17/05/2022
သွေးတိုးရောဂါလို့လည်း သိကြတဲ့ သွေးဖိအားများတဲ့ရောဂါဟာ အဖြစ်များတဲ့ နာတာရှည်ရောဂါတစ်ခု ဖြစ်ပြီး အငန်နဲ့ အဆီစားသုံးမှုများခြင်း၊ လုံလောက်တဲ့ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း နဲ့ အရက်သောက်ခြင်း စတဲ့ အချက်များကြောင့် ဖြစ်ပွားတတ်ပါတယ်။ သွေးတိုးရောဂါ ရှိမှန်း လူတွေက သတိမပြုမိတတ်ကြပေမယ့် သွေးတိုးရောဂါရှိနေခြင်းက နှလုံးရောဂါ သို့မဟုတ် လေဖြတ်ခြင်း ဖြစ်နိုင်ခြေကို ပိုပြီး များစေနိုင်ပါတယ်။
ကျန်းမာတဲ့ နေထိုင်မှုပုံစံဟာ သွေးတိုးရောဂါဖြစ်ခြင်းကနေ အကာအကွယ်ပေးနိုင်ပေမယ့် ကိုယ့်ရဲ့သွေးပေါင်ချိန် တိုးနေသလားဆိုတာရယ်၊ ဘယ်အချိန်တိုးသလဲဆိုတာရယ်ကို သိပြီး သွေးပေါင်ချိန်ကျဖို့ လိုအပ်တဲ့လုပ်ဆောင်မှုတွေ ဆောင်ရွက်နိုင်ဖို့ရာအတွက် ကျန်းမာရေးကဏ္ဍမှာ ကျွမ်းကျင်သူဆီမှာ ကိုယ့်ရဲ့ သွေးပေါင်ချိန်အကြောင်း ပုံမှန်စစ်ဆေးဖို့ လိုပါတယ်။ ဒီနေ့မှာ ကျရောက်တဲ့ ကမ္ဘာ့သွေးတိုးရောဂါနေ့ အထိမ်းအမှတ်အဖြစ် ကျန်းမာစေတဲ့အကျင့်ကောင်းတွေကို မှတ်သားပြီး သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ မျှဝေလိုက်ရအောင်။ ကိုယ်တိုင်ရော ချစ်ရတဲ့သူတွေရော အသက်ရှည်ရှည် နေနိုင်အောင် ကူညီပေးပြီး သွေးပေါင်ချိန်ထိန်းပေးနိုင်တဲ့ အကျင့်ကောင်းတွေကို နေ့စဉ်ဘဝမှာ အတူ ထည့်သွင်းကျင့်သုံးသင့်ပါတယ်။
(၁) ကိုယ်အလေးချိန်ထိန်းပါ။
(၂) လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။
(၃) အရက်ဖြတ်ပါ။ မဖြတ်နိုင်လျှင် လျှော့သောက်ပါ။
(၄) အငန်နှင့် အဆီများတဲ့အစားအသောက်များ လျှော့စားပါ။
(၅) ဆေးလိပ်ဖြတ်ပါ။ မဖြတ်နိုင်လျှင် လျှော့သောက်ပါ။
(၆) စိတ်ဖိစီးမှုများကို လျှော့ချပါ။
သွေးပေါင်ချိန်ကို မှန်မှန်တိုင်းပြီး ပုံမှန်ထိန်းသိမ်းခြင်းဖြင့် အသက်ရှည်ရှည် နေကြပါစို့။
High blood pressure, also known as hypertension, is a common lifelong condition caused by many factors, including diets high in salt and fat, not getting enough exercise and drinking alcohol. It is often not detectable, but it can increase your risk of heart attack or stroke.
A healthy lifestyle can help you avoid developing high blood pressure, but it is important you also regularly ask a medical professional about your level to ensure you know if and when it is high and can take appropriate actions to lower it. Today, to mark World Hypertension Day, take note of these healthy behaviours below and share the poster with your friends and family so together you can introduce them into your daily lives and better manage your blood pressure. This can help you and your loved ones live longer and healthier.
(1) Maintain a healthy body weight
(2) Exercise
(3) Reduced consumption of alcohol or quit if possible
(4) Reduce salt and fat in your diet
(5) Stop smoking
(6) Try to reduce your stress
Measure your blood pressure regularly, control it, live longer!