Aye Nyein San Medical Instrument Store

Aye Nyein San Medical Instrument Store Pharmacy Medical Instrument များကိုလက်လီလက်ကားရောင်းချပေးပါသည်။

ကဲ ချစ်ဆုံးတို့ရေChinaလား၊BPIလားNSလား၊DSလား ကြိုက်တာရွေးလိုက်တော့ကွယ်☺️
21/06/2025

ကဲ ချစ်ဆုံးတို့ရေ
Chinaလား၊BPIလား
NSလား၊DSလား ကြိုက်တာရွေးလိုက်တော့ကွယ်☺️

ဒီနေ့ sould out သောပစ္စည်းများပါရှင့်🥰ဝယ်ယူအားပေးကြသူတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်😘😘စီးပွါးဥစ္စာများလည်းဒီရေအလား...
28/04/2023

ဒီနေ့ sould out သောပစ္စည်းများပါရှင့်🥰
ဝယ်ယူအားပေးကြသူတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်😘😘
စီးပွါးဥစ္စာများလည်းဒီရေအလားတိုးတက်ကြပါစေရှင့်☺️☺️
Postမှာမရှိတဲ့တခြားပစ္စည်း/instrument များအလိုရှိရင်လည်းမှာယူနိုင်ပါတယ်နော်
ပစ္စည်းမှန်အရည်အသွေးအာမခံပါရှင့်🥰

သင်္ကြန်မတိုင်ခင်orderအမှာလေး သင်္ကြန်ပြီးမှ ပစ္စည်းရောက်လို့တင်လိုက်ပါပြီရှင်😘အားပေးကြသူတိုင်းကိုကျေးဇူးအများကြီးတင်ပါတ...
24/04/2023

သင်္ကြန်မတိုင်ခင်orderအမှာလေး သင်္ကြန်ပြီးမှ ပစ္စည်းရောက်လို့တင်လိုက်ပါပြီရှင်😘
အားပေးကြသူတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင့်☺️
Uright test strips လေးတွေဆိုပုံမရိုက်လိုက်ရပဲ Sould out☺️
ပုံထဲမှာမပါပေမယ့်လိုချင်တဲ့/လိုအပ်တဲ့item‌ကိုစုံစမ်းမှာယူနိုင်ပါတယ်ရှင့်😘

နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းအပေါင်းနှင့် ပြည့်စုံနိုင်ကြပါစေရှင်
17/04/2023

နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းအပေါင်းနှင့် ပြည့်စုံနိုင်ကြပါစေရှင်

U right စက်အတွက် strips လေးတွေ fresh dateနဲ့ထပ်ရောက်ပါပြီရှင့် U right စက်လည်းရှိပါတယ်ရှင်တခြားရနိုင်မယ့် itemလေးတွေလည်း...
16/02/2023

U right စက်အတွက် strips လေးတွေ fresh dateနဲ့ထပ်ရောက်ပါပြီရှင့်
U right စက်လည်းရှိပါတယ်ရှင်
တခြားရနိုင်မယ့် itemလေးတွေလည်းတင်ထားပါတယ်
ပုံထဲမှာမပါတဲ့ တချို့itemလေးတွေလိုခဲ့ရင်လည်းမေးပါနော်
ကျေးဇူးပါရှင့်☺️☺️😘

နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေရှင့် 🎆🎆🎆🎉🎉🎉
01/01/2023

နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေရှင့် 🎆🎆🎆🎉🎉🎉

Aye Nyein San မှာ ရနိုင်တဲ့ Itemလေးတွေပါရှင်🤗ဒီpostမှာမပါတဲ့ တခြားinstrumentတွေ မှာယူချင်တယ်ဆိုရင်လည်းမေးမြန်းနိုင်ပါတယ်...
14/12/2022

Aye Nyein San မှာ ရနိုင်တဲ့ Itemလေးတွေပါရှင်🤗
ဒီpostမှာမပါတဲ့ တခြားinstrumentတွေ မှာယူချင်တယ်ဆိုရင်လည်းမေးမြန်းနိုင်ပါတယ်နော်🤗
အားပေးကြတဲ့တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့်😘
ဖုန်း 09977279684ကို ဆက်သွယ်လိုက်ပါနော်☺️☺️☺️

Aye Nyein San Medical Instrument Store မှာရနိုင်သော ပစ္စည်းလေးတွေပါရှင့်လိုအပ်ရင် ဝယ်ယူနိုင်ပါပြီရှင့်09977279684ကို ဆက်...
05/11/2022

Aye Nyein San Medical Instrument Store မှာရနိုင်သော ပစ္စည်းလေးတွေပါရှင့်
လိုအပ်ရင် ဝယ်ယူနိုင်ပါပြီရှင့်
09977279684ကို ဆက်သွယ်လိုက်ပါနော်
ဝယ်ယူအားပေးကြသူ တယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးပါရှင့်🥰🥰🥰

သီတင်းကျွတ်မှာကျန်းမာရေးအတွက် ဂါရဝလက်ဆောင်အဖြစ်လူကြီးမိဘများကို ကန်တော့ဖို့ပဲဖြစ်ဖြစ် ကိုယ်တိုင်အိမ်မှာဆောင်ထားချင်ရင်ပဲ...
07/10/2022

သီတင်းကျွတ်မှာ
ကျန်းမာရေးအတွက် ဂါရဝလက်ဆောင်အဖြစ်
လူကြီးမိဘများကို ကန်တော့ဖို့ပဲဖြစ်ဖြစ်
ကိုယ်တိုင်အိမ်မှာဆောင်ထားချင်ရင်ပဲဖြစ်ဖြစ်
U right ဆီးချိုသွေးချို စစ်စက်လေးရှိပါတယ်ရှင့်
စက်နဲ့အတူ strip ပြား 25ချောင်းပါပါမယ်ရှင့်
ကျန်တဲ့battery သွေးဖောက်တဲ့အပ် အစုံပါပါမယ်ရှင့်
လိုအပ်ရင် အားပေးနိုင်ပါပြီရှင့်☺️☺️☺️
ဖုန်း 09977279684ကိုဆက်သွယ်လိုက်ပါနော်
အားပေးကြတဲ့ တယောက်ချင်းစီကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင် 😍😘😘😘

Balloon လေးချည်းပဲ သပ်သပ်ဝယ်လို့ရလားမေးနေကြတဲ့ ကာကာတို့အတွက် မှာထားပေးပါတယ်ရှင့်အမျိုးအစားကောင်းတဲ့အထဲကပဲမှာပေးထားတယ်နော...
26/09/2022

Balloon လေးချည်းပဲ သပ်သပ်ဝယ်လို့ရလားမေးနေကြတဲ့ ကာကာတို့အတွက် မှာထားပေးပါတယ်ရှင့်
အမျိုးအစားကောင်းတဲ့အထဲကပဲမှာပေးထားတယ်နော်
လိုအပ်ရင် ဝယ်ယူအားပေးနိုင်ပါပြီရှင့်
09977279684ကိုဆက်လိုက်ပါနော်🥰🥰🥰🥰🥰

🧑‍🍼🧑‍🍼🧑‍🍼
19/09/2022

🧑‍🍼🧑‍🍼🧑‍🍼

💚 နို့ထွက်နည်း လို့ ..နို့ထွက်များအောင် ဘာလုပ်ရလဲ?..လို့ မေးထားတဲ့ မေမေ တို့ ..ပြည့်ပြည့်စုံစုံ သိစေချင်လို့...😊🥰

မိခင်နို့ထွက်များစေရန်....
💚💚💚💚💚💚💚💚💚💚💚💚

ကိုယ့်ရင်သွေးလေးကို အကောင်းဆုံးကျန်းမာ သန်စွမ်းမှု တွေ ပေးနိုင်ဖို့ မိခင်နို့ချို တိုက်ကျွေးမယ်လို့ အားခဲထားတဲ့ မေမေတွေအတွက် နို့ထွက်နည်းတယ်.. ဆိုတာ က တကယ့်ကို.. အားမလိုအားမရ နဲ့ သောက များစေတဲ့ အခြေအနေတစ်ခုပါဘဲ...

မိခင် တစ်ဦးနဲ့ တစ်ဦး မတူသလို ကလေးတစ်ယောက်နဲ့တစ်ယောက်လဲမတူတာမို့ မိခင်က သူများနဲ့ယှဉ်ပြီး နို့ထွက်နည်း နေတယ်လို့ ကိုယ့်ကိုယ်ကို ထင်နေပေမယ့်လည်း ကိုယ့် ကလေး အတွက် လုံလောက်နေတဲ့ အနေအထားမျိုးလဲ ဖြစ်တတ်ပါတယ်။

ဒါကြောင့် ကိုယ့်ရဲ့ မိခင်နို့ဟာ ကိုယ့်ကလေးအတွက် လုံလောက်မှု ရှိ/ မရှိ ဆိုတာကို သတိထားစောင့်ကြည့်လို့ရတဲ့ အချက်တွေကို ရေးပေးလိုက်ပါတယ်...

💚 အခုအောက်မှာ ဆက်ပြောမယ့် အချက်အလက်တွေနဲ့ ပြည့်စုံနေတယ်ဆိုရင်တော့ ကိုယ့်ကလေး အတွက် ကိုယ့်ရဲ့ နို့ က လုံလောက်နေပါတယ်..
အဲ့ဒီအချက်တွေကတော့....

🧸ကလေးမိခင်နို့ကောင်းကောင်းစုပ်ခြင်း... ကလေးက မိခင်ရဲ့ နို့ကိုငုံပြီးတာနဲ့ အကြိမ်အနည်းငယ် အမြန်စုပ်ပြီး နဲနဲပိုကြာတဲ့ စုပ်ယူခြင်းမျိုးကိုပြောင်းသွားတတ်ပါတယ်၊ ပြီးတော့ ပုံမှန်ဆက်စုပ်ပြီး နို့ကိုမျိုချသံလေးတွေကြားရတတ်ပါတယ်။ ကလေးရဲ့ ပါးလေးတွေက နို့တွေနဲ့ပြည့်နေတဲ့အတွက်ဖေါင်းနေတတ်ပါတယ်။

🧸 နို့စို့နေစဉ်နဲ့ နို့စို့ပြီးသွားရင် ကလေးက ကျေနပ်နေလေ့ရှိပါတယ်။ နို့စို့ပြီး ၁နာရီ မှ ၃ နာရီလောက် ကလေး က သက်တောင့်သက်သာ ဖြစ်နေသင့်ပါတယ်။👉 နို့စို့ပြီးခါစ နဲနဲမအီမသာ ဖြစ်တာမျိုးက လေထုပ်ဖို့ လိုအပ်လို့ပါ။

🧸 ကလေးက ပုံမှန် ကိုယ်အလေးချိန်တက်ခြင်း.. ကလေးက ပုံမှန် ကိုယ်အလေးချိန်တက်နေရင် မိခင်နို့ထွက် မနည်းလို့ပါ ( နိုွဗူးမကူရင်ပေါ့လေ.. နို့ဗူးကူခြင်းအကြောင်းဆက်ရေးတဲ့ ထဲမှာ ပါလာပါလိမ့်မယ်။ မွေးပြီးခါစ ရက်ပိုင်းမှာ မွေးတုန်းက ကိုယ်အလေးချိန်ထက် နဲနဲကျသွားတတ်တာသဘာဝပါဘဲ..၁၀ ရာခိုင်နှုန်းအောက်ဘဲ ကျပါတယ်) ။ တစ်ပတ်- နှစ်ပတ်အတွင်းမှာ အဲ့ဒီကိုယ်အလေးချိန်ကို ပြန်ရောက်လာပါလိမ့်မယ်။ ကလေးရဲ့ဆေးမှတ်တမ်းထဲမှာ ကိုယ်အလေးချိန် ဇယား ပါရင် အဲ့ဒါကို အသုံးပြုပါ။

🧸 နို့လုံလုံလောက်လောက်ရတဲ့ ကလေးလေးတွေဟာ မွေးပြီး ၅ ရက်သားလောက်က စ ပြီး ရှူရှူး ( ဆီးသွား) တစ်နေ့ကို အနည်းဆုံး ၆ ခါ ပေါက်ပါတယ်။

🧸ကလေးရဲ့ ဆီးရောင်ဟာ အဝါရေင် ဖျော့ဖျော့ သို့မဟုတ် အရောင်မရှိသလောက်နီးနီး ဟာ ပုံမှန်ပါဘဲ ( အရောင် ရင့်နေတာဟာ နို့စို့ နည်းနေတာ ကိုပြပါတယ်)

🧸 မွေးပြီး ၆ ပတ်လောက်အတွင်းမှာ တစ်နေ့ကို ဝမ်း ၄ ခါလောက်သွားလေ့ရှိပါတယ်.. တဖြည်းဖြည်းနဲ့ အကြိမ်အရေအတွက်နည်းသွားပါတယ်။

🧸 တစ်နေ့ကို ၈ခါ- မှ -၁၂ ခါ နို့တိုက်သင့်တယ်ဆိုပေမယ့် ကလေး ဆာတယ်ထင်ရင် ဒီထက်မက အချိန်ခပ်စိတ်စိတ် တိုက်ရပါတယ်။

🧸 မိခင်ရဲ့ နို့ဟာ ကလေးနို့စို့ပြီးရင်ပျော့ကျသွားပါမယ်။

💚 ကလေးအတွက် ကိုယ့်ရဲ့ မိခင်နို့ဟာ မလုံလောက်ဘူးဆိုတဲ့ လက္ခဏာတွေတွေ့ရပြီဆိုရင်တော့ .. ဘာကြောင်း မိခင်နို့ထွက်နည်းသလဲ..? 🤔🤔 ဆိုတဲ့ အကြောင်းရင်းခံတွေကိုရှာပြီး ပြင်ဆင်လို့ရတာတွေကို ပြင်ဆင်ရပါမယ်။

မိခင်နို့ အထွက်နည်းရခြင်းအကြောင်းတွေကတော့..
💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚

( 👉 မိခင်တစ်ဦးမှာ အကြောင်းရင်း တစ်မျိုး ထက်ပိုပြီး ရှိနေတတ်ပါတယ်။)

🧸 မွေးပြီးပြီးချင်းမိခင်နဲ့ကလေး အရည်ပြားချင်းထိစပ်ထွေးပွေ့မှု ( skin-to-skin contact) ကိုမပြုလုပ်ခဲ့ခြင်း။ အဲံဒီလိုလုပ်ခြင်းဟာ မိခင်ကိုယ်တွင်းမှာ နို့ထုတ်လုပ်တဲ့ ဟိုမုန်းကို ထွက်စေပါတယ်။

🧸 မွေးပြီးတစ်နာရီအတွင်း မိခင်နို့ချိုတိုက်ကျွေးမှုကို.. စ တင်ခြင်းမပြုခဲ့ခြင်း

🧸 မိခင်နို့ချိုတိုက်ကျွေးခြင်းနည်းလမ်းမမှန်ကန်ခြင်း နှင့် နောက်ဆက်တွဲ ဖြစ်တတ်သော ပြဿနာများဖြစ်ခြင်း။

🧸 နို့တိုက်ကျွေးမှု အကြိမ်အရေအတွက် သို့မဟုတ် ကလေး က မိခင်နို့ကို စုပ်သော အကြိမ်အရေအတွက်နည်းခြင်း။ သို့မဟုတ် နို့ညှစ်ထုတ်/ breast pump နဲ့ ညှစ်ထူတ်တဲ့ အကြိမ်အရေအတွက်နည်းနေခြင်း။

👉( 🚩မိခင်နို့ထွက်တဲ့ သဘောတရားက နားလည်လွယ်အောင် ပြောရရင် များများ သုံးလို့ ကုန်သွားရင် များများ ပြန်ထွက်ပါတယ်။ ဒါကြောင့် ကလေးစို့လို့ ပြီးသွားရင် ရင်သားထဲမှာ နို့တွေချန်မထားဘဲ ညှစ်ထုတ်လိုက်သင့်ပါတယ်။
ရင်သားထဲမှာ နို့တွေကုန်သွားရင်.. ကိုယ်ခန္ဓာကနေ နို့ ထပ်ပြီး ထုတ်လုပ်ဖို့ လိုအပ်တယ်ဆိုတဲ့ တုန့်ပြန်မှုကို ရ ရှိပြီး နို့ ထုတ်လုပ်တဲ့ ဟိုမုန်းကို ပို ထွက်စေပါတယ်။ ဒါကြောင့်နို့ကို ပိုထွက်စေပါတယ်။
ရင်သားထဲမှာ နို့တွေကျန်နေရင် ကိုယ်ခန္ဓာက နို့တွေပိုနေတယ်..ဆိုတဲ့ တုန့်ပြန်မှုကိုပေးတဲ့အတွက် နောက်ထပ် နို့ထုတ်လုပ်မှုကို နည်းသွားစေပါတယ်)။

🧸 ကလေးက အအိပ်ကြီးခြင်း... ကလေးအများစုကတော့ ဗိုက်ဆာလာရင် အိပ်ပျော်နေရာက နိုးလာကြပါတယ်။ ဒါပေမယ့် တချို့ကလေးလေးတွေကတော့ အအိပ်ကြီး တဲ့ အတွက် ၄ နာရီခြား တစ်ခါလောက် နှိုးပြီး နို့တိုက်သင့်ပါတယါ။ နို့စို့ရင်း ( နို့ကောင်းကောင်း မစို့ရသေးခင်) အိပ်ပျော်သွားရင်လည်း ငြင်ငြင်သာသာ နှိုးပေးပါ။

🧸 ကလေးလျှာ သို့မဟုတ် ပါးစပ် သို့မဟုတ် ကလေးရဲ့ စုပ်ယူတဲ့ လုပ်ငန်းကို လုပ်နိုင်တဲ့ ကြွက်သားတွေမှာ အခက်အခဲရှိနေလို့ .. ( ဒါမျိုးကို သံသယရှိရင်တော့ ကလေးအထူးကုဆရာဝန်နဲ့ပြသစစ်ဆေးသင့်ပါတယ်)။

🧸 နို့မှုန့် / နို့ဗူးကူရင်လည်း..နို့ထွက်နည်းသွားပါတယ်။

အကြောင်းနှစ်ခုကြောင့်ပါ။ တစ်ခုက ကလေးက နို့ ဗူးစို့ထားတာကြောင့် ဗိုက်သိပ်မဆာပါဘူး.. မဆာတော့မိခင်နို့ကို အားရပါးရ မစုပ်ပါဘူး။ အဲ့လို မစုပ်တော့ ဟိုမုန်း အထွက်နည်းပါတယ်။ ဒါကြောင့် နို့ထွက်နည်းပါတယ်။ နောက် အကြောင်း တစ်ခုကတော့ နို့ဗူးက ကလေးအတွက် စို့ရတာ အားသိပ်မစိုက်ရဘဲ အလွယ်တကူ သူ့ပါးစပ်ထဲ နို့တွေကိုရောက်စေပါတယ်။ မိခင်နို့ကို စုပ်ရတဲ့အခါ မှာ ပိုပြီးအားစိုက်ထုတ်ရတာကြောင့်ကလေးက မိခင်နို့ကို သိပ်မစို့ချင်တော့တာမျိုး ဖြစ်တတ်ပါတယ်။

🧸 Ni**le shields သုံးခြင်းကလည်း မိခင်နို့ အထွက်နည်းခြင်းကိုဖြစ်စေနိုင်ပါတယ်။
ဖြစ်စေတဲ့အကြောင်းရင်း က .. ni**le shields မှာ အများအားဖြင့် အပေါက် ၄ ပေါက်ပါလေ့ရှိပါတယ်.. မိခင်ရဲ့ နို့သီးခေါင်းမှာ က နို့ထွက်စေတဲ့ အပေါက် ၄ ပေါက်ကနေ ၁၈ ပေါက်အထိ ရှိနိုင်ပါတယ်။ ဒါကြောင့် ၄ ပေါက်ထက်ပိုပါတဲ့မိခင်တွေမှာ ni**le shield သုံးခြင်း အားဖြင့်ကျန်တဲ့ နို့ထွက်တဲ့ အပေါက်ကနို့တွေက လျောလျောလျူလျူ မထွက်နိုင်တာကြောင့် အပေါ်မှာပြောပြထားတဲ့ တုံ့ပြန်မှုမျိုး ကိုယ်ခန္ဓာမှာဖြစ်ပေါ်စေပြီး နို့ထွက်နည်းစေပါတယ်။ ဒါကြောင့် မသုံးမဖြစ် သုံးဖို့လိုအပ်ရင်လည်း အပတ်အနည်းငယ်လောက်သာသုံးပြီး မိခင်နို့သီးခေါင်းကို စုပ်ယူတဲ့ အကျင့်ကို ပြန်ကျင့်ပေးသင့်ပါတယ်။

🧸 မိခင်မှာရောဂါ အရင်းခံ တစ်ခုခုရှိခြင်း ဥပမာ.. ဟိုမုန်းအထုတ်နည်းတဲ့ လည်ပင်းသိုင်းရိုက်ဂလင်းရောဂါ၊ ဆီးချိုထိန်းချုပ်မှုမကောင်းခြင်း၊ သွေးအားနည်းခြင်း၊ ဟိုမုန်းရောဂါများ- PCOS

🧸 လမစေ့မီ ကလေးမွေးဖွားခြင်း . လမပြည့်တဲ့ ကလေးလေးတွေကစုပ်အားသိပ်မကောင်းတဲ့အတွက် နို့ထွက်နည်းစေနိုင်ပါတယ်.. Pumping/ နို့ညှစ်ထုတ်ခြင်း ကို ကလေးနို့စို့ပြီးတိုင်း လုပ်ပေးသင့်ပါတယ်။ နို့ နှစ်ဖက်လုံးကနေ တပြိုင်နက်တည်း လုပ်ရပါမယ်။

🧸 ကိုယ်ဝန်ဆောင် သွေးတိုးရောဂါ၊ ခွဲစိတ်မွေးဖွားထားခြင်းကြောင့် လှုပ်ရှားမှုနည်းပြီးအိပ်ယာထဲ လဲလျောင်းနေမှုများရင်လည်း နို့ ထွက်ဖို့ နှေးကွေးတတ်ပါတယ်။

🧸 မိခင်မီးဖွားပြီး သွေးသွန်ခြင်း၊ အချင်းကပ်ခြင်း၊ပိုးဝင်ပြီး နေမကောင်း ဖြစ်ခြင်းတို့ကလည်း နို့ထွက်တာကို ထိခိုက်နိုင်ပါတယ်။

🧸 စိတ်ဖိစီးမှုများခြင်းကလည်း နို့ထုတ်လုပ်မှုကိုနည်းစေပါတယ်။

🧸 မိခင်သောက်သုံးသော ဆေးဝါးများကြောင့်လည်း နို့ထွက်နည်းစေနိုင်ပါတယ် ..ဥပမာ.. အအေးမိ တုပ်ကွေး မှာသောက်တဲ့ ဆေးတွေက အစ မိခင်နို့ထုတ်လုပ်ခြင်းကိုထိခိုက်စေနိုင်ပါတယ်။

🧸 အီစထရိုဂျင် ဟိုမုန်းပါတဲ့ သန္ဓေတားဆေး က နို့ထွက်တာကို နည်းစေပါတယ်။ ပရိုဂျက်စတင် တစ်မျိုးထဲပါတဲ့ သန္ဓေတားဆေးကို နို့တိုက်မိခင်တွေ သုံးလို့ရပါတယ်။

🧸 ရင်သားမှာခွဲစိတ်မှုရှိထားခဲ့ဖူးရင်လည်း မိခင်နို့ ထုတ်လုပ်မှုကို ထိခိုက်နိုင်ပါတယ်။

🧸 အဝ လွန်တဲ့ မိခင်တွေမှာ Prolactin ဆိုတဲ့ နို့ထွက်စေတဲ့ ဟိုမုန်း နည်းနေနိုင်တာကြောင့် နို့ထုတ်လုပ်မှုကို ထိခိုက်တတ်ပါတယ်။

🧸 မွေးရာပါ ရင်သား ပုံမှန်ဖွံ့ဖြိုးမှုမရှိခြင်း ( ရင်သား သေးငယ်တာနဲ့ မဆိုင်ပါဘူး..)

🧸 အလုပ်သွားရတဲ့ မိခင်တွေမှာ နို့ကိုညှစ်ထုတ်ပြီး တိုက်ခြင်းဘဲ လုပ်ပြီး ကလေးက မိခင်နို့သီးခေါင်းကို စုပ်ခြင်းမျိုး လုံးဝ မလုပ်ရင်လည်း .. ကလေးစုပ်ယူမှုကြောင့် ထွက်စေတဲ့ မိခင်နို့ထုတ်လုပ်စေတဲ့ ဟိုမုန်း မထုတ်တာကြောင့် နို့ထွက် နည်းသွားစေပါတယ်။

အခု ဆက်ပြောမှာကတော့ မေမေတို့ ခဏခဏ မေးနေကြတဲ့ နို့ထွက်များအောင် ဘာလုပ်ရမလဲ..?🤔🤔
💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚

အပေါ်မှာပြောထားတဲ့ မိခင်နို့ထွက်နည်းစေတဲ့ အကြောင်းရင်းတွေကို ဖတ်ကြည့်လိုက်ရင်ကို... ဆောင်ရန်.. ရှောင်ရန်.. ပြင်ဆင်ရန် အချက်အလက် တော်တော်များများကို .. သိပြီးသွားပါပြီ...

🧸 ကျန်းမာတဲ့အစားအစာတွေ ကို ကိုယ်စားတဲ့ အစာတိုင်းမှာ စားပါ။ ( ပြောချင်တာက မနက်စာ၊ နေ့လည်စာ၊ညစာ၊သားရည်စာ .. နေ့တိုင်း)

🧸 ရေများများသောက်ပါ

🧸 အိပ်ရေးဝအောင်အိပ်ပါ၊ အနားယူပါ

🧸 ကလေးကို မကြာခဏ နို့ချိုတိုက်ကျွေးပါ။ ရင်သားနှစ်ဖက်လုံးကနေ တိုက်ပါ။ ဖြစ်နိုင်ရင် ၂-၃ နာရီခြားတစ်ခါ တိုက်နိုင်ရင်ကောင်းပါတယ်။

🧸 ကလေးနို့တိုက်ခါနီးတိုင်း ရင်သားကိုပျော့လာအောင် ငြင်သာစွာနှိပ်ပေးပါ.. ( အရင် post မှာရေးပေးထား ပါတယ်. ။ telegram channel မှာ ပုံတွေနဲ့ဖော်ပြထားပါတယ်)။

🧸 ကလေး စ .. တင်စုပ်ယူတဲ့ အချိန်မှာ ကိုယ့်ရဲ့ နို့သီးခေါင်းဘေးက မဲနေတဲ့နေရာလေးကို ( လက်မက အပေါ်။ လက်ချောင်းလေးတွေက အောက်မှာထားပြီး ) ဖြေးဖြေးငြင်ငြင်သာသာညှစ်ပေးပြီး ကလေးဆီ နို့ရောက်လွယ်အောင်လုပ်ပေးပါ..ကလေးစို့တာအဆင်ပြေလာပြီဆိုရင် ဆက်ညှစ်ထားစရာမလိုတော့ပါဘူး၊

🧸 အိပ်ပုပ်ကြီးတဲ့ ကလေးလေးတွေကို တော့ အိပ်မပျော်အောင်လို့ နို့စို့နေရင်း မကြာခဏ ဘက်ပြောင်းတိုက်ပေးပါ။ ကလေးကို အင်္ကျီမဝတ်ဘဲ ကိုယ့်ရဲ့ အင်္ကျီ ထဲထည့်ပြီး မိခင်ရဲ့ အသားနဲ့ ကလေးအသားကိုထိထားပေးပြီး ( skin to skin contact) နို့တိုက်ခြင်းက ကလေးကို ပိုလန်းဆန်းစေပါတယ်..ပုံထဲမှာပြထားပါတယ်။ ကလေးရဲ့ခြေဖဝါး၊ လက်ဖဝါး ၊ ခေါင်းလေးတွေကို ပွတ်ပေးပြီးလဲ နှိုးလို့ရပါတယ်။

🧸 ကလေးစို့တာနှေးလာရင် ရင်သားကို နည်းနည်းညှစ်ပေးခြင်းအားဖြင့် ကလေးဆီနို့ရည်ပိုရောက်အောင် တွန်းပို့ပေးလို့ရပါတယ်။ အဲ့ဒီလိုလုပ်ရင်းနဲ့ ပိုနှေးလာပြီဆိုရင် ဘက်ပြောင်းတိုက်ပါ။ ကလေးမဝသေးခင် နို့ကုန်ငွားတယ်ထင်ရင် နောက်တစ်ခါ ထပ်ပြီး ဘက်ပြောင်းတိုက်ပါ။ လိုအပ်ရင် ဟိုဘက် ဒီဘက် .. ဘက်ပြောင်းခြင်းကို ထပ်ခါတလဲလဲ လုပ်လို့ရပါတယ်။

🧸 ကလေးနို့စို့ပြီးတိုင်း Pump နဲ့ စုပ်ထုတ်ခြင်းဟာ နို့ထွက်ပိုကောင်းစေပါတယ်။ နို့တိုက်တဲ့ အချိန် တစ်ခုနဲ့ တစ်ခု ကြားမှာ Breast Pump နဲ့ ရင်သား နှစ်ဖက်လုံးကို တပြိုင်နက်တည်း စုပ်ထုတ်ပေးခြင်း ဟာလည်း နို့ထွက်ပိုကောင်းစေပါတယ်.. နို့ထွက်စေတဲ့ သဘောတရားကို အပေါ်မှာ ရေးပြထားတာ ဖတ်ပြီးသူများကတော့ ကလေးစို့ဖို့ နို့ကုန်သွားမှာစိုးရိမ်စရာမလိုဘူး ဆိုတာ သဘောပေါက်ကြမှာပါ။

🧸 နို့ဗူးကူခြင်းမှ ရှောင်ပါ။ ( ဘာကြောင့်ရှောင်သင့်သလဲဆိုတာ အပေါ်မှာရှင်းပြထားပြီးသားနော်..)

🧸 ကိုယ်သောက်နေတဲ့ဆေးတွေကို ဆရာဝန်နဲ့ တိုင်ပင်စစ်ဆေးပါ။

🧸 ကလေးနဲ့ မိခင်နဲ့ အသားချင်းထိ ထွေးပွေ့မှု ( ပုံမှာပြထားသလို )မကြာခဏ လုပ်ပေးပါ။ နို့ထုတ်လုပ်မှုမှာပါဝင်တဲ့ အရေးကြီးတဲ့ ဟိုမုန်းတွေ ထွက်စေပါတယ်။

🧸 စိုးရိမ်ပူပန်မှုတွေကိုလျှော့ချတဲ့ နည်းလမ်းတွေကိုလဲ လုပ်ဆောင်ပါ။ ဥပမာ.. သီချင်းနားထောင်ခြင်း၊ ဝင်သက်ထွက်သက်မှတ်ခြင်း...

🧸 ဆေးလိပ်။ အရက် မသောက်ပါနဲ့.. နို့ထွက်နည်းစေပါတယ်။

🧸 ကလေး ၆ လ မပြည့်မီ နို့အပြင် တခြားအစာကျွေးခြင်းမှရှောင်ကျဉ်ပါ။

နို့ထွက်များအောင် ဆေးသောက်လို့ရပါသလား..?
💚💚💚💚💚💚💚💚💚💚💚💚💚💚💚

အပေါ်မှာပြောထားတာတွေ အားလုံး လိုက်နာဆောင်ရွက်ပေမယ့် နို့ထွက်နည်းနေသေးတယ်ဆိုရင်တော့ သောက်လို့ရတဲ့ဆေးတွေရှိပါတယ်...

🚩 ဒါပေမယ့် အဲ့ဒီဆေးတွေဟာ အပေါ်မှာပြောထားတဲ့ နည်းလမ်ူတွေလောက် အကျ်ုးသက်ရောက်မှုမများပါဘူး။
🚩ပြီးတော့ ဘေးထွက်ဆိုးကျိုးတွေ ရှိပါတယ်.. ဥပမာ.. အမေရော၊ ကလေးရောရဲ့ နှလုံးကိုထိခိုက်နိုင်တဲ့ဆေးတစ်မျိုးကို အဓိက သုံးကြပါတယ်.. ဒါကြောင့် တိကျတဲ့ ပမာဏကို တိကျတဲ့ အချိန်အတိုင်းအတာထက် ပိုသောက်လို့မရပါဘူး.. ဒါကြောင့်မို့ ဆရာဝန်ရဲ့ အနီးကပ်စောင့်ကြပ်မှုနဲ့သာ သောက်သင့်တဲ့ဆေးမျိုးပါ။
🚩 နောက်ထပ်ဆေးအမျိုးအစားတွေကျတော့လည်း အကျိုးသက်ရောက်မှုက မသေချာပေမယ့် ဘေးထွက်ဆိုးကျိုးတွေရှိနိုင်တာကြောင့် အပေါ်မှာပြောထားတဲ့အချက်တွေကို လိုက်နာဆောင်ရွက်ပြီးကြောင်း သေချာဖို့ အလွန်အရေးကြီးပါတယ်...
🚩 ဒါကြောင့် ဆေးသောက်ချင်ရင်တော့ ဆရာဝန်ပြပြီး အသေးစိတ်တိုင်ပင်ပါ လို့ အကြံပေးပါရစေ။

နို့ထွက်များအောင် ဘာတွေစားသောက်သင့်ပါသလဲ?...
💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚

အခုပြောမယ့် အစားအစာတွေဟာ မိခင်နို့ထွက်တာကောင်းစေနိုင်တယ်လို့ ယူဆရပေမယ့် သေချာပေါက် ကောင်းပါတယ် ဆိုတဲ့ အထောက်အထားတွေတော့မရှိပါဘူး။ ဒါပေမယ့် ကျန်းမာတဲ့ အစားအစာတွေမို့ တော်သင့်ရုံ စားခြင်းကတော့ အန္တရာယ် ဖြစ်စေမှာမဟုတ်ပါဘူး...

⁃ ဆင်ခေါင်းပဲ
⁃ ကြက်သွန်ဖြူ
⁃ အုန်းသီး
⁃ သင်္ဘောသီးစိမ်း
⁃ ပဲနီ/ ပဲဝါလေး
⁃ မှိူ
⁃ ဖရုံသီး
⁃ မြေပဲနှင့် အစေ့အဆံအမျိုးမျိုး
⁃ နှမ်း
⁃ ကင်ဟွာ Quinoa
⁃ ပြောင်းဆန်
⁃ ဘာလီစေ့
⁃ ကညွတ်

နို့တိုက်နေစဉ်ရှောင်သင့်/ လျှော့စားသင့်သော အစာများ
💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚

◦ မာကျူရီဓါတ်များသော ငါ့းများ..( ငါးမန်း၊ ကျူနာ/ Tuna..) တခြား ကျွန်မတို့ မြန်မာပြည်မှာ စားနေကျ ငါးတော်တော်များက အာဟာရဖြစ်စေတာကြောင့် စားသင့်ပါတယ်။
◦ ကော်ဖီ-- တစ်နေ့တစ်ခွက်- နှစ်ခွက်ထက်ပိုမသောက်သင့်ပါ
◦ ချောကလက် များများမစားသင့်ပါ
◦ အရက်မသောက်သင့်ပါ။

ကဲ.. ဒီလောက်ဆိုရင်တော့ .. မိခင်နို့ထွက်များချင်တဲ့မေမေတို့ .. အဓိက လုပ်ရမှာက ...နို့ထွက်နည်းစေတဲ့ အကြောင်းရင်းတွေကို ရှောင်လို့ရသမျှ ရှောင်ပြီး ..
နို့ထ့က်များအောင် ဘာတွေလုပ်ရလဲဆိုပြီးပြောပြထားတဲ့ အပိုင်းက ဆောင်လို့ရတာတွေ အကုန်ဆောင်သင့်တယ်ဆိုတာ သဘောပေါက်လောက်ရောပေါ့နော်...

အားလုံး အဆင်ပြေ အောင်မြင် ကြပါစေနော်...😊🥰

Helping Hands, Caring Heart

ဒေါတ်တာမျိုးနန္ဒာ
သားဖွားနှင့်မီးယပ်/ အမျိုးသမီးရောဂါအထူးကု ( UK)

14/07/2022

ကိုယ်ဝန်ဆောင်မိခင်မှာ ကာလသားပိုးရှိရင် . . .
--- ၊ ဒေါက်တာအေးသီတာအုန်း(သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး) ၊---
မေး- ကိုယ်ဝန်ဆောင်မိခင်မှာ ကာလသားပိုးရှိရင် (VDRL Positiveပိုးရှိရင်) ဘာဆက်လုပ်သင့်ပါသလဲ ဆရာမ။
ဖြေ- ကိုယ်ဝန်ဆောင်မိခင်အတွက် လိုအပ်တဲ့ သွေးစစ်ဆေးမှုတွေ လုပ်တဲ့အခါ ဘီပိုး၊ စီပိုး၊ HIV ပိုးနဲ့ ကာလသားပိုးဆိုပြီး လေးမျိုးကို ထည့်စစ်ဆေးပေးပါတယ်။ ကာလသားရောဂါပိုးရှိနေရင် အဲဒီအချိန်ကျမှ အမှတ်မထင် တွေ့ကြတာ များပါတယ်။
ကာလသားရောဂါပိုး ဘာကြောင့် ဖြစ်သလဲဆိုရင် လိင်မှတစ်ဆင့် ကူးစက်ပိုး (Sexually Transmitted Infection) ဖြစ်တာကြောင့် ပိုးရှိတဲ့ ခင်ပွန်းဆီကသော်လည်းကောင်း ကူးတတ်ပါတယ်။ VDRL Positive လို့ တွေ့ တွေ့ချင်း ဆရာမတို့က သမားတော်တွေဆီ လွှဲပေးလေ့ရှိပါတယ်။
သမားတော်တွေက VDRL သေချာအောင် ပြန်စစ်ပြီး လိုအပ်တဲ့ ထိုးဆေးကို စနစ်တကျ ထိုးပေးလေ့ရှိပါတယ်။ အဲဒီလိုထိုးဆေးကို ဆေး doseအမှန်၊ အကြိမ်ရေအမှန်ထိုးလိုက်ရင် ကာလသားပိုးက ပျောက်ကင်းသွားလေ့ ရှိပါတယ်။ ဒီလိုနည်းနဲ့ ကလေးဆီကို မကူးစက်အောင် ကာကွယ်နိုင်ပါတယ်။
ကိုယ်ဝန်ဆောင်နဲ့အတူ အိမ်ထောင်ဖက်ကိုလည်း VDRL စစ်ဆေးပြီး သူကလည်း လိုအပ်တဲ့ ကုသမှုတွေကို ခံယူရပါမယ်။
VDRL Positive လို့ တွေ့ရင် စိုးရိမ်ကြောက်လန့်စရာ မလိုပါဘူး။ ကိုယ်ဝန်ဆောင်စဉ်မှာ လိုအပ်တဲ့ ကုသမှုတွေ လုပ်လိုက်ရင် ကလေးဆီ မကူးဘဲ ကာကွယ်နိုင်ပါတယ်။

Address

Salin

Telephone

+959977279684

Website

Alerts

Be the first to know and let us send you an email when Aye Nyein San Medical Instrument Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram