
23/06/2025
ယနေ့ ၂၂.၆.၂၀၂၅ရက်နေ့တွင်
နိုင်ငံ -MAX ဆေးရုံမှ ဆရာဝန်ကြီးများသည် မြန်မာနိုင်ငံ ရန်ကုန်မြို့ Park Royal Hotel တွင် ကျန်းများရေးဟောပြောပွဲပြုလုပ်ပေးခဲ့ပါတယ်။
ဆွေးနွေးမှုပြုလုပ်ပေးခဲ့သောဆရာဝန်ကြီးများမှာ
👨⚕️Dr.Abhideep Chaudhary (အသည်းအစားထိုးခွဲစိတ်အထူးကုဆရာဝန်ကြီး) နှင့်
👨⚕️Dr. Ramji Mehrotra ( နှလုံးနှင့် နှလုံးသွေးကြောဆိုင်ရာ ခွဲစိတ်ကုဆရာဝန်ကြီး)
ဆရာကြီးတို့ မှာ အတွေ့အကြုံရင့်ကျက်ပြီး လူနာများကို ခွဲစိတ်ကုသပေးခြင်းမျိုး ထောင်ကျော်ပြုလုပ်ပေးခဲ့သော အတွေ့အကြုံမှားနှင့်တကွ လူနာနာများအား ဆေးပညာဗဟုသုတများ မျှဝေရင်း ဟောပြောပွဲကို အောင်မြင်စွာပြုလုပ်ခဲ့ပါတယ်။
ဤကျန်းမာရေး ဟောပြောပွဲအစီအစဉ်ကို BLK MAX Super Speciality Hospital နှင့်အတူ ကျမတို့ New Life Health Care နှင့်Medic Sphereတို့ ပူးပေါင်းကာ စီစဉ်ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဆရာကြီးများမှ ဟောပြောပွဲပြီးချိန်တွင် လူနာများသိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးပေးခဲ့ပါတယ်။
အခန်းအနားအစီအစဉ်အရ ဆရာကြီးများဟောပြောပြီးချိန်တွင် ကြွရောက်လာသော ဧည့်သည်တော်များကို ကံစမ်းမဲများဖောက်ပေးခဲ့ပြီး၊
အစားအသောက်များဖြင့် ဧည့်ခံခဲ့ပါတယ်။
ယနေ့ပွဲကိုတက်ရောက်လာကြသော လူနာသစ်၊ လူနာဟောင်းများ ဖိတ်ကြားထားသောဧည်သည်တော်များနှင့် ဂုဏ်သရေရှိလူကြီးမင်းများအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။
ထို့နောက် အဖက်ဖက်မှကူညီပေးကြသော New Life Healthcare team memberမျာ
MSMTeam member များနှင့်
ချစ်ခြင်းအားဖြင့် ကျမတို့ကို အကူအညီပေးခဲ့သူ တယောက်ခြင်းစီတိုင်းကိုလဲ အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင့်။
Video များကို commentတွင်တင်ပေးထားမှာမို့ ဝင်ရောက်ကြည့်ရှူနိုင်ပါတယ်
နောက်နောင်များတွင်လဲ အခုလို ကျန်းမာရေးဟောပွဲပြောအစီအစဉ်များကိုစဉ်ဆက်မပြတ်ပြုလုပ်ပေးသွားမှာဖြစ်လို့။ လာရောက်ကြဖို့ ဖိတ်ခေါ်ပါတယ်ရှင်။
မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေ။
🙏🏻🥰🙏🏻