05/09/2025
✨ လူကြီးတွေလိုပဲ ကလေးငယ်တွေမှာလည်း စိတ်ပိုင်းဆိုင်ရာ ပြဿနာလေးတွေ ရှိနေတတ်ပါတယ်။ ကျန်းမာရေးအခြေအနေ၊ ပတ်ဝန်းကျင်အနေအထား၊ မိသားစုကိစ္စတွေနဲ့ ကျောင်းမှာ အနိုင်ကျင့်ခံရတာတွေက ကလေးတွေမှာ စိတ်ကျရောဂါ ဖြစ်စေနိုင်တဲ့ အဓိက အကြောင်းရင်းတွေပဲ ဖြစ်ပါတယ်။
ကလေးငယ်လေးတွေ စိတ်ဓာတ်ကျနေတာကို ဘယ်လိုသိနိုင်မလဲ ?
- အကြောင်းပြချက်မရှိဘဲ စိုးရိမ်ပူပန်နေတတ်ခြင်း
- စိတ်အပြောင်းအလဲမြန်ခြင်း
- အာရုံစူးစိုက်မှု မလုပ်နိုင်ခြင်း
- ပုံမှန်နှင့်မတူဘဲ ရှောင်ဖယ်နေတတ်ခြင်း
- မိမိကိုယ်ကို ထိခိုက်ဒဏ်ရာရအောင် လုပ်ခြင်း
စတာတွေက ကလေးငယ်တွေမှာ ခံစားနေရတဲ့ စိတ်ရောဂါရဲ့ သတိပေးလက္ခဏာတွေပဲ ဖြစ်ပါတယ်။
သင့်ကလေးမှာ အချိန်အတော်ကြာ ဒီလိုလက္ခဏာတွေကို တွေ့နေပြီဆိုရင် မပေါ့ဆဘဲ ကလေးစိတ်ကျန်းမာရေးအထူးကုများနှင့် တိုင်ပင်ဆွေးနွေးကာ ကုသပေးသင့်ပါတယ်။ စိတ်ရောဂါဟာ ကြောက်စရာမဟုတ်ဘဲ ဂရုတစိုက် ကြင်ကြင်နာနာနဲ့ နည်းမှန်လမ်းမှန် ကုသပါက ပြန်လည် ကောင်းမွန်လာမှာမို့ ကလေးငယ်များရဲ့ စိတ်ကျန်းမာရေး အခြေအနေကို အမြဲဂရုပြုရင်း ကျန်းမာပျော်ရွှင်တဲ့ ကလေးငယ်များဖြစ်အောင် ပြုစုပျိုးထောင်ကြပါစို့...❤️