
23/04/2025
သတိထားနိုင်ကြစေဖို့ပါ
ခွေးကိုက်ခံရတဲ့ကလေးငယ်ဆေးရုံရောက်တယ်
ARV ထိုးပေးမယ်လုပ်တော့သင်တန်းသူသူနာပြု
တစ်ယောက်ကိုမေးလိုက်တယ်
ခွေးရူးကာကွယ်ဆေး ARV vaccine ကို
ဘယ်လိုထိုးမလဲဆရာမပေါ့
ဆရာမလေးက
ARV vaccine ကိုထိုးနည်းသုံးမျိုးရှိတယ်
3 visit regime ရယ်
4 visit regime ရယ်
5 visit regime ရယ်ရှိပါတယ်ဆရာကြီး
အခုကလေးကိုတော့ intra dermal 4 visit
regime နဲ့ထိုးပါမယ်ဆရာကြီးတဲ့
ဘယ်ရက်ထိုးမလဲဆရာမလို့မေးတော့
0 3 7 28 နဲ့ပါဆရာကြီး
ဒီအထိတော့အားလုံးအိုကေတယ်
တော်လိုက်တဲ့ဆရာမလေးပေါ့
ပြသာနာကခုမှစတာ
1st dose ထိုးပြီးရင်ပြန်လာထိုးရမယ့်
ရက်ကိုစာအုပ်မှာသေချားေရးပြီးလာပြပါ
ဆရာမလို့မှာလိုက်တယ်
လာပြတယ်
1st dose ကို 11-2-2020
2nd dose ကို 14-2-2020
3rd dose ကို 21-2-2020
4th dose ကို 20-3-2020
ဆိုပြီးပထမအကြိမ်လာပြတယ်
မှားနေတယ်
ပြန်ရေးပါဆရာမလို့ထပ်ခိုင်းလိုက်တယ်
တာဝန်ကျသုံးယောက်သားဆရာမလေးတွေ
ခေါင်းချင်းဆိုင်ကြပြီ
တစ်ယောက်တစ်မျိုးပြောနေကြလေရဲ့
ဒုတိယအကြိမ်ပြင်ဆင်ပြီးလာပြတယ်
မှားနေတုန်းပဲ
တတိယအကြိမ်ထပ်ပြင်ခိုင်းတယ်
နာရီဝက်လောက်ကြာတော့မှအဖြေလာပြတယ်
1st dose ကို 11-2-2020
2nd dose ကို 14-2-2020
3rd dose ကို 18-2-2020
4th dose ကို 10-3-2020 လို့ရေးထားတယ်
တော်တော်များများက ARV vaccine ဆေးကို
ဘယ်လိုထိုးမယ် ဘယ်လောက်ထိုးမယ် ဘယ်နေရာမှာ
ထိုးမယ်ဆိုတာအကုန်သိကြတယ်
ရက်ချိန်းကို
စာအုပ်ချရေးတဲ့အခါမှာအများစုလွဲတယ်
ဆယ်ယောက်မှာကိုးယောက်လောက်ကလွဲပါတယ်
Vaccine ဆိုတာထိုချင်သလိုထိုးလို့မရဘူး
သတ်မှတ်ထားတဲ့နည်းလမ်းအတိုင်းထိုးရတယ်
ဒါမှကာကွယ်ဆေးအာနိသင်ရမှာပါ
မှတ်နည်းကလွယ်ပါတယ်
ပထမဆုံး dose ထိုးတဲ့ date ကို ထိုးမဲ့ရက်
(0 3 7 28)ပေါင်းထည့်လိုက်ရုံပဲ
ဒီနေ့ဖေဖော်ဝါရီ 11 ဆိုတော့
11 ကိုပုံသေမှတ်ထားပြီးတွက်သွားရမယ်
1st dose ကို 11-2-2020 ပေါ့
2nd dose ကို 11+3=14 ရက်နေ့ထိုးရမယ်
3rd dose ကို 11+7=18 ရက်နေ့ထိုးရမယ်
4th dose ကို 11+28=39
ဖေဖော်ဝါရီလက 29 ရက်ကုန်နေ့ဖြစ်လို့
39-29=10 (10-3-2020)ရက်နေ့ထိုးရမယ်
ဒါလောက်ပါပဲ
မှန်မှန်ကန်ကန်တွက်ချက်တတ်ကြပါစေ ။
မြို့နယ်ကျန်းမာရေးဦးစီးဌာန
( ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံ ) 11.2.2020
#ခိုင်ရွှေညှာpage