Thazin Pharmacy

Thazin Pharmacy Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Thazin Pharmacy, Medical and health, Shwegu.

09/04/2024

ဆရာမကြီး Dr. Daw Khin Nwe Win ပြောတဲ့
ဆေးသက်တမ်း Expiry date နှင့် ဆေးအာနိသင်
အကြောင်းလေး မျှဝေပေးလိုက်ပါတယ် ရှင်။
ဗဟုသုတ ရစရာမို့ သေချာလေး ဖတ်ကြည့်စေချင်ပါတယ်။
+++++++++++++++++

" ကျွန်မက ဗဟုသုတ တွေ ဝေမျှပေးနေခြင်းသာ ဖြစ်ပါတယ်။ သိသွားပြီဆိုရင် မိမိသဘောအတိုင်း အဆင်ပြေသလို ဆောင်ရွက်နိုင်ပါတယ်၊၊
ဆေးတွေ ထုတ်တဲ့အခါ ဆေးသက်တမ်းထည့်ရမယ်ဆိုပြီး ၁၉၇၉ ခုနစ် က ပြဌာန်းလိုက်ပါတယ်၊၊ သက်တမ်းကို ပြထားခြင်းအားဖြင့် ဆေးအာနိသင် အပြည့်အဝဟာ ဒီသက်တမ်းအတွင်းမှာ ရှိတယ် ဆိုတဲ့ အာမခံချက်တစ်ရပ်သာ ဖြစ်ပါတယ်၊၊ သက်တမ်းကျော်သွားရင် အာနိသင် နည်းနည်းလျော့နိုင်တယ်၊ ဥပဒ်တော့ မရှိဘူးဆိုတာ သိစေချင်လိုပါ၊၊ အထူးသဖြင့် အေးတဲ့နေရာမှာ ( ရေခဲသေတ္တာ ) အဖုံးလုံလုံနဲ့ သိမ်းထားမယ်ဆိုရင် ပိုပြီးအာနိသင်ကျန်တယ်ဆိုတာ နားလည်ရပါမယ်၊၊ အထူးသဖြင့် အဆီပါတဲ့ ဆေးတွေဆိုရင် ရေခဲသေတ္တာထဲမှာ ထားပါ၊၊
Oxidized ဖြစ်သွားတတ်လို့ပါ၊၊
ဆေးဘူးပေါ်မှာ ထုနှိပ်ထားတဲ့ ဆေးရဲ့သက်တမ်း Expiry date ရဲ့ အဓိပ္ပါယ်ကို သိထားသင့်ပါတယ်၊၊ ဒီရက်အတွင်းမှာသောက်ရင် ဆေးရဲ့အာနိသင် အပြည့်အဝရနိုင်တယ် ဆိုတာ ထုတ်လုပ်တဲ့ ကုမ္ပဏီရဲ့ အာမခံချက်သာဖြစ်ပါတယ်၊၊ ရက်စွဲကျော်လွန်သွားတဲ့ဆေးတွေသောက်ရင် ဥပဒ်ရှိတယ် ဆိုတဲ့ အဓိပ္ပါယ် မသက်ရောက်ပါ၊ ဟုတ်လည်းမဟုတ်ပါ ၊၊
သုတေသန အရဆိုရင် ဆေးတွေဟာ ဆေးသက်တမ်းကုန်ပြီး ၁၅ နှစ် ကြာသွားတာတောင် ဥပဒ် မရွိဘဲ သုံးနိုင်ပါတယ်တဲ့။ အာနိသင်တာ အနည်းငယ် လျော့သွားချင် လျော့သွားနိုင်ပါတယ်တဲ့။ အာနိသင်လုံးဝ မရှိတော့တာမဟုတ်ပါ၊၊ ဆေးပညာရှင်တွေ ပြောပုံအရ သက်တမ်းလွန်ဆေးတွေ သောက်ရင် ဥပဒ်မရှိနိုင်ပါ။
ဒါဆိုရင် ဆေးထုတ်တဲ့ ကုမ္ပဏီတွေရဲ့ လှည့်စားချက်တစ်မျိုးလို့ ယူဆချင်ရင်လည်း ယူဆနိုင်ပါတယ်လို့ ပြောပါတယ်၊၊ ( ကျွန်မ ပြောတာ မဟုတ်ပါ ) ဘာသာပြန်ပေးနေခြင်းသာ ဖြစ်ပါတယ်၊၊
နောက်အမြင်တစ်မျိုးနဲ့ ကြည့်နိုင်တာကတော့ ဆေးရဲ့အာနိသင်အပြည့်အဝကို အာမခံထားတဲ့ ရက်စွဲ အနေနဲ့ကြည့်လို့ရပါတယ်၊၊ နားလည်စေချင်တာက ဆေးဘူးကိုကြည့်ပြီး သက်တမ်းကုန်လွန်သွားပြီ ဆိုပြိး လွှင့်မပစ်လိုက်ပါနဲ့။ ဆေးဘူးတွေက ဝယ်ရတာလည်း ဈေးအလွန်ကြီးလာနေပါတယ်၊၊ ဥပဒ် မဖြစ်ဘူးဆိုတဲ့ အချက်ကို နားလည်စေချင်ပါတယ်၊၊
တလောက Facebook မှာ သက်တမ်းကုန်တဲ့ ဆေးတွေ လှူလို့ဆိုပြိး ဝိုင်းပြီး အပြစ်ပြောတာကို ဖတ်မိလိုက်လို့ပါ၊၊ လုံးဝ သောက်စရာမရှိတာထက် စာရင် အများကြီး အထောက်အကူ ပြုပါတယ်ရှင်၊၊
ဖော်ပြပါ အချက်များကို နားလည်သွားပြီဆိုရင် သက်တမ်းကုန်ဆေးဝါးလှူတဲ့လူကို ဝိုင်းပြီး အပြစ်တင် ဆဲဆိုခြင်း မလုပ်ကြစေချင်ပါ၊၊
ပြန်လည်ဝေမျှခြင်းဖြင့် ကုသိုလ်ယူလိုက်ပါ၊၊ "

Respectfully Credit to Dr. Daw Khin Nwe Win

02/03/2024

သောက်လို့ ကျောက်ကပ်မထိပါဘူး။
ဒါပေမယ့် မိတ်ဆွေမှာ ကျောက်ကပ်
အားနည်းတဲ့ အခံရှိရင်တော့ သတိထားဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ metformin ကို ကျောက်ကပ်ကတဆင့် ခန္ဓာကိုယ်ပြင်ပကို စွန့်ပစ်တာမို့လို့ပါ။ ကျောက်ကပ်အားနည်းရင် metformin က ခန္ဓာကိုယ်ထဲကနေ အပြင်ကို မထွက်တော့ဘူး။ ဒါဆိုရင် metformin ရဲ့ ဆိုးကျိုးကို ပိုခံစားရမယ်။ ကြောက်စရာအကောင်းဆုံးဆိုးကျိုးက lactic acidosis လို့ခေါ်တဲ့ ခန္ဓာကိုယ်တွင်းမှာ acid ဓာတ်တွေ စုပုံလာတဲ့ အခြေအနေပါပဲ။ အသက်ဆုံးရှုံးတဲ့အထိ အန္တရာယ်ပေးနိုင်ပါတယ်။
ဒါကြောင့် ကျောက်ကပ်အားနည်းမှုအဆင့် -၄ (eGFR 30 အောက်ဆို) metformin ရပ်ရပါတယ်။
ကျောက်ကပ်မကောင်းလို့ metformin ရပ်ရတာပါ။ ဒါတောင် အဆင့် ၄ မှ ရပ်တာပါ။ အဆင့် ၃ အထိ ဆက်ပေးလို့ရပါသေးတယ်။

Metformin ကြောင့် ကျောက်ကပ်ထိတာ မဟုတ်ရပါဘူး။

အားလုံး အဆင်ပြေကြပါစေ။

ဒေါက်တာစိုးထက်အောင်
M.B.,B.S( Ygn) , MRCP(UK)
ဆုလာဘ်ဆေးခန်း အမှတ်(၁)
အမှတ် ၁၀၅၊ မြိတ်လမ်း၊၁၉ ရပ်ကွက်၊ တောင်ဒဂုံ

ဆုလာဘ်ဆေးခန်း အမှတ်(၂)
အမှတ် ၇၉၊ မယ်ဇီကုန်းလမ်း၊ (၈) ရပ်ကွက်၊ လှိုင်မြို့နယ်

03/12/2023
  R အဆီချဆေးလေးတွေ ထပ်ရောက်ထားပါပြီရှင့်အဝလွန်ခြင်းရဲ့ နောက်ကွယ်မှာ ❓❓ဘယ်လိုဆိုးကျိုးတွေ ကပ်ပါလာသလဲ ဆိုတာ သင်သိပါသလား❓အဝ...
18/07/2023

R အဆီချဆေးလေးတွေ ထပ်ရောက်ထားပါပြီရှင့်

အဝလွန်ခြင်းရဲ့ နောက်ကွယ်မှာ ❓❓
ဘယ်လိုဆိုးကျိုးတွေ ကပ်ပါလာသလဲ ဆိုတာ သင်သိပါသလား❓

အဝလွန်ခြင်းကြောင့် ဆီးချို ဖြစ်လာတာ/နှလုံးအဆီဖုံး/ သွေးတိုး စသဖြင့် ရောဂါတွေ ဖြစ်လာတတ်ပါတယ် ✅✅

ဝိတ်ချတယ် ဆိုတာ လှဖို့အတွက် တစ်ခုတည်းမဟုတ်ပဲ
တခြားး ရောဂါတွေ မဝင်အောင် တားပေးတဲ့ သဘောလည်းဖြစ်ပါတယ်

ဟုတ်ပြီ
သင် ဝိတ်ချတော့မယ် ဆိုရင်ကော
ဘယ်လို ဆေးမျိုး သောက်မလဲ???❓❓

တခြား စိတ်ကူးမလွဲနဲ့နော်❎❎

ဆရာဝန်တွေ အမြဲညွှန်ကြားပြီး ဆရာဝန်ထောက်ခံချက်ရထားတဲ့ ဆေး ZytrimR လေးသာ သတိရလိုက်ပါ

ZytrimR က သင့်ကို အလွယ်တကူ ဝိတ်ချဖို့ ကူညီပေးပါလိမ့်မယ်
Pharma #
Shwegu #

wee weeတို့ပေါတဲ့ရာသီရောက်ပြီဆိုင်မှာခြင်ပြေးကပ်လေးတွေ ရှိတယ်နော်အဂျစ်တို့😁
02/07/2023

wee weeတို့ပေါတဲ့ရာသီရောက်ပြီ

ဆိုင်မှာခြင်ပြေးကပ်လေးတွေ ရှိတယ်နော်
အဂျစ်တို့😁

သဇင် ကို သတိရလိုက်နော်နေ့လည်ခင်းဆိုရင် မလန်းဆန်းတော့တဲ့ ဦးနှောက်နဲ့ အာရုံစူးစိုက်မှုတွေ လျော့နည်းပြီး ဘာလုပ်လုပ် အချိန်...
22/06/2023

သဇင် ကို သတိရလိုက်နော်

နေ့လည်ခင်းဆိုရင် မလန်းဆန်းတော့တဲ့ ဦးနှောက်နဲ့ အာရုံစူးစိုက်မှုတွေ လျော့နည်းပြီး ဘာလုပ်လုပ် အချိန်ပေးနေရပြီလား? ဦးနှောက်နဲ့ ခန္ဓာကိုယ်ရဲ့ လုပ်နိုင်စွမ်းအားကို အချိန်တိုအတွင်း အမြင့်ဆုံးမြှင့်တင်ဖို့ ရေခဲစိမ် ဘရန်း(စ်)ကြက်ပေါင်းရည်တစ်လုံးကို ချက်ချင်းသောက်လိုက်ပါ။ လန်းဆန်းမှုအပြည့်နဲ့ နိုးနိုးကြားကြား ရှေ့ဆက်နိုင်ပါပြီ။
#

#ကြက်ပေါင်း

ကလေးတွေအရပ်မရှည်လို့မေမေတွေစိတ်မညစ်ပါနဲ့   #ရှိတယ်နော်သဇင် ဆေးဆိုင်ကို သတိရလိုက်ပါ
17/06/2023

ကလေးတွေအရပ်မရှည်လို့
မေမေတွေစိတ်မညစ်ပါနဲ့
#ရှိတယ်နော်
သဇင် ဆေးဆိုင်ကို သတိရလိုက်ပါ

သဇင်ဆေးဆိုင်မှာ ရပါတယ်နော်
17/06/2023

သဇင်ဆေးဆိုင်မှာ ရပါတယ်နော်

ဆိုင်မှာ အရသာစုံ ရောက်ထားပါတယ်နော်
05/06/2023

ဆိုင်မှာ အရသာစုံ ရောက်ထားပါတယ်နော်

27/05/2023
အင်ပြင်ထခြင်းလူငါးယောက်မှာ တစ်ယောက်ဟာ သူတို့ဘဝတစ်လျှောက် တစ်ကြိမ်မဟုတ် တစ်ကြိမ်ဆိုသလို အင်ပြင်ထတတ်ကြတယ်။ အင်ပြင်ထတယ်ဆိုတ...
25/05/2023

အင်ပြင်ထခြင်း

လူငါးယောက်မှာ တစ်ယောက်ဟာ သူတို့ဘဝတစ်လျှောက် တစ်ကြိမ်မဟုတ် တစ်ကြိမ်ဆိုသလို အင်ပြင်ထတတ်ကြတယ်။ အင်ပြင်ထတယ်ဆိုတာ အရေပြားမှာ အဖုအပိန့်တွေထွက်ပေါ်လာတာဖြစ်ပါတယ်။ အင်ပြင်ထစေတဲ့အကြောင်းရင်း အမျိုးမျိုးရှိနိုင်တယ်။ ဓာတ်မတဲ့တာ၊အရက်သောက်တာ၊ စိတ်ဖိစီးမှု၊ ဆေးဝါး၊ အစားအသောက်နဲ့ ဆိုင်တတ်တယ်။အခွံမာသီး၊ ငါး၊ မြေပဲ၊ ကြက်ဥ၊ ပင်လယ်စာ စတာတွေ မတဲ့တာရှိနိုင်တယ်။

အင်ပြင်ထစေသော အကြောင်းရင်းများ
-အစားအသောက်
-ဆေးဝါး(penicillin, sulphur, asprin, ibuprofen)
-အင်းဆက်ပိုးမွှား
-ပတ်ဝန်းကျင်အပူချိန်ပြောင်းလဲခြင်း
-သွေးသွင်းခြင်း
- အိမ်မွေးတိရိစ္ဆာန်များ
- ပန်းဝတ်မှုန်၊ ရနံ့

လက္ခဏာရပ်များ
အင်ပြင်ရဲ့ လက္ခဏာတွေက အဖုအပိန့်၊ အဖီပြင်လိုက်ခြင်းက အရေးပါတယ်။ အဖုအပိန့်က ရဲတာ သို့မဟုတ် ယားယံတာရှိတယ်။ မျက်နှာရဲတာလည်း ရှိနိုင်တယ်။ အသားအရည် ခြောက်သွေ့တာ၊ ပူလောင်လာတာ စတဲ့ခံစားချက်မျိုး ရှိနိုင်တယ်။ အင်ပြင်သဘောက ခန္ဓာကိုယ်အနှံ့ နေရာမရွေး အချိန်မရွေး ဖြစ်နိုင်ပါတယ်။ အင်ပြင်ထွက်တဲ့ အဖုအပိန့် ပုံစံ တူညီချင်မှ တူညီလိမ့်မယ်။ ဖြစ်ပြီးရင် ပျောက်တာမြန်တယ်။ ပြန်ပေါ်တာလည်း မြန်တတ်တယ်။ အင်ပြင်လက္ခဏာရပ်ထဲမှာ ခြင်ကိုက်သလို အဖီထတာကို wheals လို့ သုံးတယ်။ လက်နဲ့ ဖိကြည့်လို့ အရောင်ဖျော့သွားတာ(blanching)ရှိရင် အင်ပြင်ထတယ်လို့ ယေဘုယျ ကောက်ချက်ချနိုင်တယ်။ ရှားရှားပါးပါး အင်ပြင်ကွက်ဟာ လချီ၊ နှစ်ချီပြီးကြာတာမျိုးလည်း ရှိနိုင်ပါတယ်။

အင်ပြင်အနီကွက်ထခြင်းဟာ အရေပြားပေါ်မှာရှိတဲ့ သွေးကြောတုံ့ပြန်မှုတစ်မျိုး ဖြစ်တယ်။ ဓာတ်မတဲ့တဲ့အခါ ယားယံဆဲလ်(mast cells)တွေကနေ ယားယံစေတဲ့ဓာတ် (histamine) တမျိုးထွက်လာပါတယ်။ ဒီဓာတ်က ယားယံခြင်းနဲ့ ရောင်ရမ်းခြင်းကို ဖြစ်စေတယ်။ အဖီထစေတယ်။

အင်ပြင်ထတဲ့အခါ acute(ရက်တိုဖြစ်တာ) နဲ့ chronic(နာတာရှည်ဖြစ်တာ)ဆိုပြီးနှစ်မျိုးရှိတယ်။ ခြောက်ပတ်အတွင်း ရက်ပိုင်းဖြစ်တာကို acute urticariaလို့ ခေါ်ပါတယ်။ နာတာရှည် အင်ပြင်ဆိုတာ ခြောက်ပတ်ထက်ကျော်ပြီး နေ့စဉ်ဖြစ်ပေါ်တဲ့ လက္ခဏာရပ်မျိုးကို ခေါ်ပါတယ်။ နှစ်မျိုးစလုံးဟာ သာမန်လက္ခဏာကနေ အသက်ရှုကျပ်ပြီး လူ့အသက်ကို ထိခိုက်တာမျိုး ဖြစ်နိုင်တယ်။ ဒါ့ကြောင့် ဖြစ်လာရင် ဂရုစိုက်သင့်ပါတယ်။

တခါတရံ အင်ပြင်က အရေပြားဖောရောင်ခြင်း(angioedema) နဲ့ မှားတတ်ပါတယ်။ angioedema ဆိုတာ အရေပြားမျက်နှာပြင်အောက်ဆဲလ်တွေ ရောင်ရမ်းလာတာဖြစ်ပါတယ်။ အလာဂျီ၊ ဆေးဝါး၊ မွေးရာပါ အင်ဇိုင်းဓာတ်ချို့တဲ့တာတွေကြောင့် ဖြစ်နိုင်ပါတယ်။ angioedemaရဲ့ လက္ခဏာတွေက လည်ပင်း၊ ခြေ၊လက်၊ မျက်လုံးနဲ့ ပါးစပ်တစ်ဝိုက်ရောင်ရမ်းလာတာ၊ အသက်ရှုကျပ်ပြီး အစာမျိုရခက်တာမျိုးကို ခေါ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီး ချွေးထွက်များရာကဖြစ်တဲ့ cholinergic urticaria (အင်ပြင်တစ်မျိုး) လည်း ရှိသေးတယ်။ တချို့က heat bump လို့လည်း ခေါ်တယ်။

အင်ပြင် ဟုတ်မဟုတ် သိဖို့ မခက်ပါဘူး။ ကျွမ်းကျင်ဆရာဝန်က အလွယ်တကူ ခန့်မှန်းသိရှိနိုင်ပါတယ်။ အင်ပြင်အများစုဟာ အစာမတဲ့ခြင်း (food allergy)တွေကြောင့် ဖြစ်တယ်။ မြေပဲ၊ ပုဇွန် မတဲ့သူက စားပြီး ချက်ချင်းဖြစ်လာတယ်။ နာတာရှည်အင်ပြင်ထတာ(chronic hives)မျိုးမှာ မျိုးရိုးနဲ့ အနေအထိုင်ကိုပါ စနစ်တကျမေးရတယ်။ ဥပမာ ခွေး၊ကြောင် စတဲ့ အိမ်မွေးတိရိစ္ဆာန်ရဲ့ အညစ်အကြေး၊အမှုန်အမွှားတွေက ဓာတ်မတဲ့ခြင်းကို ဖြစ်စေတယ်။

ကုသနည်း
အင်ပြင်ထလာရင် အလွယ်ကူဆုံး ရေအေးဝတ်ကပ်လို့ ရတယ်။ လိမ်းဆေးထဲမှာ မိတ်ထွက်ရင်သုံးတဲ့ Calamine lotion လိမ်းလို့ရတယ်။ ပူတာ၊ ယားယံနာကို သက်သာစေတယ်။ ယားယံဓာတ် အထွက်နည်းဖို့ antihistamine အမျိုးအစား အယားပျောက်ဆေး တမျိုးမျိုးသောက်သင့်တယ်။ burmeton, cetrizine, fexofenadine အစရှိတဲ့ဆေးဝါးတွေ သုံးစွဲနိုင်ပါတယ်။ နာတာရှည်အင်ပြင်အတွက် ketotifen (mast cell stabilizer) လို ဆေးမျိုး လိုပါတယ်။ အယားပျောက်ဆေးတွနဲ့ မသက်သာရင် အဲဒီထက်ပိုမြင့်တဲ့ အရောင်ကျဆေးတွေ သောက်သုံးရတယ်။ prednisolone, dexamethasone, hydrocortisone စတဲ့ဆေးတွေ သောက်ဆေး၊ ထိုးဆေး၊ လိမ်းဆေး အမျိုးမျိုးကို အသုံးပြုရမယ်။ ဆိုးရွားပြင်းထန်တဲ့ အဆင့်မှာတော့ နားလည်တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ မကုသရင် အသက်အန္တရာယ်ပါ စိုးရိမ်ရတယ်။

ဓာတ်မတဲ့သူ ရှောင်ရမည့် အစားအသောက်များ
-မြေပဲ
-ချောကလက်
-ကွကျဥအကာ
-အခွံမာသီးများ
-ဘယ်ရီသီး
-စတော်ဘယ်ရီသီး
-နာနတ်သီး
-ခရမ်းချဉ်သီး
-နို့နှင့် နို့ထွက်ပစ္စည်းများ
-အကြေးခွံပါငါး
-ပင်လယ်စာ
-အရက်၊ဘီယာ၊ဝိုင်
-အချဉ်ဖောက်ထားသော အစားအစာ

မှတ်ချက် - တယောက်နဲ့တယောက် အစားအသောက် ရှောင်ကျဉ်ရမှာတွေ မတူညီတာ သတိပြုပါ။ ဓာတ်မတဲ့သူ၊ အင်ပြင်ထတတ်သူတွေဟာ ကုသခြင်းထက် ကာကွယ်ခြင်းကို ပိုမိုအလေးပေးလုပ်ဆောင်သင့်တယ်။

ဒေါက်တာအေးမင်းထူး

20/05/2023

#
benifit

Address

Shwegu

Telephone

+959259942794

Website

Alerts

Be the first to know and let us send you an email when Thazin Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram