Stay Healthy at Pindaya

Stay Healthy at Pindaya သင့်မိသားစုကျန်းမာရေးက သင့်လက်ထဲမှာပါ

တရက်တာကို သုံးပိုင်းခွဲလိုက်ရင်အိပ်ချိန်က ၈ နာရီအလုပ်လုပ်ချိန်က ၈ နာရီကျန်တဲ့အပိုနာရီတွေက ၈ နာရီ သာကျန်ရှိတယ်။အိပ်ချိန်န...
29/01/2024

တရက်တာကို သုံးပိုင်းခွဲလိုက်ရင်

အိပ်ချိန်က ၈ နာရီ
အလုပ်လုပ်ချိန်က ၈ နာရီ
ကျန်တဲ့အပိုနာရီတွေက ၈ နာရီ သာကျန်ရှိတယ်။

အိပ်ချိန်နဲ့အလုပ်ချိန်ကို ဖယ်ရင် တရက်မှာ ၈ နာရီသာ
မိမိအတွက် စိတ်ကြိုက်စီမံလို့ရနိုင်ပါတယ်။ ဒါတောင် ချက်ပြုတ်စားသောက် ရေချိုး၊ ခရီးသွား စတဲ့ အရာတွေနဲ့ ထည့်လိုက်ရင် ထို ၈ နာရီထက်တောင်နည်းသွားနိုင်ပါတယ်။ မည်သို့ပဲဖြစ်စေ... ဒီနေ့မှာတော့ မိမိတို့ရဲ့ ၈ နာရီကို ဘယ်လိုစီမံကြမလဲ?

အရည်အသွေးပြည့်၀တဲ့ အချိန်ကုန်ဆုံးမှုတွေဖြစ်ဖို့ မိမိတို့အနေနဲ့ လိုက်ဖက်တဲ့ သက်၀င်လှုပ်ရှားမှုတွေနဲ့ ပြည့်နှက်နေရင် ပိုမကောင်းဘူးလား?

မိမိအနေနဲ့ မဖြစ်မနေလုပ်ရမယ်ဆိုရင် (အကြမ်းဖျင်း)

*အားကစားအတွက် ၁ နာရီ
*စာဖတ်ချိန် ၁ နာရီ
*သင်ယူချိန် ၁ နာရီ
*ဘာသာတရားလုပ်ချိန် ၁ နာရီ
*ချစ်ရသူတွေနဲ့ အချိန်ကုန်ဆုံးချိန် ၁ နာရီ
*ကျန်တဲ့ ၃ နာရီက ထမင်းစား နဲ့ ဟိုသွား ဒီသွားနဲ့ က ကုန်သွားနိုင်ပါတယ်။

ပြန်ကြည့်ရမယ်ဆိုရင်တော့ အချိန်တွေက အလိုလို ကုန်နေတာ တကယ်လုပ်ရင် မလောက်ဘူးလို့တောင်ခံစားရနိုင်ပါတယ်။

ဒီတော့ တနေ့တာကို မဖြုန်းတီးပဲ၊ ဖုန်းတွေမပွတ်မိစေပဲ၊ အကျိုးရှိစွာနဲ့ ဖြတ်သန်းကာ နှစ်ကုန်သွားတဲ့အခါ မိမိ ဖြစ်ချင်တဲ့လူအဖြစ်မြင်ခွင့်ရရှိမှာဖြစ်ပါတယ်ဗျာ။

Crd to original uploader

မနက်အိပ်ရာထထချင်း ဖုန်းကြည့်တဲ့အကျင့်ရှိရင် ဒီစာကို ဖတ်ပါ။IDC ရဲ့ စစ်တမ်းတွေအရ smart phone သုံးတဲ့ သူ ၁၀၀ မှာ ၈၀ က မနက်အ...
29/01/2024

မနက်အိပ်ရာထထချင်း ဖုန်းကြည့်တဲ့အကျင့်ရှိရင် ဒီစာကို ဖတ်ပါ။

IDC ရဲ့ စစ်တမ်းတွေအရ smart phone သုံးတဲ့ သူ ၁၀၀ မှာ ၈၀ က မနက်အိပ်ရာထထချင်း ၁၅ မိနစ်မှာ ဖုန်းသုံးလေ့ရှိကြတယ်။

University of Gothenburg ရဲ့ သုတေသနအရဆိုရင် ဖုန်းသုံးတဲ့အကြိမ်ရေပမာဏများတာက အိပ်စက်ကို အနှောင့်အယှက်ဖြစ်စေသလို လူငယ်တွေကို depression ဖြစ်နိုင်ချေကို ပိုပြီး မြင့်တက်စေတယ် လို့ဆိုတယ်။

ကျွန်တော်တို့ ဦးနှောက်က ပုံမှန်အားဖြင့် အိပ်ရာကထထချင်းမှာ alpha state ကနေ delta state ကို ကူးပြောင်းသွားတယ်။ နိုးနိုးချင်း ဖုန်းကိုင်လိုက်တဲ့အခါ delta state ကနေ နိုးနိုးကြားကြားဖြစ်သွားတဲ့ beta state ကို တိုက်ရိုက်ရောက်သွားတဲ့အတွက် ဦးနှောက်ရဲ့ function တွေကို ထိခိုက်စေတယ်။

ဒါ့အပြင် phone application တွေကနေ သိလိုက်ရတဲ့ negative message တွေ မပြီးသေးတဲ့အလုပ်တာဝန်တွေကလည်း တစ်နေ့တာstress ကိုပိုပြီးများစေတယ်။

ဖုန်းသုံးနေရင်း အချ််ိန်ကုန်မှန်းမသိတဲ့အခါမျိုးမှာလည်း အချိန်ကိုဖြုန်းမိစေသလို ပိုပြီး productivity ကို ကျစေတယ်။

သုတေသနတွေကို လေ့လာချက်အရ အဝလွန်တာ၊ neck syndromeဖြစ်တာ၊ အမြင်အာရုံဆိုင်ရာပြဿနာတွေဖြစ်တာတွေ ကြုံတွေ့လာနိုင်တယ်။

ဒါကြောင့်ဖြစ်နိုင်ရင် အိပ်ရာက ထထချင်း မိနစ်(၃၀) လောက်မှာ ဖုန်းမကြည့်မိအောင် ကြိုးစားသင့်တယ်။

ဥပမာ…
📌Phone ကို အိပ်ခါနီး airplane mood on ထားတာ၊
📌မနက်စောစော လေ့ကျင့်ခန်းလုပ်၊ စာဖတ်တာ၊
📌Alarm ကို phone နဲ့မပေးဘဲ ရိုးရိုးရှင်းရှင်းနာရီိနဲ့ပဲ alarm ပေးတာမျိုးက ဒီပြဿနာကိုဖြေရှင်းကို အထောက်အကူပြုနိုင်တယ်။

ကျွန်တော်ကတော့ အိပ်ခါနီးဆိုဖုန်းကို ကိုယ်နဲ့ဝေးတဲ့နေရာမှာထားတယ်။ အိပ်ရာနိုးနိုးချင်းမှာလည်း စာအုပ်ထဲလုပ်စရာချရေးတာမျိုး၊ ဝင်လေထွက်လေမှတ်တာမျ်ိုးလုပ်ပြီး ဖုန်းမကြည့်မိအောင် လေ့ကျင့်တယ်။

မိတ်ဆွေတို့ရော မနက်စောစော ဖုန်းကြည့်မိတဲ့အကျင့်ရှိရင် ဘယ်လိုနည်းလမ်းတွေနဲ့ ပြင်ကြမလဲဆိုတာ comment မှာရေးပေးပါဦး။

ကိုယ့်ရဲ့ Best Version ကို ဖန်တီးလိုက်ပါ။

Crd
Dr. Thuta

ရှေးမြန်မာ တိုင်းရင်းကျန်းမာ ကုထုံးတွေမှာအုန်းမှုတ်ခွက်နင်းတာကို သုံးတာမျိုး တွေ့ဖူးမယ်ထင်တယ်။ဆေး သိပ္ပံပညာ နဲ့ Biomecha...
27/01/2024

ရှေးမြန်မာ တိုင်းရင်းကျန်းမာ ကုထုံးတွေမှာ
အုန်းမှုတ်ခွက်နင်းတာကို သုံးတာမျိုး
တွေ့ဖူးမယ်ထင်တယ်။

ဆေး သိပ္ပံပညာ နဲ့ Biomechanic အရဆိုရင်လည်း
ခြေဖဝါးမှာ ခန္ဓာစက် အစုအစည်းရှိတယ်လို့
ပြောလို့ရတယ်။

Plantar Fascia ဆိုတာ
ခန္ဓာကိုယ်တစ်ခုလုံးကို ပုံဖော် ထိန်းပေးထားတဲ့
Package ကြီးဖြစ်တဲ့ Fascia အစုစည်း နဲ့ ချိတ်ဆက်နေရာ တွေလို့ပြောလို့ရတယ်။

ဒီကောင်တွေက ကြွက်သားထက်
အာရုံခံ Sensory, Mechanoreceptor တွေ အဆများစွာပါတဲ့အတွက် လူရဲ့ တွေမှာ
အခရာကျတယ်။

နောက်တစ်ခုက
ဒီ ခြေဖုဝါးကို
ဗလာကျင်း လမ်းလျှောက်ကြတာ တို့ ၊
အလေးတုံး တွေ ၊ သံအချွန်အတက်တွေ
ထိခိုက်စရာမရှိတဲ့ နေရာမှာ
ကိရိယာလွတ်လေ့ကျင့်ခန်းတွေကို
ခြေဗလာ နဲ့ ကစားတာ.. တို့
အရေးပါတဲ့အရာကို
သဘာဝအတိုင်း အသုံးပြုပြီး လုပ်တာ။

Crd🙏



Warning သတိပြုရန်....အစားအစာတစ်မျိုးတည်းကိုရက်ကာလ သတ်မှတ်ချက်ထားပြီးအဆီချတာ......လေ့ကျင့်ခန်း ၊ Activities တစ်မျိုးတည်းက...
25/01/2024

Warning သတိပြုရန်....

အစားအစာတစ်မျိုးတည်းကို
ရက်ကာလ သတ်မှတ်ချက်ထားပြီး
အဆီချတာ......

လေ့ကျင့်ခန်း ၊ Activities တစ်မျိုးတည်းကို
အသုံးပြုပြီး အဆီချတာ....

ဒါတွေအလုပ်မဖြစ်ဘူးလားဆိုတော့
သေချာပေါက်ဖြစ်တယ်။

ဒါပေမယ့် သတိထားပါ
ဒီအယူအဆကို...
Social Influencer တွေ ၊ Celebrity တွေက
အကြိမ်ကြိမ် ကြိုးစားပြီး ရိုက်သွင်းဖို့
လုပ်လာကြတာ အရင်ကတည်းကပါ။

အစားအသောက် တစ်မျိုးတည်းစားသုံးတာက
Deficiency ဖြစ်မယ် ၊
လေ့ကျင့်ခန်းတစ်မျိုးတည်း ၊ Activity တစ်မျိုးတည်းလုပ်ရင်
Deficiency ဖြစ်ပါမယ်။

Crd🙏



Stubborn fat breakdown?Fat burning လုပ်မယ်ဆို hormone တွေကလဲအရေးပါတဲ့ role မှာရှိပါတယ်။ တစ်ချို့hormone တွေက fat ကို up ...
24/01/2024

Stubborn fat breakdown?

Fat burning လုပ်မယ်ဆို hormone တွေကလဲအရေးပါတဲ့ role မှာရှိပါတယ်။ တစ်ချို့hormone တွေက fat ကို up take (storage) လုပ်သလို တစ်ချို့ တွေကတော့ break down လုပ်ပေးပါတယ်။ ဥပမာ insulin တို့ estrogen တို့က storage hormone တွေဖြစ်ပြီး catecholamine နဲ့ testosterone တွေက breakdown လုပ်ပေးတဲ့ကောင်တွေပါ။

Catecholamine ဘယ်ချိန်မှာ release လုပ်လဲဆို sympathetic action ဖြစ်ပြီး stress နဲ့ hypoglycemia (glucose level ကျခြင်း) အချိန်တွေမှာ ထွက်ပါတယ်။

အဲ့တော့ sympathetic action ဖြစ်ပြီး stress တွေဖြစ်လာတဲ့ အချိန်မှာ lipolysis(fat breakdown) ဖြစ်ပြီး blood stream ထဲကိုဝင်သွားပါတယ်။ ကိုယ်မှာ အဲ့ရဲ့ brake down လုပ်ထားတဲ့ fat ကို blood flowနဲ့ energy အဖြစ်သုံးမဲ့ cell ထဲမဝင်ရင် storage back ပြန်လုပ်ပါတယ်။(visceral fat အနေနဲ့) ။

LPL (lipoprotein lipase) enzyme က fat storage ကို ဖြစ်စေပြီး HSL( hormone synthesis lipase) က fat release ဖြစ်စေတယ်။

Fat cell မှာ ရှိတဲ့ alpha receptor နဲ့ beta receptor က fat release လုပ်ခြင်းကို impact ရှိပါတယ်။ alpha ဆိုရင် slow release of fat, restrict blood flow ဖြစ်စေပြီး၊ beta ဆိုရင်လဲ fast release of fat နဲ့ blood flow increase ဖြစ်စေပါတယ်။

Insulin နဲ့ HSL ကပြောင်းပြန် အချိုးကျပါတယ်။ ဥပမာ insulin level မြင့်နေတဲ့အချိန် မှာHSL inhibit လုပ်ထားခြင်းခံရပါတယ်။

ဒါတွေကတော့ background science တွေပေါ့။

အဲ့တော့ how to burn out stubborn fat?

ပထမနေနဲ့ FEA BTS မှာပါတဲ့ method ပေါ့။

Sub max effort နဲ့ sympathetic system ကိုဆွမယ်အဲ့တော့ sub max ဆိုတော့ glucose သုံးတာများပြီး insulin ကျမယ်။ အပေါ်မှာပြောထားသလို insulin နဲ့ HSL ကပြောင်းပြန်အချိုးဆိုတော့ HSL activation ဖြစ်။ sympathetic ကြောင့် catecholamine( epinephrine,nonepinephrine) hormone release ဖြစ်။
အဲ့တော့ max effort လုပ်ပြီးရင် hormone ကြောင့် fat ကို breakdown လုပ်ဖို့ အချိန်အတွက် 5 min rest.

အပေါ်မှာပြောထားသလို catecholamine က alpha နဲ့ကော beta နဲ့ကော ပေါင်းပင်မဲ့ alpha receptor က blood flow restrict လုပ်တာကြောင့် blow flow ကောင်းစေမဲ့ exercise(jogging တို့ cycling)တို့ကို steady stage အနေအထားနဲ့ 20 min လောက်လုပ်ပြီး blood flow ထဲbreakdown လုပ်ခံထားရတဲ့fat တွေကို energy အဖြစ် သုံးမဲ့ cell ထဲကိုပိုပြီး energy အဖြစ်သုံးစေနိုင်ပါတယ်။

Crd🙏

24/01/2024

အစားလည်းမလျှော့

လေ့ကျင့်ခန်းလည်း လုပ်စရာမလို

ကိုယ်ကြိုက်တာတွေပဲစားပြီး

ဝိတ်ချတဲ့ဖို့ လိုအပ်တဲ့အချက်တွေက.... See more

23/01/2024

Health , Fitness , Performance

ဒီသုံးခုက မတူဘူး...

Health
-----
ကျန်းမာရေး လိုက်စားပေမယ့်
ကျန်တာတွေကိုအသိမရှိသေးရင်....
Detox အသီးရွက်စိမ်ရည်တွေသောက်နေတဲ့သူတွေကို တွေ့ရတယ် ။

Antioxidant တွေ နဲ့ Vitamin တွေ ၊ Nootrophic တွေ ၊ Supplement တွေ ၊ Skin care ‌တွေချည်းပဲလုပ်ပြီး အားအင်မရှိ ၊ ပျော့ဖတ်ဖတ် အုပ်စုကို ခင်ဗျားတွေ့ရလိမ့်မယ်။

ဒီတစ်ခုတည်း ပြည့်ဝလုံလောက်ပြီထင်တဲ့သူတစ်ချို့မှာ
ဘယ်လောက်ထိ အသိပိတ် သလဲဆိုရင်
ငါတို့က မွေးကတည်းက ခန္ဓာကိုယ်လှတယ် ၊ gym ဆော့စရာမလိုဘူး ဆိုတဲ့ အပြောအဆို ရှိတဲ့သူတွေပဲ။

Fitness
------
သန်တယ် ၊ ကျစ်တယ် ၊ သွက်တယ် ၊မြန်တယ်
ကာယအလုပ်ကြမ်း လုပ်နိုင်တယ်၊
အဆီကင်းတဲ့ ကြွက်သားတွေရှိရင်ရှိမယ် ၊
သို့သော် ကင်ဆာ ရောဂါသည် ဖြစ်ကောင်း ဖြစ်မယ်၊
သို့သော် အူမကြီးနဲ့အစာချေစနစ် ပြဿနာရှိရင်ရှိမယ် ၊
နှလုံး အဆုတ် သက်လုံ ကောင်းသော်လည်း
မွေးရာပါ နှလုံးအဆုတ်ပြဿနာ ရှိတဲ့သူလည်း ဖြစ်ရင်ဖြစ်မယ်၊
Yoga ကစားသူဖြစ်ရင်ဖြစ်မယ် သို့သော်
Spicy နဲ့ junk food တွေစားတတ်သူ ဖြစ်ရင်ဖြစ်မယ်၊
ဒါမှမဟုတ်
92 နဲ့ ကွမ်းစားတဲ့ ဆိုက်ကားသမား ၊
ကုန်ထမ်းသမား ၊ တွန်းလှည်းသမား ဖြစ်ရင် ဖြစ်မယ်။
ဒါပေမယ့် Fit ဖြစ်တယ် သတ်မှတ်လို့ရသေးတယ်။

Performance
-------------
အဆီတွေ နဲ့ Power lifter ဖြစ်ရင်ဖြစ်မယ် ၊
ကျွမ်းဘား ၊လှေလှော် ၊ရေကူး ၊ ပြေးခုန်ပစ် စတဲ့
အားကစား သမားအမျိုးအစား ဖြစ်ရင်ဖြစ်မယ်၊
ဒါမှမဟုတ်ရင်
ခဏ ခဏ ပုခုံး အဆစ်လွဲ တတ်တဲ့
Badminton ကစားသမားဖြစ်ရင်ဖြစ်မယ်၊
ဒါမှမဟုတ်
92 နဲ့ ကွမ်းစားတဲ့ ဆိုက်ကားသမား ၊
ကုန်ထမ်းသမား ၊ တွန်းလှည်းသမား ဖြစ်ရင် ဖြစ်မယ်။
နေ့စဉ် ကာယ အလုပ် ကောင်းကောင်းစွမ်းဆောင်နိုင်တဲ့
အမေတို့ ၊ အဖေတို့ ၊အဖိုး ၊အဖွားတို့ ဖြစ်ရင်ဖြစ်မယ်။

ဒီသုံးခုက ဒီနေ့ခေတ်
လူနေမှုဘဝ ကို သက်ရှည်ကျန်းမာကြံ့ခိုင်တဲ့ဘက်ဆီ
ပြောင်းပေးဖို့ အရေးကြီးဆုံး ဟန်ချက်ညှိရမယ့်
"Three majors domains of preventive health care"
ဖြစ်တယ်လို့
ကျွန်တော် ခံယူတယ်။

ဒေါက်တိုင် ၃ ခုစလုံးကတော့
သေခြင်းတရားကို မရှောင်နိုင်ပါဘူး။

Crd 🙏

ကျွန်တော်နဲ့ ညီကိုဝမ်းကွဲ တော်တဲ့ဘုန်းကြီးကို မေးကြည့်ဖူးတယ်။"ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာ အသက် တည်ရှိတာလဲဆိုတာ ဗုဒ္ဓ  ဟောထာ...
22/01/2024

ကျွန်တော်နဲ့ ညီကိုဝမ်းကွဲ တော်တဲ့
ဘုန်းကြီးကို မေးကြည့်ဖူးတယ်။

"ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာ အသက် တည်ရှိတာလဲဆိုတာ ဗုဒ္ဓ ဟောထားတာရှိလား"

ဘုန်းကြီးက ပါဠိလိုကော ၊
အနက်ကော ပြောပြတယ်။

မြန်မာလို ...
လူ့ခန္ဓာကိုယ်မှာ အသက်ဓာတ် တည်ရှိတဲ့နေရာက , အစို ဓာတ်ရှိတဲ့နေရာတိုင်းပဲ။
တနည်းအားဖြင့် Blood circulation ရောက်တဲ့နေရာတိုင်းမှာ အသက်ရှိတယ်။
သွေးသည် အသက် ဆိုတာထက် ပိုပြီးလူနားလည် လွယ်စေတယ်။
(သွေးသည် Immature Stem cell တစ်မျိုးဆို လူနားမလည်တော့ဘူးလေ)

ဒါဆို..
သွေးတွင်း ကိုလက်စ်ထရော မြင့်တာ ၊
သွေးကြောအဆီပိတ်တာ ၊
နှလုံး အဆုတ် ကြံ့ခိုင်မှုမရှိတာ၊
လှုပ်ရှားမှုနည်းတာ တွေက အသက်ကို ထိခိုက်စေတာပေါ့။

တကယ်တော့
ဒါတွေက အဝမလွန်တဲ့သူမှာလည်း
ဖြစ်နိုင်တဲ့အရာတွေပဲ။

Training တွေနဲ့
ဟာ
ရဲ့ ဒေါက်တိုင်တွေဆိုတာကို
သိစေချင်လို့ မျှဝေခြင်းဖြစ်ပါတယ်။

Crd🙏 Sayar Wai Yan Phyo



21/01/2024

သန့်ရှင်းသပ်ရပ်သူနဲ့ ပိုထိတွေ့ဆက်ဆံပါ။
ဖြစ်ကတတ်ဆန်းနေဖို့ကို သင် ရှက်မိလိမ့်မယ်။

စိတ်အားထက်သန်သူနဲ့ ပိုထိတွေ့ဆက်ဆံပါ။
ပျင်းရိဖို့ကို သင်ရှက်မိလိမ့်မယ်။

အသိဉာဏ် ဗဟုသုတရှိသူနဲ့ ပိုထိတွေ့ဆက်ဆံပါ။
သင်ယူစရာတွေ အများကြီး ရှိသေးတာကို သင်တွေ့လိမ့်မယ်။
စာအုပ်တွေ ပိုဖတ်ချင်စိတ် ဖြစ်လာပါလိမ့်မယ်.. တဲ့။

Crd
#နိုင်းနိုင်းစနေ

ခန္ဓာကိုယ်ပြောင်းလဲဖို့ ကြိုးစားတဲ့နေရာမှာလူတွေမေ့နေတဲ့ အရေးအကြီးဆုံးအချက်ကကိုယ့်ရဲ့စိတ် လုံလောက်အောင် သန်မာဖို့၊strong ...
19/01/2024

ခန္ဓာကိုယ်ပြောင်းလဲဖို့ ကြိုးစားတဲ့နေရာမှာ
လူတွေမေ့နေတဲ့ အရေးအကြီးဆုံးအချက်က

ကိုယ့်ရဲ့စိတ် လုံလောက်အောင် သန်မာဖို့၊
strong ဖြစ်ဖို့ပါ..

ဒါပါပဲ.. တစ်ခြားဘာမှမလိုပါဘူး..

စိတ်ဓါတ်ခိုင်မာတယ် strong ဖြစ်တယ်ဆိုတာ တကယ်တော့ ကိုယ်မလုပ်ချင်တာကို လုပ်တာပါ

ထမင်းစားတယ်.. မ၀သေးဘူး.. ထပ်စားချင်တယ်.. အဲ့တာကို ထမင်းထပ်မထည့်ဘဲနေနိုင်တယ်ဆိုရင် strong ဖြစ်တာပဲ..

Fasting လုပ်နေတယ်.. ဗိုက်ကဆာလာပြီ.. မစားဘဲရအောင်နေမယ်.. strong ဖြစ်တာပဲ..

မိုးရွာနေတယ်.. Gym မသွားချင်ဘူး..
အိပ်ယာထဲနှပ်ပြီး ဖုန်းသုံးနေရင် ဇိမ်ပဲ.. ဒါပေမယ့် Gym ကို မဖြစ်ဖြစ်အောင်သွားမယ်..
ဒါလည်း strong ဖြစ်တာပဲ..

အဲ့တစ်ချက်လေးပဲပြင်ကြည့်..
ဘ၀မှာ မယုံနိုင်စရာကောင်းလောက်အောင်
အချိန်တိုအတွင်း result ကောင်းတွေရလာလိမ့်မယ်
👊👊👊


ကိုယ်လိုချင်တဲ့ body goal ရောက်ဖို့ဘာတွေက အဟန့်အတားဖြစ်နေတာလဲ.. နှစ်ရှည်လများ ပေးဆပ်မှbody transformation ဖြစ်မှာလား.. G...
18/01/2024

ကိုယ်လိုချင်တဲ့ body goal ရောက်ဖို့
ဘာတွေက အဟန့်အတားဖြစ်နေတာလဲ..

နှစ်ရှည်လများ ပေးဆပ်မှ
body transformation ဖြစ်မှာလား..

Gym သာလာနေတယ် ဘာမှမပြောင်းလဲလာဘူး
ဆိုတဲ့သူတွေ မြင်ဖူးလား..

✅အကုန်လုံးရဲ့အဖြေက Focus 🎯 မလုပ်လို့ပါ..

လုပ်နေတဲ့ workout တွေ၊ အစားအသောက်တွေ၊ lifestyle တွေမှာ အာရုံမထားမချင်း
ကိုယ်လိုချင်တဲ့ body goal ဆိုတာ
ရွှေပြည်တော် မျှော်တိုင်းဝေးနေမှာပဲ..

ကိုယ်လုပ်နေတဲ့အရာတွေကို
ခုထက်ပို အာရုံစိုက်ပြီး လုပ်ကြည့်ပါ..

သိသိသာသာပြောင်းလဲလာပါလိမ့်မယ်..

ကမ်းခြေတွေ၊ ရေကူးကန်တွေမှာ confident ရှိရှိ အင်္ကျီချွတ်ရဲပြီလား..အစားကို ကြောင်စာလောက်ပဲစားပြီး ဝိတ်ချထားတဲ့သူတွေ ဖြစ်န...
16/01/2024

ကမ်းခြေတွေ၊ ရေကူးကန်တွေမှာ confident ရှိရှိ အင်္ကျီချွတ်ရဲပြီလား..

အစားကို ကြောင်စာလောက်ပဲစားပြီး ဝိတ်ချထားတဲ့သူတွေ ဖြစ်နေတဲ့ပြဿနာက လေလျှော့ထားတဲ့ဘောလုံးလိုပဲ။

အသားအရေတွေက တင်းတင်းရင်းရင်းဖြစ်မနေဘူး။ အင်္ကျီချွတ်လိုက်ရင် ကျစ်လစ်တဲ့ခန္ဓာကိုယ်ကို confident ရှိရှိပြနိုင်ဖို့ ရိုးရှင်းတဲ့အချက်တွေပဲ လိုက်လုပ်ဖို့လိုတယ်။

✅တစ်နေ့တာလိုအပ်တဲ့ ကယ်လိုရီထက် အနည်းငယ်ပဲလျှော့စားပေး

✅အလေးမတဲ့လေ့ကျင့်ခန်းတွေ မဖြစ်မနေထည့်

✅အသား‌အရေတင်းရင်းဖို့ ရေဓါတ်ပြည့်အောင်နေ

✅Ready made တွေရှောင်ပြီး whole food တွေပဲ အဟာရပြည့်အောင်စား


Address

Pindaya

Website

Alerts

Be the first to know and let us send you an email when Stay Healthy at Pindaya posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram