Dr. Mon Mon

Dr. Mon Mon ကလေးနှင့်အ‌ထွေထွေရောဂါကုဆေးခန်း

ကလေးရောဂါကုသခြင်း၊ ကလေးကျန်းမာရေးဆွေးနွေးတိုင်ပင်ခြင်း၊ ‌အမျိုးသမီး/အမျိုးသားရောဂါနှင့် သားဆက်ခြားနည်းလမ်းများ၊ နှလုံး၊ သွေးတိုး၊ ဆီးချို/သွေးချိုရောဂါများ၊ လေးဖက်နာရောဂါ၊ အထွေထွေနှင့်ဖျားနာရောဂါများ ဆွေးနွေးတိုင်ပင်/ကုသခြင်းများ အသေးစားခွဲစိတ်ကုသခြင်းများအပြင် အွန်လိုင်းမှဆွေးနွေးတိုင်ပင်ခြင်းနှင့် အိမ်တိုင်ရာရောက် ကျန်းမာရေး ဝန်ဆောင်မှုများ ဆောင်ရွက်ပေးပါသည်။

🙏ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့🙏ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်ထားရာ နေ့ထူးနေ့မြတ်အခါသမယမှာ ကုသိုလ်တရားတွေပွားများနိုင်ပြ...
09/07/2025

🙏ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့🙏

ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်ထားရာ

နေ့ထူးနေ့မြတ်အခါသမယမှာ

ကုသိုလ်တရားတွေပွားများနိုင်ပြီး

ခုနစ်ရက်သားသမီးအပေါင်း ကိုယ်ကျန်းမာ

စိတ်ချမ်းသာ ဘေးဘယာတွေကင်းဝေး

နှလုံးစိတ်ဝမ်းအေးချမ်းပါစေကြောင်း

ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင်🙏🙏🙏

"တတိယလှိုင်း ဗီဇပြောင်း Covid 19 ရောဂါလက္ခဏာများ"            ကူးစက်ခံရပြီး ၁ ရက်မှ ၃ ရက်၁။ သာမာန်အအေးမိအဖျားနှင့် ဆင်တူသ...
22/05/2025

"တတိယလှိုင်း ဗီဇပြောင်း Covid 19 ရောဂါလက္ခဏာများ"

ကူးစက်ခံရပြီး ၁ ရက်မှ ၃ ရက်
၁။ သာမာန်အအေးမိအဖျားနှင့် ဆင်တူသည်။
၂။ လည်ချောင်း အနည်းငယ်နာသည်။
၃။ ဖျားနာကိုက်ခဲ ပင်ပန်းနွမ်းနယ်ခြင်း မရှိ။
၄။ ပုံမှန်အတိုင်း အစားအသောက် မပျက်။

၄ ရက်မြောက်နေ့
၁။ အာသီး အနည်းငယ်ယောင်သည်။
၂။ စကားပြောလျှင် လည်ချောင်း နာလာသည်။
၃။ ကိုယ်အပူအချိန်မှာ ပုံမှန်အပူချိန် 36.5C ဖြစ်သည်။
သို့သော် အစားသောက်မြိုချရာတွင် အခက်အခဲရှိသည်။
ခေါင်းအနည်းငယ်ကိုက်မည်။
၄။ light belly အစာအိမ်လေထမည်။ အရက်မူးသကဲ့သို့
အနည်းငယ် မူးဝေနေမည်။

၅ ရက်မြောက်နေ့
၁။ လည်ချောင်းနာနေမည်။ ပင်ပန်းနွမ်းနယ်နေမည်။
၂။ ကိုယ်အပူချိန် 36.5-36.7C တွင်ရှိမည်
၃။ အဆစ်အမြစ် ကိုက်ခဲနာကျင်မည်။

၆ ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 37 C+ အထက်ရောက်လာသည်။
၂။ သလိပ်မထွက်သည့် ချောင်းခြောက်ဆိုးသည်။
၃။ စကားပြောတိုင်း အစာစားတိုင်း လည်ချောင်း
နာကျင်နေမည်။
၄။ အားအင်ကုန်ခမ်းပြီး မောပန်းနွမ်းနယ်နေမည်။
၅။ ရံဖန်ရံခါတွင် အသက်ရှူရန် အခက်အခဲဖြစ်လာမည်။
၆။ inches feel pain ခြေချောင်းများ နာကျင်လာမည်။
၇။ ဝမ်းလျှော၍ အော့အန်မည်။

၇ ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 37.4-37.8C ရှိလာသည်။
၂။ ချောင်းအဆက်မပြတ်ဆိုးပြီး သလိပ်ပျစ်ပျစ်များ
ထွက်နေမည်။
၃။ ခေါင်းကိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ကိုက်ခဲနာကျင်နေ
မည်။
၄။ အပြင်းအထန် ဝမ်းလျှောမည်။
၅။ အော့အန်မည်။

၈ ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 38C +++ အထက်ထိရောက်လာပြီး
အပြင်းအထန်ဖျားလာမည်။
၂။ အသက်ရှူရန် အခက်အခဲဖြစ်လာသည်။
၃။ ချောင်းအဆက်မပြတ်ဆိုးမည်။
၄။ ခေါင်းကိုက်ပြီး အဆစ်အမြစ်နှင့် ကြွက်သားများ
နာကျင်မည်။
၅။ ခြေထောက်နှင့် ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး
ကိုက်ခဲနာကျင်မည်။

၉ ရက်မြောက်နေ့
၁။ ရောဂါအခြေအနေ အတိုးအလျော့မရှိပါ။
၂။ အပြင်းအထန် အဖျားတက်လာမည်။
၃။ အချို့ရောဂါလက္ခဏာများ သက်သာလာမည်။
၄။ သို့သော် အသက်ရှူရန်အတွက် အပြင်းအထန်
ကြိုးစားလာရမည်ဖြစ်သည်။ ထိုအနေအထားသို့
ရောက်လာလျှင် သွေးစစ်ပြီး ရင်ခေါင်းဓာတ်မှန်ရိုက်ရန်
လိုအပ်လာပြီဖြစ်သည်။

ထိုင်းနိုင်ငံ ချူလာလောင်ကောင်ဆေးရုံမှ ထုတ်ပြန်သည်။

အကြံပြုချက်များ
***************
၁။ မတ်(စ်)တပ်ပါ
၂။ လက်ကို ဆပ်ပြာဖြင့် စက္ကန့် (၂၀) ဆေးပါ
၃။ တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာနေပါ
၄။ ထိတွေ့ပြီးတိုင်း ပိုးသတ်ဆေးဖြင့် ဖြန်းပါ
၅။ လက်ဆွဲနှုတ်ဆက်ခြင်းမှ ရှောင်ကြင်ပါ
၆။ အပြင်သွားလျှင် လက်အိတ်ဝတ်ပါ ___________________________________



တဆင့်ပြန်လည်မျှဝေပါတယ်



ကဆုန်လပြည့်နေ့ (ဗုဒ္ဓအခါတော်နေ့)မှာ ၇ ရက်သားသမီးအပေါင်း ကိုယ်ကျန်းမာ စိတ်ချမ်းသာခြင်းနှင့်ပြည့်စုံ၍ ဘေးဘယာတွေကင်းဝေးပြီး...
11/05/2025

ကဆုန်လပြည့်နေ့ (ဗုဒ္ဓအခါတော်နေ့)မှာ ၇

ရက်သားသမီးအပေါင်း ကိုယ်ကျန်းမာ

စိတ်ချမ်းသာခြင်းနှင့်ပြည့်စုံ၍

ဘေးဘယာတွေကင်းဝေးပြီး လိုအင်ဆန္ဒမှန်သမျှ

ပြည့်ဝပါစေကြောင်း ဒေါက်တာမွန်မွန်

ဆေးခန်းမိသားစုမှ ဆုတောင်းမေတ္တာ

ပို့သအပ်ပါတယ်ရှင်🙏🙏🙏

#ကဆုန်လပြည့်နေ့

24/04/2025

ကလေးကာကွယ်ဆေးထိုးမည့်သူများအတွက်💉💉💉
ကုတင် ၅၀၀ နေပြည်တော် ကလေးဆေးရုံကြီးကို ဒက္ခိဏသီရိ ကုတင် (၅၀) ဆေးရုံကြီးသို့ ပြောင်းရွှေ့ဖွင့်လှစ်ထားပါသည်

ကလေးကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အပတ်စဉ် တနင်္လာ နှင့် ကြာသပတေး ရက်များတွင် မနက် ၉:၃၀ မှ ညနေ ၄:၀၀နါရီ အထိ ထိုးပေးသည်ဟု သိရပါသည်။

ဒီနေ့ပဲ ကျွန်မကလေးကို ကာကွယ်ဆေးသွားထိုးခဲ့တာပါ
information လေး share ပေးပါဆိုလို့ပါ

မိမိနေထိုင်ရာနေရပ်နှင့် နီးစပ်ရာ ကျန်းမာရေးဌာနများတွင်လည်း ကာကွယ်ဆေးထိုးခြင်းများကို မိမိတို့အစီအစဉ်​​​အတိုင်းအဆင်ပြေသလို ထိုးနိုင်ပါသည်။


ဘေးအန္တရာယ် ကင်းပါစေ။🙏ကပ်ကြီးသုံးပါး ကျော်လွှားနိုင်ပါစေ။🙏ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံသော မြန်မာနှ...
17/04/2025

ဘေးအန္တရာယ် ကင်းပါစေ။🙏

ကပ်ကြီးသုံးပါး ကျော်လွှားနိုင်ပါစေ။🙏

ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံသော မြန်မာနှစ်သစ်ဖြစ်ပါစေ။🙏🙏🙏

13/04/2025

သင်္ကြန်ရက်အတွင်း ဆေးခန်းဖွင့်ပါသည်။

မနက် ၇ နာရီ မှ နေ့လည် ၁၂ ထိ
ညနေ၄ နာရီ မှ ည ၈ နာရီထိ

📞09793859279


07/04/2025
04/04/2025

ဆရာနဲ့ဆရာမရော ကလေးလေးတွေရော ဘေးကင်းပါတယ်ရှင်

အခြားမြို့က ကျွန်မတို့ရဲ့မိသားစုဝင်တွေ ဆွေမျိုးတွေတော့ ထိခိုက်ဆုံးရှုံးမှုတွေများတဲ့အတွက် ပျဉ်းမနားမြို့အပါအဝင် အခြားသောငလျင်ဒဏ်သင့်ဒေသကလူထုနှင့်ထပ်တူ အရမ်းကိုထိခိုက်ဝမ်းနည်းကြေကွဲရပါရှင်😥

ပြန်လည်ထူထောင်ရေးတွေမှာ တတ်နိုင်တဲ့အပိုင်းက ပါဝင်သွားပါမယ်

ငလျင်ဒဏ်ကောင်းကောင်းသိတဲ့နိုင်ငံကမိတ်ဆွေကတော့ လှုပ်ပီးနှစ်ပတ်လောက်အထိ after shock တွေ သေးတာရောကြီးတာရော လာနိုင်သေးတာမို့ သတိထားဖို့တော့ အကြံပြုထားပါရှင်

အားလုံးပဲ ဂရုစိုက်ကြပါရှင်
ဆေးခန်းရဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေကို တတ်နိုင်သလောက်တော့ ပြန်လုပ်ပေးနေပါပြီရှင်

ကျန်းမာရေးကိစ္စအတွက် သိလိုတာများရှိရင်
09793859279 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်



22/03/2025

နွေရောက်ပြီလေ🎼🎼🎼

လွမ်းစရာ့ နွေပန်းချီကား......

ငယ်ငယ်ကရေးခဲ့ရတဲ့ ခါနွေဉီးဆိုတဲ့ မြန်မာစာစီစာကုံးကိုတောင် သတိရမိ....

မနက်ခင်းရဲ့ အကြည်ဓာတ်လေး💞💞💞
20/03/2025

မနက်ခင်းရဲ့ အကြည်ဓာတ်လေး💞💞💞

23.1.25 မှ 2.2.25 အထိ မီးပျက်မယ့် အချိန်ဇယားထွက်လာပါပြီကျမတို့ B အုပ်စုနဲ့ A အုပ်စုကတော့ အလှည့်ကျဖြစ်သွားပြီ
21/01/2025

23.1.25 မှ 2.2.25 အထိ မီးပျက်မယ့် အချိန်ဇယားထွက်လာပါပြီ

ကျမတို့ B အုပ်စုနဲ့ A အုပ်စုကတော့ အလှည့်ကျဖြစ်သွားပြီ


22.1.25 မနက် 7:00 မှ နေ့လည် 2:00 အထိပျဉ်းမနား မြို့နယ်တွင်းရှိ အောက်ပါ ရပ်ကွက်/ကျေးရွာများ မီးပျက်မည် ဟုသိရပါသည်ကျမတို့လ...
21/01/2025

22.1.25 မနက် 7:00 မှ နေ့လည် 2:00 အထိ
ပျဉ်းမနား မြို့နယ်တွင်းရှိ
အောက်ပါ ရပ်ကွက်/ကျေးရွာများ
မီးပျက်မည် ဟုသိရပါသည်

ကျမတို့လည်း ပါပါတယ်ရှင် 😢


Address

12/52B, Muditar Street, Yan Aung 1
Pyinmana
15012

Opening Hours

Monday 07:00 - 12:00
16:00 - 20:00
Tuesday 07:00 - 12:00
16:00 - 20:00
Wednesday 07:00 - 12:00
16:00 - 20:00
Thursday 07:00 - 12:00
16:00 - 20:00
Friday 07:00 - 12:00
16:00 - 20:00
Saturday 07:00 - 12:00
16:00 - 20:00
Sunday 07:00 - 12:00
16:00 - 20:00

Telephone

+959793859279

Alerts

Be the first to know and let us send you an email when Dr. Mon Mon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr. Mon Mon:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category