Rakhine Disaster & Pandemic Watch

Rakhine Disaster & Pandemic Watch ကပ်ရောဂါဆိုင်ရာ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတင်းများနှင့် ကျန်းမာရေး အသိပညာပေးအချက်အလက်များကို လူထုထံ တတ်အားသရွေ့ တင်ပြမျှဝေပေးနေပါသည်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ၊ မိုးလေဝသနှင့် ရာသီဥတု ထူးခြားဖြစ်စဉ်များ၊ ကပ်ရောဂါဆိုင်ရာ၊ကျန်းမာရေးဆိုင်ရာ၊သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတင်းများ၊စာစုများ၊ သုံးသပ်ချက်များကို သတင်းမှန်၊ အသိမှန် ရစေဖို့ မှန်ကန်သေချာသည့် သတင်းအရင်းအမြစ်များနေ၍ မျှဝေဖော်ပြပါသည်။

မိုးရာသီတွင် ဖြစ်ပွားနိုင်သည့် သွေးလွန်တုပ်ကွေး ရောဂါကာကွယ်ရေး
27/05/2025

မိုးရာသီတွင် ဖြစ်ပွားနိုင်သည့်
သွေးလွန်တုပ်ကွေး ရောဂါကာကွယ်ရေး

(၁၈.၅.၂၀၂၅)ရက်နေ့ ည(၈:၀၀)နာရီ မှ (၂၅.၅.၃၀၂၅)ရက်နေ့ ည(၈:၀၀)နာရီအထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၆)ဦး တွေ့ရှိခဲ့...
27/05/2025

(၁၈.၅.၂၀၂၅)ရက်နေ့ ည(၈:၀၀)နာရီ မှ (၂၅.၅.၃၀၂၅)ရက်နေ့ ည(၈:၀၀)နာရီအထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၆)ဦး တွေ့ရှိခဲ့ကြောင်း သိရှိရပါ
သည်။

19/05/2025

>>>ရခိုင်ဒေသမှာ ငလျင်ဘယ်လိုလှုပ်သလဲ

17/04/2025

မြန်မာ့နှစ်သစ်ကူး နှစ်ဆန်းတစ်ရက်မှသည် နေ့ရက်များစွာတိုင်း သတ္တဝါအပေါင်း "ဘေးရန်ကင်းကွာ ချမ်းသာကိုယ်စိတ်မြဲနိုင်ကြစေသတည်း"

ငလျင်ကဲ့သို့သော သဘာဝဘေးများကြောင့် လူများစွာ အသက်ဆုံးရှုံးရနိုင်သည်။ သဘာဝဘေးအန္တရာယ်၏ နောက်ဆက်တွဲအကျိုးဆက်များအနေဖြင့်  ...
08/04/2025

ငလျင်ကဲ့သို့သော သဘာဝဘေးများကြောင့် လူများစွာ အသက်ဆုံးရှုံးရနိုင်သည်။

သဘာဝဘေးအန္တရာယ်၏ နောက်ဆက်တွဲအကျိုးဆက်များအနေဖြင့် သေဆုံးသူ အလောင်းအရေအတွက် ရုတ်တရက် တိုးပွားလာမှုသည် ကိုင်တွယ်ဖြေရှင်းသူများအတွက် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာတွင် ခက်ခဲနိုင်သည်။

ငလျင်ဘေး တုံ့ပြန်ရေးလုပ်ငန်းများတွင် သေဆုံးသူများ၏ ခန္ဓာကိုယ်များကို စနစ်တကျ ကိုင်တွယ်နည်းများနှင့် ပတ်သက်သည့် အချက်အလက်များကို အောက်ပါ အမေး၊အဖြေ ကဏ္ဍတွင် လေ့လာနိုင်ပါသည်။

Source: World Health Organization Myanmar

08/04/2025

Knowledge Sharing Information:

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှူဦးစီးဌာနရဲ့ အောက်မှာ
မြေငလျင်ဌာနခွဲဆိုတာ ရှိပါတယ်။

မြေငလျင်ဌာနခွဲသည် မြေငလျင်တိုင်းစခန်းများ ဖွင့်လှစ်ခြင်း၊ မြေငလျင်တိုင်းစက်များ တပ်ဆင်ခြင်း၊ မြေငလျင်တိုင်းစခန်းများမှ (၂၄)နာရီအချိန်ပြည့် တိုင်းတာချက်မှတ်တမ်းများကို လက်ခံရယူခြင်း၊ မြေငလျင်သတင်း ထုတ်ပြန်ပေးခြင်း၊ ဆူနာမီ သတိပေးချက်ထုတ်ပြန်ခြင်း၊ မြေငလျင်အန္တရာယ်လျော့ပါးရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက် ကြရပါသည်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှူဦးစီးဌာနတွင် မြေငလျင်တိုင်းစခန်းများကို အောက်ပါအတိုင်း ဖွင့်လှစ်ထားရှိလျက် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်-

(က) မြေငလျင်တိုင်းစခန်း(Analog)စခန်း

- (ရန်ကုန်၊ မန္တလေး) စခန်း(၂)ခုရှိပါသည်။

(ခ) အင်အားပြင်းမြေငလျင်တိုင်းစခန်း

- (နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ စစ်တွေ၊ ပြည်၊ မိတ္ထီလာ၊ မြစ်ကြီးနား၊ မုံရွာ၊ ညောင်ဦး၊ ပဲခူး၊ ပုသိမ်) စခန်း(၁၁)ခု ရှိပါသည်။

(ဂ) လှိူင်းခွင်ကျယ်မြေငလျင်တိုင်းစခန်း

- (ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ နမ့်စန်၊ နေပြည်တော်၊ ပုသိမ်၊ ဘားအံ၊ စစ်တွေ၊ ထားဝယ်၊ ညောင်ဦး၊ ကသာ၊ ကန့်ဘလူ၊ ဂွ၊ သီပေါ၊ တောင်ငူ၊ တောင်ကြီး၊ ဟားခါး၊ ကျိုင်းတုံ၊ တမူး၊ မြိတ်၊ မြဝတီ) စခန်း(၂၁)ခုရှိပါသည်။

(ဃ) ကမ္ဘာလုံးဆိုင်ရာတည်နေရာပြစနစ်(Global Positioning System-GPS)

- ဂျိုးဖြူရေလှောင်တမံ(တိုက်ကြီးမြို့)၊ အင်းက‌လေး(ပဲခူးမြို့)၊ ဝေါမြို့၊ ရှမ်းအိပ်‌တောင်(ကျိုက်ထီးရိုး)၊ ဟားခါးမြို့၊ ရွှေဘိုမြို့၊ မလဲဆည်(စဉ့်ကူးမြို့)၊ နေပြည်တော်(မိုး/ဇလရုံး)၊ ညောင်ဦးမြို့၊ ကသာမြို့၊ တီးတိန်မြို့၊ ကလေးမြို့၊ ကလေးဝမြို့၊ သက်ကယ်ကျင်း‌ရွာ(ကလေးဝမြို့)၊ တောကြောင်းရွာ(တန့်ဆည်မြို့)၊ ကနီမြို့။ စခန်း (၁၆)ခုရှိပါသည်။

(င) ပင်လယ်ရေမျက်နှာပြင် အနိမ့်အမြင့်တိုင်းစခန်း (၃)ခုရှိပါသည်။

- စစ်တွေ၊ မော်လမြိုင်၊ ဟိုင်းကြီးကျွန်း
မြေငလျင်ဌာနခွဲသည် ပြည်တွင်း/ပြည်ပ မြေငလျင်လှူပ်ရှားမှူ အချက်အလက်များ စုစည်းထိန်းသိမ်းထားရှိလျက် သုတေသနပြုဆောင်ရွက်ခြင်း၊ နိုင်ငံတော်စီမံကိန်းများအတွက် အကြံဉာဏ်များပေးခြင်း၊ မှတ်တမ်းအချက်အလက်များ ပံ့ပိုးပေးခြင်းတို့ကို ဆောင်ရွက်ပါသည်။

မြေငလျင်နှင့် ဆူနာမီဘေးအန္တရာယ် လျော့ပါးရေးအတွက် မြေငလျင်ဌာနခွဲသည် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ မြန်မာနိုင်ငံဘူမိသိပ္ပံအသင်း၊ မြန်မာနိုင်ငံမြေငလျင်ကော်မတီတို့နှင့် လက်တွဲပူးပေါင်းပြီးလည်းကောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်သော ကမ္ဘာ့မြေငလျင်အန္တရာယ် လျော့ပါးရေးအဖွဲ့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ မြေငလျင်အုပ်ချုပ်ရေးအဖွဲ့၊ ဂျပန်နိုင်ငံ မြေငလျင်ပညာရှင်များအဖွဲ့၊ ဂျပန်နိုင်ငံ မိုးလေဝသအေဂျင်စီ၊ ပစိဖိတ် ဆူနာမီကြိုတင်သတိပေးရေးဗဟိုဌာန၊ အိန္ဒိယသမုဒ္ဒရာ ဆူနာမီကြိုတင်သတိပေးရေးဗဟိုဌာန၊ အပြည်ပြည်ဆိုင်ရာ သမုဒ္ဒရာကော်မရှင်၊ ဒေသတွင်း ဘက်စုံသဘာဝဘေး ကြိုတင်သတိပေးရေးဗဟိုဌာနများနှင့် ဆက်သွယ်ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

REF: မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

#မြေငလျင်ဌာန #မိုးဇလ

"အားကောင်းသော လေဖိအားနည်းရပ်ဝန်း အခြေအနေ"၂၀၂၅ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့ မြန်မာစံတော်ချိန် ၁၄:၀၀ နာရီအချိန်တွင် ထုတ်ပြန်သည့်...
08/04/2025

"အားကောင်းသော လေဖိအားနည်းရပ်ဝန်း အခြေအနေ"

၂၀၂၅ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့ မြန်မာစံတော်ချိန် ၁၄:၀၀ နာရီအချိန်တွင် ထုတ်ပြန်သည့် အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေကို အောက်ပါအတိုင်း အစီရင်ခံတင်ပြအပ်ပါသည်-

(က) ယနေ့မြန်မာစံတော်ချိန် ၁၂:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့ တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area) သည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အားကောင်းသောလေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area)အဖြစ် ပိုမိုအားကောင်းလာကာ ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်းသို့ ရောက်ရှိခဲ့ပါသည်။

အဆိုပါ အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် ကနဦးတွင် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျား နိုင်ပြီး၊ ထိုမှတစ်ဆင့် မြောက်- အရှေ့မြောက်ဘက်သို့ ပြန်ကွေ့ကာ ၁၀-၄-၂၀၂၅ ရက်နေ့ တွင် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း၌ တဖြည်းဖြည်း အားလျော့သွားနိုင်သည်ဟု ခန့်မှန်းရပါသည်။

(ခ) အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ယနေ့မွန်းလွဲမှ ၁၀-၄-၂၀၂၅ ရက်နေ့အထိ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသ ကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်း ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ် ချုန်းရွာနိုင်ပါသည်။

၁၁-၄-၂၀၂၅ ရက်နေ့မှ ၁၅-၄-၂၀၂၅ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင် ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

အကြံပြုချက်

၂။ သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်အားလည်းကောင်း၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင် ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုအန္တရာယ်များကိုလည်းကောင်း ကြိုတင်သတိပြုရှောင်ရှား နိုင်ပါရန် အကြံပြုအပ်ပါသည်။

Source: မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

#လေဖိအားနည်းရပ်ဝန်း #မိုးဇလ #အားကောင်းသောလေဖိအားနည်းရပ်ဝန်း #ဘင်္ဂလားပင်လယ်အော်

နောက်ဆက်တွဲ မြေငလျင်သတင်း (၈-၄-၂၀၂၅)၂၈-၃-၂၀၂၅ နေ့တွင် လှုပ်ခတ်ခဲ့သည့် ပြင်းအား ၇.၇ ငလျင်မှသည် ယနေ့(၈-၄-၂၀၂၅)နေ့အထိ နောက်...
08/04/2025

နောက်ဆက်တွဲ မြေငလျင်သတင်း (၈-၄-၂၀၂၅)

၂၈-၃-၂၀၂၅ နေ့တွင် လှုပ်ခတ်ခဲ့သည့် ပြင်းအား ၇.၇ ငလျင်မှသည် ယနေ့(၈-၄-၂၀၂၅)နေ့အထိ နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှု စုစုပေါင်း (၁၀၃)ကြိမ် ရှိပြီ ဖြစ်ကြောင်း မိုး/ဇလ ၏ ထုတ်ပြန်ချက်အရ သိရပါသည်။

Source: မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

07/04/2025

ငလျင်ဒဏ်ကြောင့် မန္တလေး မဟာမြတ်မုနိ ဘုရားကြီး၏ မကိုဋ်တော်နှင့် ဘုရားကြီး ပရဝုဏ်အတွင်း အပျက်အစီးများစွာ ရှိခဲ့ပါသည်။ ဘုရားကြီးနှင့် ပရဝုဏ်အတွင်း အပျက်အစီး အများ၊အနည်း၊ ပြင်းထန်မှု ရှိ၊မရှိ စစ်ဆေးတွေ့ရှိချက် မှတ်တမ်းအချို့ကို တွေ့ရှိ၍ ဝေမျှပေးလိုက်ပါသည်။

Video Source: အောင်တံခွန်ရွှေချ

#မဟာမြတ်မုနိ #မြေငလျင် #မန္တလေးငလျင်ကြီး #ငလျင် #မကိုဋ် #ပရဝုဏ်

07/04/2025

28-3-2025 က ပြင်းထန် ငလျင်လှုပ်ခတ်မှုကြောင့်
မဟာမြတ်မုနိဘုရားကြီး၏ မကိုဋ်တော်နှင့် ပရဝုဏ်
အနီးတဝိုက် ပြိုကျ ထိခိုက်ပျက်စီးခဲ့စဉ်က CCTV Record

7-4-2025

Source: MDN

#မဟာမြတ်မုနိ #မြေငလျင် #ငလျင် #မန္တလေးငလျင်ကြီး

နောက်ဆက်တွဲ မြေငလျင်သတင်း (၇-၄-၂၀၂၅)၂၈-၃-၂၀၂၅ နေ့တွင် လှုပ်ခတ်ခဲ့သည့် ပြင်းအား ၇.၇ ငလျင်မှသည် ယနေ့(၇-၄-၂၀၂၅)နေ့အထိ နောက်...
07/04/2025

နောက်ဆက်တွဲ မြေငလျင်သတင်း (၇-၄-၂၀၂၅)

၂၈-၃-၂၀၂၅ နေ့တွင် လှုပ်ခတ်ခဲ့သည့် ပြင်းအား ၇.၇ ငလျင်မှသည် ယနေ့(၇-၄-၂၀၂၅)နေ့အထိ နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှု စုစုပေါင်း (၉၉)ကြိမ် ရှိပြီ ဖြစ်ကြောင်း မိုး/ဇလ ၏ ထုတ်ပြန်ချက်အရ သိရပါသည်။

Source: မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

07/04/2025

မြေငလျင်သတင်းအမှတ်စဉ် (၉၉) (၇-၄-၂၀၂၅)

• လှုပ်ခတ်သည့်အချိန် - ၂၀း၂၀း၀၅
• အင်အားပမာဏ - ၃.၄ ရစ်(ခ်)တာစကေး
• အနက် - ၁၀ ကီလိုမီတာ
• ဗဟိုချက်တည်နေရာ - ပြင်ဦးလွင်မြို့၏ အနောက်တောင်ဘက် (၉) မိုင်ခန့်

Source: မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

#မြေငလျင် #ငလျင် #ပြင်ဦးလွင်

Address

Sittwe

Website

Alerts

Be the first to know and let us send you an email when Rakhine Disaster & Pandemic Watch posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Rakhine Covid-19 Watch

ရခိုင်ပြည်နယ်အတွင်း Covid-19 နှင့်ပတ်သက်သည့် သတင်းမှန်များသိရှိစေရန် ရည်ရွယ်ပြီး၊ အခြား လိုအပ်သော အထောက်အပံ့အကူအညီများအတွက်လည်း ပူးပေါင်းပါဝင်ကူညီလျှက်ရှိပါသည်။