ဂျပန် မြန်မာ အကြောပြင်

ဂျပန် မြန်မာ အကြောပြင် 🇯🇵ဂျပန်🇲🇲မြန်မာ အကြောပြင် အနှိပ်

လူတိုင်းခါးနာဖူးတယ်မလားဆေးတေဘဲအားကိုးမနေဘဲလေ့ကျင့်ခန်းလေးလုပ်ပီး ခါးနာသက်သာအောင်လုပ်ကျိပါနော်
28/12/2023

လူတိုင်းခါးနာဖူးတယ်မလား
ဆေးတေဘဲအားကိုးမနေဘဲ
လေ့ကျင့်ခန်းလေးလုပ်ပီး ခါးနာသက်သာအောင်လုပ်ကျိပါနော်

 #ရေချိုးလျှင်သတိပြုရမည့်အချက်ခေါင်းကနေ ရေစတင်လောင်းချိုးတာကလေဖြတ်တတ်ပါတယ်။ဦးခေါင်းမှ  စ၍  ရေလောင်းမချိုးသင့်ပါ ။လူသားတွ...
26/12/2023

#ရေချိုးလျှင်သတိပြုရမည့်အချက်
ခေါင်းကနေ ရေစတင်လောင်းချိုးတာကလေဖြတ်တတ်ပါတယ်။
ဦးခေါင်းမှ စ၍ ရေလောင်းမချိုးသင့်ပါ ။

လူသားတွေဟာ သွေးနွေးသတ္တဝါတွေဖြစ်တဲ့အတွက်
ခန္ဓာကကိုယ်က အပူချိန် အလျှင် အမြန်
ထိန်းညှိနေရတာကကြောင့်ပါ ။
ခေါင်းကို ရေလောင်းစဉ် ခေါင်းအေးသွားတဲ့
အတွက် အပူချိန်ထိန်းညှိနိုင်အောင်
ခန္ဓာကိုယ်က သွေးတွေက ခေါင်းကို အလျှင်အမြန်
လာကြတာကြောင့် ဦးနှောက်သွေးကြောပေါက်
လွယ် သွားပြီး လေဖြတ်ကာ လိမ့်ကျသွားပါတယ်။

ရေချိုးတဲ့အခါမှာ ခြေထောက်ကနေ
စတင်ရေလောင်းပြီးမှ တဖြည်းဖြည်း
အပေါ်ပိုင်းကို ဆက်လောင်းချိုးပါ ။

အထူးသဖြင့် သွေးတိုးရောဂါရှိသူ
သွေးတွင်းကိုလက်ထရောမြင့်တက်သူနဲ့
ဦးခေါင်းတခြမ်းကိုက် ဝေဒနာခံစားရသူတွေ
ဒီရေချိုးနည်းကို လိုက်နာသင့်ပါတယ် ။

ရေချိုးနည်း ……

ရေချိုးတဲ့အခါ ခြေထောက်ကို အရင် ရေလောင်းပါ
တဖြေးဖြေး ဒူး ပေါင်း ခါး လောင်းပြီးမှ
တကိုယ်လုံးရေချိုးပါ ။

ရေ အဆင့်ဆင့် လောင်းနေတုံး ပါးစပ်ထဲမှာ
ရေငုံထားတာက ကိုယ်ခန္ဓာကို ရေလောင်းလို့
ထွက်လာတဲ့ အပူခိုးတွေမျက်စိကို မရောက်အောင်
အကာအကွယ်ပြုတာပါ ။

ခန္ဓာကိုယ်ကို အဆင့်ဆင့် ရေလောင်းနေတုန်း
ချမ်းစိမ့်စိမ့် ဖြစ်လာရင် ရေမချိုးပါနဲ့ ။

ရေချိုးရင် ဖျားတာက အပူရှိလို့
အပူငုတ် အပူရှပ်ချင်တာပါ ။

အပူထဲမှလာပြီး ချက်ခြင်း ရေမချိုးပါနဲ့ ။
ထမင်းစားပြီး ရေမချိုးသင့်ပါ ။
ရေမချိုးခင် ရေ ဝ အောင် သောက်ပါ ။
ရေချိုးပြီးရင် ရေကို စင်အောင်သုတ်ပြီး
ရေနွေးသောက်ပါ ။

ရေချိုးလို့ ရနိုင်တဲ့ ကောင်းကျိုးများ ………

ဆီးချိုရောဂါရှိသူ တစ်ယောက်က
နာရီဝက်ကြာ ရေချိုးတာ သွေးထဲက
သကြားဓာတ် ၁၃ % လျော့နည်းတယ်။

ရေနွေး ၃၂ . ၃၅ ဒီဂရီကို ချိုးရင် အရေပြားက
အပေါက်လေးတွေကို ပွင့်စေပြီး အဆိပ်
အတောက်တွေ ထွက်ကုန်မယ် ကြွက်သားနာတာ
အသက်သာမယ် အူတွေ ပို အလုပ် လုပ်နိုင်မယ်။

ရေချိုးတာကို ၁၈မိနစ် ၂၀မိနစ် သာကြာပါစေ
ရေနွေး ၁၂ . ၁၈ ဒီဂရီကို ချိုးရင် စိတ်ဖိအား
ကျစေမယ် သွေးကြောလေးတွေကို ကျဉ်းစေလို့
သကြားဓာတ် တက်စေမယ်။

အင်ပြင် ထ တာမျိုးကို Sodium Bicarbonate
( ဆော်ဒါ ) ပါတဲ့ ရေချိုးရင် သက်သာမယ်
ပိုးတချို့ကိုလည်း သေစေမယ် ။

ရေနွေးနဲ့ ချိုးတာက တုတ်ကွေး အအေးမိတာ
သက်သာစေမယ် နင်းခူနာ သက်သာစေမယ် ။

ရေအေးထဲမှာ ခြေထောက်ကို စိမ်းပေးရင်
ကောင်းအိပ်ပျော်စေတယ် ။

ခန္ဓာကိုယ်တွင် အသည်း အလုပ်လုပ်ချိန်
ည ၁၁နာရီ မှ ၃ နာရီထိ
ကျောက်ကပ် အလုပ် လုပ်ချိန် ညနေ ၅ နာရီ မှ
၇ နာရီ

ညရာသီအလိုက်ရေချိုးချိန် ……

နွေ မနက် ၉ နာရီ
မိုး မနက် ၁၀ နာရီ
ဆောင်း မနက် ၁၁ နာရီ

အရိုးပွ အရိုးပါး ဂေါက်ရောဂါ ရှိသူတွေ
နာကျဉ်ခြင်းသက်သာအောင် ရေနွေးထဲဆားခါး
ထည့်ဖျော် ချိုးခြင်းဖြင့် သက်သာစေပါသည် ။

ညဖက်ရေချိုးခြင်း သတိထားရန် ………

ခေါင်းလျှော်လျှင် မအိပ်ခင်မှာ ခြောက်အောင်
သုတ်ပြီးမှ အိပ်ပါ။ မိမိကိုယ် အပူချိန်က
နေ့ခင်းဖက်မှာထက် လျော့ကျနေသည်ကို
သတိပြုပါ ။

မနက်ခင်း လေ့ကျင့်ခန်းတစ်ခုခုလုပ်ပြီးမှ
ရေချိုးတာကြွက်သားတွေကို ပိုမိုသန်မာစေ ။

ကယ်လီးဖိုးနီးယား တက္ကသိုလ်မှ
သုတေသနပညာရှင်များအဆိုးအရ
မနက်ခင်းအေးတဲ့ရေနဲ့ ရေချိုးခြင်းက
သုပ်ပိုးများကို ပိုမိုဖွံ့ဖြိုးစေတယ်လို့ဆိုတယ် ။

ကျန်းမာရေးအတွက် ဆေးတစ်ခွက် ……

ညနေပိုင်းရေချိုးလျင် သတိထားရန်
ညနေ ၅ နာရီမှ ၇ နာရီရေချိုး နေ့စဉ်
ဆီးမသွားရ ကျောက်ကပ် အလုပ်လုပ်နေချိန်
ဖြစ်သည်။ ကျောက်ကပ် မပျက်စီးအောင် ဂရုပြုရန်

မနက်ခင်းရေချိုးခြင်း၏ ကောင်းကျိုး ……

မနက်ခင်းရေချိုးခြင်းက ကိုယ်ခန္ဓာတွင်းမှ
အပူခိုးများထွက်ခြင်း

ရေနွေးနဲ့ချိုးရင် သွေးလည် ပတ်မှုကောင်းစေ
ကြွက်သားများကို တောင့်တင်းသန်မာစေ
ရေနွေးနဲ့ချိုးခြင်းက ကျန်းမာရေးများစွာ
အထောက်အကူပြု

အိပ်ရာနိုးတဲ့အခါ မနက်ခင်း ရေချိုးခြင်းက
ပေါ့ပါးလွတ်လပ်သွား စိတ်ဖိစီးမှုကိုသက်သာစေ
စိတ်ဖိစီးမှုဖြစ်နေရင် မနက်ခင်းရေချိုးခြင်းက
အထောက်အကူပြုတယ် ။

ညဖက်ရေချိုးခြင်း သတိထားရန် ………

ခေါင်းလျှော်လျှင် မအိပ်ခင်မှာ
ခြောက်အောင်သုတ်ပြီးမှ အိပ်ပါ။
မိမိကိုယ် အပူချိန်က နေ့ခင်းဖက်မှာထက်
လျော့ကျနေသည်ကို သတိပြုပါ ။
နှစ်ခြိုက်စွာ အိပ်ချင်လို့ ရေချိုးတာဆိုလျှင်
မအိပ်ခင်းလေးမှာ အချိန်ခွာပြီး ရေချိုးပ ါ ။

ကိုယ်ကာယ လေ့ကျင့်ခန်း လုပ်ပြီးစမှာ
ချွေးပေါက်လေးတွေ ကျယ်နေတဲ့အတွက်
ချက်ခြင်း ရေမချိုးပါနဲ့ မိနစ် ၃၀ ခန့်စောင့်ပြီး
ကိုယ်အပူချိန် လျော့ကျသွားပြီး ချွေးပေါက်
ပြန်ကျဉ်းသွားချိန်မှ ရေချိုးပါ ။

ညဖက် အရမ်းနောက်ကျရင် ရေနွေးနဲ့ချိုးပါ
ရေနွေးနဲ့ မချိုးခင်မှာ ရေအပူချိန်ကို
လက်နဲ့ ထိတွေ့ ခံစားကြည့်ပါ ။

ပုံမှန်အားဖြင့် လူကိုယ်ခန္ဓာ အပူချိန်ထက်
၅ ဒီဂရီ ပို၍ လက်ခံနိုင်သည့် လူတစ်ယောက်ရဲ့
သာမန် အပူချိန်ကတော့ ၉၇ ဖာရင်ဟိုက်
ဖြစ်တဲ့အတွက် ကိုယ် လက်ခံနိုင်မယ့်
မပူလွန်း မအေးလွန်း အနေအထားကို
ရယူပါ ။

ရေချိုးခြင်းက စိတ်နဲ့ကိုယ်နဲ့ ပြန်လည်း
လန်းဆန်းအောင်လုပ်ခြင်း ဖြစ်တယ်။
ရေနွေးနွေးနဲ့ ချိုးလိုက်ရင် အရေပြားပေါ်မှာ ရှိတဲ့
အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး
စိတ်ဖိစီးမှုကို လျော့ချ သွေးပေါင်ကျ
တစ်နေ့တာကုန်သွားတဲ့ အားအင်တွေကို
ပြန်ဖြည့်ပေး တောင့်တင်းနေတဲ့ ကြွက်သားတွေ
ကို ရေချိုးခြင်းက ဖြေလျော့ပေးပါတယ်။

ရေနွေးနဲ့ ချိုးခြင်းက အရေပြားကို ချောမွတ်စေ
နုပျိုလန်းဆန်းခြင်းကို ခံစားရ -

ညဖက် ရေချိုးတာက ကောင်းသော
ကိုယ်သင်းနံ့ကိုပေး - နှစ်ခြိုက်စွာ အိပ်ပျော်စေ -
မျက်စိကြောင်းပြီး အိပ်မပျော်ခြင်း မဖြစ်တော့ပါ ။

တတ်နိုင်ရင် ရေနွေးနဲ့ချိုးပါ
အများစုက ရေအေးနဲ့ ချိုးကြတယ်။
ညနေပိုင်း အပူအခိုးထွက်နေတာတွေက
ကိုယ်တွင်းသို့ ပြန်ဝင်တတ်ပါတယ်
Crd # # #

📌သားအိမ်ကျခြင်းအကြောင်း သိကောင်းစရာများ📌🚩သားအိမ်ကျတယ်ဆိုတာ ဘယ်လိုမျိုးလဲ⁉️🚫သားအိမ်ကိုထိန်းထားတဲ့ pelvic floor muscles လိ...
26/12/2023

📌သားအိမ်ကျခြင်းအကြောင်း သိကောင်းစရာများ📌

🚩သားအိမ်ကျတယ်ဆိုတာ ဘယ်လိုမျိုးလဲ⁉️

🚫သားအိမ်ကိုထိန်းထားတဲ့ pelvic floor muscles လို့ခေါ်တဲ့ တင်ပဆုံကြွက်သားတွေနဲ့ အရွတ်တွေ အားနည်းသွားတဲ့အခါ သားအိမ်ကိုဆက်မထိန်းနိုင်တော့ဘဲ မိန်းမကိုယ်အပြင်ဘက်ကို သားအိမ်ကျတဲ့ ပြဿနာဖြစ်လာပါတော့တယ်🚺

⛔ဘယ်သူတွေမှာ အများဆုံးဖြစ်တတ်လဲ။
အမျိုးသမီးတိုင်း အသက်အရွယ်မရွေး ဖြစ်နိုင်တယ်ဆိုပေမယ့်

⛔သွေးဆုံးပြီးသားအမျိုးသမီးတွေ
အဝလွန်တဲ့ အမျိုးသမီးတွေ
အလေးအပင်မလွန်းတဲ့ အမျိုးသမီးတွေ
နာတာရှည်ချောင်းဆိုးဝေဒနာခံစားနေရတဲ့ အမျိုးသမီးတွေ
ရိုးရိုးမီးဖွားထားတဲ့ အမျိုးသမီးတွေ နဲ့
ကလေးများများမွေးထားတဲ့ အမျိုးသမီးတွေက ပိုဖြစ်နိုင်ပါတယ်။

🚩ဘာ့ကြောင့်ဖြစ်ရတာလဲ⁉️

အဓိကကတော့ သားအိမ်ကိုထိန်းထားတဲ့ တင်ပဆုံကြွက်သားတွေနဲ့ အရွတ် တွေ အားလျော့သွားတာကြောင့်ဖြစ်ရတာပါ။ ဒီတော့ ဒီ ကြွက်သားနဲ့ အရွက်တွေကို အားလျော့စေတဲ့ ပြဿနာတွေဖြစ်တဲ့👇👇

👉ကိုယ်ဝန်ဆောင်တဲ့ အကြိမ်အရေအတွက်များတာ
မီးဖွားချိန် သားအိမ်ဝန်းကျင်ကို ထိခိုက်မိတာ
ပေါင်များတဲ့ ကလေး၊ ကလေးကြီးကြီးတွေ ကို မိန်းမကိုယ်ကနေ ရိုးရိုးမွေးတာ
ကိုယ်အလေးချိန် များနေတာ အဝလွန်နေတာ
သွေးဆုံးချိန် အီစတိုဂျင်ဟော်မုန်းနည်းလာတာ
ဝမ်းချုပ်လွန်းလို့ တစ်ခါဝမ်းသွားရင် ညှစ်ညှစ်ပြီးသွားရတာ
နာတာရှည်ချောင်းဆိုးရလွန်းလို့ ဗိုက်ကို သွားသွားညှစ်သလိုဖြစ်နေတာနဲ့
အလေးအပင်တွေ မလွန်းတာ စတာတွေက သားအိမ်ကျခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေပါ။

⛔သားအိမ်ကျပြီဆိုတာကို ဘယ်လိုသိနိုင်မလဲ ⁉️

သားအိမ်ကျခါစပြုနေတဲ့ အချိန်တွေမှာတော့ သိသာတဲ့ လက္ခဏာတွေ မပြတတ်ပါဘူး။ ဒါပေမယ့် သားအိမ်ကျတာ နည်းနည်းကြာနေပြီ သားအိမ်ကျတဲ့ အဆင့်ကလည်း ပြင်းထန်နေပြီဆိုရင်တော့ လက္ခဏာတွေ ပြတတ်ပါတယ်။ သူတို့တွေကတော့👇👇👇

👉တင်ပဆုံနားတစ်ဝိုက်မှာ တင်းသလိုလို လေးသလိုလို ဖြစ်နေတာ
👉မိန်းမကိုယ်နားမှာ တစ်ဆို့ဆို့ ကြီးဖြစ်နေတာ
ကျလာတဲ့သားအိမ်က သွားဖိနေတော့ ဆီးတွေမလုံတာ၊ 👉ဆီးသွားရင် ကျန်သလိုခံစားနေရတာ
👉ဝမ်းသွားတဲ့အခါတွေမှာလည်း ပုံမှန်မဟုတ်တာ
👉ထိုင်ရတဲ့အခါတွေမှာလည်း အောက်မှ တစ်ခုခုခံနေသလို ခံစားနေရတာ
👉မိန်းမကိုယ်ထဲ တစ်ခုခုရှိနေတဲ့ ခံစားမှုကြီးကြောင့် အမျိုးသားနဲ့ အတူနေတဲ့ အခါတွေမှာ အခက်အခဲရှိတာတို့ ပဲ ဖြစ်ပါတယ်။✳️🚺

🚩ဒီလက္ခဏာတွေက မနက်စစချင်း အိပ်ရာထချိန်ဆိုသိပ်မသိသာပေမယ့် နေမြင့်လာတာနဲ့ သားအိမ်ကျတဲ့ ခံစားမှုကို ပိုသိလာနိုင်ပါတယ်။🚺

📌သားအိမ်ကျတာရဲ့ နောက်ဆက်တွဲပြဿနာတွေက ဘာတွေဖြစ်နိုင်မလဲ⁉️

🚫သားအိမ်ကျပြီဆိုတာနဲ့ သူနဲ့အတူအပေါင်းအပါတွေဆက်ပါလာတတ်ပါတယ်။ ဒါတွေကတော့👇👇👇

👉Anterior prolapse (cystocele). – ဆီးအိမ်ကျြခင်း – တင်ပဆုံကြွက်သားတစ်ဝိုက်အားလျော့လာတယ်ဆိုတော့ ဆီးအိမ်နဲ့ မိန်းမကိုယ်ကိုခြားထားတဲ့ ကြွက်သားလေးလည်း အားလျော့သွားပြီး သားအိမ်နဲ့အတူ ဆီးအိမ်ပါလိုက်ကျလာတတ်ပါတယ်။
👉Posterior vaginal prolapse (rectocele).( ဝမ်းအိမ်ကျခြင်း) – ဝမ်းအိမ်နဲ့ မိန်းမကိုယ်ကို ခြားထားတဲ့ ကြွက်သားတွေလည်း အားနည်းသွားတာကြောင့် နောက်ပိုင်း သားအိမ်ကျတာနဲ့အတူ ဝမ်းအိမ်ပါ လိုက်ကျလာတတ်ပါတယ်။

👉ဝမ်းအိမ်ကျတာကြောင့် ဝမ်းသွားရတာမှာ အခက်အခဲရှိသလို ဆီးအိမ်ကျတာကြောင့် ဆီးရင် ဆီးကျန်သလိုခံစားနေရတာ ဆီးသွားရင် မဝတာ နဲ့ ဆီးမထိန်းနိုင်တာ စတဲ့ ပြဿနာတွေ ကြုံတွေရတတ်ပါတယ်။🚫🚺

👉အရမ်းကိုဆိုးတဲ့သားအိမ်ကျတဲ့ပြဿနာတွေမှာဆို သားအိမ်နဲ့အတူ မိန်းမကိုယ်ဘေးအတွင်းသားတွေပါ အပြင်ကိုလိုက်ထွက်လာပြီး အဝတ်တွေနဲ့ပွတ်မိပြီး အနာဖြစ်တာ ပိုးဝင်တာတွေအထိ ဆိုးရွားစွာဆက်ဖြစ်သွားတတ်ပါတယ်။🚺

👉ဒါကတော့ သားအိမ်ကျြခင်းဆိုတဲ့ သက်ကြီးပိုင်း သွေးဆုံးပြီးသား အမျိုးသမီးတွေ ကြောက်ရတဲ့ မီးယပ်ရောဂါ တစ်ခုဆိုပါ။ နောက်ဆက်တွဲ ဆက်ဖြစ်နိုင်တဲ့ ပြဿနာတွေကလည်းများ သားအိမ်ကျတဲ့ပြဿနာကလည်းဖြစ်တဲ့သူမရှားတော့ ကိုယ့်စိတ်ထဲ သားအိမ်များကနေပြီလားလို့ သံသယရှိနေပြီဆိုတာနဲ့ ဆရာဝန်နဲ့ သွားကိုသွားပြဖြစ်ဖို့တော့လိုလိမ့်မယ်နော်။ စောစောပြတော့ စောစောသိ စောစောသားအိမ်ထိန်းတဲ့ ကွင်းထည့်တဲ့ ကုသမှုခံယူလိုက်တော့ နောက်ဆက်တွဲ ဆိုးရွားတာတွေ ဆက်မဖြစ်တော့ဘူးပေါ့ ။🙆‍♀️🚺

👉ကြိုတင်ကာကွယ်ခြင်းက ကုသမူထက်ပိုထိရောက်တာမို့
ခုပြောပြတဲ့အချက်လေးတွေကို မှတ်ထားပေးပါနော်🙆‍♀️
Credit # # #

👉👉လေဖြတ်ရောဂါ👈👈ရာသီအကူး‌ေြပာင်းဆောင်းရာသီမှာအ ြဖစ်များတဲ့ရောဂါပါ*****လေဖြတ်ခြင်းကို ြဖစ်စေနိုင်တဲ့အ‌ေြကာင်းတရားတေကတော့သွ...
26/12/2023

👉👉လေဖြတ်ရောဂါ👈👈

ရာသီအကူး‌ေြပာင်းဆောင်းရာသီမှာအ ြဖစ်များ

တဲ့ရောဂါပါ*****

လေဖြတ်ခြင်းကို ြဖစ်စေနိုင်တဲ့အ‌ေြကာင်း

တရားတေကတော့

သွေးတိုးရောဂါရှိခြင်း
နှလုံးရောဂါရှိခြင်း (နှလုံးသွေးခုန်မမှန်ခြင်း၊ နှလုံးသွေးကြော ကျဉ်ခြင်း)
လည်ပင်းရှိ သွေးကြောမကြီး ထူခြင်း၊ ကျဉ်းခြင်း၊
ဆေးလိပ်သောက်ခြင်း
အဝလွန်ခြင်း
သွေးအတွင် အဆီဓာတ်များခြင်း၊
ဆီးချို၊ သွေးချိုရောဂါရှိခြင်း
အဝလွန်ခြင်း
အရက်အလွန်အကျွံသောက်သုံးခြင်း
ခန္ဓာကိုယ် လှုပ်ရှားမှု နည်းခြင်းနှင့် စိတ်ဖိစီးမှုများခြင်း တို့ ဖြစ်သည်။

အထက်ပါအ‌ေြကာင်းတရားတေထဲက တခုခုပါ

နေရင်တော့ ခုလိုရာသီမှာကျန်းမာရေးကို ဂရုစိုက်

ကျပါရှင်

လက်ချောင်းလေးတွေညောင်းလာရင် ဒီလိုလေးတွေလုပ်ကြည့်နော်🤗 #ကျန်းမာပျော်ရွှင်အသက်ရှင်မြန်မာဆေးမြီးတို
11/12/2023

လက်ချောင်းလေးတွေညောင်းလာရင် ဒီလိုလေးတွေလုပ်ကြည့်နော်🤗

#ကျန်းမာပျော်ရွှင်အသက်ရှင်

မြန်မာဆေးမြီးတို

လေဖြတ်ရောဂါလေဖြတ်ရောဂါသည် အရေးပေါ်အခြေအနေတစ်ခုဖြစ်ပြီး အချိန်မီကုသမှုမရရှိပါက ဦးနှောက်၏လုပ်ဆောင်ချက်များ ဆုံးရှုံးနိုင်ပ...
03/12/2023

လေဖြတ်ရောဂါ

လေဖြတ်ရောဂါသည် အရေးပေါ်အခြေအနေတစ်ခုဖြစ်ပြီး အချိန်မီကုသမှုမရရှိပါက ဦးနှောက်၏လုပ်ဆောင်ချက်များ ဆုံးရှုံးနိုင်ပါသည်။

ဦးနှောက်သည် ၄င်း၏လုပ်ငန်းများဆောင်ရွက်နိုင်ရန် လုံလောက်သော သွေးပမာဏ ပုံမှန်ရရှိရန် လိုအပ်ပါသည်။ လေဖြတ်ရောဂါကြောင့် ဦးနှောက်သို့ သွေးသွားလာမှု ရပ်ဆိုင်းသွားခြင်း ဖြစ်သည်။ ဦးနှောက်၏အစိတ်အပိုင်းများသည် လုံလောက်သော သွေးပမာဏကို မရရှိပါက ၄င်းအစိတ်အပိုင်းမှ ထိန်းချုပ်ထားသော ခန္ဓာကိုယ်၏လုပ်ငန်းများ ရပ်ဆိုင်းသွားသဖြင့် လေဖြတ်ရောဂါလက္ခဏာများကို ဖြစ်ပေါ်စေပါသည်။

Contents
လေဖြတ်ရောဂါ အမျိုးအစားများ
ရောဂါလက္ခဏာများ
ရောဂါဖြစ်စေသောအကြောင်းရင်းများ
ပြုပြင်ပြောင်းလဲ၍ မရနိုင်သော အကြောင်းရင်းများ
ပြုပြင်ပြောင်းလဲ၍ရနိုင်သောအကြောင်းရင်းများ
လေဖြတ်မည့် ရှေ့ပြေးလက္ခဏာများ
နောက်ဆက်တွဲ ဆောင်ရွက်ရန်
ကာကွယ်နိုင်မည့် နည်းလမ်းများ၊
လေဖြတ်ရောဂါ အမျိုးအစားများ
အဓိကအားဖြင့် လေဖြတ်ရောဂါအမျိုးအစား (၂) မျိုးရှိပါသည်။

(၁) ဦးနှောက်အတွင်း သွေးကြောပိတ်၍ လေဖြတ်ခြင်း

ဦးနှောက်အတွင်းရှိ သွေးကြောငယ်များ ကျဉ်း၍ ပိတ်ခြင်း
နှလုံးနှင့် သွေးလွှတ်ကြောများမှ သွေးခဲငယ်များ လာရောက်ပိတ်ဆို့ခြင်း
(၂) ဦးနှောက်အတွင်း သွေးကြောပေါက်၍ လေဖြတ်ခြင်း

ရောဂါလက္ခဏာများ
သွေးသွားလာမှုရပ်ဆိုင်းသွားသည့် ဦးနှောက်၏နေရာပေါ်တွင်မူတည်၍ ရောဂါလက္ခဏာအမျိုးမျိုး ကွဲပြားနိုင်ပါသည်။ ထိုလက္ခဏာများမှာ
မျက်နှာ၊ လက်၊ ခြေတစ်ဖက်ထုံခြင်း၊ လေးလံခြင်း၊ လုံးဝမလှုပ်ရှားနိုင်တော့ခြင်း၊ မသန်စွမ်းဖြစ်ခြင်း
စကားပြောဆိုဆက်ဆံရာတွင် အခက်အခဲရှိခြင်း
အစာ၊ ရေ မျိုရခက်ခဲခြင်း
ဆီးဝမ်း မထိန်းနိုင်ခြင်း ထိတွေ့မှုအာရုံ ပျက်ယွင်းခြင်း အမြင်အာရုံ ချို့ယွင်းခြင်း မှတ်ဉာဏ်ချို့ယွင်းခြင်းနှင့် အာရုံစူးစိုက်နိုင်မှုအားနည်းခြင်း စိတ်မထိန်းချုပ်နိုင်ခြင်း
သတိလစ်မေ့မြောခြင်း၊ တက်ခြင်း
ရောဂါဖြစ်စေသောအကြောင်းရင်းများ
ပြုပြင်ပြောင်းလဲ၍ မရနိုင်သော အကြောင်းရင်းများ
(၁) အသက်ကြီးလာခြင်း
(၂) အမျိုးသားဖြစ်ခြင်း
(၃) မိဘမျိုးရိုးတွင် လေဖြတ်ရောဂါနှင့် နှလုံးရောဂါရှိခြင်း
(၄) ယခင်က လေဖြတ်၊ လေဖြန်း၊ နှလုံးသွေးကြောပိတ်ဖူးခြင်း
ပြုပြင်ပြောင်းလဲ၍ရနိုင်သောအကြောင်းရင်းများ
(၁) သွေးတိုးရောဂါရှိခြင်း
(၂) နှလုံးရောဂါရှိခြင်း (နှလုံးခုန်မမှန်ခြင်း၊ နှလုံးသွေးကြောကျဉ်းခြင်း)
(၃) လည်ပင်းရှိ သွေးလွှတ်ကြောမကြီး ထူခြင်း၊ ကျဉ်းခြင်း
(၄) ဆေးလိပ်သောက်ခြင်း
(၅) သွေးအတွင်း အဆီဓာတ်များခြင်း
(၆) ဆီးချိုသွေးချိုရောဂါရှိခြင်း
(၇) အဝလွန်ခြင်း
(၈) အရက်အလွန်အကျွံသောက်သုံးခြင်း
(၉) ခန္ဓာကိုယ်လှုပ်ရှားမှုနည်းခြင်း
လေဖြတ်မည့် ရှေ့ပြေးလက္ခဏာများ
ဦးနှောက်အတွင်း သွေးသွားလာမှု ခေတ္တရပ်ဆိုင်းသွားသည့်အခါ လေဖြတ်မည့် အရိပ်အယောင်လက္ခဏာများ ပေါ်လာတတ်ပါသည်။ ၎င်းလက္ခဏာများသည် မိနစ်အနည်းငယ်မျှသာ ကြာမြင့်၍ သွေးသွားလာမှု ပုံမှန်ပြန်ဖြစ်ပါက ချက်ချင်းပျောက်ကွယ် သွားလေ့ရှိပါသည်။ ဤသို့ဖြစ်ခြင်းကို လေဖြန်းခြင်း (သို့မဟုတ်) အသေးစား လေဖြတ်ခြင်းဟု ခေါ်လေ့ရှိပါသည်။ ထိုအချိန်အတွင်း စနစ်တကျ ကုသမှုမခံယူပါက လေဖြတ်ခြင်းအဆင့်သို့ ရောက်ရှိနိုင်ပါသည်။ ၎င်းလက္ခဏာများမှာ

မျက်နှာ၊ လက်၊ ခြေတစ်ဖက် ရုတ်တရက် ထုံခြင်း၊ လေးလံခြင်း၊
မျက်နှာရွဲ့ခြင်း
ရုတ်တရက် စကားပြောမရခြင်း၊
ပြောသောစကားကို နားမလည်ခြင်း၊
စကား ဗလုံးဗထွေးဖြစ်ခြင်း
ရုတ်တရက် အမြင်အာရုံဝေဝါးခြင်း၊
နှစ်ထပ်မြင်ခြင်း
ရုတ်တရက် လမ်းမလျှောက်နိုင်တော့ခြင်း၊
ဒယီးဒယိုင်ဖြစ်ခြင်း၊
လက်မမြှောက်နိုင်တော့ခြင်း
ရုတ်တရက် မူးဝေခြင်း
ရုတ်တရက် ပြင်းထန်စွာ ခေါင်းကိုက်ခြင်း
လေဖြတ်သည်ဟု ထင်ပါက

(၁) မျက်နှာ (သို့) ပါးစပ် ရွဲ့နေခြင်းရှိ၊မရှိ မျက်နှာကို ကြည့်ပါ
(၂) လက်နှစ်ဘက်စလုံး ကိုယ်တိုင်မြှောက်နိုင်ခြင်းရှိ၊ မရှိ လက်မြှောက်ခိုင်းကြည့်ပါ
(၃) စကားပြောခိုင်းကြည့်ပါ။ စကားဗလုံးဗထွေးပြောနေခြင်းရှိ၊ မရှိ (သို့) သင်ပြောသောစကားကို နားမလည်ဖြစ်နေခြင်းရှိ၊ မရှိ ကြည့်ပါ။
အထက်ပါရှေ့ပြေးလက္ခဏာများထဲမှ တစ်ခုခုကိုတွေ့သည်နှင့် အလျင်အမြန်ဆေးကုသမှုခံယူရန် အနီးဆုံးဆေးရုံသို့ သွားရပါမည်။ အထက်ပါ ရှေ့ပြေးလက္ခဏာများ မိနစ်အနည်းငယ်အတွင်း ပျောက်သွားသည့်တိုင် ဆေးရုံသို့ သွားသင့်ပါသည်။ နောက်ထပ်ဖြစ်လာမည့် အမှန်တကယ် လေဖြတ်ခြင်းကို ကာကွယ်နိုင်မည့် နောက်ဆုံးအခွင့်အရေးဖြစ်ပါသည်။

နောက်ဆက်တွဲ ဆောင်ရွက်ရန်
လေဖြတ်ရာမှပြန်လည်ကောင်းမွန်လာကြသူများအတွက် စနစ်တကျ ရေရှည်စောင့်ရှောက်မှုပေးရန် လိုအပ်သည်။ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ထိခိုက်မှုကို စိတ်ရှည်စွာပြုစုရန် လိုအပ်သည်။

နာလန်ထမှုမြန်ရန် ကျွမ်းကျင်သောဆေးပညာရှင်များ၏ အကူအညီရယူ၍ လူနာကိုယ်တိုင်နှင့် မိသားစုမှ စိတ်ရှည်စွာ ဝိုင်းဝန်းတာဝန်ယူ ဆောင်ရွက်ကြရမည်။

ရောဂါကြောင့် သန်စွမ်းမှု ပုံမှန်မရှိတော့သည့် ကြွက်သားများအတွက် လေ့ကျင့်ခန်းများ ပြုလုပ်ပေးရမည်။

ကာကွယ်နိုင်မည့် နည်းလမ်းများ၊
သွေးပေါင်ချိန် ပုံမှန်ရှိရန် ထိန်းပါ။
သွေးချို၊ ဆီးချိုကို စနစ်တကျ ကုသပါ။
သွေးတွင်းအဆီဓါတ် မတက်အောင် ထိန်းပါ။
ဆေးလိပ်ဖြတ်ပါ။
အရက်အလွန်အကျွံသောက်ခြင်းမှ ရှောင်ကြဉ်ပါ။
အချို၊ အငန်၊ အဆီလွန်ကဲသော အစားအစာများကို ရှောင်ကြဉ်ပါ။
အမျှင်ဓါတ်များသော ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများကို နေ့စဉ်စားသုံးပါ။
ကိုယ်လက်လေ့ကျင့်ခန်းကို တစ်ပါတ် (၅) ကြိမ်၊ တစ်ရက် နာရီဝက်ခန့်ပြုလုပ်ပါ။
ကိုယ်အလေးချိန်ကို ပုံမှန်ထိန်းပါ။ စိတ်ဖိစီးမှုကို ဖြေဖျောက်ပါ။
လေမဖြတ်မီ ရှေ့ပြေးလက္ခဏာများတွေ့ရှိပါက ဆောလျင်စွာ ကုသမှုခံယူပါ။
လေဖြတ်ရောဂါလက္ခဏာများပေါ်လာချိန်မှ အချိန် (၄) နာရီခွဲအတွင်း ကျွမ်းကျင်သူတို့၏ ထိရောက်သော စမ်းသပ်ကုသပေးမှုရရှိရန် လိုအပ်ပါသည်။ စောစောကုလျှင် ပို၍အကျိုးရှိပါသည်။ လေဖြတ်ရောဂါကို စောစီးစွာသိ၍ အချိန်မီထိရောက်စွာ ကုသနိုင်လျှင် အသက်ကယ်နိုင်ပါသည်။
Crd

Address

Sagaing

Telephone

+959763405384

Website

Alerts

Be the first to know and let us send you an email when ဂျပန် မြန်မာ အကြောပြင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share