ဇာနည်ဆေး

ဇာနည်ဆေး ကျန်းမာရေးအတွက် ဆေးဝါးအရေးပါသလို အသုံးအဆောင်များကလည်း ကျန်းမာရေးနဲ့ ညီညွတ်ဖို့လိုပါတယ်။

Our Story

ဇာနည်ဆေးဝါးလုပ်ငန်းထုတ်လုပ်ရာ တည်နေရာမှာ တာရိုးကြီးလမ်း၊ နန်းတော်ရာရပ် ၊ စစ်ကိုင်းမြို့ ဖြစ်ပါသည်။ဆေးဝါးလုပ်ငန်းပိုင်ရှင်မှာ ဒေါ်သွဲ့သွဲ့စစ်ဖြစ်ပြီး ကြီးကြပ်သူမှာ ဦးမြင့်မျိုးဆန်း ဖြစ်ပါသည်။

မူလလုပ်ငန်းပိုင်ရှင်မှာ ဦးခင်မောင်ကြည်၊ ဒေါ်သွဲ့သွဲ့စစ် ဖြစ်ပြီး နှစ်ဦးလုံး ရန်ကုန်မြို့တွင် ဖွင့်လှစ်သည့် ဆေးပညာသင်တန်းများကို အကြိမ်ကြိမ်တက်ခဲ့ပါသည်။သင်တန်းဆရာများမှာ ဗုဒ္ဓနည်းကျ သြဠာ

ရိက သုခုမ ဆေးပညာကျမ်းကိုပြုစုခဲ့သော ဆရာကြီးဦးအောင်ဒင်(ကွယ်လွန်) နှင့် ဆရာကြီးဦးရန်အောင် (ပညာရေး ကောလိပ်) တို့ဖြစ်ပါသည်။ ဆရာကြီးဦးရန်အောင်မှာ ရန်ကုန်မြို့တွင် ကျော်ကြားသည့် မြန်မာသမားတော်ကြီး ဖြစ်ပါသည်။
ဦးခင်မောင်ကြည်နှင့် ဒေါ်သွဲ့သွဲ့စစ်တို့တွင် အနောက်တိုင်းဆေးဖြင့် လည်းကောင်း မြန်မာဆေး အမျိုးမျိုးတို့နှင့်လည်းကောင်း ကုသ၍မပျောက်ကင်းခဲ့သည့် ရောဂါအသီးသီး ခံစားနေကြရပါသည်။ ဆရာဦးရန်အောင်က ဗုဒ္ဓနည်းကျ သြဠာရိက သုခုမဆေးပညာဖြင့် ကုသပေးခဲ့ရာ နှစ်ဦးလုံး ရှင်းရှင်းလင်းလင်း ရောဂါမှ ပျောက်ကင်းသောအကျိုးကို ခံစားခဲ့ရပါသည်။အဆိုပါဆေးပညာကို သြ ⁄သု ဆေးပညာဟု အတိုခြုံး ခေါ်ဝေါ်လူသိများခဲ့ပါသည်။ ထို့ကြောင့် ဇနီးမောင်နှံနှစ်ဦးလုံး ဦးရန်အောင်ပို့ချသော ဆေးပညာသင်တန်းများကို တက်ရောက်ခဲ့ခြင်း ဖြစ်ပါသည်။

ထိုစဉ်က ဦးခင်မောင်ကြည်သည် ရန်ကုန်ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်၌လည်းကောင်း၊ ဒေါ်သွဲ့သွဲ့စစ်သည် ရန်ကုန်လုပ်သားများကောလိပ်၌လည်းကောင်း ဆရာ၊ဆရာမများအဖြစ် အသီးသီးတာဝန်ထမ်းဆောင် နေကြပါ သည်။
ထို့နောက် ၁၉၇၇ ခုနှစ်တွင် မကွေးကောလိပ်(ယခု မကွေးတက္ကသိုလ်) သို့ ပြောင်းရွှေ့ခဲ့ရပါသည်။မကွေး မြို့သို့ ရောက်သောအခါ ရောဂါမပျောက်ကင်းဘဲခံစားနေရသည့် ဝေဒနာရှင်များကို မကြည့်ရက်သဖြင့် တတ်သည့်ပညာမနေသာသဘောဖြင့် ကူညီရင်း ကူညီရင်း ဆေးခန်းအသွင်ဖြစ်လာပါတော့သည်။
ထို့ပြင် ရန်ကုန်မြို့မှ ဆရာကြီးဦးရန်အောင်၊ ဆရာကြီးဦးခင်မောင်လေး၊ ဆရာကြီးဦးစိန်ဖေ (သြ ⁄သုဆေးဆရာများ) ကို ပင့်ဖိတ်ပြီး မကွေးမြို့တွင် သင်တန်းများပြုလုပ်ပေးခဲ့ပါသည်။ မိမိကိုယ်ကို ကျန်းမာအောင် အစာအဟာရဖြင့် စောင့်ရှောက်ရာတွင် အထူးအသုံးဝင်သည့်ပညာရပ်တစ်ခု ဖြစ်သဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။အစိုးရ ဝန်ထမ်းများဖြစ်သဖြင့် အချိန်ပြည့် ဆေးခန်းမဖွင့်နိုင်သောကြောင့် ကျယ်ကျယ်ပြန့်ပြန့်ကူညီနိုင်စေရန် ဆေးများ ကို ပလတ်စတစ်အိတ်၊ စက္ကူတို့ဖြင့်ထုပ်ကာ ဇာနည်ဟူသောအမည်ဖြင့် ရောင်းချခဲ့ပါသည်။နောက်ပိုင်းတွင် plastic ပုလင်းများဖြင့် ပြောင်းလဲ ထုတ်လုပ်ခဲ့ပါသည်။

ယခုအခါ ဆေးထုတ်လုပ်ရောင်းချရုံမျှမက သဘာဝအတိုင်းနေထိုင်ခြင်းဖြင့်ကျန်းမာလှပ လူမှုဘဝ ရရှိနိုင်ရေးအတွက် အကြံဉာဏ်များလည်း ရယူနိုင်ပါသည်။

Address

အမှတ် ၁၆၃ ၊ တာရိုးကြီးလမ်း၊နန်းတော်ရာရပ်၊ စစ်ကိုင်း။
Sagaing
87

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00
Sunday 08:00 - 18:00

Telephone

+957221613

Website

Alerts

Be the first to know and let us send you an email when ဇာနည်ဆေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ဇာနည်ဆေး:

Share