Tharaphy Healing Space

Tharaphy Healing Space This space is intent for people who want to decrease stress, want to reset their tired mind, want to

10/08/2022

လာမယ့်စနေနေ့ August လ 13 ရက်နေ့ ညနေ ၂နာရီမှာ ကျနော်တို့ အရသာခံမှ "Searching for a meaning of life" ဆိုတဲ့ Offline Art Therapy session တစ်ခုစီစဉ်ထားပါတယ်။ ဒီ session ကို Dr. Zun Ei Phyu ကနေပြီးတော့ ဦးဆောင်ပြီးပြသပေးသွားမှာဖြစ်ပြီး စိတ်ဖိစီးမှုများသူများ၊ ကိုယ့်ကိုကိုပြန်လည်စမ်းစစ်ချင်သူများသာမက စိတ်ခံစားမှုပိုမိုကောင်းမွန်စေလိုသူများ တက်ရောက်ရန်သင့်တော်ပါသည်။
စိတ်ဝင်စားသူများအနေဖြင့် အောက်ပါလင့်ခ်မှာ စာရင်းပေးသွင်းနိုင်ပါပြီ။ လူဦးရေ ၁၅ယောက်သာကန့်သက်ထားသဖြင့် registration ပြီးလျှင် အရသာခံမှ attendance confirmation ပြုလုပ်ပေးရန် email ပို့ပေးမှာဖြစ်ပါတယ်။
https://forms.gle/NPpULdjwr5fm3FQu9

02/08/2022
15/06/2022

Self-control and Mindfulness တို့ကိုလေ့ကျင့်ပေးမယ့် Expressive Art Therapy

19th June Sunday (10am to 12pm) မှာ ပုံမှန်ပြုလုပ်နေကြ Expressive Art Therapy ကိုဒီတစ်ပါတ်မှာတော့ self-control နဲ့ mindfulness တို့ကို အဓိကထားပြီး အနုပညာလေ့ကျင့်ခန်းများ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ကိုယ့်စိတ်ကို ထိန်းချုပ်နိုင်ဖို့နဲ့ စိတ်ပင်ပန်းမှုတွေကိုပြေပျောက်ဖို့ အချိန် ၂နာရီလောက်ပေးနိုင်မယ်ဆိုရင်တော့ ဒီ session လေးကိုအခမဲ့ ဝင်ရောက် join လို့ရပါတယ်ခင်ဗျာ။

အသေးစိတ်ကို အောက်ပါ link မှာ ဝင်ကြည့်ပြီး Register လုပ်နိုင်ပါပီ: https://forms.gle/x4fdbqdXEY7h1TYB9

14/06/2022

စိတ်ပိုင်းဆိုင်ရာအရအခက်အခဲတွေ့နေသူတွေကို အနုပညာနည်းလမ်းများနဲ့အသုံးပြုပြီး ဘယ်လိုမျိုး စနစ်တကျဆွေးနွေး အားပေးလို့ရမလဲဆိုတာကို သိရှိနိုင်ဖို့ ကျနော်တို့ အရသာခံကနေ ၂ရက်တာ ရက်တို သင်တန်းတစ်ခု အခမဲ့တက်နိုင်အောင် စီစဥ်ထားပါတယ်။

June လ ၁၈ ရက်နဲ့ ၁၉ ရက်နေ့ တို့မှာ စိတ်ပိုင်းဆိုင်ရာ ကနဦးကူညီစောင့်ရှောက်မှူသင်တန်းကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ၏ စိတ်ပိုင်းဆိုင်ရာ ကနဦးကူညီစောင့်ရှောက်မှု လမ်းညွှန်နှင့် Carla Van Larr (အနုပညာကုထုံးပညာရှင်) ၏ အနုပညာကုထုံး ကနဦးကူညီစောင့်ရှောက်မှူ အစီအစဥ်များအားအခြေခံ၍ ရေးဆွဲထားပြီး Art Therapist ဖြစ်တဲ့ Dr. မဇွန်အိဖြူက ကူညီပြသပေးသွားမှာဖြစ်ပါတယ်။

စိတ်ဝင်စားပြီးအချိန်ပေးနိုင်မယ်ဆိုရင်တော့ အောက်ကလင့်ခ်မှာ အသေးစိတ်ဖတ်ရှုပြီး register လုပ်နိုင်ပါပြီ။

https://forms.gle/ymeWc7dXDyNXnPy96

06/11/2021

အားလုံးစိတ်ဝင်စားကြတဲ့ Teen Wellness Club Batch 1 မှာ ပါဝင်တဲ့ Workshop တွေ အများကြီးထဲကမှ တစ်ခုဖြစ်တဲ့ Art Therapy Workshop အကြောင်းလေး မိတ်ဆက်​ပေးချင်လို့ပါ … 👋🏻

Workshop လေးရဲ့ Topic လေးကတော့ “ Expressive Art Therapy for Gratitude and Self - Care “ ဖြစ်ပါတယ်…

Art Therapy Workshop ကို ပြုလုပ်ပေးမယ့် Speaker ကတော့ Dr. Zun Ei Phyu ဖြစ်ပါတယ်… ✨

Dr . Zun Ei Phyu ဟာဆိုရင်
🔅 ( 1996-2001 ) Basic art theory ကို Artist Sandar Khine ရဲ့ လက်အောက်မှာ လေ့လာသင်ယူခဲ့ပါတယ် ။
🔅 ( 2009 ) Bachelor degree (M,B;B,S) from University of Medicine (2) Yangon
🔅 ( 2004 ) Diploma in computer art from University of Art and Culture Yangon
🔅 ( 2018 ) Certified Art Therapy from Transformation, INC Florida
🔅 ( 2019 ) Hypnotic Practitioner training by Dr Flavio Balerini
🔅 ( 2019 ) Certified Cognitive Behavior Therapy from Transformation, INC Florida
🔅 ( 2019 ) Diploma in Sculpture at University of Art and Culture Yangon
🔅 ( 2020-2021 ) Master of Science in Psychology at Lincoln University Malaysia ( currently working on Thesis)
🔅 ( 2021) Certified Trauma Inform Expressive Art Therapy by Dr Cathy Malchiodi’s Trauma Inform Expressive Institute
🔅 ( 2021 ) Certified Focusing Oriented Expressive art therapy by Dr . Laury Rappaport စသည် တို့ကိုရရှိထားသူဖြစ်ပါတယ်…

Working Experiences အနေနဲ့လည်း လက်ရှိမှာ

🔅 ကင်ဆာလူနာများ၊ လူငယ်များ၊ Covid-19 နှင့်ပတ်သက်သော ရောဂါဖြစ်ပွားမှုများနှင့် မတူညီသောအသိုင်းအဝိုင်းများစွာအတွက် ကုထုံးကဏ္ဍများစွာကို လွယ်ကူချောမွေ့စေဖို့အတွက် ပြုလုပ်ပေးခြင်း

🔅 “Theraphy Healing Space” Art and healing center ကို Artist Ma Ei နှင့် အတူတကွ တည်ထောင်ပြီး အပတ်အတိုင်းမှာ Art Therapy Workshop ကိုပြုလုပ်ပေးခြင်း

🔅 နိုင်ငံတကာနှင့် နိုင်ငံတွင်း အနုပညာပြပွဲများနှင့် ပွဲတော်များမှာ ဖန်တီးထားသော အနုပညာများ ဝင်ရောက်ပြသခြင်း

🔅 ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ နယ်ပယ်နှစ်ခုစလုံးတွင် နှစ်သိမ့်ဆွေးနွေးအကြံပေးခြင်းကို ပြုလုပ်ခြင်း

🔅 မြန်မာနိုင်ငံတွင် နယ်ပယ်အသီးသီးမှ စိတ်ပါဝင်စားသော လူငယ်စေတနာ့ဝန်ထမ်းများဖြင့် ဘုန်းတော်ကြီးကျောင်းများတွင် နှစ်နှစ်ကြာ လစဉ် နှစ်နှစ်ကြာ အနုပညာနှင့် ပညာရေး ရက်တိုသင်တန်း အစီအစဉ်များကို စီစဉ်ပေးခြင်း …စသည်တို့ကို ပြုလုပ်ပေးခဲ့ပါတယ်…

ဒါကြောင့် Dr. Zun Ei Phyu ရဲ့ Expressive art therapy for Gratitude and self-care ကို စိတ်ဝင်စားပြီး တက်ရောက်နိုင်ဖို့အတွက် Teen Wellness Club ကို အမြန်ဆုံးစာရင်းပေးထားဖို့လိုမယ်နော် … 👋🏻

Teen Wellness Club အကြောင်း သိလိုပါက အောက်ပါ link လေးမှာ ဖတ်ရှုလို့ရပါတယ်ရှင်…
https://www.facebook.com/193147687432305/posts/4513750002038697/?d=n

စိတ်ဝင်စားပါက Messenger မှာ Registration Form တောင်းယူကာ တက်ရောက်စာရင်းပေးနိုင်ပါတယ်ရှင် … ✨

15/08/2021

Covid ကြောင့် ayathakan ရဲ့ physical program လေးတွေ ရပ်နားထားရတာမို့ မတွေ့ဖြစ်ကြတာကြာပြီနော်။ ဒီအချိန်မှာအရင်ကထက် စိတ်မွန်းကျပ်စရာတွေပိုများလာတဲ့အတွက် အားလုံးလည်း စိတ်ပင်ပန်းနေကြရောပေါ့။ အခုလိုခက်ခဲနေတဲ့ကာလအတွင်း စိတ်တည်ငြိမ်အောင် အထောက်အကူပေးမယ့် အနုပညာလေ့ကျင့်ခန်း တွေပါဝင်တဲ့ free online program တစ်ခုကို Dr. Zun Ei Phyu နဲ့ပူးပေါင်းစီစဥ်ထားပါတယ်။

ကိုယ့်ရဲ့စိတ်နှင့်ခန္ဓာကိုယ်ကို အချိန်ခဏပေးပြီး အနားယူချင်လို့ပဲဖြစ်ဖြစ်၊ စိတ်တွေရှုပ်ထွေးနေလို့ တည်ငြိမ်ချင်လို့ပဲဖြစ်ဖြစ် ဒီ program လေးကို join လို့ရပါတယ်။

ကြိုတင်ပြင်ဆင်ရန်လိုအပ်သောအရာများ
_________________________________________

- နှစ်နာရီစာအတွက်သီးသန့်နေရာလေး (ဖြစ်နိုင်မယ်ဆိုရင် အရမ်းမဆူညံမယ့်အခန်း)
- စာရွက်လွတ် လေးငါးရွက် ၊ ရောင်စုံဘောပင်၊ ခဲတံ
- သက်တောင့်သက်သာရှိမယ့် အဝတ်အစားလေး ဝတ်ထားရင်ပိုကောင်းပါတယ်
- တစ်ချို့စကားပြောနေတဲ့အချိန်လေးတွေမှာ နားကြပ်လေးနဲ့နားထောင်မယ်ဆိုရင် ပိုပြီးအာရုံစူးစိုက်နိုင်ပါမယ်
- ကင်မရာဖွင့်ထားပေးမယ်ဆို ပိုအဆင်ပြေပါ့မယ်

Date: 19th August 2021 (Thursday)
Time: 07:00pm 08:30pm
Location: zoom (link will be shared to your registered email)
Registration: https://forms.gle/93Uu2RcmsESoeyY36

မှတ်ချက်: ဤ workshop ကိုပါဝင်ရန် အနုပညာနှင့်ပတ်သက်၍တတ်မြောက် သိထားရရန်မလိုပါ။ အနုပညာသင်တန်းလည်းမဟုတ်ပါ။ ဤ workshop တွင်အရေးကြီးဆုံး အချက်မှာ workshop တွင်းပါဝင်သော လေ့ကျင့်ခန်းများကိုသာ အရုံစိုက်လုပ်ဆောင်ရမှာဖြစ်ပြီး လက်ရာ/ရလဒ်တစုံတရာဖန်တီးရန်မဟုတ်ပါ။

10/08/2021

ဒီ podcast မှာတော့ မိမိခန္ဓာက ဝေဒနာတွေကို သတိလေးနဲ့ စစ်ဆေးတဲ့ body scan လေ့ကျင့်ခန်းလေး ပြောပြပေးထားပါတယ်။ ၁၆မိနစ်လောက် အချိန်ယူပြီး ကိုယ့်ခန္ဓာလေးကို scan လုပ်ကြည့်ကြရအောင်နော်။ ဒီလေ့ကျင့်ခန်းလေးလုပ်ခြင်းဖြင့် ကိုယ်ခံအား ကောင်းလာစေပြီး ရောဂါတွေ ကြီးကြီးမားမား ဖြစ်ခြင်းကို ကြိုသိပြီး ကြိုကာကွယ်နိုင်ပါလိမ့်မယ်နော်။
အောက်ကလင့်လေးကိုနှိပ်ပြီး နားထောင်ကြည့်ပေးပါ။

https://pod.fo/e/dec5d


26/07/2021

ဒီ Pod cast အပိုင်းလေးမှတေ့ာ ခန္ဓာကိုယ်တခုလုံးကို ဖြေလျော့ပြီး စိတ်နဲ့ ခန္ဓာကိုယ်ကို အနားပေးနိုင်ဖို့ ပြောပြပေးသွားပါ့မယ်။ ကိုယ်ခန္ဓာမှာ ဝေဒနာတွေရှိလို့ဖြစ်ဖြစ်၊ တောင့်တင်းနေလို့ဖြစ်ဖြစ်၊ အိပ်မပျော်လို့ဖြစ်ဖြစ် နားထောင်ပေးလို့ရပါတယ်။အောက်ကလင့်လေးနှိပ်ပြီးနာထောင်ကြည့်ပါ။ နားကြပ်နဲ့နားထောင်ရင်ပိုအဆင်ပြေပါလိမ့်မယ်။

https://pod.fo/e/dbfe1

22/07/2021

သရဖီ healing space ကနေပြီးတော့ pod cast series လေးတွေတပတ်တခါ တင်ပေးသွားပါ့မယ်။ ခုချိန်မှာ အားလုံး လူရောစိတ်ရောပင်ပန်းနေကြမှာပါ။ ဒီ pod cast လေးတွေနားထောင်ပြီး ကိုယ့်ရဲ့ စိတ်ကလေးကို မိနစ်အနည်းငယ်လောက် အနားပေးကြရအောင်နော်။
ပထမဆုံး တင်ပေးလိုက်တဲ့ pod cast လေးအကြောင်း အတိုလေးနားထောင်ပြီး အောက်က လင့်လေးမှာ ၁၂ မိနစ်စာလောက် စိတ်ကလေးအနားပေးဖို့နားထောင်ကြည့်ပါနော်။
အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ။
နားကြပ်လေးနဲ့ နားထောင်ရင် ပိုအဆင်ပြေပါလိမ့်မယ်နော်။

https://podfollow.com/tharaphy-healing-space

အရသာခံနှင့်အတူ သရဖီ Healing Space က Dr ဇွန်အိ ပံ့ပိုးဆောင်ရွက်ပေးမယ့် workshopလေးပါ။ မိမိရဲ့စိတ်နှင့်ခန္ဓာကို မွန်းကျပ်ရ...
05/07/2021

အရသာခံနှင့်အတူ သရဖီ Healing Space က Dr ဇွန်အိ ပံ့ပိုးဆောင်ရွက်ပေးမယ့် workshopလေးပါ။ မိမိရဲ့စိတ်နှင့်ခန္ဓာကို မွန်းကျပ်ရှုပ်ထွေးနေတဲ့ နေ့စဉ်ဘဝထဲ ထိန်းညှိနေထိုင်မယ့်နည်းလေးတွေကို ပေါ့ပေါ့ပါးပါး ဖန်တီးမှုတွေပေါင်းပြီး အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ၂ နာရီလောက် အချိန်ပေးပြီး ၆ပတ်ကြာတူတူလုပ်ကြည့်မယ်ဆိုရင် ဒီပို့စ်က လင့်လေးမှာ စာရင်းပေးနိုင်ပါပြီနော်။

*** Open for registration ***

စိတ်ဖိစီးမှုတွေ၊ မွန်းကျပ်မှုတွေ လျော့ချ‌ဖြေဖျောက် ချင်တဲ့သူတွေအတွက် "စိတ်နှင့် ခန္ဓာ မှတဆင့် ခံစားချက်များ ထုတ်ဖော်ခြင်း" ဆိုတဲ့ ၆ ပတ်ကြာမြင့်မယ့် workshop အသစ်တစ်ခုကို အရသာခံ က‌နေ စီစဉ် ထားပါတယ်။

⏰ဒီ workshop ကဇူလိုင်လ (၁၁) ရက် ကနေဩဂုတ်လ (၁၅) ရက်ထိ အပတ်စဉ် တနင်္ဂနွေနေ့ ညနေ ၂:၀၀-၄:၀၀ အတွင်း ဖြစ်ပြီး၊ အပတ်စဥ် မတူညီတဲ့ အနုပညာလေ့ကျင့်ခန်းတွေနဲ့ progress ကိုတိုင်းတာပေးသွားမှာဖြစ်လို့ အပတ်စဥ်မပျက်မကွက် တက်ရောက်ပေးဖို့တော့လိုအပ်မှာဖြစ်ပါတယ်။
🧘🏻‍♂️အနုပညာကုထုံး နှင့် အပြုအမူသိမြင်မှူကုထုံး ဆိုင်ရာ လက်မှတ်ရရှိထားသူ ဒေါက်တာ Zun Ei Phyu ကနေပြီးတော့လည်း workshop ကိုဦးဆောင်ပေးသွားမှာဖြစ်ပါတယ်။
🧘🏻‍♂️🧘🏻‍♀️ရည်ရွယ်ချက်ကတော့ တစ်နေ့ တစ်နေ့ သောကမျိုးစုံနဲ့ လောင်နေတဲ့ကြားထဲကနေ စိတ်နဲ့ခန္ဓာ ကို မျှတအောင် ထိန်းနိုင်ဖို့ပါ။
🖌️🎨အနုပညာ လေ့ကျင့်ခန်းတွေနဲ့ balance လုပ်နိုင်အောင်ပြောပြသွားမှာဖြစ်ပြီးတော့ ဒီ workshop မှာပါဝင်ဖို့ ဘာ အနုပညာမှ တတ်ကျွမ်းစရာမလိုပါဘူး။ အချိန်ပေးနိုင်ဖို့ပဲလိုပါတယ်။

၁၀ ဦး အများဆုံးပဲ လက်ခံမှာ ဖြစ်လို့စိတ်ဝင်စားရင်တော့ အောက်ကလင့်(ခ်) မှာ စာရင်းပေးထားပြီး အရသာခံ မှပြန်လည်ဆက်သွယ်ပေးမှာဖြစ်ပါတယ်။

Register Here: https://forms.gle/fSVQMAZhfccvCS5r7

Address

Sanchaung

Telephone

+95943082908

Website

Alerts

Be the first to know and let us send you an email when Tharaphy Healing Space posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Tharaphy Healing Space:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram