စိန်ရတနာဆေးတိုက်

စိန်ရတနာဆေးတိုက် စိန်ရတနာဆေ:တိုက်

14/12/2018

အရိုးနဲ့ အဆစ်အမြစ်တွေက ခန္ဓာကိုယ်တစ်ခုလုံးကို ထောက်ပံ့ပေးထားတာဖြစ်တာကြောင့် သေချာ ဂရုမစိုက်လို့ နာကျင်ရင်...

30/11/2018

ကျွန်တော်သည် ဒူးနာဝေဒနာရှင်တစ်ဦး ဖြစ်ပါသည်။ ၁၉၉၅ခုက ကားတိုက်ခံရစဉ် ပေါင်သုံးပိုင်း ကျိုးသည်နှင့်အတူ ဒူးက.....

04/07/2016

ပန်းနာရောဂါ၊ လည်ချောင်းနာ၊ ချောင်းဆိုးခြင်းနဲ့ အဆုတ်ရောဂါတွေအတွက် အကောင်းဆုံးသဘာဝဆေးနည်း

04/07/2016

သစ်ရွက်စိမ်းဖျော်ရည် --
**********************
Momolay App >>> www.momolay.com/download

ဟင်းနုနွယ်လက်တဆုပ်စာ၊ သခွားသီးတစ်စိတ်၊ နာနတ်သီးတစ်စိတ်တို့ကို ပျားရည်နဲ့ဆားအနည်းငယ်ထည့်ကာ ဖျော်ရည်ဖျော်စက်ထဲထည့်ပြီးဖျော်သောက်ပါ။

အရသာကတော့ကောင်းမှာမဟုတ်ပါဘူး။ ဒါပေမယ့် သွေးတိုး၊ဆီးချိုကျစေပြီး သဲခြေမှ အဆိပ်ထုတ်ပေးကာ၊ အစာခြေစနစ်ကောင်းမွန်စေခြင်း ၀ိတ်ကျခြင်း၊ ကင်ဆာကာကွယ်ခြင်း အစရှိတဲ့ကျေးဇူးတွေ ခံစားရမှာပါ။
ပန်းအိ(မိုမိုလေး)

23/06/2016
18/06/2016

ခြေဖဝါး ကြမ်းတမ်း၍ကွဲအက်ခြင်းများကို
Beauty Saloon သွားစရာမလိုဘဲ အိမ်မှာ
ကိုယ်တိုင်ကုသနည်းလေးပါ

ပထမနည်း

ဇလုံထဲတွင် ဆိုဒါ တစ်ခွက်၊ သံပုရာရည် စားပွဲဇွန်း ၃ဇွန်း နှင့် ရေနွေးအသင့်အတင့် တို့ကိုရောစပ်၍ ခြေထောက်ကို ၁၅ မှ ၃၀ မိနစ်ခန့်စိမ်ပေးပြီးလျှင် brush ဖြင့် ခြေဖိနောက်နှင့်ခြေသည်းများကို တိုက်ပေးပါ။ ပြီးလျှင် အုန်းဆီ သို့မဟုတ် ကိုယ်ကြိုက်နှစ်သက်သော အလှဆီကိုလိမ်းပေးပါ။

ဒုတိယနည်း

ဇလုံထဲတွင် Listerine ပလုတ်ကျင်းရေ သို့မဟုတ် ကိုယ်ကြိုက်နှစ်သက်ရာ ပလုတ်ကျင်းရေ တစ်ခွက်၊ ရှာလကာရည် တစ်ခွတ် နှင့် ရေနွေး ၂ ခွက်တို့ကို ရောစပ်ပေး၍ ခြေထောက်ကို ၁၅ မှ ၃၀ မိနစ်အထိ စိမ်ပေးပြီးလျှင် ခြေဖိနောက်နှင့် ခြေသည်းများကို brush ဖြင့်တိုက်ပေးပါ။ ပြီးလျှင် ကိုယ်ကြိုက်နှစ်သက်ရာ အလှဆီ သို့မဟုတ် အုန်းဆီလိမ်းပေးပါ။

လှပလင်းလက်တောက်ပပြီး ရှုမဝတဲ့ ခြေထောက်လေးတွေကိုပိုင်ဆိုင်နိုင်မှာပါ။

ဖက်ရှင်နှင့်ဘဝ

18/06/2016
21/05/2016

ကျောက်ကပ်ကို ပျက်စီးစေသည့် ဒညင်းသီး

မိမိတို့မြန်မာလူမျိုးများဟာ ဒညင်းသီးကို နှစ်သက်စွာ စားသုံးနေကြတာကို နိုင်ငံခြားသားများက မြင်တွေ့ရတိုင်း အလွန်ကို အံ့သြစွာ ငေးမောကြပါတယ်။ အကြောင်းကတော့ အင်္ဂလိပ်လို Jengkol လို့ခေါ်တဲ့ ဒညင်းသီးဟာ အဆိပ်တွေ ပါဝင်နေတဲ့အသီးလို့ သတ်မှတ်ထားကြပြီး သူတို့က မစားကြလို့ပါပဲ။

ဒညင်းသီးတစ်လုံးမှာ ပါဝင်တဲ့အဆိပ်ဟာ 0.3% မှ 1.3% အထိ ရှိနေပြီး ဒညင်းသီးကို စားသုံးသူရဲ့ ကျောက်ကပ်နှစ်ခုစလုံးဟာ ၁နှစ်မှ ၅ နှစ်အတွင်း တဖြေးဖြေးနဲ့ ပျက်စီးသွားနိုင်ပါတယ်။

ဒညင်းသီးမှာ ကောင်းကျိုးအနည်းငယ် ရှိပေမယ့် အဆိပ်ထုပ်ပြီး နည်းစနစ်မှန်မှန်နဲ့စားရင် အရသာကောင်းမွန်ပေမယ့် များသောအားဖြင့် ဖြစ်သလို၊ ကြုံသလိုပဲ စားကြတဲ့အတွက် အဆိပ်ဟာ ခန္ဓာကိုယ်ထဲမှာ မသိမသာ ပြန့်နှံ့ သွားပြီး ရေရှည်မှာတော့ ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းများကို ပျက်စီးစေကာ သက်လုံနဲ့ဆိုင်တဲ့ အားအင်များကိုလည်း ယုတ်လျော့စေကာ ကျန်းမာရေးတွေ ဆိုးဝါးသွားစေပါတယ်။

အများပြောနေကြတဲ့ ဆားရည်စိမ်ရင်၊ မီးအပူရှိန်ဘယ်လောက်နဲ့ချက်ရင် အဆိပ်ပြယ်တယ် စတာတွေက မမှန်ပါဘူး။ ဒညင်းသီးထဲက အဆိပ်ဟာ မြေကြီးနဲ့ ရေထဲမှာတောင် အချိန်အကြီး ခံနိုင်ပါတယ်။

အခြားစားစရာတွေ သိပ်ပြီးမရှားလှတဲ့ ကျနော်တို့နိုင်ငံမှာ အဆိပ်သီးကိုတော့ ရှောင်ကြဉ်ကြစေပါချင်တယ် မိတ်ေ်ဆွတို့။

အသက်ကိုဉာဏ်စောင့် ဆိုတဲ့စကားအတိုင်း ဉာဏ်ရှိသလို အသက်ရှည်နိုင်ကြပါစေ။

စောနွဲ့ နေဆိုင် - ပူတာအို
အစွမ်းထက် သဘာဝဆေးနည်းများ

11/05/2016

Address

(2590), 1 Street, Sri-Ketra Myothit
Pyay

Website

Alerts

Be the first to know and let us send you an email when စိန်ရတနာဆေးတိုက် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram