လင်း အထွေထွေရောဂါကုဆေးခန်း

  • Home
  • Myanmar
  • Sagaing
  • လင်း အထွေထွေရောဂါကုဆေးခန်း

လင်း အထွေထွေရောဂါကုဆေးခန်း Be safe & healthy life

👨‍⚕️👩‍⚕️အခုတလောဖြစ်နေတဲ့ မျက်စိနာရောဂါက Adenovirus လို့ခေါ်တဲ့(ဗိုင်းရပ်စ်) တစ်မျိုးကြောင့်ဖြစ်တာပါဆေးပညာအခေါ်အဝေါ်အရ co...
13/10/2023

👨‍⚕️👩‍⚕️အခုတလောဖြစ်နေတဲ့ မျက်စိနာရောဂါက Adenovirus လို့ခေါ်တဲ့(ဗိုင်းရပ်စ်) တစ်မျိုးကြောင့်ဖြစ်တာပါ
ဆေးပညာအခေါ်အဝေါ်အရ conjunctivitis လို့ခေါ်တဲ့ မျက်စိအတွင်းသားကာကွယ်ထားတဲ့ မျက်မြှေးပါးလေးရောင်ယမ်းတာမျိုးဖြစ်တာပါ

👉မျက်မြှေးပါးရောင်ယမ်းတတ်တဲ့အခြားအကြောင်းအရာများရှိပါသေးတယ် အလွယ်တကူမှတ်ရင် နှစ်ပိုင်း ရှိတယ်လို့မှတ်လို့ရပါတယ်

၁)ဓာတ်မတည့်ခြင်း —— တချို့အခိုးအငွေ့ တွေ ဥပမာ အမွှေးတိုင်းလိုအငွေ့ တွေမျက်လုံးထဲဝင်တဲ့အချိန်မျိုးဆိုလည်းဖြစ်တတ်ပါတယ်
ဒါကလွယ်လွယ်ကူကူ ဥပမာလေးတစ်ခု​ပေးလိုက်တာပါ နောက်တစ်ခုကတော့

၂)ပိုးဝင်းခြင်း —— ဗက်တီးရီးယားပိုး (သို့) ဗိုင်းရက်စ်ပိုးဝင် တဲ့အခါမျိုးမှာဖြစ်တတ်ပါတယ်
ကွာခြားချက်အနည်းငယ်တော့ရှိပါတယ်
အခုကတော့ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ မျက်မြှေးပါးရောင်ယမ်းတဲ့အကြောင်းအရာကိုမျှဝေသွားပါမယ်

👉ရောဂါလက္ခဏာများ
ပိုးဝင်ပြီး 10-12 ရက်အတွင်းမှာ
- မျက်စိနာ
- မျက်စိရဲ
- မျက်ဝတ်ထွက်
- မျက်စိထဲမှာ ခုလု ခုလုဖြစ်တာ
- အလင်းရောင်မကြည့်နိုင်တာ တွေဖြစ်လာပြီး နောက်ထပ် ၄ - ၅ ရက်မှာ အခြားမျက်စိတစ်ဖက်ကိုကူးသွားတတ်ပါတယ်
- တစ်ခါတစ်လေ ဒီ့ထက်ပိုဆိုးလာပြီး cornea လို့ခေါ်တဲ့ မျက်ကြည်လွှာ ကိုလည်းထိခိုက်တတ်ပါတယ်

မျက်စိမှာဖြစ်တဲ့ လက္ခဏာအပြင်ရာသီတုပ်ကွေးတို့ရဲ့ထုံးစံအတိုင်း
- ဖျားနာ
- ချောင်းဆိုး
- နှာစေး၊နှာချေ
- လည်ချောင်းနာ
- ပျို့၊အန်၊ဝမ်းလျှောတာတွေလည်းဖြစ်တတ်ပါတယ်

ဒီလက္ခဏာတွေ အကုန်လုံးကတော့ ၂ ပတ်ကနေ ၃ ပတ်အတွင်းမှာ သက်သာသွားတတ်ပါတယ်

💥ဗိုင်းရပ်စ် ထူးခြားချက်
အရမ်းကိုနာမည်ဆိုးနဲ့ နာမည်ကြီးတဲ့အချက်ကတော့အရမ်းကို ကူးစက်မြန် တယ်ဆိုတဲ့အချက်ပါပဲဗျာ😢
ပိုပြီးကူးစက်ခံရတတ်တဲ့သူတွေကတော့
-ဆီးချိုရောဂါရှိသူ
-ကိုယ်ခံအားစနစ်ချတဲ့ဆေးတွေသောက်တဲ့သူတွေမှာပိုပြီး ကူးစက်ခံရတတ်ပါတယ်

နောက်တစ်ချက်ကတော့ ဒီ ဗိုင်းရပ်စ်သည် လေ့လာချက်တွေအရ
ဒီဇင်ဘာ မှ ဧပြီလတွေမှာပိုဖြစ်တတ်တယ်လို့ပြောပါတယ်

💢ကူးစက်ပုံ
ဒီနေရာမှာ အယူအဆအလွဲ တစ်ခုကိုသေချာလေးမှတ်စေချင်ပါတယ်

❌မျက်စိနာတဲ့သူကိုကြည့်နေရုံ ၊ မျက်လုံးချင် ဆုံမိရုံ နဲ့ လုံးဝ လုံးဝ မကူးပါဘူး❌

အဓိက ကူးစက်ရခြင်းက (လက်)ကနေတဆင့်ကူးတယ်လို့မှတ်ထားပါ

💦ဆောင်ရန် ရှောင်ရန်များ

❎ရှောင်ရန်❎

- မျက်စိကို မကြာခဏ မကိုင်ရပါ
- မျက်စိကို မကိုင်ခင်နဲ့ ကိုင်ပြီးတိုင်း လက်ဆေးပါ
- မျက်နှာသုတ်ပုဝါ သီးသန့်ခွဲသုံးပါ
- အချင်းချင်းလက်ဆွဲနှုတ်ဆက်တာတွေ မလုပ်ပါနဲ့
- ရောဂါဖြစ်နေစဉ် တခြားသူတွေကို မကူးစက်ရန် လူစုလူဝေးနေရာတွေကို မသွားပါနဲ့

✅ဆောင်ရန်✅
အိမ်တွင်း ကုထုံးလို့လည်းပြောလို့ရပါတယ်
ရေ ရှိနေရင် ပြည့်စုံပါပြီဗျာ

၁)ကုသပုံနည်းလမ်း
- ရေအေးဝတ် အုပ်ရပါမယ်
- တစ်ခါအုပ်ရင် ၁၀ - ၁၅ မိနစ် လိုအပ်သလို ၂ နာရီခြား အုပ်သင့်ပါတယ်

ရေခဲသေတ္တာရှိရင် ပိုအဆင်ပြေပါတယ် မရှိလည်းရေခဲရှိနေရင် ရပါတယ်

ရေခဲသေတ္တာရှိသူတွေကတော့
- အဝတ်စတစ်ခုကို သန့်စင်အောင် ရေဆေးပါ
- လေးထောင့် ခေါက်ပါ
- ပလတ်စတစ်အိတ်ထဲထည့်ပြီး ရေခဲသေတ္တာထဲမှာ ၁၅ မိနစ်ထားပါ
- ပလတ်စတစ်အိတ်ထဲက ထုတ်ပါ
- မျက်စိကို အုပ်နိုင်ပါပြီ

ရေခဲနဲ့ ကုသနည်း
- ရေခဲအသေးလေး တွေကို ပလပ်စတစ်အိတ်ထဲမှာ ထည့်ပါ
- ရေခဲအိတ်ကို သန့်စင်တဲ့အဝတ်စနဲ့ ပတ်ပါ
- ပြီးရင် မျက်စိမှာ အုပ်နိုင်ပါပြီ

ဘာမှမရှိရင် လည်းပူစရာမလိုပါဘူးနော် ရေရှိနေရင်ရပါပြီ
- ရေစိမ်ထားတဲ့ အဝတ်နဲ့ အုပ်လိုက်ရုံပါပဲနော်

၂)မျက်စိကိုသန့်ရှင်းရေးလုပ်ရပါမယ်
မျက်ချေးမျက်ဝတ်တွေကို သန့်ရှင်းရေးရေနဲ့သေချာလုပ်ပေးရပါမယ်

၃) မျက်ရည်တုမျက်စဉ်းခတ်ပေးတဲ့နည်းလမ်း
၂-၃ နာရီခြား တစ်စက် ခတ်ပါ (နှစ်ဖက်စလုံးကိုခတ်ပါ) စျေးကွက်ထဲမှာတော့ ပြောပြီးဝယ်လို့ရပါတယ် ပေါလည်းပေါပါတယ်

၄)နေကာမျက်မှန်တပ်ခြင်း
ဒီအချက်ကတော့ အလင်းရောင်မခံနိုင်တဲ့သူတွေမှာအသုံးပြုလို့ရပါတယ်

🔥ဒီအချက်တွေတော့ သတိထား❗️
- မျက်စိအရမ်းနီးရဲလာတာ
- အလွန်အမင်းနာကျင်တာ
- မျက်လုံးဝေဝါးလာတာ
- အလင်းရောင် မခံနိုင်တာ ရှိလာခဲ့ရင်တော့ မျက်စိဆရာဝန်နဲ့ပြသရပါမယ်

🌈 ကာကွယ်ရန်နည်းလမ်းများ
ကျွန်တော်တို့ covid တုန်းကလည်းကြုံတွေ့ခဲ့ရသလိုပါပဲ
- ကိုယ်မျက်စိနာရင် အိမ်ပြင်မထွက်တာ
- မကြာခဏလက်ဆေးတာ
- လက်ကို စက္ကန့် ၂၀ ကြာအောင် ဆပ်ပြာနဲ့သေချာဆေးတာ
- မဖြစ်မနေအပြင်ထွက်မယ်ဆို တစ်ခုခု မထိခင် မကိုင်ခင်မှာ လက်ကိုအရက်ပြန်နဲ့ဆေးတာ တွေလုပ်ပေးမယ်ဆိုရင်တော့ ကူးစက်ခံရမှာ လျော့နည်းသက်သာသွားနိုင်ပါတယ်
- အချိန်မှန်အိပ် အချိန်မှန်စား
- ရေများများသောက် တစ်နေ့ကို ၂-၃ လီတာ
- ဆေးလိပ် အရက် ကွမ်းစသည်တို့ရှောင်ကြဉ်တာ တို့ပဲဖြစ်ပါတယ်


Credit to Dr Kyaw

လင်း အထွေထွေရောဂါကုဆေးခန်း
ဆေးခန်းဖွင့်ချိန်
မနက် (၇)နာရီ မှ ည (၇)နာရီအထိ
ငါးထပ်ကြီးဘုရားအနောက်ဘက် ညောင်ကုန်းလမ်းဘေး
စစ်ကိုင်းမြို့
☎️09 402659534

👨‍⚕️👩‍⚕️မနက်အိပ်ယာထရင် ရတတ်တဲ့ morning breath အနံ့တွေ ထွက်တာကို ဘယ်လိုဂရုစိုက်ကြမလဲ ???ညဘက်တွေ သွားသေချာတိုက်ပြီး အိပ်ရာ...
07/10/2023

👨‍⚕️👩‍⚕️မနက်အိပ်ယာထရင် ရတတ်တဲ့ morning breath အနံ့တွေ ထွက်တာကို ဘယ်လိုဂရုစိုက်ကြမလဲ ???

ညဘက်တွေ သွားသေချာတိုက်ပြီး အိပ်ရာဝင်လိုက်တယ်၊ ဒါပေမယ့် မနက်နိုးလာလို့ သမ်းဝေလိုက်တဲ့အချိန် ကိုယ့်ခံတွင်းက ချဉ်စူးစူးအနံ့၊ အောက်သိုးသိုးအနံ့တွေ ထွက်လာတာကို လူတော်တော်များများ ဖြစ်ဖူးကြမယ်ထင်ပါတယ်။ ဒီပြဿနာကို Morning Breath သို့မဟုတ် မနက်ပိုင်းမှာဖြစ်တဲ့ ခံတွင်းနံခြင်းလို့ ခေါ်ပါတယ်။

👉မနက်နိုးလာလို့ ခံတွင်းနံတယ်ဆိုတဲ့ ပြဿနာရဲ့နောက်ကွယ်က တရားခံအကြောင်းရင်းတွေကို ပြန်ရှာကြည့်လိုက်တဲ့အခါ

💢ခံတွင်းခြောက်ခြင်း

ညဘက်အိပ်တဲ့အခါ လူအများစုသည် ဆီးထသွားရမှာစိုးတဲ့အတွက် ရေမသောက်တတ်ကြသလို ရေသောက်တယ်ဆိုရင်လည်း အိပ်ချိန်သည် အနည်းဆုံး ၇ နာရှိတဲ့အတွက် ဒီကြားထဲမှာ ခံတွင်းက ရေဓာတ်တွေ ခန်းခြောက်ပြီး တံတွေးထုတ်လုပ်မှု နည်းသွားပါတယ်။ လူ့ခံတွင်းထဲက တံတွေးဆိုတာ သွားကြားထဲက အနံ့ဆိုးဖြစ်စေတဲ့ ဘက်တီးရီးယားပိုးတွေကို ဖယ်ရှားပေးနိုင်တာကြောင့် ညအိပ်ချိန်အတွင်း တံတွေးနည်းလာတာနဲ့အမျှ နိုးလာတာနဲ့ ခံတွင်းအနံ့ဆိုးဖြစ်လာတဲ့ ပြဿနာကို စတွေ့တာပေါ့။

တချို့လူတွေမှာတော့ ညအိပ်တာနဲ့မသက်ဆိုင်ဘဲ ရောဂါသောက်ဆေးများ စွဲသောက်နေရခြင်းကြောင့် Side Effect ပြတဲ့အနေနဲ့ ခံတွင်းခြောက်တာပါ။ ဒီလူတွေမှာတော့ ညအိပ်ပြီး မနက်နိုးတဲ့အချိန်တင်မကဘဲ တစ်နေ့လုံး ခံတွင်းအနံ့ဆိုးထွက်တဲ့ ပြဿနာကို ခံစားရနိုင်ပါတယ်။

💢ခံတွင်းသန့်ရှင်းရေး အားနည်းခြင်း

သွားနဲ့ခံတွင်း သန့်ရှင်းရေးမှာဆိုရင် မနက်နိုးလာသည်နှင့် သွားတိုက်ခြင်း၊ ညအိပ်ရာဝင်ကာနီးမှာ သွားတိုက်ခြင်း၊ ကိုယ့်သွားနဲ့ ကိုက်ညီမယ့် သွားပွတ်တံကို သေချာရွေးချယ်ခြင်း၊ အစာစားပြီးသည်နှင့် သွားပွတ်ကြိုးထိုး၍ သွားကြားထဲမှ စားကြွင်းစားကျန်များကို သန့်ရှင်းပေးခြင်း၊ လျှာခြစ်ခြင်း၊ ပလုတ်ကျင်းခြင်း စတာတွေ ပါဝင်ပါတယ်။ ဒီအချက်တွေကို သေချာမလုပ်မိတဲ့အခါ၊ လုပ်ဖို့ မကြာခဏပျက်ကွက်တာ၊ ခံတွင်းသန့်ရှင်းပေမယ့် နည်းစနစ်မှားယွင်းနေတဲ့အခါ ခံတွင်းသန့်ရှင်းရေး အားနည်းတယ်လို့ ယူဆနိုင်ပြီး မနက်အိပ်ရာနိုးလာတာနဲ့ ခံတွင်းအနံ့ဆိုး ထွက်နေမှာပါ။

💢မအိပ်ခင် စားလိုက်မိတဲ့ အစားအစာတွေ

ရုပ်ရှင်ကြည့်နေလို့၊ စာကျက်နေလို့၊ အလုပ်လုပ်နေလို့ ညဉ့်နက်သွားတဲ့အခါ ဦးနှောက်က အစာတစ်ခုခုကို တောင့်တလာတဲ့အတွက် အစာအိမ်က အနားယူနေတဲ့အချိန်မှာလည်း လူတွေက အစာစားမိတတ်ကြပါတယ်။ ပြဿနာမှာ သွားတိုက်ပြီး ညသန်းခေါင်၊ သို့မဟုတ် ညနောက်ကျမှ အစာစားတတ်ကြသလို စားပြီးသွားရင်လည်း ပလုတ်ကျင်းဖို့၊ သွားပြန်တိုက်ဖို့ မေ့နေတတ်ကြပါတယ်။ ဒီအတွက် စားကြွင်းစားကျန်တွေက သွားကြားထဲ ကပ်ငြိကျန်ခဲ့တာကြောင့် အိပ်နေတဲ့အချိန်တောက်လျှောက် ဘက်တီးရီးယားပိုးတွေ ပွားလာတဲ့အတွက် ခံတွင်းအနံ့ဆိုး ထွက်ရတာဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ အစာစားလိုက်ခြင်းကြောင့် အစာအိမ်ကနေ အစာချေဖျက်ပြီး စားချဉ့်ရည်တွေ ပြန်ကန်တက်တဲ့ ပြဿနာဖြစ်ပါတယ်။ ဒီပြဿနာဟာ လူတွေနိုးထနေတဲ့အချိန်မှာသာမက အိပ်ပျော်နေစဉ်မှာလည်း ဖြစ်နိုင်တဲ့အတွက် အစာစားပြီး အိပ်လိုက်တဲ့အခါ စားချဉ့်ရည်ပြန်ကန်တက်လာပြီး လည်ချောင်းထဲ ကပ်နေနိုင်ပါတယ်။ လူတွေဟာ အိပ်ပျော်နေစဉ် ရေသောက်ဖို့လည်း သတိမရတာကြောင့် နိုးလာရင် ခံတွင်းက ချဉ်စူးစူးအနံ့တစ်မျိုး ကျန်ခဲ့တာပါ။

💢ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်သူတွေမှာ ဘယ်လောက်ပဲ သွားတိုက်တိုက်၊ ပလုတ်ကျင်းကျင်း ခံတွင်းထဲမှာ ဆေးလိပ်အနံ့က အမြဲကျန်နေတာကို သတိထားမိမယ်ထင်ပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ ခံတွင်းထဲက ရေဓာတ်နဲ့ တံတွေးများကို ခန်းခြောက်သွားစေပြီး သွားဖုံးရောဂါများကို ဖြစ်စေသလို ဘက်တီးရီးယားပိုးတွေ ပိုပေါက်လာစေဖို့ ကူညီပေးနေတဲ့အတွက် အိပ်ပြီးနိုးလာတဲ့အချိန်တင်မကဘဲ တစ်နေ့တာလုံး ခံတွင်းအနံ့ဆိုးက ကျန်နေမှာပါ။

မနက်ပိုင်း ခံတွင်းအနံ့ဆိုးထွက်တာကို ကာကွယ်ဖို့အတွက်

💥 ညမအိပ်ခင် ရေများများ ကြိုသောက်ထားပါ။ မနက်အိပ်ရာနိုးတာနဲ့ ရေတစ်ခွက် အဝသောက်ပါ။

💥 ညဘက်တွေမှာ အစာစားတာကို ရှောင်ကြဉ်ပါ။ အနံ့ပြင်းပြီး အရသာလေးပင်တဲ့ အစားအစာတွေကို စားမိတဲ့အခါ ပလုတ်ကျင်း၊ သွားတိုက်ပါ။

💥 သွားတိုက်ပြီးတိုင်း ခံတွင်းသန့်စင်ဆေးရည်ကို အသုံးပြုပါ။

💥 ဆေးလိပ်ကို ဖြတ်ပါ။

💥 သွားမတိုက်ဘဲ အိပ်တတ်တဲ့ အကျင့်ဆိုးကို ဖျောက်ပါ။

💥 လျှာခြစ်တံနဲ့ သေချာခြစ်ပါ။

သွားနဲ့ ခံတွင်းကျန်းမာရေးပြဿနာများအတွက် သွားဆရာဝန်နဲ့ သေချာပြသဖို့လိုအပ်သလို ၆ လတစ်ကြိမ် သွားနဲ့ခံတွင်း သန့်ရှင်းရေးလုပ်ဖို့ သွားကျိုး သွားကျောက်ခြစ်တာမျိုးလုပ်ဖို့လည်း မမေ့လျော့သင့်ပါဘူး။

Credit to Healtppy

လင်း အထွေထွေရောဂါကုဆေးခန်း
ဆေးခန်းဖွင့်ချိန်
မနက် ၇ နာရီ မှ ညနေ ၇ နာရီအထိ
ငါးထပ်ကြီးဘုရားအနောက်ဘက် ညောင်ကုန်းလမ်းဘေး
စစ်ကိုင်းမြို့
☎️09 402659534

👨‍⚕️👩‍⚕️လေဖြတ် ရောဂါကို ကာကွယ်ဆေးထိုးပြီး ကာကွယ်လို့ရတယ်ဆိုတာ ကြားဖူးပါသလား တကယ်ပဲ ကာကွယ်လို့ရတယ်လို့ထင်ပါသလား။👉တစ်ခါတစ်...
27/08/2023

👨‍⚕️👩‍⚕️လေဖြတ် ရောဂါကို ကာကွယ်ဆေးထိုးပြီး ကာကွယ်လို့ရတယ်ဆိုတာ ကြားဖူးပါသလား
တကယ်ပဲ ကာကွယ်လို့ရတယ်လို့ထင်ပါသလား။

👉တစ်ခါတစ်ခါ သိန်းချီပေးပြီးထိုးနေရတဲ့ ဒီကာကွယ်ဆေးတွေက တကယ်ပဲ မကာကွယ်နိုင်ဘူးဆိုရင် ဘယ်လိုလုပ်မလဲ။
👉ဒါပေမယ့် တကယ့်ကာကွယ်နည်းက သပ်သပ်ရှိနေပါတယ်။
💠 လေဖြတ် တယ်ဆိုတာဘာလဲ

လေဖြတ် တယ်ဆိုတာ ဦးနှောက်ကို သွေးကောင်းကောင်းမရောက်လို့ ဦးနှောက်သားပုပ်သွားတာပါ။ သွေးကြောပေါက်လို့ ဖြစ်နိုင်သလို၊ သွေးခဲပိတ်လို့လည်း ဖြစ်နိုင်ပါတယ်။ အသက်အန္တရာယ်မထိခိုက်ရင်တောင်မှ အားလုံးသိတဲ့အတိုင်း လူက အကောင်းအတိုင်းပြန်ဖြစ်ဖို့ တော်တော်အချိန်ယူရမှာပါ။

💠 ဘယ်သူတွေပိုဖြစ်နိုင်လဲ

⚡ အဝလွန်တဲ့သူတွေ
⚡ အရက်အလွန်အကျွံသောက်တဲ့သူတွေ
⚡ ဆေးလိပ်သောက်တဲ့သူတွေ
⚡ မူးယစ်ဆေးသုံးတဲ့သူတွေ
⚡ သွေးတိုးတဲ့သူတွေ
⚡ ကိုလက်စထရောများတဲ့သူတွေ
⚡ ဆီးချိုရောဂါရှိသူတွေ
⚡ အိပ်ဟောက်ရှူရပ်ရောဂါရှိတဲ့သူတွေ
⚡ မျိုးရိုးရှိတဲ့သူတွေမှာ ပိုဖြစ်နိုင်ပါတယ်။

💠 လေဖြတ် ကာကွယ်ဆေး ဆိုတာဘာလဲ

ခုပတ်ဝန်းကျင်မှာ ထိုးထိုးနေကြတဲ့ လေဖြတ်ကာကွယ်ဆေးဆိုတာ တကယ်တော့ အလွယ်ပြောရရင် ဦးနှောက်အားဖြည့်ဆေးလို့ပြောလို့ရပါတယ်။ တချို့က အတက်ကျဆေးတွေ၊ မှတ်ဉာဏ်မေ့တာကို ကုသတဲ့ ဆေးတွေပါ။ အများဆုံးသုံးကြတာတော့ -

- Citicoline
- Piracetam
- Cerebrolysinစတဲ့ ဆေးတွေပဲဖြစ်ပါတယ်။ ဒီဆေးတွေမှာ ဘာအာနိသင်ရှိလို့ ဒီလိုသုံးရတာလဲဆိုတာ ဆက်ကြည့်ရအောင်။

♦ Citicoline

Citicolineဆိုတာ ဦးနှောက်မှာ ပုံမှန်လည်း ရှိနေတဲ့ ဓာတ်တစ်မျိုးပါ။ စားဆေးရော၊ ထိုးဆေးရောလာပါတယ်။ သူက မှတ်ဉာဏ်ချို့တဲ့တာ၊ ပါကင်ဆန်ရောဂါ၊ အယ်ဇိုင်းမားရောဂါ၊ မျက်စိတိမ်စွဲတာတွေမှာသုံးပါတယ်။ သူ့ကို dietary supplement (ဖြည့်စွက်စာ)အနေနဲ့ သုံးပါတယ်။ အလွယ်ပြောရရင် ဦးနှောက်အားဆေးပေါ့။ အသက်ကြီးတဲ့သူတွေမှာ ဒီဓာတ်နည်းတယ်လို့ ယူဆတဲ့အတွက် ဖြည့်စွက်စာအနေနဲ့ ပေးကြတာပါ။ လေဖြတ်တဲ့နေရာမှာ မသုံးဘူးလားဆိုတော့ လေဖြတ်ပြီးလို့ မြန်မြန်သက်သာလာစေဖို့အတွက်တော့ သုံးကြပါတယ်။ ဒါပေမယ့် သူက လေဖြတ်တာကို ကုသတဲ့နေရာမှာ အဓိကဆေးမဟုတ်သလို လေဖြတ်တာကိုလည်း မကာကွယ်နိုင်ပါဘူး။

♦ Piracetam

Piracetamဆိုတာ အလွယ်ပြောရရင် အာရုံကြောဆေးပါပဲ။ ဘယ်မှာသုံးလဲဆိုတော့ ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာတွေကောင်းဖို့၊ ဆဲလ်တွေကောင်းကောင်းအလုပ်လုပ်နိုင်ဖို့ သုံးတာပါ။နောက်ပြီး စာရေးစာဖတ်ခက်ခဲတဲ့ရောဂါ၊ အတက်ရောဂါတွေ၊ မှတ်ဉာဏ်ချို့တဲ့တဲ့ရောဂါနဲ့ အယ်လ်ဇိုင်းမားရောဂါတွေမှာလည်းသုံးပါတယ်။ ဒါကိုကြည့်မယ်ဆိုရင် လေဖြတ်ရောဂါအတွက် ဒီဆေးက ဘာမှမလုပ်ပေးနိုင်ဘူးဆိုတာတွေ့ရမှာပါ။

♦ Cerebrolysin

Cerebrolysinဆိုတာလည် အလွယ်ပြောရရင်ဦးနှောက်အားတိုးဆေးပဲဖြစ်ပြီး အမိုင်နိုအက်စစ်နဲ့ ပရိုတင်းတွေပါဝင်ပါတယ်။ သူက ဦးခေါင်းဒဏ်ရာရပြီးတဲ့ နောက်မှာ မြန်မြန်နာလန်ထူအောင်၊ မှတ်ဉာဏ်ချို့တဲ့တာသက်သာအောင် (ဒါကလည်း သေချာသက်သေမပြရသေးပါဘူး)၊ အယ်လ်ဇိုင်းမားရောဂါသက်သာအောင်ဆိုပြီး သုံးကြတာပါ။ နောက်ပြီး လေဖြတ်ပြီးတဲ့သူတွေမှာ မြန်မြန်နာလန်ထူအောင် ထောက်ပံ့တဲ့အနေနဲ့ သုံးကြတာပါ။ ကုသတဲ့နေရာမှာရော၊ ကာကွယ်တဲ့နေရာမှာရော သုံးလို့မရပါဘူး။

💢 ဒါဆိုရင် လေဖြတ် တာကို တကယ်ကာကွယ်နိုင်တဲ့ နည်းတွေက ဘာတွေလဲ။
အောက်ကနည်းလမ်းတွေက လေဖြတ်တာကို လုံးဝကြီးမဟုတ်တောင် တော်တော်ကြီးကာကွယ်နိုင်ပါတယ်။ အဲ့တာတွေကတော့ -

🔹သွေးတိုးထိန်းပါ။
🔹 သွေးတွင်းအဆီနည်းအောင်နေပါ။
ဆေးလိပ်ဖြတ်ပါ။
🔹 ဆီးချိုထိန်းပါ။
🔹 ကိုယ်အလေးချိန်ထိန်းပါ။
🔹 လတ်ဆတ်တဲ့ အသီးအရွက်တွေ၊ အသီးအနှံတွေစားပါ။
🔹 လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။
🔹 အရက်လျှော့သောက်ပါ။
🔹 အိပ်ဟောက်ရှူရပ်ရောဂါရှိရင်ကုသပါ။
🔹 မူးယစ်ဆေးမသုံးပါနဲ့။

💠 လေဖြတ်ကာကွယ်ဆေး တကယ်ရှိသလား

လေဖြတ်ကာကွယ်ဆေးဆိုတာ ခုထက်ထိတော့ မရှိသေးပါဘူး။ အပြင်မှာ စျေးကြီးပေးပြီးထိုးနေကြတဲ့ ကာကွယ်ဆေးဆိုတာ တကယ်တော့ ဦးနှောက်အားတိုးဆေးလို့ပဲ ပြောရမှာပါ။ ဦးနှောက်ဆဲလ်တွေအလုပ်ကောင်းကောင်းနိုင်အောင် ကူညီပေးတာပါ။

ဦးနှောက်ဆဲလ်တွေ ကောင်းကောင်းအလုပ်နေရုံနဲ့ လေမဖြတ်တော့တာမဟုတ်ပါဘူး။ လေဖြတ်စေတဲ့ အချက်တွေကို လျှော့ချနိုင်မှသာ ကာကွယ်နိုင်မှာပါ။ ဒါကြောင့် နည်းလမ်းအမှားတွေကို ရှောင်ကြဉ်ပြီး တကယ်ကာကွယ်နိုင်တဲ့နည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။

Credit to original writer

လင်း အထွေထွေရောဂါကုဆေးခန်း
ဆေးခန်းဖွင့်ချိန်
မနက် ၇ နာရီ မှ ည ၇ နာရီ အထိ
ငါးထပ်ကြီးဘုရားအနောက်ဘက် ညောင်ကုန်းလမ်းဘေး
စစ်ကိုင်းမြို့
☎️ 09402659534

👨‍⚕️👩‍⚕️၁ နှစ်အရွယ်ကလေးတွေကို တနေ့ ၁ နာရီ မှ ၄ နာရီခန့် ဖုန်းပေးကြည့်ရင် ကလေးအသက် ၂ နှစ်ပြည့်တဲအခါမှာ ကလေးဖွံဖြိုးမှု ၄ ...
24/08/2023

👨‍⚕️👩‍⚕️၁ နှစ်အရွယ်ကလေးတွေကို တနေ့ ၁ နာရီ မှ ၄ နာရီခန့် ဖုန်းပေးကြည့်ရင် ကလေးအသက် ၂ နှစ်ပြည့်တဲအခါမှာ ကလေးဖွံဖြိုးမှု ၄ နေရာမှာထိခိုက်နိုင်ခြေရှိတာတွေ့ရပါတယ်။

1. Communication
(စကားပြောနိုင်စွမ်း၊ ဆက်သွယ်နိုင်စွမ်း)

2. Fine motor skills
(လက်ချောင်းကလေးတွေကိုကိုင်တွယ်အသုံးပြုနိုင်စွမ်း)

3. Problem-solving
(ပြဿနာကိုဖြေရှင်းနိုင်စွမ်း)

4. Personal and social skills
(ကိုယ်ရည်ကိုယ်သွေးနဲ့လူမှုရေးစွမ်းရည်)



အသက် ၂ နှစ်အရွယ်ကလေးတွေကို တနေ့ ၄ နာရီခန့် ဖုန်းပေးကြည့်ရင် ကလေးအသက် ၄ နှစ်ပြည့်တဲအခါမှာ

· ပြောဆိုဆက်သွယ်နိုင်စွမ်းမှာ သာမာန်ကလေးတွေထက် ၅ ဆခန့်ဖွံဖြိုးမှုနောက်ကျနိုင်တယ်

· ပြဿနာဖြေရှင်းနိုင်စွမ်းမှာ ၃ ဆနီးပါး ဖွံဖြိုးမှုနောက်ကျနိုင်တယ်

· လက်ချောင်းတွေကိုအသုံးပြုနိုင်စွမ်း (fine motor skill)၊ ကိုယ်ရည်ကိုယ်သွေး နဲ့ လူမှုဆက်ဆံရေးမှာ ၂ ဆလောက်ဖွံဖြိုးမှုနောက်ကျနိုင်တာတွေ့ရတယ်

ဂျပန်နိုင်ငံ မီရာဂျီ နဲ့ အီဝါတေ ခရိုင် ၂ ခုရှိ သားဖွားဆေးခန်းနဲ့ဆေးရုံပေါင်း ၅၀ မှာ ကလေးပေါင်း ၇၀၉၇ ‌ယောက်ကို ၄ နှစ်နီးပါး (July 2013 – March 2017) သုတေသနပြုလုပ်ထားတဲ့ ရှာဖွေ့တွေ့ရှိချက်တွေဖြစ်ပါတယ်။

ကလေးကို screen time နည်းစေချင်ရင် စာအုပ်ဖတ်ပြတာ၊ ပုံပြင်ပြောပြတာ၊ ရောင်စုံချယ်ခိုင်းတာ၊ သာမာန်ကစားစရာတွေနဲ့ ကစားခိုင်းတာ၊ board game ကစားစေတာမျိုးလုပ်ဖို့လိုပါတယ်။ ကလေးတွေကိုပဲလုပ်ခိုင်းတာမဟုတ်ပဲ မိဘနဲ့အိမ်သားတွေအားလုံးမှာ ယခုလို အလေ့အကျင့်မျိုးတည်ဆောက်ထားဖို့လိုတယ်လို့ပညာရှင်တွေကဆိုပါတယ်။

JAMA (ဂျာမာ) ကလေးကျန်းမာရေး ဂျာနယ်က ပြီးခဲ့တဲ့ တနင်္လာနေ့ကမှထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ screen time ဟာ ကလေးတွေရဲ့ဖွံဖြိုးတိုးတက်မှုအ‌‌ပေါ်ဘယ်လိုသက်ရောက်မှုရှိတယ်ဆိုတာကို နှစ်ရှည် ကလေးအများကြီးကိုလေ့လာထားတဲ့ ပထမဦးဆုံးရှာဖွေတွေ့ရှိချက်ဖြစ်တယ်လို့ CNN သတင်းမှာပြောပါတယ်။ ကလေးဖွံဖြိုးမှုက မျိုးရိုးဗီဇနဲ့ဆိုင်သလို ကလေး screen time နဲ့ဖွံဖြိုးမှုကိုတိုင်းတာရာမှာ မိခင်ရဲ့ ပြောကြားချက်ကိုသာ သုတေသနလုပ်ထားတယ်ဆိုတာကိုလည်းမမေ့ဖို့ပြောထားပါတယ်။

Original source: JAMA Pediatric

👨‍⚕️👩‍⚕️အိပ်ပျော်နေစဉ် ဟောက်တတ်သူများ အိပ်နေရင်း အသက်ရှုရပ်သွားနိုင်တယ်ဆိုတာ⚠️ညအိပ်ပျော်နေစဉ် အသက်ရှူရပ်သွားတာကို Sleep ...
14/08/2023

👨‍⚕️👩‍⚕️အိပ်ပျော်နေစဉ် ဟောက်တတ်သူများ အိပ်နေရင်း အသက်ရှုရပ်သွားနိုင်တယ်ဆိုတာ

⚠️ညအိပ်ပျော်နေစဉ် အသက်ရှူရပ်သွားတာကို Sleep Apnea လို့ခေါ်ပြီး အဲဒီအချိန်တွေမှာဆိုရင် အသက်ရှူခြင်းက ကြိမ်ဖန်များစွာ ရပ်လိုက်၊ ပြန်စလိုက်ဖြစ်နေတတ်ပါတယ်။
ဒီလို အိပ်နေရင်းအသက်ရှူရပ်သွားသူရဲ့ အဓိကလက္ခဏာကတော့ ဟောက်သံအကျယ်ကြီး ကြားရတာပါပဲ။ ညအိပ်တိုင်း ဟောက်နေပြီဆိုရင်တော့ အိပ်ဟောက်အသက်ရှူရပ်ရောဂါ Sleep Apnea ရှိနေပြီဆိုတာ သေချာနေပါပြီ။
အသက်ရှုရပ်ခြင်းက တစ်နာရီကို ၅ ကြိမ်ကနေ အကြိမ် ၃၀ ကျော်တဲ့အထိ ဖြစ်နိုင်တာမို့ နှစ်ခြိုက်စွာ အိပ်ပျော်ခြင်းကို အနှောင့်အယှက်ပေးပါသည်

မိမိကိုယ်တိုင်အိပ်ပျော်နေချိန် အသက်ရှုရပ်သွားတာကို
မသိနိုင်သော်လည်း ဘေးလူကစတင် သတိထားမိခြင်း Sleep study လုပ်ခြင်းဖြင့် သိနိုင်ပါသည်

🍁ပုံမှန်အားဖြင့် Sleep Apnea အမျိုးအစား ၃ မျိုးရှိပါတယ်။ ဒါတွေကတော့

1. Obstructive Sleep Apnea (OSA) - လည်ချောင်းကြွက်သားတွေ ပြေလျော့ပြီး အဆုတ်ထဲကို လေဝင်ပေါက်ပိတ်သွားတဲ့ ဖြစ်စဉ်၊ အဖြစ်အများဆုံး အခြေအနေလည်း ဖြစ်ပါတယ်။

2. Central Sleep Apnea (CSA) - ဦးနှောက်ကနေ အသက်ရှူခြင်းကို ထိန်းချုပ်တဲ့ကြွက်သားတွေကို လိုအပ်တဲ့ Signal တွေ မပို့ပေးနိုင်တာကြောင့် ဖြစ်လာတဲ့ ဖြစ်စဉ်

3. Treatment-emergent Central Sleep Apnea – OSA ရှိပြီးသားသူတစ်ယောက်က ကုသမှုခံယူနေစဉ် CSA အဖြစ် ပုံစံပြောင်းသွားတဲ့ ရှုပ်ထွေးဖြစ်စဉ် ဆိုပြီး
(၃) မျိုးခွဲခြားနိုင်ပါတယ်။

💢သူ့ရဲ့လက္ခဏာတွေက ဘာတွေလဲ

အမျိုးအစား (၃) မျိုးလုံးရဲ့ လက္ခဏာတွေက ဆင်တူပြီး အောက်ပါအတိုင်းဖြစ်ပါတယ်။

🍀 အသံအကျယ်ကြီး ဟောက်တတ်တာ

🍀 အိပ်နေရင်း အသက်ရှူရပ်သွားတာကို ဘေးလူကပါ ကြားနေရတာ
🍀 အိပ်နေရင်း လေကို အလုအယက်ရှူရှိုက်ရတာ

🍀 အိပ်ရေးမဝခြင်းကြောင့် မနက်ပိုင်း ခေါင်းကိုက်ရင်း
နိုးလာတာ
🍀 ခံတွင်းခြောက်ပြီး နိုးလာတာ

🍀 တောက်လျှောက်အိပ်ပျော်ဖို့ ခက်ခဲတာ

🍀 နေ့ဘက်တွေမှာ ပိုအိပ်ချင်တာ

🍀 နိုးထနေစဉ်မှာ အာရုံစူးစိုက်ဖို့ ခက်ခဲတာ

🍀 စိတ်ဆိုးစိတ်ဆတ်လွယ်တာ စတာတွေ ဖြစ်ပါတယ်။

👥 ဘယ်သူတွေမှာ ပိုအဖြစ်များလဲ

Sleep Apnea က ရောဂါအမျိုးအစားအပေါ် မူတည်ပြီး ဖြစ်နိုင်ခြေများတဲ့ လူနာအမျိုးအစားလည်း ကွဲပြားပါတယ်။

👉 OSA အမျိုးအစားက -

⭐ အဝလွန်ပြီး ကိုယ်အလေးချိန်များလွန်းသူတွေ

⭐ လည်ပင်းထူပြီး အသက်ရှူလမ်းကြောင်းကျဉ်းနေသူတွေ

⭐ (များသောအားဖြင့်) အရွယ်ရောက်ပြီး အမျိုးသားတွေ

⭐ အသက်အရွယ် ကြီးရင့်နေသူတွေ

⭐ အရက်၊ မေ့ဆေး၊ ထုံဆေးတွေကို မကြာခဏအသုံးပြုနေရသူတွေ

⭐ မျိုးရိုးမှာ OSA ရောဂါဖြစ်ဖူးတဲ့ နောက်ကြောင်းရာဇဝင်ရှိသူတွေ

⭐ ဆေးလိပ်သောက်သူတွေ

⭐ သွေးတိုးနဲ့ ဆီးချိုရောဂါ အခံရှိသူတွေမှာ ပိုအဖြစ်များပါတယ်။

👉 CSA အမျိုးအစားကတော့ -

🌈 သက်ကြီးရွယ်အိုတွေ

🌈 အမျိုးသားတွေ

🌈 နှလုံးအားနည်းသူတွေနဲ့

🌈 ရုတ်တရက် တက်တတ်သူတွေမှာ ပိုအဖြစ်များပါတယ်။

👉 အကယ်လို့ ကိုယ့်မှာ Sleep Apnea ရောဂါရှိနေပြီလို့ ဆရာဝန်က အတည်ပြုလိုက်ပြီဆိုရင် ကုထုံးအနေနဲ့

🎈အသက်ရှူစက် (CPAP) တပ်တဲ့ ကုထုံး၊

🎈 အိပ်နေစဉ် Oral Appliance ကို ပါးစပ်မှာ တပ်ဆင်ထားတာ၊

🎈 ပါးစပ်၊ မျက်နှာကြွက်သားတွေကို လေ့ကျင့်ပေးတဲ့ ကုထုံး၊

🎈 အပေါ်မေးရိုး၊ အောက်မေးရိုးတွေကို ပြုပြင်ခွဲစိတ်တာ၊

🎈 ခွဲစိတ်ကုသမှု ကုထုံး အသုံးပြုတာနဲ့

🎈 အသက်ရှူလမ်းကြောင်းထဲက တစ်ရှူးတွေကို ဖယ်ပြီး လမ်းကြောင်းချဲ့ပေးတာ စတဲ့ နည်းလမ်းတွေထဲက သင့်လျော်ရာ နည်းလမ်းနဲ့ ကုသဖို့ လိုအပ်မှာဖြစ်ပါတယ်။

🔥မိမိကိုယ်တိုင် လုပ်ဆောင်သင့်သည်များမှာ

⚡ ကိုယ်အလေးချိန်များနေရင် လျှော့ပါ

⚡ လေ့ကျင့်ခန်းပုံမှန်လုပ်ပါ

⚡ ဆေးလိပ် အရက်ရှောင်ကျဉ်ပါ

⚡ စိတ်ငြိမ်ဆေး အိပ်ဆေးတွေအတတ်နိုင်ဆုံးရှောင်ပါ

⚡ ပက်လက် အိပ်တာထက် ဘေးစောင်းအိပ်ပါ မှောက်အိပ်ကြည့်ပါ
Credit to healtpy

လင်း အထွေထွေရောဂါကုဆေးခန်း
ဆေးခန်းဖွင့်ချိန်
မနက် ၇ နာရီ မှ ည ၇ နာရီ အထိ
ငါးထပ်ကြီးဘုရား အနောက်ဘက် ညောင်ကုန်းလမ်းဘေး
စစ်ကိုင်းမြို့
☎️ 09 402659534

👨‍⚕️👩‍⚕️ရာသီဉတုအေးလာရင် အရိုးအဆစ်တွေ ကိုက်လာတတ်တယ်ဆိုတာ ဘာလို့လဲ👴👵လူကြီးတွေဆိုရင် ရာသီဥတုလေး နည်းနည်းအေးလာပြီဆိုတာနဲ့ အရ...
05/08/2023

👨‍⚕️👩‍⚕️ရာသီဉတုအေးလာရင် အရိုးအဆစ်တွေ ကိုက်လာတတ်တယ်ဆိုတာ ဘာလို့လဲ

👴👵လူကြီးတွေဆိုရင် ရာသီဥတုလေး နည်းနည်းအေးလာပြီဆိုတာနဲ့ အရိုးအဆစ်တွေ ညောင်းကိုက်လိုက်တာ၊ နာလိုက်တာဆိုပြီး မကြာခဏ ညည်းတတ်ကြတာ ကြားဖူးကြမယ်ထင်ပါတယ်။ တကယ်တော့ ရာသီဥတုနဲ့ အရိုးအဆစ်ဆိုတာ တိုက်ရိုက်သက်ဆိုင်မှု မရှိတဲ့တိုင်အောင် သွယ်ဝိုက်ပြီးတော့ သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။

👉ဒီလိုအကြောင်းရင်းကို Debunk လုပ်ပေးရမယ်ဆိုရင်

၁။ ရာသီဥတု အေးလာတဲ့အခါ လေထုဖိအားများလာပြီး ဒီဖိအားအရှိန်က လူတွေရဲ့ အရိုးအဆစ်ကို သွားပြီးသက်ရောက်တဲ့အတွက် နာကျင်ကိုက်ခဲကြတာဖြစ်ပါတယ်။

၂။ မိုးတွင်း၊ ဆောင်းတွင်းလို ရာသီဥတုတွေမှာ ဖျားနာကိုက်ခဲမှုတွေ ပိုဖြစ်တတ်တဲ့အတွက် ကိုယ်ခံအားကျဆင်းနေတတ်ပါတယ်။ ဒီအခါ အအေးဒဏ်ရဲ့ရိုက်ခတ်မှုကို ခံနိုင်ရည်မရှိဘဲ နာကျင်ကိုက်ခဲလာတာပဲဖြစ်ပါတယ်။

၃။ ပုံမှန်အားဖြင့် အေးတဲ့ရာသီဥတုတွေမှာ လေ့ကျင့်ခန်း ပိုလုပ်သင့်တယ်ဆိုပေမဲ့ လူအများစုက အိမ်တွင်းအောင်းတတ်ကြပြီး အထိုင်များလာကြပါတယ်။
ဒီအခါ ကြွက်သားနဲ့အရိုးအဆစ်ကို အသုံးမပြုတော့တဲ့အတွက် ကြာလာတဲ့အခါ ညောင်းညာကိုက်ခဲလာနိုင်သလို နည်းနည်းလေး လှုပ်ရှား၊ ထသွားထလာလုပ်တာနဲ့ ညောင်းလာတတ်ပါတယ်။

၄။ အိပ်ရာ၊ ဆိုဖာထဲ ကွေးချင်သလိုကွေးရင်း ရုပ်ရှင်ကြည့်လိုက်၊ ဖုန်းသုံးလိုက် လုပ်ကြတဲ့အခါ ကိုယ်မသိလိုက်ချိန်မှာပဲ ခါး၊ ဇက်ကြောတွေကို အချိန်အကြာကြီး ကွေးလိုက်တတ်ပါတယ်။
ကိုယ်နေဟန်ထားမှားယွင်းတာကို ပုံမှန်လိုလုပ်နေတတ်တယ်ဆိုရင်တော့ နာကျင်ကိုက်ခဲမှုက အနောက်ကလိုက်လာမှာ သဘာဝပါပဲ။

၅။ အရိုးပါးရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါ တွေလိုမျိုး အရိုးနဲ့ပတ်သက်တဲ့ ကျန်းမာရေးပြဿနာ ခံစားနေရသူတွေမှာ အရိုးအဆစ်ကနေ အအေးဒဏ်က စိမ့်ပြီးဖြတ်သွားတဲ့အတွက် ပုံမှန်ထက် ပိုကဲတဲ့ နာကျင်မှုဝေဒနာကို ခံစားရစေနိုင်ပါတယ်။

၆။ အသက်ကြီးလာရင်လည်း အရိုးအဆစ်တွေ အားနည်းခြင်းကြောင့် မိုးတွင်း ရာသီဥတုအေးလို့ လေထုဖိအားရဲ့ ဒဏ်ကို ပိုခံရနိုင်ပါတယ်။

🌧️☃️ မိုးတွင်း ဆောင်းတွင်းကာလတွေဟာ အရိုးအဆစ်အားနည်းသူတွေ၊ လူကြီးမိဘတွေအတွက်တော့ နာကျင်ကိုက်ခဲမှု အဖြစ်ဆုံး အချိန်တွေဖြစ်တာကြောင့် မိသားစုဝင်တွေအနေနဲ့ သေချာဂရုစိုက်ပေးဖို့တော့ လိုပါမယ်။
ရေနွေးအိတ်ကပ်ပေးခြင်း လိမ်းဆေးအနည်းငယ်လိမ်းပေးခြင်း သင့်တင့်သောသွေးပူလေ့ကျင့်ခန်းများ လုပ်ဆောင်ခြင်းဖြင့် သက်သာစေပါသည်
Credit Healtppy

လင်း အထွေထွေရောဂါကုဆေးခန်း
ဆေးခန်းဖွင့်ချိန်
မနက် ၇ နာရီမှ ည ၇ နာရီ အထိ
ငါးထပ်ကြီးဘုရားအနောက်ဘက် ညောင်ကုန်းလမ်းဘေး
စစ်ကိုင်းမြို့
☎️09 402659534

👨‍⚕️👩‍⚕️သွေးလွန်တုပ်ကွေးရောဂါဆိုတာ 🦟🦟 ခြင်ကိုက်ရာကနေတဆင့် ကူးစက်နိုင်သော ဗိုင်းရပ်စ်ရောဂါတမျိုးဖြစ်ပါသည်🦠🦠 သွေးလွန်တုပ်က...
16/07/2023

👨‍⚕️👩‍⚕️သွေးလွန်တုပ်ကွေးရောဂါဆိုတာ 🦟🦟 ခြင်ကိုက်ရာကနေတဆင့် ကူးစက်နိုင်သော ဗိုင်းရပ်စ်ရောဂါတမျိုးဖြစ်ပါသည်
🦠🦠 သွေးလွန်တုပ်ကွေးရောဂါပိုး
dengue virus 1, dengue virus 2, dengue virus 3, dengue virus 4ဆိုပြီး (၄)မျိုးရှိပါတယ်
ထို့ကြောင့် သွေးလွန်တုပ်ကွေးတစ်ခါဖြစ်ပြီးသော်လည်း နောက်တစ်ကြိမ်ထပ်ဖြစ်နိုင်ပါတယ်။
နောက်အကြိမ်ထပ်ဖြစ်ပါက အရင်အကြိမ်ထက် ရောဂါပိုမိုပြင်းထန်နိုင်ပါတယ်

သွေးလွန်တုပ်ကွေးရောဂါ လူတစ်ဦးကနေတစ်ဦး ဘယ်လိုကူးစက်ပါသလဲ❓

🦟 ဒီရောဂါဟာ သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ပိုးကူးစက်ခံနေရတဲ့ လူကိုကိုက်ပြီး ပိုးသယ်ဆောင်လာတဲ့ အေးဒီးစ်ခြင် (ခြင်ကျား) က ကျန်းမာနေတဲ့လူတစ်ယောက်ကိုထပ်မံကိုက်ပြီး ကူးစက်စေပါတယ်။ လူတစ်ဦးကနေ တစ်ဦးကို တိုက်ရိုက်ကူးစက်စေခြင်းတော့ မရှိပါ။

🤒ကူးစက်ခံရနိုင်သူ - အသက်အရွယ်မရွေး၊ ကျားမ မရွေးဖြစ်ပွားနိုင်ပါတယ်
-အသက်၁၅နှစ်အောက် ကလေးများတွင် ပိုမိုအဖြစ်များသော်လည်း
-အသက်၁၅နှစ်အထက် လူကြီးများနဲ့ တစ်နှစ်အောက်ကလေးများတွင်ဖြစ်ပွားပါက အန္တရာယ်ပိုများတတ်ပါတယ်

🚩ရောဂါလက္ခဏာများ
၁။ အဖျားကြီးခြင်း
၂။ ပျို့အန်ခြင်း
၃။ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း
၄။ အရေပြားယားယံ၍ အပိန့်ထွက်ခြင်း
၅။ သွေးပေါင်ချိန်တိုင်းကိရိယာဖြင့်စမ်းသပ်လျှင် အနီစက်များပေါ်ခြင်း
၆။ ခန္ဓာကိုယ်တွင် အလိုအလျောက် အနီစက်များပေါ်လာခြင်း
၇။ နှာခေါင်းသွေးလျှံခြင်း၊ သွားဖုံးသွေးယိုခြင်း
၈။ ကော်ဖီနှစ်‌ရောင်အန်ခြင်း၊ ဝမ်းမည်းမည်းသွားခြင်း

💊ကုသခြင်း
တတ်ကျွမ်းနားလည်သောဆရာဝန်နှင့်ပြသ၍
-ဆေးဝါးတိုက်ကျွေးခြင်း
-အစာပျော့ပျော့ကျွေးခြင်း
-ရေသဘက်တိုက်ခြင်း
-ရေနှင့်ဓါတ်ဆားတိုက်ကျွေးခြင်း
-ပြင်းထန်လက္ခဏာများကိုစောင့်ကြည့်ခြင်းတို့ဖြင့်
ကုသရပါမယ်
👉 စဖြစ်ကာစ ၁ရက် ၂ရက် တွင်ပုံမှန်အဖျားနဲ့တူတတ်ပြီး ၃-၄-၅ ရက်များတွင် သေချာစောင့်ကြည့်ရပါသည်
၇ ရက်ပြည့်သည့်တိုင် ပြင်းထန် လက္ခဏာမရှိပါက ကောင်းသွားတတ်ပါသည်

🔥သွေးလွန်တုပ်ကွေးရောဂါဟာ ဂရုတစိုက် စောင့်ကြည့်ကုသခြင်းမပြုလုပ်ပါက အခန့်မသင့်လျှင် သွေးလန့်ခြင်း(shock)၊ အသက်ဆုံးရှုံးခြင်းအထိ အန္တရာယ်များတဲ့အတွက် အထူးဂရုပြုဖို့လိုအပ်ပါတယ်

🚨ပြင်းထန်ရောဂါလက္ခဏာများ
၁။ ရုတ်တရက်အဖျားကျပြီး ခြေဖျားလက်ဖျားအေးစက်လာခြင်း
၂။ ဂနာမငြိမ်ဖြစ်ခြင်း (သို့) မှိန်းလာခြင်း
၃။ ရုတ်တရက်ဗိုက်အောင့်လာခြင်း
၄။ နှာခေါင်းသွေးများလျှံခြင်း
၅။ ကော်ဖီနှစ်ရောင်များအန်ခြင်း
၆။ ဝမ်းမည်းမည်းများသွားခြင်း
၇။ ဆီးအလွန်နည်းသွားခြင်း
အထက်ပါ ပြင်းထန်လက္ခဏာများရှိပါက အမြန်ဆုံး ဆေးရုံသို့ပို့ဆောင်ကုသရန်လိုအပ်ပါတယ်

🛡️ကာကွယ်ခြင်း
သွေးလွန်တုပ်ကွေးရောဂါကာကွယ်နိုင်ရန်
- ခြင်ကိုက်မခံပါနှင့်၊ အင်္ကျီလက်ရှည်၊ဘောင်းဘီရှည်တို့ကိုဝတ်ဆင်ပါ
- အလင်းရောင်ကောင်းကောင်းရ‌ရန် ပြတင်းတံခါးများကိုဖွင့်ထားပါ
- ကလေး၊ လူကြီးအားလုံး နေ့ခင်းဖြစ်စေ ညဖြစ်စေ အိပ်လျှင် ခြင်ထောင်ထောင်အိပ်ပါ
- ဆေးစိမ်ခြင်ထောင်ဖြင့်အိပ်ပါ
- ခြင်မပေါက်ပွားစေရန် ရေအိုး၊ ရေကန်များကိုဖုံးအုပ်ထားပါ
-‌ ခြင်ဥများကပ်မ‌ကျန်စေရန် ရေစည်၊ ရေကန်များကိုတိုက်ချွတ်ဆေးကြောခြင်း၊ ရေလဲလှယ်ခြင်း၊ ရေစစ်ခြင်းတို့ကိုပြုလုပ်ပါ
-‌ ပန်းအိုးများ၊ ရေအိုးများကို ပုံမှန်ရေလဲလှယ်ပေးပါ
- ရေဝပ်နိုင်သောနေရာများ၊ ရေတင်ကျန်နိုင်သောစွန့်ပစ်ပစ္စည်းများကို ရှင်းလင်းပါ
- ခြင်ပေါသောဒေသဖြစ်ပါက ကျန်းမာရေးဌာနနှင့်ဆက်သွယ်၍ ခြင်ဆေးဖြန်းခြင်း/မှုတ်ခြင်းတို့ကိုလုပ်ဆောင်ပါ

💥ရာသီတုပ်ကွေးကာကွယ်ဆေးသည် Influenza virusကြောင့်ဖြစ်သော ရာသီတုပ်ကွေးရောဂါကို
ကာကွယ်ပေးပါသည်
သွေးလွန်တုပ်ကွေး ရောဂါကိုမကာကွယ်ပါ ခြင်မကိုက်အောင်နေခြင်းသည်သာ ကာကွယ်ခြင်းဖြစ်ပါသည်



လင်း အထွေထွေရောဂါကုဆေးခန်း
ဆေးခန်းဖွင့်ချိန်
မနက် ၇ နာရီမှ ည ၇ နာရီ အထိ
ငါးထပ်ကြီးဘုရားအနောက်ဘက် ညောင်ကုန်းလမ်းဘေး စစ်ကိုင်းမြို့
☎️09 402659534

30/06/2023

👨‍⚕️👩‍⚕ Available service လေးတွေ မေးနေကြသူတွေအတွက် ဆေးခန်း ဝန်ဆောင်မှုလေးတွေ remind လုပ်ပါတယ်
Home care serviceကို မြို့တွင်းနှင့် အနီးနားရပ်ကွက်လေးတွေ ဆောင်ရွက်ပေးပါသည်
Phone ဖြင့် ကြိုတင်bookingယူနိုင်ပါသည်
Emergency လူနာမဟုတ်ရင် regular home careကို မနက် ၁၁ နာရီ မှ ညနေ ၃ နာရီကြားထဲ လိုက်ကြည့်ပေးပါသည်
Be safe & healthy

👨‍⚕️👩‍⚕️လက်မောင်းအရေပြားအောက်မှာ ပိုက်ထည့်ခြင်းနှင့် ပတ်သက်လို့ သိစရာလေးတွေ👉ပိုက်ပျော့လေးသည် ပရိုဂျက်စတင် ဟော်မုန်းတမျို...
28/06/2023

👨‍⚕️👩‍⚕️လက်မောင်းအရေပြားအောက်မှာ ပိုက်ထည့်ခြင်းနှင့် ပတ်သက်လို့ သိစရာလေးတွေ

👉ပိုက်ပျော့လေးသည် ပရိုဂျက်စတင် ဟော်မုန်းတမျိုးထဲပါဝင်သော မီးခြစ်ဆံအရွယ် ပလတ်စတစ်ချောင်းလေးပါ ကွေးလို့ကောက်လို့ရပါတယ်
၃နှစ်ခံ ၄ နှစ်ခံ ၅ နှစ်ခံလို့ရှိပြီး ၃နှစ်ခံကတစ်ချောင်း ၄နှစ် ၅နှစ်ခံ က နှစ်ချောင်းထည့်ရပါတယ်

🍀ထုံဆေးအနည်းငယ်ဖြင့် လက်မောင်းအရေပြားအောက်လေးကိုထည့်ထားရုံပါ လက်သည်းခွံတစ်ဝက်လောက်အပေါ်ယံ ခွဲရာလေးသာလိုအပ်ပါသည် ပြန်ချုပ်စရာမလိုပါ အနာကပ်ခွာလေးသာ ကပ်ပေးလိုက်တာပါ ထည့်ပြီး (၅)ရက်လောက် ရေမစိုရပါ ပုံမှန်နေ့စဉ်လုပ်ငန်းဆောင်တာများဆက်လက်လုပ်ဆောင်နိုင်ပါသည် ထည့်စရက်ပိုင်းသာ ပြင်းပြင်းထန်ထန် မလုပ်ရင်ရပါပြီ

💦လက်မောင်းတွင်းထည့်ထားတာဖြစ်လို့ ပျောက်မှာ ထွက်ကျမှာ စိတ်ပူစရာမလိုပါ စမ်းကြည့်လို့လည်းရ မြင်လည်းမြင်နေရပါတယ်
💦ထိရောက်မှုအရှိဆုံး သားဆက်ခြားနည်းတစ်ခုဖြစ်ပါတယ် အသုံးပြုပြီး ပထမတစ်နှစ်အတွင်းကိုယ်ဝန်ရနှုန်းက အမျိုးသမီးအယောက်တစ်သောင်းမှာ (၅)ယောက်သာရှိပါသည်
💦နှစ်ရှည်ခံပြီး အလုပ်ရှုပ်သက်သာတယ် (၃)လတခါဆေးထိုးစရာမလိုဘူး (၃)လခံဆေးကသွေးပေါင်ချိန် ၁၆၀အထက်ထိုးဖို့မသင့်တော်ပေမယ့် ဒီပိုက်လေးကတော့ထည့်လို့ရပါတယ်
💦(၃)လခံဆေးက ရပ်လိုက်ရင်ကိုယ်ဝန်ရဖို့ လပိုင်းပြန်စောင့်ရတတ်ပါတယ် ဒီပိုက်လေးထည့်ရင် ထုတ်ပြီးတာနဲ့ ကိုယ်ဝန်ရဖို့ မစောင့်ရပါဘူး အိမ်ထောင်ကျစ ကလေးတခါမှမမွေးဖူးသူတွေ စိတ်ချလက်ချအသုံးပြုနိုင်ပါတယ်

💥အားနည်းချက်အနေနဲ့
ထည့်ပေးမယ့် ကျွမ်းကျင်သူ ဆရာဝန်အကူညီလိုအပ်ပါတယ်
ရာသီသွေးမပေါ်တတ်ဘူး ဆေးအာနိသင်က သားအိမ်နံရံထူထဲမှုကိုတားဆီးပေးတယ် သားအိမ်နံရံမထူလာတဲ့အတွက် ကွာကျစရာမရှိတဲ့အတွက် ရာသီသွေးဆင်းတာမျိုးမရှိတာပါ အထဲမှာသွေးလုံးတွေ အပုပ်တွေကျန်နေတာမျိုးမဟုတ်လို့ စိတ်ပူစရာမလိုပါဘူး
တချို့မှာတော့ သွေးပေါ်တာမျိုးရှိနိုင်ပါတယ် တော်တော်နည်းပါတယ်
သွေးပေါ်ကိုပေါ်တာမှကြိုက်သူတွေဆို စဉ်းစားပါ

🙅မသုံးစွဲသင့်သောအခြေနေများ
- ရင်သားကင်ဆာ
- ခြေထောက်တို့ အဆုတ်တို့မှာသွေးကြောပိတ်တာ
- အသည်းရောဂါ
- ပုံမမှန်သွေးဆင်းတတ်သူတွေ မသုံးသင့်ပါဘူး

👌ဝတဲ့သူတွေမှာလည်းအသုံးပြုလို့ရပါတယ်
ကိုယ်အလေးချိန် ၁၇၆ပေါင်ကျော်ရင် သက်တမ်းအာနိသင်တစ်နှစ်လျော့နိုင်ပါတယ် ၄နှစ်ခံထည့်ထားရင် ၃နှစ်ပဲခံတာမျိုးပါ
၃နှစ်ခံထည့်ရင်တော့ ၃နှစ်အပြည့်ခံပါတယ်

တီဘီဆေး အတက်ကျဆေးတွေက ဟော်မုန်းအာနိသင်လျော့ကျစေလို့ အဲ့ဒီဆေးတွေသောက်နေရရင် ဟော်မုန်းမပါသော သားဆက်ခြားနည်း (ကွန်ဒုံးတို့ သားအိမ်တွင်း ပစ္စည်းထည့်တာတို့) သုံးသင့်ပါတယ်
အိမ်ထောင်သည်အမျိုးသမီးများ မိမိနှင့်သင့်တော်သော သားဆက်ခြားနည်းရွေးချယ်တတ်ကြပါစေ

👉လင်း ဆေးခန်းတွင် လက်မောင်းအရေပြားအောက်ပိုက်ထည့်ခြင်း သားအိမ်တွင်း ပစ္စည်းထည့်ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည် အသေးစိတ်သိရှိလိုသည်များကို messengerမှတဆင့် မေးမြန်းစုံစမ်းနိုင်ပါသည်
Crd Dr Phyo Thiha

လင်း အထွေထွေရောဂါကုဆေးခန်း
ဆေးခန်းဖွင့်ချိန်
မနက် (၇)နာရီ မှ ည(၇)နာရီအထိ
ငါးထပ်ကြီးဘုရားအနောက်ဘက် ညောင်ကုန်းလမ်းဘေး
စစ်ကိုင်းမြို့
☎️09 402659534

👨‍⚕️👩‍⚕️အသည်းရောင်အသားဝါ Bပိုးဆိုတာ ကာကွယ်လို့ရတဲ့ ရောဂါတစ်ခုပါBပိုး ရောဂါသည် 💦သွေးမှတဆင့် 💦လိင်အင်္ဂါမှတဆင့် 💦ရောဂါပိုး...
18/06/2023

👨‍⚕️👩‍⚕️အသည်းရောင်အသားဝါ Bပိုးဆိုတာ ကာကွယ်လို့ရတဲ့ ရောဂါတစ်ခုပါ
Bပိုး ရောဂါသည်
💦သွေးမှတဆင့်
💦လိင်အင်္ဂါမှတဆင့်
💦ရောဂါပိုးရှိသောကိုယ်ဝန်ဆောင်မိခင်မှကလေးသို့
တဆင့် ကူးစက်နိုင်သော ရောဂါဖြစ်ပါသည်
သို့သော် စနစ်တကျ Bပိုးကာကွယ်ဆေးအောင် အောင်ထိုးထားလျှင် မကူးစက်နိုင်ပါ

Bပိုးကာကွယ်ဆေးထိုးတော့မယ်ဆိုရင်
အရင်ဆုံး
👉Bပိုး ရှိ မရှိ အရင်စစ်ရပါမယ်
Bပိုးမရှိရင် ကာကွယ်ဆေးထိုးလို့ရပါတယ်
👉ရှိခဲ့ရင်တော့
နားလည်တတ်ကျွမ်းသောဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ဆက်လက်ကုသရပါမယ်။

B ပိုးကာကွယ်ဆေးက ဘယ်သူတွေမှာထိုးထားသင့်တာလဲ?
ကာကွယ်နိုင်တဲ့ ရောဂါဖြစ်လို့ မည်သူမဆို ထိုးထားနိုင်ရင်အကောင်းဆုံးပါ
💥အဓိက ဦးစားပေး ထိုးသင့်သူတွေမှာ

🍀လိင်ကတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါ ဖြစ်လို့
- မိမိရဲ့ အိမ်ထောင်ဖက် မှာ Bပိုးရှိသူတွေ

🍀သွေး နဲ့ ခန္ဓာကိုယ် ကထွက်တဲ့အရည်များမှ တစ်ဆင့်လည်းကူးစက်နိင်လို့ သွေးနဲ့အထိအတွေ့များတဲ့
-ကျန်းမာရေးဝန်ထမ်းတွေ၊
-ကျောက်ကပ်ဆေးနေရတဲ့သူတွေ၊
- သွေးသွင်းရတတ်တဲ့ သွေးရောဂါတစ်ခုခုရှိသူတွေ၊
-မိမိ အိမ်သားတစ်ဦးဦးတွင် Bပိုးရှိနေသူတွေ

🍀အသည်းရောဂါ တခုခုရှိသူတွေ
-အသည်းအဆီဖုံးမှ စလို့ ၊
-အရက်ကြောင့်အသည်းရောင်နေသူ၊
-အသည်းရောင်အသားဝါ Cပိုးရှိသူ၊
- အသည်းခြောက်နေသူ၊
-နာတာရှည်အသည်း ရောဂါရှိသူ၊
-အသည်းဓါတ် liver enzyme ၂ဆလောက်တတ်နေသူ

🍀ကိုယ်ခံအားကျစေသော ရောဂါရှိသူ
-ဆီးချိုရောဂါရှိသူ၊
-HIV ရောဂါရှိသူ
အဲဒီ အုပ်စုတွေမှာတော့ ပိုထိုးသင့်ပါတယ်။

👉စုစုပေါင်း ဘယ်နခါထိုးရတာလဲ?
- စုစုပေါင်း ၃ကြိမ် စထိုးရပါတယ်
ပုံမှန်အားဖြင့် 0-1-6 နည်း နဲ့ ထိုးပါတယ်
စထိုးတဲ့ ရက် မှာ ၁လုံး
စထိုးတဲ့ရက်ကနေ ၁လပြည့်တဲ့နေ့မှာ နောက်တစ်လုံး
စထိုးတဲ့ရက်ကနေ ၆လ ပြည့်တဲ့နေ့မှာ တတိယအလုံး
စုစုပေါင်းသုံးလုံးထိုးရပါတယ်။

မိသားစုဝင် သို့ အိမ်ထောင်ဘက်တွင် Bပိုးရောဂါရှိလျှင်
0-1-2-6-12 monthနည်းဖြင့် ထိုးရင်ပိုကောင်းပါသည်
အမြန်ထိုးနည်းအနေဖြင့်
0-7-21 dayဆိုပြီး တစ်လအတွင်းအပြီးထိုးနည်း လည်းလိုအပ်လျှင်သုံးနိုင်ပါသည်

တခြားကာကွယ်ဆေးတွေနဲ့ရော တူတူထိုးနိုင်ပါတယ် ။ ပိုးအရှင်တွေနဲ့ထုတ်ထားတဲ့ ကာကွယ်ဆေးမဟုတ်လို့ အခြားကာကွယ်ဆေးတွေနဲ့ တူတူ ထိုးနိုင်ပါတယ်

🔥ကိုယ်ဝန်ဆောင် နဲ့ နို့တိုက်မိခင်တွေမှာကော Bပိုးကူးစက်ထားခြင်းမရှိလျှင် ထိုးလို့ရပါတယ်။

👉 ဆေး ၃ကြိမ်ထိုးပြီး အနည်းဆုံး ၄၅ရက်မှ ၂လကြာတာနဲ့ ဆေးအောင်မအောင်ခေါ်တဲ့ ကာကွယ်ခုခံအား antibody စစ်ကြည့်သင့်ပါသည်
ကာကွယ်ခုခံအား ရှိသင့်သလောက်မရှိသူ/ ဆေးမအောင်သူများသည် Bပိုး ကာကွယ်ဆေးကို အစကနေပြန်ထိုးရပါမည်
ကာကွယ်ခုခံအား ရှိသင့်သလောက်ရှိသူများအနေဖြင့် booster doseကို ၅ နှစ်အကြာတွင် တစ်ကြိမ်ထပ်ထိုးရပါမည်
ထိုကဲ့သို့ စနစ်တကျ စစ်ဆေးထိုးနှံခြင်းဖြင့် အသည်းရောင်အသားဝါ Bပိုးရောဂါ ကူးစက်ခြင်းမှ ကာကွယ်နိုင်ပါသည်

Credit

လင်း အထွေထွေရောဂါကုဆေးခန်း
ဆေးခန်းဖွင့်ချိန်
မနက် ( ၇ နာရီ မှ ည ၇ နာရီ အထိ )
ငါးထပ်ကြီးဘုရားအနောက်ဘက် ညောင်ကုန်းလမ်းဘေး
စစ်ကိုင်းမြို့
☎️09 402659534

👨‍⚕️👩‍⚕️ညဘက် အိပ်မပျော်ဘူး အိပ်ဆေးတွေ သောက်အိပ်ရတော့မှာလား ???အိပ်ဆေးဆိုတာ ဆရာဝန်ဆေးစာမပါဘဲ ရောင်းခွင့်မရှိသလို၊ ဆေးညွှန...
14/06/2023

👨‍⚕️👩‍⚕️ညဘက် အိပ်မပျော်ဘူး အိပ်ဆေးတွေ သောက်အိပ်ရတော့မှာလား ???

အိပ်ဆေးဆိုတာ ဆရာဝန်ဆေးစာမပါဘဲ ရောင်းခွင့်မရှိသလို၊ ဆေးညွှန်းနဲ့ ဂရုစိုက်ပြီး သောက်သင့်တဲ့ ဆေးပြင်းဖြစ်တာကြောင့် တော်ရုံလူနာတွေကို အိပ်ဆေးညွှန်ကြားလေ့ မရှိပါဘူး။

တချို့သော ကျန်းမာရေးပြဿနာတွေဖြစ်တဲ့

💦 ညဘက်အိပ်မပျော်တဲ့ ရောဂါရှိခြင်း

💦ပြင်းထန်တဲ့ နာကျင်ကိုက်ခဲမှု၊ ယားယံမှုဝေဒနာကို ခံစားနေရခြင်း

💦နေထိုင်မှုပုံစံ ပြောင်းလဲပါလျက်နဲ့ အလွယ်တကူ အိပ်မပျော်နိုင်သူတွေ

💦အရက်ဖြတ်နေချိန် အိပ်မပျော်သောသူတွေ

💦တချို့သော စိတ်ကျန်းမာရေးရောဂါသည်တွေ

💦ရောဂါပြင်းဝေဒနာ ခံစားနေရတဲ့အတွက် အိပ်ပျော်ရန် ခက်ခဲသူတွေကို ဆေးညွှန်းပေးလေ့ရှိပါတယ်။

🔥ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ နို့တိုက်မိခင်တွေနဲ့ အသက်အရွယ်ကြီးသူတွေအနေနဲ့ အိပ်ဆေးသောက်အိပ်တာက အဆင်မပြေပါဘူး။

အိပ်ဆေးသောက်အိပ်ခြင်းဟာ ရေတိုအတွက် ပြဿနာမရှိပေမဲ့ ရေရှည်မှာ ဦးနှောက်အာရုံကြောစနစ်ကို ထိုင်းမှိုင်းစေရုံသာမက ဆေးစွဲတဲ့အခြေအနေထိ ဖြစ်လာနိုင်ပါတယ်။

ဒါ့အပြင် ကိုယ်တွင်းအင်္ဂါတွေရဲ့ လုပ်ဆောင်မှုကိုလည်း ကမောက်ကမဖြစ်စေတဲ့အတွက် ဆရာဝန်တွေအနေနဲ့ အိပ်ဆေးကို ရေရှည်စွဲသောက်ဖို့ လုံးဝညွှန်းမှာမဟုတ်သလို ကိုယ့်သဘောနဲ့ကိုယ်လည်း မသောက်သင့်ပါဘူး။

အိပ်ဆေးသောက်အိပ်မယ်ဆိုရင် သိထားသင့်တဲ့ ဘေးထွက်ဆိုးကျိုး လက္ခဏာတွေအနေနဲ့

💥 ခံတွင်းခြောက်ခြင်း

💥ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း သို့မဟုတ် ဝမ်းချုပ်ခြင်း

💥ခေါင်းကိုက်ခြင်း

💥 ကြွက်သားအားနည်းလာခြင်း

💥အစာမကြေဖြစ်ခြင်း

💥လေပွခြင်း၊ ရင်ပူခြင်း

💥ပျို့အန်ခြင်း စတာတွေကို ခံစားရနိုင်ပါတယ်။

အကြံပေးချင်တာကတော့ အိပ်ဆေးမသောက်ခင်မှာ ကိုယ်ပုံမှန်ပြသနေကျ ဒါမှမဟုတ် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တစ်ဦးနဲ့ အရင်တိုင်ပင်ပြီး ကိုယ့်အတွက် သင့်တော်မယ့်အိပ်ဆေးအမျိုးအစားနဲ့ ဆေးအညွှန်းကို တောင်းခံပါ။
ဆေးအညွှန်းအတိုင်းသာ အတိအကျသောက်ပြီး ဆေးသောက်နေတဲ့အချိန်မှာ ညဘက်ကောင်းစွာအိပ်ပျော်နိုင်မယ့် အလေ့အကျင့်ကို ဖြည်းဖြည်းချင်း ကျင့်ယူသွားပေးပါခင်ဗျာ။

👉ဒါ့အပြင် ညဖက်တွေပိုပြီး လွယ်လွယ်ကူကူအိပ်ပျော်နိုင်ဖို့ နည်းလမ်းလေးတွေကိုလည်း ဖော်ပြပေးချင်ပါတယ်။ ဒါတွေကတော့

🍀 ညဖက်အိပ်ချိန်နီးမှ ကော်ဖီ၊ လက်ဖက်ရည်လို ကဖင်းဓာတ်ပါတဲ့သောက်စရာတွေရှောင်ကျဉ်တာ

🍀 အိပ်ချိန်နီးမှ မိုဘိုင်းဖုန်းသုံးတာ၊ တီဗီကြည့်တာတွေကို မပြုလုပ်ပဲ အိပ်ယာဝင်တာ

🍀 အခန်းကိုမီးပိတ်အိပ်တာက ဒါမှမဟုတ် မီးရောင်လေးရှိမှ အိပ်ပျော်တဲ့သူဆိုရင် မီးလုံးသေးသေးလေးထွန်းထားပြီးအိပ်စက်တာ

🍀 ညဖက်မအိပ်ခင် ရေနွေးနွေးလေးနဲ့ရေချိုးပြီးမှ အိပ်စက်တာ

🍀 အိပ်ခါနီးမှ အရက်၊ ဆေးလိပ်သောက်ခြင်းကို ရှောင်ကျဉ်တာ၊ အရက်သေစာ မှီဝဲချိန်နဲ့ အိပ်ချိန်ကို အနည်းဆုံး ၆ နာရီလောက်ခြားထားတာ

🍀 အိပ်ဖို့ခုတင်ပေါ်ရောက်ပြီဆိုရင် စိတ်ကိုလျှော့ထားပြီး ခန္ဓာကိုယ် ကကြွက်သားတွေကို ဖြည်းဖြည်းချင်း ဖြေလျှော့တဲ့နည်းကို အသုံးချတာ

စတဲ့နည်းလမ်းတွေကို လိုက်နာလုပ်ဆောင်ပေးမယ်ဆိုရင် အိပ်ဆေးအသုံးမပြုပဲ ကောင်းမွန်စွာ အိပ်စက်နိုင်ပါလိမ့်မယ်။
Credit to Healtpy

လင်း အထွေထွေရောဂါကုဆေးခန်း
ဆေးခန်းဖွင့်ချိန်
မနက် ၇ နာရီ မှ ည ၇ နာရီ အထိ
ငါးထပ်ကြီးဘုရားအနောက်ဘက် ညောင်ကုန်းလမ်းဘေး စစ်ကိုင်းမြို့
☎️09 402659534

👨‍⚕️👩‍⚕️"အသင့်စားခေါက်ဆွဲခြောက်များနဲ့ ကျန်းမာရေးပြဿနာ" ဝယ်ရလွယ်ကူတာ၊ ပြင်ဆင်ရလွယ်ကူတာ၊ ဈေးသက်သာတာ၊ အရသာရှိတာ စတဲ့အကြောင...
24/05/2023

👨‍⚕️👩‍⚕️"အသင့်စားခေါက်ဆွဲခြောက်များနဲ့ ကျန်းမာရေးပြဿနာ"

ဝယ်ရလွယ်ကူတာ၊ ပြင်ဆင်ရလွယ်ကူတာ၊ ဈေးသက်သာတာ၊ အရသာရှိတာ စတဲ့အကြောင်းမျိုးစုံနဲ့ အသင့်စားခေါက်ဆွဲခြောက်တွေကို စွဲလန်းစွာ စားသုံးနေသူတွေ အများအပြားပါပဲ။

ညတိုင်း ဒရာမာလေးတွေကြည့်ရင်း ခေါက်ဆွဲပြုတ်လေးစားလိုက်ရမှ နေသာထိုင်သာရှိသူတွေ၊ မိုးလေးအေးလာတော့ ခေါက်ဆွဲပူပူလေးစားချင်ကြသူတွေ၊ ဘာရယ်မဟုတ် ခေါက်ဆွဲကြိုက်ကိုကြိုက်သူတွေ စသဖြင့် အစားတစ်လိုင်းတွေကလည်း နည်းနည်းနောနောမဟုတ်ပါလားနော်။
တကယ်တော့ ဒီအသင့်စားခေါက်ဆွဲခြောက်တွေဟာ ရေရှည်စားသုံးရင် ကျန်းမာရေးအတွက် ဆိုးကျိုးတွေပေးနိုင်တာကြောင့် စားဖို့ရာမသင့်တော်ပါဘူး။ အရင်ဆုံး ဘာကြောင့်မကောင်းဘူး ပြောရသလဲ‌ဆိုတာ ဖတ်ကြည့်ရအောင် !

(၁) ဆိုဒီယမ်ပမာဏများပြားခြင်း

ခေါက်ဆွဲခြောက် (၁၀၀) ဂရမ်မှာ ဆိုဒီယမ် (၃၉၇- ၃၆၇၈) မီလီဂရမ်အထိ ပါဝင်ပါတယ်။ အချို့ခေါက်ဆွဲတွေမှာ ဒီထက်တောင်များပါသေးတယ်။ ကိုယ်ဝယ်တဲ့ ခေါက်ဆွဲခြောက်ရဲ့အထုပ်ပေါ်မှာ ဖော်ပြထားတဲ့ ဆိုဒီယမ်ပမာဏကို ဂရုပြုကြည့်ရှုနိုင်ပါတယ်။

ဆိုဒီယမ်ဆိုတာ ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်အတွက် လိုအပ်တဲ့သတ္တုဓာတ်တစ်မျိုးပါပဲ။ ဒါပေမယ့် ပမာဏများတဲ့အခါ အစာအိမ်ကင်ဆာ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါနဲ့ လေဖြတ်နိုင်ခြေကို တိုးစေပါတယ်။ အထူးသဖြင့် နှလုံးနဲ့ ကျောက်ကပ်ကို အလွန်အမင်းထိခိုက်စေပါတယ်။ လူတစ်ဦးဟာ တစ်နေ့ကို ဆိုဒီယမ် (၂) ဂရမ်အထိပဲ စားသင့်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ဆိုထားလေတော့ ခေါက်ဆွဲခြောက်တစ်ထုတ်စားမယ်ဆိုရင်တောင် ဆိုဒီယမ်က သိပ်ကိုများနေပါပြီ။

(၂) MSG (အချိုမှုန့်) ပါဝင်ခြင်း

MSG ဆိုတာ အသင့်စား အစားအစာအများအပြားမှာတွေ့ရပြီး အရသာပိုမိုပေါ်လွင်‌ကောင်းမွန်စေဖို့ ထည့်သွင်းတတ်ကြပါတယ်။ MSG ဟာ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ သွေးတိုးခြင်း၊ ကြွက်သားတင်းခြင်း၊ အားနည်းခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ နှလုံးတုန်ခြင်းနဲ့ အသားအရေနီမြန်းခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ကျန်းမာရေးအရ ရေတိုအတွက်ရော၊ ရေရှည်အတွက်ရော မကောင်းတဲ့အပြင် အဝလွန်စေတဲ့အကြောင်းရင်းတစ်ခုလည်း ဖြစ်ပါသေးတယ်။

(၃) အသားဓာတ်နဲ့အမျှင်ဓာတ်နည်းပါးခြင်း

အသားဓာတ်ဟာ ဗိုက်ပြည့်တဲ့ခံစားချက်ကိုပေးနိုင်ပြီး အမျှင်ဓာတ်ဟာလည်း အစာခြေလမ်းကြောင်းထဲ ဖြည်းဖြည်းချင်းရွေ့သွားရင်းနဲ့ ဗိုက်ဝတဲ့ တင်းတိမ်တဲ့ခံစားချက်ကို ပေးနိုင်တာဖြစ်ပါတယ်။ အသင့်စားခေါက်ဆွဲခြောက်တွေမှာ အသားဓာတ်ရော၊ အမျှင်ဓာတ်ရော ပါဝင်မှုနည်းလွန်းတာကြောင့် ရေရှည်စားမယ်ဆို ဘယ်လောက်စားစား ဗိုက်မဝသလိုဖြစ်နိုင်ပါတယ်။ အမျှင်ဓာတ်နည်းတာကြောင့် ဝမ်းချုပ်တာ၊ လေပွတာလိုမျိုး အစာအိမ်နဲ့အူလမ်းကြောင်းပြဿနာတွေဖြစ်ပေါ်ပြီး အူထဲက ကျန်းမာရေးအကျိုးပြုဘက်တီးရီးယားလေးတွေကို နည်းသွားစေပါတယ်။

(၄) အာဟာရဓာတ်နည်းပါးခြင်း

အသင့်စားခေါက်ဆွဲခြောက်တွေမှာ ဆိုဒီယမ်နဲ့ ကယ်လိုရီကလွဲလို့ အာဟာရဖြည့်ပေးနိုင်တဲ့ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အဆီဓာတ်တွေ မပါဝင်ပါဘူး။ ဒါကြောင့် ဘယ်လောက်စားစား၊ ခဏဗိုက်ဝတာကလွဲရင် အားအင်ဖြစ်စေမှာမဟုတ်သလို တစ်နေ့တာ လိုအပ်တဲ့စွမ်းအင်များကို ပေးစွမ်းနိုင်မှာမဟုတ်ပါဘူး။

ဒါကြောင့် အသင့်စားခေါက်ဆွဲခြောက်တွေဟာ များများစားလေလေ၊ ကျန်းမာရေးမှာ ထိခိုက်မှုတွေ ဖြစ်လာလေလေပဲ ဖြစ်ပါတယ်။

ဘယ်လိုထိခိုက်မှုတွေလဲဆိုရင် ..

(၁) အဝလွန်ခြင်း

တောင်ကိုရီးယားနိုင်ငံမှာ ပြုလုပ်တဲ့စစ်တမ်းများအရ အသင့်စားခေါက်ဆွဲခြောက်ကို တစ်ပတ်နှစ်ကြိမ်ထက်ပိုပြီးစားသုံးသူတွေဟာ အဝလွန်ခြင်း၊ သွေးတိုးခြင်း၊ သွေးတွင်းအဆီဓာတ်များခြင်း စတဲ့ ဇီဝဖြစ်စဉ်နဲ့ဆိုင်တဲ့ရောဂါတွေ ဖြစ်နိုင်ခြေပိုများနေတာကို တွေ့ရှိရပါတယ်။ ခေါက်ဆွဲခြောက်တွေမှာပါဝင်တဲ့ ကစီဓာတ်လွန်ကဲခြင်းကြောင့် ဖြစ်ပါတယ်။

(၂) ကင်ဆာ

Bisophenol A (BPA) လို့ခေါ်ပြီး အသင့်စားခေါက်ဆွဲခြောက်ကို ထုပ်ပိုးရာမှာအသုံးပြုထားတဲ့ အန္တရာယ်ရှိ ဓာတုပစ္စည်းကြောင့် ကင်ဆာဖြစ်နိုင်ခြေကို တိုးများစေပါတယ်။ BPA ပါဝင်မှု ဘယ်လောက်တောင်များလဲဆိုရင် အသင့်စားခေါက်ဆွဲခြောက်တွေမှာပါတဲ့ BPA ပမာဏက လတ်ဆတ်သန့်ရှင်းတဲ့ ‌‌သဘာဝခေါက်ဆွဲပြုတ်မှာ ပါဝင်တဲ့ပမာဏထက် အဆပေါင်း (၁၄၀) တောင်ပိုများနေတာပါ။ ဒါကြောင့် ခေါက်ဆွဲခြောက် တစ်ပတ်ကို နှစ်ကြိမ်ထက်ပိုစားတဲ့သူတွေဟာ အစာအိမ်ကင်ဆာဖြစ်နိုင်ခြေ (၆၈%) ပိုများပါတယ်။

(၃) အစာခြေလမ်းကြောင်းပြဿနာများ

ဆိုဒီယမ်များလွန်းပြီး အမျှင်ဓာတ်နည်းတာကြောင့် လေပွခြင်း၊ လေအောင့်ခြင်း၊ အစာအိမ်အက်စစ်များခြင်း၊ အစာခြေလမ်းကြောင်းမူမမှန်ခြင်း စတဲ့ပြဿနာများစွာ ခံစားရနိုင်ပါတယ်။

(၄) စိတ်ကျန်းမာရေး

ဆိုဒီယမ်များပြီး ဦးနှောက်ထဲက ဓာတုပစ္စည်းတွေရဲ့ညီမျှမှုကို ဖျက်စီးပစ်တာကြောင့် စိတ်ဓာတ်ကျခြင်း၊ သောကများခြင်းနဲ့ အခြားစိတ်ကျန်းမာရေးထိခိုက်မှုတွေတောင် ဖြစ်စေနိုင်ပါတယ်။ ခေါက်ဆွဲခြောက်စားသုံးသူတွေဟာ ပုံမှန်လူတွေထက် စိတ်ထိခိုက်လွယ်၊ စိတ်အားငယ်လွယ်ပြီး စိတ်ကျန်းမာရေးအားနည်းတာကို တွေ့ရှိရပါတယ်။

ဒါ့ကြောင့် အန္တရာယ်များတဲ့ အသင့်စားခေါက်ဆွဲခြောက်တွေအစား သဘာဝအသီးအနှံ၊ ဟင်းရွက်တွေ၊ အသား၊ ငါး၊ နို့ ၊ ဂျုံစတာတွေကို အစားထိုးစားပေးနိုင်အောင် ကြိုးစားကြဖို့ တိုက်တွန်းပါရစေ။

တစ်ခါတစ်ရံ စားချင်တယ်ဆိုရင် လတ်ဆတ်တဲ့ ဟင်းရွက်တွေ၊ အသား၊ ငါး၊ ကြက်ဥတွေ ထည့်ပြုတ်တာ၊ ဆိုဒီယမ်နည်းတဲ့ ခေါက်ဆွဲထုပ်ကို ရှာဝယ်တာတွေ လုပ်နိုင်ပါတယ်။
ရေရှည်ကျန်းမာရေးအတွက် စားချင်စိတ်ကို တတ်နိုင်သလောက်ထိန်းချုပ်ပြီး အလေ့အကျင့်လုပ်ကြဖို့ ပြောချင်ပါတယ်။
Credit to တယ်လီကျန်းမာ

လင်း အထွေထွေရောဂါကုဆေးခန်း
ဆေးခန်းဖွင့်ချိန်
မနက် ၇:၀၀ - ည ၇:၀၀ နာရီ အထိ
ငါးထပ်ကြီးဘုရားအနောက်ဘက် ညောင်ကုန်းလမ်းဘေး
စစ်ကိုင်းမြို့
☎️09 402659534

Address

Near The Ngar Htet Kyii Pagoda, On Nyaung Gone Street, Sagaing Township
Sagaing

Telephone

+959402659534

Website

Alerts

Be the first to know and let us send you an email when လင်း အထွေထွေရောဂါကုဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to လင်း အထွေထွေရောဂါကုဆေးခန်း:

Share