14/05/2024
"You are not a looser until you quit trying"
" ကြိုးစားနေသ၍ မင်းဟာ အရှုံးသမားမဟုတ်ဘူး" တဲ့၊ ဒီစာစုကို သိပ်ကြိုက်တယ်။ ကြိုးစားနေသူတွေတိုင်းဟာ ကျရှုံးကြမယ်၊ ကျရှုံးတယ်ဆိုတာဟာ အောင်မြင်မှုရဖို့ နင်းဖြတ်ရမယ့် လှေကားထစ်ဆိုလည်း ဟုတ်တယ်။ ကျွန်တော်တို့ စိတ်တွေထားတက်ဖို့တော့လိုပါတယ်။
ဥပမာလေး တစ်ခုရှိတယ်။
လူသုံးဦး- တစ်ဦးက သူ့အတွေ့အကြုံကိုပြောတယ်ဗျ။
" ဟေ့ကောင်ရေ ငါ့အဝတ်လျှော်တာ နှစ်ထပ်သုံးထပ်ပဲ ဒါပေမယ့် ရေမွှေးနံ့က ပျောက်မသွားဘူးကွာ"
အဲ့တော့ ဒုတိယတစ်ယောက်က ပြောတယ်။ " ဘာဆပ်ပြာသုံးတာလည်းကွာ၊ ဆပ်ပြာကလည်း ညံ့လိုက်တာ" တဲ့
နောက်ဆုံးတစ်ယောက်က တော့အခုလိုပြောတယ်။ " မင်းဘာရေမွှေးသုံးတာလဲ၊ မင်းရေမွှေးက ကောင်းလိုက်တာ" တဲ့
ခင်ဗျားဟာ ဘယ်လိုလူမျိုးဖြစ်မလဲ၊ ဆပ်ပြာကိုအပြစ်တင်တဲ့သူလား၊ ရေမွှေးကို ချီးကျူးတဲ့သူလား။ ဒါပါပဲ၊ ကျွန်တော်တို့ဟာ အဖြစ်အပျက်တွေတိုင်းကို ကိုယ်ပိုင်အမြင်တွေနဲ့ကြည့်တဲ့အခါ အကောင်းမြင်စိတ် (positive thinking) နဲ့ကြည့်သလား၊ အဆိုးမြင်စိတ် (Negative Thinking)နဲ့ကြည့်မိသလား။ ဒါဟာ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ပျော်ရွှင်မှုကို ရှာဖွေတာမှာ အရေးကြီးပါတယ်။ စိတ်ညစ်တာပဲဖြစ်ဖြစ် ပျော်ရွှင်တာပဲဖြစ်ဖြစ် ခင်ဗျားရဲ့ အတွေးစတွေကိုပဲ အခြေခံရတာပါ။ ကျွန်တော်တို့ ရှုံးနိမ့်မှုတွေနဲ့ကြုံတဲ့အခါ ဒါကိုကျရှုံးမှုလို့တွေးတာထက် မအောင်မြင်နိုင်တဲ့နည်းလမ်းတစ်ခုကိုရှာတွေ့တာလို့ တွေးခေါ်တာက ပိုပြီးပျော်စရာကောင်းပါတယ်။
"မအောင်မြင်နိုင်မယ့် နည်းလမ်းတွေ တစ်ခုပြီးတစ်ခုတွေ့တယ်ဆိုတာဟာ အောင်မြင်မှုရဖို့ နီးစပ်လာတယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ"
သေချာတာတစ်ခုက ခင်ဗျားအရှုံးပေးလိုက်ပြီဆိုတာနဲ့ ထာဝရအရှုံးသမားဖြစ်နေတော့မှာပါပဲ။
(ကျန်းမာဘေးကင်းကြပါစေ)