အောင်ဆေးခန်း

အောင်ဆေးခန်း Hope to be Well = နေကောင်းဖို့ မျှော်လင့်ပါ။

ချွဲကြပ် ခြင်း➡️ရာသီဥတုအေးလာတဲ့အခါ လည်ချောင်းထဲက နာသလိုလို၊ ချောင်းဆိုးချင်သလိုလို၊ ချွဲကြပ် ချင်သလိုလိုဖြစ်တတ်ပါတယ်။ အေ...
06/12/2023

ချွဲကြပ် ခြင်း

➡️ရာသီဥတုအေးလာတဲ့အခါ လည်ချောင်းထဲက နာသလိုလို၊ ချောင်းဆိုးချင်သလိုလို၊ ချွဲကြပ် ချင်သလိုလိုဖြစ်တတ်ပါတယ်။ အေးမြတဲ့ အနေအထားမှာ ရောဂါပိုးတွေက ပိုမိုရှင်သန်ပေါက်ဖွားလွယ်တာက ချောင်းဆိုးချွဲကြပ်တာနဲ့ လည်ချောင်းနာတာမျိုးတွေကို အလွယ်တကူဖြစ်စေနိုင်ပါတယ်။ ဆောင်းရာသီမှာ အဖြစ်အများဆုံးနဲ့ ခံစားရတော်တော်လေးခက်တာက ချွဲကြပ်တာပါ။

➡️ချွဲကြပ်တာ အရမ်းပြင်းထန်တဲ့အခါ ရင်ဘတ်ထဲမှာနေရခက်ပြီး အသက်ရှူရကြပ်တာမျိုး ခံစားရနိုင်ပါတယ်။ ချွဲကြပ်တာက တစ်ခါတလေမှာ ပန်းနာရင်ကျပ်ရောဂါ၊ နာတာရှည်လေပြွန်ရောင်ရမ်းမှုဝေဒနာနဲ့ နှလုံးရောဂါတွေရဲ့ ရှေ့ပြေးလက္ခဏာတွေ ဖြစ်နေတတ်ပါသေးတယ်။ သင့်အနေနဲ့ ချောင်းဆိုးတာက အချိန်တော်တော်ကြာတဲ့အထိ မသက်သာဘဲဖြစ်နေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ သွားရောက်ပြသပေးတာ အကောင်းဆုံးဖြစ်မှာပါ။

➡️ချွဲကြပ် ခြင်း
ချောင်းဆိုးတာက ပုံမှန်အားဖြင့်ကတော့ အဆုတ်နဲ့ လေပြွန်ထဲမှာရှိနေတဲ့ ချွဲသလိပ်တွေကို ခန္ဓာကိုယ် အပြင်ဘက်ကို ထုတ်ပေးတာပါ။ ချွဲကြပ်တဲ့အခါမှာတော့ ချွဲတွေက ပိုထူပြီး ခန္ဓာကိုယ်ပြင်ပကို ထွက်ရှိဖို့ ပုံမှန်ထက် ပိုမိုခက်ခဲတာမျိုးရှိနိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ အသက်ရှူရခက်တာ၊ အသက်ရှူကြပ်တာမျိုးဖြစ်နိုင်ပါတယ်။

➡️လက္ခဏာများ-
ချွဲကြပ်တဲ့အခါ ထွက်လာတဲ့ ချွဲအရောင်က တစ်ခုနဲ့တစ်ခု မတူတာမျိုးတော့ ရှိနိုင်ပါတယ်။ ချွဲကြပ်တဲ့အခါ ချွဲအရောင်က အကြည်ထွက်တာမျိုးရှိနိုင်သလို အဖြူရောင်၊ အစိမ်းရောင် ၊အဝါရောင်ဆိုပြီး အမျိုးမျိုးဖြစ်နိုင်ပြီး ချောင်းဆိုးတဲ့အခါ ချွဲထွက်ခြင်း၊
အသက်ရှူတဲ့အခါ တရွှီရွှီနဲ့ချွဲသံကြားနေရခြင်း၊
အသက်ရှူရတာ ပြတ်တောင်းပြတ်တောင်းဖြစ်ခြင်း၊
ရင်ဘတ်ထဲမှာ တင်းတင်းကျပ်ကျပ်ကြီးခံစားရခြင်း၊
အဖျားတက်ခြင်းမျိုးတွေ ခံစားရနိုင်ပါတယ်။

➡️တကယ်လို့ ချွဲတွေက အဝါရောင်ဖြစ်နေမယ် ဒါမှမဟုတ် အစိမ်းရောင်ဖြစ်နေမယ်၊ ချွဲနဲ့အတူ သွေးပါလာမယ်ဆိုရင်တော့ ဆရာဝန်နဲ့ သွားရောက်ပြသရန်လိုအပ်ပါတယ်။

➡️သက်သာအောင်ဘယ်လို လုပ်မလဲ❓
နွေးနွေးထွေးထွေး နေပါ။
အနားယူပေးပါ။
ရေများများ သောက်ပါ။
ဆားရည်နဲ့ ပလုတ်ကျင်းပါ။
ရေနွေးငွေ့ ခံပေးပါ။
လိုအပ်တဲ့ ကုသမှုခံယူပါ။

🏥 အောင်ဆေးခန်း၊ ရွှေညောင်မြို့။

⏲️ ဆေးခန်းဖွင့်ချိန်
🕗 နံနက် 8:00 နာရီမှ ညနေ 6:00ထိ (ပိတ်ရက်မရှိ)

☎️ဆက်သွယ်ရန် ဖုန်းနံပါတ်
09 457 623 846
09 693 018 965

#အောင်ဆေးခန်း #ချွဲကြပ်ခြင်း

ဝမ်းလျောခြင်း (Diarrhoea)✴️ဝမ်းလျှောတယ်ဆိုတာက ဝမ်းအရည်တွေ ခဏခဏ သွားတာပါ။ ဝမ်းလျှောနေပြီဆိုရင် တစ်နေ့တာမှာ ဝမ်းအရည်တွေ ၃ ...
04/12/2023

ဝမ်းလျောခြင်း (Diarrhoea)

✴️ဝမ်းလျှောတယ်ဆိုတာက ဝမ်းအရည်တွေ ခဏခဏ သွားတာပါ။ ဝမ်းလျှောနေပြီဆိုရင် တစ်နေ့တာမှာ ဝမ်းအရည်တွေ ၃ ကြိမ် ဒါမှမဟုတ် ၃ ကြိမ်နဲ့ အထက် သွားတာမျိုး ခံစားရနိုင်ပါတယ်။

✴️ဝမ်းလျှောတာက လူတော်တော်များများ ခံစားရနိုင်တဲ့ ကျန်းမာရေး ကိစ္စ တစ်ရပ်ပါ။ ကံကောင်းတာ တစ်ချက်က သာမန် ဝမ်းလျှောတာက ၂ ရက် ကနေ ၃ ရက်အတွင်းမှာ သူ့အလိုလို ပျောက်သွားတတ်ပါတယ်။
တကယ်လို့ ဝမ်းလျှောတာက ၃ ရက်နဲ့အထက် ကြာနေပြီဆိုရင်တော့ ပြင်းထန်တဲ့ အခြေအနေတစ်ရပ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ဘဲ ဝမ်းလျှောတာက ၄ ပတ်ထက်မနည်း ကြာနေပြီဆိုရင်တော့ နာတာရှည် ရောဂါတစ်ခုခုရဲ့ လက္ခဏာပါ။ သေချာ ကုသမှု ခံယူဖို့ လိုပါမယ်။

✴️ဝမ်းလျှောခြင်း ကို ဖြစ်စေတဲ့ အကြောင်းအရင်းများ

မသန့်ရှင်းတဲ့ အစားအစာနဲ့ သောက်သုံးရေမှာပါတဲ့ ဘက်တီးရီးယားများ၊တုပ်ကွေး ဗိုင်းရပ်စ်၊ noro ဗိုင်းရပ်စ် နဲ့ rotavirus များ (ကလေးတွေမှာဖြစ်တဲ့ ဝမ်းလျှောရတဲ့ အဓိက အကြောင်းအရင်းက rotavirus ပါ)
မသန့်ရှင်းတဲ့ အစားအစာနဲ့ သောက်သုံးရေမှာပါတဲ့ ကပ်ပါးပိုးများ
ဆေးဝါးတွေ ( ပဋိဇီဝ ဆေးဝါးတွေ၊ ကင်ဆာဆေးတွေ၊ မဂ္ဂနီဆီယမ် ပါဝင်နေတဲ့ဆေးဝါးတွေကြောင့် ဝမ်းလျှောနိုင်ပါတယ်)
အစားအစာ ဓာတ်မတည့်မှု (အစားအစာထဲမှာပါတဲ့ ပါဝင်ပစ္စည်းတစ်ခုခုကို ချေဖျက်ဖို့ ခက်ခဲတဲ့ အခြေအနေ တစ်ရပ်ရပ်ကြောင့် ဝမ်းလျှောနိုင်ပါတယ်။ ဥပမာ နို့သကြားဓာတ် မစုပ်ယူနိုင်ခြင်း ပြဿနာ)
Crohn’s disease လိုမျိုး အစာအိမ်၊ အူသိမ် နဲ့ အူမကြီးကို ထိခိုက်စေနိုင်တဲ့ ရောဂါတွေ
Irritable bowel syndrome (IBS – နာတာရှည် အူလမ်းကြောင်း ပြဿနာစု) လိုမျိုး အူမကြီး လုပ်ဆောင်မှုအပေါ် သက်ရောက်မှုရှိတဲ့ ကျန်းမာရေး ပြဿနာတွေကြောင့် ဝမ်းလျှောတာကို ခံစားရနိုင်ပါတယ်။

✴️ဝမ်းလျှောနေပြီဆိုရင် ခံစားရနိုင်မယ့် လက္ခဏာများ
ဝမ်းမအောင့်နိုင်ခြင်း
ဝမ်းအရည်များသွားခြင်း
ဗိုက်အောင့ခြင်း
ဗိုက်က ရစ်ပြီးနာခြင်း
ရေအိမ် ခဏခဏပြေးနေရခြင်း
အဖျား ရှိခြင်း
လေပွခြင်း
မအီမသာဖြစ်ခြင်း
ဝမ်းထဲမှာ အချွဲများပါခြင်း
ဝမ်းထဲမှာ သွေးအချွဲများပါခြင်း

✴️တကယ်လို့ ဝမ်းသွားတာနဲ့အတူ ကိုယ်ပူမယ်၊ ချမ်းတုန်မယ်၊ သွေးစပါမယ်ဆိုရင် ဗိုင်းရပ်စ် ဒါမှမဟုတ် ဘက်တီးရီးယား​ကြောင့်ဖြစ်တဲ့ ဝမ်းလျှောမှုပြဿနာကို ခံစားနေရတာပါ။

✴️ဘယ်လိုသက်သာအောင် လုပ်ရမလဲ။

ဝမ်းလျှောတာက ပြင်းထန်ရောဂါအခြေအနေ တစ်ရပ်ရပ်ကြောင့် မဟုတ်ဘူးဆိုရင်
ဆုံးရှုံးသွားတဲ့ ရေဓာတ် ပြည့်ဝစေဖို့ အရည် များများ သောက်ပါ။ ( ကြက်စွပ်ပြုတ်၊ ဓာတ်ဆား၊ ရေကျက်အေး၊အကျိုးပြုဘက်တီးရီးယားပါတဲ့ သောက်စရာ စတာတွေကို သောက်ပေးလို့ ရပါတယ်။)
ဝမ်းလျှောတာ နည်းနည်း သက်သာလာပြီဆိုရင် အစာ ခပ်ပျော့ပျော့လေး ( ဆန်ပြုတ်၊ မြူစွမ်ပြုတ် စတာတွေကို စားပေးလို့ ရပါတယ်။)
နောက်တစ်ချက်က ဆုံးရှုံးသွားတဲ့ အားအင်တွေ ပြည့်ဝစေဖို့ သက်သောင့်သက်သာ အနားယူတာပါ။ ဝမ်းလျှောတာကနေ သက်သာစမှာ သက်သောင့်သက်သာလေး အနားယူပေးပါ။ အိပ်ရေး ဝဝအိပ်ပေးပါ။

✴️ဝမ်းလျှောတဲ့အခါမှာ အူလမ်းကြောင်းထဲမှာရှိတဲ့အကျိုးပြုဘက်တီးရီးယားတွေလည်း ဆုံးရှုံးသွားတတ်ပါတယ်။ အူလမ်းကြောင်းထဲမှာရှိတဲ့ ဒီအကျိုးပြုဘက်တီးရီးယားလေးတွေ (Probiotics) တွေက အူလမ်းကြောင်းပုံမှန်အတိုင်း အလုပ်လုပ်နိုင်ဖို့၊ အာဟာရဓာတ်တွေစုပ်ယူနိုင်ဖို့နဲ့ ကိုယ်ခံအားကောင်းဖို့အတွက် အရေးကြီးပါတယ်။ အခုလိုဝမ်းလျှောသွားတဲ့အချိန်မှာ ဆုံးရှုံးသွားတဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေကို ပြန်လည်ဖြည့်တင်းပေးဖို့ အကျိုးပြုဘက်တီးရီးယားပါတဲ့ ဆေးတစ်ခုခု သောက်သင့်ပါတယ်။

✴️ဘယ်လိုအချိန်မှာ ဆေးခန်းသွားရမလဲ။
ဝမ်းလျှောတာက တကယ်လို့ အခုလို အခြေအနေဖြစ်လာမယ်ဆိုရင် ဆရာဝန်နဲ့ပြဖို့ လိုပါမယ်။
ရက်အတော်ကြာတဲ့အထိ ဆက်တိုက် ဝမ်းလျှောနေရင်
ရေဓာတ် ခမ်းခြောက်လာရင်
ဝမ်းဗိုက် ဒါမှမဟုတ် အစာဟောင်းအိမ်က ပြင်းပြင်းထန်ထန် နာကျင်နေရင်
ဝမ်းထဲမှာ သွေးပါနေရင်
ဝမ်းအမည်းရောင် သွားနေရင်
အဖျားကြီးနေရင် နီးစပ်ရာ ဆေးခန်းကို အမြန်ဆုံး သွားရောက်စေချင်ပါတယ်။

✴️ကာကွယ်လို့ ရလား။
ဝမ်းလျှောတာက ကာကွယ်လို့ ရပါတယ်။
သန့်ရှင်းတဲ့ရေကို သောက်သုံးပါ။
သန့်ရှင်းပြီး သေချာ ကျက်အောင် ချက်ပြုတ်ထားတဲ့ အစားအစာတွေကိုပဲ စားပါ။
အစားမစားမီနှင့် အိမ်သာအသုံးပြုပီးတိုင်း လက်ကို မကြာခဏ သေချာစွာ ဆေးကြောပါ။
တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်ပါ။

✴️အူတွင်းက အကျိုးပြုဘက်တီးရီးယားတွေကို အထောက်အပံ့ပေးနိုင်တဲ့ အစားအစာ ဒါမှမဟုတ် ဖြည့်စွက်စာ မှီဝဲပါ။
ဝမ်းလျှောတာက ကာကွယ်လို့ ရတဲ့ရောဂါ တစ်ရပ်ဖြစ်သလို သတိမထားမိရင် အသက်ဆုံးရှုံးနိုင်တာကြောင့် ကိုယ်တိုင်ကိုရော မိသားစုကိုပါ ဝမ်းလျှောနိုင်မယ့် အခြေအနေတွေကနေ ကာကွယ်ပေးလိုက်ကြပါ။

အောင်ဆေးခန်း၊ ရွှေညောင်မြို့။

⏲️ ဆေးခန်းဖွင့်ချိန်
🕗 နံနက် 8:00 နာရီမှ ညနေ 6:00ထိ (ပိတ်ရက်မရှိ)

☎️ဆက်သွယ်ရန် ဖုန်းနံပါတ်
09 457 623 846
09 693 018 965

#အောင်ဆေးခန်း #၀မ်းလျောခြင်း

ဂေါက်ရောဂါ (Gout)🛑ဂေါက်ရောဂါဆိုတာ အဖြစ်များတဲ့ အရိုးအဆစ်ပြဿနာ တစ်ခုပါ။ ခြေမ နဲ့ လက်ချောင်းတွေ ဖောင်းတင်းလာပြီး နာလွန်းတာ...
03/12/2023

ဂေါက်ရောဂါ (Gout)

🛑ဂေါက်ရောဂါဆိုတာ အဖြစ်များတဲ့ အရိုးအဆစ်ပြဿနာ တစ်ခုပါ။ ခြေမ နဲ့ လက်ချောင်းတွေ ဖောင်းတင်းလာပြီး နာလွန်းတာကြောင့် မြင်ရတဲ့လူတောင် သက်​တောင့်သက်သာ မရှိပါဘူး။

🛑ဂေါက်ရောဂါ ဘာကြောင့် ဖြစ်တာလဲ။

🔸ဂေါက်ရောဂါဆိုတာ အဆစ်တွေမှာ ယူရိတ်တွေ စုလာပြီး ရောင်ရမ်းတာ၊ နာကျင်တာတွေ ဖြစ်လာတာပါ။ ယူရိတ်ဆိုတာ သွေးထဲမှာ ယူရစ်အက်စစ်တွေများလာလို့ ဖြစ်တာပါ။ ယူရစ်အက်စစ်ဆိုတာက “ပြူရင်း”ဓာတ်ကို ဖြိုခွဲရာက ရလာတာပါ။

🔸ပြူရင်း(purine)က ခန္ဓာကိုယ်ထဲမှာ သဘာဝအတိုင်းလဲ ရှိသလို အပြင် အစားအစာတွေကလည်း ရပါတယ်။ ဥပမာ-အနီရောင် အသား၊ ဝမ်းတွင်းသားနဲ့ ပင်လယ်စာတွေမှာ ပါပါတယ်။ နောက်ပြီး အရက်၊ ဘီယာ၊ သကြားဓာတ်များလွန်းတဲ့ အအေးတွေကလည်း ယူရစ်အက်စစ်ကို တက်စေပါတယ်။

🔸ပုံမှန်ဆိုရင် ယူရစ်အက်စစ်က သွေးထဲကနေ ကျောက်ကပ်ကို ရောက်ပြီး ဆီးထဲကနေတစ်ဆင့် အပြင်ကို စွန့်ထုတ်တာပါ။ တစ်ခါတစ်လေ ခန္ဓာကိုယ်က ယူရစ်အက်စစ်ကို ပိုထုတ်ရင်ပဲ ဖြစ်ဖြစ်၊ ကျောက်ကပ်က ကောင်းကောင်း မစွန့်နိုင်ရင်ပဲ ဖြစ်ဖြစ် သွေးထဲမှာ ယူရစ်အက်စစ်တွေ များလာပြီး အဆစ်တွေမှာ စုပုံလာတာကြောင့် နာတာ၊ ရောင်တာတွေ ဖြစ်လာတာပါ။

🛑ဘာလက္ခဏာတွေ ခံစားရမှာလဲ။

🔸တချို့သူတွေက သွေးထဲမှာ ယူရစ်အက်စစ်တွေ များနေတာတောင် ဘာလက္ခဏာမှ မပြတာလဲ ရှိပါတယ်။

🔸ယူရစ်အက်စစ်တွေ အဆစ်မှာပုံပြီး ၃ရက် ကနေ ၁၀ရက်အတွင်း ဂေါက်ရောဂါ ထတတ်ပါတယ်။ မကုဘဲထားမယ်ဆိုရင် နာတာရှည်ဂေါက်ရောဂါဖြစ်လာပြီး အဆစ်ဘေးမှာ Tophi လို့ခေါ်တဲ့ အကြိတ်ဖုလေး ထွက်လာပြီး နောက်ပိုင်းကျရင် အဆစ်ကို ဖျက်ဆီးပစ်တတ်ပါတယ်။

🔸ဂေါက်ရဲ့ လက္ခဏာတွေက ရုတ်တရက် ပေါ်လာတတ်ပြီး အများအားဖြင့် ညဘက်မှာ ဖြစ်တတ်ပါတယ်။ တွေ့ရတတ်တဲ့ လက္ခဏာတွေကတော့

🔸🔸ပြင်းပြင်းထန်ထန် အဆစ်နာခြင်း🔸🔸

ဂေါက်က ဘယ်အဆစ်မှာမဆို တွေ့နိုင်ပေမယ့် ခြေမမှာ ဖြစ်တာ များပါတယ်။ တခြား ဖြစ်တတ်တဲ့ အဆစ်တွေကတော့ ခြေကျင်းဝတ်၊ ဒူးဆစ်၊ တံတောင်ဆစ်၊ လက်ကောက်ဝတ်နဲ့ လက်ချောင်းဆစ်တွေပဲ ဖြစ်ပါတယ်။ ဖြစ်ဖြစ်ချင်းနဲ့ ၁၂နာရီအတွင်းမှာ အပြင်းထန်ဆုံး နာတတ်ပါတယ်။

💁ဂေါက်ရောဂါမဖြစ်အောင် ဘယ်လို ကာကွယ်ကြမလဲ။

ဂေါက်ရောဂါရှင်တွေက ရောဂါမကြွအောင် ဆေးနဲ့ ထိန်းတာအပြင် အောက်က အချက်တွေကိုလည်း လုပ်ပေးရမှာပါ။

🔸အရက်၊ ဘီယာနဲ့ သကြားဓာတ်များတဲ့ အအေးတွေ လျှော့သောက်ပါ။

🔸ပြူရင်းများတဲ့ အစားအစာတွေဖြစ်တဲ့ မျှစ်၊ မှို၊ ပဲပင်ပေါက်အနီရောင်အသားတွေ၊ ဝမ်းတွင်းကလီစာတွေ၊ ပင်လယ်စာတွေ လျှော့စားပါ။

🔸ကိုယ်အလေးချိန်ထိန်းပါ။

🔸ဆေးလိပ်ဖြတ်ပါ။

🔸ရေများများသောက်ပါ။ ဒါက ကျောက်ကပ်ကနေ ယူရစ်အက်စစ် စွန့်တာကို အထောက်အကူဖြစ်ပါတယ်။

🔸လေ့ကျင့်ခန်းလုပ်ပါ။

ဂေါက်ရောဂါဖြစ်ခြင်းကို ကာကွယ်နိုင်ဖို့ ထိုအချက်တွေကို လိုက်နာရမှာ ဖြစ်ပါတယ်။ ဂေါက်ရောဂါ နဲ့ ဝေးစေဖို့ ကျန်းမာရေး ပိုမို ကောင်းမွန်လာအောင် နေထိုင်မှုပုံစံကိုလည်း ပြောင်းလဲသင့်ပါတယ်။

🏥 အောင်ဆေးခန်း၊ ရွှေညောင်မြို့။

🕘ဆေးခန်းဖွင့်ချိန်
နံနက်8:00နာရီမှ ညနေ 6:00 ထိ ပိတ်ရက်မရှိ

☎ဆက်သွယ်ရန် ဖုန်းနံပါတ်
09 457 623 846
09 693 018 965
#အောင်ဆေးခန်း #ဂေါက်ရောဂါ

🛑🦷Toothache (သွားကိုက်ခြင်း)သွားကိုက်ခြင်း ဆိုတာ သွားနှင့် မေးရိုးများတွင် သွားပိုးစား၍ သော်လည်းကောင်း သွားများပျက်စီး၍သ...
01/12/2023

🛑🦷Toothache (သွားကိုက်ခြင်း)

သွားကိုက်ခြင်း ဆိုတာ သွားနှင့် မေးရိုးများတွင် သွားပိုးစား၍ သော်လည်းကောင်း သွားများပျက်စီး၍သော်လည်းကောင်း နာကျင်ခြင်းဖြစ်သည်။
ထိုကဲ့သို့သော နာကျင်မှုမှာ
အဆက်မပြတ် ထိုးကိုက်နေခြင်းမျိုးများဖြစ်နိုင်သလို အစားအစာများနှင့် သောက်သုံးသောအရာများကြောင့် အနာရှိန်အား မသိသာခြင်းများလည်းဖြစ်တတ်သည်။

🛑🦷Toothache (သွားကိုက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ❓

🍀အဖြစ်များသော လက္ခဏာများမှာ
🍀သွားထိုးကိုက်ခြင်း
🍀သွားဖုံးယောင်ခြင်း
🍀အဖျားတက်ခြင်း ခေါင်းကိုက်ခြင်း
🍀အနံ့ဆိုးဆိုးအရည်များထွက်ခြင်း

🛑🦷ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ❓

🍀တစ်ရက် (သို့) နှစ်ရက် ထက် ကြာသော သွားကိုက်ခြင်း
🍀ဆိုးဝါးပြင်းထန်သော သွားကိုက်ခြင်း
🍀အဖျားတက်ခြင်း၊နားကိုက်ခြင်း၊(သို့) ပါးစပ်ဟပါက နာကျင်ခြင်း

🛑မျက်နှာနှင့် ဦးခေါင်းအတွင်း (သို့) သွေးကြောအတွင်းသို့ပြန့်နှံ့ခြင်းများ မဖြစ်ရန် တိကျသေချာထိရောက်သောကုသမှုများ နှင့် စမ်းသပ်မှုများရှိရန် အလွန်အရေးကြီးသည်။

🛑🦷သွားပိုးစားစေသည့် အကြောင်းရာများမှာ

🍀စားကြွင်းစားကျန်များသွားကြားတွင် ကျန်ရှိနေခြင်း
🍀သွားအောက်ခြေ နှင့်သွားဖုံးတွင်ပိုးဝင်ခြင်း ၊ယောင်ရမ်းခြင်း
🍀သွားတွင်ထိခိုက်အနာတရ ဖြစ်ခြင်း
🍀အခန့်မသင့် သွားကျိုးခြင်း
🍀သွားကျဲလာခြင်း
🍀အံသွားပေါက်ခြင်း
🍀သွား၏ဂလိုင်ခေါင်းထဲသို့ပိုးဝင်ခြင်း

🛑🦷Toothache (သွားကိုက်ခြင်း) ကို ဘယ်လိုကုသရန်နည်းလမ်းများ❓

🍀ဖာထေးခြင်း
🍀သွားနှုတ်ခြင်း
🍀ပိုးသတ်ဆေးပေးခြင်း
🍀လေဆာဖြင့်အပူပေးခြင်း

🛑🦷အပြုအမူအနေအထိုင်ကောင်းများ

🍀ပါးစပ်ပေါက်နှင့် ခံတွင်းအား ရေဖြင့် ပလုတ်ကျင်းပေးခြင်း
🍀သွားကြားထိုးတံကို အသုံးပြု၍ သွားကြားရှိ အစာဟောင်းများကို ရှင်းလင်းပေးခြင်း
🍀 သွားနှင့်ဆန့်ကျင်ဘက် အပြင်ဘက် ပါးပြင်မှရေခဲကပ်ပေးခြင်း

👉ထိုသို့သော ရောဂါလက္ခဏာများကြုံတွေ့ရပါက နားလည်တတ်ကျွမ်းသော ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။

🙏ကျန်းမာလှပသော ဘဝပိုင်ဆိုင်နိုင်ကြပါစေ🙏
အောင်ဆေးခန်း၊ ရွှေညောင်မြို့။

⏲️ ဆေးခန်းဖွင့်ချိန်
🕗 နံနက် 8:00 နာရီမှ ညနေ 6:00ထိ (ပိတ်ရက်မရှိ)

☎️ဆက်သွယ်ရန် ဖုန်းနံပါတ်
09 457 623 846
09 693 018 965

#အောင်ဆေးခန်း #သွားကိုက်ခြင်း

အစာအိမ်ရောင်ခြင်း🔲အစာအိမ်ရောင်‌ခြင်းဆိုသည်မှာအစာအိမ်အမြှေးပါးရောင်ရမ်းသော အခြေအနေတစ်ခု ဖြစ်ပါသည်။ 🔲အစာအိမ်ရောင်ခြင်းသည်အ...
30/11/2023

အစာအိမ်ရောင်ခြင်း

🔲အစာအိမ်ရောင်‌ခြင်းဆိုသည်မှာအစာအိမ်အမြှေးပါးရောင်ရမ်းသော အခြေအနေတစ်ခု ဖြစ်ပါသည်။

🔲အစာအိမ်ရောင်ခြင်းသည်အကိုက်အခဲပျောက်ဆေးအလွန်အကျွံသောက်သူများအရက်အလွန်အကျွံသောက်သူများတွင်ပို၍အဖြစ်များပါသည်။

🔲အစာအိမ်ရောင်ခြင်း ဖြစ်နိုင်ခြေကို မြင့်စေသော အကြောင်းရင်းများများစွာရှိပါသည်။
၁။ အကိုက်အခဲပျောက်ဆေးများ မကြာခဏအသုံးပြုခြင်း။
၂။စိတ်ဖိစီးမှု၊စိုးရိမ်ပူပန်မှုများခြင်း
၃။အစာအချိန်မှန်မစားခြင်း
၄။အချဥ်၊အစပ်များအလွန်အလွန်အကျွံစားသုံးခြင်း။
၅။အရက်သောက်ခြင်း။
၆ အခြားဘက်တီးရီးယားကြောင့်ဖြစ်သောကူးစက်ရောဂါများ

🔲အစာအိမ်ရောင်ရောဂါရှိသူများသည် ရံဖန်ရံခါမှသာ လက္ခဏာပြတတ်သည်။ အဖြစ်များသောရောဂါလက္ခဏာများမှာ-

1.အစာစားချင်စိတ် မရှိခြင်း။
2.ပျို့ခြင်း၊ အန်ခြင်း။
3.ဝမ်းဗိုက်အပေါ်ပိုင်းနာခြင်း။ 4.အစာစားပြီးနောက်ပြည့်တင်းခြင်း

🔲လုပ်ဆောင်ရမည့်နေထိုင်မှုပုံစံ-

၁။အစာကိုနည်းနည်းနဲ့ ခဏခဏစားပါ။
၂။အစားအစာများကိုသေချာကျက်အောင်ချက်ပြုတ်စားသောက်ပါ။
၃။အစာကိုအချိန်မှန်စားပြီးအချဥ်အစပ်များအလွန်အကျွံစားခြင်းမှရှောင်ကြဥ်ပါ။
၄။ရောဂါကူးစက်မှုကိုကာကွယ်ရန် အစာမစားမီလက်ဆေးပါ။
၅။အကိုက်အခဲပျောက်ဆေးများကို ဆရာဝန်ညွန်ကြားချက်မရှိဘဲ မသောက်ပါနှင့်။
၆။အရက်အလွန်အကျွံ မသောက်ပါနှင့်။

🏥 အောင်ဆေးခန်း၊ ရွှေညောင်မြို့။

⏲️ ဆေးခန်းဖွင့်ချိန်
🕗 နံနက် 8:00 နာရီမှ ညနေ 6:00ထိ (ပိတ်ရက်မရှိ)

☎️ဆက်သွယ်ရန် ဖုန်းနံပါတ်
09 457 623 846
09 693 018 965

#အောင်ဆေးခန်း #အစာအိမ်ရောင်ခြင်း

သွေးလေးဖက်နာ (Rheumatoid arthritis)🔎သွေးလေးဖက်နာရောဂါဆိုတာ နာတာရှည် အဆစ်အမြစ်တွေ ရောင်ရမ်းတဲ့ ဝေဒနာပါ။ ခုခံအား ကမောက်ကမဖ...
28/11/2023

သွေးလေးဖက်နာ (Rheumatoid arthritis)

🔎သွေးလေးဖက်နာရောဂါဆိုတာ နာတာရှည် အဆစ်အမြစ်တွေ ရောင်ရမ်းတဲ့ ဝေဒနာပါ။ ခုခံအား ကမောက်ကမဖြစ်တဲ့ရောဂါ (Autoimmune)တွေထဲတွင်ပါဝင်ပြီးခုခံအားက ခန္ဓာကိုယ်ရဲ့ ဆဲလ်အကောင်းတွေကို မှားယွင်းပြီးတိုက်ခိုက်ရာက ဖြစ်လာတာပါ။ အဆစ်အမြစ်တွေအပြင် ခန္ဓာကိုယ်တစ်ခုလုံးရဲ့ တခြားစနစ်တွေပါ ထိခိုက်နိုင်ပါတယ်။

🔎အဆစ်အမြစ်ကိုက်တိုင်း လေးဖက်နာမဟုတ်ပါ။လေးဖက်နာအမျိုးအစားအများကြီးရှိပြီး တစ်ခုချင်းစီမှာ ထူးခြားချက်တွေ ရှိပါတယ်။ သွေးလေးဖက်နာရဲ့ အဆစ်အမြစ်ကိုက်ပုံမှာလည်း ထူးခြားချက်လေး ရှိပါတယ်။

🔎အဆစ်တစ်ခုထက် ပိုနာမယ်။
မနက်မိုးလင်းရင် ဒါမှမဟုတ် လှုပ်ရှားမှုနည်းရင် အဆစ်တွေ တောင့်တင်းကာ လှုပ်ရှားရခက်ပြီးနာရီဝက်လောက်ကြာတတ်ပါတယ်။
အဆစ်သေးလေးတွေ ထိခိုက်တာများပါတယ်။
ရောင်ရမ်းတာ၊ ထိလိုက်ရင် နာတာတွေ ဖြစ်တတ်ပါတယ်။
ခြေ၊လက်နှစ်ဖက်စလုံးမှာ ဖြစ်တတ်ပြီး ဖျားတာ၊ ပိန်သွားတာ၊ နုံးတာ၊ အားမရှိသလို ခံစားရတာတွေလည်း ရှိပါတယ်။ သွေးလေးဖက်နာရဲ့ ပြဿနာက အရှင်းမပျောက်ဘဲ ဖြစ်လိုက် ပျောက်လိုက် ဖြစ်တာပါ။ ကောင်းနေရာကနေ တစ်ခါ တစ်ခါ ထဖောက်တတ်ပါတယ်။

🔎သွေးလေးဖက်နာမှာ ခုခံအားစနစ်က အရိုးအမြှေးပါးကို တိုက်ခိုက်ပါတယ်။ ကြာလာတဲ့ခါမှာ အထဲက အရိုးနုတွေ၊ အရိုးတွေပါ ပျက်စီးလာပါတယ်။ ဘေးပတ်လည်က အဆစ်ကို ဆိုင်းထားတဲ့ အရွတ်တွေ၊ အရွတ်တွဲတွေပါ ထိခိုက်လာပြီး အဆစ်ကို ပုံစံမှန်အောင် မထိန်းပေးနိုင်တော့ပါဘူး။ ဒါကြောင့် သွေးလေးဖက်နာသမားတွေဟာ ကြာလာရင် အဆစ်တွေ ကောက်ကွေးပြီး ပုံပျက်လာတာပါ။

🔎အရိုးအဆစ်အပြင်တခြားထိခိုက်နိုင်သောအရာများကတော့
မျက်လုံး – မျက်သားခြောက်ခြင်း၊ ရောင်ရမ်းခြင်း၊ အမြင်မှုန်ဝါးခြင်း၊ အလင်းဒဏ်မခံနိုင်ခြင်း
အရေပြား – အရိုးပေါ်က အရေပြားတွေမှာ အဖုတွေ ထွက်လာခြင်း
သွေးကြောများ ရောင်ရမ်းခြင်း
နှလုံးရောင်ရမ်းခြင်း (ဒါ့ပြင် သွေးလေးဖက်နာရှိတဲ့ သူတွေက အဆစ်တွေနာလို့ လေ့ကျင့်ခန်း မလုပ်နိုင်ကြပါဘူး။ ဒါကြောင့် အဝလွန်ပြီး တခြား သွေးတိုး၊ ဆီးချိုတွေ ဖြစ်လို့ နှလုံးထိခိုက်တတ်ပါတယ်။)
ပါးစပ်မှာ အနာတွေပေါက်ခြင်း၊ ခံတွင်းခြောက်ခြင်း၊ သွားဖုံးရောင်ခြင်း
အဆုတ် – အဆုတ်ရောင်ရမ်းတာကြောင့် အသက်ရှူရခက်ခြင်း
ဒါတွေက အဆစ်ရောင်တာအပြင် တခြားခံစားရနိုင်တဲ့ လက္ခဏာတွေပါပဲ။

🔎ဘယ်အရွယ်မှာမဆို ဖြစ်နိုင်ပြီးလူလတ်ပိုင်းအရွယ်လောက်က စဖြစ်ပါတယ်။ အသက်ကြီးလေလေ ဖြစ်နိုင်ခြေများလေလေပါပဲ။
အမျိုးသမီးတွေက အမျိုးသားတွေထက် ၂ဆကနေ ၃ဆ ပိုဖြစ်ပါတယ်။
မျိုးရိုးလည်း လိုက်တတ်ပါတယ်။
မျိုးဗီဇရှိတဲ့အပြင် ဆေးလိပ်သောက်တာ၊ အဝလွန်တာတွေ ရှိတယ်ဆို ဖြစ်နိုင်ခြေက ပိုများလာမှာပါ။

🔎အဝလွန်တာကလည်း သွေးဖက်နာဖြစ်နိုင်ခြေများစေတဲ့ အကြောင်းတစ်ခုပါပဲ။
အထက်ပါ လက္ခဏာတွေ ရှိနေရင်တော့ သွေးလေးဖက်နာအတွက် လိုအပ်တဲ့ စစ်ဆေးမှုသွေးစစ်တာတွေပြုလုပ်ရပါမယ်။

🔎သွေးလေးဖက်နာကို ကုမယ်ဆိုရင် စောစောသိ စောစောကုတာကောင်းပါတယ်။ ထိထိရောက်ရောက် ကုသပြီး ရောင်ရမ်းမှုတွေကို လျှော့ချမယ်။ နောက်ထပ် ရောင်ရမ်းမှုတွေ မဖြစ်အောင် ထိန်းထားနိုင်မယ်ဆိုရင် အခြေအနေမဆိုးအောင် ထိန်းထားနိုင်မှာပါ။

🏥 အောင်ဆေးခန်း၊ ရွှေညောင်မြို့။

⏲️ ဆေးခန်းဖွင့်ချိန်
🕗 နံနက် 8:00 နာရီမှ ညနေ 6:00ထိ (ပိတ်ရက်မရှိ)

☎️ဆက်သွယ်ရန် ဖုန်းနံပါတ်
09 457 623 846
09 693 018 965

#အောင်ဆေးခန်း #သွေးလေးဖက်နာ

မျက်စိအားနည်းခြင်း➡️အမြင်အာရုံတွေသိပ်မကောင်းဘူး၊ ကြည့်ရတာမကြည်လင်ဘူး၊ မျက်ခမ်းတွေလှုပ်တယ်၊ မျက်လုံးခြောက်တယ်ဆိုတာမျက်စိအ...
27/11/2023

မျက်စိအားနည်းခြင်း

➡️အမြင်အာရုံတွေသိပ်မကောင်းဘူး၊ ကြည့်ရတာမကြည်လင်ဘူး၊ မျက်ခမ်းတွေလှုပ်တယ်၊ မျက်လုံးခြောက်တယ်ဆိုတာမျက်စိအားနည်းတဲ့လက္ခဏာတွေပါ။

➡️မျက်စိဆိုတာ ခန္ဓာကိုယ်ရဲ့လုပ်ဆောင်နိုင်စွမ်းမှန်သမျှမှာ အရမ်းကိုအရေးပါတဲ့အပြင်အနုဆုံးအစိတ်အပိုင်းထဲမှာလည်းပါဝင်တာကြောင့် ပိုပြီးဂရုစိုက်ရပါမယ်။ ဒါ့ကြောင့် မျက်စိဖြင့်အာရုံစိုက်အရမ်းအလုပ်လုပ်နေရတဲ့သူကိုအားပြည့်အောင်ဖြည့်တင်းပေးဖို့လိုအပ်ပါတယ်။

➡️မျက်စိအားကောင်းစေဖို့က ဇင့်ဓာတ်၊ ဗီတာမင် A ၊ဗီတာမင် C၊ ဗီတာမင် E ၊ Omega-3 fatty acid စတဲ့ အာဟာရဓာတ်တွေ ညီညွတ်မျှတအောင်စားဖို့လိုပါတယ်။ ဒီဓာတ်တွေဟာမိမိစားသံုး‌ေနကျအစားအစာတွေထဲပါဝင်တာမို့ မျက်စိအားနည်းတဲ့သူတွေ စားသင့်တဲ့ ဓာတ်စာများကတော့-

(၁) ငါး

ငါးတွေမှာ မျက်လုံးအတွက် ကောင်းတဲ့ အကျိုးပြုအဆီဓါတ် Omega-3 fatty acid တွေ ပါဝင်တဲ့အတွက် မျက်စိအားကောင်းစေဖို့ စားပေးသင့်ပါတယ်။ တူနာငါး၊ ဆော်လ်မွန်ငါး၊ ဆာဒင်းငါး အစရှိတဲ့ ငါးတွေမှာ Omega-3 fatty acid တွေ ပေါကြွယ်ဝလို့ အမြင်အာရုံကောင်းစေပြီး မျက်လုံးခြောက်သွေ့တာကိုပါ သက်သာစေပါတယ်။

(၂) ပဲ နဲ့ အခွံမာသီးအမျိုးမျိုး

အခွံမာသီးနဲ့ ပဲတွေမှာ မျက်လုံးကို အားကောင်းစေတဲ့ Omega-3 fatty acid တွေအပြင် ဗီတာမင် E ပေါကြွယ်ဝတဲ့အတွက် ခန္ဓါကိုယ်နဲ့ မျက်စိအတွက်လည်း ကောင်းကျိုးများစွာ ဖြစ်စေပါတယ်။ သစ်ကြားသီး၊ သီဟိုဠ်စေ့၊ ပဲနီလေးတို့ကို စားပေးရင် မျက်စိအားကောင်းစေတဲ့အပြင် အကြောင်းအမျိုးမျိုးကြောင့် မျက်စိထိခိုက်မှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။

(၃) အစေ့အဆန်

နေကြာစေ့၊ ဖရုံစေ့၊ ၊ ဗာဒံစေ့ တို့လို အစေ့အဆန်တွေမှာ ကြွယ်ဝတဲ့ဗီတာမင် E ကြောင့် မျက်စိအားကောင်းစေပြီး အမြင်အာရုံကြည်လင်စေပါတယ်။ ဒါတွေပုံမှန်စားပေးရင် အသက်ကြီးရင်တောင် မျက်စိတော်တော်နဲ့မမှုန်ပါဘူးတဲ့။

(၄) အချဉ်ဓါတ်ရှိသော သစ်သီးများ

သံပုရာသီး၊ လိမ္မော်သီး၊ စတော်ဘယ်ရီသီး အစရှိတဲ့ အချဉ်ဓါတ်ပါတဲ့ အသီးတွေမှာ မျက်လုံးအတွက် အထောက်အကူဖြစ်စေတဲ့ ဗီတာမင် C ၊ ဗီတာမင် E အများအပြားပါဝင်တဲ့အပြင် ကိုယ်ခံအားကိုလည်း ကောင်းစေပါတယ်။

(၅) အစိမ်းရောင်ရှိ‌ေသာ ဟင်းသီးဟင်းရွက်များ

ဟင်းသီးဟင်းရွက်တွေမှာ ခန္ဓာကိုယ်အတွက် အာဟာရဖြစ်စေတဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်အများအပြားပါဝင်ပြီး မျက်လုံးကိုလည်း အားဖြစ်စေတဲ့ ဗီတာမင် C ဓါတ် ပါဝင်တာကြောင့် အဓိကစားပေးသင့်တဲ့ အစားအစာတွေထဲမှာ ပါဝင်ပါတယ်။ ကန်စွန်းရွက်၊ ကိုက်လန်ရွက်၊ ပန်းဂေါ်ဖီထုပ် အပြင် တခြားသော အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးပေးနိုင်ပါတယ်။

(၆) မုန်လာဥနီ

လူတော်တော်များများ သိထားကြတဲ့ မျက်စိအားဆေး အစားအစာတွေထဲမှာမုန်လာဥနီဟာ တစ်ခုအပါအဝင်ပါပဲ။ မုန်လာဥနီမှာ ဗီတာမင် A ပါဝင်လို့ အမြင်အာရုံကို ကြည်လင်ကောင်းမွန်စေက မျက်လုံးကိုလည်း အာဟာရဖြစ်စေတယ်။

(၇) ကန်စွန်းဥ

ဘီတာကယ်ရိုတင်းကြွယ်ဝပြီး ဗီတာမင် E ဓာတ်အပြင် တခြားသော အာဟာရဓါတ်တွေ ပါဝင်တဲ့ ကန်စွန်းဥကို များများစားပေးခြင်းဖြင့် မျက်စိမှုန်တဲ့ ဝေဒနာကို သက်သာစေနိုင်ပါတယ်။

🙏ကျန်းမာသောဘဝ ပိုင်ဆိုင်ကြပါစေ🙏

🏥 အောင်ဆေးခန်း၊ ရွှေညောင်မြို့။

⏲️ ဆေးခန်းဖွင့်ချိန်
🕗 နံနက် 8:00 နာရီမှ ညနေ 6:00ထိ (ပိတ်ရက်မရှိ)

☎️ဆက်သွယ်ရန် ဖုန်းနံပါတ်
09 457 623 846
09 693 018 965

#အောင်ဆေးခန်း #မျက်စိအားနည်းခြင်း

ခေါင်းတစ်ခြမ်းကိုက်ခြင်း (Migraine) ==============လူတော်တော်များများဖြစ်လေ့ရှိတဲ့ခေါင်းတစ်ခြမ်းကိုက်ခြင်း (ခေါ်) Migrain...
26/11/2023

ခေါင်းတစ်ခြမ်းကိုက်ခြင်း (Migraine)
==============
လူတော်တော်များများဖြစ်လေ့ရှိတဲ့ခေါင်းတစ်ခြမ်းကိုက်ခြင်း (ခေါ်) Migraine အကြာင်းလေး ဒီနေ့ပြောပြပေးပါ့မယ်....

Migraine ကဘယ်သူတွေမှာ ဖြစ်တတ်တာလဲ ❓

▪️များသောအားဖြင့် အမျိုးသမီးတွေမှာပိုဖြစ်လေ့ရှိပြီး
အသက် (၂၀) နဲ့ (၅၀)ကြားမှာလက္ခဏာပိုပြတတ်ပါတယ်။
မျိုးရိုးလည်းလိုက်တတ်ပါတယ်။

ဘယ်လိုလက္ခဏာတွေလဲ ❓

▪️ခေါင်းမကိုက်ခင်ဖြစ်တတ်တဲ့ ( Aura )ရှေ့ပြေးလက္ခဏာတွေဖြစ်တဲ့

- ပျို့အန်ခြင်း
- အမြင်အာရုံတွင် တဖျတ်ဖျတ်လင်းခနဲဖြစ်ခြင်း
- အလင်းစူးခြင်း
- လျှာလေး အာလေးခြင်း
- ခြေတွေလက်တွေလေးသွားခြင်း၊ တက်သွား
စသည်ရှိတတ်ပါတယ်။

▪️auraရဲ့ကြာချိန်ကတော့ (၁၅)မိနစ်ကနေ နာရီဝက်လောက်ကြာတတ်ပါတယ်။

ဘယ်လိုပုံစံနဲ့ ခေါင်းတစ်ခြမ်းကိုက်တာလဲ❓

- ခေါင်းကိုက်တဲ့ပုံစံကတော့ ထိုးထိုးပြီးကိုက်တာပါ
- ကြာချိန်ကတော့ (၄)နာရီကနေ (၃)ရက်လောက်အထိကြာတတ်ပါတယ်
- ခဏခဏလည်းပြန်ဖြစ်ပါတယ်

ဘာလို့ဒီလိုမျိုး ခေါင်းကိုက်ရတာလဲ ❓

▪️မိမိတို့ဦးခေါင်းမှာရှိတဲ့သွေးကြောများကျယ်ခြင်းကြောင့်ဖြစ်တာပါ။

ဘာတွေက ခေါင်းတစ်ခြမ်းကိုက်ပိုဖြစ်စေသလဲ❓

- စိတ်ဖိစီးခြင်း
- စိတ်လှုပ်ရှားခြင်း
-ရာသီဥတုအေးလွန်းခြင်း
-အိပ်ရေးပျက်ပြီးပင်ပန်းနေခြင်း
- TV ကြည့်နေရင်း စူးသောအလင်းရောင်များ၊ ဖျက်ခနဲလင်းလင်းနေတာကို တွေ့ရခြင်း
- အရက်သောက်ခြင်း
- ဆူညံလွန်း‌ေသာအသံများ၊ ပြင်းသောအနံ့များ
- ရာသီမလာခင် ဟော်မုန်းအ​​ပြောင်းအလဲဖြစ်ခြင်း

ဘယ်လိုကုကြမလဲ ❓

✔️အရင်ဆုံး ခေါင်းကိုက်တာကိုဖြစ်‌ေစ‌ေသာအရာတွေ ရှောင်ရပါမယ်။

✔️ခေါင်းကိုက်နေတဲ့အချိန်(acute attack)မှာဆိုရင်
- စိတ်ကိုအရင်လျှော့ပေးပြီး သိပ်မလင်းတဲ့အခန်းထဲမှာလှဲပေးပါ
- တရားထိုင်တာ (သို့မဟုတ်) မိမိနှစ်သက်ရာသီချင်းအေးအေးလေးတွေနားထောင်ပေးပါ
- ပါရာစီတမော နဲ့ အအန်ပျောက်ဆေး သောက်လို့ရပါတယ်
- မသက်သာရင်တော့ သွေးကြောကျဥ်းဆေးတစ်မျိုးကို ဆရာဝန်ညွှန်ကြားချက်အတိုင်းသောက်ရပါမယ်။

✔️ဒိုင်ယာရီနဲ့.....
- ဘယ်နေ့မှာ
- ဘယ်လောက်ကြာအောင်ခေါင်းကိုက်သွားတယ်
- ဘယ်လိုပုံစံနဲ့ ခေါင်းကိုက်တယ်
- ခေါင်းမကိုက်ခင်နဲ့ခေါင်းကိုက်နေစဥ်အတွင်း တခြားခံစားရသောလက္ခဏာများ
- တစ်လမှာဘယ်နှစ်ကြိမ် ခေါင်းကိုက်တယ်
ရေးမှတ်ခြင်းအားဖြင့် ကုသရေးအတွက်ရော၊ ရောဂါအတိအကျသိရှိရေးအတွက်ပါ အထောက်အကူပြုပါတယ်။

✔️တစ်လကိုနှစ်ကြိမ်နဲ့အထက် ခေါင်းကိုက်နေရင်တော့ ဆရာဝန်ညွှန်ကြားချက်နဲ့ တခြားလိုအပ်တဲ့ဆေးတွေ သောက်ရပါမယ်။

❌ Migraine ခံစားနေရသောအမျိုးသမီးများဟာဆိုရင် ကိုယ်ဝန်တားဆေးမသောက်သင့်ပါ။❌

🏥 အောင်ဆေးခန်း၊ ရွှေညောင်မြို့။

⏲️ ဆေးခန်းဖွင့်ချိန်
🕗 နံနက် 8:00 နာရီမှ ညနေ 6:00ထိ (ပိတ်ရက်မရှိ)

☎️ဆက်သွယ်ရန် ဖုန်းနံပါတ်
09 457 623 846
09 693 018 965

#အောင်ဆေးခန်း #ခေါင်းတစ်ခြမ်းကိုက်

လေဖြတ်ခြင်း ဆိုတာဘာလဲ ???🧠ဦးနှောက်၏ အစိတ်အပိုင်း တစ်ခုဆီသို့ သွေးစီးဆင်းမှုလမ်းကြောင်းတွင် အနှောင့်အယှက်ဖြစ်လျှင်သော်လည်...
25/11/2023

လေဖြတ်ခြင်း ဆိုတာဘာလဲ ???

🧠ဦးနှောက်၏ အစိတ်အပိုင်း တစ်ခုဆီသို့ သွေးစီးဆင်းမှုလမ်းကြောင်းတွင် အနှောင့်အယှက်ဖြစ်လျှင်သော်လည်းကောင်း၊ သွေးစီးဆင်းမှုလွန်စွာ လျော့နည်းလျှင်သော်လည်းကောင်း ဖြစ်တတ်ပါတယ်။
တစ်ခါတစ်ရံ Brain attack ဟုခေါ်ပါတယ်။ မိနစ်ပိုင်းလောက် သွေးစီးဆင်းမှု နည်းပါက ဦးနှောက်၏ တစ်ရှူးများထံ အောက်စီဂျင်နှင့် အာဟာရများ ရောက်မှု နည်းသွားပါတယ်။ ထိုအခါ ဦးနှောက် ဆဲလ်များ သေဆုံးသွား နိုင်ပါတယ်။

👉လေဖြတ်ခြင်းက ဘယ်လောက်အဖြစ်များသလဲ ?

🧠အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။
ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို ကာကွယ်ခြင်းအားဖြင့် ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။

လေဖြတ်ရောဂါအမျိုးအစား (၂)မျိုး

🧠ဦးနှောက်အတွင်း သွေးကြောပိတ်၍ လေဖြတ်ခြင်း
🧠ဦးနှောက်အတွင်း သွေးကြောပေါက်၍ လေဖြတ်ခြင်း

👉လေဖြတ်ခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာများ

🧠ခန္ဓာကိုယ် တစ်ခြမ်းရှိ မျက်နှာ၊ လက် သို့မဟုတ် ခြေထောက်တို့ ရုတ်တရက် အားနည်းလာခြင်း၊ ထုံကျင်လာခြင်း။
🧠လက်နှစ်ဘက်ကိုခေါင်းပေါ် ပြိုင်တူမြှောက်ကြည့်ပါက လေဖြတ်သောလက်မှာ အောက်သို့ပြန်ကျသွားခြင်း။
🧠ပြုံးပြသောအခါ ပါးစပ်ရဲ့ တစ်ခြမ်းမှ သွားရည်ကျခြင်း။
🧠ရုတ်တရက် အမြင်အာရုံနှင့် အခြားသော အာရုံခံစားမှုများ ချို့ယွင်းခြင်း။
🧠စကားမပြောနိုင်တော့ခြင်း၊ စကားပြော မပီသခြင်း။
🧠သူများ စကားပြောသောအခါ နားမလည်ခြင်း။
🧠ရုတ်တရက် အမြင်အာရုံဆုံးရှုံးခြင်းမှာ မျက်လုံးတစ်ဘက်တွင်သာ အဖြစ်များခြင်း။
🧠ရုတ်တရက် ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင် မထိန်းနိုင်တော့ခြင်း။
🧠ပျို့အန်ခြင်း၊ ဖျားခြင်း၊ ကြို့ထိုးခြင်း၊ မြိုချရ ခက်ခဲခြင်း။
🧠ရုတ်တရက် သတိလစ်၍ လဲကျသွားခြင်း

👉လေဖြတ်ခြင်းမှပြန်လည်ထူထောင်ရေး

🧠စောလျင်စွာပြန်လည်ထူထောင်ရေးလုပ်ဆောင်ခြင်းသည် ဦးနှောက်နှင့် ကြွက်သားလုပ်ဆောင်မှုကို မြန်ဆန်စွာ ပြန်လည်ကောင်းမွန်လာစေပါသည်။ ကြွက်သားအားနည်းခြင်း၊ အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းနှင့် သွေးပြန်ကြောပိတ်ဆို့ခြင်းစသည့် အမျိုးမျိုးသော နောက်ဆက်တွဲပြဿနာများကိုလည်း ကာကွယ်တားဆီးပေးနိုင်ပါသည်။ ပြန်လည်ထူထောင်ရေးတွင် ခန္ဓာကိုယ်ကြွက်သားများပြန်လည်သန်မာခြင်း၊ အစာမျိုချခြင်း၊ စကားပြောခြင်းနှင့် အသက်ရှုခြင်းဆိုင်ရာစသည့်စွမ်းဆောင်ရည်များ ပါဝင်ပါသည်။ ဦးနှောက်ပြန်လည်ကျန်းမာလာခြင်းတွင် မှတ်ဉာဏ်များပြန်လည်ရရှိခြင်း ၊ လုပ်ငန်းဆောင်တာများကို ပြန်လည်လုပ်ဆောင်ခြင်းနှင့် စိတ်ကျန်းမာရေးအတွက် စိတ်ပိုင်းဆိုင်ရာပံ့ပိုးထောက်ပံ့မှုတို့ပါဝင်ပါသည်။

🙏ကျန်းမာပျော်ရွှင်သောဘဝ ပိုင်ဆိုင်ကြပါစေ🙏
အောင်ဆေးခန်း၊ ရွှေညောင်မြို့။

🏥 အောင်ဆေးခန်း၊ ရွှေညောင်မြို့။

⏲️ ဆေးခန်းဖွင့်ချိန်
🕗 နံနက် 8:00 နာရီမှ ညနေ 6:00ထိ (ပိတ်ရက်မရှိ)

☎️ဆက်သွယ်ရန် ဖုန်းနံပါတ်
09 457 623 846
09 693 018 965

#အောင်ဆေးခန်း #လေဖြတ်ခြင်း

အသည်းရောင် အသားဝါ Cပိုး🦠အသည်းကို ဒုက္ခပေးနေတဲ့ ရောဂါပိုးတွေထဲမှာမှ အသည်းရောင် အသားဝါ Bပိုးနဲ့ C ပိုးက အဆိုးဆုံးပါ။B ပိုး...
24/11/2023

အသည်းရောင် အသားဝါ Cပိုး

🦠အသည်းကို ဒုက္ခပေးနေတဲ့ ရောဂါပိုးတွေထဲမှာမှ အသည်းရောင် အသားဝါ Bပိုးနဲ့ C ပိုးက အဆိုးဆုံးပါ။B ပိုးကတော့ ကာကွယ်ဆေးထိုးပြီး ကြိုကာကွယ်လို့ရပါတယ်။Cပိုးက‌ေတာ့စမ်းသပ်ဆဲဖြစ်ပြီးကာကွယ်ဆေးမရှိသေးပါ။

🦠ဒါပေမယ့် နောက်ပိုင်းတိုးတက်လာတဲ့ ဆေးပညာအရ ဆေးပုံမှန်သောက်မယ်ဆိုရင် စီပိုးကနေ အသည်းကိုဒုက္ခမပေးနိုင်တော့အောင် ကာကွယ်နိုင်မှာဖြစ်သလို ကူးစက်မှုနှုန်းကိုလည်း လျှော့ချပေးနိုင်မှာဖြစ်ပါတယ် ။

🦠ကူးစက်နိုင်တဲ့‌နည်းလမ်းများကတော့ မသန့်ရှင်းတဲ့ ဆေးထိုးအပ်ကို တစ်ယောက်နဲ့တစ်ယောက် မျှဝေသုံးစွဲခြင်း

– ရောဂါရှိသူ ထိခိုက်ဒဏ်ရာရသွားချိန်မှာ အကာအကွယ်မဝတ်ဆင်ဘဲ ကိုင်တွယ်ပြုစုမိရာကနေ သွေးနဲ့ထိတွေ့ မိပြီးကူးစက်ခြင်း

– အသည်းရောင်အသားဝါစီပိုးရှိသူ မိခင်မှ ကလေးမွေးဖွားတဲ့အခါ မိခင်ကနေ ကလေးကိုကူးစက်သွားခြင်း

စတဲ့နည်း ၃ နည်းနဲ့ အဓိကကူးစက်တတ်ပြီး ရောဂါရှိသူနဲ့ တစ်ကိုယ်ရည်သုံးပစ္စည်းတွေဖြစ်တဲ့ မုတ်ဆိတ်ရိတ်စက်၊ သွားတိုက်တံများမျှဝေအသုံးပြုခြင်း၊ လိင်ဆက်ဆံခြင်း တို့ကနေလည်း ကူးစက်မှုတချို့ ရှိတတ်ပါသေးတယ်။

🦠ရောဂါပိုးရှိတဲ့သူတစ်ယောက်အနေနဲ့ ဆေးသောက်တာအပြင် အခြားပြုပြင်ရမယ့် နေထိုင်မှုပုံစံတွေ ရှိပါသေးတယ်။ အသည်းလည်းထိခိုက်နေတယ် အသည်းရောင် အသားဝါ စီပိုး အတွက်လည်း ကုသမှု ခံယူနေတယ်ဆိုရင် အရက်သောက်တတ်သူများအရက်လုံးဝဖြတ်လိုက်တာအသင့်တော်ဆုံးပါ။

🦠အသည်းရောင် အသားဝါကို ကုသပေးတဲ့ အစားအစာတွေတော့ မရှိပါဘူး။ ဒါပေမယ့် အသည်းရောင်အသားဝါ စီပိုးဒဏ်ကို ခံနေရတဲ့ အသည်းကို အားပေးဖို့တော့ အစားအစာတွေ စားပေးလို့ရပါတယ်။ အသီးအရွက်တွေ များများစားပေးပါ။
အသည်းဆိုတာ ကိုယ်ထဲ ဝင်လာတဲ့ ဆေးတွေ ဖြိုခွဲပေးရတယ်။ အဆိပ်အတောက်တွေကို ဖယ်ရှားပေးရတဲ့ အပိုင်းပါ။ ဒီလောက်အရေးကြီးတဲ့ အသည်းလေးမှာ အသည်းရောင်အသားဝါ စီပိုးကူးစက်ခံနေရတော့ နေ့စဉ်သောက်တဲ့ ဆေးဝါးတွေကို သတိထားသင့်ပါတယ်။
ကိုယ်သောက်လိုက်တဲ့ တချို့ဆေးတွေက အသည်းကို ပိုထိစေတဲ့ ဆေးမျိုးတွေ ဖြစ်နေမယ်ဆိုရင် အသည်းပိုပျက်စီးစေမှာပါ။ဒါ့ကြောင်အသည်းရောင်အသားဝါ စီပိုးကိုကုသပေးတဲ့ဆေးတွေမဟုတ်ဘဲအခြားသောက်ချင်တဲ့ဆေးတွေ ရှိရင် ဆရာဝန်နဲ့သေချာတိုင်ပင်ပြီးသောက်သ့င်ပါတယ်။

🙏ကျန်းမာပျော်ရွှင်သောဘဝ ပိုင်ဆိုင်ကြပါစေ🙏

🏥 အောင်ဆေးခန်း၊ ရွှေညောင်မြို့။

⏲️ ဆေးခန်းဖွင့်ချိန်
🕗 နံနက် 8:00 နာရီမှ ညနေ 6:00ထိ (ပိတ်ရက်မရှိ)

☎️ဆက်သွယ်ရန် ဖုန်းနံပါတ်
09 457 623 846
09 693 018 965

#အောင်ဆေးခန်း #အသည်းရောင်အသားဝါစီပိုး

နှလုံးသွေးကြောကျဉ်းရောဂါအကြောင်း  သိကောင်းစရာ🔺နှလုံးသွေးကြောကျဉ်းရောဂါဆိုသည်မှာ နှလုံးကိုသွေးပို့နေသောသွေးကြောများ၏နံရံတ...
23/11/2023

နှလုံးသွေးကြောကျဉ်းရောဂါအကြောင်း သိကောင်းစရာ

🔺နှလုံးသွေးကြောကျဉ်းရောဂါဆိုသည်မှာ နှလုံးကိုသွေးပို့နေသောသွေးကြောများ၏နံရံတွင် သွေးအနည်များတဖြည်းဖြည်းစုပုံလာကာ ကြာလာလျှင် နှလုံးသွေးကြောပိတ်ခြင်း ဖြစ်စေပြီး နှလုံးကြွက်သားက လိုအပ်သောအောက်ဆီဂျင်နှင့်သွေးကိုမရရှိတော့ဘဲဆိုးကျိုးများဖြစ်စေသည်။

🔺နှလုံးသွေးကြောကျဉ်းလက္ခဏာများ -ရင်ဘတ်အောင့်ခြင်းခေါင်းမူးပြီး နေလို့မကောင်းခြင်းဘယ်ဘက်လက်မောင်း ကိုက်လာခြင်းမောခြင်းချွေးစေး ထွက်ခြင်းပျို့အန်ခြင်း စတာတွေ ဖြစ်တတ်ပါသည်

🔺နှလုံးသွေးကြော ဘာကြောင့် ပိတ်ရတာလဲ။

သာမန်ကျန်းမာတဲ့ သူရဲ့ နှလုံးသွေးကြောက သန့်စင်ပြီး ချောနေကာသွေးများက သွေးကြောတစ်လျှောက် ကောင်းကောင်း စီးဆင်းနိုင်ပါသည်။ အသက်ကြီးလာလေလေ သွေးကြောထဲမှာ အဆီတွေ စုပုံလာတက်သည်။ထိုအဆီဖတ်လေးများ သွေးကြောနံရံတွင် လာကပ်ခြင်းက အခြားသော သွေးခဲစေတတ်သောဓာတ်များ( ဉပမာ - သွေးဉမွှား)စုပုံအနည်ကျခြင်းကို ဖြစ်စေပါသည်။
ထိုအချိန်တွင်သွေးကြောနံရံရှိသွေးကြောကြွက်သားများ ကျဉ်းသထက် ကျဉ်းလာကာ နှလုံးကြွက်သားတွေဆီ သွေးများလံု‌ေလာက်စွာမပို့နိုင်တော့ပါ။

သွေးများလံု‌ေလာက်စွာမပို့နိုင်တဲ့အခါ နှလုံးကြွက်သားက လိုအပ်တဲ့ အာဟာရများ၊ အောက်ဆီဂျင်များ မရရှိတော့ပါ။ ဒါကြောင့် ဆဲလ်တွေသေပြီး ကြွက်သားတွေ တဖြည်းဖြည်း ပုပ်လာပါတယ်။ ထိုအချိန်တွင် ရင်ဘတ်အောင့်ခြင်း ဝေဒနာကို ခံစားရတက်သည်

🔺ဘယ်သူတွေနှလုံးသွေးကြော ပိုဖြစ်နိင်လဲ

: အသက်အရွယ် ကြီးသူများ
: အမျိုးသားများက အမျိုးသမီးတွေထက် ပိုအဖြစ်များတတ်သည်။
: မိသားစုထဲတွင် ရောဂါဖြစ်ဖူးသူများ
: ဆေးလိပ်သောက်တတ်သူများ
:ဆေးလိပ်အငွေ့ရှူမိသူများ
: သွေးတိုးရောဂါအခံရှိသူများ
:ဆီးချိုရောဂါအခံရှိသူများ
: သွေးတွင်း အဆီဓာတ်များသူများ
: လှုပ်ရှားမှု မရှိ၍အဝလွန်သူများ
: ကျန်းမာရေးနဲ့ မညီညွတ်‌ေသာအဆီအစိမ့်၊ ချိုလွန်း၊ ငန်လွန်းသောအစားအစာစားသူများ

🔺လုပ်ဆောင်ရမည့် အချက်များ-

သွေးပေါင်ချိန်ကို ထိန်းညှိပါ။
: သွေးတွင်းကိုလက်စထရော ပုံမှန် စစ်ဆေးပါ။
: သွေးတွင်းသကြားဓာတ် ထိန်းပါ။
: လေ့ကျင့်ခန်း မှန်မှန် လုပ်ပါ။
: ကိုယ်အလေးချိန်ထိန်းပါ။
: ကျန်းမာရေးနဲ့ ညီညွတ်မျှတအောင် စားသုံးပါ။
: ဆေးလိပ်ဖြတ်ပါ။
: အရက်ဖြတ်ပါ။
: စိတ်ဖိစီးမှု ဖြေလျော့ပါ။
: နှလုံးခုန်နှုန်းကို ပုံမှန်စစ်ဆေးပါ။

👉အထက်ပါ ရောဂါလက္ခဏာများကြုံတွေ့ရပါက နားလည်တတ်ကျွမ်းသော ဆရာဝန်များနှင့် နီးစပ်ရာဆေးခန်းတွင် ဆွေးနွေးတိုင်ပင်သင့်ပါသည်။

🙏ကျန်းမာလှပသော ဘဝပိုင်ဆိုင်နိုင်ကြပါစေ🙏
အောင်ဆေးခန်း၊ ရွှေညောင်မြို့။

⏲️ ဆေးခန်းဖွင့်ချိန်
🕗 နံနက် 8:00 နာရီမှ ညနေ 6:00ထိ (ပိတ်ရက်မရှိ)

☎️ဆက်သွယ်ရန် ဖုန်းနံပါတ်
09 457 623 846
09 693 018 965

အသည်းအ‌ဆီဖုံးခြင်း(Fatty Liver)🔷အသည်းအဆီဖုံးခြင်းသည်အသည်းဆဲလ်များအတွင်းအဆီများစု‌‌ဝေးနေခြင်းဖြစ်သည်။ အသည်းအဆီဖုံးခြင်းတွ...
21/11/2023

အသည်းအ‌ဆီဖုံးခြင်း(Fatty Liver)

🔷အသည်းအဆီဖုံးခြင်းသည်အသည်းဆဲလ်များအတွင်းအဆီများစု‌‌ဝေးနေခြင်းဖြစ်သည်။ အသည်းအဆီဖုံးခြင်းတွင် အရက်သောက်ခြင်းကြောင့် အသည်းအဆီဖုံးခြင်းနှင့် အရက်မသောက်သူများတွင် အသည်းအဆီဖုံးခြင်း ဟူ၍ (၂) မျိုးရှိပါသည်။ အရက်မသောက်သော သူများတွင်လည်း အသည်းအဆီဖုံးခြင်း ဖြစ်တတ်ပါသည်။

➡ကိုယ်ခန္ဓာအတွင်း ကိုလက်စထရောများနေခြင်း၊
➡ဆီးချိုရောဂါရှိခြင်း
➡ အ၀လွန်ခြင်း
➡ အချိုဓာတ်လွန်ကဲသော အစားအစာများစားသုံးခြင်း၊
➡ဆီနှင့်ကြော်သောအစားအစာများ စားသုံးခြင်း၊
➡အချိုရည်များအလွန်အကျွံသောက်ခြင်း၊
➡Fast Food ဟုခေါ် သော ကျန်းမာရေးနှင့် မညီညွတ်သောအသင့်စား အစာများစားသုံးခြင်း၊
➡ကိုယ်လက်လှုပ်ရှား အားကစားမလုပ်ခြင်းစ‌သော အလေ့အကျင့်ရှိသူများတွင် အရက်မသောက်သော်လည်း အသည်းအဆီဖုံးခြင်း ဖြစ်တတ်ပါသည်။

◾အလွန်အကျွံ အသည်းအဆီဖုံးနေလျှင် အစားအသောက်ပျက်ခြင်း၊ အသည်းနေရာမှ အောင့်ခြင်းနှင့် အသည်းကြီးခြင်းများ ဖြစ်တတ်သည်။
◾သို့သော် အများစုအနေဖြင့် ဘာလက္ခဏာမှမပြဘဲ ရှိနေတတ်ပါသည်။
◾အသည်းအဆီဖုံးနေပြီဆိုလျှင် နီးစပ်ရာ ဆေးရုံဆေးခန်းများသို့ သွားရောက်ကာ စောစီးစွာ ကုသမှုခံယူသင့်သည်။

⏺အသည်းအဆီဖုံးရောဂါရှိသူများအနေဖြင့် နေ့စဥ်စားသောက်မှုပုံစံကို ပြောင်းလဲခြင်း​ဖြင့် ဆေးကုသရာတွင် အထောက်အကူပြုပါသည်။

⏺အမျှင်ဓာတ်များသော အစိမ်းရောင်အသီးအရွက်များ၊ အသီးအနှံများ၊ အခွံမာအသီး နှင့် အစေ့အဆံများအား စားသုံးသင့်သည်။

⏺အနီရောင်ရှိသော အသားများဖြစ်သော အမဲသား၊ ၀က်သားနှင့် ဆိတ်သားများ စားသုံးခြင်းကို ‌​​လျော့ချကာ အဆီဓာတ်နည်း သော အရေခွံဆုတ်ထားသော ကြက်သားနှင့် ပင်လယ်စာများကိုသာ စားသုံးသင့်သည်။

⏺အဆီထုတ်ထားသော နို့နှင့် နို့ထွက်ပစ္စည်းများ၊ ကြက်ဥ အကာနှင့် ပဲအမျိုးမျိုးကို စားသုံးပေးသင့်သည်။

⏺အချိုဓာတ်လွန်ကဲသော ကိတ်မှုန့်၊ ပေါင်မုန့်၊ ချောကလက်နှင့် ဆီ‌ကြော် မှုန့်များ စားသုံးခြင်းကို ရှောင်ကြဉ်ရမည်။

🙏ကျန်းမာ‌ေပျာ်ရွှင်သောဘဝ ပိုင်ဆိုင်ကြပါစေ🙏

🏥 အောင်ဆေးခန်း၊ ရွှေညောင်မြို့။

⏲️ ဆေးခန်းဖွင့်ချိန်
🕗 နံနက် 8:00 နာရီမှ ညနေ 6:00ထိ (ပိတ်ရက်မရှိ)

☎️ဆက်သွယ်ရန် ဖုန်းနံပါတ်
09 457 623 846
09 693 018 965

#အောင်ဆေးခန်း #အသည်းအဆီဖုံးခြင်း

Address

No. 4, ပြည်ထောင်စုလမ်း, မင်္ဂလာအောင်မြေ (၃)
Shwenyaung
06012

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00
Sunday 08:00 - 18:00

Telephone

+959457623846

Website

Alerts

Be the first to know and let us send you an email when အောင်ဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to အောင်ဆေးခန်း:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram