MOPP-management of providing people

MOPP-management of providing people Management of providing people

ဖြူးဆေးရုံ အရေးပေါ်လူမမာထမင်းထုပ်များ၊ ဆေးဝါးများနှင့် အလှူငွေများအတွက် အလှူရှင်အပေါင်းအား MOPP မှ ကျေးဇူးတင်ဂုဏ်ပြုအပ်ပ...
13/07/2025

ဖြူးဆေးရုံ အရေးပေါ်လူမမာထမင်းထုပ်များ၊ ဆေးဝါးများနှင့် အလှူငွေများအတွက် အလှူရှင်အပေါင်းအား MOPP မှ ကျေးဇူးတင်ဂုဏ်ပြုအပ်ပါသည်။

● ထမင်းထုပ် ရေသန့် အလှူရှင်များမှာ
- ဇွန် ၂၉ရက် နေ့လည်စာနှင့်ရေသန့်ဘူး အလှူရှင်-
ဦးဇော်လှမြင့်+ဒေါ်သင်းဝေမိုး (၁၁၅-မိုင် ပိုင်အိုးနီးယားစားသောက်ဆိုင်နှင့် ဒေါ်မိုးလယ်တော)
- ဇွန် ၂၉ရက် ညနေမှ ဇူလိုင် ၁ရက် နေ့လည်အထိ ထမင်းနှင့်ရေသန့်ဘူး အလှူရှင်- ဖြူးမူဆလင်လူငယ်များပရဟိတအဖွဲ့
- ဇူလိုင် ၁ရက် ညစာနှင့်ရေသန့်ဘူး အလှူရှင်- အေးရိပ်စံနှင့် Luxury 83 မိသားစု ပဲခူးလမ်း
- ဇူလိုင် ၂ရက် နေ့လည်စာနှင့်ရေသန့်ဘူး အလှူရှင်- အဓိကတည်းခိုခန်းနှင့် အဓိကစားသောက်ဆိုင် မိသားစု ပဲခူးလမ်း ဝဲဒေါင့်
- ဇူလိုင် ၂ရက် ညစာနှင့် ရေသန့်ဘူးအလှူရှင် -မွတ်ဆလင်ပရဟိတ လူငယ်များအဖွဲ့
- ဇူလိုင်လ ၃ရက် နေ့လည်စာနှင့်ရေသန့်ဘူး အလှူရှင်- မခိုင်ကွမ်းယာနှင့် ဖုန်းအပိုပစ္စည်းဆိုင်မိသားစု ဂုံးကျော်
- ဇူလိုင်လ ၃ရက် ညစာနှင့်ရေသန့်ဘူး အလှူရှင်- အန်တီခင်၊ အန်တီချို စေတနာရှင်များအဖွဲ့
- ဇူလိုင်လ ၄ရက် နေ့လည်စာနှင့်ရေသန့်ဘူး အလှူရှင်- ကိုဥာဏ်လင်းထက်နှင့်စေတနာရှင်များ
- ဇူလိုင်လ ၄ရက် ဆေးရုံတက်လူမမာအားလုံး ညစာအလှူရှင်- ဦးမျိုးမင်း+ဒေါ်ရီရီဝင်း၊ ရေသန့်ဘူးအလှူရှင် ကိုပြည်ပိုင်,မနှင်းနှင်းထက် မောင်နှမ ထန်းကုန်း(၁)လမ်း
- ဇူလိုင်လ ၅ရက် နေ့လည်စာနှင့်ရေသန့်ဘူး အလှူရှင်- "ဖြိုး" အလှပြုပြင်ရေး မိသားစု ရုပ်ရှင်ရုံရှေ့၊ ပဲခူးလမ်း
- ဇူလိုင်လ ၅ရက် ညစာနှင့်ရေသန့်ဘူး အလှူရှင် - ၁၁၅မိုင်-သဘာဝတရားရိပ်သာ
- ဇူလိုင်လ ၆ရက် နေ့လည်စာနှင့်ရေသန့်ဘူးအလှူရှင် -ရန်ကုန်မြို့မှစေတနာရှင်မိသားစု

●ဆေးဝါးအလှူရှင်များမှာ -ဒေါက်တာဒေါ်အိအိခင်(ရမည်းသင်းဆေးရုံ)မိသားစုနှင့်မိတ်ဆွေများမှ ဆေးအလှူငွေ ၃၀၀၀၀၀ကျပ်နှင့် ဆေးဝါးများ

●ဆေးရုံဆင်းလူမမာတစ်ဦးလျှင်တစ်သိန်းကျပ်အဖြစ် ကူညီအလှူရှင်များမှာ
- ဦးဇော်လှမြင့်+ဒေါ်သင်းဝေမိုး (၁၁၅-မိုင် ပိုင်အိုးနီးယားစားသောက်ဆိုင်နှင့် ဒေါ်မိုးလယ်တော)မိသားစုမှ အလှူငွေ ၄၀၀၀၀၀ကျပ်
- ကွယ်လွန်ပြီးသော မိဘဆွေမျိုးဘိုးဘွားတို့အားရည်စူး၍ ဒေါ်စိုးမိုးစံမိသားစုနှင့်မိတ်ဆွေအပေါင်းမှ အလှူငွေ ၁၂၀၀၀၀၀ကျပ်
- သမီးဂျူဂျူးမွေးနေ့အကြိုကုသိုလ်အဖြစ် ကိုသူရလင်းထက်+မသွန်းဟန်နီဇင် (သား)ဧကံဘုန်းမြတ် -သော်ကမြိုင်ပွဲရုံ မိသားစုမှ အလှူငွေ ၂၀၀၀၀၀ကျပ်
- ၁၁၅မိုင်-သဘာဝတရားရိပ်သာမှ အလှူငွေ ၁၀၀၀၀၀ကျပ် _ တို့ဖြစ်ပါတယ်။

မိမိတို့ MOPPမှ အလှူငွေလက်မခံပါ၊ ချက်ပြုတ်မပေးပါ၊ အလှူရှင်များ၏ အလှူပစ္စည်းများ အလေအလွင့်မဖြစ်စေရေးအတွက် ဖော်ပြပေးခြင်း.ညွှန်ပြပေးခြင်း.စုစည်းဆောင်ရွက်ပေးခြင်း ဖြစ်ပါသည်။
အလှူရှင်အပေါင်း ကပ်ရောဂါဘေးအန္တာရာယ်အပေါင်းမှ ကင်းစင်ပပျောက်ကြပြီးလျှင် နှလုံး.စိတ်.ဝမ်း ငြိမ်းအေးချမ်းသာ ရှိကြပါစေ🙏🙏🙏

14/06/2025

ွဲ့သားများအသင့်.. .

လူသားခြင်းစာနာထောက်ထားသောအားဖြင့်(အထူးသဖြင့် ဖြူးသူ/ဖြူးသား၊ဖြူးပတ်ဝန်းကျင်ရှိပြည်သူများ)

ယခုလက်ရှိ‌ဖြူးဆေးရုံ၌ ဖြစ်ပေါ်နေသော အောက်ဆီဂျင်လိုအပ်လူနာများအတွက်
(ဆေးရုံ၌လူနာများပြားနေ ကလေး/လူကြီး )
#ဆေးရုံကြီးမှအကူညီတောင်းလာသောကြောင့် မိမိတို့ပြည်သူများလှူဒါန်းထားပြီး ဆေးရုံကြီးသို့အပြီးတိုင် လွှဲအပ်ပြီးသား အောက်ဆီဂျင်စက်ရုံအား ပြန်လည်ကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် MOPPအနေဖြင့် တတ်နိုင်သမျှ ကြိုးစားအဖြေရှာပြုပြင်ပေးနိုင်ဖို့စတင်ဆောင်ရွက်လျှက်ရှိကြောင်း...
#ပြည်သူ့အတွက်MOPP

မတ်လ၂၈ရက်နေ့တွင်ဖြစ်ပေါ်ခဲ့သည့်ငလျင်ဘေးဒဏ်ကြောင့် မတော်တဆဒဏ်ရာရ/သေဆုံးမှုများနှင့် ဘာသာရေးအဆောက်အအုံပြိုကျပျက်စီးမှုများ...
10/05/2025

မတ်လ၂၈ရက်နေ့တွင်ဖြစ်ပေါ်ခဲ့သည့်ငလျင်ဘေးဒဏ်ကြောင့် မတော်တဆဒဏ်ရာရ/သေဆုံးမှုများနှင့် ဘာသာရေးအဆောက်အအုံပြိုကျပျက်စီးမှုများအတွက် MOPP မှ ညှိုးငယ်ကူညီစိတ်ဖြင့် ဧပြီ၂၈ရက်နေ့အထိ လှူဒါန်းခဲ့ကြပြီးဖြစ်ပါသည်။ ဤလှူဒါန်းမှုကာလတိုင်ချိန်မှ သတင်းဖော်ပြနိုင်မှုအားနည်းခြင်းကြောင့် ဖြူးမြို့နယ်သာသနာ့ဗိမာန်တော်ကြီး၏ ကြီးကြီးမားမားပျက်စီးဆုံးရှုံးမှုများအကြောင်းကို နောက်ကျစွာ သိရှိကြရပါသည်။

ထို့ကြောင့် သာသနာ့ဗိမာန်တော်ကြီးပြန်လည်ပြုပြင်ရေးအတွက် ဆရာတော်များ.ဦးဆောင်ဂေါပကအဖွဲ့ဝင်များ၏ စုပေါင်းအစည်းအဝေးမတိုင်မီ MOPP အဖွဲ့ဝင်များမှ လိုအပ်သည့်ထောင့်တွင် ကူညီပေးနိုင်ရန် သွားရောက်လေ့လာခဲ့ပြီးဖြစ်ပါသည်။

ဆရာတော်ကြီးများ၏ အစည်းအဝေးဆုံးဖြတ်၌ ပြုပြင်မှုများ မတိုင်မီ မိမိတို့ ဖြူးသူ/သား အပေါင်းမှလည်း သာ့သနာ့ဗိမာန်တော်ကြီး၏ အခြေနေမှန်ကို ကြိုတင်သိရှိနိုင်စေရန် MOPP မှ ဓါတ်ပုံမှတ်တမ်းများဖြင့် ဖော်ပြအပ်ပါသည်။

#ဖြူးမြို့နယ်သာသနာ့ဗိမာန်တော်ကြီး
#ငလျင်ဘေးပျက်စီးမှုများ

 #မေတ္တာရှေ့ထားရပ်နီးရပ်ဝေးအလှူရှင်များသိရှိသာဓုခေါ်ဆိုနိုင်ကြပါစေ🙏🙏🙏ဖြူးမြို့ငလျင်ဘေးဒဏ်ကြောင့်ပျက်စီးဆုံးရှုံးမှုများတ...
01/05/2025

#မေတ္တာရှေ့ထားရပ်နီးရပ်ဝေးအလှူရှင်များသိရှိသာဓုခေါ်ဆိုနိုင်ကြပါစေ🙏🙏🙏

ဖြူးမြို့ငလျင်ဘေးဒဏ်ကြောင့်ပျက်စီးဆုံးရှုံးမှုများတွင် ကူညီအားဖြည့်နိုင်ရန်ရည်ရွယ်၍ ၂၀၂၅ခုနှစ် ဧပြီလ-၂၀ရက်နေ့တွင် ကိုအောင်စိုးမိုး Aung Soe Moe +မခင်သန္တာအေး Khin Thandar Aye (အေးရိပ်စံမိသားစု)နှင့် #မိတ်ဆွေအပေါင်းမှ ငွေကျပ် ၇၆၀၁၀၀၀ - ခှစ်နှစ်ဆယ့်ခြောက်သိန်းတစ်ထောင်ကျပ်ကို MOPP သို့အပ်နှံလှူဒါန်းပါသည်။

ဤအပ်နှံလှူဒါန်းငွေအား MOPP အဖွဲ့မှ အစည်းအဝေးပြုလုပ်ပြီးစီးသည့်နောက် အောက်ပါအတိုင်း ခွဲဝေကူညီခဲ့ကြပါသည်။

၁။ ဖြူးမြို့ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားသော #ဖြူးမြို့သာသနာ့ဗိမာန်တော်ကြီးပြန်လည်ပြုပြင်မွန်းမံရန်အတွက် ကနဦးမတည် အလှူငွေ ၁၀၀၁၀၀၀ - #ဆယ်သိန်းတစ်ထောင်ကျပ်
၂။ ဖြူးမြို့ #ငလျင်ဘေးဒဏ်ကြောင့်ကွယ်လွန်သူများအတွက်
#ဒုတိယအကြိမ်
၁၂၀၀၀၀၀ - #တစ်ဆယ့်နှစ်သိန်းကျပ်
၃။ ဖြူးမြို့ ငလျင်ဘေးဒဏ်ကြောင့် အကြီးစားထိခိုက်ဒဏ်ရာရရှိမှုနှင့် #ဆေးရုံတက်ရောက်ကုသဆဲလူမမာများအတွက် ၂၅၀၀၀၀၀ - #နှစ်ဆယ့်ငါးသိန်းကျပ်
၄။ ဖြူးမြို့ ငလျင်ဘေးဒဏ်ကြောင့် #ပျက်စီးသွားသောဘုန်းတော်ကြီးကျောင်းများအား သင့်တင့်လျောက်ပတ်သလို #ပြန်လည်ခွဲဝေလှူဒါန်းပေးနိုင်ရန် ဖြူးမြို့နယ် #သံဃာ့နာယကဆရာတော်နှင့်ဦးဆောင်အဖွဲ့ဝင်များအား အပ်နှံရန်အတွက် ၂၀၀၀၀၀၀ - #နှစ်ဆယ်သိန်းကျပ်
၅။ ဖြူးမြို့ ငလျင်ဘေးဒဏ်ကြောင့် #ပျက်စီးသွားသောအနောက်ဗလီ နှင့် #အရှေ့ဗလီကျောင်းများ ပြန်လည်ပြုပြင်ရန်အတွက် ၆၀၀၀၀၀+၃၀၀၀၀၀ = ၉၀၀၀၀၀ - #ကိုးသိန်းကျပ် တို့ အား MOPP လူမှုကယ်ဆယ်ရေး ဖြူး မှ ဦးဆောင်ကာလှူဒါန်းပေးခဲ့ပါတယ်။


#ဖြူးငလျင်ဘေးကူညီမှု
#လက်တွဲညီကူတို့ဖြူးပြည်သူ

Big shout out to my newest top fans! 💎 Athelay, Pyae Sone, Nwe Nwe Oo, Eieiphyoe, Aye Aye, Htet Thu AungDrop a comment t...
24/04/2025

Big shout out to my newest top fans! 💎 Athelay, Pyae Sone, Nwe Nwe Oo, Eieiphyoe, Aye Aye, Htet Thu Aung

Drop a comment to welcome them to our community, fans

မေတ္တာရှေ့ထား ရပ်နီးရပ်ဝေးအလှူရှင်များ သိရှိသာဓုခေါ်ဆိုနိုင်ကြပါစေ🙏🙏🙏ဖြူးမြို့ငလျင်ဘေးဒဏ်ကြောင့်ပျက်စီးဆုံးရှုံးမှုများတ...
24/04/2025

မေတ္တာရှေ့ထား ရပ်နီးရပ်ဝေးအလှူရှင်များ သိရှိသာဓုခေါ်ဆိုနိုင်ကြပါစေ🙏🙏🙏

ဖြူးမြို့ငလျင်ဘေးဒဏ်ကြောင့်ပျက်စီးဆုံးရှုံးမှုများတွင် ကူညီအားဖြည့်နိုင်ရန်ရည်ရွယ်၍ ၂၀၂၅ခုနှစ် ဧပြီလ-၂၀ရက်နေ့တွင် ကိုအောင်စိုးမိုး+မခင်သန္တာအေး(အေးရိပ်စံမိသားစု)နှင့် မိတ်ဆွေအပေါင်းမှ ငွေကျပ် ၇၆၀၁၀၀၀ - ခှစ်နှစ်ဆယ့်ခြောက်သိန်းတစ်ထောင်ကျပ်ကို MOPP သို့အပ်နှံလှူဒါန်းပါသည်။

ဤအပ်နှံလှူဒါန်းငွေအား MOPP အဖွဲ့မှ အစည်းအဝေးပြုလုပ်ပြီးစီးသည့်နောက် အောက်ပါအတိုင်း ခွဲဝေကူညီကြရန် သဘောတူကြပါသည်။

၁။ ဖြူးမြို့ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားသော ဖြူးမြို့သာသနာ့ဗိမာန်တော်ကြီး ပြန်လည်ပြုပြင်မွန်းမံရန်အတွက် ကနဦးမတည် အလှူငွေ ၁၀၀၁၀၀၀ - ဆယ်သိန်းတစ်ထောင်ကျပ်
၂။ ဖြူးမြို့ ငလျင်ဘေးဒဏ်ကြောင့် ကွယ်လွန်သူများအတွက် ၁၂၀၀၀၀၀ - တစ်ဆယ့်နှစ်သိန်းကျပ် (ဒုတိယအကြိမ်)
၃။ ဖြူးမြို့ ငလျင်ဘေးဒဏ်ကြောင့် အကြီးစားထိခိုက်ဒဏ်ရာရရှိမှုနှင့် ဆေးရုံတက်ရောက်ကုသဆဲ လူမမာများအတွက် ၂၅၀၀၀၀၀ - နှစ်ဆယ့်ငါးသိန်းကျပ်
၄။ ဖြူးမြို့ ငလျင်ဘေးဒဏ်ကြောင့် ပျက်စီးသွားသော ဘုန်းတော်ကြီးကျောင်းများအား သင့်တင့်လျောက်ပတ်သလို ပြန်လည်ခွဲဝေလှူဒါန်းပေးနိုင်ရန် ဖြူးမြို့နယ် သံဃာ့နာယက ဆရာတော်နှင့်ဦးဆောင်အဖွဲ့ဝင်များအား အပ်နှံရန်အတွက် ၂၀၀၀၀၀၀ - နှစ်ဆယ်သိန်းကျပ်
၅။ ဖြူးမြို့ ငလျင်ဘေးဒဏ်ကြောင့် ပျက်စီးသွားသော အနောက်ဗလီနှင့်အရှေ့ဗလီကျောင်းများ ပြန်လည်ပြုပြင်ရန်အတွက် ၆၀၀၀၀၀+၃၀၀၀၀၀ = ၉၀၀၀၀၀ - ကိုးသိန်းကျပ် တို့ ဖြစ်ပါသည်။

အထက်ပါ ဆောင်ရွက်မှုများပြီးစီးသည့်အချိန်တွင် ခွဲဝေလှူဒါန်းမှုမှတ်တမ်းအဝဝကို MOPP PAGE ၌ ထပ်မံဖော်ပြသွားပါမည်။


#ဖြူးငလျင်ဘေးကူညီမှု
#လက်တွဲညီကူတို့ဖြူးပြည်သူ

သဘာဝငလျင်ဘေးဒဏ် ထိခိုက်ဖြစ်ပွားမှုနှင့် ကယ်ဆယ်ရေးကိစ္စ များအတွက် ထမင်းထုပ်များဝေခြင်း၊ ကွယ်လွန်သူများအားရည်စူးကုသိုလ်ပြု...
30/03/2025

သဘာဝငလျင်ဘေးဒဏ် ထိခိုက်ဖြစ်ပွားမှုနှင့် ကယ်ဆယ်ရေးကိစ္စ များအတွက် ထမင်းထုပ်များဝေခြင်း၊ ကွယ်လွန်သူများအားရည်စူးကုသိုလ်ပြု လှူဒါန်းမှုများသည် MOPP ၏ အရေးပေါ်အခြေနေ တုံ့ပြန်ရေးဘတ်ဂျက်မှသာ ထုတ်ယူဆောင်ရွက်ခြင်းဖြစ်ပါသည်။ MOPP မှ အလှူငွေကောက်ခံခြင်း (သို့မဟုတ်) လက်ခံရယူခြင်း လုံးဝ(လုံးဝ) မပြုလုပ်သေးပါကြောင်း အများသိစေအပ်ပါသည်။


#လက်တွဲညီကူတို့ဖြူးပြည်သူ

သဘာဝငလျင်ဘေးဒဏ်ကြောင့် ဖြူးမြို့တွင် မတော်တဆထိခိုက် ကွယ်လွန်မှုရှိသည်များအတွက် MOPP မှ မိသားစုများနှင့်ထပ်တူ အထူးဝမ်းနည်...
30/03/2025

သဘာဝငလျင်ဘေးဒဏ်ကြောင့် ဖြူးမြို့တွင် မတော်တဆထိခိုက် ကွယ်လွန်မှုရှိသည်များအတွက် MOPP မှ မိသားစုများနှင့်ထပ်တူ အထူးဝမ်းနည်းကြေကွဲရပါသည်။ ကွယ်လွန်သူများအားရည်စူး၍ MOPP မှ ညှိုးငယ်သောစိတ်ဖြင့် ကူညီကုသိုလ်ပြုအပ်ပါသည်။ ဘဝတပါးသို့ကူးပြောင်းသွားကြသူများသည်လည်း မြို့သူ/သား အပေါင်း၏ ပြုပြုသမျှ ကောင်းမှုကုသိုလ်တို့၌ မကြားမရှိကြားသိအမျှရကြ၍ သာဓုခေါ်ဆိုနိုင်ကြပါစေ၊ ဖြစ်လေရာဘဝအဆက်ဆက် ကပ်ဘေးအပေါင်းမှ ကင်းစင်ကြပြီး ဘုံအဆင့်မြင့်မားနိုင်ကြပါစေ။

#လက်တွဲညီကူတို့ဖြူးပြည်သူ

ဖြူးမြို့-ပဲခူးလမ်းနှင့် ဘူတာမြောက် ဦးမှုံစက်ဝန်းနေ ကွယ်လွန်သူ ဒေါ်စိန်ခို(ခ) ဒေါ်အေးအေးမြင့် အသက်(၇၈)နှစ်အား ရည်စူး၍ သ...
18/03/2025

ဖြူးမြို့-ပဲခူးလမ်းနှင့် ဘူတာမြောက် ဦးမှုံစက်ဝန်းနေ ကွယ်လွန်သူ ဒေါ်စိန်ခို(ခ) ဒေါ်အေးအေးမြင့် အသက်(၇၈)နှစ်အား ရည်စူး၍ သား- Dr-နေဝန်း+Dr-သဲမွန်ရည်လှိုင်၊ သမီး-မမြတ်စုသိန်း မိသားစုမှ ၁၀လီတာ အောက်ဆီဂျင် Concentrator စက်တစ်လုံးအား MOPP ထံသို့ လှူဒါန်းပါသည်။ အောက်ဆီဂျင် အရည်အိုးအဆင်မပြေသူများအား MOPP မှ Concentrator စက်များကူညီငှားရမ်းခြင်း ကျန်းမာရေးစောင့်ရှောက်မှုကို ဆောင်ရွက်နေသည်ဖြစ်သဖြင့် အသုံးပြုသူများကိုယ်စား MOPP မှ ကျေးဇူးတင်ရှိပါသည်။ ကွယ်လွန်ပြီးကြကုန်သော ဆွေမျိုးအပေါင်းတို့သည်လည်း MOPP နှင့်အလှူရှင်တို့၏ ကောင်းမှုအကျိုးအစုစု၌ မကြားမရှိကြားသိ အမျှရကြ၍ သာဓုခေါ်ဆိုနိုင်ကြပါစေ🙏🙏🙏

 #ကျွန်တော်တို့လုပ်ပေးနိုင်ခဲ့ပါပြီMOPP #ပြည်သူမှပြည်သူသို့- MOPPအသင်းကြီး (ဖြူး) မှ ရေဘေးကြောင့်နေအိမ်ပျက်စီးမျောပါ သူမ...
26/11/2024

#ကျွန်တော်တို့လုပ်ပေးနိုင်ခဲ့ပါပြီMOPP
#ပြည်သူမှပြည်သူသို့

- MOPPအသင်းကြီး (ဖြူး) မှ ရေဘေးကြောင့်နေအိမ်ပျက်စီးမျောပါ သူများရှိကြောင်းသိရှိ၍ အောက်တိုဘာ-၁၀ ရက်နေ့တွင် စစ်တောင်းမြစ်ကမ်းဘေး(အုတ်ဖြတ်)သို့ ကွင်းဆင်းလေ့လာပြီး MOPP ၏ ငွေစာရင်းဖြင့် ၎င်းနေအိမ်များအားပြန်လည်တည်ဆောက်ပေးရန် အတည်ပြုဆုံးဖြတ်ခဲ့ပါသည်။ သစ်.ဝါး ရှားပါးစောင့်ဆိုင်းရမှုနှင့် ကြားကာလရာသီဥတုဖောက်ပြန်မှု တို့မှလွဲ၍ နေအိမ်ပြန်လည်တည်ဆောက်ပေးခြင်းကိစ္စများတွင် အထစ်အငေါ့မရှိ ဆောင်ရွက်နိုင်ခဲ့ကြပြီး နိုဝင်ဘာလ (၁၇) ရက်နေ့တွင် နေအိမ်များပြီးစီးအပ်နှံပေးခဲ့ပါသည်။
-ဆောင်ရွက်နေစဥ်အတွင်း ရပ်နီး/ရပ်ဝေး စေတနာရှင်အချို့မှ အောက်ပါအတိုင်း အားတက်သရော ပူးပေါင်းပါဝင်လှူဒါန်းကြပါသည်။
-စေတနာရှင်များ၏ ပါဝင်မှုအစုစုမှာ
● အိမ်-၇လုံးစာ မြေဝယ်ယူမှုအလျား၁၅၀'/အနံ၄၀' အတွက်
ရေဦးဆရာတော်မှ-၅၀၀၀၀၀ + ဒလမြို့နယ်ပရဟိတလူငယ်လေးများအဖွဲ့မှ ၁၅၀၀၀၀၀ + MOPPမှ ၁၅၀၀၀၀ စုစုပေါင်း ၂၁၅၀၀၀၀(နှစ်ဆယ့်တစ်သိန်းငါးသောင်း)ကျပ်
● ဘုံဘိုင်တွင်းအလှူအတွက် ၈၈၀၀၀၀(ရှစ်သိန်းရှစ်သောင်း) ကျပ်
● ရေပီပါအလှူအတွက် ၄၉၀၀၀၀ (လေးသိန်းကိုးသောင်း)ကျပ်
● ကနဦးခန့်မှန်းတွက်ချက်မှုအရ နေအိမ်တစ်လုံးစာ ၂၂၀၀၀၀၀(နှစ်ဆယ့်နှစ်သိန်းကျပ်တိတိ) ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဥ်ထုတ်လုပ်ရေးနှင့်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်းမှ နေအိမ် (၄) လုံး ၈၈၀၀၀၀၀(ရှစ်ဆယ့်ရှစ်သိန်း)ကျပ်၊ ဒလမြို့နယ်ပရဟိတလူငယ်လေးများအဖွဲ့မှ နေအိမ် (၁) လုံး ၂၂၀၀၀၀၀(နှစ်ဆယ့်နှစ်သိန်း)ကျပ် ဖြစ်ပြီး နေအိမ်များဆောက်လုပ်ပြီးစီးချိန်တွင် နေအိမ်တစ်လုံးစာ ၂၅၀၀၀၀၀(နှစ်ဆယ့်ငါးသိန်းကျပ်တိတိ)ကျသင့်ပါသည် MOPP မှ ခြံစည်းရိုးနှင့်နေအိမ်တစ်လုံးလျင် ၃၀၀၀၀၀(သုံးသိန်းကျပ်တိတိ)ဖြည့်စွက်လှူဒါန်းငွေ ၁၅၀၀၀၀၀(ဆယ်ငါးသိန်းကျပ်တိတိ)MOPPမှ နေအိမ်၂လုံးစာ ၅၀၀၀၀၀၀(ကျပ်သိန်းငါးဆယ်တိတိ)လှူဒါန်းပါသည်
● အပ်နှံသည့်နေ့တွင် ရေစက်ချတရားနာ.ကန်တော့ပွဲ အကျွေးအမွေးအတွက် MOPP မှ ၁၀၀၀၀၀၀(ဆယ်သိန်း)ကျပ် နဝကမ္မ အလှူငွေ ၃၃၀၀၀၀(သုံးသိန်းသုံးသောင်း)ကျပ် ပဲခူးပရဟိတအဖွဲ့မှ တစ်အိမ်ထောင် ၁သိန်းနှုန်းလှူဒါန်းမှုအဖြစ် ၇၀၀၀၀၀(ခုနှစ်သိန်း)ကျပ်
● သန့်စင်ခန်း အလှူရှင်သဘာဝတရားရိပ်သာ ဖြူးကုသိုလ်ဘဏ် ဆရာလေးမှ လျာထားသန့်စင်ခန်း ၇ လုံးအတွက် ၇၀၀၀၀၀(ခုနှစ်သိန်းကျပ်) အမှန်တကယ်ဆောက်လုပ်ပြီးစီးသည့် သန့်စင်ခန်း မှာ ၅လုံး ဖြစ်ပြီး၊သန့်စင်ခန်း တစ်လုံးလျင် ၂၅၀၀၀၀(နှစ်သိန်းငါးသောင်းကျပ်တိတိ)ကျသင့်ခဲ့သဖြင့်၊MOPP မှ ဖြည့်စွက်လှူဒါန်းငွေ ၅၅၀၀၀၀(ငါးသိန်းငါးသောင်းကျပ်တိတိ)ဖြစ်ပါသည်။
ယခုကဲ့သို့ နေအိမ်ပျက်စီးမျောပါသူများ၏ အိမ်.မြေ အသုံးအဆောင် အစစတို့အတွက် လုပ်အားဒါန.ပစ္စည်းဒါန.အလှူငွေကြေးဒါန ကုသိုလ်ရှင်များအား

နေအိမ်ပြန်လည်ရရှိသူများကိုယ်စား MOPP အသင်းကြီး မှ အထူးပင်ကျေးဇူးတင်ဂုဏ်ပြုအပ်ပါသည်။

စစ်တောင်းမြစ်ကမ်းဘေး ရေကြီးနစ်မြုပ်မှုကြောင့်အိမ်အလုံးလိုက်ပါသွားခဲ့သော အိမ်ထောင်စု (၇)စုအား ပြန်လည်တည်ဆောက်ရေးလုပ်ငန်းမ...
15/10/2024

စစ်တောင်းမြစ်ကမ်းဘေး ရေကြီးနစ်မြုပ်မှုကြောင့်
အိမ်အလုံးလိုက်ပါသွားခဲ့သော အိမ်ထောင်စု (၇)စုအား ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအနေဖြင့်အိမ်များဆောက်လုပ်ပေးနိုင်ရန် MOPP အသင်းအနေဖြင့်အကြိမ်ကြိမ်ကွင်းဆင်းကြည့်ရှုခဲ့ပါသည်...
ဆောက်လုပ်လှူဒါန်းမည့်အိမ်များတွင်ရေဘေးသင့်မိသားစုများရေရှည်နေထိုင်နိုင်ရန် ခြံမြေ လိုအပ်ပါသည်...ဌင်းလိုအပ်လျက်ရှိသော ခြံမြေ ပေ(၄၀)×ပေ (၁၅၀)အား ဒလလူငယ်လေးများပရဟိတအသင်းမှ
တစ်ဆယ့်ငါးသိန်းကျပ်နှင့် ရေဦးဆရာတော်အရှင်သောမာဝီရဇောတိ(မဟာနွယ်)မှအလှူငွေ
ငါးသိန်းကျပ်ထည့်ဝင်လှူဒါန်းခဲ့ပါသည်..
MOPPအသင်းမှလှူဒါန်းရန် ရာထားသော အိမ်(၇)လုံးအနက်မှ အိမ်တစ်လုံးစာအား ကာလတန်ကြေး ခန့်မှန်း
(၂၂)သိန်းကျပ်ကိုလည်း ဒလလူငယ်လေးများပရဟိတအသင်းမှ ရေဘေးသင့်ပြည်သူများပြန်လည်ထူထောင်ရေးအတွက် လာရောက်လှူဒါန်းခဲ့ပါသည်...
ယခုကဲ့သို့လာရောက်လှူဒါန်းပေးပါသော ဒလလူငယ်ပရဟိတအသင်းကြီးလည်း လူမှုဘဝအခက်အခဲများလည်းဒီထက်မက ကူညီဆောင်ရွက်နိုင်ပါစေ ပရဟိတအသင်းကြီးလည်း နှစ်ပေါင်းများစွာတည်တံ့ပါစေ..ပြည်သူ့အကျိုးပြုလုပ်ငန်းများလည်းဆထက်တန်ဖိုးထမ်းဆောင်နိုင်ပါစေကြောင်း MOPPအသင်းမှဆုမွန်ကောင်းတောင်းပေးပါတယ်...

Address

Yangon-Mandalay Highway
Pyu

Telephone

+959428129445

Website

Alerts

Be the first to know and let us send you an email when MOPP-management of providing people posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to MOPP-management of providing people:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram