Aye Thukha Family Medicine Clinic

Aye Thukha Family Medicine Clinic 𝐓𝐡𝐞 𝐔𝐥𝐭𝐢𝐦𝐚𝐭𝐞 𝐇𝐞𝐚𝐥𝐭𝐡 𝐂𝐚𝐫𝐞 𝐖𝐢𝐭𝐡 𝐏𝐚𝐬𝐬𝐢𝐨𝐧

2025 အတွက် ရာသီတုပ်ကွေး ကာကွယ်ဆေး(Influvac Tetra 2025) စာရင်းပေးသွင်း၍ ထိုးနှံနိုင်ပါပြီ။
27/04/2025

2025 အတွက်
ရာသီတုပ်ကွေး ကာကွယ်ဆေး
(Influvac Tetra 2025)
စာရင်းပေးသွင်း၍ ထိုးနှံနိုင်ပါပြီ။

မျောက်ကျောက်ရောဂါ (Mpox) နှင့်ပတ်သတ်၍ သင် ဘာတွေ သိထားသင့်သလဲ💢 မျောက်ကျောက်ရောဂါ လက္ခဏာများ💢 ရောဂါလက္ခဏာခံစားနေသူနှင့် အန...
21/08/2024

မျောက်ကျောက်ရောဂါ (Mpox) နှင့်ပတ်သတ်၍ သင် ဘာတွေ သိထားသင့်သလဲ

💢 မျောက်ကျောက်ရောဂါ လက္ခဏာများ
💢 ရောဂါလက္ခဏာခံစားနေသူနှင့် အနီးကပ်ထိတွေ့မှုရှိပါက မျောက်ကျောက်ရောဂါ ကူးစက်ခံရနိုင်ခြင်း
💢 ရောဂါလက္ခဏာခံစားနေသူနှင့် အနီးကပ်ထိတွေ့မှုကို ရှောင်ကြဉ်ခြင်းအားဖြင့် မိမိကိုယ်ကို မျောက်ကျောက်ရောဂါ ကူးစက်မှုမှကာကွယ်ပါ

more information on Mpox:
https://www.who.int/myanmar/emergencies/mpox


#မျောက်ကျောက်ရောဂါ
Crd_WHO_Myanmar

FYI !
18/08/2024

FYI !

#သားအိမ်ခေါင်းကင်ဆာအစ HPV ဗိုင်းရပ်စ်ပိုးမှ…

လိင်ဆက်ဆံမှုကနေကူးစက်လေ့ရှိတဲ့ Human Papilloma Virus (HPV) ဗိုင်းရပ်စ်ပိုး (ကြွက်နို့ရောဂါပိုးတစ်မျိုး)က အမျိုးသမီးတွေရဲ့ အသက်အန္တရာယ်ကို ခြောက်လှန့်နေတဲ့ သားအိမ်ခေါင်းကင်ဆာရဲ့အဓိကတရားခံ ဖြစ်ပါတယ်။

HPV ဗိုင်းရပ်စ်ပိုးမှာ မျိုးခွဲပေါင်း 200 ကျော်ရှိပြီး ပိုးကူးစက်ခံရတိုင်းတော့ ကင်ဆာမဖြစ်စေပါဘူး။ မျိုးစိတ်အချို့က သူ့အလိုလို ပျောက်ကင်းသွားတာမျိုး ရှိသလို အချို့ ကတော့ ကြွက်နို့ရောဂါဖြစ်‌စေနိုင်ပါတယ်။ HPV ဗိုင်းရပ်စ်ပိုး မျိုးစိတ်တွေကို HPV 16,18,31,33 စသဖြင့ နံပါတ်တွေနဲ့ခေါ်လေ့ရှိပြီး အချို့သောမျိုးစိတ်တွေကတော့ ကင်ဆာဖြစ်စေတဲ့အထိ အန္တရာယ်ပေးနိုင်ပါတယ်။

ကင်ဆာဖြစ်စေတဲ့ HPV ဗိုင်းရပ်စ်ပိုးမျိုးစိတ်ကူးစက်ခံရတာနဲ့ ကင်ဆာရောဂါ ချက်ချင်းဖြစ်သွားတာမျိုးတော့ မဟုတ်ပါဘူး။ သူကသားအိမ်ခေါင်းမှာတွယ်နေပြီး သားအိမ်ခေါင်းဆဲလ်တွေကို ပုံမမှန်ပြန့်ပွားစေရာက ၅နှစ် မှ ၁၀ နှစ်အတွင်းမှာ ကင်ဆာဆဲလ်အဖြစ်ပြောင်းလဲစေနိုင်ပါတယ်။

HPV 16 နဲ့ HPV 18 တို့ကတော့ သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ချေအများဆုံးမျိုးစိတ်ဖြစ်ပြီး သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးက ဒီ မျိုးစိတ်၂ခုကို အဓိကကာကွယ်ပေးတာဖြစ်ပါတယ်။ လက်ရှိသားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးအနေနဲ့ ၄မျိုးစပ်နဲ့ ၉မျိုးစပ် ဆိုပြီးအမျိုးအစား၂မျိုးရှိပါတယ်။
4မျိုးစပ်ကာကွယ်ဆေးက HPV 16,18 အပြင် အခြားကြွက်နို့ဖြစ်စေတဲ့ HPV ပိုး 2မျိုးကို ကာကွယ်ပေးနိုင်ပြီး 9မျိုးစပ်ကာကွယ်ဆေးကတော့ HPV 16,18 အပြင် အခြားကြွက်နို့ဖြစ်စေတဲ့ HPV ပိုး 7မျိုးကိုပါ ကာကွယ်ပေးနိုင်ပါတယ်။

သားအိမ်ခေါင်းကင်ဆာ ရောဂါအစမပြုနိုင်ဖို့ HPV ပိုးကူးစက်မခံရအောင်ကာကွယ်ဖို့ အရေးကြီးပါတယ်။ လိင်ဆက်ဆံဘက်မများအောင်နေပါ။ လိင်ဆက်ဆံဘက်များတဲ့သူနဲ့ အတူမနေမိအောင်ရှောင်ပါ။ လိင်ဆက်ဆံတိုင်း ကွန်ဒုံးသုံးပါ။ လိင်ဆက်ဆံခြင်းကနေ အဓိကကူးစက်တာဖြစ်လို့ လိင်ဆက်ဆံမှုမပြုသေးတဲ့ ၉နှစ်-၁၄နှစ်အရွယ် အမျိုးသား၊အမျိုးသမီးတွေမှာ
သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးခြင်းအားဖြင့် ရောဂါအစမပြုနိုင်အောင် ကာကွယ်ပါ။ အသက် ၃၀ က ၄၉ နှစ်အတွင်း သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့်ရှိမရှိ စစ်ဆေးသင့်ကြောင်း
ဗဟုသုတမျှဝေလိုက်ပါတယ်။

📌📌သွေးလွန်တုပ်ကွေး ကာကွယ်ဆေးထိုးနှံရန်  #အေးသုခဆေးခန်းတွင် ကြိုတင်စာရင်းပေးသွင်းနိုင်ပါပြီရှင့်။📌📌ကလေးရော လူကြီးများရဲ့ ...
01/07/2024

📌📌သွေးလွန်တုပ်ကွေး ကာကွယ်ဆေးထိုးနှံရန် #အေးသုခဆေးခန်းတွင် ကြိုတင်စာရင်းပေးသွင်းနိုင်ပါပြီရှင့်။📌📌

ကလေးရော လူကြီးများရဲ့ အသက်အန္တရာယ်ကိုပါ နှစ်စဉ်ခြိမ်းခြောက်လျှက်ရှိတဲ့ရောဂါတွေထဲမှာ ခြင်မှတဆင့်ကူးစက်တဲ့ သွေးလွန်တုပ်ကွေးရောဂါလဲ တစ်ခုအပါအဝင်ဖြစ်ပါတယ်။

သွေးလွန်တုပ်ကွေးပိုးစုစုပေါင်း ၄မျိုးရှိပြီး တစ်မျိုးဖြစ်ပြီးလည်း နောက်တစ်မျိုးထပ်ဖြစ်နိုင်သေးတဲ့အပြင် မတူတဲ့သွေးလွန်တုပ်ကွေးပိုးကြောင့်ဖြစ်တဲ့အခါ ရောဂါပိုမိုပြင်းထန်တတ်ပါတယ်။

အခုအချိန်ထိ ထွက်ရှိပြီးသား သွေးလွန်တုပ်ကွေးကာကွယ်ဆေး (၂)မျိုးရှိပါတယ်။
1. Dengvaxia
2. Qdenga တို့ပဲဖြစ်ပါတယ်။

Dengvaxia ဆေးဟာ အရင်ထွက်ရှိတာဖြစ်ပေမယ့် အချို့သော ကန့်သတ်ချက်လေးတွေရှိခဲ့တာကြောင့် အဆင်ပြေပြေတွင်တွင်ကျယ်ကျယ်မထိုးဖြစ်ခဲ့ကြပါဘူး။

Qdenga ကတော့ 2022 မှာ ထွက်ရှိလာတဲ့ဆေးဖြစ်ပြီး
Takeda Company မှ ထုတ်လုပ်တာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာလဲ Qdenga သွေးလွန်တုပ်ကွေးကာကွယ်ဆေးကို ထိုးနှံနိုင်ပါပြီ။

📌Qdenga ကာကွယ်ဆေးအကြောင်း📌

💢သွေးလွန်တုပ်ကွေးပိုးအမျိုးအစား ၄မျိုးလုံးကို 80.2% ထိ ကာကွယ်ပေးနိုင်ပြီး၊ ပြင်းထန်သွေးလွန်တုပ်ကွေးကြောင့်ဆေးရုံတက်ရတဲ့နှုန်းကို 90.4% လျှော့ချပေးနိုင်ပါတယ်။

💢 အသက် ၄နှစ်ကနေ ၆၀ နှစ်အထိ ထိုးနှံနိုင်ပါတယ်

💢 ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ ကျွမ်းကျင်ပညာရှင်အဖွဲ့ (SAGE) ကတော့ သွေးလွန်တုပ်ကွေးရောဂါအဖြစ်များတဲ့ဒေသတွေမှာ အသက် ၆နှစ်မှ ၁၆ နှစ်အတွင်း ကာကွယ်ဆေး ထိုးကိုထိုးသင့်ကြောင်းနှိုးဆော်ထားပါတယ်။

💢 စုစုပေါင်း ၂ကြိမ်ထိုးရပြီး တစ်ကြိမ်နဲ့တစ်ကြိမ်ကို ၃လခြားရပါတယ်။

💢 ဆေး၂ကြိမ်အပြည့်ထိုးပြီးရင် ထွက်လာတဲ့ကိုယ်ခံအားဟာ ၄နှစ်ကျော်ခန့်ခံပြီး အဲ့နောက်ပိုင်း booster ထိုးဖို့လိုမလိုကို အတိအကျညွှန်ကြားထားတာမျိုးမရှိသေးပါဘူး။

💢 ဆေးမထိုးခင် သွေးစစ်စရာမလိုအပ်ပါဘူး။

💢 ဆေးထိုးပြီးရင် ထိုးတဲ့နေရာ နီရဲတာ၊ နာတာ၊ ဖျားတာ၊ ဂျီကျတာ၊ ကိုယ်လက်ကိုက်ခဲတာ၊ ခေါင်းကိုက်တာမျိုး အနည်းငယ်ရှိနိုင်ပါတယ်။

💢 ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်ကျွေးနေရသူများ၊ ကိုယ်ခံအားကျဆင်းတဲ့ရောဂါရှိသူများ၊ ကိုယ်ခံအားကျဆင်းစေတဲ့ဆေးသောက်နေရသူများ ထိုးလို့မရသေးပါဘူး။

💢 ပိုးအရှင်ကာကွယ်ဆေးဖြစ်တဲ့အတွက် တခြားပိုးအရှင်ကာကွယ်ဆေးများနဲ့ အတူတစ်ရက်တည်းထိုးရင်ထိုး (သို့မဟုတ်) ၄ပတ်ခြားပြီးမှထိုးရပါမယ်။

💢 ကာကွယ်ဆေးထိုးတာအပြင် ခြင်မပေါက်ဖွားရအောင် ခြင်ကိုက်မခံရအောင် ကာကွယ်ရေးနည်းလမ်းများကိုလည်း လိုက်နာကျင့်သုံးခြင်းအားဖြင့် မိမိရဲ့မိသားစုကို သွေးလွန်တုပ်ကွေးနှင့် အခြားသောခြင်မှတဆင့်ကူးစက်တဲ့ရောဂါများအန္တရာယ်မှ ထိထိရောက်ရောက်ကာကွယ်နိုင်မှာဖြစ်ပါတယ်။

မိုးရာသီမတိုင်မီ ထိုးနှံရမှာမို့ ရာသီ တုပ်ကွေး ကာကွယ်ဆေး WHO အသိအမှတ်ပြု Vaxigrip Tetra (2024)ကို အေးသုခ ဆေးခန်းတွင်ဖြစ်...
19/05/2024

မိုးရာသီမတိုင်မီ ထိုးနှံရမှာမို့ ရာသီ တုပ်ကွေး ကာကွယ်ဆေး WHO အသိအမှတ်ပြု Vaxigrip Tetra (2024)ကို အေးသုခ ဆေးခန်းတွင်ဖြစ်စေ အိမ်တိုင်ရာရောက်ဖြစ်စေ ထိုးနှံနိုင်ပါပြီရှင်🥰🥰

📌ရာသီတုပ်ကွေးကာကွယ်ဆေး ပိုမိုထိုးနှံသင့်သူများမှာ
၁. အသက် ၆၀ နှစ်အထက်လူကြီးများ
၂. ကိုယ်ခံအားနည်းရောဂါ ကင်ဆာရောဂါ အခံရှိသူများ
၃. နှလုံး ကျောက်ကပ် အသည်း အဆုတ် သွေးတိုး ဆီးချို နာတာရှည်ရောဂါဝေဒနာရှင်များ
၄. ကိုယ်ဝန်ဆောင်မိခင်များ
၅. အသက် ၆ လ မှ ၁၁ နှစ်အတွင်း ကလေးငယ်များ
၆. လူအများနှင့် တွေ့ဆုံ အလုပ်လုပ်ရသူများ
၇. ကိုဗစ်လှိုင်းများတွင် ကိုဗစ်ကြောင့် အဆုတ်ထိခိုက်ခံထားရသူများ

Vaxigrip Tetra ကတော့ အဖြစ်များသော အောက်ပါတုပ်ကွေးရောဂါ (4) မျိုးကို ကာကွယ်ပေးပါတယ်
-A/H1 N1
-A/H3 N2
-B/ Washington
-B/Phuket
တို့ဖြစ်ပါတယ်

‼️ကာကွယ်ဆေး ထိုးနှံပြီး ရာသီတုပ်ကွေးရောဂါပြန့်ပွားခြင်းအား ကာကွယ်ခြင်းဖြင့် သင်၊သင့်မိသားစု နှငိ့ သင့်မိတ်ဆွေများအား ကာကွယ်လိုက်ပါ💁‍♀️

🏥အေးသုခ အထွေထွေရောဂါကုဆေးခန်းတွင်
🔺ရာသီတုပ်ကွေးကာကွယ်ဆေးများ (2024)
🔺အသည်းရောင် B ပိိိုးကာကွယ်ဆေးများ
🔺ခွေးရူးရောဂါ ၊မေးခိုင်ရောဂါ အစရှိသော ကာကွယ်ဆေးမျိုးစုံကို ဆေးခန်းတွင်ဖြစ်စေ အိမ်တိုင်ရာရောက်ဖြစ်စေ ထိုးနှံနေနိုင်ပါပြီရှင်🥰



 #နေ့စဉ်သောက်_သန္ဓေတားဆေးကိုယ်ဝန်တားဆေး စိတ်ချ၊ OK  နှင့် ပုံစံတူ၊ အာနိသင်တူသော သောက်ဆေးကို   #အေးသုခ_ဆေးခန်း တွင် မည်သူ...
04/12/2023

#နေ့စဉ်သောက်_သန္ဓေတားဆေး

ကိုယ်ဝန်တားဆေး စိတ်ချ၊ OK နှင့် ပုံစံတူ၊ အာနိသင်တူသော သောက်ဆေးကို #အေးသုခ_ဆေးခန်း တွင် မည်သူမဆို တစ်ယောက်တစ်ကဒ်နှုန်းဖြင့် #အခမဲ့ လာယူလို့ရပါတယ်ရှင်။ 🌱




#အေးသုခဆေးခန်း
#ပြည်

❇️  အေးသုခ_ဆေးခန်းမှာ ဆေးရော ဝယ်လို့ရလား လို့     မေးကြလွန်းလို့ပါ…🥰❇️  မြန်မာဆေး/ နိုင်ငံခြားဆေးမျိုးစုံကို စျေးနှုန်းသ...
05/11/2023

❇️ အေးသုခ_ဆေးခန်းမှာ ဆေးရော ဝယ်လို့ရလား လို့ မေးကြလွန်းလို့ပါ…🥰

❇️ မြန်မာဆေး/ နိုင်ငံခြားဆေးမျိုးစုံကို စျေးနှုန်းသက်သာစွာနဲ့ ဝယ်ယူရရှိနိုင်ပါတယ်ရှင့်။

❇️ လူကြီးမိဘတွေကို ဆေးကုသိုလ်ပြုချင်တဲ့ သူတွေအတွက်လဲ ပေးချင်တဲ့ budget နဲ့ အသင့်တော်ဆုံးဖြစ်မယ့် ဆေးဝါးလေးတွေ အကြံပေးပြင်ဆင်ပေးပါတယ်ရှင့်။

❇️ ခရီးရက်ရှည် သွားရမှာမလို့… နိုင်ငံရပ်ခြား အလုပ်သွားလုပ်ရမှာမလို့ ဆိုတဲ့ လူကြီး/လူငယ်တွေ အတွက်လဲ အရေးပေါ်သုံးဆေးဝါးလေးတွေကို #အညွှန်းစာအပြည့်အစုံနှင့်_medical_box လေး ပြင်ပေးပါတယ်ရှင့်။

❇️ ဒါကြောင့် ဆေးဝါးနဲ့ ပတ်သက်ရင် ဘာပဲလိုလို #အေးသုခ ကို သတိရပေးပါနော်🥰

❇️ ကောင်းသောနေ့သစ် ဖြစ်ကြပါစေ 🍀

အသည်းရောင်အသားဝါရောဂါဟာ အသည်းအတွင်းပိုးဝင်ခြင်း သို့မဟုတ် အသည်းရောင်ခြင်းဖြစ်ပြီး ဗိုင်းရပ်စ်ကူးစက်မှုကြောင့် အများဆုံးဖ...
15/09/2023

အသည်းရောင်အသားဝါရောဂါဟာ အသည်းအတွင်းပိုးဝင်ခြင်း သို့မဟုတ် အသည်းရောင်ခြင်းဖြစ်ပြီး ဗိုင်းရပ်စ်ကူးစက်မှုကြောင့် အများဆုံးဖြစ်တတ်ပါတယ် ။A, B, C, D, E နှင့် G ဟူ၍ အသည်းရောင်အသားဝါ ဗိုင်းရပ်စ်ပိုး အမျိုးအစား ( ၆ ) မျိုးရှိပြီး အသည်းရောင်အသားဝါ B နှင့် အသည်းရောင်အသားဝါ C နှစ်မျိုးဟာ အသည်းကင်ဆာနှင့် ဆက်စပ်နေပါတယ်။ 🦠

‼️ အသည်းရောင်အသားဝါပိုး ကူးစက်ပုံများ ‼️

အသည်းရောင်အသားဝါ B နှင့် C နှစ်မျိုးလုံးဟာ လိင်ဆက်ဆံမှုမှတစ်ဆင့်ဖြစ်စေ၊ မူးယစ်ဆေးဝါးထိုးသွင်းရန်အတွက် ဆေးထိုးအပ်များ သို့မဟုတ် ဆေးဘက်ဆိုင်ရာပစ္စည်းများ မျှဝေသုံးစွဲခြင်းဖြင့်ဖြစ်စေ ကူးစက်တတ်ပါတယ်။

အသည်းရောင်အသားဝါ B ပိုးကဲ့သို့ အသည်းရောင်အသားဝါ C ပိုးဟာလည်း အကာအကွယ်မဲ့လိင်ဆက်ဆံခြင်းမှတစ်ဆင့် ကူးစက်နိုင်ပါတယ်။ သို့သော် ထိုကဲ့သို့ အကာအကွယ်မဲ့လိင်ဆက်ဆံခြင်းမှတစ်ဆင့် အသည်းရောင်အသားဝါ C ပိုးကူးစက်ရန် မှာရာခိုင်နှုန်းနည်းပါးပါတယ်။ ဗိုင်းရပ်စ်နှစ်မျိုးစလုံးဟာ ရောဂါပိုးရှိသောမိခင်မှရင်‌သွေးထံသို့ ကလေးမွေးဖွားစဉ်အတွင်း ကူးစက်နိုင်ပါတယ်။

ကျန်းမာရေးဝန်ထမ်းများအနေနဲ့ အသည်းရောင်အသားဝါ B ပိုးနှင့် C ပိုး ကူးစက်ခံထားရသူများကို ပြုစုစောင့်ရှောက်နေစဉ် အပ်ချောင်း သို့မဟုတ် ချွန်ထက်သော ကိရိယာများဖြင့် မတော်တဆ ထိခိုက်မိပါက အသည်းရောင်အသားဝါ B ပိုးနှင့် C ပိုး ကူးစက်ခံရနိုင်ပါတယ်။

‼️ မကူးစက်နိုင်သောအခြေအနေများ ‼️

Hepatitis B နှင့် C ဗိုင်းရပ်စ်များဟာ ပွေ့ဖက်ခြင်း၊ လက်ဆွဲနှုတ်ဆက်ခြင်း၊ နှာချေခြင်း သို့မဟုတ် ချောင်းဆိုးခြင်းတို့မှတဆင့် မကူးစက်နိုင်သည့်အပြင် အစားအသောက်နှင့် ရေမှတဆင့်လည်ကူးစက်နိုင်ခြင်းမရှိပါ။

Card to original uploader

🍀 အသည်းရောင် အသားဝါ B ပိုးကာကွယ်ဆေးကို ကျွန်မတို့ရဲ့ #အေးသုခ ဆေးခန်းတွင် လာရောက် ထိုးနှံနိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်းပါးပါရစေရှင့်။🍀

နှလုံးသွေးကြောကျဉ်းရခြင်းရဲ့ အဓိက တရားခံက ဘာကြောင့်လဲ 💡 နှလုံးဖောက်ခြင်းရဲ့ အဓိကတရားခံဖြစ်တဲ့ နှလုံးသွေးကြောကျဉ်းရောဂါ ဖ...
14/08/2023

နှလုံးသွေးကြောကျဉ်းရခြင်းရဲ့ အဓိက တရားခံက ဘာကြောင့်လဲ

💡 နှလုံးဖောက်ခြင်းရဲ့ အဓိကတရားခံဖြစ်တဲ့ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ချေ များနေပြီလားဆိုတာ သိရဖို့ ဖော်ပြပေးလိုက်ပါတယ်နော်


❓ ဒါဆို နှလုံးသွေးကြောတွေ ဘာလို့ကျဉ်းရတာလဲ ❓

💡 နှလုံးသွေးကြောကျဉ်းရောဂါဆိုတာက နှလုံးကို သွားတဲ့သွေးကြော တစ်ခု ဒါမှမဟုတ် တစ်ခုထပ်ပိုတဲ့ သွေးကြောတွေ ကျဉ်းနေ ပိတ်နေလို့ပဲဖြစ်ပါတယ်

💠 အဓိကအကြောင်းကတော့ သွေးကြောထဲမှာ အဆီလေးတွေ (Cholestrol plaques) စုပုံနေလို့ပါ

💠 ဒီလိုအဆီလေးတွေ စုပုံနေတာကြောင့် နှလုံးကိုထောက်ပံ့ပေးတဲ့ သွေးနည်းလာကာ ရင်ဘတ်အောင့်ခြင်း၊ မောခြင်းတို့ ဖြစ်လာတတ်ပါတယ်

❓ ဒါဆို နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ချေ များစေတဲ့ အကြောင်းလေးတွေကရော ဘာတွေဖြစ်နိုင်လဲ ❓

☄️ ဆေးလိပ်သောက်ခြင်း

💠 ဆေးလိပ်သောက်ခြင်းက သွေးကြောများကို ပျက်စီးစေတာမို့ နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နိုင်ချေ ပိုများပါတယ်

☄️ သွေးတိုးရှိခြင်း

💠 သွေးပေါင်တက်တာကြာပြီး သေချာကုသမှု မခံယူရင်လည်း နောက်ဆက်တွဲအနေနဲ့ နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နိုင်ပါတယ်

☄️ ဆီးချိုရောဂါရှိခြင်း

💠 ဆီးချိုရောဂါကြောင့်လည်း သွေးတွင်းအဆီဓာတ်များပြားခြင်း နဲ့ သွေးကြောများပျက်စီးစေခြင်းတို့ကြောင့် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ပါတယ်

☄️ သွေးတွင်းမကောင်းသော အဆီဓာတ်များခြင်း

💠 သွေးတွင်းမကောင်းတဲ့ အဆီဓာတ်တွေ ဖြစ်တဲ့ LDL cholesterol နဲ့ Triglycerides များနေရင် နှလုံးသွေးကြောကျဉ်း ပိုဖြစ်နိုင်ပါတယ်။ ကောင်းတဲ့အဆီဓာတ်ဖြစ်တဲ့ HDL Cholestrol ကပုံမှန်ပမာဏ အတွင်းဖြစ်နေရင်တော့ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ချေ လျော့ကျသွားမှာပါ

☄️ အဝလွန်ခြင်း

💠 ကိုယ်အလေးချိန်ရှိသင့်တာ ထပ်များပြီး အဝလွန်နေပြီဆို ဆီးချို၊သွေးတိုး ရောဂါများဖြစ်နေနိုင်ပြီး သွေးတွင်းမကောင်းတဲ့ အဆီဓာတ်လည်း များပြားနေနိုင်တာမို့ နှလုံးသွေးကြောကျဉ်းရောဂါနဲ့လည်း ဆက်စပ်လာတော့မှာ ဖြစ်ပါတယ်

☄️ နေထိုင်စားသောက်မှု ပုံစံမမှန်ခြင်း

💠 စားတဲ့အစာထဲမှာ အချိုဓာတ်၊ အငန်ဓာတ်နဲ့ အဆီဓာတ်များခြင်း၊ အသင့်စား အစာများခြင်း၊ အဆီပါဝင်မှုများတဲ့ အသားစားခြင်း တို့ကြောင့်လည်း နှလုံးသွေးကြောကျဉ်းရောဂါ ပိုဖြစ်နိုင်ပါတယ်

💠 လေ့ကျင့်ခန်း ပုံမှန်မပြုလုပ်ခြင်း၊ စိတ်ဖိဆီးမှုများခြင်းနဲ့ တားမြစ်ဆေးဝါးများ အသုံးပြုခြင်းကလည်း နှလုံးသွေးကြောကျဉ်း ပိုဖြစ်လာစေပါတယ်

☄️ မိသားစုအတွင်း နှလုံးဖောက်ဖူးသူရှိရင်လည်း သတိထားဖို့ လိုအပ်ပါတယ်
❣️ အားလုံးပဲ ကျန်းမာပျော်ရွှင်ကြပါစေရှင်


နှလုံးသွေးကြောကျဉ်းရောဂါရှိ/မရှိကို ရောဂါလက္ခဏာများ တိုင်ပင်ဆွေးနွေးခြင်းအပြင် နှလုံး ECG ဆွဲ၍ စစ်ဆေးခြင်းကို #အေးသုခ ဆေးခန်းတွင် လုပ်ဆောင်နိုင်ပါသည်ရှင့် 📢📢📢

#အေးသုခဆေးခန်း
#ပြည်
☎️ 09-793214342

🤢 ဝမ်းပျက် ဝမ်းလျှောရင် ဘယ်လိုသက်သာအောင်လုပ်မလဲ ✴️ ဝမ်းလျှောတယ်ဆိုတာ ❗▪️တရက်အတွင်းမှာ ပုံမှန်ထက်ပိုပြီး ခဏခဏသွားတာ၊ ဝမ်း...
05/08/2023

🤢 ဝမ်းပျက် ဝမ်းလျှောရင် ဘယ်လိုသက်သာအောင်လုပ်မလဲ

✴️ ဝမ်းလျှောတယ်ဆိုတာ ❗

▪️တရက်အတွင်းမှာ ပုံမှန်ထက်ပိုပြီး ခဏခဏသွားတာ၊ ဝမ်းကလဲ ပျော့မယ်(သို့) အရည်ဖြစ်မယ်၊ ဝမ်းသွားချင်ပြီဆို ထိန်းမရဘူး၊ အဲ့တာကို ဝမ်းလျှောတာလို့ ခေါ်ပါတယ်
အဲ့တာနဲ့အတူ -
▪️ဗိုက်ရစ်ပြီးနာတာ
▪️အော့အန်တာ
▪️ဝမ်းထဲသွေးပါတာ
▪️ဝမ်းမဲမဲသွားတာ
▪️ဖျားတာတို့ တွဲဖြစ်တတ်ပါတယ်
▪️ပုံမှန်အားဖြင့် ဝမ်းသွားတာ (၁)ရက် (၂)ရက်လောက်ပဲ ကြာတတ်ပါတယ်

✴️ ဘာကြောင့်ဝမ်းလျှောတတ်သလဲ❓

▪️ဗိုင်းရပ်စ်ပိုးတွေ
▪️ဘက်တီးရီးယား နဲ့ ကပ်ပါးပိုးတွေ (အစာနဲ့ရေ မသန့်ရင် ပါတတ်)
▪️နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာပါတဲ့ လက်တို့ဓာတ်၊ ဖရက်တို့ဓာတ်တို့နဲ့ မတည့်တာ
▪️သောက်တဲ့ဆေးတွေ - Antibiotic ပိုးသတ်ဆေး
▪️အစာအိမ်နဲ့ သည်းခြေအိတ်ခွဲစိတ်ခံထားရရင်
▪️အစာအဆိပ်သင့်တာ
▪️လျှောတာ တပတ်ထက်ပိုကြာပြီး ခဏခဏဖြစ်နေရင်တော့ အူလမ်းကြောင်းဆိုင်ရာ တခြားရောဂါတွေကြောင့် ဖြစ်တတ်ပါတယ် (eg; IBS, IBD, celiac)

✴️ ဝမ်းလျှောရင် ဘာသတိထားရမလဲ❓

🚩ဝမ်းလျှောတာများရင် ရည်ဓာတ်ဆုံးရှုံးပြီး အသက်အန္တရာယ်ရှိတတ်ပါတယ် (ကလေးတွေမှာ ပိုသတိထားရတတ်ပါတယ်)
ရေဓာတ်ဆုံးရှုံးတဲ့ လက္ခဏာတွေက -
▪️လူကနုံးနေမယ်
▪️အာခေါင်ခြောက်တယ်
▪️မျက်တွင်းဟောက်ပက် ဖြစ်တယ်
▪️နှလုံးခုန်းနှုန်းမြန်တယ်
▪️ခေါင်းမူးတယ်
▪️ရေကို အငမ်းမရသောက်ချင်တယ်
▪️ဆီးသွားနည်းသွားတယ်

✴️ ဘယ်လိုကုသရမလဲ❓

✅ အဓိကက ရေဓာတ်ဖြည့်ပေးဖို့လိုပါတယ် - ဓာတ်ဆားရည်၊ စွတ်ပြုတ်၊ အားကစားအားဖြည့်အချိုရည် စတာတွေကို ထွက်သလောက် ပြန်သောက်ပေးဖို့ လိုပါတယ်
▪️လူနာစားနိုင်ရင် ထမင်းတို့ ငှက်ပျောသီးတို့ အသားတို့ ကျွေးလို့ရပါတယ်
▪️ဝမ်းပျော့စေမဲ့ အစားအစာတွေ၊ နို့ထွက်ပစ္စည်းတွေ၊ ကော်ဖီ၊ အရက် ရှောင်ပါ
▪️အစားမဝင်ရင် ဆရာဝန်နဲ့ပြပြီး လိုအပ်ပါက ပုလင်းကြီးချိတ်လို့ရပါတယ်
▪️ရောဂါရာဇဝင်နဲ့ လူနာရဲ့လက္ခဏာတွေ၊ ဝမ်းကိုစစ်ဆေးမှု အဖြေတွေကိုကြည့်ပြီး လိုအပ်ရင် 𝐀𝐧𝐭𝐢𝐛𝐢𝐨𝐭𝐢𝐜 ပိုးသတ်ဆေး သောက်ဖို့လိုပါတယ် (ဝမ်းလျှောတိုင်း မလိုပါ)
▪️ဝမ်းပိတ်ဆေးကို သောက်လို့တော့ရပါတယ် (ဒါပေမယ့် အူထဲက ပိုးတွေမကုန်သေးဘဲ ဝမ်းပိတ်သွားရင် ရောဂါပိုဆိုးတတ်ပါတယ်)
▪️ 𝐏𝐫𝐨𝐛𝐢𝐨𝐭𝐢𝐜 လို့ခေါ်တဲ့ အကျိုးပြုပိုးတွေပါတဲ့ ဆေးကို သောက်လို့ရပါတယ်၊ အူထဲက မကောင်းတဲ့ပိုးတွေကို ခုခံပေးနိုင်ပါတယ်

✴️ ဘယ်လိုအခါမျိုးမှာ ဆေးခန်းပြသင့်သလဲ❓

▪️ဝမ်းက (၂)ရက် ထက်ပိုသွားနေရင်
▪️ဝမ်းထဲသွေးပါရင်၊ ဝမ်းမဲမဲသွားရင်
▪️ဖျားတာ အပူချိန်က 102'F ထက် များရင်
▪️ရေဓာတ်ဆုံးရှုံးတဲ့ လက္ခဏာတွေရှိနေရင်
▪️အစာနဲ့ရေ ဝင်အောင်မစားနိုင်ရင်

✴️ ဝမ်းမလျှောအောင် ကာကွယ်နည်း❗

✅အစာနဲ့ရေသန့်ရှင်းရေးက အလွန်အရေးကြီးပါတယ်၊ ဝမ်းလျှောစေတဲ့ပိုးတွေက မျက်စိနဲ့မမြင်ရပါဘူး
▪️အဲ့အတွက် လက်ကို စနစ်တကျသေချာ ဆေးကြောပေးဖို့ လိုပါတယ်
▪️အိမ်သာတက်ပြီး၊ အစာမစားမီ၊ အစားအစာတွေမချက်ပြုတ်မီ လက်ကိုဆပ်ပြာနဲ့ မိနစ်(၂၀)ခန့် သေချာဆေးပါ၊ ရေမရှိရင် Alcohol 60%ပါတဲ့ လက်သန့်ဆေးရည်နဲ့ဆေးပါ
▪️ချက်ပြုတ်တဲ့ အစားအစာနဲ့ အိုခွက်တွေကို သန့်ရှင်းအောင် ထားပါ
▪️ချက်ပြုတ်ပြီးတဲ့ အစာတွေကို ယင်မနားအောင်ထားပါ
▪️ပူပူနွေးနွေးချက်ပြုတ်ပြီး စားပါ
▪️နောက်တခေါက်စားမဲ့ အစာတွေကို ရေခဲသေတ္တာထဲ သိမ်းဆည်းထားပါ
▪️သန့်ရှင်းတဲ့ရေကိုပဲ သောက်သုံးပါ
▪️ကလေးတွေမှာတော့ ရိုတာပြင်းထန်ဝမ်းလျှောရောဂါကို ကာကွယ်ဖို့ ကာကွယ်ဆေးတိုက်လို့ရပါတယ်။
Source _ Za wa na

Source: ZaW

😷 ရာသီတုပ်ကွေး (Flu)😷ဒီရက်ပိုင်းမှာ ကလေးရော၊ လူကြီးပါ တုပ်ကွေးဖျား ဖျားကြတယ်။ အသက်ရှူလမ်းကြောင်းမှ ကူးစက်တဲ့ ဗိုင်းရပ်စ်...
29/07/2023

😷 ရာသီတုပ်ကွေး (Flu)😷

ဒီရက်ပိုင်းမှာ ကလေးရော၊ လူကြီးပါ တုပ်ကွေးဖျား ဖျားကြတယ်။ အသက်ရှူလမ်းကြောင်းမှ ကူးစက်တဲ့ ဗိုင်းရပ်စ်ပိုးတွေ လေထုထဲ ပြန့်နှံ့နေတဲ့အတွက် မကူးစက်အောင် ကာကွယ်ရေးနည်းလမ်းတွေ လုပ်ရပါမယ်။

💃 သင်က နေကောင်းနေတဲ့သူဆိုလျှင်…
(၁) ဖျားနေတဲ့သူနဲ့ အနီးကပ်မနေပါနှင့်။ ချောင်းဆိုးတဲ့သူတွေနဲ့ မျက်နှာချင်းဆိုင် စကားပြောခြင်း ရှောင်ပါ။
(၂) နှာခေါင်းစည်း mask တပ်ပါ။
(၃) လက်ဆေးပါ။
ရေနှင့် ဆပ်ပြာ အလွယ်တကူမရှိပါက alcohol hand gel ဖြင့်ဆေးပါ။ (အထူးသဖြင့် လူထူထပ်သော နေရာများမှ ပစ္စည်းတစ်ခုခုကိုင်ပြီးတိုင်း လက်ဆေးပါ။)
(၄) မျက်စိ၊ နှာခေါင်း၊ ပါးစပ်နှင့် မျက်နှာကို ခဏခဏမကိုင်ပါနှင့်။
(၅) ကျန်းမာအောင် နေထိုင်ပါ။
(အိပ်ရေးဝအောင် အိပ်ပါ။ အာဟာရပြည့်အောင် စားပါ။ ရေ/ အရည်များများသောက်ပါ။ ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ။ စိတ်ဖိစီးမှုမရှိအောင် နေပါ။
(၆) တုပ်ကွေး ကာကွယ်ဆေး (၁နှစ်၁ကြိမ်) ထိုးပါ။

🤒 တုပ်ကွေးဖျား ဖျားပြီဆိုရင် ဘာတွေလုပ်ရမလဲ !

🤒 ဖျားပြီဆိုလျှင်…
(၁) ဖျားနေတဲ့အချိန်မှာ အိမ်မှာပဲနေပါ။ အလုပ်မသွားပါနှင့်။ အပြင်မထွက်ပါနှင့်။ ဖျားတဲ့ ကလေးကို ကျောင်းမလွှတ်ပါနှင့်။
အဖျားပျောက်ပြီး ၂၄နာရီပြည့်မှ အပြင်ပြန်ထွက်ပါ။
(၂) ဖျားနေတဲ့သူကို အိမ်မှာ အခန်းသီးသန့်ခွဲထားပါ။ တုပ်ကွေးဖြစ်သူ တစ်ယောက်ထပ် ပိုလျှင် ဖျားတဲ့သူတွေကို အခန်းတူတူထားလို့ရပါတယ်။
(၃) နှာချေ/ ချောင်းဆိုးလျှင် အဝတ်၊ တစ်သျှူးနှင့် အုပ်၍ဆိုးပါ။
(၄) လက်ကို မကြာခဏဆေးပါ။
(၅) ကောင်းကောင်းအနားယူပါ။ အိပ်ရေးဝဝ အိပ်ပါ။
(၆) ရေဓါတ်ပြည့်ဝနေအောင် ရေ၊ ဓါတ်ဆားရည်၊ စွပ်ပြုတ်ရည် များများသောက်ပါ။ အစာ ကောင်းကောင်းမစားနိုင်လျှင် အရည်ပိုသောက်ပါ။ (အရက်၊ caffeine ပါတဲ့အရည်တွေနှင့် အချိုရည်တွေ ရှောင်ပါ။)
(၇) အာဟာရပြည့်ဝအောင် စားပါ။ Vitamin C ကြွယ်ဝတဲ့အစားအစာများ ပါအောင်စားပါ။
(၈)အဖျားကြီးလျှင် ရေအေးဝတ်ကို နဖူး၊ လည်ပင်း၊ ဂျိုင်းကြား၊ ပေါင်ကြား ရေပတ်တိုက်ပေးပါ။ ရေချိုးလို့ ရပါတယ်။
ချမ်းတုန်လျှင် စောင်နွေးနွေးခြုံပြီး ရေနွေးသောက်ပေးပါ။
(၉) လည်ချောင်းယား/ နာလျှင် ပူရှိန်ငုံဆေးငုံပါ။ ဆားရည်နွေးနဲ့ အာလုပ်ကျင်းပါ။

🚨ပြင်းထန်လက္ခဏာတွေ ဖြစ်လာလျှင် ဆေးရုံ၊ ဆေးခန်း အမြန်သွားပြပါ။ ဘယ်လိုလက္ခဏာတွေလဲဆိုတော့

ကလေးတွေမှာ…
- အသက်ရှူမြန်ခြင်း၊ အသက်ရှူကြပ်ခြင်း
- နှုတ်ခမ်း၊ မျက်နှာ ပြာခြင်း
- အသက်ရှူလျှင် ရင်ဘတ်ချိုင့်ဝင်ခြင်း
- ကြွက်သားများ အလွန်နာခြင်း (ဥပမာ - ကလေး လမ်းမလျှောက်နိုင်ခြင်း)
- ပါးစပ်မှ အရည် ကောင်းကောင်းမဝင်ခြင်း
- ရေဓါတ်ခမ်းခြောက်ခြင်း (၈နာရီအတွင်း ဆီး၁ခါမှ မသွားခြင်း၊ နှုတ်ခမ်းခြောက်ခြင်း၊ ငိုသည့်အခါ မျက်ရည်မထွက်ခြင်း)
- မှိန်းခြင်း
- ဂနာမငြိမ်ဖြစ်ခြင်း
- တက်ခြင်း
- အဖျား ၁၀၄ ဒီဂရီဖာရင်ဟိုက် အထက်ဖြစ်ခြင်း
- အဖျား/ ချောင်းဆိုး သက်သာပြီးမှ တဖန်ပြန်ဖြစ်ခြင်း

လူငယ်၊ လူကြီးတွေမှာ…
- အသက်ရှူရခက်ခြင်း၊ အသက်ရှူကြပ်ခြင်း
- ရင်ဘတ်နှင့် ဗိုက် အောင့်ခြင်း၊ တင်းကြပ်ကြပ်ဖြစ်ခြင်း
- ရုတ်တရက် ခေါင်းမူးခြင်း
- စိတ်ရှုပ်ထွေး၍ ဂယောင်ဂတမ်းဖြစ်လာခြင်း
- တက်ခြင်း
- အဆက်မပြတ်အန်ခြင်း
- ကြွက်သားများ အလွန်အမင်း နာကျင်ခြင်း
- အဖျား/ ချောင်းဆိုး သက်သာပြီးမှ တဖန်ပြန်ဖြစ်ခြင်း
- နဂိုရှိရင်းစွဲ နာတာရှည်ရောဂါ အခြေအနေတစ်ခုခု ဆိုးလာခြင်း
စသည်တို့ဖြစ်ပါတယ်။

🚨 တုပ်ကွေးလက္ခဏာ မပြင်းထန်သော်လည်း
- အသက် ၅နှစ်အောက် ကလေးများ
- အသက် ၆၅နှစ်အထက် လူကြီးများ
- ကိုယ်ဝန်ဆောင်သည်များ
- နာတာရှည်ရောဂါတစ်ခုခု ရှိသူများ ကတော့ တုပ်ကွေးရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရနိုင်ချေများလို့ စောစီးစွာ ဆရာဝန်နှင့် ကုသသင့်ပါတယ်။
၂၀၂၃ တုပ်ကွေးရာသီချိန်ကို ကျန်းမာစွာဖြတ်ကျော်နိုင်ကြပါစေ။

#‌အေးသုခဆေးခန်း
#ပြည်
☎️09-793214342
#ရာသီတုပ်ကွေး၂၀၂၃

Address

No. ( A-17)၊ ဆောက်လုပ်ရေးအိမ်ယာ၊ စက်မှုလယ်ယာရှေ့၊ ပြည်-အောင်လံလမ်းမ။
Pyay

Opening Hours

Monday 07:30 - 19:00
Tuesday 07:30 - 19:00
Wednesday 07:30 - 19:00
Thursday 07:30 - 19:00
Friday 07:30 - 19:00
Saturday 07:30 - 19:00
Sunday 07:30 - 19:00

Telephone

+959793214342

Website

Alerts

Be the first to know and let us send you an email when Aye Thukha Family Medicine Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Aye Thukha Family Medicine Clinic:

Share

Category