနေ့။

(၅) သံဃာရတနာ စပေါ်သည့်နေ့
မဟာသက္ကရာဇ် – ၁၀၃၊ ဝါဆိုလပြည့်။

(၆) “ဧဟိ ဘိက္ခု ” ဟူသော စကားကို
စတင် ကြားရသောနေ့။

(၇) ရေမီး အစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို
ပြတော်မူသောနေ့ (၇ ဝါမြောက်တွင်)

ပြောင်လျှံထိန်ညီး၊ ရေမီးထွေထွေ၊
အံ့ဖွယ်ဖန်ဆင်း၊ ဘက်ကင်းသရေ။
အမျိုးမျိုးပ၊ တန်ခိုးသင်္ချေ၊
ဝါဆိုလ ပုဏ္ဏ ဒိဝသေ။

လယ်တီဆရာတော်ကြီး၏ ကဗျာများ
--------------------------------------------

သန္ဓေယူတော်မူသောနေ့
(ကြာသာပတေးနေ့)

သုံးလူ့ရှင်ပင်၊ ကျွန်းထိပ်တင်
သောင်းခွင်စကြာ၀ဠာ၊ နတ်ဗြဟ္မာတို့
ညီညာရုံးစု၊ တောင်းပန်မူကြောင့်
ရတုနဂိုရ်၊ ရွှန်းရွှန်းစိုသည်
ဝါဆိုလပြည့် ကြွက်မင်းနေ့၀ယ်၊
ချမ်းမြေ့ကြည်ဖြူ သန္ဓေယူသည်
နတ်, လူ ငြိမ်းဖို့ ကိန်းပါကို ....။

တောထွက်တော်မူသောနေ့
(တနင်္လာနေ့)

ဖွားမြင်မြောက်သော်၊
ဆယ်ခြောက်နှစ်ရွယ် ပျိုမြစ်နုနယ်၌၊
သုံးသွယ်ရွှေနန်း သိမ်းမြန်းပြိးလစ်
ဆယ်သုံးနှစ်လျှင်၊ ဘုန်းသစ်လျှံလူ၊
စံတော်မူ၍ ရွယ်မူနုဖြိုး၊ နှစ်ဆယ်ကိုး၀ယ်”
လေးမျိုးနိမိတ် နတ်ပြဟိတ်ကြောင့်၊
ရွှေစိတ်ငြင်ငြို၊ သံဝေပိုက
ဝါဆိုလပြည့် ကျားမင်းနေ့၀ယ်၊
ချမ်းမြေ့ရဂုံ တော်ရပ်လှုံသည်”
စုံမြိုင်ပင်ရိပ် ခမ်းမှာကို …။

ဓမ္မစင်္ကြာဟောတော်မူသောနေ့
(စနေနေ့)

ဘုရားဖြစ်ကာ၊ မိဂဒါသို့၊
စကြာရွှေဖဝါးဖြန့်ချီ သွား၍၊ ငါးပါး၀ဂ္ဂီစုံအညီိနှင့်
မဟီတစ်သောင်း တိုက်အပေါင်းမှ၊
ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား“
ဝါဆိုလပြည့်၊ စနေနေ့၀ယ်
ကြွေ့ကြွေ့လျှံတက်၊ ဓမ္မစက်ကို”
မိန့်မြွတ်ထွေပြား၊ ဟောဖော်ကြားသည်
တရားနတ်စည်ရွှမ်းတယ်ကို ...။

စိတ်ကူးပျော်ရာနှင့် ဓမ္မလက်ဆောင်
ဘလော့ဂ်တို့မှ ပိုစ့်နှစ်ခုကို ပေါင်းစပ်ကာ
ဓမ္မဒါနပြုပါသည်။

အရှင်ဉာဏဝရ
ညွှန်း - မာဂဓိ(သာစည်)၏ အခါတော်နေ့များ

#ဓမ္မဒါန

ပြန်လည်မျှဝေခြင်း share ခြင်းဖြင့်
ကုသိုလ်ယူနိုင်ပါသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့အကြောင်း
**********************************
သိကောင်းစရာများ
*****************

#ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပရခြင်းမှာ ထိုနေ့၌ ဓမ္မစကြာတရားတော်ကို မြတ်စွာဘုရားက ဟောကြားတော်မူသည်ကို အကြောင်းပြု၍ ကျင်းပရခြင်းဖြစ်ပါသည်။

#ဓမ္မစကြာတရားတော်ကို မြတ်စွာဘုရားသည် အိန္ဒိယနိုင်ငံ ဗာရာဏသီပြည် မိဂဒါဝုန်တော၌ မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ဝါဆိုလပြည့်နေ့ နေဝင်လထွက်အချိန်၌ ပဉ္စဝဂ္ဂီငါးဦးတို့အား ဘုရားအဖြစ်ကို ဝန်ခံသောအားဖြင့် ဟောကြားတော်မူခဲ့ပါသည်။

#ဓမ္မစကြာတရားတော်သည် ဝိနည်းမဟာဝါ ပါဠိတော်၌ ``ပဉ္စဝဂ္ဂိယကထာ´´အမည်ဖြင့် လာရှိပါသည်။ ပဋိသမ္ဘိဒါမဂ္ဂ ပါဠိတော်၌ ``ဓမ္မစက္က ပဝတ္တနဝါရ´´အမည်ဖြင့် လာရှိပါသည်။ မဟာဝဂ္ဂသံယုတ် ပါဠိတော်၌ ``ဓမ္မစက္က ပဝတ္တနသုတ္တ´´အမည်ဖြင့် လာရှိပါသည်။

#ဓမ္မစက္က ပဝတ္တန၏အဓိပ္ပါယ်မှာ- တရားတည်းဟူသော အသိစက်ကိုဖြစ်စေ၊ လည်စေတော်မူခြင်းဟု အဓိပ္ပါယ်ရပါသည်။ [ ဓမ္မစက္က = တရားတော် + ပဝတ္တန = ဖြစ်စေ၊ လည်စေခြင်း]

#ဓမ္မစကြာတရားတော်သည် သစ္စာလေးပါးတရားကို ညွှန်းဆိုဟောကြားသော ဒေသနာဖြစ်၍ ပိဋကတ်သုံးပုံ၏ အနှစ်ချုပ်တရားဟု ဆိုထိုက်ပါသည်။

#ဓမ္မစကြာတရားတော်ကို စိစစ်သုံးသပ်ကြည့်ပါလျှင် လမ်းစဉ်မှား ``အစွန်း ၂ခု´´ကို ရှောင်ကြဉ်ရေး၊ မဇ္စျိမ ပဋိပဒါ လမ်းစဉ်မှန်ကို ကျင့်သုံးရေးတို့ကို ညွှန်ကြားထားပြီး သစ္စာလေးပါးတရားကို သိမြင်စေရန် ဟောကြားထားသောကြောင့် ဗုဒ္ဓဝါဒ၏ တိကျခိုင်မာသော သဘောတရားကို တွေ့မြင်နိုင်ပါသည်။

#ဤကဲ့သို့ အနှစ်သာရပါရှိသော တရားဖြစ်၍ ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူတို့က ဓမ္မစကြာတရားတော်ကို အထူးပင် အာရုံစိုက်၍ ရွတ်ဖတ်သရဇ္စျာယ်တော်မူကြပါသည်။ အမြို့မြို့အရွာရွာ၌ ဓမ္မစကြာအသင်းများ ဖွဲ့စည်းပြီး ပြန့်ပွားအောင် ဆောင်ရွက်လျက်ရှိကြပါသည်။

ဝါဆိုလပြည့်နေ့၏ ထူးခြားချက်များ
***************************

မြန်မာ့ရိုးရာ ၁၂ လ ရှိသည့်အနက် ဝါဆိုလပြည့်နေ့သည် -

၁။ ဂေါတမဘုရားလောင်း ပဋိသန္ဓေနေသော နေ့ဖြစ်၍ ထူးခြားခြင်း၊
၂။ ဂေါတမဘုရားလောင်း တောထွက်တော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊
၃။ ဂေါတမဘုရားလောင်း ဓမ္မစကြာတရား စတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊
၄။ ရေမီး အစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊
၅။ ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊
၆။ တရားရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်၍ ထူးခြားခြင်း၊
၇။ သံဃာရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်၍ ထူးခြားခြင်း၊
၈။ ``ဧဟိ ဘိက္ခု´´ဟူသောစကားကို စတင်ကြားရသောနေ့ဖြစ်၍ ထူးခြားခြင်း၊

အထက်ဖော်ပြပါ ဝိသေသအကြောင်းများကြောင့် ဗုဒ္ဓဘာသာဝင်သူတော်စင်တို့က ဤဝါဆိုလပြည့်နေ့၌ ကျောင်းကန်ဘုရားသို့ သွားရောက်၍ ဝါဆိုပန်းများ ကပ်လှူခြင်း၊ ဝါဆိုသင်္ကန်း လှူဒါန်းခြင်း၊ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်သရဇ္စျာယ်ခြင်းအားဖြင့် ``ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့´´ကို ဆင်နွှဲပြုလုပ်ကြပါသည်။ ။

အရှင်ဉာဏဝရ
ညွှန်း - မာဂဓိ(သာစည်)၏ အခါတော်နေ့များ

Credit: ပြန်လည်မျှဝေပူဇော်ပါသည်။
Credit: photo

Flaxseed oil ဟာ flax (Linum usitatissimum) ဆိုတဲ့အပင်တစ်မျိုးရဲ့ အစေ့ကနေထုတ်ယူရရှိတဲ့ သဘာဝဆီပဲဖြစ်ပါတယ်။💯Flaxseed oil မှ...
09/10/2024

Flaxseed oil ဟာ flax (Linum usitatissimum) ဆိုတဲ့အပင်တစ်မျိုးရဲ့ အစေ့ကနေထုတ်ယူရရှိတဲ့ သဘာဝဆီပဲဖြစ်ပါတယ်။💯

Flaxseed oil မှာ Omega 3 fatty acid နှင့် antioxidant ဓာတ် ပြည့်ဝစွာ ပါဝင်ပါတယ်။

အဆိုပါ Omega 3 fatty acid ဓာတ်ဟာ ခန္ဓာကိုယ်တွင်း အန္တရာယ်ရှိ ယောင်ယမ်းခြင်း ဖြစ်စဉ်ကို နည်းပါးစေပြီး နှလုံး အဆုတ် ကျန်းမာရေးနဲ့ ဦးနှောက်ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်ပါတယ်။

သွေးတွင်း ကိုလက်စထရော အဆီဓာတ်ကို လျော့ကျစေပြီး အကျိုးပြု ကိုလက်စထရောဓာတ်ကို မျှတစေတဲ့ အစွမ်းသတ္တိရှိတယ်လို့ ဆိုပါတယ်။

ထို့အပြင် flaxseed oil မှာ phytosterols ဆိုတဲ ဓာတ်ပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်း antioxidant ဖြစ်တဲ့အတွက် ကင်ဆာဖြစ်နိုင်ခြေနှုန်းကို ကျဆင်းစေတယ်လို့ လေ့လာမှုတွေအရ ဆိုထားပါတယ်။

Flaxseed oil ဟာ ခန္ဓာကိုယ်တွင်း သွေးပေါင်ချိန်ကိုလျော့ကျစေပြီး ယောင်ယမ်းမှု ဖြစ်စဉ်များကို ကျဆင်းစေခြင်းဖြင့် နှလုံးကျန်းမာရေးအတွက် အထောက်အကူပြု အကျိုးဖြစ်စေတယ်လို့ ဆိုပါသေးတယ်။

အစာအိမ်နှင့် အူလမ်းကြောင်းကို ပုံမှန်အလုပ်လုပ်စေနိုင်၍ မကြာခဏ ဝမ်းချုပ်တတ်ခြင်းတို့ကိုလဲ သက်သာစေနိုင်ပြီး ဝမ်းကို ပုံမှန်သွားစေပါတယ်။

အမေရိကန်နိုင်ငံမှ တင်သွင်းတဲ့ Vitamax Omega 3 6 9 မှာ သန့်စင်တဲ့ Natural Flaxseed oil ကိုသာ သဘာဝအတိုင်း ထည့်သွင်းထုတ်လုပ်ထားပါတယ်။

VitaMax omega 369 တစ်ဘူးလျှင် Softgel အလုံး 100 ပါဝင်ပါသည်။

မှာယူလိုပါက

🏤Great Heart Company
483/485 , Lower Pazundaung Road,Pazundaung Township, Yangon
📞☎ ph: 09 261333368
09 254665899

Why Sunshine Vitamin is Important -------------------------------------------Vitamin D ကို နေရောင်ခြည် မှ  ခံယူရရှိသော်လ...
07/08/2023

Why Sunshine Vitamin is Important
-------------------------------------------
Vitamin D ကို နေရောင်ခြည် မှ ခံယူရရှိသော်လည်း ခန္ဓာကိုယ်တွင်း Vitamin D3 အဖြစ်သို့ ပြောင်းလဲရန် အသည်း နှင့် ကျောက်ကပ် တို့ရှိ သဘာဝဓာတ် (Enzyme) ၏ အကူညီဖြင့်သာ ပြောင်းလဲနိုင်သောကြောင့် Vitamin D3 ရရှိမှုလျော့နည်း လာရပါတယ်။
Vitamin D3 ချို့တဲ့လာခြင်းကြောင့် ကလ်စီယံ (Calcium) ရရှိမှု လျော့နည်းလာပြီး အရိုးပွ အရိုးပါးရောဂါ များ ၊ နှလုံး နှင့်သွေတိုးရောဂါ၊ နာတာရှည်ရောဂါများ ဝင်ရောက်လာစေနိုင်ပါသည်။
Vitamin D3 သည် ခန္ဧာကိုယ် အတွက်များစွာ အရေးပါကြောင်း ကိုလည်း လေ့လာသိရှိရပါတယ်။ အဆုပ်ရောဂါ ၊ဉီးနှောက် နှင့် ကင်ဆာ ရောဂါ များကိုလည်း ကာကွယ်ပေးနိုင်ကြောင်း သိရှိရပါတယ်။ ခန္ဧာကိုယ် ခုခံအားစနစ် (immune system) ကိုလည်း မြင့်တင်ပေးနိုင်ပါတယ်။
Vitamin D3 ချို့တဲ့မှု မဖြစ်ရအောင် နေပူစာလှုံပေးခြင်း သို့မဟုတ် Vitamin D3 ဖြည့်စွက်စာများ စားသုံးပေးခြင်းဖြင့် ဖြည့်ဆည်းနိုင်ပါတယ်။
Vitamin D3 level ကို သွေးဖောက်စစ်ဆေးခြင်းဖြင့် သိရှိနိုင်ပါတယ်။ Vitamin D3 level သည် 40- 60 ng/ml အတွင်းရှိသင့်ကြောင်းကိုလည်း သုတေသန ဆေးဝါးပညာရှင်များ က ယူဆထားကြပါတယ်။
Vitamin D3 ချို့တဲ့မှုရှိပါက မိမိ ဆရာဝန် သို့ ဆေးဝါးပညာရှင်များနှင့် တိုင်ပင်ပြီး လိုအပ်သော Vitamin D3 ပမာဏ ကိုရွေးချယ်သောက်သုံးသင့် ပါတယ် ။
မိမိလိုအပ်သော ပမာဏ ထက်ပို၍ မသောက်သုံးသင့်ပါ၊
Ref: Health Journal ( Verywell health)

ချစ်ခင်နှစ်သက်ရသူများ နှင့် အတူ ကျန်းမာ ပျော်ရွှင်နိုင်ကြပါစေ                        👩‍❤️‍💋‍👨👨‍👩‍👧‍👦💐💐💐💐
14/02/2023

ချစ်ခင်နှစ်သက်ရသူများ နှင့် အတူ ကျန်းမာ ပျော်ရွှင်နိုင်ကြပါစေ
👩‍❤️‍💋‍👨👨‍👩‍👧‍👦💐💐💐💐

🙏🙏🙏သီတင်းကျွတ် အချိန်ခါသမယတွင် မိဘပြည်သူ မိသားစု အပေါင်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာ ကြပါစေကြောင်း Great Heart Co.Ltd မှ ဆု...
08/10/2022

🙏🙏🙏
သီတင်းကျွတ် အချိန်ခါသမယတွင် မိဘပြည်သူ မိသားစု အပေါင်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာ ကြပါစေကြောင်း Great Heart Co.Ltd မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါ တယ်
အလှူရေစက် လက်နှင့်မကွာ လှူဒါန်းနိုင်ကြပါစေ 🙏🙏🙏

Heart Myanmar

♥သင်ရဲ့သွေးတွင်းကိုလက်စရော မတက်အောင် ဘယ်လိုကာကွယ် ကြမလဲ??****************************သွေးတွင်းကိုလက်စရော သည် ခန္ဓာကိုယ် ...
03/10/2022

♥သင်ရဲ့သွေးတွင်းကိုလက်စရော မတက်အောင် ဘယ်လိုကာကွယ် ကြမလဲ??
****************************
သွေးတွင်းကိုလက်စရော သည် ခန္ဓာကိုယ် အတွက် အကျိုးပြုသော အရာဖြစ်သော်ငြားလည်း ပိုလျှံလာပြီဆိုလျှင် သင်၏သွေးကြောတွင်းစုပုံပြီး ဒုက္ခပေးလာတတ်ပါသည်။
သွေးသွင်း ကိုလက်စရော (Blood Cholestrol)ကို ဘယ်လိုလျှော့ချဖို့ စီမံ ကြမလဲ???

၁။သင့်၏အစားအစာများ
************************
Diet လုပ်ခြင်းက ကိုလက်စရောလျော့ချဖို့ အကောင်းဆုံးနည်းလမ်း ဆိုသော်လည်း ကျန်းမာရေး စောင့်ရှောက်မှုလိုအပ်သော နာတာရှည်ရောဂါ ခံစားနေရသူများသည် မိမိ၏ ဆရာဝန် နှင့် တိုင်ပင်၍သာဆောင်ရွက်သင့်ပါသည်။
အစားအစာများတွင် ဆီကြော်များ၊အနီရောင်ရှိသော အသားများ (ဥပမာ အမဲသား ၊ဝက်သား) ၊ အဆီမထုတ်ထားသော နို့ နှင့် နို့ထွက် ပစ္စည်း များသည် ကိုလက်စရော တက်စေနိုင်သော အစားအစာများ ၊တာရှည်ခံရန် စီမံ ထားသော အစားအစာများလည်း ပါဝင်ပါသည်။
ကိုလက်စရော ပါဝင်မှုနည်းသော အရေခွံ ခွာထားသော ကြက်သား ၊ငါး နှင့် အဆီထုတ် နို့နှင့်နို့ထွက်ပစ္စည်း များကို စားသုံးခြင်းဖြင့် Cholesterol လျှော့ချနိုင်ပါသည်။
လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ၊ အသီးအနှံများ ၊ အစေ့အဆံများ (ဥပမာ Flaxseed oil ,Olive oil) များကိုလည်း စားသုံးပေးန်ိုင်ပါသည်။

***ဆက်လက်ဖော်ပြပါမည်
Ref:http://webmed.com

Why Sunshine Vitamin is Important -------------------------------------------Vitamin D ကို နေရောင်ခြည် မှ  ခံယူရရှိသော်လ...
20/07/2022

Why Sunshine Vitamin is Important
-------------------------------------------
Vitamin D ကို နေရောင်ခြည် မှ ခံယူရရှိသော်လည်း ခန္ဓာကိုယ်တွင်း Vitamin D3 အဖြစ်သို့ ပြောင်းလဲရန် အသည်း နှင့် ကျောက်ကပ် တို့ရှိ သဘာဝဓာတ် (Enzyme) ၏ အကူညီဖြင့်သာ ပြောင်းလဲနိုင်သောကြောင့် Vitamin D3 ရရှိမှုလျော့နည်း လာရပါတယ်။
Vitamin D3 ချို့တဲ့လာခြင်းကြောင့် ကလ်စီယံ (Calcium) ရရှိမှု လျော့နည်းလာပြီး အရိုးပွ အရိုးပါးရောဂါ များ ၊ နှလုံး နှင့်သွေတိုးရောဂါ၊ နာတာရှည်ရောဂါများ ဝင်ရောက်လာစေနိုင်ပါသည်။
Vitamin D3 သည် ခန္ဧာကိုယ် အတွက်များစွာ အရေးပါကြောင်း ကိုလည်း လေ့လာသိရှိရပါတယ်။ အဆုပ်ရောဂါ ၊ဉီးနှောက် နှင့် ကင်ဆာ ရောဂါ များကိုလည်း ကာကွယ်ပေးနိုင်ကြောင်း သိရှိရပါတယ်။ ခန္ဧာကိုယ် ခုခံအားစနစ် (immune system) ကိုလည်း မြင့်တင်ပေးနိုင်ပါတယ်။

Vitamin D3 ချို့တဲ့မှု မဖြစ်ရအောင် နေပူစာလှုံပေးခြင်း သို့မဟုတ် Vitamin D3 ဖြည့်စွက်စာများ စားသုံးပေးခြင်းဖြင့် ဖြည့်ဆည်းနိုင်ပါတယ်။

Vitamin D3 level ကို သွေးဖောက်စစ်ဆေးခြင်းဖြင့် သိရှိနိုင်ပါတယ်။ Vitamin D3 level သည် 40- 60 ng/ml အတွင်းရှိသင့်ကြောင်းကိုလည်း သုတေသန ဆေးဝါးပညာရှင်များ က ယူဆထားကြပါတယ်။

Vitamin D3 ချို့တဲ့မှုရှိပါက မိမိ ဆရာဝန် သို့ ဆေးဝါးပညာရှင်များနှင့် တိုင်ပင်ပြီး လိုအပ်သော Vitamin D3 ပမာဏ ကိုရွေးချယ်သောက်သုံးသင့် ပါတယ် ။
မိမိလိုအပ်သော ပမာဏ ထက်ပို၍ မသောက်သုံးသင့်ပါ၊

Ref: Health Journal ( Verywell health)

“ဝါဆိုလပြည့်နေ့” ဓမ္မစကြာအခါတော်နေ့(အင်္ဂါနေ့)🙏🙏🙏 တရားဦး ဓမ္မစကြာတရား ဟောကြားတော်မူခဲ့သော ဝါဆိုလပြည့်နေ့ " ဓမ္မစကြာအခါတေ...
12/07/2022

“ဝါဆိုလပြည့်နေ့” ဓမ္မစကြာအခါတော်နေ့(အင်္ဂါနေ့)
🙏🙏🙏 တရားဦး ဓမ္မစကြာတရား ဟောကြားတော်မူခဲ့သော ဝါဆိုလပြည့်နေ့ " ဓမ္မစကြာအခါတော်နေ့''မှာ
ခုနှစ်ရက်သားသမီးများအားလုံး စိတ်ချမ်းသာခြင်း၊ကိုယ်ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ 🙏
စီးပွားလာဘ်လာဘများလည်း ဒီရေအလား တိုးတက်ကြပါစေ🙏
ကပ်​​ကြီးသုံးပါး​ဘေး များမှလည်း ကင်းဝေးကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်🙏🏻🙏🏻🙏🏻
credit photo:

22/05/2022


17/04/2022

ကျန်းမာပျော်ရွှင်သောနှစ်သစ်မဂ်လာဖြစ်ပါစေ 🙏🙏🙏

Address

483/485, 1st Floor , Lower Pazundaung Road , Pazundaung Township , Yangon
Pazundaung
11171

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959254665899

Alerts

Be the first to know and let us send you an email when Great Heart Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Great Heart Myanmar:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram