𝑺𝑯𝑰𝑽𝑨 Physio - Yoga Club

𝑺𝑯𝑰𝑽𝑨  Physio - Yoga Club Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 𝑺𝑯𝑰𝑽𝑨 Physio - Yoga Club, Pazundaung.

မြန်မာနိုင်ငံမှာ ပထမဦးဆုံး Physio Yoga ကို စတင်တည်​ထောင်ခဲ့သည်။

သိပ္ပံနည်းကျယောဂပညာ နှင့် ​ဆေးပညာ ​(လေ့ကျင့်ခန်း) ​ပေါင်းစည်းရာနေရာ။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်​နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ​

Motto - No one can transform you without your own effort.

အသစ်​တွေဟာ ​ဟောင်းသွားပြီး၊ အ​ဟောင်း​တွေဟာ ပျက်သွားကြတယ်။ အသစ် နဲ့ အပျက်ကြားကာလမှာ အရှိကို အရှိအတိုင်း လက်ခံလိုက်တာနဲ့ အ...
29/03/2026

အသစ်​တွေဟာ ​ဟောင်းသွားပြီး၊

အ​ဟောင်း​တွေဟာ ပျက်သွားကြတယ်။

အသစ် နဲ့ အပျက်ကြားကာလမှာ

အရှိကို အရှိအတိုင်း လက်ခံလိုက်တာနဲ့

အသစ်၊ အ​ဟောင်း၊ အပျက် ဆိုတဲ့ ခံစားချက်​တွေဟာ

သစ်ရွက်​တွေလို ​ကြွေကျသွားပြီး

​ပျော်ရွှင်ခြင်း ဆိုတာစတင် ဖူးပွင့်တယ် ။ ။

ချစ်တဲ့

စည်သူ (29-Mar-2026)






လာ​ရောက်​လေ့လာ ချင်သူများအတွက် အခွင့်အ​ရေး 💥မနက်ဖြန် လာ​ရောက်သူတိုင်း ​မေလအတွက် အထူး Promotion ခံစားခွင့် ရှိပါမယ်။ အ​သေ...
29/03/2026

လာ​ရောက်​လေ့လာ ချင်သူများအတွက် အခွင့်အ​ရေး 💥

မနက်ဖြန် လာ​ရောက်သူတိုင်း ​မေလအတွက် အထူး Promotion ခံစားခွင့် ရှိပါမယ်။

အ​သေးစိတ် သိချင်ပါက

ဖုန်း 👉 09 786 976 877 ကိုဆက်သွယ်ပါ။

ချစ်တဲ့

Admin Team

Yoga ပညာဆိုတာ ဘာသာ​ရေးမဟုတ်ဘူးဆိုတဲ့အချက်ကိုဟိန္ဒူဘာသာဝင်အသင်း ကိုယ်စားလှယ် ၂၀၀ ​ကျော်ကို မိန့်ခွန်း​ပြောခဲ့တယ်။ 🕉 ဥုံဆိ...
28/03/2026

Yoga ပညာဆိုတာ ဘာသာ​ရေးမဟုတ်ဘူးဆိုတဲ့အချက်ကို

ဟိန္ဒူဘာသာဝင်အသင်း ကိုယ်စားလှယ် ၂၀၀ ​ကျော်ကို မိန့်ခွန်း​ပြောခဲ့တယ်။

🕉 ဥုံဆိုတဲ့ အသံဟာ ဟိုက်ဒရိုဂျင် + ဟီလီယံ ​ပေါင်းစပ်ပြီး Big Bang ​of Universe ပေါက်ကွဲမှု​ကြောင့် ​နေအဖွဲ့အစည်း စတင်ခဲ့တဲ့ အသံနဲ့ Frequency တူညီကြောင်း ရှင်းပြခဲ့တယ်။

ဘဝမှာ ပထမဦးဆုံး Official Speech ဆို​ပေမယ့် အားရတယ်၊ ​ကျေနပ်တယ်။

ခန်းမတွင်းမှာ ဓါတ်ပုံရိုက်ခွင့်မရှိလို့ အပြင်မှာပဲ မှတ်တမ်းယူခဲ့တယ်။

လူသားအကျိုးပြု Yoga Center များစွာ ပေါ်ထွန်းလာပါ​စေ။

🙏🙏🙏

ချစ်တဲ့

စည်သူ (28-Mar-2026)

ကား​တွေ အခက်အခဲဖြစ်​နေတဲ့ကြားက ပဲခူးက​နေ တကူးတကလာ​ရောက် တက်​ရောက်ခဲ့သူများ၊ Zoom က​နေ ကြိုးစားတက်​ရောက်ခဲ့သူများ ... တစ်...
27/03/2026

ကား​တွေ အခက်အခဲဖြစ်​နေတဲ့ကြားက ပဲခူးက​နေ တကူးတကလာ​ရောက် တက်​ရောက်ခဲ့သူများ၊

Zoom က​နေ ကြိုးစားတက်​ရောက်ခဲ့သူများ ...

တစ်​ယောက်ချင်းစီကို ​ကျေးဇူးတင်ပါတယ် ခင်ဗျာ။ 🙏

April မှာ ခရီးထွက်​ပေးပါလို့ ​တောင်းဆို​သူ များ​နေလို့

သင်္ကြန်ပြီးရင် ခရီးအတူထွက်နိုင်ဖို့ ကြိုးစားပါမယ်။ 🙏

​ယောဂ​တွေကျင့်ကြမယ်၊ ဂိမ်း​တွေကစားကြမယ်၊

Mindfulness Meditation ​တွေလုပ်မယ်၊

Sound Healing က​တော့ မပါမဖြစ်​ပေါ့။

လိုက်ပါနိုင်သူ အနည်းဆုံး ၁၆ ​ယောက်ပြည့်မှ သွားပါမယ်။

​သေချာလို့လားဆိုတာ၊ သင့်ရဲ့ ဆုံးဖြတ်ချက်ပါ။ 💯

မိတ်​ဆွေ​ရော စိတ်ဝင်စားတယ် ဆိုရင် Messenger မှာ Trip လို့ စာပို့​ပေးပါ ခင်ဗျာ။

ချစ်တဲ့

Admin Team

နယ်​ဝေးမှတက်​ရောက်ချင်သူများအတွက် Zoom 👇Zoom ID - 2818844414 Passcode - Peace အချိန် - နံနက် ၁၀း၀၀ နာရီ မှ မွန်းလွဲ ၁း၀၀...
26/03/2026

နယ်​ဝေးမှတက်​ရောက်ချင်သူများအတွက် Zoom 👇

Zoom ID - 2818844414

Passcode - Peace

အချိန် - နံနက် ၁၀း၀၀ နာရီ မှ မွန်းလွဲ ၁း၀၀ နာရီထိ။ 💥

အ​သေးစိတ် ဒီမှာဖတ်ပါ။ 👇

https://www.facebook.com/share/p/1FYSxjZXap/

ချစ်တဲ့

Admin Team

👉 “self / ego” ဆိုတာအပြင်မှာ တကယ်ရှိတဲ့ အရာမဟုတ်ပေမယ့်၊ 👉 brain က survival အတွက် ဖန်တီးထားတဲ့ model တစ်ခု။ “ငါ” ဆိုတာရှိ...
25/03/2026

👉 “self / ego” ဆိုတာ
အပြင်မှာ တကယ်ရှိတဲ့ အရာမဟုတ်ပေမယ့်၊

👉 brain က survival အတွက် ဖန်တီးထားတဲ့ model တစ်ခု။

“ငါ” ဆိုတာရှိလို့ ...

✔ ကိုယ့်ကိုယ်ကို ကာကွယ်တယ်။
✔ ရည်ရွယ်ချက်ရှိတယ်။
✔ decision လုပ်နိုင်တယ်။

⚖️ ဒါဆို Problem က ဘယ်မှာလဲ ❓️

👉 ဒီ illusion ကို “real” လို့ ယူလိုက်တဲ့အချိန်မှာ
Ego ကြီးလာတယ်။

စိတ်ပူ၊ စိတ်ဖိစီးမှုများလာတယ်။

“ငါ့ဟာ” ဆိုတဲ့ attachment ကြီးလာတယ်။

ဒါ​ကြောင့်

👉 illusion ကို လုံးဝဖျက်လိုက်ရင်၊ မှားတယ် ❌
👉 illusion ကို သိပြီး သုံးနိုင်ရင်၊ မှန်တယ်။ ✔
ဒီ Process ကို
👉 “functional self” လို့ခေါ်တယ်။

ego = tool

ego ကို သုံးလိုက်တာ ဖြစ်ပြီး၊

ego ရဲ့ အသုံးချမှု မခံရ​တော့ဘူး။

👉 “Self က illusion ဖြစ်တယ်။

ဒါပေမယ့် အဲဒီ illusion ကို သိပြီး အသုံးချနိုင်ရင်
လူ့ဘဝမှာ အကျိုးအများဆုံး ဖြစ်လာတယ်”

👉 “ဘာကြောင့် brain က illusion တစ်ခုကို ဖန်တီးဖို့လိုတာလဲ?”
(evolutionary reason)

👉 အသက်ရှင်နိုင်တဲ့ system တွေပဲ ကျန်တယ်
ဥပမာ—
✔ “Self” ရှိတယ်လို့ ထင်တဲ့ organism ကပို survive လုပ်နိုင်တယ်။

ဘာကြောင့်လဲ ❓️

“ဒါ ငါ့ကို ထိခိုက်မယ်” ဆိုပြီး အန္တရာယ်ရှောင်တယ်။

“ငါ အစားအစာ ရှာရမယ်” ဆိုပြီး motivation ရှိတယ်။

“ငါ့အဖွဲ့” ဆိုပြီး cooperation လုပ်တယ်။

ဒါ​ကြောင့်

👉 Self illusion = survival advantage

Brain က
👉 body system ကြီးကို manage လုပ်ရတယ်။

♦️heart
♦️movement
♦️decision
♦️memory

👉 ဒီ complexity ကို handle ဖို့
“central controller (ငါ)” ဆိုတဲ့ model တစ်ခုကိုဖန်တီးထားတယ်။

📌 တကယ်မှာ
❌ controller တစ်ခုတည်းမရှိဘူး။
✔ processes အများကြီးပဲရှိတယ်။

ဒါပေမယ့် brain က simplify လုပ်လိုက်တာ။

Brain က
👉 “story” လုပ်တတ်တဲ့ machine
အတိတ် → “ငါ လုပ်ခဲ့တာ”
အနာဂတ် → “ငါ လုပ်မယ်”

👉 ဒီ narrative ကြောင့်
✔ identity ဖြစ်လာတယ်။
✔ continuity (ဆက်တိုးနေတဲ့ feeling) ရတယ်။

ဒီ illusion က strong ဖြစ်သွားရင်—

♦️Ego ကြီးလာတယ်။
♦️Fear / anxiety တက်လာတယ်။
♦️Attachment များလာတယ်။

👉 Survival tool က suffering source ဖြစ်သွားတတ်တယ်။

👉 illusion ကို သိလိုက်တဲ့အချိန်—
still use it ✔
but not trapped ❗
📌 ဒီအချက်ဟာက
Mindfulness ရဲ့ core ❤️

👉 Brain က self illusion ကို
❌ အမှန်လို့ မဖန်တီးတာ။
✔ အသက်ရှင်ဖို့ အဆင်ပြေအောင် ဖန်တီးတာ။

“Self ဆိုတာ မဟုတ်ဘူး…
ဒါပေမယ့် Self မရှိရင် လူမဖြစ်နိုင်ဘူး”

ဒါ​ကြောင့် True-self ကိုနားလည်ဖို့ လိုအပ်တယ်။

ချစ်တဲ့

စည်သူ (25-Mar-2026)

25/03/2026
နယ်​ဝေးက ​တောင်ဆိုသူ​များ အဆင်​ပြေ​စေဖို့ Weekly Yoga Club ကို Zoom နဲ့ Live Streaming စီစဥ်​ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ A...
24/03/2026

နယ်​ဝေးက ​တောင်ဆိုသူ​များ အဆင်​ပြေ​စေဖို့ Weekly Yoga Club ကို Zoom နဲ့ Live Streaming စီစဥ်​ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

April လအတွင်းမှာ Register လုပ်သူတိုင်းအတွက် အထူး Promotion ရှိပါတယ်။ ❤️

ချစ်တဲ့

Admin Team





အစ္စလာမ်ဘာသာဝင် မိတ်​ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း နှင့် ပြည့်စုံကြပါ​စေ။ 🙏ချစ်တဲ့ Admin Team
21/03/2026

အစ္စလာမ်ဘာသာဝင် မိတ်​ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း နှင့် ပြည့်စုံကြပါ​စေ။ 🙏

ချစ်တဲ့

Admin Team

Address

Pazundaung

Alerts

Be the first to know and let us send you an email when 𝑺𝑯𝑰𝑽𝑨 Physio - Yoga Club posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share