Family Dental Clinic - မိသားစု သွားနှင့်ခံတွင်းဆေးခန်း

  • Home
  • Myanmar
  • Sanchaung
  • Family Dental Clinic - မိသားစု သွားနှင့်ခံတွင်းဆေးခန်း

Family Dental Clinic - မိသားစု သွားနှင့်ခံတွင်းဆေးခန်း Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Family Dental Clinic - မိသားစု သွားနှင့်ခံတွင်းဆေးခန်း, Sanchaung.

သွားတစ်ချောင်း နဲ့ပြီးကျွတ်သွားတာလေးကို ဘေးသွားနှစ်ချောင်းနဲ့တွဲပြီး ကြွေသွားစိုက်ပေးထားတာလေးပါရှင့် ကုသမှုနှင့် ပတ်သက်ပ...
27/03/2024

သွားတစ်ချောင်း နဲ့ပြီးကျွတ်သွားတာလေးကို

ဘေးသွားနှစ်ချောင်းနဲ့တွဲပြီး

ကြွေသွားစိုက်ပေးထားတာလေးပါရှင့်

ကုသမှုနှင့် ပတ်သက်ပြီး စိတ်ဝင်စားပါက

ဆေးခန်းဖွင့်ချိန် နေ့လည် ၂ နာရီမှ ညနေ ၆ နာရီ အထိ

ဖုန်းဖြင့် ကြိုတင် booking တင်၍ လည်းကောင်း

လာရောက်ပြသလို့ရပါတယ်ရှင့်

*တနင်္ဂနွေနေ့တိုင်း ဆေးခန်းပိတ်ပါသည်။

✨ ဆေးခန်းလိပ်စာ 🏥 အမှတ် (၁၃) ဆီဆုံလမ်း၊

စမ်းချောင်းမြို့နယ် ( တောင် )၊ ရန်ကုန်မြို့။

သွားနှင့်ခံတွင်းကုသမှုများနှင့် ပတ်သက်၍ သိရှိလိုပါက

☎️ 09795257155 သို့ဆက်သွယ်၍ လည်းကောင်း

Page chat box သို့လည်းကောင်း အသေးစိတ်

စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်

သွားစိန်ကပ်ခြင်း 💎 သွားစိန်ကပ်ခြင်းက ခုခေတ်လူငယ်တွေတော်တော်များများ အလှအပအနေနဲ့ကပ်လာကြပါပြီပြံုးလိုက်ရယ်လိုက်တဲ့အချိန်မှ...
13/03/2024

သွားစိန်ကပ်ခြင်း 💎

သွားစိန်ကပ်ခြင်းက ခုခေတ်လူငယ်တွေ

တော်တော်များများ အလှအပအနေနဲ့ကပ်လာကြပါပြီ

ပြံုးလိုက်ရယ်လိုက်တဲ့အချိန်မှာ

သူများနဲ့မတူ ပေါ်လွင်ချင်သူများအတွက်

သွားကိုစက်နဲ့စားစရာမလို

မနာကျင်ပဲ ကပ်လို့ရနေပါပြီရှင့် ☺️

နောက်ပိုင်း ပြန်ဖြုတ်ချင်ရင်တောင်

ကပ်ထားတဲ့သွားကို မထိခိုက်မပျက်စီးစေပဲ

ဖြုတ်လို့ရပါတယ်ရှင့်

ကုန်ကျစရိတ်စျေးနှုန်းလေးကို cb မှာလည်း

မေးမြန်းနိုက်ပါတယ်နော်

ကုသမှုနှင့် ပတ်သက်ပြီး စိတ်ဝင်စားပါက

ဆေးခန်းဖွင့်ချိန် နေ့လည် ၂ နာရီမှ ညနေ ၆ နာရီ အထိ

ဖုန်းဖြင့် ကြိုတင် booking တင်၍ လည်းကောင်း

လာရောက်ပြသလို့ရပါတယ်ရှင့်

*တနင်္ဂနွေနေ့တိုင်း ဆေးခန်းပိတ်ပါသည်။

✨ ဆေးခန်းလိပ်စာ 🏥 အမှတ် (၁၃) ဆီဆုံလမ်း၊

စမ်းချောင်းမြို့နယ် ( တောင် )၊ ရန်ကုန်မြို့။

သွားနှင့်ခံတွင်းကုသမှုများနှင့် ပတ်သက်၍ သိရှိလိုပါက

☎️ 09795257155 သို့ဆက်သွယ်၍ လည်းကောင်း

Page chat box သို့လည်းကောင်း အသေးစိတ်

စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်

နှစ်လကြာရှည်စွာ ကွမ်းစားလာသူများနှင့်ကွမ်းဖြတ်ချင်သူများအတွက်ကွမ်းဂျိုးခြစ်ခြင်းများပြုလုပ်ခြင်းဖြင့်သန့်ရှင်းလှပသောသွား...
07/09/2023

နှစ်လကြာရှည်စွာ ကွမ်းစားလာသူများနှင့်

ကွမ်းဖြတ်ချင်သူများအတွက်

ကွမ်းဂျိုးခြစ်ခြင်းများပြုလုပ်ခြင်းဖြင့်

သန့်ရှင်းလှပသောသွားနှင့်ခံတွင်းကို

ပြန်လည်ပိုင်ဆိုင်မှာဖြစ်ပါတယ် 😃

အောက်ကပုံလေးက ကွမ်းဂျိုးခြစ်ပြီးနှင့်

မခြစ်ခင်ပုံလေးပါရှင့် 💫

ကုသမှုနှင့် ပတ်သက်ပြီး စိတ်ဝင်စားပါက

ဆေးခန်းဖွင့်ချိန် နေ့လည် ၂ နာရီမှ ညနေ ၆ နာရီ အထိ

ဖုန်းဖြင့် ကြိုတင် booking တင်၍ လည်းကောင်း

လာရောက်ပြသလို့ရပါတယ်ရှင့်

*တနင်္ဂနွေနေ့တိုင်း ဆေးခန်းပိတ်ပါသည်။

✨ ဆေးခန်းလိပ်စာ 🏥 အမှတ် (၁၃) ဆီဆုံလမ်း၊

စမ်းချောင်းမြို့နယ် ( တောင် )၊ ရန်ကုန်မြို့။

သွားနှင့်ခံတွင်းကုသမှုများနှင့် ပတ်သက်၍ သိရှိလိုပါက

☎️ 09795257155 သို့ဆက်သွယ်၍ လည်းကောင်း

Page chat box သို့လည်းကောင်း အသေးစိတ်

စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်

ယနေ့ဆေးခန်းတွေ တပ်ဆင်ပေးလိုက်သောအပေါ်အံကပ်အပြည့် ( upper full denture ) နှင့် အောက်အံကပ် ( lower partial denture )ပါရှင်...
09/03/2023

ယနေ့ဆေးခန်းတွေ တပ်ဆင်ပေးလိုက်သော

အပေါ်အံကပ်အပြည့် ( upper full denture ) နှင့်

အောက်အံကပ် ( lower partial denture )ပါရှင့်

သွားတစ်ချောင်းမှမရှိသူများနှင့်

သွားအနည်းငယ်သာရှိပြီး အံကပ်ပြုလုပ်ချင်သော

ဘိုးဘိုးဘွားဘွားဦးဦးဒေါ်ဒေါ်များအတွက်

အသက်သာဆုံးစျေးနှုန်းများနှင့် ပြုလုပ်ပေးနေပါပြီ

ကုသမှုနှင့် ပတ်သက်ပြီး စိတ်ဝင်စားပါက

ဆေးခန်းဖွင့်ချိန် နေ့လည် ၂ နာရီမှ ညနေ ၆ နာရီ အထိ

ဖုန်းဖြင့် ကြိုတင် booking တင်၍ လည်းကောင်း

လာရောက်ပြသလို့ရပါတယ်ရှင့်

*တနင်္ဂနွေနေ့တိုင်း ဆေးခန်းပိတ်ပါသည်။*

✨ ဆေးခန်းလိပ်စာ 🏥 အမှတ် (၁၃) ဆီဆုံလမ်း၊

စမ်းချောင်းမြို့နယ် ( တောင် )၊ ရန်ကုန်မြို့။

သွားနှင့်ခံတွင်းကုသမှုများနှင့် ပတ်သက်၍ သိရှိလိုပါက

☎️ 09795257155 သို့ဆက်သွယ်၍ လည်းကောင်း

Page chat box သို့လည်းကောင်း အသေးစိတ်

စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်

ဖြူဖွေးသောသွားလေးတွေနဲ့လှပသောအပြုံးလေးတွေပိုင်ဆိုင်နိုင်ဖို့Tooth whitening treatment ကုသမှုကိုခံယူဖို့လှမ်းခဲ့လိုက်ပါနေ...
10/02/2023

ဖြူဖွေးသောသွားလေးတွေနဲ့

လှပသောအပြုံးလေးတွေပိုင်ဆိုင်နိုင်ဖို့

Tooth whitening treatment ကုသမှုကိုခံယူဖို့

လှမ်းခဲ့လိုက်ပါနော်

Whitening treatment တစ်ခုထဲမဟုတ်ပဲ

သွားကျောက်ခြစ်ခြင်း ခံတွင်းသန့်ရှင်းရေးလုပ်ခြင်း

(Dental Scaling treatment)ပါပါဝင်ပါတယ်ရှင့်

Dentamerica တံဆိပ် tooth whitening kit လေး

ကိုအသုံးပြုထားတာဖြစ်ပါတယ်ရှင့်

ကုသမှုနှင့် ပတ်သက်ပြီး စိတ်ဝင်စားပါက

ဆေးခန်းဖွင့်ချိန် နေ့လည် ၂ နာရီမှ ညနေ ၆ နာရီ အထိ

ဖုန်းဖြင့် ကြိုတင် booking တင်၍ လည်းကောင်း

လာရောက်ပြသလို့ရပါတယ်ရှင့်

*တနင်္ဂနွေနေ့တိုင်း ဆေးခန်းပိတ်ပါသည်။

✨ ဆေးခန်းလိပ်စာ 🏥 အမှတ် (၁၃) ဆီဆုံလမ်း၊

စမ်းချောင်းမြို့နယ် ( တောင် )၊ ရန်ကုန်မြို့။

သွားနှင့်ခံတွင်းကုသမှုများနှင့် ပတ်သက်၍ သိရှိလိုပါက

☎️ 09795257155 သို့ဆက်သွယ်၍ လည်းကောင်း

Page chat box သို့လည်းကောင်း အသေးစိတ်

စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်

🌟 မင်္ဂလာပါရှင့် Family Dental Clinic မှ ကြိုဆိုပါတယ်ရှင့် ✨ သွားနှင့်ခံတွင်းရောဂါဝေဒနာများနှင့် အခြားသွားအလှအပဆိုင်ရာပြ...
08/09/2022

🌟 မင်္ဂလာပါရှင့်

Family Dental Clinic မှ ကြိုဆိုပါတယ်ရှင့်

✨ သွားနှင့်ခံတွင်းရောဂါဝေဒနာများနှင့်

အခြားသွားအလှအပဆိုင်ရာပြုပြင်မှုများအတွက်

ဆေးခန်းဖွင့်ချိန် နေ့လည် ၂ နာရီမှ ညနေ ၆ နာရီ အထိ

ဖုန်းဖြင့် ကြိုတင် booking တင်၍ လည်းကောင်း

လာရောက်ပြသလို့ရပါတယ်ရှင့်

*တနင်္ဂနွေနေ့တိုင်း ဆေးခန်းပိတ်ပါသည်။

✨Family Dental Clinic တွင်ရရှိနိုင်သော ဆေးကုသမှုများ

⭐️ သွားနှင့်ခံတွင်းစစ်ဆေးပေးခြင်း

⭐️ သွားပိုးပေါက်များကို ဖာပေးခြင်း

⭐️သွားအကြောထုတ်ကုသပေးခြင်း

⭐️သွားနှုတ်ခြင်းနှင့် အံဆုံးသွားနှုတ်ခြင်း

⭐️သွားအသေစိုက်ခြင်း နှင့် အံကပ်ပြုလုပ်ခြင်း

⭐️သွားညှိကုသခြင်း

⭐️သွားများကို ဖြူဖွေးအောင်ပြုလုပ်ခြင်း

⭐️သွားကျောက်ခြစ်သန့်ရှင်းပေးခြင်း

⭐️သွားစိန်ကပ်ခြင်း

⭐️သွားနှင့်ပတ်သက်သော အခြားအထွေထွေကုသမှုများ

✨ ဆေးခန်းလိပ်စာ 🏥 အမှတ် (၁၃) ဆီဆုံလမ်း၊

စမ်းချောင်းမြို့နယ် ( တောင် )၊ ရန်ကုန်မြို့။

သွားနှင့်ခံတွင်းကုသမှုများနှင့် ပတ်သက်၍ သိရှိလိုပါက

☎️ 09795257155 သို့ဆက်သွယ်၍ လည်းကောင်း

Page chat box သို့လည်းကောင်း အသေးစိတ်

စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်

20/08/2021
👄 ပြုံးရယ်လိုက်တိုင်း မှာ သွားတွေဝါနေလို့ မိမိကိုယ်ကို ယုံကြည်မှုနည်းနေပါသလား 👀သွားအရောင် ကို ရှိရင်းစွဲအရောင်ထက် ပိုမို...
19/01/2021

👄 ပြုံးရယ်လိုက်တိုင်း မှာ သွားတွေဝါနေလို့
မိမိကိုယ်ကို ယုံကြည်မှုနည်းနေပါသလား 👀

သွားအရောင် ကို ရှိရင်းစွဲအရောင်ထက် ပိုမို ဖြူဖွေးပြီး ယုံကြည်မှုရှိရှိပြုံးရယ်နိုင်ဖို့ Family Dental Clinic 👨🏼‍⚕️👩🏼‍⚕️က ကူညီပေးပါရစေရှင်

⏱ အချိန် 1 နာရီ ခန့် ပေးရုံနဲ့ နာကျင်မှု မရှိဘဲ သွားများဖြူဖွေးလှပစေဖို့ USA made ဆေးကို အသုံးပြုထားတဲ့ Laser Teeth Whitening Treatment ကို အခုဘဲ 09795257155 Booking လုပ်ပြီး Confidence ရှိရှိ ပြုံးရယ်လိုက်ပါ🦷 ☎️ 👄

အသေးစိတ်သိလိုပါက chat box တွင် မေးမြန်းနိုင်ပါတယ်😇

#သွားဖြူစေရန်


Family Dental Clinic
၁၃ ဆီဆုံလမ်း စမ်းချောင်း(တောင်) ရန်ကုန်မြို့
📲 09795257155

သွားအကြောထုတ် ကုသမူ ယူထားသောသွားကို ဘာကြောင့် သွားအစွပ် ပြန်စွပ်သင့်တာလဲ❓❓==================သွားအကြောထုတ် ကုသမူ ( Root c...
11/12/2020

သွားအကြောထုတ် ကုသမူ ယူထားသောသွားကို ဘာကြောင့် သွားအစွပ် ပြန်စွပ်သင့်တာလဲ❓❓

==================
သွားအကြောထုတ် ကုသမူ ( Root canal treatment ) လုပ်ထားသောသွားများသည် ပုံမှန်သွားထက် အားနည်းမူရှိပါတယ်။ အကြောင်းကတော့ သွားရဲ့အတွင်းပိုင်းမှာရှိတဲ့ ရောင်ရမ်း၍ပိုးဝင်နေသောအကြောကလေး များကို ဆေးကြော ရှင်းထုတ် သန့်စင်ပြီး အကြောတု အစားထိုး ကာ ပြန်ဖာထားခြင်းကြောင့်ဖြစ်ပါတယ်။

အကြောထုတ်ထားတဲ့ သွားတွေဟာ ကိုယ့်ရဲ့ သဘာဝသွားထက်အားနည်းပြီး ကြွတ်ဆတ်ကာ ကျိုးပဲ့လွယ် အက်လွယ် တတ်ကြပါတယ်။ သွားရဲ့ အတွင်းပိုင်းကနေ အားဖြည့်ပေးတဲ့ သွေးကြောလေးတွေ, အာရုံကြောလေးတွေ မရှိတော့ဘဲ အကြောတု ထည့်ပြီး ကုသထားတဲ့အတွက်ကြောင့် ပုံမှန်စားတဲ့ ဝါးတဲ့ဒဏ်တွေ ကို ခံနိုင်ရည်အားနည်းနေကြပါပြီ။ အဲ့လိုအချိန်မှာကိုက အမာတွေဝါးမယ်, ကိုက်မယ်ဆိုရင်သေချာပေါက်ကို ကွဲအက်သွား​​တော့မှာပါ။

ထို့ကြောင့် အကြောထုတ်ပြီးတဲ့အခါ ကုသမှုအောင်မြင်ပါက အမြန်ဆုံး သွားအစွပ် စွပ် သင့်ပါတယ်။ စားတဲ့ဝါးတဲ့ အခါ အဓိက သုံးတဲ့ နောက်အံသွားတွေဟာဆိုရင် အကြောထုတ်ပြီးတဲ့ချိန်မှာ သဘာဝသွား ထက် ၆ ဆပိုပြီး အားနည်းသွားတဲ့အတွက် အက်လွယ် ကွဲလွယ် တတ်သဖြင့် ပိုလို့တောင် သွားအစွပ်စွပ်ပေးဖို့ လိုအပ်ပါသေးတယ်။

✅ ဒါကြောင့်မို့ မိမိတို့ရဲ့ အကြောထုတ်ပြီးသားသွားလေးတွေ ပိုမိုကြာရှည် ကောင်းမွန်စွာ အသုံးပြုနိုင်ကြဖို့ သွားအစွပ်လေးတွေပြန်စွပ်ပေးကြဖို့တော့ လိုအပ်ပါလိမ့်မယ်နော်။

သွားနှင့်ခံတွင်းဆိုင်ရာ ရောဂါများနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုသည်များကို chat box မှဖြစ်စေ ဆေးခန်းဖုန်းမှ တစ်ဆင့်ဖြစ်စေ တိုင်ပင်ဆွေးနွေးလို့ရပါတယ်။

#သွားအစွပ်စွပ်ခြင်း
#သွားအကြောသတ်ခြင်း

Family Dental Clinic
ဆေးခန်းလိပ်စာ- အမှတ်(၁၃) ဆီဆုံလမ်း ၊ စမ်းချောင်းတောင်ရပ်ကွက်၊ ရန်ကုန်မြို့
☎️- 09795257155

သွားနူတ်ပြီး ဘာလို့သွားပြန်စိုက်သင့်တာလဲ❓❓အံဆုံးသွား (wisdom tooth) (၄) ချောင်းကလွဲရင် ကျန်တဲ့ကြီးသွားများအားလုံး နှုတ်ပ...
28/11/2020

သွားနူတ်ပြီး ဘာလို့သွားပြန်စိုက်သင့်တာလဲ❓❓

အံဆုံးသွား (wisdom tooth) (၄) ချောင်းကလွဲရင် ကျန်တဲ့ကြီးသွားများအားလုံး နှုတ်ပြီးတာနဲ့ ပြန်စိုက်(အစားထိုး)ဖို့လိုအပ်ပါတယ် ။

✅သွားပြန်စိုက်သင့်တဲ့အကြောင်းရင်းများ
-
1. သွားနှုတ်ပြီး ၆ လ ကြာတာနဲ့ ယင်းသွားနေရာရဲ့ ဘေးနှစ်ဖက်မှာ ရှိတဲ့ သွားတွေဟာ တစ်ဖြေးဖြေး ယိုင်နဲ့လာနိုင်ပါတယ်။ အပေါ်သွားဆို အောက်မှာ သူနဲ့ထိမယ့်သွားမရှိတော့တဲ့အတွက် အောက်သို့ ရှည်ကျလာနိုင်ပါတယ် ။
⭕ဒီလို ယိုင်နဲ့ လာသောအခါမှ သွားစိုက်ရင် ခက်ခဲမူရှိပါတယ်။
⭕သမားရိုးကျ သွားစိုက်နည်းတွေ နဲ့ သွားစိုက်လို့မရတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

2. အံသွား(အနောက်သွား)တွေ ဆုံးရှုံးသွားတာကြာတဲ့အခါ မျက်နှာပုံစံက ချိုင့်ဝင်ပြီး အသက်ကြီးသယောင် ထင်ရစေပါတယ်။ အကြောင်းကတော့ သွားမရှိတော့တဲ့အတွက် အဲ့ပတ်ဝန်းကျင်က အရိုးတွေ ပျက်စီးပြီး ကြွက်သားတွေ လျော့ပါးလာလို့ဘဲဖြစ်ပါတယ် ။

3. မိမိရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေခြင်း
ရှေ့သွားတွေ ဆုံးရှုံးတဲ့အခါ ပိုပြီး သိသိသာသာစိတ်ထိခိုက်စေနိုင်ပါတယ်။ ရယ်ပြပြုံးပြတဲ့အခါ မိမိကိုယ်ကိုယုံကြည်မှုလျော့နည်းလာခြင်း, အစာစားရာတွင် ခက်ခဲမှုရှိခြင်း weight ကျဆင်းခြင်း , အစာများ မကြေညက်ခြင်း စတဲ့ ပြသာနာတွေခံစားရနိုင်ပါတယ် ။

၄. မေးရိုးဆစ် ပြသာနာများဖြစ်လာနိုင်ခြင်း
( ဥပမာ-အစာဝါးသည့်အခါ နာခြင်း, ပါးစပ်အဖွင့်ပိတ်လုပ်ရာတွင်နာခြင်း၊ အသံထွက်ခြင်း,etc..)

ဒီလိုအချက်တွေကြောင့် သွားနှုတ်ပြီးနောက် ခြောက်လထက်မကျော်စေဘဲ သွားစိုက်ဖို့လိုအပ်ပါတယ်။

======================

သွားစိုက်လို့ရတဲ့ နည်းလမ်းတွေကတော့

၁ - Dental implant ( သွားမြစ်တု စိုက်ခြင်း )
၂ - Denture ( အံကပ်အရှင် စိုက်ခြင်း )
၃ - Bridge ( ဘေးသွားများကို တွဲ၍ သွားအသေစိုက်ခြင်း ) တို့ဖြစ်ပါတယ်

✳️ဒီလို သွားပြန်စိုက်ခြင်းတွေ မလုပ်ချင်ဘူးဆိုရင်တော့ မိမိတို့ရဲ့ သဘာဝ သွားလေးတွေကို ကျန်းမာအောင် အမြဲ ဂရုစိုက်ကြဖို့လိုပါတယ်နော် ✳️

သွားနှင့်ခံတွင်းဆိုင်ရာ ရောဂါများနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုသည်များကို chat box မှဖြစ်စေ ဆေးခန်းဖုန်းမှ တစ်ဆင့်ဖြစ်စေ တိုင်ပင်ဆွေးနွေးလို့ရပါတယ်။


#ဘာလို့သွားပြန်စိုက်သင့်လဲ #သွားစိုက်


Family Dental Clinic
🏩ဆေးခန်းလိပ်စာ- အမှတ်(၁၃) ဆီဆုံလမ်း ၊ စမ်းချောင်းတောင်ရပ်ကွက်၊ ရန်ကုန်မြို့

☎️- 09795257155

လူအများ လျစ်လျူရှုထားကြတဲ့ သွားပွတ်ကြိုးလေးများ============================လူအများစုဟာ နေ့စဉ် သွားတိုက်ကြပေမယ့် သွားပွတ်...
18/11/2020

လူအများ လျစ်လျူရှုထားကြတဲ့ သွားပွတ်ကြိုးလေးများ
============================

လူအများစုဟာ နေ့စဉ် သွားတိုက်ကြပေမယ့် သွားပွတ်ကြိုးလေးတွေကို သုံးဖို့ မေ့လျော့နေတတ်ကြပါတယ်။ နည်းစနစ် မှန်ကန်စွာ သုံးမယ်ဆိုရင် Floss လေးတွေဟာ သွားတိုက်တဲ့အခါ သွားပွတ်တံအမျှင်တွေ မရောက်နိုင်တဲ့ သွားနှစ်ချောင်းကြားရှိ သွားချေးလွှာ၊ ဘတ်တီးရီးယား နဲ့ အစာအကြွင်းအကျန်တွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပါတယ်။

✅Floss ဆွဲခြင်းဖြင့် ရရှိနိုင်တဲ့အကျိုးကျေးဇူးများ

~ သွားနှစ်ချောင်းကြား သွားပိုးစားခြင်းကို ကာကွယ်ပေး
ခြင်း
~ သွားဖုံးရောဂါကွယ်ပေးခြင်း
~ နှလုံးရောဂါဖြစ်နိုင်ချေကို ၂၀% လျော့ချပေးနိုင်ခြင်း
~ ခံတွင်းအနံ့အသက်ကောင်းမွန်စေခြင်း

ဈေးကွက်ထဲတွင် သွားပွတ်ကြိုးအမျိုးအစားများစွာရှိပါတယ်။
ဥပမာ-

▪Dental tape (သွားကျဲသူများ, သွားညှိထားခြင်းကြောင့် bracket များတပ်ထားရသူများ အတွက်ပိုမိုသုံးရလွယ်ကူစေပါတယ်)
▪Standard floss - ပုံမှန် သွားပွတ်ကြိုးအမျိုးအစား (waxed,unwaxed, floss with handle)
မိမိ အဆင်ပြေသော အမျိုးအစားကိုရွေးချယ်ပြီး အသုံးပြုသင့်ပါတယ်။
___________________________________________

✅ စနစ်မှန် floss အသုံးပြုနည်း

နည်းစနစ်မှန်မှန် floss လုပ်တတ်ဖို့ဟာအရမ်းအရေးကြီးပါတယ်။ ခုမှစပြီးအသုံးပြုသူတွေအနေနဲ့ အားအလွန်အကျွှံ မသုံးမိဖို့ အတင်းမဆွဲမိဖို့လိုပါတယ်။ အားများတဲ့အခါ သွားဖုံးသားတွေ ဒဏ်ဖြစ်ပြီး
သွေးထွက်သွားနိုင်ခြင်း၊ အစာများဘတ်တီးရီးယားများ သွားဖုံးအောက်သို့ သိပ်ထည့် လိုက်သလို ဖြစ်နိုင်တဲ့အတွက် ဂရုစိုက်ပြီး သုံးဖို့ လိုအပ်ပါတယ်။

- ပထမဦးစွာ ၁၈-၂၄ လက်မ အရှည်လောက် ကြိုးကိုဖြတ်ပါ
- ကြားတွင် ၂လက်မ ခန့်လောက် ခြားပြီး လက်ခလယ် နှစ်ချောင်းလုံးမှာ တစ်ပတ်စီ ကြိုးကိုပတ်ပါ
- ထို့နောက် လက်ညှိုး နဲ့ လက်မ ကို သုံး၍ ကြိုးကို မြဲမြံစွာကိုင်ပြီး သွားနှစ်ချောင်းကြားထဲ သို့ ဖြေးဖြေးချင်း ဆွဲချပါ
- သွားကြားရဲ့ မျက်နှာပြင် အတိုင်း “C” ပုံစံ အပေါ်အောက် ဖြေးဖြေးချင်းရွေ့ပြီး flossဖြင့် သန့်ရှင်းရေးလုပ်ပေးပါ

📌 Floss ဆွဲတဲ့အခါ ကျန်ခဲ့တဲ့သွားမရှိစေဖို့ ဂရုပြု
သင့်ပါတယ်
📌 သွားပွတ်ကြိုး ကို တစ်နေ့ တစ်ခါ အနဲဆုံး အသုံးပြု
ပေးသင့်ပါတယ်
📌 သွားပွတ်ကြိုး သုံးပြီးမှ သွားတိုက်သင့်ပါတယ် ( Flossသုံးရာမှထွက်လာသော အစာအကြွင်းကျန် အမှုန်အမွှားများ သွားတိုက် ရာတွင် ပါသွားစေရန်ဖြစ်ပါတယ်)

အောက်ပါ video လေးကနေ အသေးစိတ်လေ့လာနိုင်ပါတယ်
https://m.youtube.com/watch?v=-_55NJmF8us
____________________________________________

✅ သွားညှိထားလို့ Brace တပ်ထား တဲ့ သူတွေ ကရော Floss လုပ်ဖို့လိုလား??

​Brace တပ်ထားသူတွေ လဲ သွားပွတ်ကြိုး သုံးပေးဖို့ လိုအပ်ပါတယ်။ ပုံမှန် သွားပွတ်ကြိုးသုံးတဲ့ နည်းစနစ်နဲ့တော့အဆင်မပြေတဲ့အတွက် အောက်ပါ video လေးမှာ ဘယ်လို သုံးရမယ်ဆိုတာ အသေးစိတ်လေ့လာလို့ရပါတယ်
https://m.youtube.com/watch?v=vM-9R2ys_8A

ရိုးရိုး Floss အစားထိုးအနေနဲ့ water flosser နဲ့ Interdental flossing brushes တွေ သုံးပေးလို့လဲရပါတယ်။
💢 Floss ကိုင်ဖို့သုံးဖို့ အဆင်မပြေသူတွေအနေနဲ့ကတော့
Electric flosserတွေကို အသုံးပြုပေးနိုင်ပါတယ်။
___________________________________________

✅ ဒီ​လို သွားနဲ့ သွားဖုံးကျန်းမာရေးအတွက် အများကြီး ကောင်းကျိုးပေးနိုင်တဲ့ သွားပွတ်ကြိုးလေးများကို မမေ့မလျော့ဘဲ အသုံးပြုကြပါစို့နော်။

#သွားပွတ်ကြိုးလေးများ

Family dental clinic
13 ဆီဆုံလမ်း စမ်းချောင်း(တောင်) ရန်ကုန်မြို့
ဖုန်း - 0979525755

သွားပိုး လေး သေးသေးလေးပါသွား နဲနဲပဲ ပဲ့ နေတာဆိုပြီး နဲနဲလေးပါ.. သေးသေးလေးပါဆိုတဲ့ ဆင်ခြေတွေနဲ့ သင့်သွားကျန်းမာရေးကို လျစ...
14/11/2020

သွားပိုး လေး သေးသေးလေးပါ
သွား နဲနဲပဲ ပဲ့ နေတာ

ဆိုပြီး နဲနဲလေးပါ.. သေးသေးလေးပါဆိုတဲ့ ဆင်ခြေတွေနဲ့ သင့်သွားကျန်းမာရေးကို လျစ်လျူရှူမိနေပြီလား 💭💭💭

အဲ့ သေးသေးလေးကနေ သွား တခုလုံးရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်.

✅ ဘာကြောင့်လဲ
အပေါ်ဆုံး သွားကြွေလွှာဟာ ခန္ဓာကိုယ်မှာ အမာဆုံးဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အစားအသောက် နဲ့ ဘတ်တီးရီးယားဓာတ်ပြုမှုကြောင့်ဖြစ်ပေါ်လာတဲ့ အက်စစ်ဓာတ်နဲ့ ထိတွေ့တဲ့အခါ သွားကြေလွှာဟာ ဖြေးဖြေးချင်းပျော့လာပြီး အရောင်ပြောင်းလာတယ်။ ဒါကို သွားပိုးစားခြင်း လို့ ခေါ်ပါတယ်။
ဒီလို အချိန်မှာ ဂရုမစိုက်ဘဲ အမှတ်မဲ့နေလိုက်မယ်ဆိုရင် သွားပိုးပေါက် ဟာ တဖြေးဖြေးကြီးလာပြီး သွားကိုက်တာ၊ ကျဉ်တာတွေထိ ဖြစ်လာနိုင်ပါတယ်။ နောက်ဆုံးမှာ အကြောထိပြီး အမြစ်ထိပ်ထိ ရောဂါပိုးများ ပြန့်နှံ့သွားနိုင်လို့ မပေါ့ဆသင့်ပါဘူးနော်။

💯 ဒါကြောင့် သွားတစ်ချောင်း အလဟသ မဖြစ်ရအောင် သွားသန့်ရှင်းရေး သေချာလုပ်ပေးပါ။ သွားပိုးစားတာ၊ သွားပဲ့တာ စတဲ့ အခြေအနေတွေ ကြုံ လာရင်လည်း ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး ကုသမှု ခံယူပါလို့ အကြံပြုချင်ပါတယ်။

💡 နောက်ပိုစ့်တွေ မှာလည်း သွား စနစ်တကျ သန့်ရှင်းရေး လုပ်နည်းတွေ၊ သွားပိုးဖာတာ သွားအကြောထုတ်တာတွေနဲ့ ပတ်သတ်ပြီး ဆက်လက်ဝေမျှသွားမှာမလို့ page လေးကို like and follow ပြုလုပ်ထားပေးပါ။ အကြောင်းအရာလေးတွေ တခြားသူတွေလည်းသိရအောင် ဝေမျှပေးသွားပါဦးနော်။

Sharing is caring!

#သွားပိုးပေါက် #သွားပဲ့ #သွားအက် #သွားဖာ #သွားပိုး


Family Dental Clinic
Address - ၁၃ ဆီဆုံလမ်းစမ်းချောင်း(တောင်) ရန်ကုန်
Phone - 09795257155

Address

Sanchaung

Opening Hours

Monday 14:00 - 19:00
Tuesday 14:00 - 19:00
Wednesday 14:00 - 19:00
Thursday 14:00 - 19:00
Friday 14:00 - 19:00
Saturday 14:00 - 19:00
Sunday 14:00 - 19:00

Telephone

09795257155

Website

Alerts

Be the first to know and let us send you an email when Family Dental Clinic - မိသားစု သွားနှင့်ခံတွင်းဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Family Dental Clinic - မိသားစု သွားနှင့်ခံတွင်းဆေးခန်း:

Share