Zwe Clinic - "ဇွဲ" ဆေးကုခန်း

Zwe Clinic - "ဇွဲ" ဆေးကုခန်း A general practice clinic that provides primary health care to the local community.

🔎Special interest in Dermatology

🪡Special interest in Surgery

မလိုအပ်ဘဲ ဓာတ်ခွဲခန်းတခေါက်သွားစရာမလိုတော့ဘူး။ဆေးခန်းပြရင်းတခါတည်း လိုအပ်ရင်စစ်ဆေးလို့‌ရပါပြီ။Sysmex (Japan) နဲ့ Roche (...
22/06/2025

မလိုအပ်ဘဲ ဓာတ်ခွဲခန်းတခေါက်သွားစရာမလိုတော့ဘူး။
ဆေးခန်းပြရင်းတခါတည်း လိုအပ်ရင်စစ်ဆေးလို့‌ရပါပြီ။
Sysmex (Japan) နဲ့ Roche (Switzerland) လို အရည်သွေးကောင်း စက်ပစ္စည်းတွေအသုံးပြုတဲ့ ဓာတ်ခွဲခန်းနဲ့ ချိတ်ဆက်ထားလို့ အဖြေမှန်ကန်ဖို့အတွက်လည်း စိတ်ချရပါတယ်။


ကူးစက်ခံရမှု‌လျှော့ချနိုင်ရန်၊အဖျားရက်မရှည်ဘဲ အလုပ်အကိုင်ပျက်သက်သာစေရန်၊တုပ်ကွေးကာကွယ်ဆေးထိုးဖို့လိုအပ်ပါတယ်။
18/05/2025

ကူးစက်ခံရမှု‌လျှော့ချနိုင်ရန်၊
အဖျားရက်မရှည်ဘဲ အလုပ်အကိုင်ပျက်သက်သာစေရန်၊
တုပ်ကွေးကာကွယ်ဆေးထိုးဖို့လိုအပ်ပါတယ်။





(ဈေးကွက်ထဲ မိမိဒေသနဲ့မကိုက်ညီတဲ့ တုပ်ကွေးကာကွယ်ဆေးတွေ တွေ့လာလို့ သတိထားလို့ရအောင် ပြောပြ‌ပေးထားပါတယ်။)💚 မိုးဦးကျရာသီနဲ့အ...
04/05/2025

(ဈေးကွက်ထဲ မိမိဒေသနဲ့မကိုက်ညီတဲ့ တုပ်ကွေးကာကွယ်ဆေးတွေ တွေ့လာလို့ သတိထားလို့ရအောင် ပြောပြ‌ပေးထားပါတယ်။)

💚 မိုးဦးကျရာသီနဲ့အတူပါလာမယ့် တုပ်ကွေးရောဂါကို ကြံ့ကြံ့ခံနိုင်ဖို့ တုပ်ကွေးကာကွယ်ဆေးကြိုထိုးထားဖို့လိုမယ်နော်။

🩷 ဆေးထိုးဖို့အတွက် 09989970850 ကို ရက်ချိန်းယူနိုင်ပါပြီ။

ဆေးအမျိုးအစားများ
🇰🇷GCFlu Quadrivalent 2025
🇹🇭INFLUVAC Tetra 2025



#တုပ်ကွေးကာကွယ်ဆေး

💚 မိုးဦးကျရာသီနဲ့အတူပါလာမယ့် တုပ်ကွေးရောဂါကို ကြံ့ကြံ့ခံနိုင်ဖို့ တုပ်ကွေးကာကွယ်ဆေးကြိုထိုးထားဖို့လိုမယ်နော်။🩷 ဆေးထိုးဖိ...
01/05/2025

💚 မိုးဦးကျရာသီနဲ့အတူပါလာမယ့် တုပ်ကွေးရောဂါကို ကြံ့ကြံ့ခံနိုင်ဖို့ တုပ်ကွေးကာကွယ်ဆေးကြိုထိုးထားဖို့လိုမယ်နော်။

🩷 ဆေးထိုးဖို့အတွက် 09989970850 ကို ရက်ချိန်းယူနိုင်ပါပြီ။

ဆေးအမျိုးအစားများ
🇰🇷GCFlu Quadrivalent 2025
🇹🇭INFLUVAC Tetra 2025



#တုပ်ကွေးကာကွယ်ဆေး

(Edited)💚 မိုးဦးကျရာသီနဲ့အတူပါလာမယ့် တုပ်ကွေးရောဂါကို ကြံ့ကြံ့ခံနိုင်ဖို့ တုပ်ကွေးကာကွယ်ဆေးကြိုထိုးထားဖို့လိုမယ်နော်။🩷 ဆ...
28/04/2025

(Edited)

💚 မိုးဦးကျရာသီနဲ့အတူပါလာမယ့် တုပ်ကွေးရောဂါကို ကြံ့ကြံ့ခံနိုင်ဖို့ တုပ်ကွေးကာကွယ်ဆေးကြိုထိုးထားဖို့လိုမယ်နော်။

🩷 ဆေးထိုးဖို့အတွက် 09989970850 ကို ရက်ချိန်းယူနိုင်ပါပြီ။

ဆေးအမျိုးအစားများ
🇰🇷GCFlu Quadrivalent 2025
🇹🇭INFLUVAC Tetra 2025



#တုပ်ကွေးကာကွယ်ဆေး

21/08/2024



20/08/2024

📢📢 Mpox (Monkey pox) သို့မဟုတ် မျောက်ကျောက်ရောဂါအကြောင်းသိကောင်းစရာ📢📢

✅ မျောက်ကျောက်ရောဂါဆိုတာ ဘာလဲ??

_ မျောက်ကျောက်ရောဂါဆိုတာ Monkey pox virus ကတဆင့်ကူးစက်တဲ့ရောဂါပဲ ဖြစ်ပါတယ်။

_ မျောက်ကျောက်ရောဂါခံစားနေရတဲ့လူကတဆင့် ခန္တာကိုယ်ချင်းထိတွေ့ခြင်း (ပုံမှန်ထိတွေ့ခြင်း၊နမ်းခြင်း၊ လိင်ဆက်ဆံခြင်း)ကဖြစ်စေ၊ ရောဂါသည်နဲ့ ထိတွေ့ထားတဲ့ပစ္စည်းပစ္စယာတွေကိုင်တွယ်မိရာကတဆင့်ဖြစ်‌စေ လည်းကူးစက်နိုင်ပါတယ်။

_ တိရိစ္ဆာန်များနဲ့ထိတွေနေသူများဆိုရင်တော့ ရောဂါရှိတဲ့ တိရိစ္ဆာန် (မျောက်၊ရှဉ့်စသည်)ကနေတဆင့် ထိတွေ့တာ၊ကိုက်ခံရတာ၊ ကုတ်ခံရတာနဲ့ ရောဂါရှိတဲ့တိရိစ္ဆာန်ကို သေချာစွာမချက်ပြုတ်ပဲ စား‌သောက်မိရာကတဆင့်လည်းကူးစက်နိုင်ပါတယ်။

_ ရောဂါရှိတဲ့လူကနေတဆင့်လည်း အိမ်မွေးတိရိစ္ဆာန်လေးတွေကို ကူးစက်နိုင်ချေရှိတယ်လို့လည်းဆိုထားတာကြောင့် ရောဂါဖြစ်သူအနေနဲ့ အိမ်မွေးအကောင်လေးတွေနဲ့ ထိတွေ့ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

✅ မျောက်ကျောက်ရောဂါဖြစ်ရင် ဘာတွေခံစားရမလဲ??

_ မျောက်ကျောက်ရောဂါခံစားရရင် လူတယောက်နဲ့တယောက် ပြင်းထန်မှုမတူတတ်ပါဘူး။

_ တချို့က မပြင်းထန်ပေမဲ့ တချို့မှာတော့ဆေးရုံဆေးခန်းကုသမှုလိုအပ်နိုင်ပါတယ်။

_ ရောဂါလက္ခဏာတွေကတော့ 🔍🔍

- ဖျားမယ်၊ ခေါင်းကိုက်မယ်၊ ကိုယ်လက်ကိုက်ခဲမယ်၊ နုန်းမယ်၊ ခန္ဓာကိုယ်မှာ အကြိတ်တွေရောင်မယ်ပေါ်မယ်။

- ခန္ဓာကိုယ်မှာ အရည်ကြည်ဖုလို အဖုတွေ၊အစက်တွေ အနာတွေဖြစ်ပေါ်နိုင်ပါတယ်။

- အဖုတွေကို မျက်နှာ၊ လက်ဖဝါး၊ ခြေဖဝါး၊ ပေါင်ခြံနဲ့ လိင်အင်္ဂါတွေမှာ တွေ့ရတတ်ပါတယ်။

- ပါးစပ်၊ လည်ချောင်းနဲ့ မျက်လုံးတို့မှာ လည်းတွေရတတ်ပြီး လိင်အင်္ဂါမှာဖြစ်ရင်တော့ ဆီးသွားရခက်တာ၊ ဝမ်းအိမ်ရောင်တာတွေဖြစ်တတ်ပါတယ်။

✅ မျောက်ကျောက်ရောဂါက အသက်အန္တရယ်ရှိလား??

_ များသောအားဖြင့်တော့ ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ သေချာလေး ဂရုတစိုက်နဲ့ ဖျားနာခြင်းနဲ့ ရောဂါလက္ခဏာတွေကို ကုသရင်ပြန်ကောင်းနိုင်ပေမဲ့ တချို့သူတွေမှာတော့ ဆိုးဝါးနိုင်ပြီး နောက်ဆက်တွဲတွေဖြစ်တာ အသက်အန္တရယ်ရှိတာတွေဖြစ်နိုင်ပါတယ်။

_ သတိထားရမဲ့အုပ်စုတွေကတော့ မွေးကာစကလေးတွေ၊ ကလေးသူငယ်တွေ၊ကိုယ်ဝန်ဆောင်နဲ့ ကိုယ်ခံအားနည်း/ကိုယ်ခံအားကျရောဂါရှိသူတွေမှာ ဆိုးဝါးတတ်လို့သတိထားရပါမယ်။

✅ကာကွယ်ဖို့ ဘာတွေလုပ်နိုင်လဲ

_ လက်ကိုဆပ်ပြာ သို့မဟုတ် အရက်ပျံလက်သန့်‌ဆေးရည်နဲ့စနစ်တကျဆေးတာလုပ်ရပါမယ်။

_ ရောဂါကူးစက်ပုံနဲ့ ရောဂါလက္ခဏာများကို သိရှိပြီး စနစ်တကျကာကွယ်ရပါမယ်။

_ ရောဂါဖြစ်သူနဲ့ ထိတွေ့ခြင်းကို သတိထားကာကွယ်တာ၊ ကိုယ်တိုင်ဖြစ်ပွားနေပါကလည်း အခြားသူများကိုမကူးစက်အောင် ထိတွေ့မှုမရှိအောင် သတိထားနေထိုင်သင့်ပါတယ်။
_ ရှောင်ရှားသင့်တဲ့အချိန်အပိုင်းအခြားကတော့ အရည်ဖုတွေ အနာဖေးတက်၊ အနာဖေးကွာပြီး အောက်မှာ ပုံမှန်အရေပြားပြန်ဖြစ်ချိန်ထိလို့ ဆိုပါတယ်။

_ သက်ဆိုင်ရာ ကျန်းမာရေးဌာနရဲ့အကူအညီရယူပြီး ညွန်ကြားချက်များကို လိုက်နာသင့်ပါတယ်။

_ ရောဂါဖြစ်ပွားပြီး သုံးလလောက်ထိ လိင်ဆက်ဆံတဲ့အခါ ကွန်ဒုံးသုံးသင့်တယ်လို့လည်း ဆိုပါတယ်။

_ ရောဂါဖြစ်ပွားနေတဲ့တိရိစ္ဆာန်များနဲ့ထိတွေမှုကိုလည်း သတိထားကာကွယ်သင့်ပါတယ်။

_ တိရိစ္ဆာန်အသား၊ သွေးနဲ့ပတ်သက်နဲ့ အစာများကို ချက်ပြုတ်စားသုံးတဲ့အခါလည်း သေချာစွာကျက်အောင် ချက်ပြုတ်စားသောက်ရပါမယ်။

✅ ကာကွယ်ဆေးရှိသလား

🤔 WHO က အသိအမှတ်ပြုထားတဲ့ ကာကွယ်ဆေးတော့ရှိပေမဲ့ လူအများကိုထိုးဖို့တော့ မပြောထားပါဘူး။

🔍 ရောဂါဖြစ်ပွားမှုနဲ့ ထိတွေ့နိုင်ချေရှိသူတွေနဲ့ ရောဂါဖြစ်ပွားရာနေရာဒေသကို ခရီးသွားလာရမဲ့သူတွေကတော့ ထိုးသင့်တယ်လို့ဆိုထားပါတယ်။

🔍 ကာကွယ်ဆေးထိုးပြီးရင်လည်း ရောဂါဖြစ်ပွားမှုကို ဆက်လက်သတိပြု ကာကွယ်ထားသင့်ပါတယ်လို့ဆိုပါတယ်။ ဘာလို့လဲဆိုရင်တော့ ကာကွယ်ဆေးအာနိသင်ရဖို့ ရက်သတ္တအတော်ကြာစောင့်ရနိုင်လို့ပါ။

😃 ကဲဒီလောက်ဆိုရင်တော့ monkey pox မျောက်ကျောက်ရောဂါကို အတော်လေးသိကြပြီလို့ထင်ပါတယ်နော်။

မိမိကျန်းမာရေးအတွက်"ဇွဲ" ဆေးကုခန်းမှာ🟩Bပိုး (HBsAg)🟨Cပိုး (HCV Ab)🟥HIVပိုး (HIV-1&2 Ab)စစ်ဆေးနိုင်ပါပြီ။
20/08/2024

မိမိကျန်းမာရေးအတွက်
"ဇွဲ" ဆေးကုခန်းမှာ
🟩Bပိုး (HBsAg)
🟨Cပိုး (HCV Ab)
🟥HIVပိုး (HIV-1&2 Ab)
စစ်ဆေးနိုင်ပါပြီ။




30/07/2024
⚠️ အိမ်သုံးအစွန်းချွတ်ဆေး (Household Bleach) ဖြင့် 💧ရေသန့်စင်နည်း🔵 အမြင်အားဖြင့် ကြည်လင်သော ရေရေ (၄) လီတာတွင် အစွန်းချွတ...
15/07/2024

⚠️ အိမ်သုံးအစွန်းချွတ်ဆေး (Household Bleach) ဖြင့် 💧ရေသန့်စင်နည်း

🔵 အမြင်အားဖြင့် ကြည်လင်သော ရေ

ရေ (၄) လီတာတွင် အစွန်းချွတ်ဆေး (Bleach) (၈) စက်ထည့်ပါ။
သေချာစွာ လှုပ်ပါ။
မိနစ် (၃၀) စောင့်ပါ။
ပြီးလျှင်သောက်/သုံးနိုင်ပါပြီ။

🟤 အမြင်အားဖြင့် နောက်သော ရေ

ရေ (၄) လီတာတွင် အစွန်းချွတ်ဆေး (Bleach) (၁၆) စက်ထည့်ပါ။
သေချာစွာ လှုပ်ပါ။
မိနစ် (၃၀) စောင့်ပါ။
ပြီးလျှင်သောက်/သုံးနိုင်ပါပြီ။

ပုံ - အစက်ချပြွန်နမူနာ နှင့် ဈေးကွက်အတွင်းရနိုင်သော အိမ်သုံးအစွန်းချွတ်ဆေးများ




Eid Mubarak Ei al-Adha, 2024အီဗရာဟင်မ် (Abraham) တမန်တော်ကြီးအား စံနမူနာပြု၍ ယုံကြည်မှုအတွက်စွန့်လွှတ်ခြင်း၊ အမှန်တရားအတ...
18/06/2024

Eid Mubarak

Ei al-Adha, 2024

အီဗရာဟင်မ် (Abraham) တမန်တော်ကြီးအား စံနမူနာပြု၍ ယုံကြည်မှုအတွက်စွန့်လွှတ်ခြင်း၊ အမှန်တရားအတွက်စွန့်လွှတ်ခြင်း၊ သဒ္ဓါတရားဖြင့်စွန့်လွှတ်ခြင်း စတဲ့အနှစ်သာရတွေနဲ့ပြည့်စုံတဲ့ အစ်နေ့အခါသမယ အားလုံးစားနပ်ရိက္ခာဖူလုံပြည့်စုံနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

Address

Rangoon Ahlone

Opening Hours

Monday 09:00 - 12:00
16:00 - 20:00
Tuesday 09:00 - 12:00
16:00 - 20:00
Wednesday 09:00 - 12:00
16:00 - 20:00
Thursday 09:00 - 12:00
16:00 - 20:00
Friday 09:00 - 12:00
16:00 - 20:00
Saturday 17:00 - 20:00
Sunday 17:00 - 20:00

Website

Alerts

Be the first to know and let us send you an email when Zwe Clinic - "ဇွဲ" ဆေးကုခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category