27/05/2024
Eposoft(အီပိုဆော့)အကြောင်း
----------------------------------------
Eposoftဆိုတာ အမျိုးသမီးများ ရာသီနဲ့ပက်သက်တဲ့ ဝေဒနာတွေအတွက် အသုံးပြုနိုင်တဲ့ သဘာဝဆေးဖက်ဝင် အပင်နဲ့ ပြုလုပ်ထားတဲ့ဆေးတမျိုးပါ။
ဆေးတွင်းပါ၀င်မှု့
----------------------
omposition:
Each Capsule Contains
Evening Primrose Oil 1000 mg
Equiv. to gamma linolenic acid 100 mg
d-alpha Tocopherol (Natural Vitamin E) 5.03 mg
Equiv. to d-alpha Tocopherol 7.5 IU
နှစ်မျိုး ပေါင်းစပ် ပါဝင်ပါတယ်။evening primrose ကို မြန်မာလို ညနေခင်းနှင်းဆီခေါ်ပါတယ်။ညနေပိုင်း နေညိုချိန် မှာပွင့်လန်းပြီး နေထွက်လာရင်ခြောက်သွေ့တာကြောင့် ဒီလိုနာမည်မျိုးပေးထားပါတယ်။ မြောက်အမေရိက၊ ကနေဒါ၊အနောက်ဥရောပနိုင်ငံတွေမှာ အဓိကတွေ့ရပြီး လှပတဲ့ ပေါင်းပင်တမျိုး ဖြစ်ပါတယ်။ အစေ့က ၅ စင်တီမီတာ ရှိပြီး အစေ့ကိုကြိတ်လို့ရတဲ့အဆီက အသုံးဝင်ပါတယ်။ အလှပစ္စည်းအဖြစ် အသုံးကျသလို ဆေးဖက်လဲဝင်တယ်။ အသားအရည်ကို နူးညံ့ပျော့ပျောင်းစေပြီး အစိုဓာတ်ကို ထိန်းသိမ်းပေးတယ်။ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့
unsaturated fatty acid ကို ပေးစွမ်းနိုင်တယ်။ ညနေခင်းနှင်းဆီရဲ့ အဆီထဲမှာ linolenic acid နဲ့ gamma linolenic acid တို့ ပါဝင်ကြပါတယ်။ linolenic acid က နှလုံး၊ ဆီးချို၊ ကင်ဆာ တွေကို ကာကွယ်နိုင်ပါတယ်။ gamma linolenic acid က ရောင်ရမ်းတာကို ကျဆင်းစေတာကြောင့် ပန်းနာသမားတွေ၊ အဆစ်ရောင်သူတွေနဲ့ သင့်တော်တယ်လို့ ဆိုပါတယ်။ ဖက်တီးအက်ဆစ် ဓာတ်တိုးမှုကို ဆန့်ကျင်ဖို့အတွက် vitamin E(ဓာတ်တိုးဆန့်ကျင်ပစ္စည်း)ကို ထည့်သွင်းပေးထားတယ်။
အသုံးပြုရောဂါ
---------------------
Eposoft Capsule is used for the treatment, control, prevention, & improvement of the following diseases, conditions and symptoms:
Vitamin e deficiency
Acne
Cancer
Leg pain due to blocked blood vessels
Psoriasis
Eczema
High cholesterol
Osteoporosis
Rheumatoid arthritis
Heart disease
Alzheimer
-အမျိုးသမီးတွေ ရင်သားတင်းပြီး နာကျင်တဲ့အခါ၊
-ရာသီနဲ့ပတ်သတ်ပြီး ခံစားရတဲ့ ဗိုက်နာ၊ ဗိုက်အောင့် ဝေဒနာတွေ၊
-ဝက်ခြံ၊နှင်းခူနာလို အရေပြားရောဂါတွေ၊
-အရိုးပွတာ၊အဆစ်ရောင်သူတွေ၊
-ပန်းနာရင်ကျပ်သမားတွေ၊
-ကိုယ်အလေးချိန် ထိန်းညှိလိုသူတွေ၊
-အသားအရည်ကိုသာမက ဆံပင်၏ ကောင်းခြင်းနှင့် ပြည့်စုံစေတယ်လို့ ဆိုထားတယ်။
ဆီးချိုသမားတွေ အာရုံကြောလေးလံထိုင်းမှိုင်းတာ အတွက်လည်း အဆင်ပြေတယ်လို့ ဆိုတယ်။ အမျိုးသားတွေ ပန်းသေပန်းညှိုးအတွက်လည်း အသုံးဝင်တယ်လို့ ရေးထားတယ်။
ဆေးသုံးရန်အညွှန်း
---------------------
Prophylaxis: 1 Eposoft softgel daily after meals or as prescribed.
Therapeutic usage: 1-2 Eposoft softgels twice daily or as prescribed.
Premenstrual syndrome: 1-2 Eposoft softgels daily in single/divided doses after meals for 6 months; reduce the dose thereafter to 1 Eposoft softgel daily after meals.
-ပုံမှန်အားဖြင့် တစ်လုံး တစ်ကြိမ်ကို နေ့စဉ် သောက်ပေးနိုင်တယ်။
-အဆစ်အမြစ်ရောင်သူတွေ၊ မီးယပ်လက္ခဏာတွေအတွက် တနေ့ နှစ်ကြိမ်၊ ခြောက်လခန့် သောက်သုံးသင့်တယ်။ နောက်ပိုင်းမှာ သက်သာရင် သက်သာသလို ဆေးကို လိုတိုးပိုလျော့ လုပ်ပေးနိုင်တယ်။
-ဆီးချိုသမားတွေ တစ်လုံး(သို့) နှစ်လုံးကို တနေ့ နှစ်ကြိမ် သောက်သုံးသင့်တယ်။
-ရင်သားနာကျင်တတ်သူတွေ နှစ်လုံး နှစ်ကြိမ် သောက်သုံးပေးနိုင်တယ်။
-အရေပြားရောဂါသည်(နှင်းခူနာ)တွေမှာ တနေ့ နှစ်ကြိမ်၊ တခါသောက် နှစ်လုံး သောက်သုံးပေးရမယ်။
-အရိုးပွသူတွေကိုပေးလိုပါက ကယ်ဆီယမ်၊ငါးကြီးဆီနဲ့ တွဲဖက်ပေးသင့်ပါတယ်။
-အသားအရည် လှချင်သူများ တစ်လုံး တစ်ကြိမ် သောက်သုံးနိုင်တယ်။
ဘေးထွက်ဆိုးကျိုး များ
×××××××××××××××
Headache(ခေါင်းကိုက်)
Abdominal pain(ဗိုက်အောင့်)
Fatigue(မောပန်းခြင်းး)
Nausea(ပျို့ခြင်း)
Diarrhea(၀မ်းပျက်ခြင်း)
Upset stomach(အစာအိမ်အနာဖြစ်ခြင်း)
Blurred vision(အမြင်ဝါးခြင်း)
Thrombophlebitis(သွေးပြန်ကြောသွေးခဲရောင်ရမ်းခြင်း)
Dizziness(မူးဝြေခင်း)
Bleeding in vitamin k deficient patients
Hypertension(သွေးတိုး)
Weakness(အားနည်း)
မှတ်ချက်။လူတိုင်းတော့မဖြစ်ပါဘူးတန်ဆေးလွန်ဘေးဆိုတဲ့အတိုင်းပါ။
အများအားဖြင့် စိတ်ချရတယ်။ တခါတရံ ပျို့တာ၊ အန်တာ၊ အစာမကြေတာမျိုး ရှိတတ်တယ်။
Contraindications(အသုံးမပြုရမည့်အခြေအနေ)
----------------------------------------------------
Hypersensitivity to Eposoft Capsule is a contraindication. In addition, Eposoft Capsule should not be used if you have the following conditions:
Bleeding disorder(သွေးယိုထွက်ခြင်းအခြေအနေသို့ရောဂါ)
Hypersensitivity(ဆေးမတည့်ခြင်း)
Pregnancy(ကိုယ်၀န်ဆောင်)
Drug Interactions(အတူတွဲ မသောက်သင့်တဲ့ဆေးများ)
-----------------------------------------------------------------
း
Aspirin
Clopidogrel
Colestipol
Dalteparin
Desogestrel
Diclofenac
Enoxaparin
Etinol
Heparin
Ibuprofen
Naproxen
Vitamin K
Warfarin
-colchicine ဂေါက်ရောဂါဆေးတွေ၊
-procarbazine ကင်ဆာကြိတ်ပျောက်ဆေး၊
-heparin သွေးကျဲဆေး၊
ရရှိနိုင်သောဆေးပုံစံ
EPOSOFT ဆေး
ZIFAM
မှတ်ချက်။ ရေးသားမှု့မှာ ကွဲလွဲမှု့လေးတွေရှိပါတယ်ဆရာ၀န်တွေရဲ့အာဘော်နဲ့မူရင်းအညွန်းကိုမှီးငြမ်းထားခြင်းကြောင့်ပါ ဆိုးကျိုးကောင်းကျိုးကတော့ ကုသသူဆရာနဲ့လူနာအပေါ်မူတည်ပါတယ် ကိုယ့်ဖာသာတော့မသောက်သုံးသင့်ပါဘူး........
credit to
General sai
ref;ttps://zifampinnacle.com.au/.../eposoftttps://zifampinnacle.com.au/.../eposoftttps://zifampinnacle.com.au/.../eposoft
#စွမ်းထက်ဆေးဆိုင်
#စဥ့်ကူးမြို့