Khatta Clinic , Diagnostic & Home care services

Khatta Clinic , Diagnostic & Home care services Your Health,Our Passion
သင့်ကျန်းမာရေးအတွက် စိတ်ချရအောင် ရွှေခတ္တာဆေးခန်းမှ အထူးဝန်ဆောင်မှုပေးပါသည်

စျေးနူန်းသက်သာစွာဖြင့် ရွှေခတ္တာဆေးခန်းမှ ကျန်းမာရေး ဝန်ဆောင်မူများ နှင့် ရောဂါရှာဖွေရေးများကို (ပိတ်ရက်မရှိ) ဆောင်ရွက်ပေးနေပါသည်။ထို့အပြင် သမားတော်များနှင့် ပြသပေးခြင်း၊အိမ်တိုင်ရာရောက် သွေးဖောက်ခြင်း၊ECG ဆွဲပေးခြင်းများ နှင့် များကိုလဲ ဝန်ဆောင်မူ့ပေးနေပါသည်။

❤️ သင်နှင့် သင့်မိသားစု ကျန်းမာရေးအတွက် စိတ်ချယုံကြည်စွာ တိုင်ပင်ဆွေးနွေးနိုင်ဖို့ ရွှေခတ္တာအထူးကုဆေးခန်းက အမြဲအသင့်ရှိန...
13/07/2025

❤️ သင်နှင့် သင့်မိသားစု ကျန်းမာရေးအတွက် စိတ်ချယုံကြည်စွာ တိုင်ပင်ဆွေးနွေးနိုင်ဖို့ ရွှေခတ္တာအထူးကုဆေးခန်းက အမြဲအသင့်ရှိနေပါတယ်

-- -- -- -- -- -- -- -- --

🤯 ကျန်းမာရေးနဲ့ ပတ်သက်ပြီး စိတ်ထဲမှာ စိုးရိမ်ပူပန်မှုတွေ ရှိနေပါသလား?

🤯 ဘယ်လိုရောဂါဝေဒနာအတွက် ဘယ်လိုဆရာဝန်နဲ့ ပြသရမလဲ မသိဖြစ်နေပါသလား?

❤️ ရွှေခတ္တာအထူးကုဆေးခန်းမှာ ကျွမ်းကျင်သော အထွေထွေရောဂါကုဆရာဝန်များ၊ အထူးကုဆရာဝန်ကြီးများနှင့်တကွ အောက်ပါဝန်ဆောင်မှုများကို တစ်နေရာတည်းမှာ ပြည့်ပြည့်စုံစုံ ရရှိနိုင်ပါပြီ။

-- -- -- -- -- -- -- -- --

🩺 အထွေထွေရောဂါမျိုးစုံ: အသေးစားဖျားနာခြင်းမှ နာတာရှည်ရောဂါများအထိ တိုင်ပင်ဆွေးနွေးခြင်း နှင့် စမ်းသပ်ကုသပေးခြင်း။

🩹 အသေးစိတ်ခွဲစိတ်ကုသခြင်း: ထိခိုက်ရှနာများ၊ အသေးစားအကျိတ်များအတွက် ခွဲစိတ်ကုသခြင်းနှင့် အနာဆေးထည့်ပေးခြင်း။

👩‍⚕️ အထူးကုဆရာဝန်ကြီးများ: သားဖွားမီးယပ် (OG)၊ အရိုးခွဲစိတ်အထူးကု၊ အာဟာရပညာရှင်၊ လေ့ကျင့်ခန်းဆရာများ နှင့် တိုင်ပင်ဆွေးနွေးကုသခြင်း။

💉 ကာကွယ်ခြင်းနှင့် စောင့်ရှောက်ခြင်း: ကာကွယ်ဆေးမျိုးစုံထိုးနှံခြင်း၊ သားဆက်ခြားဆေးထိုးခြင်း။

🏡 အိမ်တိုင်ရာရောက် ဝန်ဆောင်မှု: နှာခေါင်းပိုက်၊ ဆီးပိုက် လဲလှယ်ခြင်းနှင့် ထည့်သွင်းပေးခြင်း။

💻 Online မှ တိုင်ပင်ဆွေးနွေးခြင်း: အချိန်ကုန်၊ လူပင်ပန်း သက်သာစေရန် Video Call ဖြင့် ဆွေးနွေးတိုင်ပင်ကုသပေးခြင်း။

📄 ဆေးထောက်ခံချက်: ရုံး၊ ကျောင်းများအတွက်လိုအပ်သော ဆေးထောက်ခံချက် (Certificate) များ ရေးသားပေးခြင်း။

ကျန်းမာပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်ဖို့ ရွှေခတ္တာကနေ ကျွမ်းကျင်သော ကျန်းမာရေးစောင့်ရှောက်မှုများဖြင့် ကူညီပါရစေ။

-- -- -- -- -- -- -- -- --

ဆက်သွယ်ရန်:

📞 Phone: 09250150044, 09880354586, 09768059454
📍 Address: အမှတ် ၂၉၊ မင်္ဂလာလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်။
🌐 Website: www.shwekhatta.com
📧 Email: info@shwekhatta.com

#ရွှေခတ္တာအထူးကုဆေးခန်း #ကျန်းမာရေး #ဆရာဝန်

🌟 မင်္ဂလာရှိသော မဟာသင်္ကြန် နှစ်သစ်ကူး ဆုတောင်း မေတ္တာပို့သပေးလိုက်ပါသည် 🙏🏻💦 မင်္ဂလာ သင်္ကြန် နှစ်သစ်ကူး အချိန်အခါမှာ အာ...
10/04/2025

🌟 မင်္ဂလာရှိသော မဟာသင်္ကြန်
နှစ်သစ်ကူး ဆုတောင်း မေတ္တာ
ပို့သပေးလိုက်ပါသည် 🙏🏻

💦 မင်္ဂလာ သင်္ကြန် နှစ်သစ်ကူး အချိန်အခါမှာ အားလုံးပဲ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းများ ပြည့်စုံပြီး၊ အဓိပ္ပါယ်ရှိသော ဘဝ နေ့ရက်များ ပိုင်ဆိုင်နိုင်သော မင်္ဂလာ နှစ်သစ် ဖြစ်ပါစေ 🙏🏻

သဘာဝ ဘေးရန်အပေါင်းမှ ကင်းဝေးပါပြီး
မြန်မာပြည်ကြီး အမြန်ဆုံး အဆင်ပြေပါစေကြောင်း

❝ ရွှေခတ္တာ ❞ ဆေးခန်း မိသားစု မှ ဆုမွန်ကောင်းတောင်းပေးရင်း…🙏🏻

🔸ဆေးခန်း ပိတ်ရက်ကို ( 13.4.2025 ) မှ ( 17.4.2025 ) ထိ ပိတ်ထားပါမည်။

🔸( 18.4.2025 ) ရက် သောကြာနေ့ တွင် ပုံမှန် ပိတ်ရက်မရှိ မနက် ၈ နာရီ မှ ည ၇ နာရီ အထိ ပြန်လည်ဖွင့်လှစ်ပေးသွားပါမည်..✅

❝ ရွှေခတ္တာ ❞ ဆေးခန်း ကို အစဉ်အမြဲယုံကြည်သော မိသားစုဝင်များအား ကျေးဇူးအထူးတင်ရှိပါသည်…
🙏🏻🙏🏻🙏🏻

💦Happy Myanmar New Year 💦

စမ်းချောင်းမြို့နယ်မှ
မိဘပြည်သူများအတွက်
အနွေးထွေးဆုံးသော
ကျန်းမာရေး စောင့်ရှောက်မှုများ
ပေးစွမ်းနိုင်ရန်
အကောင်ဆုံး ကြိုးစားပေးနေသော
❝ ရွှေခတ္တာ ဆေးခန်း ❞

🔻🔻🔻🔻🔻🔻🔻🔻🔻🔻
ရွှေခတ္တာ အထူးကုဆေးခန်း
ဆေးခန်းဖွင့်ချိန် 🕗 ~ 🕖
💛 မနက် (၈) နာရီမှ ည (၇) နာရီ အထိ
💚 နေ့စဉ် - ပိတ်ရက်မရှိ ( 𝙊𝙥𝙚𝙣 𝘿𝙖𝙞𝙡𝙮 )
❤️ အမှတ် ၂၉၊ မင်္ဂလာလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်။

ဆက်သွယ်လိုပါက
𝐇𝐨𝐭𝐥𝐢𝐧𝐞 : 𝟎𝟗𝟖𝟖𝟎𝟑𝟓𝟒𝟓𝟖𝟔
𝐇𝐨𝐭𝐥𝐢𝐧𝐞 : 𝟎𝟗𝟕𝟔𝟖𝟎𝟓𝟗𝟒𝟓𝟒
𝐎𝐟𝐟𝐢𝐜𝐞 : 𝟎𝟗𝟐𝟓𝟎𝟏𝟓𝟎𝟎𝟒𝟒

မြေပုံ - https://maps.app.goo.gl/rJNenS93v4HLHrJR8?g_st=iv617

Viber ဖြင့် ကျန်းမာရေး သိလိုသမျှမေးရန်- https://invite.viber.com/ ...

🌐 𝐖𝐞𝐛𝐬𝐢𝐭𝐞 : https://shwekhatta.com/

𝙈𝙚𝙙𝙞𝙘𝙖𝙡 𝙥𝙖𝙘𝙠𝙖𝙜𝙚 : https://www.facebook.com/share/Ya35PQVwthjeVBN2/?mibextid=WC7FNe

#ရွှေခတ္တာ
#နှစ်သစ်ဆုတောင်း
#မဟာသင်္ကြန် #ရုံးပိတ်ရက်
#နှစ်ဆန်းတစ်ရက်နေ့
#ဆေးခန်း #စမ်းချောင်း

📣 လက်တလော ဖြစ်ပွါးနေသော ငလျင်ဒဏ် ခံစားနေရတဲ့ မြန်မာ ပြည်သူ ပြည်သား များအတွက် ရွှေခတ္တာ ဆေးခန်း မှ ကူညီပံပိုးရန် အသင့်ရှိ...
29/03/2025

📣 လက်တလော ဖြစ်ပွါးနေသော ငလျင်ဒဏ် ခံစားနေရတဲ့ မြန်မာ ပြည်သူ ပြည်သား များအတွက် ရွှေခတ္တာ ဆေးခန်း မှ ကူညီပံပိုးရန် အသင့်ရှိပါသည်။ 📣

⛑️ ငလျင်ဒဏ်ကြောင့် ဆေးရုံ ဆေးခန်း မသွားနိုင်ပါက ခံစားနေရသော ကျန်းမာရေး စောင့်ရှောက်မှုများအတွက်…

⛑️ ရွှေခတ္တာ ဆေးခန်းမှ ဆရာဝန်များအား ဖုန်းဖြင့် တိုက်ရိုက်ဆက်သွယ်ပြီး လိုအပ်သော ကျန်းမာရေးအကူအညီများကို အခမဲ့ ( အခမဲ့ ) ရယူနိုင်ပါသည်။

⛑️ ငလျင်ဒဏ် ခံစားရသော အိမ်နီးချင်း နိုင်ငံများမှ မြန်မာပြည်သူများလည်း
“ အခမဲ့ “ Teleconsultation ရယူနိုင်ပါသည်။

⚠️ 𝐇𝐨𝐭𝐥𝐢𝐧𝐞 : 𝟎 𝟗-𝟕 𝟔 𝟖 𝟎 𝟓 𝟗 𝟒 𝟓 𝟒

⚠️ 𝐕𝐢𝐛𝐞𝐫 _ 𝐂𝐡𝐚𝐧𝐧𝐞𝐥 - https://invite.viber.com/?g2=AQBI%2FHqIgJ9BB1GCZIUZD4sGalWkYW055bYr1Gz2vjcbj9lYQQSSKX8CaBUplK4h

📣 မနက် ၉ နာရီ မှ ည ၇ နာရီ အတွင်း ကူညီနိုင်ရန် ရွှေခတ္တာ ဆေးခန်းမှ အသင့်ရှိနေပါကြောင်း သတင်းကောင်းပါးအပ်ပါသည် 📣
တတ်နိုင်သလောက် ဝေမျှ share ပေးပါ 🙏🏻
sharing is caring 🙏🏻

we safe
we strong
we are together…🧯⛑️💊💪🏻

🌐 𝐖𝐞𝐛𝐬𝐢𝐭𝐞 : https://shwekhatta.com/

#ရွှေခတ္တာ

#အခမဲ့
#စမ်းချောင်း

 #စိတ်လှုပ်ရှားဖွယ်ရာ_အခွင့်အလမ်းအသစ်တစ်ခုရှိနေပါပြီ.-မိတ်ဆွေကို - ရွှေခတ္တာအထူးကုဆေးခန်းရဲ့ 𝐌𝐞𝐦𝐛𝐞𝐫 𝐂𝐚𝐫𝐝 နဲ့  #တစ်သက်တာမ...
21/01/2025

#စိတ်လှုပ်ရှားဖွယ်ရာ_အခွင့်အလမ်းအသစ်တစ်ခုရှိနေပါပြီ.
-
မိတ်ဆွေကို - ရွှေခတ္တာအထူးကုဆေးခန်းရဲ့ 𝐌𝐞𝐦𝐛𝐞𝐫 𝐂𝐚𝐫𝐝 နဲ့ #တစ်သက်တာမန်ဘာဖြစ်ခွင့် အစီအစဉ်အကြောင်း မိတ်ဆက်ပေးပါရစေ ...
=====
✅ ယခု Member ကဒ်ကို စီစဉ်လိုက်တဲ့ အဓိကရည်ရွယ်ချက်ကတော့ ကျန်းမာရေးဝန်ဆောင်မှုတွေအတွက် #စမ်းသပ်ကုသမှုကုန်ကျစရိတ်တွေသက်သာစေဖို့ နဲ့ ခက်ခဲကြပ်တည်းနေတဲ့ကာလမှာ #ဆေးခန်းပြတဲ့အခါ_အစစအရာရာ_အဆင်ပြေချောမွေ့စေဖို့ ဖြစ်ပါတယ် …✅
---
✅ Member Card ရရှိထားသူတွေအနေနဲ့ ရွှေခတ္တာဆေးခန်းရဲ့ #ကျန်းမာရေးဝန်ဆောင်မှုအားလုံးရဲ့ ( 5% ) နှင့် ညီမျှတဲ့ #အထူးလျှော့စျေး ကို ခံစားခွင့် ရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Member များအတွက် အခြား ရင်ခုန်စိတ်လူပ်ရှားဖွယ်ရာ အစီအစဉ်ကောင်း များစွာလည်း စီစဉ်ထားရှိပါတယ် …✅
-
✅ 𝐒𝐡𝐰𝐞 𝐊𝐡𝐚𝐭𝐭𝐚 𝐌𝐞𝐦𝐛𝐞𝐫 𝐂𝐚𝐫𝐝 ရှိထားရုံနဲ့ ဆေးကုသစရိတ်အပြင် ဆေးဝယ်ယူခြင်း ၊ ဓါတ်ခွဲသွေးစစ်ခြင်း ၊ 𝐔𝐥𝐭𝐫𝐚𝐬𝐨𝐮𝐧𝐝 ရိုက်ခြင်း စတဲ့ 𝐅𝐞𝐚𝐭𝐮𝐫𝐞𝐬 များစွာကိုလည်း ( 𝟓% ) 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭 ရရှိဦးမှာ ဖြစ်လို့ တကယ်ကို တန်မှ တန် နော့်❗️
-
ဒါဆို Member ကဒ်ကို ဘယ်လိုရနိုင်မလဲ ❓❓❓
ဆေးခန်းလာပြပြီး Member Form ပုံစံမှာ အချက်အလက် အပြည့်အစုံ ရေးသွင်းပေးလိုက်ရုံပါပဲ။ (( အခကြေးငွေ ပေးဆောင်ရန် (လုံးဝ) မလိုအပ်ပါ။ ))
---
Member (အသုံးပြုခွင့်) သက်တမ်းကာလ ❓❓❓
Member Card ကို 𝐋𝐢𝐟𝐞𝐭𝐢𝐦𝐞 (တစ်သက်တာ) အသုံးပြုနိုင်ပါတယ်။
---
ရွှေခတ္တာဆေးခန်းတွင် Member အဖွဲ့ဝင်လိုက်ခြင်းဖြင့် မိတ်ဆွေတို့ရဲ့ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစေမယ့် ယုံကြည်စိတ်အချရဆုံး အထူးဝန်ဆောင်မှုများကို အခုပဲ လာရောက် ရယူလိုက်ပါ…🤝🤝🤝
---
#တိကျ_မှန်ကန်_မြန်ဆန်_သက်သာ " ရွှေခတ္တာ "
---
ဆေးခန်းဖွင့်ချိန်
💛နေ့စဉ်-ပိတ်ရက်မရှိ ( 𝙊𝙥𝙚𝙣 𝘿𝙖𝙞𝙡𝙮 )
💚မနက် (၈) နာရီမှ ည (၇) နာရီ အထိ
❤️အမှတ် ၂၈၊ မင်္ဂလာလမ်း စမ်းချောင်းမြို့နယ်၊ ရန်ကုန်။
-
𝐇𝐨𝐭𝐥𝐢𝐧𝐞 : 𝟎𝟗𝟖𝟖𝟎𝟑𝟓𝟒𝟓𝟖𝟔
𝐎𝐟𝐟𝐢𝐜𝐞 : 𝟎𝟗𝟐𝟓𝟎𝟏𝟓𝟎𝟎𝟒𝟒
---
#ယုံကြည်စိတ်ချမှုအတွက်အထူးကျေးဇူးတင်ရှိပါသည်
---
Shwe Khatta Specialist Clinic ရွှေခတ္တာ အထူးကုဆေးခန်း


#တစ်သက်တာမန်ဘာဖြစ်ခွင့်
#တိကျ_မှန်ကန်_မြန်ဆန်_သက်သာ

''လွတ်လပ်ရေးနေ့တို့မမေ့''၂၀၂၅ခုနှစ်၊ဇန်နဝါရီ(၄)ရက်နေ့တွင် ကျရောက်သော(၇၇) ကြိမ်မြောက်လွတ်လပ်ရေးနေ့ကို မြန်မာပြည်သူ၊ ပြည်သ...
03/01/2025

''လွတ်လပ်ရေးနေ့တို့မမေ့''

၂၀၂၅ခုနှစ်၊ဇန်နဝါရီ(၄)ရက်နေ့တွင်
ကျရောက်သော

(၇၇) ကြိမ်မြောက်လွတ်လပ်ရေးနေ့ကို

မြန်မာပြည်သူ၊ ပြည်သားများနှင့်အတူ

ရွှေ‌ခတ္တာဆေးခန်းမိသားစုမှ

ဝမ်းမြောက်စွာ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

❝ နှစ်သစ်ဆုတောင်း ❞နှစ်ဟောင်းကုန်ပျောက် နှစ်သစ်ရောက်ထွန်းတောက် မင်္ဂလာရှိပါစေ။နှစ်သစ်မင်္ဂလာ ဒီချိန်ခါစိတ်မှာညစ်မဲ ကင်းပ...
01/01/2025

❝ နှစ်သစ်ဆုတောင်း ❞

နှစ်ဟောင်းကုန်ပျောက် နှစ်သစ်ရောက်
ထွန်းတောက် မင်္ဂလာရှိပါစေ။

နှစ်သစ်မင်္ဂလာ ဒီချိန်ခါ
စိတ်မှာညစ်မဲ ကင်းပါစေ။

နှစ်သစ်မင်္ဂလာ များသတ္တာဝါ
ချမ်းသာကိုယ်စိတ်မြဲပါစေ။

တစ်နှစ်ပတ်လုံး စိတ်ဖြူဖုံး
ရွှင်ပြုံးကြည်သာရှိပါစေ။

ကုသိုလ်ကျန်းမာ ပညာစီးပွား
ဒီရေအလား တိုးပွားကြပါစေ…🙏🏻

ကောင်းကျိုးမဂ်လာနှင့် ပြည့်စုံသော ၊ ပျော်ရွှင်အေးချမ်းသော နှစ်သစ်မင်္ဂလာ ဖြစ်ပါစေကြောင်း ရွှေခတ္တာ မိသားစု မှ ဆုတောင်းမေတ္တာများ ပို့သအပ်ပါသည်။

www.shwekhatta.com

အမှတ် ၂၉ မင်္ဂလာလမ်း စမ်းချောင်း
09880354586
( ပိတ်ရက်မရှိ )

#ရွှေခတ္တာ
#နှစ်သစ်မင်္ဂလာ
#ကျန်းမာရေး
#အထူးကုဆေးခန်း
#စမ်းချောင်း
#မင်္ဂလာလမ်း

23/12/2024

ရွေးချယ်စရာ နှစ်ခုပေးမယ်
✅ ဆေးခန်းပြမှာလား
✅ သွေးစစ်မှာလား

😌😌😌

ဆေးပညာရှင်များသို့ ရည်ရွယ်ဟောကြားထားသော ပါမောက္ခချုပ်ဆရာတော်ကြီး၏တရားတော်။       ═══════════════════════ ❖ ဒီကနေ့ ဆေးပညာ...
19/12/2024

ဆေးပညာရှင်များသို့ ရည်ရွယ်ဟောကြားထားသော ပါမောက္ခချုပ်ဆရာတော်ကြီး၏တရားတော်။
═══════════════════════
❖ ဒီကနေ့ ဆေးပညာရပ်ကို သင်ယူနေကြတဲ့ ကောင်းသားကျောင်းသူများဟာ ဆေးပညာနဲ့ ဘ၀ခရီးကို လျှောက်လှမ်းနေကြတဲ့ ဆရာ ဆရာမများဟာ လုပ်ငန်းသဘောအရပြောမယ်ဆိုရင် မြင့်မြတ်တဲ့ နှလုံးသားပိုင်ရှင်တွေလို့ ဆိုရမယ်။ ဘာလို့လဲဆိုရင် ဆရာ-ဆရာမများဆီက ဒီပညာကို သင်မယ်လို့စဉ်းစားတဲ့ အချိန်မှာ ဆေးပညာရပ်ဟာ မေတ္တာကို အခြေခံပြီးသင်ယူရတာဖြစ်တယ်။ မေတ္တာနဲ့ လုပ်ဆောင်ပေးရတာဖြစ် တယ်။ မေတ္တာရှေ့သွားရှိတဲ့ အတတ်ပညာကို သင်ယူမယ်ဆိုပြီးတော့ ပထမဆုံး ဒီပညာရပ်ကို သင်ယူဖို့ ရွေးချယ်ရတယ်။

❖ တကယ်ကြည့်မယ်ဆိုရင်လည်း လုပ်ငန်းဟာ ဆင်းရဲဒုက္ခရောက်နေတဲ့ ရောဂါဝေဒနာခံစားနေရတဲ့ပုဂ္ဂိုလ်တွေအတွက် ရောဂါဝေဒနာကနေ သက်သာပျောက်ကင်းသွားအောင် ကုသပေးမယ်ဆိုတဲ့ပညာရပ်ဟာ အင်မတန်မှ မြင့်မြတ်တဲ့ပညာရပ်သာဖြစ်တယ်။

❖ အဲဒါကို မြတ်ဗုဒ္ဓရဲ့ အဆုံးအမတွေထဲမှာ မြင့်မြတ်တယ်လို့ ဘာကြောင့်ပြောရသလဲဆိုတော့ ရောဂါခံစားနေတဲ့ သတ္တဝါတွေအပေါ်မှာ ဖြစ်သင့်ဖြစ်ထိုက် ကောင်းမြတ်တဲ့ ကူညီစောင့်ရှောက်မှုကို ပေးမှာဖြစ် သောကြောင့် မြင့်မြတ်တယ်လို့ ဆိုနိုင်တယ်။ မေတ္တာမရှိပဲ ကရုဏာမရှိပဲ ဒီလုပ်ငန်းကို မလုပ်နိုင်ဘူး။ ဒါကြောင့်မို့ မေတ္တာ၊ ကရုဏာကို အခြေခံတယ်ဆိုကတည်းက မြင့်မြတ်တဲ့နှလုံးသားနဲ့ လုပ်ဆောင်တဲ့အလုပ်လို့ ပြောနိုင်တယ်။ ဒီမြင့်မြတ်သောနှလုံးသားမျိုး ရင်ထဲမှာ ပုံဖော်ထားဖို့ ခိုင်မာအောင် လေ့ကျင့်ထားဖို့ အင်မတန်မှ အရေးကြီးတယ်ပေါ့။

❖ ဆေးပညာနဲ့ပတ်သက်ပြီး မြတ်စွာဘုရားဟောကြားထားတာ တစ်ခုရှိတယ်။ မကျန်းမမာပုဂ္ဂိုလ်ကို ကျန်းမာအောင် စောင့်ရှောက်တာနဲ့ပတ်သက်ပြီး မြင့်မြတ်တဲ့နှလုံးသားနဲ့ အသိပညာဟာ ဘယ်လောက်တန်ဖိုးရှိသလဲဆိုတာ ဟောထားတယ်။ သတ္တဝါတွေ ရောဂါဖြစ်နေတဲ့ပုဂ္ဂိုလ်ကို ကူညီစောင့်ရှောက်တဲ့ပုဂ္ဂိုလ်ဟာ

❖ နံပါတ်(၁) ဆေးအကြောင်းနားလည်ရမယ်။ ရှေးခေတ်က အဆင်သင့်ဖော်ထားတဲ့ဆေးနဲ့ကုတာမဟုတ်ဘူး။ သဘာ၀ တောတောင်က သစ်မြစ်၊ သစ်ဥ၊ သစ်ခေါက် ဆိုတာတွေကနေပြီးတော့ ဆေးထုတ်လုပ်ပြီးကုရတယ်။ ဆေးကို ဖော်စပ်စွမ်းနိုင်ရမယ်လို့ ဟောထားတယ်။ ယနေ့ခေတ်မှာတော့ ဆေးကို ဖော်စပ်တာဆိုတာထက် ဆေးကို ဘယ်ရောဂါနဲ့ ဘယ်ဆေးဆိုတာ တွဲဖက်သိနိုင်စွမ်းရှိရင်ကို လုံလောက်တဲ့အတိုင်းအတာတစ်ခုရှိနေပြီဖြစ်တယ်။

❖ နံပါတ်(၂)က ရောဂါနဲ့တည့်မတည့် လူရဲ့ကျန်းမာရေးအတွက် အကျိုးဖြစ်မဖြစ်ကြည့်တတ်ရမယ်။ မတည့်တာကို ဖယ်ရှားဖို့ တည့်တာကို ညွှန်ကြားမယ်။ အကျိုးမဲ့မယ့်အရာကို ဖယ်ရှားပြီး အကျိုးရှိတာကို ညွှန်ကြားမယ်။ ဒါဟာ ဆေးသမားရဲ့ ဆေးပညာသင်ယူမှုမှာ အရေးပါတဲ့အချက်ဖြစ်တယ်။

❖ နောက်တတိယတစ်ချက်က
နံပါတ်(၃) ဆေးကုသပေးတယ်လို့ဆိုတာ ရောဂါဖြစ်နေတဲ့ပုဂ္ဂိုလ်တစ်ယောက်ကို ရောဂါပျောက်ဖို့ဆိုတာ ဒီ စိတ်ထဲမှာ ရည်ရွယ်ချက်ကလေးပဲ စိတ်ထဲမှာထားရမယ်။ ရလာမယ့် ဆေးဖိုးဘာညာ စိတ်ထဲမထားရဘူး။ မေတ္တာစိတ်ကလေးနဲ့ပဲထားပြီး ကုရမယ်။ မေတ္တာစိတ်ကလေးကုလို့ ပျောက်လာတဲ့အခါ ဆေးဖိုးဝါးခဆိုတာ တစ်ဖက်သားရဲ့ စေတနာနဲ့ တုန့်ပြန်မှုသာဖြစ်တယ်။ ဒါကြောင့်မို့ ဒီ ဆေးပညာရှင်ဟာ ကုသတဲ့အခါမှာ မေတ္တာစစ်ထားဖို့လိုတယ်။ မြတ်စွာဘုရားက ဒီလိုဟောထားတယ်။ မေတ္တာစိတ်နဲ့ပဲကု။ ဆေးဖိုးဝါးခကို မမျှော်မှန်းနဲ့။

❖ နံပါတ်(၄)က ဆေးပညာတတ်တဲ့ပုဂ္ဂိုလ် လူမမာကို ကြည့်ရှုပေးမယ်ဆိုလို့ရှိရင်ရွံတတ်လို့ရှိရင်မဖြစ်ဘူး။ မရွံတတ်မှဖြစ်မယ်။ လူမမာဆိုတဲ့သဘောတရားက အားလုံးသိပြီးသားဖြစ်ပါမယ်။

❖ နံပါတ်(၅)ကကျ အင်မတန်မှ ပြည့်ပြည့်စုံစုံဟောထားပါတယ်။
ဆေးပညာရှင်တစ်ယောက် လူနာကိုပြုစုစောင့်ရှောက်တဲ့အခါမှာ ပညာရှင်တစ်ယောက်ဟာ အားပေးစကား ပြောတတ်ရမယ်။ အပြောနဲ့လည်းကုတတ်ရမယ်။ လူတစ်ယောက်ကို စိတ်နှလုံးအေးချမ်းသွားအောင် အားပေးစကားပြောတယ်။ Psychotharapy လို့ခေါ်တယ်ပေါ့။ လူတစ်ယောက်ကို စိတ်နှလုံးအေးချမ်းသွားအောင် အားပေးစကားပြောတတ်ခြင်းသည်လည်း အလွန်အောင်မြင်တဲ့ ကုသနည်း တစ်မျိုးပဲနော်။

❖ အဲတော့ မြတ်စွာဘုရားဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆၀၀ခန့်ကတည်းက ဒီအချက်တွေကို ထုတ်ဖော်ဟောခဲ့တယ်။ ဒီကနေ့ မြန်မာနိုင်ငံမှာရှိတဲ့ ပိဋကတ်သုံးပုံစာအုပ်ထဲမှာကိုပဲ ဒါတွေပါပါတယ်။ အဲဒီတော့ ဗုဒ္ဓရဲ့ အဆုံးအမကို ရရှိထားတဲ့ သူတောင်စင်တွေဟာ ဗုဒ္ဓရဲ့ အဆုံးအမအတိုင်း လိုက်နာမယ်ဆိုရင် ဘယ်လောက်ကောင်းမလဲ။ တို့တတွေ သိခွင့်ရပြီးရင် လိုက်နာကြရမယ်လို့ ဘ၀မှာ စီးပွားရေးပဲဖြစ်ဖြစ်၊ ပညာရေးပဲဖြစ်ဖြစ်၊ လူမှုရေးပဲဖြစ်ဖြစ်၊ နိုင်ငံရေးပဲဖြစ်ဖြစ် မြတ်စွာဘုရားရဲ့ အဆုံးအမအတိုင်း လိုက်နာ ဆောင်ရွက်မယ်ဆိုရင် တကယ်ကို ကြီးမားပြောင်းလဲတဲ့ အကျိုးကျေးဇူးတွေရလာမှာဖြစ်တယ်။

❖ အေး..ဒါကြောင့် ဒီတရားတော်တွေကို လူတွေရဲ့ နှလုံးသားထဲမှာပြန့်ပွားလာအောင် သင်ယူခြင်း၊ ဖြန့်ဖြူးခြင်းဖြင့် လုပ်ဆောင်ကြရမှာဖြစ်တယ်။ သို့သော် ဒီ သင်ယူခြင်း၊ ဖြန့်ဖြူးခြင်းဟာ မြန်မာလူမျိုးတွေရဲ့ နှလုံးသားထဲမှာ အကုန်၀င်သွားမှာတော့မဟုတ်ဘူး။ ဘာကြောင့် မရောက်သလဲဆိုတော့ ဘာသာစကားရဲ့ အတားအဆီးတစ်ခုကြောင့်လို့ဆိုရမယ်။ မြတ်စွာဘုရားက ပါဠိဘာသာနဲ့ဟောကြားခဲ့တာမို့ အဲဒီဘာသာစကား ရဲ့ ခက်ခဲမှုကြောင့် လူတိုင်းရင်ထဲတော့ ရောက်နိုင်ဖို့ ခဲယဉ်းမှာပေါ့။ အကယ်၍ ဥပမာပြရမယ်ဆိုရင် မြန်မာနိုင်ငံမှာ မြန်မာလိုပြန်ထားတဲ့တရားတော်တွေကို ဖတ်ရှုလေ့လာကျင့်ကြံကြမယ်ဆိုရင် အလွန်တရာမှ တန်ဖိုးမဖြတ်နိုင်အောင် ဖြစ်ပါမယ်။ လက်ရှိတိုးတက်ကြီးပွားရေးတင်မက သံသရာ၀ဋ်က လွတ်မြောက်စေမယ့် အဆုံးအမတရားတွေမို့ လူတိုင်း လေ့လာနာယူလိုက်နာသင့်လှပါတယ်။

❖ ဒီယနေ့ လူ့ဘ၀ရလာတဲ့အခါ ဘုန်းကြီးတို့နှလုံးသားမှာ မြင့်မြတ်သောနှလုံးသားနဲ့ ကြင်နာတဲ့စိတ်ထားနဲ့ အဲဒီလို စိတ်ထားပြီး လုပ်ဆောင်ကြရမယ်။ အားလုံးသိကြတဲ့အတိုင်းပဲ။ ပါရမီဆယ်ပါးဆိုတာ ဘုရားလောင်းမှ လုပ်ရမှာမဟုတ်ဘူး။ မြင့်မြတ်တဲ့ပုဂ္ဂိုလ်တိုင်း လုပ်ဆောင်ကြရမှာဖြစ်တယ်။ ဘယ်သူပဲဖြစ်ဖြစ် မြင့်မြတ်သောပုဂ္ဂိုလ်တို့ရဲ့ အလုပ်မို့ မိမိကိုယ်တိုင် ဒီအလုပ်တွေကို လုပ်မယ်ဆိုရင် အလုပ်နဲ့ လုပ်သူ ဒီနှစ်ခုမှာ လုပ်ငန်းက လုပ်သူကို မြင့်မြတ်စေတယ်။ အလုပ်သဘောမှာ လုပ်သူရဲ့ လုပ်ရပ်ကိုကြည့်ပြီး လုပ်ရပ်က လုပ်သူကို မြင့်မားစေတယ်။ လုပ်ရပ်က လုပ်သူကို နိမ့်ပါးသွားစေတယ်။ အဲဒါကြောင့် တကယ့်မြင့်မြတ်တဲ့အလုပ်ကို လုပ်ကြမယ်ဆိုရင် မြင့်မြတ်တဲ့အလုပ်ဆိုတာ ဘာတွေလဲဆိုတော့ တကယ်တော့ ဆေးပညာနဲ့ အနီးစပ်ဆုံးဟာ မေတ္တာရယ်၊ ကရုဏာရယ်၊ မုဒိတာရယ်၊ ဥပေက္ခာရယ်ပါပဲ။

❖ သမားအတတ်တတ်ကြတဲ့ပုဂ္ဂိုလ်တို့ဟာ ဒီပညာရပ်ကို သင်ခြင်းအားဖြင့် အများရဲ့ ကျန်းမာမှုဆိုတဲ့ အကျိုးကို မျှော်ကိုးပြီးလုပ်တာသည် မေတ္တာစိတ်။ မကျန်းမမာဖြစ်လာရင် မကျန်းမာမှုကို မကြည့်ရက်လို့ အကြင်နာတရားနဲ့ ကရုဏာစိတ်ထားပြီး ရောဂါဝေဒနာ ပျောက်ကင်းမယ့် နည်းလမ်းပေးတာသည် ကရုဏာလို့ ခေါ်မယ်။ အဲဒီလို ကရုဏာနဲ့ ကုသပေးလိုက်တဲ့ လူမမာတစ်ယောက်ဟာ ကျန်းမာပျော်ရွှင်တဲ့ဘ၀ရသွားတာကိုမြင်ရတော့ မုဒိတာစိတ်ကလေး ဖြစ်မယ်။ အဲတော့ မေတ္တာကို အခြေခံပြီး ကရုဏာနဲ့ မုဒိတာနဲ့ ဒီလိုမြင့်မြတ်တဲ့နှလုံးသားနဲ့ ဆေးပညာရှင်တွေဟာ သမားတော်တွေဟာ လုပ်ဆောင်ကြရမယ်။ ဒါကလည်း အလွယ်တကူ ဒီစိတ်ကလေးတွေ ဖြစ်ပေါ်စေပါတယ်။ အဲဒီလို အလွယ်တကူဖြစ်လာတဲ့ ဥပေက္ခာတရားနဲ့ပဲ မိမိရဲ့နှလုံးသားကို ထိန်းသိမ်းစောင့်ရှောက်သွားရမှာဖြစ်တယ်။

❖ ဥပေက္ခာတရားဆိုတာ ဘက်လိုက်မှုကင်းရမယ်။ ကိုယ့်အပေါ်မှာ မလိုရင်တမျိုး။ လိုရင်တမျိုးဆိုပြီ း ပြောင်းလဲတဲ့စိတ်မျိုးမထားပဲ အားလုံးအပေါ်မှာ တစ်သားထဲ ထားပြီး ဆက်ဆံ ကုသပေးရမယ်။ အရပ်ထဲက နားမလည်တဲ့သူတွေကပြောကြတယ်။ ဥပေက္ခာဆိုတာ မပြောမဆိုချင်လို့ ပစ်ထားတာလို့ ပြောကြတယ်။ ဒါ မှားတယ်နော်။ ဒီ ဗြဟ္မဝိဟာရတရားထဲပါတဲ့ ဥပေက္ခာက အများရဲ့ အကျိုးစီးပွားကို အခြေခံထားပြီးမှ နိမ့်ကျလာတဲ့ပုဂ္ဂိုလ်၊ အခက်အခဲကြုံလာတဲ့ပုဂ္ဂိုလ်အပေါ်မှာ မကြည့်ရက်လို့ ကူညီပေးချင်လို့ ကူညီလိုက်တယ်။ ဒါ မေတ္တာအခြေခံတာပဲ။ ဘာတစ်ခုမှ မမျှော်လင့်ပဲ ကူညီလိုက်တာဟာ ဥပေက္ခာပဲ။ ဒီလို မေတ္တာနဲ့ ဥပေက္ခာတရားတွေနဲ့ လုပ်ဆောင်မယ်။ ခွဲခြားမှု မပြုပဲ ကူညီတယ်။ ပေးကမ်းတယ်။ ဒါသည်လည်း ဒါနပါရမီပဲ။ သူတို့ကို ထိခိုက်နစ်နာမှုမဖြစ်စေအောင် ရှောင်ရှားပေးခြင်းသည်လည်း ဒါ စောင့်ရှောက်မှုတစ်ခုပဲ။ သီလဆိုတာ သူ့အတွက်လား။ ကိုယ့်အတွက်လား။ စဉ်းစားကြည့်ပါ။

❖ သီလဆိုတဲ့ သဘောတရားဟာ ကိုယ့်ပတ်၀န်းကျင်ကို မထိခိုက်အောင် ကိုယ့်ကိုယ်ကို စောင့်ထိန်းခြင်းပဲ။ ပါဏာတိပါတ ဆိုတဲ့ သူတစ်ပါးအသက်သတ်တာ စောင့်ထိန်းလိုက်ရင် တဖက်သား ကိုယ့်ပတ်၀န်းကျင်မှာ ဘယ်လောက် အန္တရာယ်ကင်းသွားမလဲ။ အဲလိုပဲ ငါးပါးသီလလုံအောင်စောင့်ထိန်းနေထိုင်မယ်ဆိုရင် ကိုယ့်အတွက်ကြောင့် ကိုယ့်ပတ်၀န်းကျင်မှာ ထိခိုက်စရာမလိုတော့ဘူး။ ပတ်၀န်းကျင်ကိုလည်း စောင့်ရှောက်ပြီးသားဖြစ်သွားပြီနော်။

❖ တစ်ခါ ဒါနလုပ်တယ်။ သီလစောင့်ထိန်းတယ်။ ရံခါရံခါ စောင့်ထိန်းရခက်တာမျိုးကျ နိက္ခမပါရမီလိုလာမယ်။ အဲဒီအခါ ပညာပါမှ ပြည့်စုံတော့မယ်။ ပညာရဖို့ ဘာလုပ်ရမလဲ စာများများဖတ်ရမယ်။ လေ့လာရမယ်။ ဒါသည်ပင် ဝီရိယပါလာပြီနော်။ အလုပ်လုပ်တဲ့အခါ အခက်အခဲ မကြုံဘူးမဟုတ်ဘူး။ ကြုံလာမယ်။ ကြုံလာတဲ့အခါ သည်းခံခြင်းဆိုတဲ့ အခက်အခဲတွေကို အောင့်အည်းပြီးသည်းခံတဲ့စွမ်းရည်သတ္တိတွေ လိုလာမယ်။ စိတ်ပျက်အားငယ် နောက်ဆုတ်မသွားပဲ ကျော်လွှားနိုင်ရမယ်။ ကိုယ့်စိတ်ကိုယ် ထိန်းသိမ်းနိုင်မှ အောင်မြင်မယ်။ နောက်တစ်ခါ တဖက်သားအပေါ်မှာ သစ္စာရှိမယ်။ ကတိတည်မယ်ဆိုတဲ့ တကယ့်ပညာရှိတွေရဲ့ စိတ်မျိုးနဲ့ လုပ်ဆောင်ရမယ်။ ကိုယ်လုပ်တဲ့အလုပ်ကို စွဲစွဲမြဲမြဲလုပ်မယ်ဆိုတဲ့ အဓိဋ္ဌာန ပါရမီလည်း ပါသွားမယ်။ အဲဒီနောက်ပိုင်းကျ သတ္တဝါတွေရဲ့ အကျိုးကို မိမိအတွက်ငဲ့ခြင်းမရှိပဲ ကိုယ်ကစပြီးတော့ အများကျိုးအတွက် ပြုလုပ်ချင်တာသည် မေတ္တာပဲ။ ကိုယ်လုပ်ပေးတဲ့ ပုဂ္ဂိုလ်တွေအပေါ် တစ်စုံတစ်ရာ မျှော်လင့်ချက်မထားတာသည် ဥပေက္ခာပဲ။ အဲဒီအခါမှာ မြင့်မြတ်တဲ့နှလုံးသားပိုင်ရှင်အဖြစ် လုပ်ဆောင်ခြင်းဖြစ်သွားပြီ။ မြင့်မြတ်တဲ့နှလုံးသားနဲ့ လုပ်ဆောင်တာသည်ပင် မြတ်မြတ်သူအဖြစ် ရောက်စေပြီပေါ့။

❖ အေး ဆေးပညာတတ်တဲ့ပုဂ္ဂိုလ်တွေဟာ အချိန်အခါအားလျော်စွာ မြင့်မြတ်တဲ့စိတ်နေသဘောထားနဲ့ လုပ်ဆောင်ကြရမယ်။ သာမန်အားဖြင့်ကြည့်လိုက်ရင် အားလုံးကျန်းမာကြပါစေဆိုတဲ့စိတ်က တွေးတယ်။ မကျန်းမာလို့ ဆေးရုံရောက်လာတဲ့သူတွေကို အကြင်နာထားတယ်။ ကုပေးမယ်။ ဒါသည် ကရုဏာစိတ်ဖြစ်မယ်။ ကုပေးလို့ရတဲ့ရောဂါရှိတယ်။ မရတဲ့ရောဂါရှိမယ်။ ကုလို့ရလို့ ကောင်းသွား တဲ့အပေါ် ၀မ်းသာတယ်။ မုဒိတာဖြစ်မယ်။

❖ အေး တစ်ခါတစ်ရံကျတော့ ကုလို့မရတော့ဘူး။ ရောဂါကဆိုးနေပြီဆိုတဲ့အခါ ကရုဏာဖြစ်ပြီးတော့ အစွမ်းကုန်ကုပေး ပြီး မရတော့တဲ့အခါ နောက်ဆုံးမှာ ကံတရားအတိုင်းပဲလို့ ဥပေက္ခာနှလုံးသွင်းထားလိုက်ရမှာပဲ။ ပြောရမယ်ဆိုရင် ဒီဆေးပညာရှင်တွေမှာက ဒီဗြဟ္မစိုရ်တရားနဲ့ လည်ပတ်နေတဲ့ အလုပ်ကို လုပ်နေရတယ်။ ဒီစိတ်ဓာတ်တွေထားနိုင်မယ်ဆိုရင်တော့ ကုသိုလ်စိတ်တွေချည်းဖြစ်နေမှာပဲနော်။

❖ မေတ္တာကို အခြေခံထားပြီး ကရုဏာဖြစ်မယ်။ ရောဂါပျောက်ကင်းတော့ မုဒိတာဖြစ်မယ်။ ကုမရတော့ရင် ဥပေက္ခာဖြစ်မယ်။ ဒါသည် မြင့်မြတ်သောနှလုံးသားမှာဖြစ်ပေါ်နေတဲ့ ကုသိုလ်စိတ်တွေချည်းပဲနော်။ ဒီတရားတွေချည်း လွှမ်းမိုးနေတဲ့ဘ၀ သည် မြင့်မြတ်တဲ့ဘ၀ကို ပိုင်ဆိုင်ထားသူသာဖြစ်တယ်။ဒါကြောင့်မို့လို့ မြင့်မြတ်တဲ့ နှလုံးသားနဲ့သာ ကိုယ်လုပ်တဲ့ အလုပ်တိုင်းကို တည်ဆောက်တော့မယ်လို့ သံဓိဋ္ဌာန်ချလို့ ကြိုးစားသွားမယ်ဆိုရင် မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်လာကြမှာမလွဲဘူးလို့ ဟောပြောရင်းနဲ့ အားလုံးလည်း မြင့်မြတ်တဲ့ နှလုံးသားပိုင်ရှင်များ ဖြစ်နိုင်ကြပါစေကုန်သတည်း။
သာဓု သာဓု သာဓု။

မှတ်ချက်။ ။ ဝါဆိုသင်္ကန်းကပ်လှူပွဲတွင် ဟောကြားသောတရားတော်အား အပိုင်းခွဲ၍ ဝေမျှခြင်းဖြစ်သည်။

★ _/\\_ သဗ်ဗဒါနံ ဓမ်မဒါနံ ဇိနာတိ၊ _/\\_ ★

ဓမ္မမိတ်ဆွေများ အသိပညာဗဟုသုတနှင့်
ကုသိုလ်တရားများ စဉ်ဆက်မပြတ်
တိုးပွားနိုင်ကြပါစေခင်ဗျာ။
ဤကောင်းမှုသည် မြတ်နိဗ္ဗာန်ကိုကျေးဇူးပြုပါစေ....
မေတ္တာဖြင့် ပြန်လည်မျှဝေခြင်းသာ …

တန်ဆောင်တိုင် လပြည့်နေ့ မှာရွှေခတ္တာအထူးကုဆေးခန်း ၏မြင်ကွင်းပုံရိပ်များwww.shwekhatta.com09880354586
15/11/2024

တန်ဆောင်တိုင် လပြည့်နေ့ မှာ
ရွှေခတ္တာအထူးကုဆေးခန်း ၏
မြင်ကွင်းပုံရိပ်များ

www.shwekhatta.com
09880354586

" ဆီမီးမြိုင်မြိုင် လ တန်ဆောင်တိုင် "သာမညဖလအခါတော်နေ့ တန်ဆောင်တိုင် အခါသမယမှာ မြန်မာနိုင်ငံသားများအားလုံး စိတ်အေးချမ်းမြ...
15/11/2024

" ဆီမီးမြိုင်မြိုင် လ တန်ဆောင်တိုင် "

သာမညဖလအခါတော်နေ့

တန်ဆောင်တိုင် အခါသမယမှာ

မြန်မာနိုင်ငံသားများအားလုံး

စိတ်အေးချမ်းမြေ့ သာယာစွာ ဖြင့်

စီးပွါးလာဘ်လာဘ တိုးပွါးပါစေကြောင်း

“ ရွှေခတ္တာ အထူးကုဆေးခန်း “ မှ

ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်

🙏🏻✨️🙏🏻

#တန်ဆောင်တိုင်
#တန်ဆောင်မုန်းလပြည့်နေ့
#ဆုတောင်း
#ရွှေခတ္တာ
#ကျန်းမာရေး
#ဆေးပေါင်းခတဲ့ည

🪔 မင်္ဂလာ အပေါင်းနှင့်ပြည့်စုံသောသီတင်းကျွတ် အခါသမယ မှာတန်ဖိုးထား ချစ်ခင်ရသောမိသားစုဝင်များနှင့် အတူစိတ်ကြည်နူး ပျော်ရွှ...
17/10/2024

🪔 မင်္ဂလာ အပေါင်းနှင့်ပြည့်စုံသော
သီတင်းကျွတ် အခါသမယ မှာ
တန်ဖိုးထား ချစ်ခင်ရသော
မိသားစုဝင်များနှင့် အတူ
စိတ်ကြည်နူး ပျော်ရွှင်
ချမ်းမြေ့ နိုင်ပါစေကြောင်း
“ ရွှေခတ္တာ “ ဆေးခန်း မှ ဆုမွန်ကောင်းတောင်းပေးပါရစေ…🪔
🙏🏻🙏🏻🙏🏻

စမ်းချောင်းမြို့နယ်မှ
မိဘပြည်သူများအတွက်
အနွေးထွေးဆုံးသော
ကျန်းမာရေး စောင့်ရှောက်မှုများ
ပေးစွမ်းနိုင်ရန်
အကောင်ဆုံး ကြိုးစားပေးနေသော
❝ ရွှေခတ္တာ ဆေးခန်း ❞

🔻🔻🔻🔻🔻🔻🔻🔻🔻🔻
ရွှေခတ္တာ အထူးကုဆေးခန်း
ဆေးခန်းဖွင့်ချိန် 🕗 ~ 🕖
💛 မနက် (၈) နာရီမှ ည (၇) နာရီ အထိ
💚 နေ့စဉ် - ပိတ်ရက်မရှိ ( 𝙊𝙥𝙚𝙣 𝘿𝙖𝙞𝙡𝙮 )
❤️ အမှတ် ၂၉၊ မင်္ဂလာလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်။

ဆက်သွယ်လိုပါက
𝐇𝐨𝐭𝐥𝐢𝐧𝐞 : 𝟎𝟗𝟖𝟖𝟎𝟑𝟓𝟒𝟓𝟖𝟔
𝐇𝐨𝐭𝐥𝐢𝐧𝐞 : 𝟎𝟗𝟕𝟔𝟖𝟎𝟓𝟗𝟒𝟓𝟒
𝐎𝐟𝐟𝐢𝐜𝐞 : 𝟎𝟗𝟐𝟓𝟎𝟏𝟓𝟎𝟎𝟒𝟒

🌐 𝐖𝐞𝐛𝐬𝐢𝐭𝐞 : https://shwekhatta.com/

မြေပုံ - https://maps.app.goo.gl/rJNenS93v4HLHrJR8?g_st=iv617

Viber ဖြင့် ကျန်းမာရေး သိလိုသမျှမေးရန်- https://invite.viber.com/ ...

𝙈𝙚𝙙𝙞𝙘𝙖𝙡 𝙥𝙖𝙘𝙠𝙖𝙜𝙚 : https://www.facebook.com/share/Ya35PQVwthjeVBN2/?mibextid=WC7FNe

#သီတင်းကျွတ် #လူကြီးမိဘ
#ရွှေခတ္တာ
#နှလုံး
#မိုးရာသီတုပ်ကွေးကာကွယ်ဆေး
#လေးမျိုးစပ်တုပ်ကွေးကာကွယ်ဆေး


#အိမ်ပင့်


#ဝန်ထမ်းကဒ် #ဆေးခန်း
ိုး ိုး ိုး

 #ရွှေခတ္တာ  #အထူးကုဆေးခန်းကြီး ကို ကူညီစောင့်ရှောက် ပေးသောဆရာသမားများ ဆရာ ဆရာမကြီးများ အတွက်ဝါကျွတ်ကန်တော့ရန်ဂါဝရပြုလက်...
16/10/2024

#ရွှေခတ္တာ #အထူးကုဆေးခန်းကြီး ကို
ကူညီစောင့်ရှောက် ပေးသော
ဆရာသမားများ
ဆရာ ဆရာမကြီးများ အတွက်
ဝါကျွတ်ကန်တော့ရန်
ဂါဝရပြုလက်ဆောင်များ
စီစဉ်ပေးခဲ့ပါသည်

လေးစားချစ်ခင် တန်ဖိုးထားရသော
ဆရာ ဆရာမကြီးတို့အား
ကျေးဇူးအထူးပင်တင်ရှိပါသည် ခင်ဗျာ…
🙏🏻🙏🏻🙏🏻
www.shwekhatta.com
#ရွှေခတ္တာ

#သမားတော် #သားဖွားမီးယပ် #ခွဲစိတ်
#အရေးပြား #ဓါတ်မှန် #ကလေး #အထူးကု
#သီတင်းကျွတ်ကာလ
#ဝါကျွတ်ကန်တော့ပွဲ

Address

No(29), Mingalar Street, Sanchaung Township, Yangon
Sanchaung
11111

Opening Hours

Monday 08:00 - 19:00
Tuesday 08:00 - 19:00
Wednesday 08:00 - 19:00
Thursday 08:00 - 19:00
Friday 08:00 - 19:00
Saturday 08:00 - 19:00
Sunday 08:00 - 19:00

Telephone

+959880354586

Alerts

Be the first to know and let us send you an email when Khatta Clinic , Diagnostic & Home care services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Khatta Clinic , Diagnostic & Home care services:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category