Somino-sleep ဆိုမီႏို

Somino-sleep ဆိုမီႏို အိပ်စက်ခြင်းအတွက် သဘာဝဓါတ်စာ ဆိုမီနို

အသက်အရွယ်ရလာတဲ့လူကြီးတွေအနေနဲ့ ညဘက်တွေမှာတရေးနိုးလာပြီး ပြန်အိပ်လို့မရတော့ဘူး။အိပ်ဆေးပဲသောက်လိုက်ချင်တယ်ဆိုတဲ့ပြဿနာတွေကိ...
28/03/2024

အသက်အရွယ်ရလာတဲ့လူကြီးတွေအနေနဲ့ ညဘက်တွေမှာတရေးနိုးလာပြီး ပြန်အိပ်လို့မရတော့ဘူး။
အိပ်ဆေးပဲသောက်လိုက်ချင်တယ်ဆိုတဲ့ပြဿနာတွေကို ခံစားရတတ်ပါတယ်။
လူကြီးမိဘတွေအတွက် အိပ်စက်ဖို့ခက်ခဲခြင်းက အသက်အရွယ်အရ အိပ်စက်ခြင်းကို ထုတ်လုပ်ပေးတဲ့ မယ်လင်တိုနင်ဓာတ်လျော့နည်းလာကြောင့်ဖြစ်ပြီး တစ်ချို့သော Insomnia Case တွေကြောင့်လည်းဖြစ်နိုင်ပါတယ်။
ဒီလိုတွေကြုံရတဲ့အခါ အန္တရာယ်များတဲ့အိပ်ဆေးတွေမသောက်ဘဲ ဆိုးကျိုးမရှိဘဲ နှစ်ခြိုက်စွာအိပ်စက်စေဖို့ မယ်လင်တိုနင်ဓာတ်ဖြည့်ဆည်းပေးတဲ့ ဆိုမီနိုကိုသာ သောက်လိုက်ပါနော်။
ကျန်းမာရေးအခြေအနေတွေကြောင့်ပါ အိပ်စက်ဖို့ခက်ခဲတာဆိုရင်တော့ ကျွမ်းကျင်ဆရာဝန်များနှင့်သာ ပြသဖို့အတွက် ဆိုမီနိုက အကြံပြုချင်ပါတယ်။
#အိပ်စက်ခြင်းအတွက်နံပါတ်တစ်သဘာဝအားဆေးဆိုမီနို

08/09/2022

ဆိုမီနို ရဲ့ page အသစ်ကို လည်း like & follow လုပ်ပေးဖို့ ဖိတ်ခေါ်အပ်ပါတယ်ရှင့်

https://www.facebook.com/sominosleepmm/

အိပ်စက်ခြင်းအတွက်သဘာဝဓါတ်စာဆိုမီန�

“အိပ်ချိန်စက်ဝန်းမမှန်တော့တဲ့အခါ”ညဘက်မှာဒရမ်မာတွေကြည့်ပြီး လောင်တာအကြောင်းမဟုတ်ပေမယ့် ရေရှည်မှာ ကြီးမားတဲ့ရလာဒ်တွေကစိုးရ...
05/04/2022

“အိပ်ချိန်စက်ဝန်းမမှန်တော့တဲ့အခါ”
ညဘက်မှာဒရမ်မာတွေကြည့်ပြီး လောင်တာအကြောင်းမဟုတ်ပေမယ့် ရေရှည်မှာ ကြီးမားတဲ့ရလာဒ်တွေကစိုးရိမ်ရပါတယ်။
ဖြစ်လာနိုင်တဲ့အကျိုးဆက်တွေကတော့
 မှတ်ဥာဏ်ပိုင်းဆိုင်ရာချို့ယွင်းလာခြင်း
 စိတ်အပြောင်းအလဲမြန်လာခြင်း
 ပုံမှန်ထက်အချိန်တိုင်းပင်ပန်းနေခြင်း
 တွေးခေါ်မှုပိုင်းဆိုင်ရာအားနည်းလာခြင်း
 နှလုံးရောဂါဖြစ်နိုင်ချေများလာခြင်းစတဲ့အရာတွေကိုခံစားရလာမှာဖြစ်ပါတယ်။
ကိုယ့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေအတွက် အိပ်ချိန်လေးတော့မှန်အောင်နေကြမယ်နော်။
ပိုကောင်းမွန်တဲ့ဗဟုသုတတွေလည်း Somino Page Like & Follow လေးလုပ်ထားပေးဖို့မမေ့နဲ့နော်။

အကောင်းဆုံးအဖော်မွန်ဆိုတာကိုယ်ခန္ဓာအတွက် အကောင်းဆုံးထောက်ပံ့ပေးနိုင်တဲ့ အဖော်မွန်ကတော့ အိပ်စက်ခြင်းပါပဲ။အိပ်ရေးဝဝ အချိန်...
30/03/2022

အကောင်းဆုံးအဖော်မွန်ဆိုတာ
ကိုယ်ခန္ဓာအတွက် အကောင်းဆုံးထောက်ပံ့ပေးနိုင်တဲ့
အဖော်မွန်ကတော့ အိပ်စက်ခြင်းပါပဲ။
အိပ်ရေးဝဝ အချိန်မှန်အိပ်စက်ပြီး ရနိုင်တဲ့
အကျိုးကျေးဇူးတွေကများပြားလှပါတယ်။
👉နေ့ရက်တိုင်းဟာ ပိုမိုပျော်ရွှင်စရာကောင်းလာပါတယ်။
👉ကိုယ်အလေးချိန်ကိုလည်း ထိန်းပေးနိုင်ပါတယ်။
👉အိုမင်းရင့်ရော်ခြင်းကိုလည်း နှေးကွေးစေပါတယ်။
👉တက်ကြွလန်းဆန်းတဲ့ ဟန်ပန်က
တစ်ဖက်သားကိုဆွဲဆောင်မှုရှိစေပါတယ်။
👉မှတ်ဉာဏ်ပိုအားကောင်းလာစေပါတယ်။
ဒီလိုကောင်းကျိုးများစွာနဲ့မို့ အိပ်ရေးဝဝ
အိပ်ချိန်မှန်မှန် အိပ်စက်နိုင်ဖို့က အထူးအရေးပါပါတယ်။
SOMINO sleepက အိပ်ချိန်စက်ဝန်းကို
မှန်ကန်စေဖို့အတွက် ကူညီပေးနိုင်ပါတယ်။
#အိပ်စက်ခြင်းအတွက်သဘာဝဓါတ်စာဆိုမီနို

ဘာကြောင့်မှန်းမသိအိပ်မပျော်ဖြစ်နေပါလား?တိကျတဲ့အကြောင်းအရင်းမရှိဘဲ အိပ်မပျော်ခြင်းကို Primary Insomnia လို့ခေါ်ပါတယ်။ တစ်...
28/03/2022

ဘာကြောင့်မှန်းမသိအိပ်မပျော်ဖြစ်နေပါလား?
တိကျတဲ့အကြောင်းအရင်းမရှိဘဲ အိပ်မပျော်ခြင်းကို
Primary Insomnia လို့ခေါ်ပါတယ်။
တစ်ခါတစ်ရံအလုပ်၊ ကျောင်း၊ ကျန်းမာရေး၊ ငွေကြေး
သို့မဟုတ် မိသားစုနဲ့ ပတ်သက်တဲ့ ပူပန်မှုတွေကြောင့်
ညဘက်မှာ တစ်ခါတစ်ရံ အိပ်ရန်ခက်ခဲနေတတ်ပါတယ်။
ခရီးထွက်ရန်၊ နောက်တစ်နေ့ရဲ့ အလုပ်အချိန်ဇယားတွေ
ညနေအချိန်မတော် အိပ်စက်မိခြင်း
ညစာ နောက်ကျမှစားခြင်း စသဖြင့်
အကြောင်းအမျိုးမျိုးကြောင့်လည်းဖြစ်နိုင်ပါတယ်။
Primary Insomnia ဖြစ်ခြင်းက တစ်ခါတစ်ရံမှာ
အချိန်တိုအတွင်း ပျောက်ကင်းသွားတတ်သလို
တစ်ခါတစ်ရံလည်း ပျောက်ကင်းရန် အချိန်ကြာနေတတ်ပါတယ်။
ဒါကြောင့် Primary Insomnia ခံစားနေရပြီးဆိုရင်
SOMINO sleepကို အိပ်ရာမဝင်မီ အချိန်မှာ
ပုံမှန်သောက်သုံးပေးခြင်းဖြင့်
အိပ်ချိန် စက်ဝန်းကိုမှန်ကန်လာစေမှာဖြစ်ပါတယ်။
အိပ်ဆေးမဟုတ်လို့ ဆေးစွဲခြင်းမရှိတာမို့
ပုံမှန်အိပ်ချိန်ပြန်ရရှိပြီဆိုရင် ဆေးကိုအလွယ်တကူရပ်လိုက်လို့ရပါတယ်။
#အိပ်စက်ခြင်းအတွက်သဘာဝဓါတ်စာဆိုမီနို

Melatonin သောက်သုံးခြင်းက safeဖြစ်ရဲ့လား?Melatonin က ယေဘူယျအားဖြင့် လူအများစုအတွက် ဘေးကင်းပြီး အလွန်အကျွံသောက်မိတဲ့အခါမှ...
28/03/2022

Melatonin သောက်သုံးခြင်းက safeဖြစ်ရဲ့လား?
Melatonin က ယေဘူယျအားဖြင့် လူအများစုအတွက်
ဘေးကင်းပြီး အလွန်အကျွံသောက်မိတဲ့အခါမှာလည်း
နောက်ဆက်တွဲကြီးကြီးမားမားပြဿနာများ မခံစားရပါ။
ဒါပေမယ့် ဆေးပမာဏကို တစ်ညလျှင်
1 မှ 3 mg ထက်မပိုသင့်ပါဘူး။
SOMINO မှာပါတဲ့ Melatonin 3mgက နှစ်ခြိုက်စွာ
အိပ်ပျော်နိုင်စေရန်အတွက် လုံလောက်တဲ့ ပမာဏသာဖြစ်တာမို့
ယုံကြည်စိတ်ချစွာ သုံးစွဲနိူင်ပါတယ်။
ဘေးထွက်ဆိုးကျိုးမရှိတာမို့ SOMINOကို
ဆရာဝန်ညွန်ကြားချက် မလိုဘဲ အလွယ်တကူဝယ်ယူနိုင်ပြီး
အိပ်ဆေးမဟုတ် ဆေးစွဲခြင်းမရှိတာမို့
ရေရှည်သောက်သုံးပြီး အလွယ်တကူရပ်တန့်လိုက်လို့ရတာမို့
စိတ်ပူစရာမလိုဘဲ သုံးစွဲနိုင်ပါတယ်။
#အိပ်စက်ခြင်းအတွက်သဘာဝဓါတ်စာဆိုမီနို

ရာသီဥတုပူလို့ အိပ်ရေးပျက်နေကြသူများအတွက် SOMINOခုဆိုရင် နေ့စဉ်နဲ့အမျှ အပူရှိန်ကမြင့်တက်နေပါတယ်။ဒီလိုနွေရာသီကူးပြောင်းချိ...
26/03/2022

ရာသီဥတုပူလို့ အိပ်ရေးပျက်နေကြသူများအတွက် SOMINO
ခုဆိုရင် နေ့စဉ်နဲ့အမျှ အပူရှိန်ကမြင့်တက်နေပါတယ်။
ဒီလိုနွေရာသီကူးပြောင်းချိန်မှာ ရာသီဥတုပူတာမို့
အထူးသဖြင့် ကလေးငယ်နဲ့ လူကြီးပိုင်းတွေ
မအိပ်နိုင်ဖြစ်တတ်ကြပါတယ်။
ဒါကြောင့် ခုလိုရာသီဥတုမှာ ပန်ကာ၊အဲကွန်းတွေနဲ့
အပူရှိန်လျော့ကျစေပြီး အိပ်စက်စေနိုင်ဖို့ကြိုးစားတတ်ကြပါတယ်။
ခုဆိုရင် မီးတွေခဏခဏပြတ်တော့
ပိုပြီးအိပ်မပျော်၊ အိပ်ချိန်မမှန်ဖြစ်နေကြမှာပဲဖြစ်ပါတယ်။
ဒီလိုအခြေအနေမှာ
📌ရေဓာတ်များတဲ့ အသီးအနှံများများစားပါ
📌အစိုဓာတ်ထိန်း ခရင်တစ်မျိုးလိမ်းပေးပါ
📌အိပ်ရာအနီး ရေဇလုံတစ်ခုထားပါ
📌ချည်စောင်ပါးပါးလေးတွေခြုံပါ
📌စိတ်ကိုလျော့ချထားပါ
ဒီအချက်တွေကလည်း အိပ်ပျော်စေနိုင်ဖို့အတွက် ကူညီပေးမှာပါ။
ဒါ့အပြင် အိပ်စက်ခြင်းတွေကို ဆောင်ယူလာပေးမယ့်
SOMINO sleep ကလည်း
ညဘက်ကောင်းစွာအိပ်စက်နိုင်အောင် ကူညီပေးမှာပါ။

#အိပ်စက်ခြင်းအတွက်သဘာဝဓါတ်စာဆိုမီနို

အလုပ်လောဘမကြီးပါနဲ့အလုပ်တွေများပြီး လုပ်ငန်းခွင်မှာ အတော်နောက်ကျတဲ့အထိ ရှိနေသေးမယ်ဆိုရင် ၊ အလုပ်တွေပဲ ဆက်တိုက်လုပ်ဆောင်န...
24/03/2022

အလုပ်လောဘမကြီးပါနဲ့
အလုပ်တွေများပြီး လုပ်ငန်းခွင်မှာ အတော်နောက်ကျတဲ့အထိ
ရှိနေသေးမယ်ဆိုရင် ၊ အလုပ်တွေပဲ ဆက်တိုက်လုပ်ဆောင်နေဦးမယ်ဆိုရင် ၊
ညအိပ်ရာ မဝင်ခင်အထိ အလုပ်တွေပဲ လုပ်နေဦးမယ် ဆိုရင်
ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်လာစေနိုင်ပါတယ်။
လုပ်ငန်းခွင်မှ အိမ်သို့ သင့်တော်တဲ့ အချိန်မှာပြန်ပြီး
ကောင်းမွန်စွာ အိပ်စက်အနားယူသင့်ပါတယ်။
အလုပ်တွေများလို့ မပြီးပြတ်သေးဘူးဆိုရင်တောင်မှ
နောက်နေ့ နံနက်မှာ လုပ်ငန်းခွင်ကို စောစောပြန်လာပြီးမှ ဆက်လုပ်သင့်ပါတယ်။
လေ့လာချက်များအရ ညဖက်မှာ ကောင်းမွန်စွာ အိပ်စက်ရတယ်ဆိုရင်
နောက်တစ်နေ့မှာ လုပ်ငန်းဆောင်တာ များကို ကောင်းမွန်စွာ
အာရုံစူးစိုက်နိုင်ပြီး အလုပ်မြန်မြန်ပြီးမြောက်နိုင်ပါတယ်။
အလုပ်တာဝန်တွေ အိမ်ရောက်တဲ့အထိ ပါမလာစေဖို့
ညဖက်တွေမှာလည်း မိုဘိုင်းလ်ဖုန်းကို ပိတ်ထားတာအကောင်းဆုံးပါပဲ။
အင်တာနက် အီးမေးလ်တွေ ကိုလည်း ညဖက်မှာ မဖတ်သင့်ပါဘူး။
ဖြစ်နိုင်ရင် အိပ်ခန်းမီး ကို ပိတ်ပြီး အိပ်စက်သင့်ပါတယ်။
မီးရောင်မှိန်မှိန်က နိုးထချင်စိတ်ကို လှုံ့ဆော် စေနိုင်တဲ့အတွက် လုံး
ဝမှောင်မဲနေခြင်းက ဦးနှောက်ကို အိပ်စက်ချိန်ပဲ ဆိုတာကို အသိပေးပါတယ်။
အလုပ်လောဘမကြီးပဲ SOMINOနဲ့အတူ ပြည့်ဝစွာအိပ်စက်အနားယူပါ။

#အိပ်စက်ခြင်းအတွက်သဘာဝဓါတ်စာဆိုမီနို

လှပတဲ့အမျိုးသမီးတစ်ယောက်ဖြစ်စေဖို့အိပ်မပျော်ခြင်း ၊ အိပ်ရေးဝဝ မအိပ်ရခြင်းတို့က လူကိုမရွှင်မလန်းဖြစ်စေပြီး မြင်ရတာမလန်းဆန...
22/03/2022

လှပတဲ့အမျိုးသမီးတစ်ယောက်ဖြစ်စေဖို့
အိပ်မပျော်ခြင်း ၊ အိပ်ရေးဝဝ မအိပ်ရခြင်းတို့က
လူကိုမရွှင်မလန်းဖြစ်စေပြီး မြင်ရတာ
မလန်းဆန်းတဲ့အသွင်ပြင်ကိုဖြစ်စေပါတယ်။
အထူးသဖြင့် အမျိုးသမီးများအတွက်
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အိပ်စက်ခြင်းက အလွန်အရေးပါပါတယ်။
အိပ်ပျော်နေစဉ်မှာ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းအားလုံးက
ပြန်လည် အားယူကာ သန့်စင်ပါတယ်။
အိပ်ပျော်နေစဉ်မှာ ဦးနှောက်က အသစ်အသစ်သော
လေ့လာသင်ယူမှုတွေကို မှတ်ဉာဏ်အဖြစ်
မှတ်သားထားဖို့ လုပ်ဆောင်ပါတယ်။
ပျက်စီးနေတဲ့ တစ်ရှုးတွေကို ပြန်လည်ပြုပြင်ဖို့အတွက်
ကြီးထွားခြင်း ဟော်မုန်းတွေကို ထုတ်လုပ်ပြီး စိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့
ဆိုးကျိုးတွေကို ပိတ်ပင်ထားဆီးပါတယ်။
ကောင်းမွန်စွာ အိပ်စက်ရတယ်ဆိုရင် ခန္ဓာကိုယ်ရဲ့
လုပ်ဆောင်ချက် အခြေအနေတွေက အကောင်းမွန်ဆုံးပဲ ဖြစ်ပါတယ်။
ကောင်းမွန်စွာ မအိပ်စက် ရဘူးဆိုရင်တော့
လူဟာ လေးလံထိုင်းမှိုင်းနေပြီး မှန်ကန်စွာ မတွေးတောနိုင်တော့တာမို့
ဆုံးဖြတ်ချက်တွေမှားတတ်ကြပါတယ်။
မှတ်ဉာဏ်အားတွေ လျော့နည်းလာတတ်ပါတယ်။
အိပ်ရေးပျက်ခြင်းရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေအနေနဲ့
နှလုံးရောဂါ၊ လေဖြတ်ခြင်း ၊ ဆီးချိုရောဂါ တို့ကို လွယ်ကူစွာဖြစ်စေနိုင်ပြီး
တချို့ဆို အဝလွန်ရောဂါပါ ဖြစ်တတ်ပါတယ်။
ဒါကြောင့်မို့ အသက်ကြီးတဲ့ထိ အရွယ်တင်နုပျိုကျန်းမာနေစေဖို့အတွက်
အိပ်စက်ခြင်းကလည်း အရေးကြီးကဏ္ဍကနေပါဝင်ပါတယ်။

#အိပ်စက်ခြင်းအတွက်သဘာဝဓါတ်စာဆိုမီနို

ကောင်းမွန်စွာအနားယူပြီး လန်းဆန်းစွာ နိုးထပါနေရာင်ခြည်က ဦးနှောက်ကို လှုံ့ဆော်ပေးပါတယ် လို့ UCLA Sleep Disorders Centre ဆေ...
20/03/2022

ကောင်းမွန်စွာအနားယူပြီး လန်းဆန်းစွာ နိုးထပါ
နေရာင်ခြည်က ဦးနှောက်ကို လှုံ့ဆော်ပေးပါတယ် လို့
UCLA Sleep Disorders Centre ဆေးဘက်ဆိုင်ရာ
ဒါရိုက်တာ Dr. Frisca L. Yan Go က ဆိုပါတယ်။
နံနက်ခင်းတိုင်းမှာ အချိန်မှန် ပုံမှန် နိုးထမှုက
ကိုယ်ခန္ဓာကို ညဖက်မှာ အိပ်စက်ဖို့နဲ့
နံနက်ခင်းမှာနိုးထဖို့ကို သင်ပြပေးပါတယ်။
ညတိုင်း ပုံမှန် ည ၁၁နာရီမှာ အိပ်စက်ပြီး
နံနက် ၆ နာရီမှာ အိပ်ရာထတဲ့လူတစ်ယောက်က
နေ့စဉ် ည ၁၁ နာရီဆိုလျှင် အိပ်ချင်လာပြီး
နံနက် ၆ နာရီမှာ အိပ်ရာက အမြဲနိုးထတတ်ပါတယ်။
နံနက်ခင်းတွေမှာ အိပ်ရာနိုးထချိန်တွေ
တစ်နေ့နဲ့ တစ်နေ့ မတူတဲ့အခါမှာ ခန္ဓာကိုယ်နဲ့
ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေက နာရီအချိန်မမှန်တော့ဘဲ
လေးလံထိုင်းမှိုင်းလာပြီး ညဘက်တွေမှာ
အိပ်ချိန်စက်ဝန်းတွေမမှန်တော့ပဲ ကမောက်ကမတွေဖြစ်တတ်ပါတယ်။
ညဘက်အိပ်ချိန်မမှန်တော့ဘူးဆိုရင်တော့
နိုးထလာချိန်မှာ လေးလံထိုင်းမှိုင်းနေပြီး
ဘာကိုမှ စိတ်ဝင်တစား အလုပ်လုပ်လို့
မရတာမျိုး ဖြစ်တတ်ပါတယ်။
ဒါကြောင့်မို့ အိပ်ချိန်မှန်ဖို့အတွက် နိုးထချိန်မှန်ဖို့လိုအပ်ပါတယ်။
#အိပ်စက်ခြင်းအတွက်သဘာဝဓါတ်စာဆိုမီနို

Sound Therapy (အသံကုထုံး)ခေတ်မီတိုးတက်တဲ့ ခေတ်ကြီးမှာ အသံကုထုံးလို့ခေါ်တဲ့ Sound Therapy နဲ့ အိပ်မပျော်ဖြစ်နေသူများအတွက်...
19/03/2022

Sound Therapy (အသံကုထုံး)
ခေတ်မီတိုးတက်တဲ့ ခေတ်ကြီးမှာ အသံကုထုံးလို့ခေါ်တဲ့
Sound Therapy နဲ့ အိပ်မပျော်ဖြစ်နေသူများအတွက်
အသံ၊ တေးဂီတ၊ တူရိယာသံ တစ်မျိူးမျိုးဖြင့်ကုသသောကုထုံး ဖြစ်ပါတယ်။
အိပ်ပျော်ရန်ခက်ခဲနေသူများအတွက်
စိတ်ကိုအေးချမ်းသာယာစေသော
သဘာဝအသံများ၊ တီးလုံးသံ၊ သီချင်းသံများအထိပါဝင်တဲ့
စက်လေးတွေဝယ်ယူလို့ရနေပြီပဲဖြစ်ပါတယ်။
Sound Therapy (အသံကုထုံး) ကို
အိပ်ပျော်ရန်ခက်ခဲနေသူများအပြင်
အာရုံစူးစိုက်ရန် ခက်ခဲသော ကလေးငယ်များ၊
လုပ်ငန်းခွင်အတွင်း အာရုံစူးစိုက်မှုလျော့နည်းနေသူများ
နားထဲအသံစူးစူးများ အလိုလျောက်ကြားနေရသော
Tinnitus ဝေဒနာရှင်များအတွက် အသုံးများတတ်ကြပါတယ်။
မွေးကင်းစ ကလေးအရွယ်ကနေ လူကြီးများအထိသုံးစွဲနိုင်ပြီး
ကောင်းမွန်စွာအိပ်စက်စေတာမို့ နေ့နဲ့ညမှားနေတဲ့ ကလေးငယ်တွေ
ညဘက်အိပ်ရခက်သူတွေအနေနဲ့ စမ်းသပ်သုံးစွဲကြည့်သင့်ပါတယ်။
ဒါမှမဟုတ် SOMINO sleepကို သောက်သုံးပြီး အိပ်စက်ခြင်းကို ရယူလိုက်ပါ။
#အိပ်စက်ခြင်းအတွက် သဘာဝဓါတ်စာ SOMINO

SOMINOကြောင့်အဆင်ပြေခဲ့ပြီအခုလူတိုင်းကြုံနေရတဲ့ အကြပ်အတည်း ကာလမှာ အကြောင်းအမျိုးမျိုးကြောင့် စိတ်ပင်ပန်း၊လူပင်ပန်းဖြစ်နေ...
17/03/2022

SOMINOကြောင့်အဆင်ပြေခဲ့ပြီ
အခုလူတိုင်းကြုံနေရတဲ့ အကြပ်အတည်း ကာလမှာ
အကြောင်းအမျိုးမျိုးကြောင့်
စိတ်ပင်ပန်း၊လူပင်ပန်းဖြစ်နေကြပြီး
အိပ်ချိန်မမှန် ခြင်း၊ ကောင်းမွန်နှစ်ခြိုက်စွာမအိပ်နိုင်ခြင်း၊
အိပ်မပျော်ခြင်းတို့ကို အနည်းနဲ့အများ ခံစားလာကြရပါတယ်။
အိပ်မပျော်ခြင်းက ခန္ဓာကိုယ်ရဲ့ immune system ကို
ထိခိုက်စေသလို မှတ်ဉာဏ်ကိုလည်း ထိခိုက်စေပါတယ်။
ဒါကြောင့်မို့ ဒီလိုဖြစ်နေတဲ့အခြေအနေတွေကို
ကာကွယ်နိုင်ဖို့အတွက် အိပ်ဆေးမဟုတ်တဲ့
Melatonin (အိပ်စက်ခြင်းကိုဖြစ်စေတဲ့ဟော်မုန်း) ကို
လိုအပ်ပါက SOMINO sleepကိုသတိရလိုက်ပါ။

အိပ်ရာမဝင်မီ Melatonin ကို (၁)နာရီခန့် ကြိုသောက်ပါက
နှစ်ခြိုက်စွာအိပ်ပျော်ပြီး အိပ်ချိန်မမှန်၊
အိပ်မပျော်နိုင် ဖြစ်နေသူတွေကို ကောင်းမွန်နှစ်ခြိုက်စွာအိပ်ပျော်စေမှာပါ။
အိပ်မပျော်တဲ့ညတွေ မဖြစ်ရလေအောင် SOMINO –sleep ကိုဆောင်...။

#အိပ်စက်ခြင်းအတွက်သဘာဝဓါတ်စာဆိုမီနို

Address

Rangoon Ahlone

Alerts

Be the first to know and let us send you an email when Somino-sleep ဆိုမီနို posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram


ဆိုမီနို(SOMINO-SLEEP)သည် အိပ်ဆေးများကဲ့သို့မဟုတ်ဘဲ လူ့ခန္ဓာကိုယ်အတွင်းရှိ အိပ်စက်ခြင်းကို အထောက်အကူပြုသော သဘာဝဟော်မုန်းကို တိုးမြှင့်စေခြင်းဖြင့် ကောင်းမွန်စွာ အိပ်စက်အနားယူလိုက်ပါ။

ညစဉ် အိပ်ယာမ၀င်မှီ မိနစ် (၃၀) အလိုတွင် ဆိုမီနို(SOMINO-SLEEP) (၁)လုံး ကို ကြိုတင်သောက်သုံးပြီးနှစ်ခြိုက်စွာ အိပ်စက်နိုင်ပါသည်။