03/05/2024
𝐒𝐜𝐫𝐞𝐞𝐧 𝐓𝐢𝐦𝐞 တွေကများ၊ နေရောင်မှာပါတဲ့ 𝐔𝐕 ပမာဏကများလာတဲ့ကာလမှာ ပိုဂရုပြုရမည့် မျက်စိကျန်းမာရေး (အပိုင်း - ၁)
နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ Screen တွေကနေရာယူလာပါတယ်။ အရင်က TV ကြည့်ချိန်သာ Screen time ရှိခဲ့တဲ့ ကျွန်တော်တို့ မျက်စိတွေဟာ အခုခေတ်မှာတော့ Smart Watch, Phone, Tablet, Laptop, Desktop, TV, VR headset စတဲ့ ပစ္စည်းအမျိုးမျိုးကြောင့် Screen Time တွေ တအားတိုးလာနေပါတယ်။ ဟုတ်ကဲ့ ပုံမှန်အချိန်မှာလည်း မျက်စိသည် ကြည့်နေရတာပဲ၊ Screen ကြည့်တာကမှ ဘာ့လို့မျက်စိထိခိုက်ရတာလဲ.... အမေးရှိရင် အဖြေရှိရမှာပေါ့။
ဒီဟာကိုမပြောခင်ကျနော်တို့မျက်စိရဲ့ အမြင်အာရုံဖြစ်ပေါ်ပုံကို အရင်ရှင်းပြဖို့လိုပါမယ်။
၁။ အမြင်အာရုံကို ဖြစ်ပေါ်စေမယ့် အရာဝတ္ထုကနေလာတဲ့ အလင်းတန်းဟာ ပထမဆုံး အပြင်မျက်ကြည်လွှာ Cornea ကိုဖြတ်ရပါတယ် (မျက်ကြည်လွှာကို သေတဲ့သူကနေလှူတယ်ဆိုတာ Cornea ကိုပြောတာပါ)၊
Cornea က ခုံးခုံးလေးတည်ရှိတာမို့ Lens effect နည်းနည်းပါတဲ့ မျက်စိရဲ့ အပြင်ဆုံးက မှန်အကြည် Tampered Glass အထူလို့နားလည်ထားရပါမယ် (ဘေးက အဖြူသားက Sclera ပါ
၂။ Cornea ရဲ့နောက်မှာ အလင်းဝင်ပေါက် Variable Aperture ဖြစ်တဲ့ Pupil (ပျူပယ်-မျက်စိ သူငယ်အိမ်) ရှိပါတယ်။ သူငယ်အိမ် Pupil အကျဉ်းအကျယ်ကို Iris (အိုင်းရစ်စ်) က ကြွက်သားတွေက ထိန်းချုပ်ထားပေးပြီး အလင်းနည်းရင် ကျယ်ပေး၊ အလင်းများရင်ကျဉ်းပေးပါတယ်။ Pupil Size ကိုဆရာဝန်တွေက လူနာကြည့်တဲ့အခါ ဓာတ်မီးလေးနဲ့ကြည့်လေ့ရှိပါတယ်...
(အညိုရောင်၊ အနက်ရောင်၊ အပြာရောင်၊ အစိမ်းရောင် မျက်စိအရောင်တွေက Iris color ပါ၊ နောက်ပြီး Iris ရဲ့တည်ဆောက်ပုံဟာ Fingerprint လိုပဲ လူတစ်ယောက်နဲ့တစ်ယောက်မတူတာမို့ Iris Scanner နဲ့ Biometric Authentication ကို လက်ဗွေလိုပဲ စိတ်ချလက်ချ အသုံးပြုလို့ရပါတယ်)
၃။ သူငယ်အိမ် Pupil ကိုဖြတ်ပြီးဝင်လာတဲ့ အလင်းတွေကို မျက်ကြည်လွှာပေါ်မှာ စုပေးပြီး အမြင်အာရုံကိုဖြစ်ပေါ်စေဖို့ မျက်စိမှန်ဘီးလူး Eye Lens ကလုပ်ပေးတာပါ။ Eye Lens ကို အထူး ပရိုတိန်းတွေနဲ့ပြုလုပ်ထားပြီး အနီးမှာရှိတဲ့ အရာတွေကိုကြည့်တဲ့အခါ Lens က ပိုခုံးပေးပြီး အဝေးက အရာတွေကိုကြည့်ရင်တော့ Lens ကပိုရှည်ပေး (အခုံးနည်းပေး) ကာ Retina-မြင်လွှာ ပေါ်မှာ ကြည်လင်ပြတ်သားတဲ့ ပုံရိပ်ကိုပေါ်စေပါတယ်။
(အတွင်းတိမ်ရောဂါမှာ ဒီ နောက်နေတဲ့ ဒီ Lens လေးကို ခွဲထုတ်ပြီး Lens အသစ်ထည့်ပေးရတာပါ)
ကဲ ထိခိုက်ပုံကို စပြောပါမယ်။
ကျွန်တော်တို့ Screen တွေကို ကြည့်တဲ့အခါ ကြည့်လိုတဲ့အရာဝတ္ထုဟာ မျက်စိနဲ့နီးတဲ့အတွက် Eye Lens ကို ခုံးပေးတဲ့ Ciliary Muscles တွေက မှန်ဘီလူးလေးကို တစ်ချိန်လုံး ခုံးပေးထားရပါတယ်။ ကြွက်သားတွေရဲ့သဘောက ပုံစံတစ်ခုတည်းမှာ အကြာကြီးရှိနေရရင် အစပိုင်းမှာ ညောင်းကိုက်လာပြီး နောက်ပိုင်းမှာ တောင့်သွားပြီး Muscle fatigue to Muscle Stiffness ရသွားတတ်ပါတယ်။ အစပိုင်းမှာ မျက်စိညောင်းတာ ကိုက်တာတွေဖြစ်ပါမယ်။
နောက်ပြီး အနီးကိုပဲ ကြည့်နေတဲ့အခါ Eye Lens ဟာလည်း တောက်လျောက် ခုံးထားပြီး ပုံစံတစ်မျိုးတည်းမှာ အကြာကြီးနေနေရတဲ့အတွက် သူ့ရဲ့ လိုအပ်သလို ကျုံ့နိုင်ဆန့်နိုင်စွမ်း(ခုံးနိုင်-ဆန့်နိုင်စွမ်း)ကို အသက်ကြီးတဲ့ထိထိန်းမထားနိုင်တော့ပါဘူး။ သိပ်မကြာခင်မှာပဲ မျက်စိမှန်ဘီလူးဟာ ပုံစံတစ်ခုမှာပဲ ရှိနေတော့ပြီး အရာဝတ္ထုအနီးအဝေးပေါ်လိုက်ပြီး Power ကိုပြောင်းပေးနိုင်စွမ်းမရှိတော့ပါဘူး။
🥸အသက်ငယ်ငယ်နဲ့ အနီးမြင်-အဝေးမှုံ (အဖြစ်များ) စဖြစ်ပါပြီ။ မျက်မှန်စတပ်ရပါပြီ။
🩺ခုလိုမဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ။
၁။ Screen ကြည့်တဲ့အခါ စာဖတ်တဲ့အခါ အနည်းဆုံး ၁ ပေအကွာကနေကြည့်ပါ၊ မမြင်ရရင် Font Size ကိုကြီးကြည့်ပါ။
၂။ Movie တွေ Series တွေကြည့်ရတာ ဝါသနာပါရင် ဖြစ်နိုင်ရင် TV နဲ့ကြည့်ပါ၊ ၆ ပေအကွာကနေကြည့်ပါ။ကွာလတီအသင့်အတင့် TV တစ်လုံးကို ၂ သိန်းဝန်းကျင်လောက်နဲ့ရနိုင်ပါတယ်။
၃။ အပြင်ပတ်ဝန်းကျင်အလင်းရောင်နဲ့ ကိုယ်ကြည့်မယ့် Screen brightness သည် မျှခြေဖြစ်နေရပါမယ်။ ညဘက် အမှောင်ထဲမှာအလင်းနည်းနည်းနဲ့ ကြည့်တဲ့အခါ Device Screen ဟာ High Frequency PWM dimming သို့မဟုတ် DC dimming ပါရင်ပိုကောင်းပါတယ်။
၄။ ဖုန်းနဲ့ iPad နဲ့ စာဖတ်၊ အလုပ်လုပ်ရလို့ Screen Time များတဲ့သူတွေက Blue light filter သို့ Reading mode ကို ဖွင့်ပြီး သုံးတာ အကျင့်ဖြစ်အောင်လုပ်ပါ။ Hardware level blue light filter ပါတဲ့ Device တွေဆို ပိုကောင်းပါတယ်။
ဒီနေရာမှာ 𝐓𝐔𝐕 𝐫𝐡𝐞𝐢𝐧𝐥𝐚𝐧𝐝 𝐜𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐢𝐨𝐧, 𝐏𝐖𝐌 𝐝𝐢𝐦𝐦𝐢𝐧𝐠, 𝐃𝐂 𝐝𝐢𝐦𝐦𝐢𝐧𝐠 စတာတွေဟာ Marketing ဂျင်းသက်သက်မဟုတ်ပါ.. အတိုင်းအတာတစ်ခုထိ အကျိုးရှိပါတယ်။
၅။ အရေးကြီးသလောက် မလုပ်ဖြစ်ကြတာက ၄၅ မိနစ်လောက် Screen ကိုစိုက်ကြည့်ပြီးတိုင်း ခဏနားပြီး အဝေးမှာရှိတဲ့ သစ်ပင်, မျက်ခင်းပြင်လို မျက်စိအေးစေတဲ့ အရာတွေကို ၅ မိနစ်လောက်ကြည့်ပေးဖို့ လိုပါတယ်။ (နေရောင်တအားစူးနေတဲ့ မွန်းတည့်နေမျိုးမှာ နေကာမျက်မှန်မပါဘဲ လုံးဝ အပြင်ကို မထွက်သင့်၊ မကြည့်သင့်ပါ။ မျက်စိမအေးဘဲ UV ကြောင့် မျက်စိလောင်သွားမှာပါ)။
ကျောက်ကပ်လည်းကောင်း ကြွက်သားတွေလည်း အညောင်းမမိအောင် ရေလေးထသောက်ရင်း မျက်စိအနားပေးလိုက်ရင် တစ်ချက်ခုတ်နှစ်ချက်ပြတ် အဆင်ပြေပါတယ်။
၁၅ မိနစ်တစ်ခါ လုပ်နိုင်ရင်ပိုကောင်းပေမယ့် ၁ နာရီတစ်ခါကတော့ Smart Watch/Band ကို alarm ထားပြီး မဖြစ်မနေလုပ်သင့်ပါတယ်။
ဒီအချက်လေးတွေကို သတိထားလိုက်နာရင်တော့ အသက်ကြီးတဲ့အထိ ကြည်လင်ပြတ်သားတဲ့ အမြင်အာရုံကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။
အခုတော့ ဒီလောက်နဲ့နားပြီး နောက်တစ်ပို့စ်မှာမှ မျက်စိအတွက် အရေးပါတဲ့ ဗင်တာမင်တွေ၊ အားဆေးတွေအကြောင်းကို ပြောပြပါတော့မယ်။
Credit to 505 Knowledge