30/05/2026
ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့တွင် လစ်လပ်လျက်ရှိသော အောက်ဖော်ပြပါရာထူးနေရာများအတွက် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ရုံးအမှတ် (၁၇)၊ နေပြည်တော်နှင့်ပြည်ထောင်စုရာထူးဝန်အဖွဲ့ (ရန်ကုန်ရုံးခွဲ)၊ အမှတ်(၆၅)၊ အဝေရာလမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်(သို့မဟုတ်) တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ရုံးများ၌ လျှောက်လွှာဝယ်ယူ၍ ၂၉-၆-၂၀၂၆ ရက်နေ့နောက်ဆုံးထားပြီး ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ရုံးအမှတ်(၁၇)၊ နေပြည်တော်သို့ လူကိုယ်တိုင်(သို့မဟုတ်) စာတိုက်မှတစ်ဆင့် ပေးပို့လျှောက်ထားနိုင်ပါကြောင်းအသိပေးအပ်ပါသည်။