ဒေါက်တာ online - အွန်လိုင်းဆေးခန်း

  • Home
  • Myanmar
  • Pyay
  • ဒေါက်တာ online - အွန်လိုင်းဆေးခန်း

ဒေါက်တာ online - အွန်လိုင်းဆေးခန်း သိလိုရာမေး ကျန်းမာရေး

ခပ်ချောချော ဆရာဝန်တဦး လူနာအမျိုးသမီး တယောက်ကို စမ်းသပ်ဖို့ လူနာအခန်းထဲ ဝင်ရောက်လာရာလူနာ အမျိုးသမီးမှ"ဆရာ့ကို မြင်တာနဲ့ က...
24/07/2025

ခပ်ချောချော ဆရာဝန်တဦး လူနာအမျိုးသမီး တယောက်ကို စမ်းသပ်ဖို့ လူနာအခန်းထဲ ဝင်ရောက်လာရာ

လူနာ အမျိုးသမီးမှ

"ဆရာ့ကို မြင်တာနဲ့ ကျွန်မရဲ့ တတိယမြောက်ခင်ပွန်းကိုတောင် မြင်ယောင်မိတယ်"

ဆရာဝန်မှ အံဩသွားဟန်ဖြင့်

"ဟုတ်လား...အစ်မမှာ ယောင်္ကျားဘယ်နှစ်ယောက်‌တောင်ရှိတာလဲ"

လူနာ။ ။၂ ယောက်

🥴🥴

ref ဘာသာပြန် jokes
#ဒေါက်တာonline

24/07/2025

FA လေးတို့လို မဟုတ်တဲ့...

FA breast (fibroadenoma breast)

ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်
(FA) လေးက ၁၅ နှစ်မှ ၃၅ နှစ်ကြား
အမျိုးသမီးတွေမှာ အဖြစ်များလေ့ရှိပါတယ်။

အကျိတ်တခုဖြစ်ပွားလာပါက ဒီအတိုင်း စမ်းသပ်ကြည့်ရုံနဲ့ (FA) လား
ကင်ဆာလားပြောရခက်ပါတယ်။

ခွဲစိပ် စမ်းသပ် အသားစ (biopsy)
စစ်ဆေးမှသာ ခွဲခြားနိုင်တာပါ။

ဆယ်ကျော်သက်အရွယ် အကျိတ်များထက် အသက် ၃၅ နောက်ပိုင်းမှပေါ်ပေါက်လာတဲ့ အကျိတ်များက ပိုသတိထားဖို့လိုအပ်ပါတယ်။

ခွဲစိတ်ဆရာဝန်တစ်ဦးနဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

#ဒေါက်တာonline

အဖျားကြီး၊ ကိုယ်ပူကြီးပြီး တက် နေတဲ့ ကလေးငယ်ကို ဘာလုပ်ပေးလေ့ရှိကြသလဲ...ဒေါက်တာ online ကနေ ဘယ်ဟာတွေက မှားသလဲ မှန်သလဲပြန်ဖ...
21/07/2025

အဖျားကြီး၊ ကိုယ်ပူကြီးပြီး တက် နေတဲ့ ကလေးငယ်ကို ဘာလုပ်ပေးလေ့ရှိကြသလဲ...

ဒေါက်တာ online ကနေ ဘယ်ဟာတွေက မှားသလဲ မှန်သလဲ
ပြန်ဖြေပေးပါမယ်...

#ဒေါက်တာonline

21/07/2025

လူတွေကို ရှင်းပြရင်းနဲ့
အချိန်ကုန် မခံပါနဲ့...

လူတချို့က သူတို့
ကြားချင်တာပဲ ကြားတာ...

20/07/2025

🥵ရေနွေးပူ၊ မီးပူ လောင်ရင် အိမ်မှာ အရင်ဆုံးလုပ်သင့်တာက...

၁) သွားတိုက်ဆေး လိမ်းတာ
၂) ငပိ လိမ်းတာ
၃) ရေနွေးနဲ့ ဆေးတာ
၄) ရေအေး (သို့) ရေခဲရေနဲ့ ကြာကြာဆေးတာ
၅) အရေကြည်ဖုတွေကို ဖောက်ပစ်တာ

အဖြေမှန်လေးကို ရွေးပေးပါ။

ကျန်းမာရေးနဲ့ဆိုင်တဲ့ အ‌‌‌ခြေခံ ဗဟုသုတ လေးပေါ့။

#ဒေါက်တာonline

20/07/2025

ဝမ်းလျှောနေတဲ့လူနာကို ဥုံ ငုသွားဟလို့ ခုနှစ်ခါရွတ်ပြီး ရေကိုမန်းပြီး​တိုက်ရင်/သောက်ရင် ဝမ်းလျှောတာ ပျောက်ကင်းသက်သာတယ်ဆိုတာ မဟုတ်ပါဘူးနော်။
ဝမ်းလျှောရင် ဓာတ်ဆားရည်သာ များများသောက်ပါ။
ဝမ်းလျှောတာများရင် အသက်အန္တရာယ်ရှိတဲ့အတွက် ဆေးရုံဆေးခန်းသာ သွားကြရမှာပါ။
တကယ်ကို အဲဒီဂါထာ ရွတ်နေကြတာတွေ တွေ့ရလို့ပါ။

ဆေးအိုးပုတ်ရွက်တို့၊
ဘာရွက်ညာရွက်တို့ သောက်ရင် ဘီပိုး စီပိုး HIV ပိုးနဲ့ ကင်ဆာပျောက်တယ်ဆိုတာလည်း မဟုတ်ပါဘူးနော်။
အခန်​မသင့်ရင် ကျောက်ကပ်ပျက်ပြီး ရောဂါတွေပိုဆိုးသွားတတ်လို့ပါ။

အဲဒီအရွက်ကိုသောက်ရင် တကယ်ကင်ဆာပျောက်တာ၊
တကယ် B ပိုး C ပိုးပျောက်တာ၊
တကယ် HIV ပျောက်တာ ဆိုတဲ့ False Hope ပေးတဲ့သူတွေရဲ့ အကုသိုလ်တရားက ကြီးမားတတ်ပါတယ်။
ကိုယ်သေချာလည်းမသိ၊
ရေရေရာရာလည်း လက်တွေ့ကျတာမရှိ၊
ပါးစပ်ထဲကထင်ရာမြင်ရာစကားတွေကြောင့် လူတစ်ယောက်ကျန်းမာရေးပိုထိခိုက်သွားစေတာလောက် အကုသိုလ်ကြီးမားတာ မရှိပါဘူး။

အနာကို ဖုတ်သိပ်တာလည်း မလုပ်သင့်ပါဘူးနော်။
မေးခိုင်ရောဂါပိုး ဝင်တတ်လို့ပါ။

ထိခိုက်ရှနာကို နနွင်းသိပ်တာ အချိုမုန့်သိပ်တာတွေလည်း မလုပ်ကြပါနဲ့ခင်ဗျာ။
နနွင်းတို့ အချိုမုန့်တို့က ဟင်းချက်စားတဲ့နေရာမှာသာ သုံးကြရမှာပါ။

ခွေးကိုက်ဒဏ်ရာကို မီးသွေးကျိတ်ပြီး သိပ်တာလည်း မလုပ်သင့်ပါဘူး။
အနာပိုးဝင်လွယ်တတ်လို့ပါ။

အပူလောင်၊ မီးပူလောင်သွားတဲ့ အရေပြားပေါ်ကို သွားတိုက်ဆေးလိမ်းတာတွေလည်း မလုပ်ရပါဘူးခင်ဗျာ။
အပူလောင်တာ ပိုဆိုးသွားတတ်လို့ပါ။

တိုနာကို မိန်းမအောက်ကအမွှေး မီးရှို့ပြီး ရှူရတယ်ဆိုတာလည်း မဟုတ်ပါဘူး။
တစ်ချို့ဆို ခရီးသွားတာတောင် အမွှေးလေးတွေကို စက္ကူလေးနဲ့ထုတ်ပြီး ဆောင်သွားတတ်လို့ပါ။
တိုနာဆိုတာလည်း တကယ်က မရှိပါဘူး။
အားနည်းတဲ့သဘောဖြစ်တဲ့အတွက် အားဆေးသာသောက်ပါ။အမွှေးရှူတာကို ရပ်ပါ။

အခု Online ပေါ်မှာ ပြောနေပြနေကြတဲ့ ဆေးမြှီးတိုနည်းလမ်းတွေကို ချင့်ချိန်ပြီးမှ ယုံကြပါဗျာ။

ကျနော့်အကောင့်ထဲက သူငယ်ချင်းမိတ်ဆွေတွေရယ်၊ Follower တွေရယ်ကတော့ ဒီလိုကျန်းမာရေးအသိတွေ ရှိနှင့်နေပြီးသား၊ သိနှင့်နေပြီးသား ဖြစ်ကြမယ်ဆိုတာ ကျနော်ယုံကြည်ပေမယ့်၊
တစ်ချို့တွေအတွက်အဖို့ကတော့ ကျန်းမာရေးအသိမှန်တွေ ပြောပြရေးပြနေရဦးမှာပါ။

အားလုံးအဆင်ပြေ ကျန်းမာ ချမ်းသာ လန်းဖြာကြပါ​စေ။

Dr A
#ဒေါက်တာonline

19/07/2025

💊💊💊
မေး။ Dexa (ဒက်ဆာ) ကို စားဝင်အိပ်ပျော်ဖို့ ခဏခဏ သောက်ဖြစ်နေတယ်။ အကိုက်အခဲတွေကိုလည်း သက်သာဖို့‌ သောက်တယ်။ ဈေးလည်းသက်သာ၊ ဝယ်ရလည်းလွယ်တာမို့ အမြဲလိုသောက်ဖို့ သင့်တော်ပါသလား။

ဖြေ။ Dexamethasone (ဒက်ဆာမီသာဇုမ်း) ဟာ Steroid (စတီးရွိုက်) အုပ်စုဝင် ဆေးဝါးဖြစ်ပါတယ်။

ဒီအုပ်စုထဲမှာ အခြားအသုံးများတဲ့ ဆေးတစ်မျိုးကတော့ Prednisolone (ပရက်ဒ်နီဆိုလုမ်း) လို့လည်း ခေါ်ပါတယ်။ ဒီအုပ်စုဝင်ဆေးဝါးတွေကို လိမ်းဆေး၊ သောက်ဆေး၊ ထိုးဆေး ပုံစံအမျိုးမျိုးနဲ့ ရရှိနိုင်ပါတယ်။

ဒီဆေးတွေမှာပါဝင်တဲ့ ဓာတုဗေဒဒြပ်ပေါင်းတွေကို လူ့ခန္ဓာကိုယ်မှာလည်း ပုံမှန်အားဖြင့်ထုတ်လုပ်နေပြီး လူတွေရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ဆောင်ရွက်ရာမှာ အရေးပါပါတယ်။

အဓိကအားဖြင့် ခန္ဓာကိုယ်တွင်းရှိ သွေးပေါင်ထိန်းညှိခြင်း၊ အချိုဓာတ်ထိန်းညှိခြင်း၊ သွေးတွင်းဆိုဒီယမ်နှင့် ပိုတက်ဆီယမ်ဓာတ်များ ပုံမှန်ဖြစ်အောင်ထိန်းညှိခြင်းနဲ့ ခုခံအားစနစ် အလုပ်လုပ်တာတွေမှာ ကူညီပေးပါတယ်။

ဒီလိုမျိုး ခန္ဓာကိုယ်ရဲ့ အရေးကြီးဒြပ်ပေါင်းတွေနဲ့ အလားတူအာနိသင်ရှိတဲ့ (ဒြပ်ပေါင်းပါဝင်တဲ့) ဆေးတွေကို သက်ဆိုင်ရာပညာရှင်ရဲ့ ညွှန်ကြားချက်မပါဝင်ဘဲ ရေရှည်သောက်သုံးမိရင် . . .

မိမိရဲ့ပုံမှန်ဇီဝဖြစ်စဉ် ပျက်စီးပြီး

🔸• သွေးတိုးခြင်း
🔸• ဆီးချိုတက်ခြင်း
🔸• အရိုးပွခြင်း
🔸• အဝလွန်ခြင်း
🔸• ကူးစက်ရောဂါအလွယ်ဖြစ်ခြင်းနဲ့
🔸• အနာကျက်နှေးခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။

(ဒါတွေဟာ အဖြစ်များတဲ့ ပြဿနာတွေသာဖြစ်ပြီး အဖြစ်နည်းတဲ့ အခြားပြဿနာများစွာလည်း ရှိနေပါသေးတယ်)

ဒါ​ကြောင့် dexamethasone (ဒက်ဇာမီသာဇုမ်း) ၊ prednisolone (ပရက်ဒ်နီဆိုလုံး) အစရှိတဲ့ ဆေးဝါးတွေကို နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တွေရဲ့ ညွှန်ကြားချက်နဲ့သာ လိုအပ်တဲ့အခြေအနေမှာ သုံးစွဲရမှာဖြစ်ပါတဟ်။

တရားဥပဒေစိုးမိုးတဲ့နိုင်ငံတွေမှာ ဆရာဝန်ညွှန်ကြားချက်မပါရင် ဝယ်ယူလို့တောင် မရနိုင်ပါဘူး...။

c r d

👉🍻 အရက်သောက်ခြင်းကြောင့် အသည်းရောဂါ ဖြစ်နေပြီလား....အရက်ကို မကြာခဏသုံးစွဲခြင်းသည် ကိုယ်တွင်းအင်္ဂါအများကြီးအပေါ် ဆိုးကျိ...
19/07/2025

👉🍻 အရက်သောက်ခြင်းကြောင့် အသည်းရောဂါ ဖြစ်နေပြီလား....

အရက်ကို မကြာခဏသုံးစွဲခြင်းသည် ကိုယ်တွင်းအင်္ဂါအများကြီးအပေါ် ဆိုးကျိုးသက်ရောက်စေနိုင်ပါတယ်။ အထူးသဖြင့် အသည်း (Liver) သည် အရက်အား ချက်ချင်းဖယ်ရှားရန် တာဝန်ယူနေသည့်အင်္ဂါဖြစ်သဖြင့် အရက်အလွန်အကျွံသောက်သူများတွင် အသည်းပျက်ဆီးမှု မျိုးစုံ ဖြစ်ပေါ်လာနိုင်ပါသည်။

👉 အရက်သောက်ခြင်းကြောင့် ဖြစ်လာနိုင်သော အသည်းရောဂါများမှာ –
✅ Fatty Liver – အသည်းတွင် အဆီများစုနေခြင်း၊
✅ Alcoholic Hepatitis – အသည်းပင်ပန်း၍ ရောင်ရမ်းခြင်း၊
✅ Cirrhosis – အသည်းခြောက်ခြင်း ၊ ပြန်မ‌ကောင်းနိုင်အောင် ပျက်စီးသွားခြင်း၊

ဒီအခြေအနေများသည် တဖြည်းဖြည်းနဲ့ ဖြစ်ပေါ်လာပြီး အရက်သောက်ခြင်းရပ်တန့်ခြင်း မရှိလျှင် အသက်အန္တရာယ် ရှိတဲ့အခြေအနေများကို ရောက်လာနိုင်ပါတယ်။

👉 သတိထားဖို့များ –
🔹 အရက်သုံးစွဲမှုကို လျှော့ချခြင်း သို့မဟုတ် ရပ်တန့်ခြင်း
🔹 အသည်းစစ်ဆေးမှုများ ပြုလုပ်ခြင်း
🔹 ကျန်းမာရေးအကြံဥာဏ်များခံယူခြင်း

👉 အဆုံးသတ်မှာ...
အရက်သည် ခဏတာပျော်စရာပေးနိုင်ပေမယ့် ကိုယ်ခန္ဓာအတွက် သက်တမ်းတိုစေနိုင်တဲ့အရာ ဖြစ်ပါတယ်။ ကျန်းမာတဲ့ဘဝအတွက် ဒီနေ့ကစပြီး အရက်ကို saying "no" လုပ်ကြရအောင်။

#ဒေါက်တာonline
#အသည်းရောဂါ

💕 နှလုံးရောဂါ ဆိုသည်မှာ....နှလုံးရောဂါ ဆိုတာက အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်စစ်တမ်းတွေအရဆိုရင် ...
19/07/2025

💕 နှလုံးရောဂါ ဆိုသည်မှာ....

နှလုံးရောဂါ ဆိုတာက အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်စစ်တမ်းတွေအရဆိုရင် လူ ၁ သိန်းမှာ ၂၁၉.၄ ဦးနှုန်းအသက်ဆုံးပါးစေတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး လူသေနှုန်းမြင့်မားတဲ့ ရောဂါတွေထဲမှာ နံပါတ် ၁ ဖြစ်ပါတယ်။

နှလုံးရောဂါဆိုတာက နှလုံးနဲ့သက်ဆိုင်တဲ့ရောဂါအမြောက်အများကို စုဝေးခေါ်ဆိုတာဖြစ်ပါတယ်။ နှလုံးရောဂါဟာ အမျိုးအစားအမျိုးမျိုးရှိသလို ကျား/မ မရွေး၊ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ခြေ မြင့်မားလှတဲ့ရောဂါအုပ်စု တစ်ခုပါ။

များသောအားဖြင့် နှလုံးရောဂါရဲ့ လက္ခဏာတွေက အချိန်အတန်ကြာမှ သိသိသာသာပြသလာတတ်တာပြီး ကနဦးအခြေအနေတွေမှာ တိတ်တိတ်ကလေး တွယ်ငြိနေတတ်ပါတယ်။ ဒါကြောင့်လည်း ပိုပြီးသတိထားဖို့လိုအပ်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးကြတာဖြစ်ပါတယ်။

💞 နှလုံးရောဂါ အမျိုးအစားများ

နှလုံးရောဂါလို့ ခြုံပြီးပြောဆိုကြပေမယ့် တကယ်တမ်းမှာတော့ နှလုံးနဲ့သက်ဆိုင်တဲ့ ရောဂါတွေက အမျိုးအစား အမျိုးမျိုးရှိပါတယ်။ ဒါတွေကို စုစည်းပြီး နှလုံးဆိုင်ရာ ပြဿနာများ (Cardiovascular Problems) လို့ ခေါ်ဆိုကြပါတယ်။

နှလုံးရောဂါဆိုတဲ့ ခေါင်းစဉ်အောက်မှာ အောက်ပါ အဓိက ရောဂါအမျိုးအစားတွေ အသီးသီးရှိနေကြပါတယ်။

🔸 နှလုံးစည်းချက် မမှန်ရောဂါ (Arrhythmia)
🔸 နှလုံးသွေးကြောကျဉ်းရောဂါ (Atherosclerosis)
🔸 နှလုံးကြွက်သားဆိုင်ရာရောဂါ (Cardiomyopathy)
🔸 မွေးရာပါ နှလုံးရောဂါ (Congenital heart defects)
🔸 နှလုံးသွေးကြောဆိုင်ရာရောဂါ (Coronary artery disease)
🔸 နှလုံးအဆို့ရှင်ဆိုင်ရာရောဂါ (Heart valves disease)
🔸 နှလုံး မခုန်တော့တဲ့ ရောဂါ (Heart failure)
🔸 နှလုံးပိုးဝင်ခြင်း (Heart infections)
🔸 လေသင်တုန်းဖြတ်ခြင်း (Stoke) တို့ပါပဲ။

ဒီထဲမှာမှ အောက်ပါ အမျိုးအစားတွေမှာ နောက်ထပ် မျိုးကွဲရောဂါတွေ ဆက်ပြီးရှိနေပါသေးတယ်။

💜 မွေးရာပါ နှလုံးရောဂါ (Congenital heart defects)
Septal defects – နှလုံးသွေးခန်းတွေ ဆက်တဲ့ကြားက ကြွက်သားလေးက ပိတ်မနေဘဲ အပေါက်ဖြစ်နေခြင်း
Obstruction defects – နှလုံးထံ သွေးစီးဝင်တဲ့ အပေါက်တွေ ပိတ်နေခြင်း
Cyanotic heart disease – နှလုံးသွေးညှစ်အားမကောင်းလို့ တစ်ကိုယ်လုံးကို အောက်ဆီဂျင်တွေ အပြည့်အဝ မရောက်တော့ဘဲ တစ်ကိုယ်လုံးပြာလာတဲ့ ရောဂါတွေဟာ မွေးရာပါနှလုံးရောဂါအမျိုးအစားတွေပါ။

💛 နှလုံးကြွက်သားဆိုင်ရာရောဂါ (Cardiomyopathy)
Hypertrophic cardiomyopathy – နှလုံးကြွက်သား တောင့်ခြင်း
Dilated cardiomyopathy – နှလုံးကြွက်သား ထူခြင်း/ကြီးခြင်း
Restrictive cardiomyopathy – နှလုံးကြွက်သား ရှုံ့သွားခြင်း တို့ဟာ အများဆုံးဖြစ်တတ်တဲ့ နှလုံးကြွက်သားဆိုင်ရာပြဿနာတွေပါ။

💜 နှလုံးသွေးကြောဆိုင်ရာရောဂါ (Coronary artery disease)
Ischemic heart disease – နှလုံးကြွက်သားပုတ်ခြင်း
Angina – ရုတ်တရက် ရင်ဘတ်အောင့်ခြင်း
Myocardial infarction/Heart Attack – နှလုံးသွေးကြောပိတ်ခြင်း/နှလုံးကြွက်သား သွေးမလျှောက်ခြင်း

💚 နှလုံးစည်းချက် မမှန်ရောဂါ (Arrhythmia)
Tachycardia/Arrythemia – နှလုံးခုန်မြန်ခြင်း
Bradycardia – နှလုံးခုန်နှေးခြင်း

💛 နှလုံးပိုးဝင်ခြင်း (Heart infections)
Pericarditis – နှလုံးအပြင်ဘက်က Pericardium အလွှာပါး ရောင်ရမ်းခြင်း
Pericardial effusion – နှလုံးနဲ့ Pericardium အကြား အရည်စုခြင်း

အထက်မှာဖော်ပြခဲ့တဲ့ရောဂါတွေအကုန်လုံးဟာ နှလုံးနဲ့ဆက်နွယ်နေတဲ့ ရောဂါအမျိုးအစားတွေဖြစ်ကြပါတယ်။

💗 ရောဂါလက္ခဏာများ

နှလုံးရောဂါရဲ့ ထူးခြားချက်က ရောဂါအမျိုးအစား စုံလင်သလို ရောဂါလက္ခဏာတွေလည်း ကွဲကြတာပါပဲ။ နှလုံးရောဂါရဲ့ ရောဂါလက္ခဏာတွေဟာ တစ်ခုနဲ့တစ်ခု နီးစပ်ပေမယ့် သိသိသာသာကွဲထွက်နေတာတွေကများပါတယ်။ ဒါကြောင့် ရောဂါအလိုက် လက္ခဏာတွေကို ခွဲခြားဖော်ပြပေးပါမယ်။

💙 နှလုံးစည်းချက်မမှန်ရောဂါ လက္ခဏာများ
Arrhythmias ဟာ နှလုံးစည်းချက် ပုံမှန်မဖြစ်တော့တဲ့ ရောဂါဖြစ်ပါတယ်။ စည်းချက် မြန်တာ၊ နှေးတာ အပေါ် မူတည်ပြီး အတန်ငယ်ကွဲပြားနိုင်ပေမယ့် အဓိက လက္ခဏာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

အားအင်ချိနဲ့ပြီး ပျော့ခွေလာတာ၊
နှလုံးခုန် နှေးလာတာ ဒါမှမဟုတ် မြန်လွန်းလာတာ၊
သွေးခုန်နှုန်း နှေးလာတာ၊
မကြခဏ မူးဝေနေတတ်တာ၊
ခေါင်းမူးတာ၊
ရင်ဘတ်အောင့်တာစတာတွေပါပဲ။

💛 နှလုံးသွေးကြောကျဉ်းရောဂါ လက္ခဏာများ
Atherosclerosis ဖြစ်တဲ့အခါ ခြေဖျားလက်ဖျားတွေဆီ သွေးလျှောက်တာနည်းသွားတတ်ပါတယ်။ ဒီအချက်တင်မကပါဘူး။ အောက်ပါအချက်တွေကလည်း နှလုံးသွေးကြောကျဉ်းလက္ခဏတွေဖြစ်ပါတယ်။

အသက်ရှူရခက်တာ၊
ရင်ဘတ်အောင့်တာ၊
ခြေတွေလက်တွေ အေးလာတာ၊
ခြေတွေလက်တွေ ထုံကျဉ်လာတာ၊
အကြောင်းအရာ မယ်မယ်ရရမရှိပဲ နာကျင်ကိုက်ခဲလာတာ၊
ခြေထောက်နဲ့ လက်တွေ အားယုတ်လျော့လာတာ စတာတွေပါပဲ။

💜 မွေးရာပါ နှလုံးရောဂါ လက္ခဏာများ

Congenital heart defects လို့ ခေါ်တဲ့ မွေးရာပါနှလုံးရောဂါရဲ့ လက္ခဏာတွေကတော့ မွေးကင်စအချိန်မှာရော အရွယ်ရောက်လာချိန်မှာပါ ပြသတတ်ပါတယ်။ တစ်ချို့သော အခြေအနေတွေမှာ ရောဂါကို ရှာဖွေဖော်ထုတ်ဖို့ ခက်ခဲတတ်ပါတယ်။ ရောဂါလက္ခဏာတွေကတော့

အရေပြား ပြာနှမ်းတာ၊
ခြေဖျားလက်ဖျားတွေ ရောင်ရမ်းတတ်တာ၊
အသက်ရှုရခက်တာ၊ အသက်ရှှုကြပ်တာ၊
မောပန်းနွမ်းနယ်တာ၊ အားအင်ကုန်ခမ်းနေတတ်တာ၊
နှလုံးခုန်နှုန်းပုံမှန်မဟုတ်တာ စတာတွေဖြစ်ပါတယ်။

💚 နှလုံးသွေးကြောဆိုင်ရာရောဂါ (CAD)

CAD ဖြစ်ရတဲ့အကြောင်းအရင်းက နှလုံးနဲ့ အဆုတ်ထဲကို အောက်ဆီဂျင်ပြည့်ဝတဲ့ သွေးစီးဝင်မှုအားနည်းတာကြောင့်ဖြစ်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ အောက်ပါအတိုင်းပါပဲ။

ရင်ဘတ်အောင့်တာ၊
ရင်ဘတ် သက်သောင့်သက်သာမရှိတာ၊
ရင်ဘတ်မှာ ဖိအားများနေသလို/ အညှစ်ခံထားရသလို ခံစားရတာ၊
အသက်ရှူရခက်ခဲတာ၊
မအီမသာဖြစ်ပြီး ပျို့အန်ချင်နေတာ၊
အစာမကြေဘူးလို့ ခံစားရတာ စတာတွေပါပဲ။

🖤 နှလုံးကြွက်သားဆိုင်ရာရောဂါ လက္ခဏာ များ
Cardiomyopathy က နှလုံးကြွက်သားတွေ တောင့်တင်းတာ (သို့) လိုအပ်တာထက်ပိုပြီး ကြီးထွားလာတာ (သို့) အားနည်းတာတွေကြောင့်ဖြစ်ရတာပါ။ အဓိက ရောဂါလက္ခဏာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

မောပန်းနွမ်းနယ်နေတာ၊
ခန္ဓာကိုယ်ဖောနေတတ်တာ၊
ခြေဖဝါး၊ ဒူးနဲ့ ခြေထောက်တွေ ဖောရောင်နေတတ်တာ၊
အသက်ရှူရခက်တာ၊
သွေးခုန်နှုန်း အလွန်လျှင်မြန်နေတာ စတာတွေပါပဲ။

💜 နှလုံးပိုးဝင်ခြင်း လက္ခဏာများ

နှလုံးပိုးဝင်တာကို Endocarditis ဒါမှမဟုတ် Myocarditis လို့လည်း ခေါ်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

ရင်ဘတ်အောင့်တာ၊
ချောင်းဆိုးတာ၊
အသက်ရှူလမ်းကြောင်း ပိတ်ဆို့နေတာ၊
ဖျားတာ၊
ချမ်းတုန်တာ၊
အရေပြားတွေ ယားယံတာ စတဲ့ရောဂါလက္ခဏာတွေပါပဲ။

👩 အမျိုးသမီးတွေမှာ ပြသတတ်တဲ့ နှလုံးရောဂါလက္ခဏာများ

နှလုံးရောဂါလက္ခဏာတွေအကြောင်း ပြောရမှာ ထူးခြားချက်တစ်ခုကတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ အတန်ငယ်ကွဲပြားတဲ့ လက္ခဏာတွေပြသနိုင်တယ်ဆိုတဲ့အချက်ပါပဲ။ ပြီးတော့ အမျိုးသားတွေထက်လည်း အမျိုးသမီးတွေက နှလုံးရောဂါပိုဖြစ်တတ်ပါတယ်။

အမျိုးသမီးတွေက Heart Attack ပိုဖြစ်တတ်ပြီးတော့ ရင်ဘတ်အောင့်တာနဲ့ ရင်တုန်တာက အဖြစ်များတဲ့ လက္ခဏာတွေပါ။ ဒါပေမယ့် ပူပင်သောကများတာ၊ အိပ်စက်ရခက်တာ၊ အကြောင်းပြချက်မယ်မယ်ရရမရှိပဲ မောပန်းနွမ်းနယ်နေတတ်တာတွေ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် စိတ်ဓာတ်ကျတာ၊ သွေးဆုံးတာတွေလည်း ခံစားရတယ်လို့ဆိုပါတယ်။

ဒါ့အပြင် အမျိုးသမီးတွေ နှလုံးရောဂါဝေဒနာတစ်မျိုးမျိုးခံစားရချိန်မှာ ကြုံရတတ်တဲ့ တခြားသော ရောဂါလက္ခဏာတွေကတော့

-မူးဝေတာ၊
-ဖြူဖတ်ဖြူရော်ဖြစ်တာ၊
-အသက်ရှူရခက်တာ၊ အသက်ကို -ဖြည်းဖြည်းခြင်းရှူသွင်းနေရတာ၊
-အားအင်ချိနဲ့ပြီး ပျော့ခွေလာတာ၊
-မူးမိုက်လဲကျတာ၊
-ပျို့တက်တာ၊
-အန်တာ၊
-မေးရိုးနာကျင်တာ၊
-နောက်ကျောနာကျင်တာ၊
-အစာမကြေတာ၊
-ချွေးအေးတွေထွက်တာတွေ ဖြစ်တတ်ပါတယ်။

💞 ဘာကြောင့် နှလုံးရောဂါဖြစ်တာလဲ

နှလုံးရောဂါဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေအများကြီးရှိပါတယ်။ နှလုံးရောဂါဖြစ်ပွားမှုဟာ နေထိုင်စားသောက်မှုနဲ့ တိုက်ရိုက်ဆက်စပ်နေတတ်ပြီး ကျန်းမာရေးနဲ့ညီညွတ်စွာ နေထိုင်စားသောက်လေ့မရှိသူတွေမှာ ဖြစ်နိုင်ခြေပိုမိုမြင့်မားတတ်ပါတယ်။

ဒါပေမယ့် အထက်ပါအချက်တွေကြောင့်ချည်းတော့ နှလုံးရောဂါဖြစ်စေနိုင်တာမဟုတ်ပါဘူး။ နှလုံးရောဂါကိုဖြစ်စေတဲ့ တခြားအကြောင်းအရင်းအများအပြားရှိနေပါသေးတယ်။ ရောဂါအမျိုးအစားအလိုက် နောက်ခံအကြောင်းတရားတွေ ကွာခြားနေတာမျိုးပါ။

💛 နှလုံးစည်းချက် မမှန်ရောဂါ

(Arrhythmia) – နှလုံးခုန်နှုန်းမမှန်ခြင်းက အဓိက အကြောင်းတရားဖြစ်ပေမယ့် ဆီးချို၊ သွေးတိုး၊ ပြင်းထန်တဲ့ဆေးဝါးတွေမှီဝဲနေရာတာ၊ အယ်လ်ကိုဟောနဲ့ ကဖိန်းဓာတ်ကို အလွန်အကျွံမှီဝဲလွန်းတာ၊ အရက်နဲ့ မူးယစ်ဆေး စွဲလမ်းနေတာ၊ စိတ်ဖိစီးမှုများနေတာ၊ ပူပင်သောကများတာ၊ နှလုံးထိခိုက်ထားတာ၊ နှလုံးသွေးကြောဆိုင်ရာရောဂါနဲ့ မွေးရာပါနှလုံးရောဂါရှိနေရင်လဲ Arrhythmia ဖြစ်နိုင်ပါတယ်။

💚 မွေးရာပါ နှလုံးရောဂါ (Congenital heart defects) – ဒီရောဂါကတော့ မွေးကတည်းက ပါရှိလာတာပါ။ တဖြည်းဖြည်းပိုမိုကြီးထွားလာတတ်ပါတယ်။ စောလျှင်စွာကုသနိုင်ဖို့ လိုအပ်တဲ့ ရောဂါတစ်မျိုးပါ။ ဒီလိုဖြစ်ရစေတဲ့အကြောင်းအရင်းကတော့ ရင်သွေးငယ်ရဲ့ Chromosomes အရေအတွက်ကြောင့်ဖြစ်ပါတယ်။

💙 နှလုံးကြွက်သားဆိုင်ရာရောဂါ
(Cardiomyopathy) – ဒီရောဂါကတော့ ရောဂါမျိုးကွဲများသလို ဖြစ်ပွားစေတဲ့အခြေအနေတွေလည်း မတူညီကြပါဘူး။
နှလုံးကြွက်သား ထူခြင်း/ကြီးခြင်း (Dilated cardiomyopathy) – ဘာကြောင့်ဖြစ်တယ်ဆိုတာကို တိကျစွာ သိရှိရခြင်းမရှိသေးပါဘူး။ အဖြစ်များတဲ့ နှလုံးကြွက်သားရောဂါတစ်မျိုးဖြစ်ပြီး နှလုံးကို အားနည်းသွားစေတဲ့ရောဂါပါ။ မူးယစ်ဆေးဝါးသုံးတ၊ ပိုးဝင်တာ၊ Heart Attack ဖြစ်တာ၊ နှလုံးသွေးစီးဆင်းမှုကို မထိမ်းချုပ်နိုင်တာတွေနဲ့ ဆက်နွယ်နေနိုင်ပါတယ်။

💜 နှလုံးကြွက်သား တောင့်ခြင်း (Hypertrophic cardiomyopathy) – ကြွက်သားတွေ မာတောင့်သွားတဲ့ ဒီရောဂါက မျိုးရိုးလိုက်တတ်တဲ့ ရောဂါဖြစ်ပါတယ်။

💛 နှလုံးကြွက်သား ရှုံ့သွားခြင်း (Restrictive cardiomyopathy) – နှလုံးနံရံတွေတောင့်တင်းပြီး ရှုံ့သွားတဲ့ရောဂါပါ။ ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို သေချာမသိရသေးပေမယ့် ကြွက်သားတွေ ဒါဏ်ဖြစ်တာ၊ Amyloidosis ဆိုတဲ့ ပုံမှန်မဟုတ်တဲ့ ပရိုတိန်းတွေများလာတာကြောင့်ဖြစ်တတ်ပါတယ်။

🖤 နှလုံးပိုးဝင်ခြင်း (Heart infections) – ဘက်တီးရီးယားတွေ၊ ပါရာဆိုက်တွေ၊ ဗိုင်းရပ်စ်တွေ နှလုံးကိုကပ်ညိတာကြောင့်ဖြစ် နှလုံးပိုးဝင်ခြင်း ဝေဒနာဖြစ်တတ်ပါတယ်။

ဒါ့အပြင် တခြားသော နှလုံးရောဂါကို ဖြစ်စေတဲ့အကြောင်းအရင်းတွေကတော့ ပြင်ပအခြေအနေတွေကြောင့် ပါပဲ။ နှလုံးရောဂါဖြစ်ပွားသူတွေရဲ့ ၄၇% ဟာ ထိမ်းချုပ်ကာကွယ်လို့ရတဲ့ ပြင်ပရောဂါတွေနဲ့ အခြေအနေတွေကြောင့် နှလုံးရောဂါဖြစ်ရတာပါ။

ဒီပြဿနာတွေကတော့

-သွေးတိုး၊
-သွေးတွင်း ကိုယ်လက်စထရောများတာ၊ နည်းတာ၊
-ဆေးလိပ်သောက်တာ၊
-အဝလွန်တာ၊
-ကိုယ်လက်လှုပ်ရှားမှုနည်းပါးတာ စတာတွေကြောင့်ပါပဲ။
ဒါပေမယ့် ထိမ်းချုပ်လို့မရနိုင်တဲ့ အခြေအနေတွေလည်း ရှိပါတယ်။ ဒါတွေကတော့

-ရောဂါရှိခဲ့ဖူးတဲ့ မိသားစု နောက်ကြောင်းရာဇဝင်၊
-လူမျိုးစု၊
-လိင်အမျိုးအစား၊
-အသက်အရွယ်တို့ပါပဲ။

💖 နှလုံးရောဂါကို ဘယ်လိုရှာဖွေဆန်းစစ်နိုင်သလဲ

နှလုံးရောဂါရှိမရှိသိနိုင်စေတဲ့ နည်းလမ်းတွေ အမျိုးမျိုးအဖုံဖုံရှိပါတယ်။ ရောဂါလက္ခဏာတွေကနေတဆင့် သိရှိနိုင်သလို ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီး ဆေးဝါး၊ နည်းပညာစတာတွေနဲ့လည်း စမ်းသပ်စစ်ဆေးလို့ရပါတယ်။

ရောဂါလက္ခဏာရှာဖွေတာ၊
သွေးစစ်တာ၊
Noninvasive tests နည်းလမ်းတွေဖြစ်တဲ့ Electrocardiogram (ECG) ၊ Echocardiogram ၊ စိတ်ဖိစီးမှု စစ်ဆေးနည်း (Stress Test) နဲ့ Carotid ultrasound ၊ Holter monitor ၊ Tilt table test နဲ့ CT scan စတာတွေ၊
Invasive tests နည်းလမ်းတွေဖြစ်တဲ့ Cardiac catheterization ၊ Coronary angiography ၊ Electrophysiology study စတာတွေ ဖြစ်ပါတယ်။

❣ နှလုံးရောဂါကို ကုသနိုင်တဲ့ နည်းလမ်းများ
နှလုံးရောဂါက အဖြစ်များပြီး သေဆုံးနှုန်းများတဲ့ ရောဂါဖြစ်ပေမယ့် ကုသနိုင်တဲ့ရောဂါ အမျိုးအစားထဲမှာပါဝင်ပါတယ်။

ရောဂါဖြစ်ပွားချိန်မှာ အဓိက ကုသနည်း ၃ မျိုးနဲ့ ကုစားနိုင်ပါတယ်။

🔷 လူနေမှုပုံစံကို ပြောင်းလဲခြင်း နည်းလမ်း – ကျန်းမာပျော်ရွှင်မှုရှိတဲ့ လူနေမှု ပုံစံကို ပြောင်းလဲလိုက်တာက နှလုံးရောဂါအန္တရာယ်ကို လျှော့ချနိုင်ဖို့ အဓိကကျပါတယ်။ ဆိုဒီယမ်၊ အဆီနဲ့ သကြားစားသုံးမှုကို လျှော့ချပြီး အသီးအနှံများများစားသုံးတာ၊ နေ့စဉ် ကိုယ်လက်လှုပ်ရှားမှုပုံမှန်လုပ်ပြီး နှလုံးအားကောင်းအောင်နေထိုင်တာတွေက နှလုံးရောဂါသက်သာစေဖို့ အထောက်အကူဖြစ်စေပါတယ်။

🔷 ဆေးဝါးဖြင့် ကုသသည့် နည်းလမ်း – ဒီနည်းလမ်းကိုတော့ သိပ်ပြီး မပြင်းထန်တဲ့ နှလုံးဝေဒနာရှင်တွေကို ကုစားပေးတဲ့နည်းလမ်းပါ။ ဆေးဝါးတွေက ရောဂါအခြေအနေကို ကောင်းကောင်းကုစားပေးနိုင်ပါတယ်။ ဆရာဝန်ညွှန်ကြားချက်နဲ့ တိကျစွာ မှီဝဲသုံးစွဲဖို့တော့ လိုအပ်ပါတယ်။

🔷 ခွဲစိတ်ကုသနည်းလမ်း – တစ်ချို့သော နှလုံးရောဂါအမျိုးအစားတွေနဲ့ ရောဂါပြင်းထန်နေချိန်မျိုးမှာ ခွဲစိတ်ကုသဖို့ လိုအပ်ဖို့ လိုအပ်တဲ့ အခြေအနေမျိုး ရှိလာတတ်ပါတယ်။ ဒီနည်းလမ်းဟာ ရောဂါအမျိုးအစားနဲ့ အခြေအနေအပေါ် မူတည်တယ်ဆိုတာကို သတိထားဖို့ လိုအပ်ပါတယ်။
နှလုံးရောဂါကို ကာကွယ်တားဆီးခြင်း
မျိုးရိုးလိုက်တာနဲ့ မွေးရာပါမဟုတ်ဘူးဆိုရင် နှလုံးရောဂါဟာ ကာကွယ်တားဆီးလို့ရတဲ့ ရောဂါအမျိုးအစားဖြစ်ပါတယ်။ ဒီလိုကာကွယ်ဖို့ဆိုရင် ကျန်းမာစွာနေထိုင်စားသောက်ခြင်းက အဓိကကျတဲ့နည်းလမ်းဖြစ်ပါတယ်။

ဒါ့အပြင်

သွေးတွင်း ကိုယ်လက်စထေရာ ပမာဏကို ထိမ်းချုပ်တာ
သွေးတိုးမဖြစ်အောင် နေထိုင်တာ၊
စိတ်ဖိစီးမှုကို လျှော့ချတာ၊
တစ်နေ့ကို မိနစ် ၃၀ နဲ့ ၆၀ အကြား ပုံမှန်လေ့ကျင့်ခန်းပြုလုပ်တာ၊
ကျန်းမာပြီး အာဟာရပြည့်ဝအောင် စားသောက်တာ၊
ဆေးလိပ်သောက်သုံးမှုကို ရပ်တန့်တာ၊ မသောက်ပဲနေတာ၊
အဝမလွန်အောင် ဂရုစိုက်နေထိုင်တာ စတဲ့နည်းလမ်းတွေပဲဖြစ်ပါတယ်။

Dr HHZW

#ဒေါက်တာonline
#နှလုံး

💖နှလုံးရောဂါနှင့်ပါတ်သက်ပြီး ဒေါက်တာonline messenger chat box တွင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးနိုင်ပါသည်

💡ထက်မြတ်၊တက်ကြွသောသူ ဖြစ်ဖို့ နည်းလမ်းများ။How to become Smart & Active••••••••••••••••••••••••••••••••••••••မိမိကိုယ်ကိ...
17/07/2025

💡ထက်မြတ်၊တက်ကြွသောသူ ဖြစ်ဖို့ နည်းလမ်းများ။
How to become Smart & Active
••••••••••••••••••••••••••••••••••••••

မိမိကိုယ်ကို ထက်မြတ်ပြီး တက်ကြွတဲ့ လူ ဖြစ်စေလိုပါက၊ ဦးနှောက်နဲ့ ခန္ဓာကိုယ် ကို အတူတကွ တိုးတက်အောင်လုပ်ဖို့လိုပါတယ်။
ဒီအောက်မှာ နေ့စဉ်အကောင်အထည်ဖော်လို့ရတဲ့ လေ့ကျင့်မှုတွေကို ဖော်ပြပေးထားပါတယ်။

---

🧠 ဉာဏ်ရည်တိုးဖို့

1. 📚စာ နေ့တိုင်း ဖတ်ပါ

စာအုပ်၊ ဆောင်းပါး၊ Podcast စတာတွေ ဖတ်ခြင်းနဲ့ နားထောင်ခြင်း။

တစ်နေ့ ၃၀ မိနစ်ပဲ ပြုလုပ်ရင်တောင် ကြီးမားတဲ့ပြောင်းလဲမှု ဖြစ်နိုင်တယ်။

2. ❓မေးခွန်း အဓိက မေးမြန်းတတ်ပါစေ

"ဒါက မှန်လား?", "ဘာကြောင့်လဲ?", "ဒါဘယ်လို အလုပ်လုပ်လဲ?" ဆိုပြီး မေးမြန်းနိုင်ဖို့ သင်ယူပါ။

3. 🧑‍💻 အသစ်တစ်ခုခု အမြဲ သင်ကြားပါ

ဘာသာစကား, Public speaking, Coding၊ technology စတဲ့ အသုံးဝင်တဲ့အတတ်ပညာတွေ သင်ပါ။

4. 🧠 ဉာဏ်ရည်မြင့်မားတဲ့လူတွေနဲ့ ဆွေးနွေးပါ

Online Group, Page တွေမှာ ပါဝင်ပြီး စကားပြောခြင်းက သင့် IQ ကို တိုးစေနိုင်တယ်။

5. 📵 အကျိုးမဲ့ အရာတွေ လျှော့ပါ

တစ်နေ့လုံး အကျိုးမရှိတဲ့ social media များနဲ့ အချိန်မကုန်ပါစေနဲ့

---

💪 ကိုယ်စိတ် ကျန်းမာဖို့

1. 🏃‍♂️ အားကစားလုပ်ပါ

တစ်နေ့ ၃၀–၆၀ မိနစ် လုပ်ပါ။ (Cardio, Push-up, Yoga စသဖြင့်)


2. 🍎 အစားအသောက်ကို ဂရုပြုပါ

သကြားနည်းနည်းစား။
အာဟာရပြည့်ဝတဲ့ အသားငါး, ဟင်းသီးဟင်းရွက် စားပါ။

ရေများများသောက်ပါ။

3. 😴 အနားယူမှုကောင်းစွာလုပ်ပါ

တစ်နေ့ အနည်းဆုံး ၇–၈ နာရီ အိပ်စက်ခြင်းက ဦးနှောက်နဲ့ ကိုယ်ခန္ဓာ ပြန်လည်သန်စွမ်းဖို့ အရေးကြီးပါတယ်။

4. ⏰ နေ့စဉ် အစီအစဉ် ချဖို့ လေ့ကျင့်ပါ

နေ့စဉ် To-do List ရေး၊
မနက်စောစောထပြီး ‌တနေ့တာအစီအစဉ်ကို စနစ်တကျ စတင်ပါ

5. 👥 လူမှုရေး တက်ကြွပါစေ

လူသစ်တွေနဲ့ တွေ့ဆုံပါ။ ပြောဆိုမှုတိုးတက်စေဖို့ စကားပြော လေ့ကျင့်ပါ။

လူတွေနဲ့ ချစ်ခင်စွာ၊ ယဉ်ကျေးစွာ ဆက်ဆံပါ။

---

🌟 အထူးသတိထားသင့်တဲ့ အချက်

👔 သန့်ရှင်းပြီး ဝတ်စားဆင်ယင်မှုကောင်းမွန်ပါစေ –
ပထမဆုံး အကြိမ်တွေ့ဆုံမှုတွေမှာ အရေးကြီးပါတယ်။

👍 အမြဲအနုတ်လက္ခဏာထက် အပြုသဘောဖြင့် စဉ်းစားပါ။

🙏 အခြားသူများကိုလည်း လေးစားတန်ဖိုးထားပါ။

---

"Smart & Active" ဖြစ်ဖို့ဆိုတာ တစ်ရက်တည်း မဖြစ်နိုင်ပါဘူး။
နေ့စဉ် နည်းနည်းခြင်းစတင်ပြုလုပ်ပြီး တိုးတက်နေဖို့ပဲ အရေးကြီးပါတယ်။
#ဒေါက်တာonline

17/07/2025

သင်သိပါသလား 🚨

စိုးရိမ်ပူပန်မှု လွန်ကဲခြင်းက
အစာအိမ်ရောဂါဖြစ်စေနိုင်သလို...

အစာအိမ်အပူဓါတ်များခြင်းကလည်း
စိုးရိမ်မှု လွန်ကဲသော ရောဂါ (anxiety ) ကို ဖြစ်ပေါ်စေနိုင်တယ်ဆိုတာ...

#ဒေါက်တာonline

😨 မီးယပ်ချမ်းတဲ့လား 〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️  အမျိုးသမီးတွေအကောင်းကြီးကနေ ချမ်းတုန်လာရင် မီးယပ်ချမ်းထတယ်လို့ ပြောလေ့ရှိပ...
17/07/2025

😨 မီးယပ်ချမ်းတဲ့လား
〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️

အမျိုးသမီးတွေအကောင်းကြီးကနေ ချမ်းတုန်လာရင် မီးယပ်ချမ်းထတယ်လို့ ပြောလေ့ရှိပါတယ်။
ဆရာဝန်ဖြစ်ခါစက လူနာက မီးယပ်ချမ်းထတယ်ပြောရင် အူကြောင်ကြောင်ဖြစ်ခဲ့ဖူးပါတယ်။ ရိုးရာဓလေ့အရ မီးယပ်ချမ်းဆိုတာ အမျိုးသမီးတိုင်းဘဲ တကွေ့ကွေ့ဖြစ်တတ်သလိုလို...
မထူးခြားတဲ့ သာမန်ပြဿနာလို့ ထင်ကြပါတယ်။
ဝါးမီးလှုံတာတို့...သွေးဆေးနဲ့ ရေနွေးပူပူမှုတ်သောက်တာတို့...ချွေးထုတ်တာတို့...နနွင်းသောက်..လိမ်း..စသည်ဖြင့်
ဆေးနည်းကလဲ တစ်ရွာတစ်မျိုးပေါ့။

မီးယပ်ချမ်းလို့ ခေါ်တဲ့ ချမ်းတုန်တက်..အအေးကြောက်...ဇောချွေးပြန် ဖြစ်နိုင်တဲ့ ရောဂါတွေ ဆေးပညာမှာ မနည်းလှပါဘူး။
သာမန် ဆီးလမ်းကြောင်းပိုးဝင်တာတို့၊
နောက်ဆက်တွဲ များပြားတဲ့ ဆိုးရွားစွာ ဆီးလမ်းကြောင်းပိုးဝင်တာတို့၊
လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါတွေတို့၊
မျိုးပွားအင်္ဂါ ပိုးဝင်တာတို့၊
နောက် အဖြစ်မနည်းလှတဲ့ သိုင်းရွိုက်ဂလင်းရောဂါတွေတို့၊
သွေးအားနည်းရောဂါတို့၊
သွေးဆုံးဝေဒနာစုတွေတို့..
စသည်ဖြင့်
မီးယပ်ချမ်းထနိုင်တဲ့ အောက်ခံ အကြောင်းတွေ အတော်များများ ရှိပါတယ်။
ဒါကြောင့် မီးယပ်ချမ်း မကြာမကြာထရင် မပေါ့ဆဘဲ ဆရာဝန်နဲ့ တိုင်ပင်ကြည့်တာ ကောင်းပါတယ်ဆိုတဲ့အကြောင်း...🧑‍⚕️

#ဒေါက်တာonline
DrPWM

Address

Pyay

Website

Alerts

Be the first to know and let us send you an email when ဒေါက်တာ online - အွန်လိုင်းဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category