Rhythm YOGA flow with NooN

Rhythm YOGA flow with NooN 🪪 Certificate of IYTTC 200 hrs/
RYS-200
🆔 YA REG ID: - 317485
Certificate No: - 230701

မဂ်လာပါရှင့်..ဒီတစ်လလုံး... ရာသီဥတုကြောင့်ရယ် နေရာအသစ်ကိုပြောင်းနေတာကြောင့်ရယ်အလုပ်တစ်ခုစ run နေတာကြောင့်ရယ် သင်တန်းတွေ ...
27/04/2024

မဂ်လာပါရှင့်..

ဒီတစ်လလုံး... ရာသီဥတုကြောင့်ရယ်
နေရာအသစ်ကိုပြောင်းနေတာကြောင့်ရယ်
အလုပ်တစ်ခုစ run နေတာကြောင့်ရယ်
သင်တန်းတွေ ခဏနားလိုက်ရပါတယ် 😢

🤗 လာမယ့် မေလမှာ သင်တန်းအားလုံး ပြန်ဖွင့်ပါမယ်ရှင့် 🥰
⌨️ စာတွေလည်းပြန်ရေးပါမယ် 🥰

🙏အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ...

🤍🕊️😌
27/04/2024

🤍🕊️😌

ဘော်ဒါတွေနဲ့ ပိုစ့်ပေးနည်း😝ယောဂလေးတော့ကျင့်ထားပေါ့ 😁
05/04/2024

ဘော်ဒါတွေနဲ့ ပိုစ့်ပေးနည်း😝
ယောဂလေးတော့ကျင့်ထားပေါ့ 😁



🧘🏽‍♂️ ယောဂကျင့်စဉ်ရဲ့ကျေးဇူးတွေက အများကြီးဆို       တာအားလုံးလည်း သိဖူး ကြားဖူး ဖတ်ဖူးကြပြီး        သားပါ.. 🧿 ကိုယ့်အတွက...
10/03/2024

🧘🏽‍♂️ ယောဂကျင့်စဉ်ရဲ့ကျေးဇူးတွေက အများကြီးဆို
တာအားလုံးလည်း သိဖူး ကြားဖူး ဖတ်ဖူးကြပြီး
သားပါ..

🧿 ကိုယ့်အတွက် ကောင်းတာလေးတစ်ခု မျှဝေ‌ပါရ
စေ....🧿

😔 စိတ်ထဲနေလို့မကောင်းနေဘူး စိတ်ညစ်နေတယ်
အိပ်မပျော်ဘူး အတွေးတွေများနေတယ် ...
ဆိုတာလူတိုင်းကြုံဖူးကြမှာပါ ..

🥺 အာ့လိုဖြစ်ရင်လည်း ဘာမှ ဆက်မတွေးနဲ့ ခွေမ
ပါနေနဲ့

⛔ တခြားသောစိတ်ထွက်ပေါက်တွေဆိုတာလည်း
သူတပါးကိုမထိခိုက်ဘူးဆိုရင်တောင် ကိုယ့်
ကိုယ်ထိခိုက်တတ်ပါတယ်

☺️ မစားနိုင် မသောက်နိုင် မှိုင်နေ တွေးနေရင်လည်း
မနောကံ အကုသိုလ်တွေပဲ ဆက်ဖြစ်နေတော့မှာ
မို့ ....

🧘🏻 ချက်ချင်းထ အသက်ရှု စိတ်လေးငြိမ်အောင်နေ
ပြီးယောဂကျင့်စဉ်သာ ကျင့်ကြည့်ပါ
Negative thought တွေအားလုံး လွှင့်ပျောက်
သွားပါမှာပါ ..

🙏 စိတ်လည်းကြည် ခန္ဓာလည်းလန်းဆန်းပြီး
အကောင်းမြင်တဲ့ဘက်ပြန်ရောက်လာပြီး
အတွေးတွေ ဆုံးဖြတ်ချက်တွေ မှန်ကန်သွားပါ
လိမ့်မယ် ....

မေတ္တာဖြင့် ~ NooN

29/02/2024

😶 အိမ်ထဲအိမ်ပြင်မထွက်ဘူးနော်
🤔 သင်တန်း‌ချိန်တော်တော်များတာလား ???

😁Me : 👇👇👇



27/02/2024

ဒီလို Home practices လေးတွေ ရှိတယ်ဟုတ် 😁😜




20/02/2024

What do you put it inside is what you're going to see outside later.🤩



အသဲလေးတို့ရေ...19 ရက်နေ့ တနလ်ာနေ့ ပြန်စကြမယ်နော် 🥰ပုံလေး ချစ်လို့
17/02/2024

အသဲလေးတို့ရေ...
19 ရက်နေ့ တနလ်ာနေ့ ပြန်စကြမယ်နော် 🥰

ပုံလေး ချစ်လို့


အရင်နှစ်ကထွက်ခဲ့တဲ့ The Glory မှာ Kyoက ဘဝဖျက်စီးခံလိုက်ရတဲ့ မိန်းကလေးတစ်ယောက်၊အနေနဲ့ကော ဒဏ်ရာတွေကိုအင်္ကျီချွတ်ပြရတဲ့အခန...
22/01/2024

အရင်နှစ်ကထွက်ခဲ့တဲ့ The Glory မှာ Kyo
က ဘဝဖျက်စီးခံလိုက်ရတဲ့ မိန်းကလေးတစ်ယောက်၊
အနေနဲ့ကော ဒဏ်ရာတွေကိုအင်္ကျီချွတ်ပြရတဲ့အခန်း
က မဖြစ်မနေ ပါရမှာမို့ စပြီးကမ်းလှမ်းတည်းက ဒီအခန်း
အတွက်ကော ဇာတ်ကောင်အတွက်ကော ပိန်ရမယ်
ဆိုပြီးဝဥ (Konjac)ကိုဘဲစားပြီးပိန်လှီနေအောင် ဝိတ်ချခဲ့တယ်တဲ့

တကယ်လည်းပိန်သွားတာနော်

အဲ့ဒါနဲ့ ကိုယ်လည်းအားကျပြီး ချမယ်ဟဲ့ ဆိုပြီး ဈေးကနေ ကဇွန်းဥ ဝယ်လာစားတာ

၂ရက်ထဲနဲ့ ၁ ပိဿ ကုန်ပြီ🥴🥴

Credit😛😝


🧿*** Niyamas *** 🧿🙏🏼 မဂ်လာပါ 🙏🏼 Namaste 🙏🏼🙋🏼‍♀️ အခုတစ်ပတ်မှာ limb number 2 ဖြစ်တဲ့ Niyamas အကြောင်းလေး မျှဝေသွားပါမယ်......
16/01/2024

🧿*** Niyamas *** 🧿

🙏🏼 မဂ်လာပါ 🙏🏼 Namaste 🙏🏼

🙋🏼‍♀️ အခုတစ်ပတ်မှာ limb number 2 ဖြစ်တဲ့ Niyamas အကြောင်းလေး မျှဝေသွားပါမယ်...

💫~~~Niyamas ~~~✨

🧘🏼 Niyamas ဆိုတာ Personal practices ဖြစ်ပြီးကိုယ်တိုင်ကျင့်ကြံ လုပ်ကိုင်ရမယ့်အရာကို ရည်ညွှန်းတာ ဖြစ်ပါတယ်..
လိုက်နာရမယ့်စည်းကမ်း၊ တကိုယ်ရည်နဲ့ ပတ်ဝန်းကျင်သန့်ရှင်းမှု စတာတွေ ပါဝင်ပါတယ်..

😊 တနည်းအားဖြင့် Niyamas က "What to do? (ဘာလုပ်ရမယ်) ဆိုတာကို ပြဌာန်းထားတာဖြစ်တယ်..

💠 သူ့ခေါင်းစဉ်အောက်မှာ personal practices လုပ်ရမယ့် အချက် (၅) ချက် ဖော်ပြထားပါတယ် ..
1. Saucha
2. Santosha
3. Tapas
4. Swadyaya
5. Iswara-pranidhana တို့ဖြစ်ပါတယ် ..

🔹1) Saucha
Purity or cleanliness သန့်ရှင်းစင်ကြည်ခြင်းကို ဆိုလိုပါတယ် ...
သန့်ရှင်းစင်ကြည်ခြင်းဆိုရာမှာ Physically (ရုပ်ပိုင်းဆိုင်ရာ) နဲ့ Mentally (စိတ်ပိုင်းဆိုင်ရာ) နှစ်ခုစလုံးကို ဆိုလိုတာပါ ..

🧘🏻‍♀️ ရုပ်ပိုင်းဆိုင်ရာမှာဆိုရင် ခန္ဓာကိုယ်တွင်းအတွက် အစားအစာကစလို့ ပြင်ပအတွက် တစ်ကိုယ်ရည်သန့်ရှင်းရေးအထိ အကုန်ပါပါတယ်...
* ဥပမာ ပြောရရင် Shatkarma (yogic detox) လိုဟာမျိုးဆိုရင် physically cleanliness လုပ်တာပဲဖြစ်တယ်..

🫧 စိတ်ပိုင်းဆိုင်ရာ သန့်ရှင်းရေးဆိုတာကတော့..
ကိုယ့်ရဲ့ အတွေး အကြံတွေ၊ ခံစားချက် (emotion level) တွေဟာတည်ငြိမ်ဖို့နဲ့ သန့်စင်နေဖို့လိုပါတယ် ..

🤔 ဘာကြောင့်လုပ်ရလဲ? ဆိုရင်..
ကိုယ်သွားနေတဲ့ Samadhi ဆိုတဲ့ပန်းတိုင်ကိုတည်ဆောက်ဖို့ဆိုရင် ဒီခန္ဓာကိုယ်ကိုလည်း အသုံးပြုနေရတာကြောင့် ရုပ်ပိုင်းဆိုင်ရာ သန့်ရှင်းစင်ကြည်ခြင်းဟာလည်း အရေးပါသလို စိတ်ကြည်ရုပ်ကြည်နေမှ ပန်းတိုင်ကို ရောက်ဖို့အထောက်အကူပြုတာကြောင့်ဖြစ်ပါတယ်..

🔹 2) Santosha
Santosha ကို Contentment, Peace, Tranquility ဆိုတဲ့စကားလုံး‌တွေနဲ့ ဖော်ပြကြပါတယ်...
ဒီနေရာမှာ Peace (ငြိမ်းချမ်းတာ) နဲ့ Tranquility (ငြိမ်သက်အေးချမ်းခြင်းမျိုးပေါ့) ဒါကရှင်းပါတယ် ..

🕊️ Contentment ဆိုတဲ့ ရောင့်ရဲကျေနပ်တယ် ဆိုတာက‌တော့ ..
ကိုယ့်ဘဝမှာ မဖြစ်လိုက်တဲ့အရာ၊ မ‌ဖြစ်သေးတဲ့အရာ စသည်တို့ကို အားလျော့ပြီး နှစ်သိမ့်စေလိုက်တာမျိုး မဟုတ်ပါဘူး..
လက်ရှိ ကိုယ့်မှာရှိနေတဲ့အရာကို လေးစားမြတ်နိုး တန်ဖိုးထားဖို့၊ လက်ခံဖို့ appreciate လုပ်ဖို့ကို ဆိုလိုပါတယ်..

🕊️ အချုပ်အားဖြင့် Santosha ဆိုတာ ကိုယ့်ဆီမှာရှိတဲ့၊ ကိုယ်ဆီကို ရောက်လာတဲ့ အကောင်းအဆိုး ဟူသမျှ အရာရာတိုင်းကို ကျေကျေနပ်နပ်နဲ့ လက်ခံလိုက်ခြင်း၊ ခွင့်လွှတ်လိုက်ခြင်းကနေ ဖြစ်ပေါ်လာတဲ့ "ကျေနပ်ငြိမ်းအေးတဲ့ စိတ်ခံစားမှု"လေးကို ဆိုလိုပါတယ်..

🧘🏽‍♂️တနည်းအားဖြင့် ကိုယ့်ဘဝတလျှောက်လုံးအတွက် ထားရမယ့် စိတ်ထားလေးကို ညွှန်ပြထားတာဖြစ်ပါတယ် ...

💫Niyamas ခေါင်းစဉ်အောက်က အချက် (၅) ချက်ထဲက ကျန်တဲ့ (၃) ချက်ကို ဆက်လက်ရေးသားသွားပါမယ်ရှင့် (စာအရမ်းရှည်သွားမှာစိုးလို့ပါ)

📖 ဖတ်ရှု့ကြတဲ့ တစ်ဦးချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ် 🙇🏻‍♂️
တစ်စုံတခုလေးသိသွားတယ်ဆိုရင်ပဲ ဝမ်းသာပီတိဖြစ်ပါတယ်.. 🥰

🙏🏼ဝေနေယျသတ္တဝါတွေအားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေ...🙏🏼🙏🏼🙏🏼

Ref; google

မေတ္တာဖြင့် ...NooN

** ရှေ့အပတ်က 8 limbs of Yoga ကို အကြမ်းဖျင်းလေး ရေးသားပြီး Limb number 1 ဖြစ်တဲ့ Yamas အကြောင်းကို အကျဉ်းလေး ရေးခဲ့ပါတယ် ..
ဒီ Link မှာ ဖတ်လို့ရပါတယ်
https://m.facebook.com/story.php?story_fbid=337977429107192&id=100086848113895&mibextid=9R9pXO

🧘🏻‍♀️~~~ "8 Limbs of YOGA" ~~~ 🧘🏻‍♀️🤸🏻‍♀️Yoga ကျင့်သူတော်တော်များများက Asana (yoga pose) တွေကျင့်တာ ကိုတော့ ရင်းနှီးကြပေ...
08/01/2024

🧘🏻‍♀️~~~ "8 Limbs of YOGA" ~~~ 🧘🏻‍♀️

🤸🏻‍♀️Yoga ကျင့်သူတော်တော်များများက Asana (yoga pose) တွေကျင့်တာ ကိုတော့ ရင်းနှီးကြပေမယ့် ...
YOGA ရဲ့ အစိတ်အပိုင်းအစုံအလင်ကို သိပ်သတိမထားမိတတ်ကြပါဘူး...

🍃 Yoga ခရီးစဉ်မှာ ပါဝင်တဲ့ အစိတ်အပိုင်း ၈ ခုအကြောင်းကို မှတ်သားမိသလောက် ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။

"8 Limbs of YOGA" တွေကတော့..
1. Yamas
2. Niyama
3. Asana
4. Pranayama
5. Pratyahara
6. Dharana
7. Dhyana
8. Samadhi တို့ဖြစ်ပါတယ်..

✨1. Yamas ✨

🚫 ပထမဆုံး limb ဖြစ်တဲ့ Yamas ရဲ့ ဖော်ပြချက်တွေကတော့ What not to do.မလုပ်ရမယ့်၊ ရှောင်ရမယ့်အရာတွေကိုဖော်ပြထားတာပါ။
တနည်းအားဖြင့် ရှောင်ကျဉ်ရမယ့် လူမှုကျင့်ဝတ်ကို သတ်မှတ်ထားတာပဲဖြစ်ပါတယ်..

💫 Yamas ခေါင်းစဉ်အောက်က ခေါင်းစဉ်ခွဲ
အချက် ၅ ချက်ရှိပါတယ် ...

(i) Ahimsa - Don't be violent. Don't harm any other living creatures.
🙅🏻‍♀️ သက်ရှိသတ္တဝါတွေအပေါ် ညှင်းပမ်းနှိပ်စက်၊ အကြမ်းဖက်တာတွေ မပြုလုပ်ဖို့ပါ။

(ii) Satya - Don't lie.
🙅‍♂️ ဒါကတော့ရှင်းပါတယ် မုသာဝါဒ မုသားစကားမပြောဖို့ပါ။

(iii) Asteya - Don't steal.
🙅🏻အဒိန္နာဒါနာ သူတပါးပစ္စည်းဥစ္စာ မခိုးမဝှက်ဖို့ပါ။

(iv) Brahmacharya - No philandering or unfaithfulness. Also interpreted to mean celibacy.
🙅🏿‍♀️ကာမဂုဏ် အပျော်အပါးလိုက်စားတာ၊ သစ္စာမဲ့တာမျိုးမလုပ်ဖို့ တနည်းအားဖြင့် ဗြဟ္မစရိယအကျင့်ဖြစ်ဖို့ပြောဆိုတာပါ..

(v) Aparigraha - Don't be greedy.
🙅🏾‍♂️အလိုလောဘ မကြီးဖို့ တနည်းအားဖြင့် စိတ် ခန္ဓာ စောင့်စည်းဖို့ ကို ပြောထားပါတယ်။

ဒါကတော့ first limb အကြောင်းကို နားလည်လွယ်တဲ့စကားလုံးနဲ့ အကျဉ်းချုပ်ထားတာကြောင့် လိုအပ်ချက်ရှိရင်လည်း နားလည်ပေးပါရှင့် 🙇🏻‍♀️

🙋🏻‍♀️နောက်ကျန်တဲ့ အစိတ်အပိုင်း အကြောင်းကိုလည်း အခါအားလျောရင် မျှဝေသွားပါမယ်ရှင့်..

🤸🏼3 limb ဖြစ်တဲ့ Asana အကြောင်းကိုတော့ ဒီ link မှာ ဖတ်ရှုနိုင်ပါတယ်

https://m.facebook.com/story.php?story_fbid=320518404186428&id=100086848113895&mibextid=9R9pXO

Ref; google

သတ္တဝါဝေနေယျအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ....🙏🏼🙏🏼🙏🏼

မေတ္တာဖြင့် ..... NooN

🎊🤗🎉 Happy New Year 🎊🤗🎉💗❤️🩵💛💙💜🧡🖤🧡🩷🩶💓🙏🙏🙏 May you be at peace 🙏🙏🙏🤍🤍 May your heart remain open.🤍🤍💫 May you awaken to the li...
01/01/2024

🎊🤗🎉 Happy New Year 🎊🤗🎉
💗❤️🩵💛💙💜🧡🖤🧡🩷🩶💓

🙏🙏🙏 May you be at peace 🙏🙏🙏

🤍🤍 May your heart remain open.🤍🤍

💫 May you awaken to the light of your own
true nature... ✨

Address

Main Street
Pinlaung

Telephone

+959428077455

Website

Alerts

Be the first to know and let us send you an email when Rhythm YOGA flow with NooN posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Rhythm YOGA flow with NooN:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category