22/07/2023
Low Back Pain (ခါးနာခြင်း)
ခါးနာခြင်းသည် ကမ္ဘာတစ်ဝှမ်းတွင် အသက်အရွယ်မရွေး အဖြစ်များသော ရောဂါဖြစ်သည်။ အထူးသဖြင့် ခါးအောက်ပိုင်း နှင့် တင်ပါးတစ်ဝိုက်တွင် နာကျင်၍ မသက်မသာ ခံစားမှု့ကို ဖြစ်စေသည်။ ထိုနာကျင်မှု့သည် အပျော့စား နာကျင်မှုမှ ပြင်းထန်ပြီး မခံမရပ်နိုင် နာကျင်ကိုက်ခဲမှု့ထိ ဖြစ်နိုင်ပါသည်။
ခါးနာခြင်း ဖြစ်နိုင်ချေ အကြောင်းအရင်း များစွာ ရှိပါသည်။ ၎င်းတို့မှာ ကျောရိုးတစ်ဝိုက်ရှိကြွက်သားများ အလွန်အကျွံ အသုံးပြုရသော အားကစားများ ပြုလုပ်ခြင်း၊ အလေးအပင်များကို ကိုယ်ဟန် အနေအထား မမှန်ပဲမခြင်း၊ ကိုယ်ဟန်အနေအထား မမှန်ကန်ခြင်းများကြောင့် ဖြစ်စေနိုင်ပါသည်။ အဆိုပါအကြောင်းအရာများကြောင့် ကျောရိုးအဆစ် နှစ်ခုကြားရှိ ကူရှင်ကဲ့သို့သော အပြားချပ် ပေါက်ပြဲကာ အနီးအနားရှိ အာရုံကြောများ အပေါ်ဖိမိခြင်း၊ ကျောရိုးဆစ်များ ရောင်ရမ်းခြင်းနှင့် တောင့်တင်းခြင်းကြောင့် အဆစ်အမြစ်များ ရောင်ရမ်းကာ ခါးနာရောဂါ ဖြစ်ပွါးစေပါသည်။
ခါးနာရောဂါအများစုသည် ရက်သတ္တပတ် အနည်းငယ် အနားယူခြင်း၊ ညင်သာသောလေ့ကျင့်ခန်းများ နှင့် အကိုက်အခဲ ပျောက်ဆေးများကို သောက်ခြင်းဖြင့်သီတင်းပတ် အနည်းငယ်အတွင်း ပျောက်ကင်းနိုင်သော်လည်း အဆက်မပြတ်သို့မဟုတ် ပြင်းထန်စွာ နာကျင်နေပါက ဆေးကုသမှု့ ခံယူရန် လိုအပ်ပါသည်။
ကုသမှု့ပိုင်းတွင်
- လေ့ကျင့်ခန်းဆိုင်ရာကုထုံးများ၊
- ဆေးဝါးဆိုင်ရာကုထုံးများ၊
- အသေးစားခွဲစိတ်ကုသမှုကုထုံးများ ပြုလုပ်နိုင်ပါသည်။
ခါးနာခြင်းကို ကာကွယ်ရန်နှင့်အဓိက ကြွက်သားများအားကောင်းစေရန် ပုံမှန်လေ့ကျင့်ခန်း အပါအဝင်
— ကျန်းမာသော နေထိုင် စားသောက်မှု့ ပုံစံထိန်းသိမ်းခြင်း
— ကိုယ်အလေးချိန်ထိန်းသိမ်းခြင်း
— အထူးအားဖြင့် ပုံသဏ္ဌန် မ မှန်သော ခန္ဓာကိုယ် အနေအထား ဖြင့် အလေးအပင်မခြင်းကို ရှောင်ကြည်ရပါမည်။
ခါးနာခြင်းကို ပြင်းထန်စွာ ဆက်တိုက်ခံစားရပါက တိကျသော ရောဂါရှာဖွေခြင်းနှင့် သင့်လျော်သော ကုသမှုအတွက် ကျွမ်းကျင်သော ဆရာဝန်များနှင့် တိုင်ပင် ဆွေးနွေးရန် အရေးကြီးပါသည်။ စောစီးစွာကုသခြင်းနှင့် ကျန်းမာသောအလေ့အထများကိုကျင့်သုံးခြင်းသည် ခါးကျန်းမာရေး၊ အလုံးစုံကျန်းမာရေးကို တိုးတက် စေနိုင်ပါသည််။
Photo Credit
📚ကျန်းမာရေး ဗဟုသုတများ ရေးသားသွားမှာဖြစ်လို့ Page လေးကို Like လုပ်ဖို့ မမေ့နဲ့နော် 😉
“သွက်လက် လှုပ်ရှား စွမ်းပကား
အရိုးအကြော အတွက်ဆို စံထိပ်ထား“
🏥 စံထိပ်ထားဆေးခန်း 🩻
အမှတ်(၁၆/၅၉၆)၊ (၁၉)လမ်း၊ပေါင်းလောင်း(၃)ရပ်ကွက်၊ ပျဉ်းမနားမြို့။ (နှင်းဆီအဝိုင်းနား ပုလဲရွှေစင်ဆိုင် နှင့် ရဲကြီးထမင်းဆိုင်လမ်းကြား)
📞 09754413439, 09690777263