08/07/2023
❗ သွေးလွန်ကွေးရောဂါ (Dengue Fever) ❗
ဖြစ်ပွားစေသောသွေးလွန်တုတ်ကွေး ပိုင်းရပ်စ် (၄)မျိုး- DENV 1,DENV 2,
DENV 3,DENV 4.
🎯 ကူးစက်ပုံ- သွေးလွန်တုတ်ကွေး ဗိုင်းရပ်စ်တမျိုးမျိုးကူးစက်ခံထားရသော Aedes ခြင် ကိုက်စက်ရာမှတဆင့် လူတွေကို ကူးစက်ခြင်းဖြစ်ပါသည်။
သွေးလွန်တုတ်ကွေးရောဂါသည် အသက် ၁၅ နစ်အောက် ကလေးငယ်များတွင်အဖြစ်များပြီးတော့ အပူပိုင်းဒေသနင့် အပူလျှော့ပိုင်းဒေသ(အပူပိုင်းနင့်နီးကပ်နေသော ဒေသ)တို့တွင့် အဖြစ်များသည်။
☸ ရောဂါလက္ခဏာ (Symptoms)
ရောဂါလက္ခဏာကို အပိုင်း ၃ ပိုင်းဖြင့်ဖော်ပြပါမည်။
၁။ သွေးလွန်တုတ်ကွေးရောဂါ (DF)
🔹 အဖျားကြီးခြင်း
🔹 ခေါင်းကိုက်ခြင်း၊ကိုယ်လက်ကိုက်ခြင်း၊ကြွက်သားနာခြင်း
🔹 ခါးနင့်ကျောကုန်းနာခြင်း
🔹လက်နင့်ရင်ဘတ်တို့တွင် အနီစက်ပေါ်ခြင်း
🔹 ပျော့ခြင်း၊ အော့အန်ခြင်း
၂။ ပြင်းထန်သော သွေးလွန်တုတ်ကွေးရောဂါ (DHF)
🔹ကော်ဖီရောင်အန်ခြင်း
🔹နှာခေါင်းသွေးလျှံခြင်း၊ သွားဖုံးသွေးယိုစီးခြင်း
🔹ဝမ်းအမည်းသွားခြင်း
🔹ဗိုက်အောင့်ခြင်း
၃။ သွေးလန့်ခြင်း (Shock syndrome )
သွေးလွန်တုတ်ကွေးရောဂါတွင် အဆိုးဆုံးအခြေအနေနဲ့ သွေးလန့်ခြင်း(Shock)ဖြစ်တတ်ပါသည်။သွေ့လန့်ခြင်း လက္ခဏာများ-
🔹မကြာခဏ အန်ခြင်း၊အန်သည့်အခါ အညိုရောင်အစက်များပါခြင်း
🔹 သွေးအန်ခြင်း
🔹 ကတ္တရာစေးရောင် ဝမ်းမည်းမည်းသွားခြင်း
🔹ဂနါမငြိမ်ဖြစ်ခြင်း၊ ကယောင်ကရမ်းဖြစ်ခြင်း
၎င်းအခြေအနေသည် အသက်အန္တရာယ် ထိခိုင်နိုင်သဖြင့် လူနာကို ဆေးရုံသို့ ချက်ချင်း ပို့ဆောင်ရမည်။
☸ ကုသခြင်း( Treatment)
သွေးလွန်တုတ်ကွေးရောဂါအတွက် အထူးဆေးဝါးကုသမှုမရှိပါ။ဆိုလိုသည်မှာ သွေးလွန်တုတ်ကွေး ဗိုင်းရပ်စ်ကို သေစေနိုင်သောဆေးဝါးမရှိသေးသဖြင့် လူနာကိုသက်သာအောင်သာ ခုခံအားစနစ်ဖြင့် ပြုစုကုသရပါမည်။
🔹 အရည်များများသောက်ခြင်း (ကော်ဖီမသောက်ရ)
🔹 အရည်ဆုံးရှုံးမှုများလျှင် အကြောဆေးသွင်းပေးခြင်း
🔹 သွေးယိုစိမ့်မှုများလျှင် သွေးသွင်းပေးခြင်း
🔹အဖျားကျစေရန် Para တိုက်ခြင်း၊ရေပတ် တိုက်ပေးခြင်း(သွေးယိုစီမ့်မှုဖြစ်စေနိင်သော Aspirin,Ibuproben စသည်ဖြင့် NSAID ဆေးများကို မတိုက်သင့်ပါ)
ထိုနည်းလမ်းများဖြင့် ရောဂါ ပိုမဆိုးရအောင် ထိမ်းချုပ်၍ ဖြည်းဖြည်း ကုသရမည်ဖြစ်သည်။
☸ ကာကွယ်ခြင်းနင့် ထိန်းချုပ်ခြင်း (Prevention&Control)
၁။ မိမိကိုယ်ကို ခြင်ကိုက်မခံရအောင် ကာကွယ်ခြင်း(Personal protection)
🔹ခြင်နိုင်ဆေးသုံးခြင်း
🔹ခြင်ထောင်ဖြင့် အိပ်ခြင်း( နေ့ဖက်တွင်လည်း ခြင်ထောင်ဖြင့်အိပ်ခြင်း)
🔹အကာအကွယ်ပေးသော အဝတ်အစားများကို ဝတ်ဆင်ခြင်း( ဥပမာ-အင်္ကျီ လက်ရှည်နင့် ဘောင်ဘီ အရှည်ဝတ်ဆင်ခြင်း)
🔹အခန်းများကို လေဝင်လေထွက်ကောင်းစေပြီး အလင်းရောင်ကောင်းစွာရစေခြင်း
၂။ ခြင်ပေါက်ဖွားမှုကို ထိန်းချုပ်ကာကွယ်ခြင်း (Community protection)
ခြင်နှိမ်နှင်းရာတွင် ပိုးလောက်လန်းများအဓိကထား နှိမ်နှင်းရမည်။
🔹ခြင်ပေါက်ဖွားနိုင်သော ရေချိုးကန်၊ရေအိုး ရေခွက်များကို သေချာစွာဖုံးအုပ်ထားရမည်။
🔹သောက်ရေအိုးများ၊ဘုရားပန်းအိုးများကို ပုံမှန်ဆေးကြော၍ ရေလှဲပေးရမည်
🔹ရေအိုင်ငယ်များကို မြေဖို့ခြင်း၊ ရေတင်နေသော ပစ္စည်းများကိုရှင်းပစ်ခြင်း
🔹 ရေမြောင်းများကို ရေစီးရေလာကောင်းအောင် စီစဥ်ခြင်း
🔹 ရေချိုးကန်များတွင် ပိုးလောက်လန်းများကို စားသော ငါးများမွေးထားခြင်း
🔹 ပိုးသတ်ဆေးဖျန်းခြင်းတို့အတွက် ပူးပေါင်းပါဝင်လုပ်ဆောင်ခြင်း
စသည့်နည်းလမ်းများဖြင့် ကာကွယ်ရေးလုပ်ငန်းများကို ထိရောက်စွာလုပ်ဆောင်နိုင်ပါသည်။
အချုပ်အားဖြင့် သွေးလွန်တုတ်ကွေးရောဂါရဲ့
- ရောဂါမိတ်ဆက်
- ရောဂါလက္ခဏာ
- ကုသခြင်း
- ကာကွယ်ထိန်းချုပ်ခြင်း စသည်ဖြင့် အပိုင်း ၄ ပိုင်းဖြင့် ရေးသားခဲ့ခြင်းဖြစ်ပါသည်။
သွေးလွန်တုတ်ကွေးရောဂါမှ ကင်းဝေးနိုင်ကြပါစေ
(Nursing Student, Sittwe)
ူးယူခွင့်မပြုပါ