08/05/2024
📌အနာကောင်းကောင်းကျက်မြန်ဖို့ အသားဓာတ်ဖြည့်တင်းစို့...
📌ခွဲစိတ်ပြီး လူနာများ၊ ကိုယ်ခန္ဓာထိခိုက်မှုကြောင့် အနာတရဖြစ်သူများ၊ ဆီးချိုကြောင့် ဖြစ်သောအနာများမှာ အသားဓာတ်ချို့တဲ့လျှင် အနာကျက်ဖို့ ကြန့်ကြာနေတတ်ပါတယ်။
📌𝗔𝗿𝗴𝗶𝗻𝗶𝗻𝗲 (အာဂျနင်း) အသားဓာတ်ဟာဆိုရင် ခန္ဓာကိုယ်မှာ ဆဲလ်နှင့် တစ်ရှုး အသစ်များပွားများဖို့အတွက်နဲ့ ထိခိုက်မှုများကြောင့် ဖြစ်ပေါ်တတ်သော ခန္ဓာကိုယ် ရောင်ရမ်းမှုများကိုလည်း လျော့ပါးသက်သာစေနိုင်ပါတယ်။
📌ဒါ့အပြင် 𝗹𝗲𝘂𝗰𝗶𝗻𝗲 (လူစင်း)၊ 𝗜𝘀𝗼𝗹𝗲𝘂𝗰𝗶𝗻𝗲 (အိုင်ဆိုလူစင်း) နဲ့ 𝘃𝗮𝗹𝗶𝗻𝗲 (ဗေလင်း) အစရှိသည်တို့ ပါဝင်တဲ့အသားဓာတ်များကို သေချာမျှတစွာစားသောက်မယ်ဆိုရင် ဆီးချိုကြောင့်ဖြစ်သော ခြေထောက်အနာများမှာလည်း အနာကျက်အသားတက်မြန်နိုင်ကြောင်းကို (၂၀၂၃) ခုနှစ်ထုတ် စာတမ်းတစ်ခုမှာ ဖော်ပြထားပါတယ်။
📌ဒါ့ကြောင့် ဆီးချိုကြောင့် ဖြစ်သောအနာများ၊ ခွဲစိတ်ပြီးလူနာများ၊ ကိုယ်ခန္ဓာထိခိုက်မှုကြောင့် အနာတရဖြစ်နေကြသူများဟာ အနာကျက်ပြီးအသားတက်မြန်ဖို့ဆိုရင် အသားဓာတ်များကိုသင့်တင်စွာ ရွေးချယ်စားသောက်ပေးဖို့ လိုအပ်ပါတယ်။
💊🇦🇺ယခုအစီအစဉ်ကို 𝗔𝘂𝘀𝘁𝗿𝗮𝗹𝗶𝗮 နိုင်ငံထုတ် အရည်အသွေးမြင့် အသားဓာတ်အားဖြည့်ဆေး 𝗣𝗿𝗼𝘁𝗶𝗻𝗲𝘁 မှ ကျန်းမာရေးဗဟုသုတအနေနဲ့ တင်ဆက်ပေးလိုက်ပါတယ်။
𝗥𝗲𝗳𝗲𝗿𝗲𝗻𝗰𝗲𝘀
📌Tavakoli, M., Labbaf, S., Mirhaj, M., Salehi, S., Seifalian, A.M. and Firuzeh, M., 2023. Natural polymers in wound healing: From academic studies to commercial products. 𝘑𝘰𝘶𝘳𝘯𝘢𝘭 𝘰𝘧 𝘈𝘱𝘱𝘭𝘪𝘦𝘥 𝘗𝘰𝘭𝘺𝘮𝘦𝘳 𝘚𝘤𝘪𝘦𝘯𝘤𝘦, 140(22), p.e53910.
📌Ma, Y.K., Lin, Y.H., Lin, H.C., Jeng, C.H., Chen, C.C. and Lin, S.H., Effect of Branched-Chain Amino Acids on Wound Healing in Patients with Diabetic Foot Ulcers. 𝘊𝘭𝘪𝘯 𝘊𝘢𝘴𝘦 𝘙𝘦𝘱 𝘐𝘯𝘵. 2023; 7, 1610.