Sayar Thant Sin Htun - ပန်းသေပန်းညိုးအထူးကု

  • Home
  • Myanmar
  • Pyu
  • Sayar Thant Sin Htun - ပန်းသေပန်းညိုးအထူးကု

Sayar Thant Sin Htun - ပန်းသေပန်းညိုးအထူးကု ပန်းသေပန်းညိုးအထူးကု
(Online Clinic) သုက်လွှတ်မြန်ခြင်း၊သုက်အားနည်းခြင်း၊ပန်းမလန်းခြင်း၊ပန်းသေ၊ပန်းညိုးခြင်းများအတွက် ဆရာနဲ့တိုင်ပင်ကုသနိုင်ပါတယ်။

ကျားစွမ်းရည် မြင့်မားချင်ရင်လေ့ကျင့်ခန်းနေ့စဥ်လုပ်ပါ🍁ဒိုက်ထိုးတာ🍁ဗယ်လီရိုက်တာ🍁ခြင်းခတ်တာတွေအပြင်🍁လမ်းသွက်သွက်လျှောက်ပါ🍁ထ...
23/07/2025

ကျားစွမ်းရည် မြင့်မားချင်ရင်လေ့ကျင့်ခန်းနေ့စဥ်လုပ်ပါ

🍁ဒိုက်ထိုးတာ
🍁ဗယ်လီရိုက်တာ
🍁ခြင်းခတ်တာတွေအပြင်
🍁လမ်းသွက်သွက်လျှောက်ပါ
🍁ထိုင်/ထ လုပ်ပါ
🍁ကြမ်းပေါ်ပက်လက်အိပ်ပြီး ခြေ ၂ ချောင်းကိုမိုးပေါ်ထောင် စက်ဘီးနင်းပါ
🍁တရက် ၈ နာရီအိပ်ပါ

♦️၁ လ ၂ လ စွဲစွဲမြဲမြဲလုပ်ဖို့လိုပါတယ်

ဆရာသန့်စင်ထွန်း
တဆ ၆၃၀၁

😝😝😝
27/05/2025

😝😝😝

08/05/2025

သမားတော်များနဲ့စနစ်တကျကုသမှု ခံယူနိုင်ပါတယ်

04/05/2025

အမျိုးသားထုကြီး တရပ်လုံး လိုချင်ကြတဲ့ဆေး 😎😎😎

03/05/2025

ရန်ကုန်၊မန္တလေးမှာ ဆရာ့ဆေးခန်းခွဲ ၃ ခန်းရှိပါတယ်။
တိုင်းရင်းသမားတော်များနဲ့လာရောက်ကုသမှုခံယူနိုင်ပါတယ်။

ဆရာကတော့ Online သီးသန့်ပဲဆွေးနွေးပေးပါတယ်။

ဆရာနဲ့ဆွေးနွေးလိုပါက
09 78 1269 404 ကို ရုံးချိန်အတွင်းဆက်သွယ်ဆွေးနွေးနိုင်ပါတယ်။

♦️ပန်းသေပန်းညိုးတာက ကုလို့ပျောက်လားဆရာ💬အနာသိရင်ဆေးရှိတာပေါ့ သမားတော်နဲ့စနစ်တကျ ကုသရင်ပျောက်တယ်♦️ကုသချိန် ဘယ်လောက်ကြာလဲဆရ...
29/04/2025

♦️ပန်းသေပန်းညိုးတာက ကုလို့ပျောက်လားဆရာ
💬အနာသိရင်ဆေးရှိတာပေါ့ သမားတော်နဲ့စနစ်တကျ ကုသရင်ပျောက်တယ်

♦️ကုသချိန် ဘယ်လောက်ကြာလဲဆရာ

💬ဆရာ့ဆီမှာတော့အသက်ရွယ်နဲ့အခြားရောဂါတွေရှိမရှိအပေါ်မူတည်ပြီး ကုသချိန် ၁ လ မှ ၃ လပါ

♦️ကုန်ကျစရိတ်ကရောဆရာ

💬 ဆေးတလစာကို ၂၅၀၀၀ မှ ၅၅၀၀၀ ခန့်ကျသင့်ပါတယ်

♦️၂၅၀၀၀ နဲ့ ၅၅၀၀၀ က ဘာကွာလဲဆရာ
💬 ရောဂါအနုအရင့်နဲ့အခြားရောဂါတွေရှိမရှိအပေါ်မူတည်ပြီး ပေးရတဲ့ဆေးတွေမတူလို့ပါ
ဥပမာ သွေးတိုးရှိတယ်ဆိုရင် သွေးတိုးကျဆေး တွဲပေးရတယ် နှလုံးရောဂါရှိတယ်ဆိုရင် နှလုံးအားဆေးတွဲဖက်ပေးရတယ် အဲ့သလိုပေါ့

♦️ဆေးသောက်ရုံနဲ့ပျောက်ပြီပေါ့ဆရာ

💬ဆေးသောက်ရုံနဲ့ မပျောက်ပါဘူး
ဆေးပုံမှန်သောက်ပြီး သမားတော်ရဲ့ ဆောင်ရန် ရှောင်ရန်လမ်းညွှန်ချက်တွေ အတိုင်းလိုက်နာရမယ်။ဒါမှပျောက်မယ်။ဆေးပဲသောက်ပြီး အိပ်ချင်သလိုအိပ် ဆေးလိပ် အရက် ကွမ်းတွေကို သောက်ချင်သလိုသောက်နေမယ် နေချင်သလိုနေမယ်ဆိုရင် ဆေးအာနိသင်ပြတာ နှေးပါတယ်။ ငွေကုန် အကျိုးမရှိဖြစ်ပါလိမ့်မယ်။

♦️ဆေးသောက်ရုံနဲ့မပျောက်ဘူးဆိုတော့ အခြား ဘာတွေ လုပ်ရသေးလဲဆရာ

💬 လွယ်ပါတယ်။ တရက် ၈ နာရီအိပ်ရမယ်။(အိပ်ရေးဝဝအိပ်ရမယ်)လေ့ကျင့်ခန်း/အားကစားကို နေ့စဥ် ပြုလုပ်ရမယ်။ဆေးပတ်လည်အောင် မှီဝဲရမယ်။
ဆေးလိပ်၊အရက်၊ကွမ်း လျှော့ရ/ဖြတ်ရမယ်။ ဒါပါပဲ

♦️အသက်ကြီးနေရင်ရော ပန်းသေတာပျောက်လားဆရာ

💬ဒါက လူနာအပေါ်မူတည်ပါတယ်။ဆရာညွှန်ကြားတဲ့အတိုင်းအတိအကျလိုက်နာတဲ့လူနာတွေကတော့ ၇၅ အထိ အိမ်ထောင်ရေးသုခကို ပြန်ရကြပါတယ်။

♦️တကယ်ကြီး ၇၅ အထိလား။

💬 ၇၅ တိုင်းတော့ ဘယ်ဟုတ်မလဲ။ပင်ကိုက ကျန်းမာရေး လိုက်စားပြီး အစားအသောက်အနေအထိုင် ဂရုစိုက်တဲ့ အဘတွေလောက်ပဲ ပြန်ကောင်းတာပေါ့။တသက်လုံး နေချင်သလိုနေလာပြီး ရောဂါပေါင်းစုံဖြစ်နေတဲ့ ၇၅ တွေကတော့ ဘယ်ပြန်ကောင်းနိုင်ပါ့မလဲ။

♦️ဆေးခန်းလာပြချင်လို့ဆရာ့ဆေးခန်းလိပ်စာလေး . . .

💬ဆရာက ခရီးသွားများလို့ဆေးခန်း မထိုင်ပါဘူး။Online Clinic အနေနဲ့ပဲ ဆွေးနွေးလမ်းညွှန်ပေးတာပါ။နေထိုင်စားသောက်ရမယ့် Life Style ကိုလမ်းညွှန်ပေးပြီး မှီဝဲရမယ့်ဆေးဝါးတွေကို Deli နဲ့ ပစ္စည်းရောက်/ငွေချေစနစ်နဲ့ပို့ပေးတာပါ။

♦️တချို့ကဆေးခန်းပြရမှကျေနပ်တာဆရာ

💬ရတယ်လေ။ဆရာမထိုင်ပေမယ့် ဆရာဖွင့်ထားတဲ့ဆေးခန်း ၃ ခန်း ရန်ကုန်နဲ့မန္တလေးမှာရှိတယ်။

မင်းမြန်မာ တိုင်းရင်းဆေးခန်း တဲ့

တိုင်းရင်းသမားတော်တွေကိုယ်တိုင်ကုသပေးတာပါပဲ။

✅ဆေးခန်းလိပ်စာတွေက

🏥မင်းမြန်မာ - ကြည့်မြင်တိုင်

အမှတ် ၁၀ စလင်းလမ်း၊နတ်စင်လမ်းနှင့်ဥယျာဥ်လမ်းကြား
☎️ ၀၉ ၂၅၈ ၂၈၉ ၆၂၃

🏥မင်းမြန်မာ - လမ်းမတော်

၁၃ လမ်း(အပေါ်ဘလောက်)၊အနော်ရထာလမ်း၊လမ်းမတော်
ဖုန်း ၀၉ ၂၅၅ ၅၀၀ ၉၅၁

🏥မင်းမြန်မာ - မန္တလေး

၅၄ လမ်း၊၁၂၄×၁၂၄ လမ်းကြား၊ပြည်ကြီးတံခွန်
ဖုန်း ၀၉ ၂၅၅ ၅၀၀ ၉၄၁

ဆေးခန်းဖွင့်ချိန်

မနက် ၉ နာရီမှ ညနေ ၆ နာရီအထိ

(သောကြာနေ့တိုင်းဆေးခန်းပိတ်ပါတယ်)

ဆရာသန့်စင်ထွန်း
B.A(Psy;),Dip.T.Med(Mdy)

 #ပန်းသေပန်းညိုးဘာကြောင့်ဖြစ်ပန်းသေပန်းညိုးရောဂါသည် အမျိုးသားထုအတွင်း အဖြစ်များတဲ့ပြဿနာဖြစ်ပြီး အသက် ၄၀ ကနေ ၇၀ အတွင်းရှိ...
25/04/2025

#ပန်းသေပန်းညိုးဘာကြောင့်ဖြစ်

ပန်းသေပန်းညိုးရောဂါသည် အမျိုးသားထုအတွင်း အဖြစ်များတဲ့ပြဿနာဖြစ်ပြီး အသက် ၄၀ ကနေ ၇၀ အတွင်းရှိအမျိုးသား ၇၀ % အထိအဖြစ်များပါတယ်။

အလွယ်ပြောရရင် ၁၀ ယောက်မှာ ၇ ယောက်ဖြစ်ပါတယ်။

မဖြစ်အောင်ကြိုတင်ကာကွယ်လို့ရတဲ့ရောဂါဖြစ်ပြီး ဖြစ်လာရင်လည်း ဆေးပညာရှင်တစ်ဦးဦးဆီမှာ တိုင်ပင်ဆွေးနွေးပြီး (စနစ်တကျ)ကုသမှုခံယူရင် ပျောက်ကင်းပါတယ်။

အမျိုးသားအားဆေးတွေဝယ်သောက်တာနဲ့ မပျောက်ပါဘူး။

အားဆေးဆိုတာက ရှိပြီးသားအားကို အရှိန်မြှင့်ပေးတာ မီးထိုးပေးတာ။

ရောဂါကို ကုဖို့ကတော့ ဖြစ်ရတဲ့အကြောင်းအရင်းကို ရှာရတယ်။ဝေဒနာနဲ့အခြားရောဂါတွေရှိမရှိအပေါ်မူတည်ပြီး သင့်တော်တဲ့ ဆေးပေးရတယ်။

ဆောင်ရန်/ရှောင်ရန်တွေ လိုက်နာရတယ်။

#ဖြစ်ရတဲ့အကြောင်းအရင်းများ

ခြုံပြောရရင်တော့ စိတ်ကြောင့်နဲ့ရုပ်ကြောင့်ဖြစ်ပါတယ်။

🍁စိတ်ဖိစီးမှုများသူတွေ၊လုပ်ငန်းခွင်ဖိစီးမှုများသူတွေ၊အိမ်တွင်းရေးအဆင်မပြေသူတွေ၊ငွေကြေး/သားသမီးရေးအဆင်မပြေသူတွေ စသည်ဖြင့်​ပေါ့

🍁စိတ်ထောင်းရင်ကိုယ်ကြေရုံသာမက ပန်းပါသေ တတ်ပါတယ်။

🍁အသက်ငယ်ငယ်အမျိုးသမီးယူထားသူအချို့မှာလည်း သူကျေနပ်အောင် ငါ စွမ်းနိုင်ပါ့မလားဆိုတဲ့ ​စိုးရိမ်စိတ်ကြောင့် စိတ်သွားတိုင်းကိုယ်မပါဖြစ်တတ်ပါတယ်

ရုပ်ကြောင့်ဆိုတာက ခန္ဓာကိုယ်ပေါ့

ကိုယ့်ရဲ့မှားယွင်းတဲ့အနေအထိုင်အပြုအမူတွေကြောင့် ခန္ဓာသန်စွမ်းမှုကျဆင်းပြီး ဖြစ်လာတာပါ။

🍁သွေးတိုး၊နှလုံးသွေးကြောကျဥ်းရောဂါရှိသူတွေက အခြားသွေးကြောတွေပါကျဥ်းနေတတ်တာမို့ ဖွားဖက်တော်ဆီသွားတဲ့သွေးကြောလည်း ကျဥ်းပြီး ပန်းမလန်းတော့တာပါ

အထက်ပါရောဂါတွေအတွက်သောက်ရတဲ့အဂ်လိပ်ဆေး အတော်များများရဲ့ Side Effect ကြောင့်လည်း ပန်းသေတတ်ပါတယ်။

🍁အဝလွန်သူ၊အာရုံကြောအားနည်းသူတွေလည်း ထိုနည်းလည်းကောင်းပါပဲ

🍁ဆီးချိုရှိသူတွေအနေနဲ့ ဆီးချိုမထိန်းနိုင်ပါက သွေးကြောလေးတွေနဲ့အာရုံကြောများထိခိုက် ပျက်စီးပြီး ပန်းသေပါတယ်။ဆီးချိုသမားတွေအနေနဲ့ ဆီးချို Control ရအောင်အရင်လုပ်ရပါမယ်။

🚫ဆီးချို Control မရရင် ဘာဆေးသောက်သောက် ပန်း မ လန်း ပါ။

🍁ဆေးလိပ်၊ကွမ်း၊အရက်၊မူးယစ်ဆေး သုံးစွဲမှုများသူတွေ

🍁အထူးသဖြင့် ဆေးလိပ်သမားအများစု 85% အထိ ပန်းသေပန်းညိုးဖြစ်ပါတယ်၊နီကိုတင်းကြောင့် တစ်ကိုယ်လုံးရှိသွေးကြောများကျဥ်းကုန်ပြီး ဖွားဖက်တော်ဆီသွားတဲ့ သွေးကြောများလည်း ကျဥ်းကုန်တာကြောင့် သွေးမလျှောက်တော့ဘဲ ပန်းမလန်းတာ/ညိုးတာတွေ ဖြစ်တော့တာပါ။

🚫ကိုယ့် Partner ကိုယောင်္ကျားပီသကြောင်းပြချင်တယ်ဆိုရင်ဆေးလိပ်ဖြတ်ပါ။

ချက်ခြင်းမဖြတ်တတ်ရင် စိတ်မနိုင်ရင် လျှော့သောက်ပါ၊ခွဲတမ်းချသောက်ပါ။အားကစား(သို့)လေ့ကျင့်ခန်း နေ့စဥ်လုပ်ပါ။

🍁အရက်၊ဘီယာသောက်သုံးတာကြာလာရင်လည်း ပန်းသေတတ်ပါတယ်။အသည်းခြောက်(Liver Cirrhosis) ဖြစ်လာရင် ပိုဆိုးလာတတ်ပါတယ်။

🍁အခုနောက်ပိုင်းကိုဗစ်ထိထားသူတွေလည်း စွမ်းဆောင်ရည် ထိခိုက်ကျဆင်းပါတယ်။

🍁အသက် ၅၀ ကျော်လာပြီး ကိုယ်လက်လှုပ်ရှားမှုနည်းသူတွေမှာလည်း အဖြစ်များပါတယ်။
🍁လူငယ်လူလတ်ပိုင်းကတော့အိပ်ရေးပျက်တာများတဲ့သူတွေ၊ညနက်သန်းခေါင်Game စွဲနေသူတွေ ဖြစ်တတ်ပါတယ်။

#ကင်ဆာရောဂါရှိခြင်း

ကင်ဆာရောဂါဖြစ်ပြီဆိုရင် စိတ်ဓာတ်ကျပြီး ပန်းမလန်းတာပါနောက်ဆက်တွဲဖြစ်လာတတ်ပါတယ်။
ကင်ဆာကုထုံးနဲ့ဆေးဝါးတွေကြောင့်လည်း ပန်းသေ/ညိုးတတ်ပါတယ်။

#ထိခိုက်ဒဏ်ရာကြောင့်ပန်းသေခြင်း

🍁ဦးခေါင်းကိုထိခိုက်ခြင်း
🍁ခါးရိုးမကြီးထိခိုက်ခြင်း
🍁ဆီးခုံတဝိုက်တွင် ဒဏ်ရာရခြင်း
🍁ခါးရိုးကျိုးခြင်း
🍁အချို့သော ခွဲစိတ်ကုသမှုများရဲ့ နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့လည်းဖြစ်တတ်ပါတယ်။(ဆီးကျိတ်၊ဆီးအိမ်၊ဆီးလမ်းကြောင်း)

#ပန်းသေပန်းညှိုးအတွက်_အဓိကလက္ခဏာတွေကတော့

✅ သုက်အားနည်းခြင်း
✅ သုက်လွှတ်မြန်ခြင်း
✅ ပန်းမလန်းခြင်း
✅ ပန်းလန်းပြီးမှပြန်ကျသွားခြင်း
✅ လိင်စိတ်ကုန်ခန်းခြင်း တို့ပဲ ဖြစ်ပါတယ်။

လက်ရှိမှာ ဆရာ့အနေနဲ့ အသက် ၄၀ ကျော်အမျိုးသားတွေအဖြစ်များတဲ့ ပန်းသေပန်းညှိုးရောဂါကို မြန်မာ့တိုင်းရင်းဆေးပညာ၊တိုင်းရင်းဆေးဝါးစစ်စစ်များနဲ့သက်သာပျောက်ကင်းအောင် ကုသပေးနေပါတယ်။

ဒီရောဂါက ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာတွေနဲ့ ဆက်စပ်နေတဲ့ ရောဂါမျိုးမို့ သေချာအချိန်ပေးပြီး ကုသဖို့ လိုပါတယ်။

အလျင်လိုလို့ မရပါဘူး။

သေချာကုရင် ပျောက်ကင်းနိုင်တာမို့ စိုးရိမ်ဖို့ မလိုပါဘူး။

ဆရာ့စကားတော့ အပြည့်အဝနားထောင်ရမယ်။

#အများအားဖြင့်_ဆရာပြောတဲ့အတိုင်းလိုက်နာကျင့်သုံးပြီး-

ဝေဒနာအပေါ်မူတည်ပြီးသောက်ခိုင်းတဲ့ဆေးတွေကို မှန်မှန်သောက်ပြီး လမ်းညွှန်မှုတွေအတိုင်း လိုက်နာရင် ၁ လ မှ ၃ လအတွင်း ပျောက်ကင်းသွားကြတာများပါတယ်။

🚫နာတာရှည်ရောဂါတွေရှိရင်တော့ အချိန်ယူရပါတယ်၊ပိုဂရုစိုက်ရပါတယ်။

ပင်ကိုအခံတွေ မတူတဲ့အတွက် တစ်ယောက်နဲ့တစ်ယောက်တော့ ပျောက်ကင်းချိန် မတူနိုင်ပါဘူး

ဆေးလည်းမှန်မှန်သောက်ပြီး လမ်းညွှန်ချက်တွေအတိုင်းလည်း အပြည့်အဝလိုက်နာတဲ့သူတွေက မြန်မြန်ပျောက်တယ်။တိုးတက်မှုလည်းမြန်တယ်။

ဆေး စ သောက်ပြီး ၅ ရက်အတွင်းမှာပဲ ဆီး၊ဝမ်း၊လေမှန်လာတာ စားကောင်းအိပ်ပျော်လာတာတွေဖြစ်လာပါလိမ့်မယ်။

#ဝေဒနာအနုအရင့်နဲ့ခန္ဓာသန်စွမ်းမှုအခံအပေါ်မူတည်ပြီး -
( ၁ လ ကနေ ၂ လ/၃ လ အထိသောက်ပေးရမယ် )

ဆေးလိပ်၊ကွမ်း၊အရက်တွေ ဖြတ်ဖို့လည်းလိုတယ်။

#ပန်းသေပန်းညိုးသူတွေ_မဖြစ်မနေလိုက်နာရမှာက -

၁)လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ
၂)တရက် ၇/၈ နာရီမှန်မှန်အိပ်ပါ
၃)အာဟာရဖြစ်တာတွေကိုစားသောက်ပါ

🔺Deli ခ ကို မှာယူသူမှ ပေးချေရပါမယ်။

နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်/တိုင်းရင်းသမားတော် ဘယ်သူနဲ့ပြပြ ကိုယ့်ဝေဒနာပျောက်ဖို့က အဓိကပါ။

အဓိက က ကိုယ်ပြမယ့်ဆရာက -

🍁တကယ့်ဆေးပညာရှင်စစ်စစ်ဖြစ်ဖို့

🍁ဆေးပတ်လည်အောင် သောက်ဖို့

🍁ညွှန်ကြားချက်တွေကို အပြည့်အဝလိုက်နာဖို့ပါပဲ။

#ပွင့်တဲ့ပန်းတိုင်းလန်းရမယ်

ဆရာသန့်စင်ထွန်း

B.A(Psy;),Dip.T.Med(Mdy)
တဆ ၆၃၀၁
ပန်းသေပန်းညိုးအထူးကု တိုင်းရင်းသမားတော်

ပွင့်တဲ့ပန်းတိုင်း  လန်း  ရ မယ် 😊😊
24/04/2025

ပွင့်တဲ့ပန်းတိုင်း လန်း ရ မယ် 😊😊

ဆရာ မင်္ဂလာပါဟုတ်ကဲ့ မင်္ဂလာပါကျနော့်ရောဂါအကြောင်း ဆွေးနွေးလို့ရမလားဆရာ။ဟုတ်ကဲ့ ဆွေးနွေးနိုင်ပါတယ်။ဟိုလေ  တိုင်ပင်ဆွေးနွ...
21/04/2025

ဆရာ မင်္ဂလာပါ

ဟုတ်ကဲ့ မင်္ဂလာပါ

ကျနော့်ရောဂါအကြောင်း ဆွေးနွေးလို့ရမလားဆရာ။

ဟုတ်ကဲ့ ဆွေးနွေးနိုင်ပါတယ်။

ဟိုလေ တိုင်ပင်ဆွေးနွေးခ

မလိုဘူး ပေးစရာမလိုဘူး မေတ္တာနဲ့ အခမဲ့ တိုင်ပင်ဆွေးနွေးပေးပါတယ်။

ဟုတ်လား ကောင်းတာပေါ့ဆရာ😁

ဟိုလေ ကျနော့်ညီလေးက ခေါင်းမထောင်တော့လို့ဆရာ

အသက်၊အလုပ်အကိုင်ပြောပါ

အသက် ၅၄
အလုပ်က စတိုးဆိုင်ဖွင့်ထားပါတယ်ဆရာ

အထိုင်များလား

ဟုတ် စတိုးဆိုင်ဆိုတော့ တနေကုန်ထိုင်နေတာများပါတယ်ဆရာ

ပိန်လား ဝလား

185 ပေါင်ပါဆရာ

လေ့ကျင့်ခန်း တခုခုလုပ်ဖြစ်လား လမ်းလျှောက်တာပဲ ဖြစ်ဖြစ်ပေါ့

မလုပ်ဖြစ်ပါဘူးဆရာ

ဆေးလိပ် အရက် ကွမ်း မူးယစ်ဆေး သုံးလား

ဆေးလိပ်တခုတော့သောက်ပါတယ်

တရက်ကို ဘယ်နှလိပ်သောက်လဲ
ဆေးပါ့လိပ်လား၊ဆစ်ကလက်လား

ဆစ်ကလက်ပါဆရာ
တရက်ကို ၁၀ လိပ်လောက်သောက်ဖြစ်ပါတယ်

သောက်တဲ့သက်တမ်းဘယ်နှနှစ်ရှိပြီလဲဲ
နှစ် ၃၀ လောက်ရှိပါပြီ ၂၀ ကျော်လောက်မှာ စသောက်ခဲ့တာပါ

စသောက်ကာစကတော့ ၁ လိပ် ၂ လိပ်လောက်ပါပဲ
တဖြည်းဖြည်း အသောက်များလာတာပါ။

အခြား ဘာရောဂါရှိသလဲ
ဆီးချို သွေးတိုး နှလုံး စသည်ဖြင့်

သွေးတိုးရှိပါတယ်။ဆီးချိုတော့မစစ်ဖူးသေးဘူး။နဲနဲလည်း မောချင်တယ်ဆရာ။

သွေးတိုးအတွက် ဘာဆေးသောက်လဲ။

ဆရာတို့မင်းမြန်မာ ဆေးခန်းကထုတ်တဲ့ သွေးတိုးကျဆေးပဲ မနက်အိပ်ယာထ ၅ ပြား ရေနဲ့ ပုံမှန်သောက်ပါတယ်

BP လည်း မှန်နေပါပြီ။အငံလည်း လျှော့စားဖြစ်ပါတယ်။

အခုတလောအမောသိပ်မခံနိုင်လို့ ဆရာတို့ဆေးခန်းက ထုတ်တဲ့ နှလုံးအားဆေးသောက်မလို့စဥ်းစားနေရင်း ညီတော်မောင်ကလည်း ခေါင်းမထောင်တာနဲ့ ဆရာနဲ့ အရင်ဆွေးနွေးဖြစ်တာပါ

ခေါင်းမထောင်တာ ကြာပြီလား

၆ လလောက်ရှိပြီဆရာ
အရင်ကတော့ အတူနေရင်း ပြန်ပြန်ကျသွားတာ

အဲ့တာနဲ့ လိုင်းပေါ်မှာ ကြေငြာနေတဲ့ ဆေးတွေ သောက်ကြည့်တာ
ခေါင်းကိုက်တာ ပျို့တာဖြစ်တာနဲ့ ဆက်မသောက်တော့ပဲထားလ်ုက်တာ

ခုတော့ လုံးဝကို ခေါင်းမထောင်တော့တာနဲ့ ဆရာနဲ့တိုင်ပင်တာပါ

ဘာဆေးတွေသောက်ရမလဲဆရာ

နေဦး ဆရာမေးစရာတွေကျန်သေးတယ်

လည်ဆစ် တို့ကျောရိုးတို့မှာ ထိခိုက်ဒဏ်ရာပြင်းပြင်းထန်ထန်ရဖူးသလား

မရှိပါဘူးဆရာ

ခွဲစိတ်ကုသမှုတွေဘာတွေရော လုပ်ဖူးသလား

မလုပ်ဖူးပါဘူးဆရာ

ဝမ်းချုပ်လား

ဟုတ်ကဲ့ ချုပ်တယ်ဆရာ
၂ ရက် မှ ၁ ကြိမ်လောက်သွားတတ်တယ်။

ဆီးရော မှန်လား။
ဆီးတော့မှန်ပါတယ်။တရက် ၄/၅ ကြိမ်သွားပါတယ်။

လေချုပ်လား။
လေချုပ်တယ်ဆရာ။

စိတ်ဖိစီးမှုရှိလား။

ဟုတ်ကဲ့ အများကြီးတော့မဟုတ်ပေမယ့် တခါတလေတော့ စိတ်ဖိစီးမှုရှိပါတယ်။

အိပ်ရေးဝလား။
နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်တာ တနှစ်လောက်ရှိပြီဆရာ။

ဟုတ်ပြီ

ဒီလောက်ဆိုရပါပြီ

အခုဖြစ်နေတာက အမျိုးသားတိုင်းဖြစ်လေ့ဖြစ်ထရှိတဲ့ စွမ်းဆောင်ကျဆင်းခြင်း(ပန်းတေပန်းညိုးခြင်းပေါ့)

အဓိက ဖြစ်ရတဲ့အကြောင်းတွေက

🍁အသက်ကြီးရင့်လာခြင်း
🍁အဝလွန်ခြင်း
🍁ဆေးလိပ်၊အရက်၊ကွမ်းအလွန်ကျွံသုံးစွဲခြင်း
🍁ဆီးချို၊သွေးတိုး၊နှလုံးရောဂါရှိခြင်း
🍁လည်ဆစ်၊ကျောရိုး၊ခါးပြင်းထန်စွာထိခိုက်ဖူးခြင်း
🍁ဆီးအိမ်ဆီးလမ်းကြောင်းခွဲစိတ်ဖူးခြင်း
🍁အိပ်ရေးပျက်များခြင်း
🍁စိတ်ဖိစီးမှုများခြင်း
🍁ကင်ဆာဖြစ်ခြင်း

စသည်ဖြင့် အကြောင်းအရင်းတွေအများကြီးရှိတဲ့အထဲက

အန်ကယ်ဖြစ်နေတာက

🔺အသက်ရလာတာ
🔺ဆေးလိပ်နှစ်ရှည်လများစွဲသောက်ခဲ့တာ
🔺သွေးတိုးရှိတာ
🔺Stress ပိတာ
🔺အိပ်ရေးပျက်များတာ
🔺အထိုင်များတာ စတဲ့အချက်တွေကြောင့်ဖြစ်ပါတယ်။

ဒါဆို ဘာဆေးသောက်ရမလဲဆရာ

ခဏနေဦးပြောလို့မပြီးသေးဘူး
ဆေးကို မပြောခင် ဆောင်ရန်/ရှောင်ရန်တွေ အရင်ပြောမယ်။

ဒီ ၃ ချက်ကို မဖြစ်မနေ လုပ်ရမယ်။

🌵တရက် ၈ နာရီအိပ်ပါ
🌵လေ့ကျင့်ခန်းတခုခုကိုနေ့စဥ်လုပ်ပါ
🌵ဆေးပတ်လည်အောင်သောက်ပါ

အပေါ်က ၂ ချက်ကို ဖိဖိစီးစီးလုပ်လေ ဆေးအာနိသင်ပြတာမြန်ပြီး ရောဂါမြန်မြန်ပျောက်လေပဲ

အဲ့ ၂ ချက်မှန်မှန်မလုပ်ရင် ဆေး ၁ လသောက်ရမယ်ဆို ၃ လလောက်သောက်လိုက်ရလိမ့်မယ်။

နောက်တချက်က ဆေးလိပ်ဖြတ်ရမယ်။

ဗျာ❗️❗️❗️ဆေးလိပ်

မဖြတ်လို့မရဘူးလားဆရာ

မရဘူး
အသက် ၂၀ ကျော်ကနေသောက်တာ အခု ၅၄ ဆိုတော့ နှစ် ၃၀ ကျော်ပြီ

နှစ် ၃၀ ကျော်တောင် သွေးကြောတွေထဲကို ဆေးလိပ်မီးခိုးတွေရှိုက်သွင်းခဲ့မှတော့ အဆုတ်နဲ့သွေးကြောတွေ မှာ ကြပ်ခိုးတက်သလိုဖြစ်ပြီး သွေးကြောကျဥ်းပြီး သွေးတိုးဖြစ်ရတာ။

သွေးကြောတွေကျဥ်းနေတော့ ဖွားဖက်တော်ဆီကို သွေးလုံလုံလောက်လောက်မရောက်တော့လို့ ဖွားဖက်တော်က ပြန်ပြန်ကျနေတာ ညိုးတယ်ပေါ့

ခုတော့ လုံးဝ မထောင်မတ်တော့ဘူးဆိုတော့ တေတဲ့အဆင့်ရောက်လာပြီ

ဆေးလိပ်ဖြတ်ရမဲ့အပြင် လေ့ကျင်ခန်းကိုပါဖိဖိစီးစီးလုပ်ပေးရမယ်

နေ့စဥ် ၄၅ မိနစ်လောက်လုပ်ပါ

♦️ခြေလွှဲလက်လွှဲပြီး လမ်းသွက်သွက်လျှောက်တာ
♦️ခြင်းခတ်တာ
♦️ရေကူးတာ
♦️ကြက်တောင်ရိုက်တာ
♦️Gym ကစားတာ စသည်ဖြင့်ကိုယ်နှစ်သက်တဲ့ လေ့ကျင့်ခန်း တခုခုကို နေ့စဥ်လုပ်ပါ။

ဒါမှ သွေးကြောလေးတွေ ပွင့်ပြီး သွေးလှည့်ပတ်မှုကောင်းပြီး ဖွားဖက်တော်ထဲ သွေးများများဝင်မှာပါ။

ဖွားဖက်တော် ပြန်ပြီးထောင်မတ်လာဖို့က ပထမအဆင့်

ဒုတိယအဆင့်က ထောင်မတ်တာကိုထိန်းထားနိုင်ဖို့ ခရီးအဆုံးထိရောက်ဖို့က ဒုတိယအဆင့်ပဲ

ခရီးဆုံးအထိသွားနိုင်ပြီဆိုမှသာ အိမ်ထောင်ရေးသုခကြာကြာခံစားနိုင်ဖို့ ဆက်ကြိုးစားရမှာ

ဒါဆို ဘာဆေးတွေသောက်ရမလဲဆရာ
ဘယ်လောက်ဆို ပြန်ကောင်းမလဲ

ပန်းနုအားဆေးနဲ့အာရုံကြောအားဆေး ၂ မျိုးပဲသောက်ပါ

ဆေး ၂ မျိုး တလစာစီပေါ့ တလကုန်ရင် တိုးတက်မှုရှိမရှိပြန်ပြောပါ

အသက်အရွယ်နဲ့ဝေဒနာ အနုအရင့်ပေါ်မူတည်ပြီး ဆေးက ၁ လမှ ၃ လခန့်စွဲသောက်ပေးရမယ်။အများစုက ၁ လလောက်နဲ့ပြန်ကောင်းတတ်တယ်။

ဟိုလေ ဆရာ ဟဲ ဟဲ

ပြောပါ ဘာပြောချင်လဲ

ရသာယနဆေးဆိုတာလေ ပန်းနုထက်ပိုကောင်းတယ်ဆို

အဲ့တာလေး သောက်လို့မရဘူးလားဆရာ

ရပါတယ်

ပန်းနုက ၁၅၀၀၀
ရသာယနက ၃၅၀၀၀ မို့ အကုန်အကျမများအောင် ပန်းနုနဲ့အာရုံကြောဆေးက စ ပေးတာပါ။ဒီ ၂ မျိုးနဲ့တင် အဆင်ပြေသွားကြသူတွေမနည်းခဲ့ဘူးကိုး

အချို့ဆို ကလေးတောင်ရတယ်

ရသာယန သောက်ချင်တယ်ဆိုလည်း ရသာယနနဲ့အာရုံကြောပေါ့

ဟိုလေဆရာ ဟဲ ဟဲ
အာရုံကြောဆေးက အထူးထုတ်ဆိုတာ ရှိတယ်မလား

အာ့လေးနဲ့သောက်လို့ရလား

အင်းးးး အကောင်းတယ်ကြိုက်တာကိုး

ရပါတယ် ပျားရည်နဲ့ဆေးအနှစ်မို့မပေးသေးတာ စျေးလည်းမြင့်လို့

သောက်ချင်သပဆိုလည်း သောက်စေဗျာ

ရသာယနကို ညစာစားပြီး နာရီဝက်နေရင် ဆေး ၂ တောင့် ရေနဲ့သောက်။

အာရုံ(အထူး)က ညအိပ်ကာနီး လက်ဖက်ရည်ဇွန်း ၁ ဇွန်း ရေနဲ့သောက်။

တလနေရင် အကျိုးအကြောင်းပြန်ပြော။

ဆေးဖိုးက ဘယ်လောက်ကျလဲဆရာ

ရသာယနက ၃၅၀၀၀
တဘူးကို တလစာ
ဆေးအတောင့် ၆၀ ပါတယ်
တရက် ၂ တောင့်သောက်

အာရုံ(အထူး)က ၁၆၅၀၀
အိပ်ကာနီး ရေနဲ့သောက်
သူလည်း တလစာပဲ

၂ မျိုးပေါင်း ၅၁၅၀၀ ပေါ့

ဆေးလိပ်ဖြတ်နော်
တခုလိုချင်ရင် တခုတော့ စွန့်လိိုက်ပေါ့

ဟုတ်ကဲ့ဆရာ
ကျနော်ကြိုးစားပြီးဖြတ်ပါ့မယ်

တ လ ကြာ ပြီး နောက်

ဆရာ ဆရာ

ဟုတ်ကဲ့ ပြောပါ

ကျနော်အဆင်ပြေသွားပြီဆရာ
ဆေးစ သောက်ပြီး ရက် ၂၀ လောက်မှာ ညီတော်မောင်ပြန်ပြီး လန်းလာတယ်ဆရာ

အဲ့တာနဲ့လေ့ကျင့်ခန်း ဖိဖိစီးစီးလုပ် အိပ်ရေးလည်းဝဝအိပ်တာ ခုတော့ ခရီး အဆုံးထိလျှောက်နိုင်ပြီဆရာ

အဲ့တာလေ ခရီးကြာကြာလျှောက်နိုင်အောင် ဘာဆေးသောက်ရမလဲဆရာ

ခုလက်ရှိဆေးကိုပဲ ဆက်သောက်ပါ။

တသက်လုံးစွဲသောက်စရာမလိုဘူး

အိပ်ရေးဝဝအိပ်မယ်
လေ့ကျင့်ခန်းမှန်မှန်လုပ်မယ်ဆိုရင် ဆေးမလိုတော့ဘူး
တဆင့်ချင်း ဆေးလျှော့သွားလို့ရပြီ

အာာ ဆရာကလည်း ဒီဆေးသောက်လို့ပြန်ကောင်းလာတာပဲဟာ

ဆက်သောက်မှာပေါ့

ဘယ်လောက်မှလည်း စျေးမကြီးပါဘူး

ကျနော်အရင်က ဝယ်သောက်တဲ့ဆေးဆို တဘူးကို ၈ သောင်းတောင်ပေးရတာ

ခေါင်းကလည်း ကိုက်သေး
ဆက်သောက်မယ်ဆရာ

နော် စွဲသောက်လို့ရတယ်မလား

ဟုတ်ပါပြီ စွဲသောက်ချင်လည်းသောက်ပါ
သောက်လို့ရပါတယ်။အရောအနှောကင်းတဲ့ တိုင်းရင်းဆေးမို့ Side Effect မရှိပါဘူး။

ဆေး ၂ လစာတခါထဲယူသွားမယ်ဆရာ

ဟုတ်ပါပြီဗျာ

#ပန်းသေပန်းညိုးကြောင့်_သင့်ဘဝ_လူဖြစ်မရှုံးစေရ

ဆရာသန့်စင်ထွန်း

 #အမျိုးသားအားနည်းသူများလုပ်ဆောင်ရန်_၃_ချက်အမျိုးသားတွေစွမ်းဆောင်ရည်ကျဆင်း(ပန်းသေ/ပန်းညိုး)တာက လက္ခဏာတခုဖြစ်ပါတယ်ညိုး/သေ...
17/03/2025

#အမျိုးသားအားနည်းသူများလုပ်ဆောင်ရန်_၃_ချက်

အမျိုးသားတွေစွမ်းဆောင်ရည်ကျဆင်း(ပန်းသေ/ပန်းညိုး)တာက လက္ခဏာတခုဖြစ်ပါတယ်

ညိုး/သေခြင်းရဲ့နောက်ကွယ်မှာ ဖြစ်ရတဲ့အကြောင်းတရားတွေအများအပြားရှိတယ်

အဲ့ဒီအကြောင်းတရားတွေကိုက ဆေးပညာရှင်တွေမှပဲ သိတာမို့ ညိုး/သေဖြစ်ရင် ဆေးပညာရှင်တွေနဲ့ စနစ်တကျ တိုင်ပင်ဆွေးနွေးပြီး ကုသမှုခံယူတာအကောင်းဆုံးနဲ့ထိရောက်မှုအရှိဆုံးပါ။

ညိုး/သေဖြစ်ရင် ဆေးသောက်ရုံတင်မကဘဲ ကိုယ့်ရဲ့ Life Style တွေ Behaviour တွေကိုလည်း လိုအပ်ရင် လိုအပ်သလိုပြုပြင်ပြောင်းလဲရတယ်။

ဆရာကတော့ ညိုး/သေသူတိုင်းကို ဒါလေးတွေ လုပ်ခိုင်းပါတယ်

၁)အိပ်ရေးဝဝအိပ်ပါ
၂)လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ
၃)အာဟာရပြည့်ဝအောင်စားပါ
၄)ဆေးလိပ်၊အရက်၊ကွမ်းလျှော့/ဖြတ်ပါ
၅)ဆေးပတ်လည်အောင်သောက်ပါ

၁)အိပ်ရေးဝဖို့မဖြစ်မနေလိုအပ်ပါတယ်။အိပ်စက်ခြင်းဟာ ခန္ဓာကိုယ်အတွက် အကောင်းဆုံးအနားယူခြင်းဖြစ်တာမို့ ညိုး/သေဖြစ်နေသူတွေအနေနဲ့ တရက်ကို ၇/၈ နာရီအိပ်စက်ဖို့လိုတယ်။

အိပ်ချိန်ရောက်ပြီဆို ဖုန်းပိတ်ပြီးအိပ်ပါ(သို့)ဖုန်းကို အိပ်ယာနဲ့ဝေးဝေးထားပါ။

၂)လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ

အသက်အရွယ်ရလာတာနဲ့အမျှတသက်လုံးက စိတ်အလိုလိုက်ပြီးစားခဲ့သမျှ အချိုမှုန့်ကဲတဲ့ဟင်းတွေ၊အဆီတွေနဲ့ပိုးသတ်ဆေးတွေဆိုးဆေးတွေအတိပြီးနေတဲ့အသီးအရွက်အသားငါးတွေကြောင့် ခန္ဓာကိုယ်အတွက် မလိုလားအပ်တဲ့အညစ်အကြေးတွေက ခန္ဓာကိုယ်တွင်းမှာ၊သွေးကြောလေးတွေထဲမှာ စုပုံလာပြီးတော့ သွေးကြောကျဥ်းတာ၊သွေးလှည့်ပတ်မှုမကောင်းတာတွေကြောင့် ဖွားဖက်တော်ဆီကို သွေးစီးဝင်မှုမကောင်းတော့တာကြောင့် သုက်လွှတ်မြန်တာ၊ထောင်မတ်မှုအားနည်းတာ၊လုံးဝမလန်းတော့တာတွေဖြစ်လာရခြင်းပါ။ဒါကြောင့် ချွေးပေါက်လေးတွေ ပွင့်ပြီးသွေးလှည့်ပတ်မှုကောင်းအောင်၊နှလုံးညှစ်အားကောင်းအောင်၊ထောင်မတ်မှုအားကောင်းအောင် လေ့ကျင့်ခန်းတခုခုကို မဖြစ်မနေလုပ်ပါ။

လုပ်လေ့လုပ်ထမရှိရင် လမ်းကို သွက်သွက်လျှောက်ပါ။အနည်းဆုံး မိနစ် ၃၀/၄၅ မိနစ်ခန့်လျှောက်ပါ။ခြေလွှဲလက်လွှဲပြီး သွက်သွက်လျှောက်ပါ။တပတ်ကို ၅ ရက်လျှောက်ပါ။
(အပေါ်နှလုံးသန်လေ အောက်နှစ်လုံးသန်လေပါ)

ဒီတောင်ကိုမောင်ဖြိုချင်တယ်ဆိုရင် တောင်ဖြိုနိုင်တဲ့ ခွန်အား၊သန်မာမှုရှိဖို့လိုပါတယ်။

၃)အာဟာရပြည့်အောင်စားပါ

ဓာတ်စာအနေနဲ့စားခိုင်းတာပါ။
နှစ် ၄၀/၅၀ လောက် မလွှဲမရှောင်သာစားသုံးခဲ့ရတဲ့ ပိုးသတ်ဆေးအတိပြီးနေတဲ့ အသီးအရွက်တွေ၊အသားငါးတွေနဲ့အသီးနှံတွေ၊အချိုမှုန့်၊ပြန်ကြော်ဆီစတဲ့ မကောင်းတဲ့ ဓာတ်တွေစိမ့်ဝင်ထားတဲ့ မိတ်ဆွေရဲ့ ခန္ဓာကိုယ်ကို ဆေးနဲ့ရော အစားအသောက်နဲ့ပါ ပြန်လည် သန့်စင်ဖို့ အားဖြည့်ဖိုလိုအပ်ပါတယ်။

အားဖြစ်စေဖို့ အသားငါးအနေနဲ့ ကြက်သား၊အမဲသား၊ဆိတ်သား စားပါ(ကြော်မစားရ/ကင်မစားရ)
ကြက်ဥ၊နွားနို့၊ပျားရည် မှီဝဲပါ။

အသီးအနှံအနေနဲ့ ဖီးကြမ်းဌက်ပျောမှည့် တနေ့ ၂ လုံးစားပါ။
စပျစ်သီး၊လိမ္မော်သီး၊ပန်းသီး၊ဖရဲသီးစသည်ဖြင့်စားနိုင်ပါတယ်။

အသီးအရွက်ထဲက ဟင်းနုနွယ်ရွက်၊ကိုက်လန်ရွက်၊ကန်စွန်းရွက်များ အလှည့်ကျ နေ့စဥ်စားပေးပါ။ဂျူးမြစ်၊ဆလတ်ရွက်၊ရုံးပတီများစားနိုင်ပါတယ်။

ကြက်သွန်ဖြူနဲ့ကြက်သွန်နီကို နေ့စဥ် ထမင်းစားတိုင်းစားပေးပါ။

ပြောခဲ့သမျှ အကုန်စားရမယ်လို့ မဆိုလိုပါဘူး။အဆင်ပြေသလို အလှည့်ကျစားပေးပါ။

၄)ဆေးလိပ်၊အရက်၊ကွမ်းလျှော့ပါ၊ဖြတ်ပါ

ဆေးလိပ်သောက်တဲ့သက်တမ်း ၁၀ နှစ်ကျော်ရင်(သို့)ဆေးလိပ်သောက်တဲ့ပမာဏများပြားရင် ပန်းသေပန်းညိုးဖြစ်ဖို့ ၈၅ % ရှိတယ်ကိုယ်လူတို့။ဆေးလိပ်ငွေ့တွေကြောင့် တကိုယ်လုံးမှာရှိတဲ့သွေးကြောလေးတွေကျဥ်းပြီး ဖွားဖက်တော်ဆီကို သွေးလုံလုံလောက်လောက်မပို့နိုင်တော့တာကြောင့် သုက်လွှတ်မြန်တာ၊ပွဲမကလိုက်ရတာတွေ ဖြစ်လာတာ။

တနေ့ကို Beer ၂ ခွက်နေ့စဥ်သောက်ရင်(သို့)အရက်သောက်တာများရင် ညိုး/သေ ဖြစ်တော့မှာမို့/ဖြစ်ဖို့ရာခိုင်နှုန်းတော်တော်များနေပြီမို့ လျှော့ပါ။လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။

ကွမ်းမှာပါတဲ့ Chemical တွေနဲ့ ကွမ်းသီး၊ထုံး ရဲ့ အဖန်ဓာတ်က သွေးလှည့်ပတ်မှုစနစ်ကို ကောင်းကောင်းဒုက္ခပေးလို့ ညိုး/သေတင်မက ကျောက်တည်တာကိုပါဖြစ်စေတယ်။

၅)ညွှန်ကြားတဲ့ဆေးကိုဆေးပတ်လည်အောင်သောက်ပါ

ဆရာတို့ဆေးခန်းမှာကုသချင်တယ်ဆိုရင် ရန်ကုန်၊မန္တလေး မြို့တော်များမှာ ဆေးခန်း ၃ ခန်းဖွင့်ထားပြီး ပန်းသေပန်းညိုးရောဂါကို သမားတော်များကိုယ်တိုင် စနစ်တကျ ကုသပေးနေပါတယ်

နယ်ဝေးမှသူများလည်း ဝေဒနာကို ဖုန်းနဲ့တိုင်ပင်ဆွေးနွေးပြီး ဆေးဝါးများမှီဝဲနိုင်ပါတယ်

ဆေးသောက်ရမယ့်အချိန်ကာလက ♦️အသက်အရွယ်
♦️ဝေဒနာအနုအရင့်
♦️အခြားရောဂါတွေရှိမရှိအပေါ်မူတည်ပြီး

၁ လမှ ၃ လ ခန့်သောက်ဖို့လိုအပ်ပါတယ်

♦️ကုန်ကျစရိတ်အနေနဲ့ ဆေးတလစာကို ၂၅၀၀၀ နဲ့ ၅၅၀၀၀ ကြားရှိနိုင်ပါတယ်

ယုံကြည်အားကိုးတယ်ဆိုရင် ဆက်သွယ်ပြီးကုသမှုခံယူနိုင်ပါတယ်

#ပွင့်တဲ့ပန်းတိုင်း_လန်းရမယ်

ဆရာသန့်စင်ထွန်း
B.A(Psy;),Dip.T.Med(Mdy)
တဆ ၆၃၀၁

16/03/2025

#ပန်းသေပန်းညိုးကြောင့်_သင့်ဘဝ လူဖြစ်မရှုံးစေရ

ဒီကုထုံးနဲ့ စမ်းကြည့်ရင်ကောင်းမလားပဲ😝😝😝
19/12/2024

ဒီကုထုံးနဲ့ စမ်းကြည့်ရင်ကောင်းမလားပဲ
😝😝😝

Address

အမှတ် ၂၃၄၊မြိူ့မအနောက်ရပ်ကွက်၊(၁)လမ်း၊ဖြူးမြို့
Pyu
08141

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959258389623

Alerts

Be the first to know and let us send you an email when Sayar Thant Sin Htun - ပန်းသေပန်းညိုးအထူးကု posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category