ထွန်းဆေးရုံ စစ်တွေ - Tun Hospital Sittwe

  • Home
  • Myanmar
  • Sittwe
  • ထွန်းဆေးရုံ စစ်တွေ - Tun Hospital Sittwe

ထွန်းဆေးရုံ စစ်တွေ - Tun Hospital Sittwe Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ထွန်းဆေးရုံ စစ်တွေ - Tun Hospital Sittwe, Hospital, No. 1 Tha Zan Hla Street, Sittwe.

09/01/2024
23/12/2023

ထွန်းဆေးရုံ တွင်
B ကာကွယ်ဆေး(ကလေး၊လူကြီး)
B immunoglobulin
ခွေးရူးပြန်ရောဂါကာကွယ်ဆေး
Rabies immunoglobulin
စသော ကာကွယ်ဆေးများလည်း
ထိုး၍ရရှိနိုင်ပါသည်။

22/12/2023

Dr.ရဲစည်သူ (သမားတော်)သည် 26.12.23 နံနက်ပိုင်း​မှစ၍
ပံုမှန် အတိုင်းဆေးခန်းထိုင်မည်ဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါသည်။

15/12/2023

မဦးဌေးရီ အသက် (၃၆ )နှစ် ကိုယ်ဝန်ဆောင်အမျိုးသမီး(စေတိီပြင်(သို့)ကူတောင်တိုက်နယ်)
ရသေ့တောင်မြို့နယ် သည် ၁၄.၁၂.၂၃ နေ့စစ်တွေ ထွန်းဆေးရုံတွင် ultrasound ရိုက်စဉ် အခြားလူနာတဦး၏
အရေးကြီးဆေးမှတ်တမ်းစာအုပ်အားမှားယွင်းယူသွားပါသဖြင့်ဤကြော်ငြာအားဖတ်မိသူ မဦး​ဌေးရီ၏အသိ မိတ်ဆွေ
ဆွေမျိုးများအနေဖြင့် မဦးဌေးရီ အားအကြောင်းကြားပေးပြီး အောက်ပါဖုန်းနံပါတ်များသို့ဆက်သွယ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Ph no:043-21387
043-23690
09257777690

ထွန်းဆေးရုံ
စစ်တွေ

20/11/2023

Dr. သိန်းထွန်းအောင်
ခွဲစိတ်အထူးကုဆရာဝန်ကြီး သည်
21.11.23 နေ့မှစ၍ ဆေးခန်းထိုင်မည်
ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

30/10/2023

ဒေါက်တာဇင်သူအောင်
M.B,B.S,M.Med,SC(Internal Medicine)Fellowship in Interventional Cardiology(India)
အထွေထွေနှင့်နှလုံးရောဂါအထူးကုသမားတော်
သည်
၇.၁၁.၂၀၂၃ နေ့မှစ၍ နေ့လည် ညနေ ဆေးခန်းထိုင်မည်
ဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါသည်။

12/07/2023

(ကိုယ်အတွက် အကျိုးအရှိဆုံး တော် ရာမှာ နေမလား။ စိတ် အချမ်းသာဆုံး ပျော်ရာမှာ နေမလား။)

#ပျော်ရာမှာပဲနေချင်သူ #

လမ်းမပေါ်က ခရင်းခွ” fork in the road “ဟူ သော စကားသည်
အင်္ဂလိပ်လူမျိုးများ သုံးလေ့သုံးထရှိ သော စကားစု တခု ဖြစ် ပါသည်။

ဘဝ ကြီး တခု လုံး ကို ပြောင်းလဲ သွား စေနိုင်သောလမ်းဆုံလမ်းခွ များ ကိုဆို လို ပါသည်။
လူတိုင်းလူတိုင်း ဘဝ ၏ တချိန်ချိန်တွင် လမ်းဆုံလမ်းခွ ကို ရောက် ကြရသည် သာ ဖြစ်သည်။ သင်ဘယ်လမ်းသို့ လိုက်မည်နည်း ဟူ သော ဘဝဆုံးဖြတ်ချက်ချရမည့် အချိန်ပင်ဖြစ် ပါသည်။

ကျွန်တော် ၏ဘဝတွင် အကြီးဆုံးလမ်းခွဆုံ ကို ၁၉၉၈ တွင် ရောက် ရှိခဲ့ ပါသည်။ FRCS ဘွဲ့ ရယူ ပြီး စကော့တလန်နိုင်ငံ တွင် အလုပ်လုပ် နေ ချိန် ဖြစ်ပါသည်။ ကျွန်တော်၏ ရည် ရွယ် ချက်များ ပြီးဆုံး ပြီဖြစ်၍ မိမိနိုင်ငံ သို့ ပြန် တော့ မည်။ အိမ်အပြန် အတွက် ပြင်ဆင်မှု များ စတင် ပြုလုပ်နေ စဉ် တွင် ဆရာ ဖြစ်သူ ခွဲစိတ် အတိုင်ပင်ခံ ဆရာ ဝန် ကြီး က ခေါ် တွေ့ပါသည်။

“Steven, you know you don’t have to go back? “

မင်း ပြန်စရာ မလို ဘူးဆိုတာမင်းသိ တယ် မဟုတ်လား ဟု ဆရာဝန်ကြီး က မေး ပါသည်။ အဓိပ္ပါယ်က တော့ မင်းပညာလည်း စုံပြီ။ အလုပ် လည်းရှိ ပြီ။ ဒီမှာ အခြေချ နေ ထိုင်သွား လို့ ရ ကြောင်း ကို ဆို လို ရင်း ဖြစ် ပါသည်။ သူ တို့ လူမျိုး ထုံးစံ အတိုင်း ဒီမှာ ပဲ နေ ၊မပြန်နဲ့ဟု မ ပြော ပါ။ အ ခြေ အနေ ကို နား လည် သ ဘော ပေါက် ခြင်းရှိမရှိသာမေးခြင်းဖြစ်ပါ သည်။ ဆုံး ဖြတ် စရာ က တော့ ကိုယ့် ဖာသာ ကိုယ် ပဲ စဉ်းစား ဆုံး ဖြတ်ရမှာ ဖြစ် ပါသည်။

ကျွန်တော် သည် ဆရာ့ ကိုနူတ်ဆက် ပြီးမြန်မာပြည် သို့ ပြန်လာခဲ့ ပါသည်။
မြန်မာ ပြည်ပြန် ရောက်ပြီး တပတ်အကြာတွင် ဩစတြေးလျနိုင်ငံ မှ သူ ငယ် ချင်း တစ်ယောက် အရေးတကြီး ဖုံးဆက်လာပါသည်။ သူ အလုပ် လုပ် သော ဆေးရုံ တွင် ခွဲစိတ် ဆရာဝန်လစ်လပ်နေသည်။ ကျွန်တော် ရရှိ ထားသော ဘွဲ့ ၊လုပ်ငန်း အတွေ့ အကြုံ နှင့် ကိုက်ညီသည်။ တစ်လ အတွင်း အရောက်လာ ခဲ့ လျှင် အလုပ် ပေးမည် ဟု ဆို လေသည်။

လမ်းပေါ်က နောက် ခရင်းခွ တခုကို ကြုံရပြန် လေပြီ။

ကျွန် တော် ကျေးဇူးစကားဆို ပြီး ငြင်း ဆို လိုက်ပါသည်။
နှစ် ပေါင်းများစွာကျော်လွန် ပြီး မှ ဖေါ်ပြပါဆုံးဖြတ်ချက် နှစ်ခုအကြောင်းပြန် ပြောင်းသုံးသပ်မိပါသည်။
မှန်သလား၊ မှားသလား။ ကျွန်တော် ယနေ့တိုင်မသိပါ။ တခု တော့သေချာသည်။ လုံးဝ နောင်တမရခြင်းပါပဲ။
ဤအဖြစ် အပျက် ကို ဘက်မလိုက်ပဲ ပြန်သုံးသပ် ကြည့်ရအောင်။ သူတို့ ပြည်တွင် ကျွန်တော် နှစ် နှစ်တာ နေ ခဲ့ ပါသည်။ ဆရာနန်းတော် ရှေ့စကားနှင့် ပြောရလျှင် “နတ်ပြည်ကြီးလို ထင်ရပါရဲ့”ဟု ပဲ ပြောရပါမည်။ “ကိုယ့်မြို့ကိုယ်တော့ လွမ်းသေးတယ် ရိုးရိုးပဲဗျို့”​ ပြောရ​ အောင်လည်း လွမ်း​လောက်စရာသိပ်မရှိပါ။

ကျွန်တော်သည် နိုင်ငံတော် စားရိတ် ဖြင့်နှစ်နှစ်တာ ပညာသင်သွားရန်ကတိပြုခဲ့သည်။ ထို ကတိအတိုင်း ပြန်လာခြင်းသာဖြစ်ပါသည်။ ရီုးရိုးလေးသာဖြစ်ပါသည်။ ပေးထားသောကတိကို ဖောက်ဖျက်ရန် ကျွန်တော့ မှာ မွေးကတည်း က မိဘဆရာသမား မည်သူမှ သင်မထားပါ။ ပေးထားသော ကတိကို ထိန်းသိမ်းရန်သာ သင်ထားပါသည်။ ကတိမတည်သော သူ ဟု လူအများကြား အမည်တွင်သွား ခြင်း သည် နာမည်သေခြင်းမည်ပါသည်။ လူသေသည် ထက်ဆိုးပါသည်။
ပြန်မလာသူ အချို့က တော့ရေကြည်ရာမြက်နုရာရှာတာ ဟု စောဒက တက် ကြ ပေမည်။ greener pastures ဟူသည် နွားတိုင်းရှာ ပါသည်။ လူ ကတော့ စဉ်းစားရမည်ဟု ထင် ပါသည်။

ကိုယ်အတွက် အကျိုးအရှိဆုံး တော် ရာမှာ နေမလား။ စိတ် အချမ်းသာဆုံး ပျော်ရာမှာ နေမလား။

ဤ​ နေရာတွင် ပျော်ရာမှာ နေ ခဲ့ သူ တ ယောက် အ​​ ကြောင်းရေးပြချင်ပါသည်။သူ က တော့ Dr Gordon Seagrave ပါပဲ။ Seagrave ကို နှစ်ချင်း သာသနာ ပြုမိဘနှစ်ပါး မှ ၁၈၉၇ ရန်ကုန်မြို့တွင် မွေးဖွားခဲ့ သည်။ ကရင်လူမျိုးများ နှင့် ရင်းနှီး ကြီးပြင်းရသော Seagrave အတွက် ကရင်ဘာသာသည် ပထမ တတ် မြောက်သော ဘာသာ ဖြစ် ခဲ့ သည်။
Seagrave တို့ မောင်နှမ ငယ်စဉ် ရန်ကုန်အိမ်ကို အလည်လာတတ်သော ဆရာဝန် ကြီး တယောက် ရှိပါသည်။ သူက တော့ နမ့်ခမ်းဆေးရုံမှဆရာဝန်ကြီး Dr. Harper ဖြစ် လေသည်။ Dr. Harper သည် ကလေးချစ်တတ်သူဖြစ်ပြီး Seagrave တို့ မောင်နှမကို အစွမ်းအမျိုးမျိုး ပြလေ့ရှိသည်။ ကုလားထိုင် ကို ပါးစပ်နှင့် ကိုက်ပြီးမပြသည်။ ကင်းမြီးကောက် ထောင် ပြီး ရေ သောက်ပြသည်။ Seagrave အတွက်တော့ Dr Harper သည် အံ့ဩဖွယ် ပဥ္စလက်ဆရာကြီးတယောက် ပင်။ Dr Harper တွင် အကြီးကျယ် ဆုံး ရည်မှန်းချက် တခုရှိ သည်။ ၎င်းမှာ နမ့်ခမ်းတွင် ဆေးရုံကြီးတစ်ရုံ ဆောက်ရန်ဖြစ်လေသည်။
Seagrave သည် တက္ကသိုလ် ပညာကိုအမေရိကန်နိုင်ငံတွင်သင်ယူခဲ့ ပြီး ဆေး ပညာဘွဲ့ ကို ၁၉၂၁ တွင် Johns Hopkins university မှ ရရှိခဲ့သည်။ ဆရာဝန်ဘွဲ့ ရပြီးနောက် Seagrave သည် မြန်မာပြည်ပြန်အလုပ်လုပ်ရန် ဆုံး ဖြတ်ခဲ့သည်။ အမေရိကန်ဆေးရုံမှ အသုံးမလို တော့ သော ခွဲစိတ်ကိရိယာများ ကို တောင်းယူ စု ဆောင်းသည်။ သူ၏ စံပြ ပုဂ္ဂိုလ်Dr Harper ၏အိပ်မက်အတိုင်းနမ့်ခမ်းတွင် ဆေးရုံတစ်ရုံ ဆောက်ရန် ပြင်ဆင် လေသည်။
Seagrave သည် အမေရိကန်နိုင်ငံမှ ဆေးရုံ ပိသုကာ ပညာရှင်များ အကူအညီ ဖြင့် ဆေးရုံ ပုံစံတစ်ခုဆွဲသည်။ Seagrave ဇနီးမောင်နှံသည် ၁၉၃၀ တွင် မြန်မာ ပြည် ပြန်လာ ပြီး စုဆောင်းရရှိ လာသော အလှူငွေ ဖြင့် ဆေးရုံ စီမံကိန်းကို စတင် ပါတော့ သည်။ Seagrave သည် ကုန်တင်ကားတစီး ကို အိမ်ဆောက်ပစ္စည်း အပြည့် တင် ပြီး မန္တလေးသို့ ရေ လမ်းမှ ပို့ဆောင်သည်။ ၎င်း ကုန်တင်ကား ကိုလားရှိုးမှ တဆင့် နမ့်ခမ်း အထိ လင်မယားနှစ်ယောက် မောင်းယူ သွား ကြသည်။
ထို ခေတ်အခါ ဆေးရုံ ဆောက်ရာတွင် အခက်အခဲများစွာ ကြုံရသည်။ အုတ် ကလဲ အခက်အခဲရှိသည်။ လွယ်ကူစွာရသော ချောင်းထဲက ကျောက်ခဲဲများကလည်း ပုံသွင်းရန်မာကျော လွန်းလှသည်။ နောက်ဆုံး Seagrave သည် ဆေးရုံ ကို ကျောက်တုံးစီ ဆောက်ရန် ဆုံးဖြတ် လိုက်သည်။ နမ့်ခမ်းတွင် ကျောက်စီဆေးရုံ ဆောက်ရန် အတွေ့အကြုံ ရှိ ပန်းရန်ဆရာမရှိပါ။ အများ ကလည်း မဖြစ်နိုင်ဟု ဆိုသည်။ Seagrave သည် မော်လမြိုင်မြို့မှ ကျောက်တုံးအဆောက် အဦ
ဆောက်ရာတွင် အတွေ့ အကြုံရှိသည့် သာသနာပြု Mr Weeks ကို စာ ရေးပြီး နမ့်ခမ်း သို့ အလည်လာရန် ဖိတ်ခေါ်လိုက်လေသည်။ Mr weeks သည် နမ့်ခမ်းသို့ တပတ်ကြာ အလည် အပတ် လာရောက်ပြီး ဆောက်လုပ်ရေးနည်းပညာကို သင်ကြားပေးခဲ့ သည်။

Seagrave သည် သူကိုယ်တိုင်နားလည်တတ် ကျွမ်းမှု မရှိသည့် ပညာရပ်များအတွက် အကူအညီတောင်းရန် ဝန်လေးသူမဟုတ်ပေ။
ဆေးရုံအတွက်မီးစက်ကို ယုဒသန်ကောလိပ် ရူပဗေဒ ပါမောက္ခ Professor Smith အကူအညီ ဖြင့်၎င်း၊ ရေတိုင်ကီ ကြီးတည် ဆောက်တပ်ဆင်ရာတွင် ဇီဝ ဗေဒ ဆရာ Dr. Gates အကူအညီ ဖြင့်၎င်း ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့သည်။

အင်္ဂလိပ်အစိုးရအရာရှိ Mr Neylor သည် ဆေးရုံ ဆောက်လုပ်ရာ ကို လာကြည့်ပြီးဆောက် လုပ် ရေး လုပ် ကိုင် နေကြသူ များ ကို ပေးရသော အဖိုးအခ ကို မေးပါသည်။ Seagrave က အလုပ် လုပ် ကြသူ ဆရာဝန်ဆရာမ နယ်သူနယ်သားအား လုံး အခမဲ့ လုပ်အားပေးကြ ကြောင်း ရှင်းပြသည်။ Mr. Neylor သည် Seagrave စကားကို ကြားရသော အခါအံ့ဩမဆုံး ဖြစ် ခဲ့ သည်။ ထိုစကား ကြားပြီးနောက် Mr Neylor သည် ချက်ခြင်း အပေါ် အင်္ကျီ ကို ချွတ်ပြီး Dr Seagrave နှင့်အတူ ဘိလပ်မြေဖျော် ခြင်း၊ ဆေးရုံတွင်းမီးကြိုးသွယ်တန်း ခြင်းများ ကို ကူညီခဲ့ သည်။

Dr Seagrave ၏ စွမ်းဆောင်မှုများ သည် ယုံနိုင်ဖွယ် မရှိ လောက် အောင် များပြားလှသည်။ လုံ လောက် မှု မရှိသော သူနာပြု အင်အား ကိုဖြည့် ဆည်းနိုင်ရန် သူနာ ပြုများအတွက် သင်ရိုးစာအုပ် ကို ကိုယ်တိုင်ပြုစုပြီး သူနာပြုသင်တန်း ကို ထူ ထောင် ခဲ့သည်။

သူသည် နှစ်ချင်းအသင်းတော် ၏ ကျော ထောက် နောက်ခံ ဖြင့် သာသနာပြု ခဲ့သည် ဆို သော် လည်း လူမျိုးဘာသာခွဲခြား ခြင်းမရှိ ပေ။ ဆေးရုံရှိ လူနည်းစုဖြစ် သော ဗုဒ္ဓဘာသာဝင်များအတွက် နေ့ထူးနေ့မြတ်များတွင် ဘုရားသွားခြင်း၊ ကောင်းမှု ကုသိုလ်ပြုခြင်းများကို အားပေးသည်။ သီတင်းကျွတ် အခါတွင် ဆေးရုံ၌ မီးထွန်းပွဲ မီးပုံးပြန်လွှတ်ပွဲများကျင်းပ၊ပေးခဲ့သည်။

ကမ္ဘာစစ်ဖြစ်သောအခါ Dr Seagrave
နှင့်သူနာ ပြုများသည် General Stilwell နှင့်အတူ အိန္ဒိယသို့ ခြေလျင် ဆုတ်ခွါ ခဲ့ ကြပြီး သူနာ ပြု လုပ်ငန်းများကို မနားမ​နေ လုပ်ခဲ့ကြသည်။
ဂျပန်များဆုတ်ခွါသည် နှင့် Seagrave တို့ အဖွဲ့ သည် အချိန်မဆိုင်း နမ့်ခမ်းသို့ ပြန်လာခဲ့ ကြသည်။

Seagrave သည် ဤ မြေမှာနေပြီး ဤမြေမှာ ပဲ သေရန်စိတ်ပိုင်းဖြတ်ထား သူဖြစ်လေသည်။ Dr Seagrave သည် ၁၉၆၅ တွင် နမ့်ခမ်း၌ ကွယ်လွန်ပါသည်။ သူ့ကို ဆေးရုံအနီးရှိ မိသားစု သုသာန်မှာ ပဲ မြှုတ်နှံခဲ့သည်။

လူ့လောကတွင် အများ အကျိုးကိုအံ့မခမ်းနိုင်အောင်
ရွက်ဆောင် ပေးကြသော Seagrave လို လူမျိုးတွေ အမှန်တကယ် ရှိခဲ့ဘူးပါသည်။

ဒီလိုလူထဲ ကိုယ်မပါတာ​​​ တော့သေချာသည်။

စာရေးသူ ကို မင်းန်ိုင်ငံခြားထွက်ပြီး ဘာ ကြောင့် အလုပ် မလုပ်သလဲ ဟု မေး ကြသည် ကို မကြာခဏ ကြုံရပါသည်။

ကြီးကြီးကျယ်ကျယ် အ​ကြောင်းဘာမှမရှိပါ။​ပျော်ရာမှာ​ နေချင်တာ​လေးတခုပါပဲ။

​​မေးလာရင်​တော့ စကားနည်း ရန်စဲ ”Seagrave အားကျလို့ “ ဟူ၍သာ ဖြေ လိုက်ပါသည်။

Ref
1. Adventure in Burma told in pictures
(Adapted by Kenneth L Wilson )
2. The Life of a Burma Surgeon
( Gordon A Seagrave) # #

မြန်မာသက္ကရာစ်၁၃၈၅ခုနှစ်___နှစ်ဦးအလှူ_စစ်တွေမြို့သာသနရံသီကျောင်းတိုက်တည်ထောင်သူဆရာတော်ကြီးပျံလွန်တဲ့ ၂၅ ပြည့်အခန်းအနားကို...
19/04/2023

မြန်မာသက္ကရာစ်၁၃၈၅ခုနှစ်___နှစ်ဦးအလှူ_စစ်တွေမြို့သာသနရံသီကျောင်းတိုက်တည်ထောင်သူဆရာတော်ကြီးပျံလွန်တဲ့ ၂၅ ပြည့်အခန်းအနားကိုသက်ြန်အတက်နေ့ကျင်းပရာကျောင်းတိုက်ရှိသံဃာအပါး ၃၀ ကျော် ဧည့်ပရိတ်သတ် ၁၀၀ ခန့်အားနေ့လည်ဆွမ်းကျွေးလှူဒါန်းခဲ့ပါတယ်၊ ညနေပိုင်းတွင်ဆေးရုံတွင်းအန္တရာယ်ကင်းပရိတ်တရားတော်များကိုနာကြားပြီးဆရာတော်များအားလှူဖွယ်ဝတ္တုအစုစုဖြင့်လှူဒါန်းခဲ့ပါတယ်၊အိန္ဒိယနိုင်ငံတွင်phDတန်းတက်ရောက်နေသောဉီးဇင်တပါးအား$100လှူဒါန်းခဲ့ ၊ယနေ့19/4နေ့တွင်နာရေးကူညျီရးအသင်းမီးသင်းဂြိုစက်သစ်တည်ဆောက်ရာ၌အလှူငွေ ၁၀ သိန်းလှူဒါန်းခဲ့ပါတယ်ဤကောင်းမှူ့အစုစု၏အဖို့ဘာဂကို ၇ ရက်သားသမီးများအားအမျပေးဝေပါတယ်၊အားလုံးသာဓု၃ ကြိမ်ခေါ်ဆိုနိုင်ကြပါစေ။

19/04/2023

စစ်တွေဆေးရုံ၌အသစ်ရောက်ရှိလာသော Dr.ရန်အောင်(OG) (စစ်တွေမြို့သားဖြစ်ပြီးမူဆလင်စကားကျွမ်းကျင်စွာပြောဆိုနိုင်သူ) သည် ထွန်းဆေးရုံ၌
ဆေးခန်းထိုင်ပြီဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါသည်။

18/04/2023

ယနေ့(၁၈.၄.၂၃)မှစ၍ပုံမှန်အတိုင်း
ဆေးခန်းပြန်ဖွင့်ပြီဖြစ်ကြောင်းသတင်း
ကောင်းပါးအပ်ပါသည်။

09/04/2023

သင်္ကြန်
ပိတ်ရက်ကြော်ငြာခြင်း
(၁၂.၄.၂၃ )မှ( ၁၇.၄.၂၃) နေ့ထိ ဆေးခန်းပိတ်ပါမည်။
တစ်ခုခုစုံစမ်းလိုပါက
ဖုန်းဆက်မေးမြန်းနိုင်ပါသည်။ နှစ်သစ်မှာစိတ်ချမ်းသာကိုယ်ကျန်းမာပြီး
ပျော်ရွင်နိုင်ကြပါစေ။

30/03/2023

Address

No. 1 Tha Zan Hla Street
Sittwe

Telephone

+959883355227

Website

Alerts

Be the first to know and let us send you an email when ထွန်းဆေးရုံ စစ်တွေ - Tun Hospital Sittwe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ထွန်းဆေးရုံ စစ်တွေ - Tun Hospital Sittwe:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category