𝐓𝐡𝐢𝐭 𝐒𝐚𝐫 𝐂𝐥𝐢𝐧𝐢𝐜 - 𝐍𝐚𝐲 𝐏𝐲𝐢 𝐓𝐚𝐰

  • Home
  • Myanmar
  • Pyinmanahaung
  • 𝐓𝐡𝐢𝐭 𝐒𝐚𝐫 𝐂𝐥𝐢𝐧𝐢𝐜 - 𝐍𝐚𝐲 𝐏𝐲𝐢 𝐓𝐚𝐰

𝐓𝐡𝐢𝐭 𝐒𝐚𝐫 𝐂𝐥𝐢𝐧𝐢𝐜 - 𝐍𝐚𝐲 𝐏𝐲𝐢 𝐓𝐚𝐰 To better health by better services

PRE DM 2025
18/08/2025

PRE DM 2025

AYA Pay နဲ့ငွေရှင်းပြီး အခုပဲ  Discount ရယူလိုက်ပါ။
22/06/2025

AYA Pay နဲ့ငွေရှင်းပြီး အခုပဲ Discount ရယူလိုက်ပါ။

AYA Pay Wallet နဲ့ AYA Pay MMQR မှာ QR Scan ပြီး ငွေရှင်းမယ်ဆိုရင် Discount Voucher တွေနဲ့ လဲလှယ်လို့ရတဲ့ Points တွေ ပြန်ရမှာနော်၊😍 ဒါ့အပြင် AYA Pay မှ ကျင်းပတဲ့ Cashback ပရိုးမိုးရှင်းတွေ၊ လျော့ဈေးတွေ လည်းရနိုင်တာမလို့ AYA Pay Wallet နဲ့ AYA Pay MMQR တွေမှာ ငွေရှင်းလိုက်တော့နော်။😎

#ယခုလတ်တလောတွင် AYA Pay နှင့် အခြား ဘဏ်များ၏ Myanmar Pay MMQR များတွင် ငွေပေးချေပါက Points များမရရှိနိုင်သေးပါ။

AYA Pay ကို Download ရယူရန် - https://www.ayapay.com/dl

"လွယ်ကူ ဧရာ စိတ်ချပါ"




#လက်လေးပဲလှုပ်လို့ရပြီ

07/04/2025

12-4-2025 မှ
17 - 4 - 2025 အထိ ဆေးခန်းပိတ်ပါမည်ခင်ဗျာ။
18 - 4 - 2025 မနက်တွင် ဆေးခန်းပြန်ဖွင့်ပါမည်။

05/04/2025

၁။ Chlorine ဆေးခပ်ထား‌သောရေကိုသာသုံးစွဲပါ
၂။ အစာမစားခင်၊ အစားအသောက်များ ပြင်ဆင်ခြင်းမပြုမီနှင့် အိမ်သာအသုံးပြုပြီးတိုင်း ရေနှင့် ဆပ်ပြာ အသုံးပြု၍ လက်ဆေးပါ၊ ရေမရှိပါက Handgel သုံးစွဲပါ။
၃။ အစားအသောက်များအား သိမ်းဆည်းထားခြင်းမပြုဘဲ ချက်ချင်းစားသုံးပါ။ အစားအသောက်များကို ပူပူနွေးနွေးစားသုံးပါ။ယင်နားစာမစားပါနှင့်။
၄။ အမှိုက်များကို စနစ်တကျ စွန့်ပစ်ပါ။
၅။ ဝမ်းပျက်ဝမ်းလျှောဖြစ်ပါက ကျန်းမာရေးသို့ ချက်ချင်းအကြောင်းကြား၍ ကုသမှု ခံယူပါ။

နေပြည်တော်မှာ CPAP သုံးနေတဲ့ မိတ်ဆွေများ....အခမဲ့ ပိုးသတ်ပေးပါတယ်။
13/03/2025

နေပြည်တော်မှာ CPAP သုံးနေတဲ့ မိတ်ဆွေများ....
အခမဲ့ ပိုးသတ်ပေးပါတယ်။

12/02/2025

🥳 လာပါပြီခင်ဗျာ 🥳
လူကြီးမင်းတို့ စောင့်မျှော်နေကြတဲ့ မြန်မာတစ်ပြည်လုံးအနှံ့
🎉Precare ရဲ့ နှစ်ထပ်ကွမ်း Promotion ကြီး 🎉

လက်ရှိ အသုံးပြုနေတဲ့ ဆီးချိုသွေးချိုတိုင်းစက်က မကောင်းတော့ဘူးလား ❓
ဒါမှမဟုတ် ဟောင်းနေလို့ လဲချင်နေပြီလား❓
Strip ဝယ်ရခက်တဲ့ ဆီးချိုတိုင်းစက်ကို လဲချင်နေပြီလား❓
💁ဒါဆို အခုပဲ Precare ဆီးချိုသွေးချိုတိုင်းစက်ကို လက်ဆောင်လာယူလိုက်ပါ 🎁

လက်ရှိအသုံးပြုနေတဲ့ Precare မဟုတ်တဲ့ ဆီးချိုတိုင်းစက်အဟောင်းကို ပေးပြီး
💁25 ချောင်းပါ ၂ ဘူးဝယ်ဝယ်
💁50 ပါ ၁ ဘူးလောက်ပဲဝယ်ဝယ် ၅ သောင်းဝန်းကျင် Precare ဆီးချိုတိုင်းစက်တစ်လုံး မေတ္တာလက်ဆောင်အနေနဲ့ လဲလှယ် ပေးသွားမှာဖြစ်ပါတယ် 🎁🥰

🔥အော်ဒါနဲ့ Strip လေးတွေကိုလဲ Discount ချပေးထားသေးတယ်နော် 😉

မြန်မာနိုင်ငံရဲ့ နံပါတ် (၁) ဆီးချိုတိုင်းစက်ဖြစ်ပြီး Lab တွေမှာ စစ်သလို အဖြေတိကျမှန်ကန်စေတဲ့အပြင် Strip များကိုလည်း ဆိုင်တိုင်းနီးပါး အလွယ်တကူဝယ်ယူနိုင်လို့ စိတ်မညစ်ရတော့ဘူးပေါ့ ✅

အရမ်းတန်တဲ့ ဒီ နှစ်ထပ်ကွမ်း Promotion လေးက ဖေဖော်ဝါရီ (၁) လတည်းမို့ နောက်မကျခင် အမြန်ဆုံး ဝယ်ယူထားလိုက်တော့နော် 🥰❤

💁မြန်မာနိုင်ငံအနှံ့ မြို့ပေါင်းရာချီမှာ လဲပေးနေတာဖြစ်တာကြောင့် လူကြီးမင်းတို့ မြို့ရဲ့ နီးစပ်ရာ ဆေးဆိုင်ကိုသိလိုတာဖြစ်ဖြစ် အော်ဒါမှာယူချင်တာဖြစ်ဖြစ် page messager ကို ဆက်သွယ်လိုက်ပါနော် ❤

#ဆီးချိုသွေးချို #ဆီးချိုသွေးချိုတိုင်းစက် #တိကျမှန်ကန် #ကျန်းမာရေးထောက်ကူပစ္စည်း

Happy New Year 2025!!နှစ်သစ်မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ကောင်းချီးမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံကြပါစေ။ ✨🍀
01/01/2025

Happy New Year 2025!!

နှစ်သစ်မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ကောင်းချီးမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံကြပါစေ။ ✨🍀

30/12/2024

PPI အစာအိမ်ဆေး ခုရှုပ်မှနောင်ရှင်း
~~~~~~~~~~~~~~~

အစာအိမ်အက်ဆစ်နဲ့ဆက်စပ်ပြီး ဖြစ်တဲ့ ရောဂါတွေ ကုသရာမှာ အစာအိမ်အက်ဆစ်ဓာတ်ထုတ်တာကို တားပေးနိုင်တဲ့ Proton Pump Inhibitor (PPI) အုပ်စုဝင် ဆေးတွေက အလွန် အသုံးဝင်ပါတယ်။

လူသိများတဲ့ Omeprazole, Pantoprazole (Pantocid ကို ပိုလူသိများ) အပါအဝင် Esomeprazole, Rabeprazole, Lansoprazole နဲ့ Dexlansoprazole ဆေးတွေ ဖြစ်ပါတယ်။

အက်ဆစ်ဓာတ်ဘယ်လောက်ထိန်းရမလဲ
~~~~~~~~~~~~
အက်ဆစ်ဓာတ်ကိုတိုင်းတာတဲ့ pH နည်းရင် အက်ဆစ်ဓာတ်များတယ်၊ pH များရင် အက်ဆစ်ဓာတ်နည်းတယ်ဆိုတာကို တော်တော်များများ သိကြပြီး ဖြစ်မှာပါ။
အစာအိမ်ရောဂါတွေကို ထိရောက်စွာကုသဖို့ တစ်ရက် ၂၄ နာရီမှာ အနည်းဆုံး ၁၆ နာရီလောက် အက်ဆစ်ဓာတ် pH >4 ဖြစ်နေအောင် ကုပေးဖို့လိုပါတယ်။ တစ်နည်းအားဖြင့် pH>4 time ၆၅ ရာခိုင်နှုန်းကျော် ရှိရပါမယ်။

PPI ဆေးတွေ Dose ပမာဏတူလား
~~~~~~~~~~~~
မတူပါဘူး
ဥပမာ အက်ဆစ်ဓာတ် pH 1 တက်လာအောင် ပေးရတဲ့ PPI ဆေးတွေရဲ့ ပမာဏ (Dose) မတူကြပါဘူး။
အဲ့ဒါကြောင့် လေ့လာတိုင်းတာမှုတွေလုပ်ပြီး Omeprazole Standard Dose 20 mg ရဲ့ အာနိသင်နဲ့ ညီမျှတဲ့ တခြားဆေးတွေရဲ့ ပမာဏ ကို Equivalent Dose ဆိုတဲ့ အသုံးအနှုန်းနဲ့ ဖော်ပြကြပါတယ်။

Omeprazole 20 mg နဲ့ ညီမျှသောဆေးများ
~~~~~~~~~~~~
Pantoprazole 88 mg
Lansoprazole 22 mg
Esomeprazole 12 mg
Rabeprazole 11 mg
Dexlansoprazole 10 mg
(Ref: Graham DY & Tansel A. Clin Gastroenterol Hepatol. 2018)

အက်ဆစ်လျှော့ချနိုင်ခြင်း
~~~~~~~~~~~~
၂၀၁၈ ခုနှစ်က စနစ်တကျ လုပ်ထားတဲ့ သုတေသန အရ
နံနက်မစားမီ နာရီဝက်ခန့်မှာ တစ်ကြိမ်ပဲ ဆေးသောက်ခြင်းက တစ်ရက်တာ pH >4 ဖြစ်အောင် PPI ဆေးတစ်ခုချင်းစီရဲ့ ဆေးပမာဏတိုးပေးတာတောင် ၄၀-၆၅ ရာခိုင်နှုန်းပဲထိန်းနိုင်တာ တွေ့ရပါတယ်။
နံနက်နဲ့ ညနေ မစားမီ တစ်ရက် နှစ်ကြိမ် PPI ဆေး တစ်ခုချင်းစီ သောက်ခြင်းက ၆၀-၉၀ ရာခိုင်နှုန်း အထိထိန်းနိုင်တာကို တွေ့ရပါတယ်။

ဘယ်ဆေးပိုကောင်းသလဲ
~~~~~~~~~~~~
လုံလောက်တဲ့ ဆေးပမာဏသုံးရင် PPI ဘယ်ဆေးမဆိုအဆင်ပြေတယ်လို့တော့ ပြောကြပါတယ်။
သုတေသန တွေ့ရှိချက်တွေ အရတော့ လုံလောက်တဲ့ ဆေးပမာဏအထိ မြှင့်ပေးရင် Esomeprazole, Rabeprazole နဲ့ Omeprazole ဆေးတွေက အနည်းငယ်ပိုကောင်းတာ တွေ့ရပါတယ်။ Dexlansoprazole ဆေးလည်း ကောင်းပါလိမ့်မယ်။
အစာအိမ်ပိုးသတ်ဆေးတွေနဲ့ တွဲပေးရရင်တော့ ဖြစ်နိုင်ရင် Rabeprazole, Esomeprazole ဆေးတွေကို ပိုညွှန်းကြပါတယ်။
တချို့နိုင်ငံတွေမှာ ရနေပြီဖြစ်တဲ့ Potassium-Competitive Acid Blocker (PCAB) e.g Vonoprazan က အက်ဆစ်ကျအောင် ထိန်းနိုင်စွမ်း ပိုကောင်းပါတယ်။

ဒေါက်တာငြိမ်းကိုဟိန်း
အစာအိမ်အူလမ်းကြောင်း၊ သည်းခြေလမ်းကြောင်းနှင့် မုန့်ချိုအိတ်ရောဂါ အထူးကုသမားတော်

ကျန်းမာပျော်ရွင်ကြပါစေ

သစ္စာ ဆေးခန်းတွင် ကြည့်ရှုစမ်းသပ် ဝယ်ယူနိုင်ပါပြီ။
19/12/2024

သစ္စာ ဆေးခန်းတွင် ကြည့်ရှုစမ်းသပ် ဝယ်ယူနိုင်ပါပြီ။

𝗔𝘂𝘁𝗼 𝗖-𝗣𝗔𝗣 စက် တစ်လုံးကို မဝယ်ယူခင် ဘယ်လိုအချက်တွေ သိထားသင့်လဲ ဆိုတာနဲ့ပတ်သတ်ပြီး
ကိုယ်ရွေးချယ်ဝယ်ယူလိုက်တဲ့ စက်က ~
✔️ဘယ်လို အရည်အသွေးတွေ ရှိသင့်လဲ ?
✔️ဘယ်လိုဝန်ဆောင်မှုတွေက ဝယ်သူအတွက် ပိုပြီး အဆင်ပြေစေမလဲ ?
ဆိုတာတွေကို သိထားရင် မိမိရဲ့ လိုအပ်ချက်နဲ့ အကိုက်ညီဆုံး စက်ကို ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
Fourteen Star Network Co., Ltd ရဲ့ ရောင်းအားအကောင်းဆုံး VentMed VM-6 Auto C-pap မှာဆိုရင် AI Function တွေအပြင် နောက်ထပ် ဘယ်လိုမျိုး လုပ်ဆောင်နိုင်စွမ်းတွေ ရှိလဲဆိုတာ ကို အသေးစိပ်ဖော်ပြပေးလိုက်ပါတယ်ရှင်။
𝗩𝗲𝗻𝘁𝗠𝗲𝗱 𝗩𝗠-𝟲 𝗔𝘂𝘁𝗼 𝗖-𝗣𝗔𝗣
(𝟭) စက်ကိုဖွင့်ဖို့ ပိတ်ဖို့အတွက် အခက်အခဲမရှိ လုပ်ဆောင်ပေးမယ့် 𝗔𝗜 𝗔𝘂𝘁𝗼 𝗢𝗻/𝗢𝗳𝗳 𝗙𝘂𝗻𝗰𝘁𝗶𝗼𝗻
Mask တပ်ပြီး အသက်နှစ်ချက်လောက်ရှုလိုက်ရုံနဲ့ စက်ကို အလိုအလျောက် ဖွင့်ပေးမယ်။ Mask ကို ဖြုတ်လိုက်တာနဲ့ Auto စက်ပိတ်ပြီးသား ဖြစ်မယ်။
(𝟮) သင့်တော်မှန်ကန်တဲ့ 𝗣𝗿𝗲𝘀𝘀𝘂𝗿𝗲 တစ်ခုကို အလိုအလျောက် ချိန်ညှိပေးမယ့် 𝗦𝗺𝗮𝗿𝘁 𝗥𝗮𝗺𝗽 𝗦𝗲𝘁𝘁𝗶𝗻𝗴
Pressure Range က အနည်းဆုံး (4) ကနေ အများဆုံး (20) mmH2O အထိ ထားရှိနိုင်မယ့်အပြင် တပ်ဆင်အသုံးပြုမယ့်သူနဲ့ အကိုက်ညီဆုံး လေဖိအားကို ထားပေးနိုင်မှာဖြစ်လို လေဖိအား ချိန်ရ အဆင်မပြေတာမျိုး တွေ လုံးဝမရှိပဲ သက်သောင့်သက်သာနဲ့ အဆင်ပြေပြေ အသုံးပြုနိုင်ပါတယ်။
(𝟯) 𝗖𝗣𝗔𝗣 စက်ဆူညံသံကြောင့် အိပ်ရေးပျက်မှာကို ဖြေရှင်းပေးမယ့် 𝗪𝗵𝗶𝘀𝗽𝗲𝗿 𝗤𝘂𝗶𝗲𝘁 𝗙𝘂𝗻𝗰𝘁𝗶𝗼𝗻
စက်မှာပါဝင်တဲ့ Whisper Quiet Function ကြောင့် Auto C-PAP စက်တပ်ဆင်ထားသော်လည်း စက်သံ လုံးဝ မကြားရပဲ တိတ်ဆိတ်စွာဖြင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နိုင်မှာဖြစ်ပါတယ်။
(𝟰) ကုသမှု ပိုမိုထိရောက်ဖို့ တိကျတဲ့ 𝗦𝗹𝗲𝗲𝗽 𝗧𝗿𝗮𝗰𝗸𝗶𝗻𝗴 𝗥𝗲𝗽𝗼𝗿𝘁 ကို ထုတ်ပေးမယ့် 𝗚𝗲𝗿𝗺𝗮𝗻𝘆 𝗧𝗲𝗰𝗵𝗻𝗼𝗹𝗼𝗴𝘆 𝗮𝗻𝗱 𝗔𝗺𝗲𝗿𝗶𝗰𝗮𝗻 𝗦𝗲𝗻𝘀𝗼𝗿
Germany Technology နဲ့ American Sensor တွေကို အသုံးပြုထားတာကြောင့် ပိုမိုတိကျတဲ့ Sleep Tracking Report ကို ထုတ်ပေးနိုင်မှာဖြစ်တာကြောင့် လူနာရဲ့ အခြေအနေကို တိတိကျကျ သိနိုင်ပြီး ပိုမိုထိရောက်တဲ့ ကုသမှုတွေကို လုပ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။
(𝟱) 𝗠𝗮𝗻𝘂𝗮𝗹 𝗠𝗼𝗱𝗲 ရော 𝗔𝘂𝘁𝗼 𝗠𝗼𝗱𝗲 ရော အသုံးပြုနိုင်မယ့် 𝗧𝘄𝗼 𝗧𝗵𝗲𝗿𝗮𝗽𝘆 𝗠𝗼𝗱𝗲𝘀 𝗙𝘂𝗻𝗰𝘁𝗶𝗼𝗻
Auto CPAP ဖြစ်ပေမယ့် Manual Setting တွေနဲ့ အသုံးပြုချင်တဲ့အခါ Manual CPAP တစ်လုံး ထပ်ဝယ်စရာမလိုဘဲ CPAP စက်တစ်လုံးတည်းနဲ့ Manual Mode ရော Auto Mode ရော လိုသလို အသုံးပြုနိုင်မှာဖြစ်ပါတယ်။
(𝟲) လေယိုစိမ့်မှုဖြစ်နေတာနဲ့ ချက်ချင်းသိစေမယ့် 𝗔𝗶𝗿 𝗟𝗲𝗮𝗸𝗮𝗴𝗲 𝗔𝗹𝗮𝗿𝗺 𝗦𝘆𝘀𝘁𝗲𝗺
တပ်ဆင်အသုံးပြုနေသူဆီကို လေ အလုံအလောက်မရပဲ အကြောင်းအမျိုးမျိုးကြောင့် လေယိုစိမ့်နေတယ်ဆိုရင် Alarm System မှ ချက်ချင်း Alarm မြည်လာမှာဖြစ်တဲ့အတွက် ချက်ချင်းစစ်ဆေးပြင်ဆင်နိုင်တာကြောင့် စက်ကို တပ်ဆင်ထားပြီး လေအလုံအလောက်မရတာမျိုး ကို တားဆီးပေးပါတယ်။
(𝟳) 𝗟𝗲𝘃𝗲𝗹 𝟱 ခုထိ ရွေးချယ် ချိန်ညှိနိုင်မယ့် 𝗜𝗻𝘁𝗲𝗴𝗿𝗮𝘁𝗲𝗱 𝗛𝗲𝗮𝘁𝗲𝗱 𝗛𝘂𝗺𝗶𝗱𝗶𝗳𝗶𝗲𝗿
Humidifier Level 1-5 ထိ ချိန်ညှိနိုင်တာကြောင့် ကိုယ်နဲ့ သင့်တော်ပြီး အာခေါင်ခြောက်တာမျိုး ၊ လေရှုရတာ မသက်မသာဖြစ်တာမျိုးတွေ မဖြစ်စေလောက်တဲ့ ရေငွေ့ပါဝင်မှု ပမာဏကို ချိန်ဆပေးနိုင်မှာဖြစ်ပါတယ်။
(𝟴) ကိုယ်တိုင်ကိုယ်ကျ ထုတ်ယူနိုင်မယ့် 𝗦𝗹𝗲𝗲𝗽 𝗧𝗿𝗮𝗰𝗸𝗶𝗻𝗴 𝗥𝗲𝗽𝗼𝗿𝘁
အသုံးပြုမည့်သူမှာ Computer , Laptop ရှိတယ်ဆိုရင် CPAP စက်ထဲရှိ Memory Card ကို Computer သို့မဟုတ် Laptopထဲ ထည့်ပြီး Sleep Tracking Report ကို ကိုယ်တိုင်ကိုယ်ကျ ထုတ်ယူနိုင်တာကြောင့် ကျွမ်းကျင်အင်ဂျင်နီယာများ အရောင်းဝန်ထမ်းများသာမက အသုံးပြုသူကိုယ်တိုင် အချိန်မရွေး နေရာမရွေး Report ကို ထုတ်ယူနိုင်မှာဖြစ်ပါတယ်။
*** နောက်ရက်တွေမှာလည်း CPAP စက်တွေနဲ့ ပတ်သတ်ပြီး Fourteen Star Network Co., Ltd က ဘယ်လိုဝန်ဆောင်မှုတွေပေးနေလဲဆိုတာကို ဆက်ပြီးပြောပြပေးမှာမို့ Page ကို 𝗟𝗜𝗞𝗘 & 𝗙𝗢𝗟𝗟𝗢𝗪 လုပ်ထားဖို့ မမေ့ပါနဲ့နော်။ ***

World Hepatitis Testing Week (ကမ္ဘာ့ အသည်းရောင်ရောဂါ ပိုး ရှိ/မရှိ စစ်ဆေးခြင်း ရက်သတ္တပတ် - ၂၀၂၄ ခုနှစ် ၊ နိုဝင်ဘာလ ၁၈ မ...
11/11/2024

World Hepatitis Testing Week (ကမ္ဘာ့ အသည်းရောင်ရောဂါ ပိုး ရှိ/မရှိ စစ်ဆေးခြင်း ရက်သတ္တပတ် - ၂၀၂၄ ခုနှစ် ၊ နိုဝင်ဘာလ ၁၈ မှ ၂၅ ရက် အထိ): ကျင်းပ ပြုလုပ်ရခြင်း ၏ ရည်ရွယ်ချက်မှာ ကမ္ဘာ့ လူသားများအားလုံးမှ မိမိကိုယ်တိုင် အသည်းရောင် ရောဂါပိုးများ ကူးစက်ခံ ထားရခြင်း ရှိ/မရှိ စစ်ဆေးမှု ခံယူခြင်း၏ အရေးကြီးမှုကို သတိပြု / အလေးထားလာကြစေရန် နှင့် စစ်ဆေးမှု ခံယူခြင်းကို လိုက်နာဆောင်ရွက် လာနိုင်စေရန် ဖြစ်ပါသည်။

၂၀၂၄ ခုနှစ် ကမ္ဘာ့ဆီးချို၊သွေးချိုရောဂါကာကွယ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်။ အခမဲ့ ဆီးချို၊ သွေးချိုစစ်ဆေးပေးခြင်းအစီအစဉ်ကိ...
05/11/2024

၂၀၂၄ ခုနှစ် ကမ္ဘာ့ဆီးချို၊သွေးချိုရောဂါကာကွယ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်။
အခမဲ့ ဆီးချို၊ သွေးချိုစစ်ဆေးပေးခြင်းအစီအစဉ်ကို (၅-၁၁-၂-၂၀၂၄) ရက်နေ့ ညနေတွင်ပြုလုပ်ခဲ့ပါတယ်။

Povidine Antiseptic Solution 15ml3000 Kyatsပစ္စည်းပြတ်နေလို့ ရှာမရတဲ့ဆေးလေး။
04/11/2024

Povidine Antiseptic Solution 15ml
3000 Kyats
ပစ္စည်းပြတ်နေလို့ ရှာမရတဲ့ဆေးလေး။

Address

Thapyaygone
Pyinmanahaung

Opening Hours

Monday 09:00 - 20:30
Tuesday 09:00 - 20:30
Wednesday 09:00 - 20:30
Thursday 09:00 - 20:30
Friday 09:00 - 20:30
Saturday 09:00 - 20:30
Sunday 09:00 - 20:30

Telephone

+959797711202

Website

Alerts

Be the first to know and let us send you an email when 𝐓𝐡𝐢𝐭 𝐒𝐚𝐫 𝐂𝐥𝐢𝐧𝐢𝐜 - 𝐍𝐚𝐲 𝐏𝐲𝐢 𝐓𝐚𝐰 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to 𝐓𝐡𝐢𝐭 𝐒𝐚𝐫 𝐂𝐥𝐢𝐧𝐢𝐜 - 𝐍𝐚𝐲 𝐏𝐲𝐢 𝐓𝐚𝐰:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram