ပုလဲသွယ် သွား/ခံတွင်းအထူးကုဆေးခန်းး

  • Home
  • Myanmar
  • Shwegyin
  • ပုလဲသွယ် သွား/ခံတွင်းအထူးကုဆေးခန်းး

ပုလဲသွယ် သွား/ခံတွင်းအထူးကုဆေးခန်းး ပုလဲသွယ် သွား/ခံတွင်းအထူးကုဆေးခန်း ?

ဒီ Page ကို ကျ​နော်​မသုံး​တော့ပါဘူး​ရွှေကျင်​က​နေ ​ယခု check in ဝင်​ထားတဲ့ လိပ်​စာကို​ပြောင်းသွားပြီမို့ပါPage ကိုမဖျက်​...
01/08/2019

ဒီ Page ကို ကျ​နော်​မသုံး​တော့ပါဘူး

ရွှေကျင်​က​နေ ​ယခု check in ဝင်​ထားတဲ့ လိပ်​စာကို​ပြောင်းသွားပြီမို့ပါ

Page ကိုမဖျက်​တာက ​ရွှေကျင်​မှာ ကျနော်​ရှိစဉ်​က Check in ဝင်​ထားတဲ့ အမှတ်​တရ​လေး​တွေရှိ​နေလို့ပါ

https://www.facebook.com/myintoodental/

🏠🏠🏠 ဆေးခန်းအမည်​ 🏠🏠🏠
🏥🏥🏥 တရုတ်​မ 🏥🏥🏥
🍎သွားနှင့်ခံတွင်း ဆေးခန်း🍎

🗻🗻🗻 လိပ်​စာ 🗻🗻🗻
၁/၁၆၆၆
ရာဇသင်္ကြန်​လမ်း
၄၆ ရပ်​ကွက်​ 
မြောက်​ဒဂုံ
ရန်​ကုန်​မြို့
{ 🚥🚥🚥၅၀ ​ကွေ့အနီး🚥🚥🚥 }

🔊🔊🔊Google map 🕪🕪🕪
🖌🖌🖌( တို့ထိ ဖိရန်​ )✏✒✏✒
Near 50 corner ,
Yarza Thingyan Rd, 46 Qr.
Northdagon,Yangon
09 964 123421
09 778877816

https://maps.app.goo.gl/LVPsHikjnxEkbHFGA

ဒီ Page ကို ကျ​နော်​မသုံး​တော့ပါဘူး​ရွှေကျင်​က​နေ ​အောက်​ပါ လိပ်​စာကို​ပြောင်းသွားပြီမို့ပါPage ကိုမဖျက်​တာက ​ရွှေကျင်​မှ...
01/08/2019

ဒီ Page ကို ကျ​နော်​မသုံး​တော့ပါဘူး

ရွှေကျင်​က​နေ ​အောက်​ပါ လိပ်​စာကို​ပြောင်းသွားပြီမို့ပါ

Page ကိုမဖျက်​တာက ​ရွှေကျင်​မှာ ကျနော်​ရှိစဉ်​က Check in ဝင်​ထားတဲ့ အမှတ်​တရ​လေး​တွေရှိ​နေလို့ပါ

https://www.facebook.com/myintoodental/

🏠🏠🏠 ဆေးခန်းအမည်​ 🏠🏠🏠
🏥🏥🏥 တရုတ်​မ 🏥🏥🏥
🍎သွားနှင့်ခံတွင်း ဆေးခန်း🍎

🗻🗻🗻 လိပ်​စာ 🗻🗻🗻
၁/၁၆၆၆
ရာဇသင်္ကြန်​လမ်း
၄၆ ရပ်​ကွက်​ 
မြောက်​ဒဂုံ
ရန်​ကုန်​မြို့
{ 🚥🚥🚥၅၀ ​ကွေ့အနီး🚥🚥🚥 }

🔊🔊🔊Google map 🕪🕪🕪
🖌🖌🖌( တို့ထိ ဖိရန်​ )✏✒✏✒
Near 50 corner ,
Yarza Thingyan Rd, 46 Qr.
Northdagon,Yangon
09 964 123421
09 778877816

https://maps.app.goo.gl/LVPsHikjnxEkbHFGA

မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများ အတွက် သတင်းကောင်း................................................................
12/08/2017

မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများ အတွက် သတင်းကောင်း................................................................................
သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် - ရန်ကုန်၊ မေးရိုးနှင့် ခံတွင်း ခွဲစိတ်ကုပညာဌာန နှင့်

ကိုရီးယား သမ္မတ နိုင်ငံ၊ Chosun University၊ Dept of Oral & Maxillofacial Surgery တို့ ပူးပေါင်း၍

မွေးရာပာ နှုတ်ခမ်းကွဲ အာခေါင်ကွဲ လူနာများ အခမဲ့ ခွဲစိတ်ကုသပေးခြင်း အစီအစဉ် ကို

နှစ်စဉ် ပြလုပ်နေကြ အတိုင်း ၂၀၁၇ ခုနှစ်၊ သြဂုတိလ (၂၈)ရက်နေ့မှ (၃၁) ရက်နေ့ အထိ ပြုလုပ်သွားမှာ ဖြစ်ပါတယ်..

ထို အစီအစဉ်မှာ ပါဝင် ခွဲစိတ်မှု ခံယူလိုသူများအနေနဲ့ လူနာ စာရင်းပေး ခြင်း ပြုလုပ်ခြင်းကို ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၁၅) ရက် နေ့ မှ စတင်ပြီး လက်ခံ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်.

မေ့ဆေးနှင့် ခွဲစိတ်ကုသမှုများ ပြုလုပ် ရမှာ ဖြစ်တာကြောင့် ပူးပေါင်းခွဲစိတ်မှုများ မစခင် သတ်မှတ် ထားတဲ့ ရက်များ မှာ လိုအပ်တဲ့ ဆေးစစ်မှုများ၊ သွေးစစ်မှုများ ပြုလုပ်ရန် ကြိုတင် လာရောက် ပြသရန်လိုပါတယ်..

လာရောက်ပြသလိုတဲ့ လူနာများ အနေနဲ့ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်- ရန်ကုန် ၊ အမှတ် (၅၈၂) သံသုမာလမ်း၊ သုဝဏ္ဏ၊ ရန်ကုန်မြို့ မှာ လူနာကိုပါ ခေါ်လာပြီး လာရောက်ပြသပေးဖို့ လိုပါတယ် ခင်ဗျာ...

မရှင်းလင်းသည်များ၊ သိလိုသည်များ ရှိရင် အောက်ပါ ဆရာဝန်များကို ဆက်သွယ်ပြီး မေးမြန်းနိုင်ပါတယ်...

ဒေါက်တာ မင်းထိုက်ဦး (Minn HteikOo) ၀၉ ၅၀ ၄၇ ၅၁၇

ဒေါက်တာ သဲနန္ဒာစိုး (Thae NandarSoe) ၀၉ ၄၂ ၁၀၂ ၅၂ ၂၅

ဒေါက်တာ လဲ့ရည်မျိုး (Lei YeeMyo) ၀၉ ၄၂ ၅၃၂ ၀၈ ၈၀

Mask တပ်ကြသည်ဆိုရာဝယ် ...(H1N1 ကြောင့် လူတော်တော်များများ surgical mask တွေ M95 mask တွေတပ်ပြီး လမ်းသလားနေကြတာတွေ့တော့ m...
05/08/2017

Mask တပ်ကြသည်ဆိုရာဝယ် ...
(H1N1 ကြောင့် လူတော်တော်များများ surgical mask တွေ M95 mask တွေတပ်ပြီး လမ်းသလားနေကြတာတွေ့တော့ mask နဲ့ ပတ်သက်ပြီး သိစရာ အကြောင်း တချို့ ပြောချင်ပါတယ် ။
Mask ကို အလွယ်ခွဲရင် surgical mask နဲ့ N 95 respirator mask ဆိုပြီး နှစ်မျိုးရှိတယ်လို့ ပြောလို့ရပါတယ်။တကယ် အတိအကျခွဲရင် N100 တို့ ဘာတို့ အများကြီးရှိပါသေးတယ်။ လူသိများတာကတော့ surgical mask နဲ့ N95 respirator mask ဘဲဖြစ်ပါတယ်။ ဒီနှစ်ခုကဘာကွာလဲဆိုတော့ sugical mask က ခွဲစိတ်ဆရာဝန်တွေ ခွဲစိတ်ရာမှာ သူ့ရဲ့ နှာခေါင်းထဲက ပိုးတွေ ခွဲစိတ်ဒါဏ်ရာ ထဲမဝင်အောင် ကာကွယ်တဲ့ အနေနဲ့ တပ်သလို အဆုတ်ရောဂါရှိသူများ ကိုယ့်ရောဂါ သူများဆီ မကူးအောင် တပ်ကြပါတယ်။ ဒါပေမဲ့ တုပ်ကွေး ဖြစ်စေတဲ့ virus ကိုတော့ မကူးစက်အောင် မတားဆီးနိုင်ပါဘူး။ ဒါကြောင့် surgical mask ကြီး တပ်ပီး တုပ်ကွေးမကူးနိုင်ဘူးလို့ ယူဆပီး လူနာနားသွားနေရင် ရောဂါကူးစက်နိုင်ပါတယ်။ တုပ်ကွေးကူးတာကို ထိထိရောက်ရောက်ကာကွယ်နိုင်တာက N 95 respirator mask ပါဘဲ ။ဒါကြောင့် H1N1 လူနာတွေကို ကြည့်ရှု စောင့်ရှောက်ရတဲ့ ကျန်းမာရေး ဝန်ထမ်းတိုင်း တပ်သင့်ပါတယ်။ သာမန်လူများကတော့ mask တပ်တာထက်စာရင် လူများတဲ့နေရာ ရှောင်ကြဉ်ခြင်း လက်ကို မကြာခဏ ဆေးပေးခြင်းတို့က ပို အရေးကြီးပါတယ်
ဒီနေရာမှာလည်း N95 တပ်တိုင်း ကာကွယ်သလားဆိုတော့ မဟုတ်ပါဘူး။ ညွှန်ကြားထားတဲ့အတိုင်း စနစ်တကျတပ်မှသာ ကာကွယ်မှာ ဖြစ်ပါတယ်။
ပထမဆုံးသတိထားရမှာကတော့ ကိုယ်တပ်တဲ့ M95 ဟာ အစစ် ဖြစ်ရဲ့လား ဆိုတာ သတိထားဖို့လိုပါတယ်။ ဖြူဖြူခုံးခုံး မာမာလေး ဖြစ်တိုင်း N95 မဟုတ်ပါဘူး။ N95 ဈေးကောင်းတာနဲ့ အတုလုပ်ရောင်းတဲ့ သူတွေတောင် ပေါ်နေပါပီ ။ ဒါကြောင့် ကိုယ်တပ်တဲ့ N95 ဟာ quality ကောင်းမကောင်း ၊သက်ဆိုင်ရာ အဖွဲ့အစည်းက အသိအမှတ်ပြုထားတဲ ကုမဏီ နဲ့ model ဟုတ်မဟုတ် ဂရုစိုက်ဖို့လိုပါတယ်။ US က labour department web site မှာ စိတ်ချရတဲ့ ကုမဏီနဲ့ model နံပတ်တွေကို ရေးထားတာ ရှိပါတယ်။
N95 mask ဟာ အရွယ်အမျိုးမျိုး (ကြီး၊ငယ်၊လတ်) ရှိလို့ ကိုယ်မျက်နှာနဲ့ အံဝင်ခွင်ကြ fit ဖြစ်မဲ့ mask ကိုသာ တတ်သင့်ပါတယ်။ fit test လုပ်ကြည့်ဖို့လိုပါတယ်။ fit ဖြစ်ရင် အသက်ရှုသွင်းတဲ့ အချိန်မှာ mask ဟာ အနည်းငယ် ပိန်သွားတတ်ပီး အသက်ရှုထုတ်တဲ့ အချိန်မှာ လေ အများကြီးထွက်သွားတာမျိုးမရှိပါဘူး။ fit ဖြစ်မှသာ ရောဂါကူးစက်မှုကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ မဟုတ်ရင် ရောဂါ ကူးစက်ခံရနိုင်ပါတယ်။
နောက်တခုက M 95 mask ကို ဘယ်လောက်ကြာကြာ တပ်သင့်သလဲ ဆိုတဲ့ အယူအဆပါ။ m95 mask အများစုဟာ တခါသုံး အတွက်ပဲ ရည်ရွယ်ထုတ်လုပ်ထားတာ ဖြစ်တဲ့ အတွက် အကေါင်းဆုံးက တစ်ခာ သုံးပီး လွှတ်ပြစ် ကြရမှာပါ။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင်း m 95 mask ကို extended use or reuse လုပ်ချင် လုပ်နိုင်တယ်လို့ ဆိုကြပြန်ပါတယ် ။ extended use ဆိုတာက mask ကို စတပ်ပီး မဖြုတ်မချင်း အချိန်အတော်ကြာသုံး ပီးမှ စွန့်ပစ်တာဖြစ်ပါတယ်။ mask တစ်ခုကို ၄ နာရီ သို့ ၈ နာရီ ကြာရင် လဲသင့်တယ်လို့ ပြောတဲ့သူများရှိသလို mask ဟာ မပျက်မချင်း ရေမစိုမချင်း အရောင်မပြောင်းမချင်း သုံးနိုင်တယ်လို့ ဆိုတဲ့ ပညာရှင်များလည်းရှိပါတယ်။
ကဗာပေါ်ရှိ ဆေးရုံတွေ အဖွဲ့အစည်းများ တွေဟာ အမျိုးမျိုး သူတို့ကြိုက်တဲ့ အတိုင်း mask ကို သတ်မှတ် သုံးစွဲ စေကြပါတယ်။ တချို့က ဂျူတီချိန် တချိန် လုံး mask တစ်ခုပဲ သုံးခိုင်းတဲ့ ဆေးရုံများရှိသလို လူနာတစ်ယောက်ကြည့် ပီး တစ်ခါလဲခိုင်းတဲ့ ဆေးရုံတွေလည်းရှိပါတယ်။ တစ်နေ့လုံး mask တခုထဲ သုံးခိုင်းလို့ မကျေနပ်ဘဲ အလုပ်ထွက်တဲ့ health care worker များလည်းရှိပါတယ်။
တကယ်ကတော့ mask တစ်ခုကို အကြာကြီးသုံးတာဟာ health care worker တွေ အတွက်သာမက လူနာတွေ အတွက်လည်း မကောင်းပါဘူး ။ ရှေ့ လူနာမှာ ရောဂါရှိရင် နောက်လူနာတွေမှာပါ ဒီ mask ကတစ်ဆင့် ကူးစက်နိုင်လို့ ဖြစ်ပါတယ်။ ဒါကြောင့် တချို့ က N95 ရဲ့ ရှေ့မှာ surgical mask တစ်ခုထပ်တပ်ပီး လူနာတစ်ယောက်ကြည့်ပီးရင် surgical mask ကို လဲ သင့်တယ်လို့ ဆိုကြသလို တချို့ကလဲ mask ရဲ့ ရှေ့မှာ ရေဆေးလို့ရတဲ့ ပလပ်စတစ်လို မှန်လို အကာအကွယ် တစ်ခုခံထားရင် ကောင်းတယ်လို့ဆိုကြပါတယ်။
M95 Reuse လုပ်မယ်ဆိုရင်တော့ သုံးပီးသား mask ကို သေသေချာချာ သန့်သန့်ရှင်းရှင်း သိမ်းဖို့ လိုပါတယ် ။အများ သုံးတဲ့ စားပွဲတွေ ခုံတွေပေါ်မှာထားပီး ပြန်သုံးရင် အဲဒီ ခုံတွေ ပေါ်က ပိုးတွေကို ယူရှုသလိုဖြစ်ပီး ရောဂါပိုရတတ်ပါတယ်။ mask ကို လည်းပင်းမှာချိတ်ပီးလည်း မသွားသင့်ပါဘူး။ ပိုးကူးမှာစိုးလို့ပါ။mask ကို ကြုံရာနေရာမှာချခြင်း ၊နံရံမှာ ချိတ်ခြင်းတို့ကို ရှောင်ကြဉ်သင့်ပါတယ်။
Mask ကိုတပ်ရာမှာ စနစ်တကျ တပ်ရသလို ပြန်ချွတ်ရာမှာလည်း mask ရဲ့ အပြင်မျက်နှာပြင်ကို လုံးဝ မထိဘဲ နောက်ကြိုးကသာ ကိုင်ပီးဖြုတ်သင့်ပါတယ်။
H1N1 ကာကွယ်ရာမှာ mask ထက်စာရင် လက် က ပိုးကို ထိတွေ့ပီးပိုကူးတတ်တာမို့. လက်ကို သန့်သန့် ရှင်းရှင်းထား ခြင်း ၊မကြာခဏဆေး ခြင်း၊ သွားလာရာမှာ အများ ထိတွေ့ကိုင်တွယ်တတ်တဲ့ လှေကားလက်ရမ်းများ နံရံများ စားပွဲခုံများ တံခါး လက်ကိုင်ဘုများကို တတ်နိုင်သမျှ မထိတွေ့အောင် ရှောင်ကြည်ပီး ထိမိပါက လက်ကို ဆေးကြောပေးခြင်း ၊ လူများသော နေရာကို ရှောင်ကြည်ခြင်း တို့က ရောဂါကူးစက်မှုကို ပို ကာကွယ်ပေးနိုင်ပါတယ်
Credit: Dr. Aung San)

"ဒါပေမဲ့ ရိုးရိုးလူတွေ လူထူထပ်တဲ့နေရာကို သွားရမယ်ဆို surgical mask တပ်ရင် လုံလောက်ပါတယ်...ရောဂါရှိတဲ့သူတွေ /ရောဂါသည်ကိုကုပေးရတဲ့ (high risk to get H1N1) ကျန်းမာရေးဝန်ထမ်းများသာ N95 masks တပ်ဖို့လိုပါတယ်... H1N1 မရှိနိုင်တဲ့ပတ်ဝန်းကျင် မှာ အလုပ်လုပ်နေရင်/ H1N1 မရှိနိုင်တဲ့လူနာများကိုစမ်းတဲအခါမှာ N95 masks တပ်ဖို့မလိုပါ.. လူတောထဲ N95 masks တပ်တာ ရောဂါ ရှိနေလို့ သူများမကူးအောင်တပ်တာမျိုးပဲဖြစ်သင့်တယ်... ရောဂါမရှိတဲ့လူကောင်းတွေ masks သိပ်တပ်ချင်ရင် surgical masks တပ်ရင်ရပီလို့ internationally accepted လုပ်ထားပါတယ်..."

 #ကိုယ်တိုင်ကာကွယ်ချင်ပါမှ************************အလုပ်သင်ဆရာဝန်ဘဝက conservative ဌာနမှာ တာဝန်ကျတဲ့အချိန်။ကိုယ်နဲ့အတူ အလု...
24/03/2017

#ကိုယ်တိုင်ကာကွယ်ချင်ပါမှ
************************
အလုပ်သင်ဆရာဝန်ဘဝက conservative ဌာနမှာ တာဝန်ကျတဲ့အချိန်။
ကိုယ်နဲ့အတူ အလုပ်သင်ဆင်းကြတဲ့သူတွေက ကိုယ့်ထက်အတန်းငယ်သူတွေများတယ်။
ကိုယ်ကလဲ အလုပ်သင်ဆင်းတဲ့အချိန်အထိ ဖာသိဘာသာနေတုန်း။ လူနာရှိတယ်။ ကြည့်ပေးပါဆိုကြည့်ပေးလိုက်တယ်။ မရှိဘူးဆို ကျောင်းတကျောင်းလုံးအနှံ့လျှောက်သွားတယ်။ လေကန်တယ်။ ဒီလိုပဲနေလာတာ။
တရက်မှာတော့ အကို အားတယ်မို့လားတဲ့။ အငယ်တစ်ယောက်က မေးတာ။ အေး.. အားပါတယ်ဆိုတော့ လူနာရှိတယ် ကြည့်ပေးပါတဲ့။ အေးပါဆိုပြီး Instruments (ပစ္စည်းကိရိယာ) တွေထုတ်ပြီး လူနာကို သွားကုတဲ့ ခုံပေါ်တင်ပြီး ကြည့်ပေးတာပေါ့။ လူနာကလည်း ကိုယ်က တစ်ခုလောက်မေးရင် ပြောနေတော့တာ မပြီးတော့ဘူး။ သူ့သွားတွေ ပိုးစားမှာ တော်တော်ပူပန်စိုးထိတ်နေတဲ့ပုံပဲ။ သွားတစ်ချောင်းမှာ အပေါက်ရှိတော့ အဲ့ဒီသွားကို ဖာပေးရတယ်။ ဖာပြီးတော့ မနားသေးဘူး။ ဆရာ စိတ်တော့မဆိုးပါနဲ့ သမီးက မသိလို့ပါ။ ဒီနောက်က မဲနေတဲ့သွားတွေက ဖာလို့မရဘူးလား။ စိတ်မရှိပါနဲ့နော်။ သမီးက မသိလို့ပါဆိုတာကို ထပ်ကာထပ်ကာ ပြောတယ်။ အဲ့ဒီသွားတွေက အပေါက်မဖြစ်သေးဘူး။ သွားသေချာတိုက်ရင် ကောင်းသွားမှာပါ။ ပြန်ဖာရလောက်အောင် မဆိုးသေးပါဘူးဆိုတော့ သမီးမသိလို့ပါ။ စိတ်မရှိပါနဲ့ဆရာ။ သမီးအဲ့ဒီမဲတာတွေ ပျောက်ချင်တယ်ဆိုတော့ ပြောရခက်လာတယ်။ တစ်မျိုးတော့တစ်မျိုးပဲပေါ့။ ကဲပါလေ သူစိတ်ကျေနပ်သွားအောင်ဆိုပြီး မဲနေတဲ့ fissure တွေကို bar အချွန်လေးတွေနဲ့ ခြစ်ပေးပြီး fissure sealant လုပ်ပေးလိုက်တယ်။ မှန်ထဲမှာ ကြည့်တော့ အမဲတွေမရှိတော့လို့ သူလဲ ကျေနပ်သွားတယ်။
အဲ့ဒီတုန်းက ကျောင်းမှာ သွားဖာရင် တစ်ချောင်းဘယ်လောက်ဆိုပြီး ကုန်ကျစရိတ်တောင်းပါတယ်။ ဒါနဲ့သူ့ကို reception မှာ ခေါ်လာပြီး သွားတစ်ချောင်းဖာတဲ့အတွက် ကုန်ကျစရိတ် ဘယ်လောက်ကျမယ်ဆိုပြီး ပြောတော့ ဆရာရယ် စိတ်မရှိပါနဲ့ သမီးမှာပိုက်ဆံမပါလို့ပါ။ သမီးဆရာ့ကို ကန်တော့ပါတယ်ဆိုပြီး အလုပ်သင်ဆရာဝန်တွေရော၊ ကျောင်းသားတွေရော၊ တခြားလူနာတွေရော အများကြီးကြားမှာ ကျွန်တော့်ကို ထိုင်ကန်တော့တာပဲ။ လူလဲ ပူထူပြီး ဘာလုပ်လို့လုပ်ရမှန်းမသိတော့ဘူး။ စောစောက အားရင် လူနာကြည့်ပေးလို့ ပြောတဲ့သူတွေကို အားကိုးတကြီးလှမ်းကြည့်တော့ အားလုံး ပါးစပ်ပိတ် တခွီးခွီး ရယ်နေကြတယ်။ အစက တစ်မျိုးပဲလို့ ထင်ထားတာ အဲ့ဒီတော့မှ ကိုယ်လဲ သဘောပေါက်ပါတယ်။
ခုပြန်တွေးကြည့်တော့ ကိုယ်ကတောင်သူ့ကို ပြန်ကန်တော့ချင်လာတယ်။ သူ့ဟာသူ စိတ်ပုံမှန်မဟုတ်ပေမယ့် သူ့သွားတွေကို ဂရုစိုက်ရမှန်း သူသိတာပဲ။ ခုခေတ်လူကြီးလူငယ်တွေ ဆံပင်တွေ ကော့ပျံနေအာင်သ၊ မျက်နှာမှာ မိတ်ကပ်တွေ ဖွေးနေပေမယ့် သွားအခြေမှာ သွားဂျိုး(ချိုး)တွေမဲနေပြီး သွားဖုံးက သွေးတစိမ့်စိမ့်။ ကုရကောင်းမှန်းမသိကြတာတွေ။ ကြိုတင်ကာကွယ်ထားရင် သွားပိုးစားတာ၊ ရေစီးကမ်းပြိုဖြစ်တာတွေကို ရာခိုင်နှုန်းအပြည့်နီးပါး ကာကွယ်ပေးနိုင်တာတွေ ပြောပြပေမယ့် လိုက်နာကြဖို့ ခက်နေကြပါတယ်။။ ဘယ်လိုပဲပြောပြော ညအိပ်ချိန် သွားမတိုက်ချင်ကြဘူး။
ကျန်းမာရေးဆိုတာ ကိုယ်တိုင်ဂရုစိုက်မှဖြစ်တာဆိုတော့ တစ်ခါတလေကျတော့လည်းပြည်သူတွေ တကယ်ယုံယုံကြည်ကြည် ပါဝင်ချင်လာအောင်၊ ကိုယ့်ကျန်းမာရေးကိုယ်ဂရုစိုက်ချင်လာအောင် ပြောရတာ မလွယ်ပါဘူး။ မသိလို့ပါလို့ ပြောတယ်။ ခုပြောပြလိုက်တယ်။ သိသွားပြီ၊ အဲ့ဒီနေ့ည အိပ်ရာမဝင်ခင်သွားတိုက်ဖြစ်ရဲ့လားမေးကြည့် မတိုက်ဖြစ်ပါဘူး။ ဒါဟာ သူတို့ပါဝင်ချင်စိတ်ရှိလာအောင် ကျွန်တော်တို့မစွမ်းဆောင်နိုင်သေးတာပေါ့။ ဆရာဝန်ဆိုတာ ဆေးကုရုံနဲ့ မပြီးဘူးလေ။ ရောဂါမဖြစ်အောင် ကာကွယ်ရမယ့်အချက်တွေပြည်သူတွေသိသွားစေဖို့ တာဝန်လဲ ယူထားရသေးတယ်။
တက်ကျမ်းလို့ခေါ်ကြတဲ့ ကြီးပွားချမ်းသာရေးစာအုပ်တစ်ချို့မှာ ဖတ်ဖူးတယ်။ လူတွေမချမ်းသာတာ ချမ်းသာချင်စိတ်မရှိလို့တဲ့။ အဲဒီတော့ပြောကြတယ်။ မချမ်းသာချင်တဲ့သူ ဘယ်သူရှိမလဲပေါ့။ တကယ်မချမ်းသာချင်လို့ပါတဲ့။ တကယ်ချမ်းသာချင်ရင် ချမ်းသာမယ့် နည်းလမ်းရှာပြီး သူအလုပ်လုပ်နေမှာပေါ့။ တစ်နေ့မှာ သူ ချမ်းကို ချမ်းသာလာမှာတဲ့။
အဲ့ဒီလိုပါပဲ။ သွားနှင့်ခံတွင်းကျန်းမာရေးမှာ အဖြစ်အများဆုံးက သွားပိုးစားတာနဲ့ ရေစီးကမ်းပြို(အရပ်ခေါ်)ဆိုတဲ့ သွားတွေ ယိုင်နဲ့ကျွတ်ထွက်တတ်တဲ့ရောဂါနှစ်ခု။ အဲ့ဒီနှစ်ခုလုံးကို အဓိကဖြစ်စေတဲ့အရာကလဲ သွားတိုက်တာနဲ့ပဲ သေချာကာကွယ်နိုင်တယ်။ သွားတိုက်တယ်ဆိုတာလည်း လူတိုင်းသိနေကြတာပဲ။ စနစ်မှန်တာ မမှန်တာတော့ ကွာတာပေါ့လေ။ ဒါပေမယ့်လည်း လူတိုင်းမှာလဲ ဒီရောဂါတွေရှိနေကြတာပါပဲ။ လူတိုင်းဆိုလို့ တချို့ထင်ကြမယ်။ ငါ့မှာ မရှိပါဘူးလို့။ ကျွန်တော်တွေ့ဖူးတဲ့လူတွေတော်တော်များများ ဆယ်ယောက်မှာ ကိုးယောက်ခွဲလောက်များရှိမလားပဲ။ တော်တော်များများကတော့ မနာရင် သွားရောဂါမရှိဘူးလို့ ထင်ကြတယ်။ တချို့ဆို သွားတွေတစ်ချောင်းပြီးတစ်ချောင်း ကျွတ်ထွက်သွားတာ အားလုံးကုန်နေပြီ။ သူတခါမှသွားမနာဖူးပါဘူးဆိုတာ ကြွားလို့ကောင်းတုန်း။
ကျွန်တော်ကလဲပြောချင်ပါတယ်။ လူတွေ သွားနှင့်ခံတွင်းရောဂါဖြစ်တာ ဖြစ်ချင်လို့ပါ။ မဖြစ်ချင်တဲ့သူလုံးဝမဖြစ်ပါဘူးလို့။ တချို့ကတော့ထင်ကြမယ်။ ငါတို့နေ့တိုင်း၊ အားတိုင်းသွားတိုက်ပါတယ်။ ဖြစ်တာပါပဲလို့။
သွားတိုက်တယ်ဆိုရာမှာလည်း (၁) စနစ်ကျဖို့တော့လိုပါမယ်။ (၂) ညအိပ်ခါနီး သေချာပေါက် တိုက်ရပါမယ်။ သွားတိုက်တယ်ဆိုတာ ပါးစပ်ထဲမှာ သွားတိုက်ဆေး အမြှုပ်ထွက်ချင်လို့တိုက်တာ မဟုတ်ပါဘူး။ သွားမှာကပ်တွယ်လာတဲ့ dental Plaque လို့ ခေါ်တဲ့ ချိုပြီးစေးကပ်တဲ့ အလွှာပါးလေးကို ပြောင်စင်သွားအောင် တိုက်ပေးတဲ့သဘောပါပဲ။ အဲ့ဒီအလွှာလေးကို မျက်စိနဲ့ မမြင်ရပါဘူး။
ဥပမာပြောရရင် ပန်းကန်မှာ ဆီတွေပေနေတယ်။ ဆပ်ပြာကို ရေဖျော်ကျင်းပစ်ရုံနဲ့ မပြောင်ပါဘူး။ နေရာတိုင်းကို ဖော့တုံးနဲ့ဖြစ်ဖြစ် သေချာပွတ်ပေးမှသာ ဆီတွေပြောင်ပါတယ်။ ဒီသဘောပါပဲ။ သွားပိုးစားရောဂါဆိုတာကလဲ သွားပေါ်မှာ ကပ်နေတဲ့ စေကပ်တဲ့အလွှာလေးကို ပွတ်တိုက်ဖယ်ရှားပေးရတာပါ။ အဲ့ဒါကလဲ ဆေးခန်းမှာ လာလုပ်ဖို့မဖြစ်နိုင်ပါဘူး။ မိမိကိုယ်တိုင် နေ့စဉ် လုပ်ပေးမှ ဖြစ်တာပါ။
တကယ်တော့ သွားနှင့်ခံတွင်းရောဂါအများစုဟာ ကိုယ်တိုင်ကာကွယ်ချင်စိတ်နဲ့ ကိုယ်တိုင်လုပ်ပါမှ စိတ်ချရတယ်ဆိုတာမျိုးပါ။
#ဦးဒေါက်တာ

Dr. Htun Htun Naing
HEALTH DIGEST
အတွဲ ၁၄။ အမှတ် ၂၆

Photo Credit
သစ်ထူးလွင်

လူနာရဲ့ ကံကိုက ကောင်းလို့တော်ပါသေးရဲ့
24/03/2017

လူနာရဲ့ ကံကိုက ကောင်းလို့တော်ပါသေးရဲ့

01/10/2016
13/09/2016
သွားများ၏ ဖွဲ့စည်းပုံ_____________________ဘယ်သွားမှ အမြစ်က ဘယ်လိုဆိုတာကြည့်ရှု့လေ့လာစေချင်တာ စေတနာပါ ။'
12/07/2016

သွားများ၏ ဖွဲ့စည်းပုံ
_____________________
ဘယ်သွားမှ အမြစ်က ဘယ်လိုဆိုတာကြည့်ရှု့လေ့လာစေချင်တာ စေတနာပါ ။

'

နှာခေါင်းထဲ သွားပေါက် ဖြစ်တောင့် ဖြစ်ခဲ
30/06/2016

နှာခေါင်းထဲ သွားပေါက်
ဖြစ်တောင့် ဖြစ်ခဲ

The May/June 2016 issue of General Dentistry describes a rare event where a primary incisor intruded into the nasal cavity. Read the full case report: http://ow.ly/Z2AYr

ပင်ကိုယ် သွားများ ဂရုစိုက်ကြပါ ။အတု သည် အတုသာဖြစ်၍မည်သို့မျှ အစစ် လောက် မကောင်းမွန်ပါ ။
23/06/2016

ပင်ကိုယ် သွားများ ဂရုစိုက်ကြပါ ။

အတု သည် အတုသာဖြစ်၍
မည်သို့မျှ အစစ် လောက် မကောင်းမွန်ပါ ။

Address

မင်းလမ်း မကျီးတန်းရပ်ကွက်ွှေကျင်မြို့ ပဲခူးတိုင်း
Shwegyin
095

Opening Hours

Monday 07:00 - 19:00
Tuesday 07:00 - 19:00
Wednesday 07:00 - 19:00
Thursday 07:00 - 19:00
Friday 07:00 - 19:00
Saturday 07:00 - 19:00
Sunday 07:00 - 19:00

Telephone

09778877816

Alerts

Be the first to know and let us send you an email when ပုလဲသွယ် သွား/ခံတွင်းအထူးကုဆေးခန်းး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share